ဇာနည်ဆေး

ဇာနည်ဆေး ကျန်းမာရေးအတွက် ဆေးဝါးအရေးပါသလို အသုံးအဆောင်များကလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုပါတယ်။

Our Story

ဇာနည်ဆေးဝါးလုပ်ငန်းထုတ်လုပ်ရာ တည်နေရာမှာ တာရိုးကြီးလမ်း၊ နန်းတော်ရာရပ် ၊ စစ်ကိုင်းမြို့ ဖြစ်ပါသည်။ဆေးဝါးလုပ်ငန်းပိုင်ရှင်မှာ ဒေါ်သွဲ့သွဲ့စစ်ဖြစ်ပြီး ကြီးကြပ်သူမှာ ဦးမြင့်မျိုးဆန်း ဖြစ်ပါသည်။

မူလလုပ်ငန်းပိုင်ရှင်မှာ ဦးခင်မောင်ကြည်၊ ဒေါ်သွဲ့သွဲ့စစ် ဖြစ်ပြီး နှစ်ဦးလုံး ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် ဆေးပညာသင်တန်းများကို အကြိမ်ကြိမ်တက်ခဲ့ပါသည်။သင်တန်းဆရာများမှာ ဗုဒ္ဓနည်းကျ သြဠာရိက သုခုမ ဆေးပညာကျမ်းကိုပြုစုခဲ့သော ဆရာကြီးဦးအောင်ဒင်(ကွယ်လွန်) နှင့် ဆရာကြီးဦးရန်အောင် (ပညာရေး ကောလိပ်) တို့ဖြစ်ပါသည်။ ဆရာကြီးဦးရန်အောင်မှာ ရန်ကုန်မြို့တွင် ကျော်ကြားသည့် မြန်မာသမားတော်ကြီး ဖြစ်ပါသည်။
ဦးခင်မောင်ကြည်နှင့် ဒေါ်သွဲ့သွဲ့စစ်တို့တွင် အနောက်တိုင်းဆေးဖြင့် လည်းကောင်း မြန်မာဆေး အမျိုးမျိုးတို့နှင့်လည်းကောင်း ကုသ၍မပျောက်ကင်းခဲ့သည့် ရောဂါအသီးသီး ခံစားနေကြရပါသည်။ ဆရာဦးရန်အောင်က ဗုဒ္ဓနည်းကျ သြဠာရိက သုခုမဆေးပညာဖြင့် ကုသပေးခဲ့ရာ နှစ်ဦးလုံး ရှင်းရှင်းလင်းလင်း ရောဂါမှ ပျောက်ကင်းသောအကျိုးကို ခံစားခဲ့ရပါသည်။အဆိုပါဆေးပညာကို သြ ⁄သု ဆေးပညာဟု အတိုခြုံး ခေါ်ဝေါ်လူသိများခဲ့ပါသည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးလုံး ဦးရန်အောင်ပို့ချသော ဆေးပညာသင်တန်းများကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုစဉ်က ဦးခင်မောင်ကြည်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၌လည်းကောင်း၊ ဒေါ်သွဲ့သွဲ့စစ်သည် ရန်ကုန်လုပ်သားများကောလိပ်၌လည်းကောင်း ဆရာ၊ဆရာမများအဖြစ် အသီးသီးတာဝန်ထမ်းဆောင် နေကြပါ သည်။
ထို့နောက် ၁၉၇၇ ခုနှစ်တွင် မကွေးကောလိပ်(ယခု မကွေးတက္ကသိုလ်) သို့ ပြောင်းရွှေ့ခဲ့ရပါသည်။မကွေး မြို့သို့ ရောက်သောအခါ ရောဂါမပျောက်ကင်းဘဲခံစားနေရသည့် ဝေဒနာရှင်များကို မကြည့်ရက်သဖြင့် တတ်သည့်ပညာမနေသာသဘောဖြင့် ကူညီရင်း ကူညီရင်း ဆေးခန်းအသွင်ဖြစ်လာပါတော့သည်။
ထို့ပြင် ရန်ကုန်မြို့မှ ဆရာကြီးဦးရန်အောင်၊ ဆရာကြီးဦးခင်မောင်လေး၊ ဆရာကြီးဦးစိန်ဖေ (သြ ⁄သုဆေးဆရာများ) ကို ပင့်ဖိတ်ပြီး မကွေးမြို့တွင် သင်တန်းများပြုလုပ်ပေးခဲ့ပါသည်။ မိမိကိုယ်ကို ကျန်းမာအောင် အစာအဟာရဖြင့် စောင့်ရှောက်ရာတွင် အထူးအသုံးဝင်သည့်ပညာရပ်တစ်ခု ဖြစ်သဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။အစိုးရ ဝန်ထမ်းများဖြစ်သဖြင့် အချိန်ပြည့် ဆေးခန်းမဖွင့်နိုင်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့်ကူညီနိုင်စေရန် ဆေးများ ကို ပလတ်စတစ်အိတ်၊ စက္ကူတို့ဖြင့်ထုပ်ကာ ဇာနည်ဟူသောအမည်ဖြင့် ရောင်းချခဲ့ပါသည်။နောက်ပိုင်းတွင် plastic ပုလင်းများဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။

ယခုအခါ ဆေးထုတ်လုပ်ရောင်းချရုံမျှမက သဘာဝအတိုင်းနေထိုင်ခြင်းဖြင့်ကျန်းမာလှပ လူမှုဘဝ ရရှိနိုင်ရေးအတွက် အကြံဉာဏ်များလည်း ရယူနိုင်ပါသည်။

အစာဝ၊အနာကင်း၊ဘယာရှင်း 🌿(ဗုဒ္ဓနည်းကျ) သြဠာရိက-သုခုမ ဆေးပညာရဲ့ ဆောင်ပိုဒ်ကတော့ 👉အစာဝ၊ အနာကင်း၊ ဘယာရှင်း ပဲဖြစ်ပါတယ်။ ဆောင်...
27/11/2020

