Zwe Clinic - "ဇွဲ" ဆေးကုခန်း

Zwe Clinic - "ဇွဲ" ဆေးကုခန်း A general practice clinic that provides primary health care to the local community.

🔎Special interest in Dermatology

🪡Special interest in Surgery

မလိုအပ်ဘဲ ဓာတ်ခွဲခန်းတခေါက်သွားစရာမလိုတော့ဘူး။ဆေးခန်းပြရင်းတခါတည်း လိုအပ်ရင်စစ်ဆေးလို့‌ရပါပြီ။Sysmex (Japan) နဲ့ Roche (...
22/06/2025

မလိုအပ်ဘဲ ဓာတ်ခွဲခန်းတခေါက်သွားစရာမလိုတော့ဘူး။
ဆေးခန်းပြရင်းတခါတည်း လိုအပ်ရင်စစ်ဆေးလို့‌ရပါပြီ။
Sysmex (Japan) နဲ့ Roche (Switzerland) လို အရည်သွေးကောင်း စက်ပစ္စည်းတွေအသုံးပြုတဲ့ ဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်ထားလို့ အဖြေမှန်ကန်ဖို့အတွက်လည်း စိတ်ချရပါတယ်။


ကူးစက်ခံရမှု‌လျှော့ချနိုင်ရန်၊အဖျားရက်မရှည်ဘဲ အလုပ်အကိုင်ပျက်သက်သာစေရန်၊တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။
18/05/2025

ကူးစက်ခံရမှု‌လျှော့ချနိုင်ရန်၊
အဖျားရက်မရှည်ဘဲ အလုပ်အကိုင်ပျက်သက်သာစေရန်၊
တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။





(ဈေးကွက်ထဲ မိမိဒေသနဲ့မကိုက်ညီတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ တွေ့လာလို့ သတိထားလို့ရအောင် ပြောပြ‌ပေးထားပါတယ်။)💚 မိုးဦးကျရာသီနဲ့အ...
04/05/2025

(ဈေးကွက်ထဲ မိမိဒေသနဲ့မကိုက်ညီတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ တွေ့လာလို့ သတိထားလို့ရအောင် ပြောပြ‌ပေးထားပါတယ်။)

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။🩷 ဆေးထိုးဖိ...
01/05/2025

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

(Edited)💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။🩷 ဆ...
28/04/2025

(Edited)

💚 မိုးဦးကျရာသီနဲ့အတူပါလာမယ့် တုပ်ကွေးရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားဖို့လိုမယ်နော်။

🩷 ဆေးထိုးဖို့အတွက် 09989970850 ကို ရက်ချိန်းယူနိုင်ပါပြီ။

ဆေးအမျိုးအစားများ
🇰🇷GCFlu Quadrivalent 2025
🇹🇭INFLUVAC Tetra 2025



#တုပ်ကွေးကာကွယ်ဆေး

21/08/2024



20/08/2024

📢📢 Mpox (Monkey pox) သို့မဟုတ် မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာ📢📢

✅ မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ??

_ မျောက်ကျောက်ရောဂါဆိုတာ Monkey pox virus ကတဆင့်ကူးစက်တဲ့ရောဂါပဲ ဖြစ်ပါတယ်။

_ မျောက်ကျောက်ရောဂါခံစားနေရတဲ့လူကတဆင့် ခန္တာကိုယ်ချင်းထိတွေ့ခြင်း (ပုံမှန်ထိတွေ့ခြင်း၊နမ်းခြင်း၊ လိင်ဆက်ဆံခြင်း)ကဖြစ်စေ၊ ရောဂါသည်နဲ့ ထိတွေ့ထားတဲ့ပစ္စည်းပစ္စယာတွေကိုင်တွယ်မိရာကတဆင့်ဖြစ်‌စေ လည်းကူးစက်နိုင်ပါတယ်။

_ တိရိစ္ဆာန်များနဲ့ထိတွေနေသူများဆိုရင်တော့ ရောဂါရှိတဲ့ တိရိစ္ဆာန် (မျောက်၊ရှဉ့်စသည်)ကနေတဆင့် ထိတွေ့တာ၊ကိုက်ခံရတာ၊ ကုတ်ခံရတာနဲ့ ရောဂါရှိတဲ့တိရိစ္ဆာန်ကို သေချာစွာမချက်ပြုတ်ပဲ စား‌သောက်မိရာကတဆင့်လည်းကူးစက်နိုင်ပါတယ်။

_ ရောဂါရှိတဲ့လူကနေတဆင့်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကူးစက်နိုင်ချေရှိတယ်လို့လည်းဆိုထားတာကြောင့် ရောဂါဖြစ်သူအနေနဲ့ အိမ်မွေးအကောင်လေးတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

✅ မျောက်ကျောက်ရောဂါဖြစ်ရင် ဘာတွေခံစားရမလဲ??

_ မျောက်ကျောက်ရောဂါခံစားရရင် လူတယောက်နဲ့တယောက် ပြင်းထန်မှုမတူတတ်ပါဘူး။

_ တချို့က မပြင်းထန်ပေမဲ့ တချို့မှာတော့ဆေးရုံဆေးခန်းကုသမှုလိုအပ်နိုင်ပါတယ်။

_ ရောဂါလက္ခဏာတွေကတော့ 🔍🔍

- ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ နုန်းမယ်၊ ခန္ဓာကိုယ်မှာ အကြိတ်တွေရောင်မယ်ပေါ်မယ်။

- ခန္ဓာကိုယ်မှာ အရည်ကြည်ဖုလို အဖုတွေ၊အစက်တွေ အနာတွေဖြစ်ပေါ်နိုင်ပါတယ်။

- အဖုတွေကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပေါင်ခြံနဲ့ လိင်အင်္ဂါတွေမှာ တွေ့ရတတ်ပါတယ်။

- ပါးစပ်၊ လည်ချောင်းနဲ့ မျက်လုံးတို့မှာ လည်းတွေရတတ်ပြီး လိင်အင်္ဂါမှာဖြစ်ရင်တော့ ဆီးသွားရခက်တာ၊ ဝမ်းအိမ်ရောင်တာတွေဖြစ်တတ်ပါတယ်။

✅ မျောက်ကျောက်ရောဂါက အသက်အန္တရယ်ရှိလား??