အစာဝ၊အနာကင်း၊ဘယာရှင်း

🌿(ဗုဒ္ဓနည်းကျ) သြဠာရိက-သုခုမ ဆေးပညာရဲ့ ဆောင်ပိုဒ်ကတော့
👉အစာဝ၊ အနာကင်း၊ ဘယာရှင်း
ပဲဖြစ်ပါတယ်။

ဆောင်ပိုဒ်ရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြလိုပါတယ်။

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးရဲ့
☑️အမြဲတမ်းကုစားနေရတဲ့ ရောဂါ၊

☑️ကုလို့လည်း မပြီးဆုံးတဲ့ ရောဂါ၊

☑️မွေးရာပါ ရောဂါကတော့

"ဆာလောင်မွတ်သိပ်ခြင်း"ဆိုတဲ့ ရောဂါပါ။

🌹သတ္တဝါ ဖြစ်ပါပြီဆိုကတည်းက သေဆုံးသည်အထိ အမြဲကုနေရတဲ့ရောဂါပါပဲ။

👉စားလိုက်တဲ့ အစာအာဟာရဆိုတဲ့ဓာတ်ကနေ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့
ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ စတဲ့ ဓာတ်တွေကိုဖြစ်စေပါတယ်။
ဒါက မြန်မာဆေးကျမ်းအလိုပါ။

👉အနောက်တိုင်းဆေးကျမ်းအရတော့ စားလိုက်တဲ့ Nutrition ကနေ
Protain, Vitamin, Carbohydrate စတဲ့ဓာတ်တွေရစေတာပါ။

သြဠာရိက-သုခုမ ဆေးပညာက ဒီကစပါတယ်။
👉"အစာသည်ကား- ရင်းတည်မူလ" လို့ဆိုပါတယ်။

🌿သတိ မထားမိကြပေမဲ့ ဆာနာ ဆိုတဲ့ရောဂါကိုကုတဲ့နေရာမှာ အသက်အရွယ်၊ အချိန်အခါနဲ့လိုက်ပြီး ပြေလည်အောင် သင့်လျော်တဲ့အစာအာဟာရနဲ့ ကုသကြရပါမယ်။

🙅မသင့်တော်တဲ့အချိန်မှာ မသင့်တော်တဲ့ အစာတွေကျွေးပြီး ဆာလောင်ခြင်းကိုကုမယ်ဆိုရင် ရောဂါတွေ စတင်ရတော့တာပါပဲ။

🌿ဆာလောင်ခြင်းကိုကုစားဖို့ ပြီးပြည့်စုံအောင် ကျွေးလိုက်တာနဲ့ ဝသွားပြီလို့မဆိုနိုင်ပါဘူး။
🌿ဒါကြောင့်လူတွေဟာ သင့်တော်တဲ့အစာကို စားကြ၊ ကျွေးကြမှသာ

🖍️ကျန်းမာပြီး အစာဝမှာအမှန် ပါပဲ။

🖍️ကျန်းမာပြီး အစာဝမှသာ အနာရောဂါကင်း ပါမယ်။

🖍️အနာရောဂါကင်းရှင်းပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာ ကြည်လင်မှသာ သောကကင်းဝေးပါမယ်။

🖍️သောကကင်း ဘေးဘယာရှင်း မှသာ မိမိတို့အလိုရှိရာ ပညာ၊ ဥစ္စာ၊ တရားဘာဝနာကို ဖြောင့်တန်းစွာရရှိအောင် အားထုတ်နိုင်မှာ ဖြစ်ပါတယ်။

↪️ကျန်းမာစွာနဲ့ အစာဝတာမဟုတ်ဘူးဆိုရင် အနာရောဂါထူပြောပါမယ်။

↪️ရောဂါခံစားနေရတဲ့ လူတစ်ယောက်အနေနဲ့ မိမိရောဂါကြောင့် စိတ်မကြည်မသာဖြစ်မယ်။

↪️အဲဒီအခါမှာ ဆက်ဆံရေး မပြေမလည်ဖြစ်ပြီး ဒေါသထွက်မယ်။

↪️ဒါဆိုရင်လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး ချို့ယွင်း ပျက်ကွက်ပြီး သူ့မှာဘေးဘယာတွေ ရှိနေမှာပါ။

ဘေးဘယာနဲ့အတူ သူ့ရဲ့ချမ်းသာရေးကလည်း ကွယ်ပျောက်နေမှာအမှန်ပါပဲ။

🌿ဒါကြောင့် သြ⁄ သု ဆေးပညာရဲ့ ဆောင်ပိုဒ်က
"အစာဝ၊ အနာကင်း၊ ဘယာရှင်း "........လို့ဆိုတာပါ။

တကယ်တော့ အစာဝ၊ အနာကင်း၊ ဘယာရှင်း ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို လေးနက်စွာထပ်ဖွင့်ရ ဦးမယ်ဆိုရင် တော့

👉သီလ၊ သမာဓိ၊ ပညာ ကို ဦးတည်တာပါ။

သီလ ဆိုတဲ့နေရာမှာ.......

🖍️စာရိတ္တသီလ (ဆောင်သီလ) နဲ့

🖍️ဝါရိတ္တသီလ (ရှောင်သီလ)
ဆိုပြီးသီလနှစ်ပါး ရှိပါတယ်။

👉ခန္ဓာအတွက်ကျန်းမာစေတဲ့ အစာအာဟာရကိုသိမယ်၊
စားလည်း စားမယ်ဆိုရင် ဒါဟာ ..................
စာရိတ္တသီလ ကို လိုက်နာစောင့်ထိန်းတာပါ။

🙅ထို့အတူ ခန္ဓာအတွက်မသင့်တဲ့ အဆိပ်ဖြစ်စေတဲ့ အစာအာဟာရကိုသိမယ်
ရှောင်လည်းရှောင်မယ်ဆိုရင်တော့ ...................

ဝါရိတ္တသီလကို ကျင့်သုံးတာပါပဲ။

သီလနှစ်ပါးကိုမှီတည်ပြီး ဖြစ်ပွားလာတဲ့ 🖍️သတိကနေ သမာဓိကို ရစေပါတယ်။

🖍️သမာဓိကြောင့် မိမိခန္ဓာကိုမိမိ အမှန်မြင်နိုင်မယ်။
ဘယ်နားမှာတော့ နေမကောင်းဘူး၊
ဘယ်နားတော့ဘာဖြစ်နေတယ် ဆိုတာသိလာပါမယ်။

🖍️သမာဓိကြောင့်စိတ်တည်ငြိမ်နေရင် ရောဂါဝေဒနာ ဖြစ်လာတာနဲ့ သောကချက်ချင်းမပွားဘဲ ဆင်ခြင်တုံတရားဆိုတဲ့ ပညာကိုသာ ဖြစ်စေပါတယ်။

ပညာဉာဏ်နဲ့ ပိုင်းခြားနိုင်မှသာ မိမိပြုခဲ့တဲ့ ဘာအမှားကြောင့် ဒီဝေဒနာ ဖြစ်စေတယ်ဆိုတာကို ဆင်ခြင်သုံးသပ်နိုင်ပါမယ်။

🔹အဲဒီဆင်ခြင်ဉာဏ်နဲ့အတူ ရောဂါဝေဒနာ ကုစားဖို့ ဆောင်သင့်တာ၊ရှောင်သင့်တာကို ဆုံးဖြတ်နိုင်ပါမယ်။
🔹ရောဂါထပ်မဖြစ်အောင် ဘာလုပ်သင့် တယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဇာနည်မြန်မာတိုင်းရင်းဆေး အနေနဲ့

သတ္တဝါတွေ အစာဝကြပါစေ၊ အနာကင်းကြပါစေ၊ ဘယာရှင်းကြပါစေ လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပင်ရင်း
ဒေါ်သွဲ့သွဲ့စစ်
အမှတ် ၁၆၃ ၊ တာရိုးကြီးလမ်း၊ နန်းတော်ရာရပ်
စစ်ကိုင်းမြို့။
ဖုန်း 072 21613, 09 2028873
"

🌹ဇာနည်ဆေး ရရှိနိုင်သောနေရာများ....................🧑‍💻...................✒️ ကူမဲမြို့ခိုင်ရွှေစင်ဆေးဆိုင်📱၀၉ ၇၇ ၄၅၇ ၅၄၂၄✒...
12/11/2020

🌹ဇာနည်ဆေး ရရှိနိုင်သောနေရာများ
....................🧑‍💻...................

✒️ ကူမဲမြို့

ခိုင်ရွှေစင်ဆေးဆိုင်
📱၀၉ ၇၇ ၄၅၇ ၅၄၂၄

✒️ကျိုင်းတုံမြို့

- ဒေါ်ဝါဝါစိုး၊Bright Time ဆီပန့်အနီး
☎️ဝ၈၄-၂၃၆၁၂
📱၀၉−၂၅၀၄၇၆၄၇၆၊ ၀၉−၇၇၈၇၆၀၀၇၆။

✒️ကျောက်ဆည်

-ဦးကြူဆီချက်ဆိုင်၊ဇော်ဂျီတံတားထိပ်၊ဘောဂဝတီရပ်
📱၀၉-၇၈၃၂၄၆၄၈၅

✒️ကျောက်ပန်းတောင်း

- ကိုဖိုးတရုပ်၊ မယမင်းစိုး၊ သအ/ ၁၇၁၊ အနော်ရထာလမ်း၊သာယာအေးရပ်ကွက်၊ (ဒေါက်တာဆန်းထွဋ်လမ်းကြား)
📱 ၀၉- ၇၆၄ ၆၅၀ ၄၂၀ ၊ ၀၉- ၅၀၂၉ ၅၁၉။

✒️ကြို့ပင်ကောက်

- ဒေါ်ခင်ဆွေ၊ အမှတ် (၃၀)၊ ပွဲစားတန်းအနောက်ပိုင်း
📱၀၉-၂၅၄ ၃၆၂ ၄၁၄

✒️ချောက်

- လမင်းအအေးဆိုင်
ကိုဝင်းကိုအောင်၊မသွဲ့ကေခိုင်၊ စစ်ကွင်းရပ်၊
📱၀၉-၄၄၄၃၅၇၀၀၅



✒️စစ်ကိုင်းမြို့

- (၁) ထွန်းသောင် မြန်မာဆေးဆိုင်၊ ဈေးလမ်း။

- (၂) ဒေါ်ဖြူဖြူစစ်၊ မြို့မဈေးကြီးအတွင်း၊
☎️ဝ၇၂- ၂၁၆၁၄ 📱ဝ၉-၂၁၃၀၈၅၇

-(၃) ရွှေရည်ဦးမင်္ဂလာခန်းဝင်ပစ္စည်းအရောင်းဆိုင်၊နန်းတော်ရာရပ်

-(၄) သုခမြင့်မိုရ် အထွေထွေရောဂါကုဆေးခန်းနှင့် ဆေးဆိုင်၊ မြင့်မိသားစုကြိမ်ဆိုင်၊ မန်ကျည်းစင်ရပ်၊
📱 ၀၉- ၇၉၇၃၇၇၂၆၇

✒️စလင်းမြို့

ဒေါ်ဝါဝါရွှေ၊ အထက (၁) လမ်း၊ မြင်တင်ရပ်၊
📱 ၀၉-၉၇၆၀၆၀၀၉၉

✒️တာလေမြို့

ဒေါ်သူဇာခိုင်၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
📱 ၀၉-၇၉၇၈၅၇၁၁၅၊ ၀၉-၄၀၀၄၇၀၃၄၀


✒️တောင်ကြီးမြို့

-(၁)ဂုဏ်ထူးဆေးဆိုင်၊ဦးမျိုးခိုင်၊ဒေါ်သိန်းသိန်းမြင့်၊
အမှတ် (၆၂)၊ငွေခွန်မှူးလမ်း၊ဈေးပိုင်းရပ်။
☎️ ဝ၈၁-၂၁၂၅၁၇ ၊ 📱ဝ၉-၅၂၁၁၅၀၇