_ များသောအားဖြင့်တော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သေချာလေး ဂရုတစိုက်နဲ့ ဖျားနာခြင်းနဲ့ ရောဂါလက္ခဏာတွေကို ကုသရင်ပြန်ကောင်းနိုင်ပေမဲ့ တချို့သူတွေမှာတော့ ဆိုးဝါးနိုင်ပြီး နောက်ဆက်တွဲတွေဖြစ်တာ အသက်အန္တရယ်ရှိတာတွေဖြစ်နိုင်ပါတယ်။

_ သတိထားရမဲ့အုပ်စုတွေကတော့ မွေးကာစကလေးတွေ၊ ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ခံအားနည်း/ကိုယ်ခံအားကျရောဂါရှိသူတွေမှာ ဆိုးဝါးတတ်လို့သတိထားရပါမယ်။

✅ကာကွယ်ဖို့ ဘာတွေလုပ်နိုင်လဲ

_ လက်ကိုဆပ်ပြာ သို့မဟုတ် အရက်ပျံလက်သန့်‌ဆေးရည်နဲ့စနစ်တကျဆေးတာလုပ်ရပါမယ်။

_ ရောဂါကူးစက်ပုံနဲ့ ရောဂါလက္ခဏာများကို သိရှိပြီး စနစ်တကျကာကွယ်ရပါမယ်။

_ ရောဂါဖြစ်သူနဲ့ ထိတွေ့ခြင်းကို သတိထားကာကွယ်တာ၊ ကိုယ်တိုင်ဖြစ်ပွားနေပါကလည်း အခြားသူများကိုမကူးစက်အောင် ထိတွေ့မှုမရှိအောင် သတိထားနေထိုင်သင့်ပါတယ်။
_ ရှောင်ရှားသင့်တဲ့အချိန်အပိုင်းအခြားကတော့ အရည်ဖုတွေ အနာဖေးတက်၊ အနာဖေးကွာပြီး အောက်မှာ ပုံမှန်အရေပြားပြန်ဖြစ်ချိန်ထိလို့ ဆိုပါတယ်။

_ သက်ဆိုင်ရာ ကျန်းမာရေးဌာနရဲ့အကူအညီရယူပြီး ညွန်ကြားချက်များကို လိုက်နာသင့်ပါတယ်။

_ ရောဂါဖြစ်ပွားပြီး သုံးလလောက်ထိ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးသင့်တယ်လို့လည်း ဆိုပါတယ်။

_ ရောဂါဖြစ်ပွားနေတဲ့တိရိစ္ဆာန်များနဲ့ထိတွေမှုကိုလည်း သတိထားကာကွယ်သင့်ပါတယ်။

_ တိရိစ္ဆာန်အသား၊ သွေးနဲ့ပတ်သက်နဲ့ အစာများကို ချက်ပြုတ်စားသုံးတဲ့အခါလည်း သေချာစွာကျက်အောင် ချက်ပြုတ်စားသောက်ရပါမယ်။

✅ ကာကွယ်ဆေးရှိသလား

🤔 WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတော့ရှိပေမဲ့ လူအများကိုထိုးဖို့တော့ မပြောထားပါဘူး။

🔍 ရောဂါဖြစ်ပွားမှုနဲ့ ထိတွေ့နိုင်ချေရှိသူတွေနဲ့ ရောဂါဖြစ်ပွားရာနေရာဒေသကို ခရီးသွားလာရမဲ့သူတွေကတော့ ထိုးသင့်တယ်လို့ဆိုထားပါတယ်။

🔍 ကာကွယ်ဆေးထိုးပြီးရင်လည်း ရောဂါဖြစ်ပွားမှုကို ဆက်လက်သတိပြု ကာကွယ်ထားသင့်ပါတယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင်တော့ ကာကွယ်ဆေးအာနိသင်ရဖို့ ရက်သတ္တအတော်ကြာစောင့်ရနိုင်လို့ပါ။

😃 ကဲဒီလောက်ဆိုရင်တော့ monkey pox မျောက်ကျောက်ရောဂါကို အတော်လေးသိကြပြီလို့ထင်ပါတယ်နော်။

မိမိကျန်းမာရေးအတွက်"ဇွဲ" ဆေးကုခန်းမှာ🟩Bပိုး (HBsAg)🟨Cပိုး (HCV Ab)🟥HIVပိုး (HIV-1&2 Ab)စစ်ဆေးနိုင်ပါပြီ။
20/08/2024

မိမိကျန်းမာရေးအတွက်
"ဇွဲ" ဆေးကုခန်းမှာ
🟩Bပိုး (HBsAg)
🟨Cပိုး (HCV Ab)
🟥HIVပိုး (HIV-1&2 Ab)
စစ်ဆေးနိုင်ပါပြီ။




Address

Rangoon Ahlone

Opening Hours

Monday 09:00 - 12:00
16:00 - 20:00
Tuesday 09:00 - 12:00
16:00 - 20:00
Wednesday 09:00 - 12:00
16:00 - 20:00
Thursday 09:00 - 12:00
16:00 - 20:00
Friday 09:00 - 12:00
16:00 - 20:00
Saturday 17:00 - 20:00
Sunday 17:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Zwe Clinic - "ဇွဲ" ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category