- (၂) စံလှဆေးဆိုင်၊ မြို့မစျေး၊ D ရုံ ၊ အခန်း ၂၈
📱 ၀၉-၇၉၇၄၆၁၄၇၇ ၊ ၀၉-၄၅၄၆၄၄၀၉၉

✒️တောင်ငူမြို့

- (၁) ဒေါ်ဇာဇာလင်း၊လမ်းဦးစီးဌာန စတိုရုံး၊ဆောက်လုပ်ရေး
📱၀၉-၄၂ ၈၁၄ ၂၈၅၅

-(၂) မြသီရိဆေးဆိုင်၊သံတောင်လမ်း၊ ခရိုင်ရုံးရှေ့၊
📱၀၉-၂၅၅ ၉၂၃ ၄၃၃


✒️ထီးချိုင့်မြို့

ဒေါ်တိုးတိုးနိုင်၊အမှတ် (၂) ၊အောင်ဇေယျာရပ်ကွက်၊
ဇေယျာရွှေပြည်လမ်း။
☎️ ဝ၇၅-၆၀၂၀၆
📱 ၀၉- ၄၄၄၄၁၄၂၃၂၅

✒️နေပြည်တော်

- (၁)ဒေါ်ဇာခြည်ဝင်း၊ အခန်း(၂၃)၊ တိုက်(၇၂၃)၊ပိတောက်အိမ်ရာ၊ ဇမ္ဗူသီရိမြို့နယ်ဖုန်း
📱၀၉- ၄၀၂၆၇၅၄၄၈

- (၂) မေတ္တာစံ၊ဆေးမျိုးစုံလက်လီလက်ကားရောင်းဝယ်ရေး၊န ၄၅ ၊မြို့မဈေးကြီး။
📱၀၉- ၄၄၈၅၄၂၅၀၁

-(၃)Good Luck စာရေးကရိယာနှင့်မြန်မာဆေးဆိုင်၊ တ-၅၆၊ စာပေဗိမ္မာန်စာအုပ်ဆိုင်နှင့်ကပ်လျက်၊ သပြေကုန်းဈေး။
📱 ၀၉- -၄၂၀၇၀၅၈၇၇၊ ၀၉-၇၉၆၄၃၁၂၀၁

✒️ပျဉ်းမနားမြို့

ပွဲကတော်ဆေးဆိုင်၊ဦးတင်ဦး၊ဒေါ်မြသန်း၊ အမှတ် (၃ /၅၇) ၊ ၇လမ်း၊ မင်္ဂလာရပ်
📱 ၀၉−၂၅၀၁၉၄၂၇၃
☎️၀၆၇−၂၂၆၅၈

✒️ပျော်ဘွယ်မြို့

ဒေါ်မြစန်းနွယ်၊ စိုးမိုးနို့ဆီ၊ ရွှေပြည်ရန်အောင် (၆) လမ်း
📱၀၉- ၄၃၁၂၃၇၇၀။

✒️ပြည်မြို့

ဒေါ်လဲ့လဲ့ဝင်း၊ ဟင်္သာရောင်းဝယ်ရေး ၊အမှတ် (၁၁၆) ၊လမ်းမတော်လမ်း၊AGD ဘဏ်နှင့် မျက်စောင်းထိုး။
📱 ဝ၉- ၉၇၂၅၇၆၅၃၈ ၊ ဝ၉- ၇၆၇၃၉၅၂၆၆

✒️ပုသိမ်မြို့

-(၁) ရွှေစွန်ညိုဆေးမျိုးစုံ၊ကုန်သည်လမ်းမပေါ်၊ အမှတ် ၃၁(က) ၊ ၄ ရပ်ကွက်။
📱 ၀၉−၉၇၅၇၈၉၈၆၉ ၊ ၀၉−၄၄၄၇၈၃၈၂၄


- (၂) သန့်ဇင်ဆေးဆိုင်၊ကမ္ဘာအေးလမ်းမကြီး၊(စကားဝါကွေ့)၊
ငဝန်ကျွန်းသာရပ်ကွက်ဖုန်း
📱၀၉−၄၄၄၇၈၃၃၆၉ ။


- (၃) ကိုမောင်မောင်(ဖြန့်ချိရေး)ငဝန်ကျွန်းသာ ၃ လမ်း၊အိမ်အမှတ် ၉၈
📱 ၀၉-၇၉၀၆၀၂၀၁၃ ၊ ၀၉-၈၈၅၂၀၁၃၃၄ ။

-(၄) သြသဓဆေးဆိုင်၊အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း၊ရွှေဝတ်မှုန် ဘူတာအနီး
📱 ၀၉-၇၈၅၁၀၂၃၇၅

-(၅) အောင်မြင်သူဆေးဆိုင်၊အုတ်စီကုန်းရပ်ကွက်၊
📱 ၀၉-၆၉၃၉၅၇၅၀၅ ။

-(၆) စိန်မြခြယ် ဆေးစတိုးဆိုင်၊ကုန်းကြီးစျေးအနီး၊မြတ်တိုရပ်ကွက် ၊
📱 ၀၉-၇၉၄၄၉၉၅၉၉။



-(၇) ရွှေယွန်းဆေးဆိုင်၊ ဧရာမင်းစျေးရှေ့၊ ရာမညရပ်ကွက်၊
📱 ၀၉-၄၅၁၂၃၈၄၁၄ ။

✒️ပခုက်ကူ

-(၁) ကမ္မ ချမ်းစိမ့်ဆေးဆိုင်၊မြို့မစျေးအနောက်ဘက်၊
📱 ၀၉−၄၀၁၅၀၀၉၈၀ ၊ ၀၆၂−၂၁၇၈၈ ။

- (၂) ပတ္တမြားဆေးဆိုင်၊ မြို့မလမ်း၊ ဆေးရုံကြီးအရှေ့ဘက်၊
📱 ၀၉-၉၇၂၀၆၄၀၂၉၊ ၀၉- ၇၆၃၁၅၀၀၈၀။


-(၃) ကိုဖိုးသား၊မမေမျိုးသန့်၊ မေမျိုးသန့်ပရိဘောဂ၊အမှတ်(၁၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြကန်သာအရှေ့ထိပ်၊
📱 ၀၉-၂၅၆၄၈၆၅၄၁၊ ၀၉-၄၀၅၀၉၁၆၆၉

✒️ပဲခူး

ဦးတင်ရွှေ၊ဒေါ်ခင်ခင်ဉ၊
ရွှေသီရိပညာရေးနှင့်အလှမွေးငါးအရောင်းဆိုင်၊ အိမ်အမှတ်(၈၁၁)၊ရန်ကုန်-မန္တလေးလမ်းမကြီး၊ရပ်ကွက်ကြီး(၈)၊ ဉဿာမြို့သစ်၊(‌ရွှေရှမ်းလေးစားသောက်ဆိုင်အနီး)
📱၀၉-၄၃၀ ၂ ၈၁၈၁ ၊၀၉- ၄၂၈ ၁၂၇ ၁၈၄ ။

✒️ပြင်ဦးလွင်

အောင်ဆေးဆိုင်၊ အမှတ်(၇) ၊မန္တလေး-လားရှိုးလမ်း(၆)ရပ်ကွက်၊
📱 ၀၉-၂၅၉၃၇၆၈၀၃ ၊ ၀၉-၂၅၇၂၀၀၀၉၃။

✒️ဖားကန့်

မတုရော်၊နူးနူးဂျာမွန်းဆေးဆိုင်၊မရှီကထောင့်၊
📱 ၀၉-၄၂၅၃၅၅၄၃၂

✒️ဘားအံမြို့

ဒေါ်ဌေးဌေးဆွေ၊အောင်မေတ္တာသုခလမ်း(၁ )လမ်းထိပ်၊သုခကေသရီစာသင်တိုက်အဝင်လမ်းရေကျော် အမှတ်(၉)ရပ်ကွက် ၊
📱 ဝ၉ ၇၈၆၂၈၆၀၅၀ ။


✒️မကွေးမြို့

-(၁) စိန်-မိသားစုရောင်းဝယ်ရေး၊ ပုဏ္ဏားကြီးဆေးခန်းအနောက်ဘက်၊ အလယ်ရပ်။
☎️ ဝ၆၃-၂၀၂၅၄၀၃ ၊ 📱၀၉−၄၅၈၀၀၈၀၇၀ ၊ ၀၉−၇၉၀၁၆၇၁၅၃ ၊၀၉−၇၆၀၁၁၀၇၇၅



-(၂) ဒေါ်ခင်အုန်းလှ၊ တိုက် (၄)၊အခန်း (၁)၊ ပြည်တော်သာတိုက်တန်း။
📱 ၀၉- ၇၉၁၉၁၆၇၇၅ ၊ဝ၉-၇၈၁၃၉၂၁၁၉ ၊ ၀၉- ၂၆၅၆၉၉၄၀၆ ၊

-(၃) ဒေါ်စန်း ဘယဆေး၊ မြို့မဈေးကြီးအတွင်း။
☎️ ဝ၆၃-၂၃၈၀၅ ၊ 📱၀၉−၉၇၇၃၆၃၃၈၀

-(၄) မသူဇာဆေးဆိုင်၊ မြို့မဈေးကြီးမြောက်ပေါက်။
📱 ၀၉−၅၃၄၃၁၆၂ ၊၀၉−၉၆၅၃၄၃၁၆၂၊

-(၅) Dr.ခင်စောမွန်၊သွားနှင့် ခံတွင်းအထူးကုဆေးခန်း၊မြို့မဈေးကြီးတောင်ဘက်။
📱 ၀၉−၅၃၄၀၆၄၇ ။

-(၆) ကြယ်စင်ဆေးဆိုင်၊ အမှတ်(၂၅၁) ၊မဲထီးလမ်း၊ ရန်ပယ်စျေးအရှေ့ဘက်၊ မကွေးမြို့။
📱 ၀၉-၅၃၄၁၄၅၆ ၊ ၀၉- ၅၃၃၀၂၉၁ ၊ ၀၉- ၂၅၉၅၆၅ ၉၃၀


-(၇) ဝင်းမိသားစုစတိုး၊အမှတ် ၁၄၊ဗိုလ်ချုပ်လမ်းနှင့်စံပါယ်လမ်းထောင့်၊ သိင်္ဂါဂီရိရပ်
📱 ၀၉−၇၉၄၅၆၉၀၀၁ ၊ ၀၉−၇၉၄၅၆၉၀၀၃ ၊၀၉−၇၉၄၅၆၉၀၀၆။


-(၈) ဒေါ်တင်တင်နွဲ့၊ မုန့်ဆိုင်၊ မြို့မဈေးအတွင်း၊ မကွေးမြို့။
📱၀၉-၄၄၀ ၂၂၅ ၀၉၈၊ ☎️၀၆၃ ၂၀၂ ၆၂၀၈။

✒️မလှိုင်မြို့

မလွင်လွင်မျိုး၊အမှတ်(၈) ရပ်ကွက်၊ ကံကြီးလမ်း၊
📱 ၀၉-၇၇၅၅၁၅၇၆၄။

✒️မိတ္ထီလာမြို့

- (၁) ဒေါ်တင်တင်ဌေး၊OK စိုပြေအိတ်ဆိုင်၊ ဈေးမြောက်ဘက်ခြမ်း ၊
📱 ၀၉−၂၂၀၀၈၀၄။


-(၂)ဆေးပဒေသာမြန်မာဆေးမျိုးစုံ၊ရုံ ၂၁ ၊ ဆိုင်အမှတ်( ၁၁၊၁၂၊၁၄) ဈေးကြီးအတွင်း
📱 ၀၉−၄၄၂၂၀၀၀၉၇။



✒️မင်းဘူးမြို့

-(၁) ဒေါ်နှင်းဆီ၊‌ အောင်ကု‌ဋေစိုး ကုန်စုံဆိုင်၊ဈေးတောင်ဘက်ကံ့ကော်လမ်း။
☎️ ၀၆၅−၂၁၃၈၅ ၊ 📱၀၉−၇၈၁၃၉၂၁၁၉

-(၂) ဒေါ်ခင်စောဝင်း၊ လင်းမင်းပါပလာလုပ်ငန်း၊ဝေဠုဝန်(၄)လမ်း၊ဝေဠုဝန်ရပ်ကွက်
📱 ၀၉−၂၅၆၄၈၉၀၃၇ ၊၀၉−၄၀၁၅၄၁၇၅၀

✒️မော်လမြိုင်မြို့

မချိုစတိုး၊အမှတ် 5 C ၊သံလွင်ဥယျာဉ်လမ်း၊ဘိုကုန်းရပ်၊
📱 ၀၉−၉၇၆၇၃၀၁၆၆ ။

✒️မန္တလေးမြို့

- (၁) အောင်ရတနာဆေးမျိုးစုံဖြန့်ချိရေး၊ ၂၈ x ၈၃ လမ်းထောင့်။
📱 ၀၉−၂၆၂၉၄၉၃၁၅ ၊ ၀၉−၂၅၈၂၆၁၄၂၄



-(၂) ရွှေပြည်စိုးမြန်မာဆေးဆိုင်၊ ၄၅ လမ်း၊ ၈၁x ၈၂ ကြား၊မဟာမုနိဘုရားအနီး၊အိုးစည်တန်း
📱 ၀၉−၂၅၉၁၁၃၄၄၀ ၊၀၉−၇၈၉၈၀၀၅၇၅

-(၃) ရတနာ အင်္ဂလိပ်ဆေးနှင့်မြန်မာဆေးဆိုင်၊အမှတ် (၄၃)၊လမ်း ၃၀ x ၇၂ ထောင့်၊မင်္ဂလာဈေးအရှေ့ဘက်၊ချမ်းအေးသာစံမြို့နယ်
📱 ၀၉−၂၅၉၇၃၇၇၇၃ ၊ ၀၉−၉၇၄၈၂၆၀၀၃၊ ၀၉−၇၉၇၂၀၀၅၆၇ ။



-(၄) Cho and Cho အထည်နှင့်ဖိနပ်ဆိုင်၊ အမှတ် (၄၆၈) ၊၈၁ လမ်း၊ ၃၃ x ၃၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်
📱 ၀၉-၄၃၁၀၀၈၁၀ ၊၀၉-၉၇၅၀၆၀၆၈၄


-(၅)ဆင်ခြောက်ကောင်ဖိနပ်ဆိုင်၊ ၃၅ လမ်း၊ ၇၇ x ၇၈ ကြား၊
📱 ၀၉- ၂၅၁၁၇၂၂၅၂၊၀၉-၂၀၅၅၁၇၇၊ ၀၉- ၉၇၉၆၃၃၅၆၃။

-(၆) ဦးစိန်တင်၊ဒေါ်ယဉ်ယဉ်မြင့်၊ ဇ-၁/ ၈၈၊အောင်သပြေလမ်း၊ဇလပ်ဝါနဲ့ဒေလီယာကြား၊၆၁ x ၆၂ ကြား၊၆၁ ကြောကပ်လမ်း
☎️၀၂−၈၁၃၂၉ ၊📱 ၀၉−၂၅၆၀၃၃၄၄၉ ။

✒️မူဆယ်မြို့

ဒေါ်နှင်းနှင်းနွယ်(ခ)အေအီး၊ တ ၂၆၉၊တောင်ရပ်ကွက်၊ဈေးအမှတ်(၂)
📱 ၀၉−၄၄၀၆၉၈၂၃၉။

✒️မြင်းခြံမြို့

-(၁) ဦးထွန်းထွန်း၊ဒေါ်ယဉ်ယဉ်မော်၊အမှတ် ၁၆၊ ဝမ်းစတားလမ်း၊စံပြဈေးအရှေ့ဘက်။
📱 ဝ၉-၂၀၂၈၈၄၆ ၊၀၉−၉၆၂၀၂၈၈၇၃ ၊ ၀၉ ၇၈၂၀၂၈၈၄၆


-(၂) ကြယ်နီဆေးဆိုင်၊ကိုးဆောင်တိုက်တန်း၊ ဗိုလ်ချုပ်လမ်း။

✒️မြစ်ကြီးနားမြို့

-(၁) မင်းပျိုးအိမ် ကိုယ်ပိုင်ကျောင်း၊ ယုဇန ၂၅၃။
📱 ဝ၉-၄၀ဝ၀၄၃၇၀ဝ၊ဝ၉-၂၅၉၂၁၄၄၄၅



-(၂) ကြယ်စင်ဆေးဆိုင်၊စိမ်းမြဧရာပန်းခြံအနောက်ပေါက်၊ယုဇန။
📱 ဝ၉-၄၂၀၃၂၉၆၂၀။


-(၃) ဦးသန့်မြင့်ဦး၊ အိမ်နံပါတ်(၂၇)၊ ရှဒေါင်ရပ်ကွက်(၁)၊
📱 ၀၉-၇၉၀ ၁၇၇ ၈၄၁။

✒️မုံရွာမြို့

အေးကမ္ဘာဆေးဆိုင်၊ပြည်ထောင်စုလမ်းမပေါ်၊သာစည်လမ်းထိပ်၊မီးပွိုင့်ထောင့်
📱 ၀၉-၇၉၁၁၆၁၉၆ ၊၀၉-၉၆၃၀၀၀၇၇၃ ။

✒️ရန်ကုန်မြို့

-(၁) ဦးလှမြင့် ၊ဆေးရာဇာ၊ မြန်မာ့ဆေးမျိုးစုံဆိုင် (၂၈၅)ရွှေဘုံသာလမ်း။အလယ်ဘလောက်
📱၀၉−၄၅၀၀၃၁၄၂၄ ။


-(၂) ဒေါ်မြင့်မြင့်သောင်း၊ အမှတ် (၁၂) ၅ လွှာ ၊ဧရာဝတီလမ်း ၊အလုံခန်းမအနီး၊အလုံမြို့နယ်
📱ဝ၉-၅၀၂၁၁၁၀ ၊၀၉−၉၆၅၀၂၁၁၁၀ ။


-(၃) ယွန်းလဲ့ Mart ၊အမှတ် (၂၉) ၊ ၂၉ ရပ်ကွက်၊ ပင်လုံလမ်း ၊မဝတမှတ်တိုင်အနီး၊မြောက်ဒဂုံ။
📱ဝ၉- ၄၄၀ဝ၄၀၁၁၇ ၊၀၉- ၄၄၀၀၄၀၁၁၅ ။



-(၄) ဦးမောင်မောင်ဌေး၊ဒေါ်နွဲ့နွဲ့အေး၊ အမှတ် (၁၀၇) ၊ပထမထပ် ၊တိုက်နံပါတ် F ၊ (၁၆) ရပ်ကွက်၊ ပါရမီကွန်ဒို ၊လှိုင်မြို့နယ်။
📱ဝ၉-၉၇၃၇၈၀၉၂၃ ၊၀၉-၅၁၄၀၂၄၆ ။



-(၅) ဒေါ်သန်းညွန့်၊ဒေါ်မေသန်းဌေး၊၈/၉၆ အမှတ်(၈)နယ်မြေ၊ဂေါက်ကွင်းလမ်း၊ဒညင်းကုန်းရပ်ကွက်၊အင်းစိန်မြို့နယ်။
📱၀၉−၇၇၅၅၄၀၉၄၄ ၊၀၉-၈၉၂၅၀၀၃၇၅ ၊၀၉−၇၈၄၃၀၁၉၇၄ ။



-(၆) ဒေဝီရွှေဆိုင်၊ဆိုင်အမှတ် ၁၁/၁၂၊ က ရုံ၊ အသောကစျေး (ဒဂုံညွန့်စျေး)၊တာမွေမြို့နယ်။
📱၀၉−၄၃၁၁၇၅၆၅ ။



-(၇) ဒေါ်ဌေးဌေးဝင်း၊ပွင့်သစ်စဘောင်းဘီဆိုင်၊ဆိုင်အမှတ် ၁၀၂/၁၁၈ ၊ဉမ္မာစတိုးနဲ့ တတန်းတည်း၊ လှည်းတန်းစျေးအပေါ်ထပ်၊ကမာရွတ်မြို့နယ်၊
📱၀၉−၇၉၄၉၄၆၀၈၁ ။

-(၈) ဒေါ်မိမိခိုင်၊ဦးဘညိမ်သမီးဆေးဆိုင်၊ ၂ ထပ်ရုံ၊ အမှတ် (၆) ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး
📱၀၉−၄၂၁၁၂၆၄၂၃ ။



-(၉) မသက်သက်စိုး၊ဦးစိုးသိန်း၊ဒေါ်ကြည်ကြည်သားများဘယဆေးဆိုင်၊ အေအောက်(၅၈၊၅၉)မှော်ဘီဈေးအတွင်း၊
📱၀၉−၅၄၀၁၉၈၃ ၊၀၉−၂၆၃၉၄၉၈၉၅။



-(၁၀) ဦးကျော်မြင့်၊ဒေါ်သက်သက်စံ ၊အမှတ်် (၄၆၇) ၊ ၁၄ လမ်း၊ ၁၀ ရပ်ကွက်၊တောင်ဉက္ကလာပမြို့နယ် ၊
📱၀၉-၇၈၉၈၂၆၀၉၁ ၊၀၉-၂၆၁၄၅၁၃၆၆ ။



-(၁၁) ဒေါ်လဲ့လဲ့မူ၊တိုက် ၃၆ ၊၃ လွှာ၊(၅) ရပ်ကွက်၊ဈေးလမ်း၊ကမာရွတ်မြို့နယ်။(မဟာရန်ကုန်လဘက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်)
📱၀၉−၉၆၁၁၉၀၀၉၇။



-(၁၂) ဒေါ်ခိုင်မေဖူးအောင်၊အမှတ် (၁၁) ၊ ရှမ်းစု (၂) လမ်း၊၁၀ ရပ်ကွက် ၊ လှိုင်မြို့နယ်။
📱၀၉-၄၀၁၂၂၇၂၁၆ ၊ ၀၉-၇၉၅၄၄၀၄၆၀



-(၁၃) ဒေါ်ခင်မျိုးထက်၊ (၃၆၈) စက်မှုဒေသလမ်း၊ရွှေပြည်သာမြို့နယ်၊
📱၀၉- ၀၉-၄၄၁၄၇၁၅၇၄။


-(၁၄) မဟေမာ၊ ရွှေဝတ်စံ၊ အမှတ်(၂၇)၊ ဝင်ပေါက် ၁၇/၁၈ ကြား၊ယုဇနပလာဇာ။
📱 ၀၉-၇၉၀၅၅၄၉၄၂



-(၁၅) ဒေါ်မိုးစပယ်၊ အမှတ်(၃၇) ၊ဇေယျသုခလမ်းမကြီး၊ရွှေပြည်သာဘုန်းကြီးကျောင်း မှတ်တိုင်၊
📱၀၉- ၄၂ ၆၂၁ ၈၀၅၄

✒️ရွှေဘိုမြို့

-(၁) မယုယုလှိုင်၊
📱၀၉-၇၇၁ ၅၈၀ ၈၅၄၊ ၀၉-၂၅၉ ၂၂၇ ၃၉၃။


-(၂) ဝမ်းစတားဆေးဆိုင်၊ ဘီအိုစီမီးပွိုင့်အနီး၊ လမ်းမတော်၊
📱၀၉-၄၀ ၂၂၂ ၇ ၁၆၃၊


-(၃) ဝင်းဆေးဆိုင်၊ အနော်ရထာလမ်း၊ ဝင်းရုပ်ရှင်ရုံအနီး၊ မင်းရပ်၊အမှတ်(၅) ရပ်ကွက်၊
📱၀၉-၄၀ ၂၂၂ ၇ ၁၆၂၊ ၀၉-၉၆ ၄၅ ၂၂၂ ၁၉။

✒️လားရှိုးမြို့

ဒေါ်အေးအေးသန်း၊အလကခွဲ ၉ ၊ရပ်ကွက် ၈ ၊နယ်မြေ ၁၅၊အောင်ချမ်းသာဘုန်းကြီးကျောင်းအနီး၊
📱ဝ၉-၄၅၇၂၆၀၄၄၇ ၊၀၉−၇၇၉၄၉၀၃၁၉ ၊ဝ၉-၄၇၃၀၁၄၆၃



✒️သရက်မြို့

မဌေးဌေးငြိမ်း၊ အမှတ် ၆၆၉ ၊တမတ ၊ပန်းဘဲလမ်း။
📱ဝ၉-၉၆၃၃၆၈၉၆၃။

✒️ဟင်္သာတမြို့

ဦးခိုင်ကျော်ဝင်း၊ ဦးကြည်ဝင်းနှင့်သားများဆေးဆိုင်၊အမှတ်(၂)တိုင်းရင်းဆေးခန်း၊မန်းဘခိုင်လမ်း၊ ပဒေသာစျေးကြီးရှေ့
📱၀၉−၄၂၂၄၇၃၇၈၆ ၊၀၉−၇၉၃၉၄၆၄၆၃ ။

✒️အောင်လံမြို့

ဒေါ်လှိုင်လှိုင်ဌေး၊မြသိန်းတန်ဆေးဆိုင်၊စျေးကြီးအတွင်း၊
📱၀၉−၉၇၁၇၁၆၈၅၀ ။

✒️ပင်ရင်း ဇာနည်ဆေးတိုက်၊
အမှတ် (၁၆၃) တာရိုးကြီးလမ်း၊ နန်းတော်ရာရပ်၊စစ်ကိုင်း။
☎️ဝ၇၂-၂၁၆၁၃ 📱ဝ၉-၂၀၂၈၈၇၃

ဂန့်ဂလာဆေးတိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR- 011303 (0621)........🌹.......🔸ကြောကြားနံကြားက ဓားနဲ့ထောက်သလို စူးရှနာကျင်...
12/11/2020

ဂန့်ဂလာဆေး

တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR- 011303 (0621)........🌹.......

🔸ကြောကြားနံကြားက ဓားနဲ့ထောက်သလို စူးရှနာကျင်နေတတ်တယ်....

🔹အသက်ပြင်းပြင်း ရှူလိုက်တဲ့အခါ နံကြားကအောင့်တယ်....

🔸ရံဖန်ရံခါ သွေးပေါင်ချိန်အဆမတန်တိုးတယ် .....
ရံဖန်ရံခါ သွေးပေါင်ချိန်အလွန်အမင်း ကျတတ်တယ်...

🔹ခေါင်းမကြည်ဘူး ၊ မိုက်ကနဲ မိုက်ကနဲ မူးတတ်တယ်.....

🔸လေချဉ်တွေသာတက်ပြီး လေမလည်ဘူး......

🔹ဆီးနည်းမယ် နီမယ် ပူမယ် ၊
ဆီးများပေမဲ့လည်း ဆီးသွားရတာ အားမရဘူး....

🔸ဝမ်းမာမာသွားတတ်တယ် ဝမ်းစမြင်းသွားလေ့ရှိတယ် ၊ ဝမ်းချုပ်တယ် ၊
ဗိုက်ကြောကြီးတင်း နေတတ်တယ်.......

🔹ခံတွင်းချွဲတတ်တယ်၊ တံတွေးများစေးထိုင်းနေတယ်...

🔸လူပုံဟာ ထိုင်းမှိုင်းလေးလံတယ် ၊
မှတ်ဉာဏ်မကောင်းဘူး.....

စတဲ့ ရောဂါတွေထဲက

✅တမျိုးမျိုး
✅ဒါမှမဟုတ် သုံးလေးမျိုးဖြစ်နေမယ်ဆိုရင် ...

ဒီလူရဲ့ကိုယ်ခန္ဓာမှာ ဝါယောဆိုတဲ့လေဓာတ်
အားယုတ် ဖောက်ပြန်ပျက်စီးနေပြီလို့သာမှတ်ပါ။

🌹ဒါကိုပြုပြင်ဖို့ ဒီဂန့်ဂလာဆေးကအကောင်းဆုံးပါပဲ။

👉(သေချာတာကတော့ ဒီခေတ်မှာ အများစုက အပူ အစပ်နဲ့ အချိုအဆိမ့်သာအစားများလေ့ရှိပြီး အခါး အစားနည်းလာကြပါတယ်။ ဒါကြောင့် ဝါယောခေါ်တဲ့ အခါးဓာတ် လိုနေကြတာများပါတယ်။)

🥃ဝမ်းချုပ်တတ်တဲ့သူဆိုရင် ဆားရေကျက်အေးလေးနဲ့သောက်...

☕ဝလွန်းတဲ့သူဆိုရင် တခါသောက် နှစ်လုံးနဲ့ ငါးနာရီခြား တကြိမ်သောက်ပါ။

💪ခန္ဓာကိုယ်ကိုထိခိုက်ခြင်း....
အားအင်ယုတ်လျော့ခြင်း........
ပင်ပန်းနွမ်းနယ်ခြင်း........
မရှိဘဲ
ကိုယ်အလေးချိန်ကျလာမယ်။

💃ခန္ဓာကိုယ်ပြေပြစ်ပြီး လှုပ်ရှားမှုသွက်လက်ပေါ့ ပါး လာတယ်။


ပိန်သူတို့က
💊နံနက် ၂ လုံး
💊ည ၂ လုံးစားပါ။

စားသောက်ကောင်းပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ ဝဖြိုး လာပါလိမ့်မယ်။


🌹ဒီဆေးကိုစွဲစားရင် သွက်လက်ကြည်ရွှင်လန်းဆန်းပြီး ကျန်းမာလာပါမယ်။

ကလေးငယ် များကို ငယ်ငယ်ကစပြီး နည်းနည်းချင်း ခွံ့သွားရင် ဉာဏ်ကောင်းလာပါလိမ့်မယ်။

✅ အထက်ကဖော်ပြခဲ့တဲ့ရောဂါတွေကတော့ ဆေးကျမ်းအလိုအရ ဒီဆေးကိုသောက်သုံးရင် ပျောက်ကင်းနိုင်တဲ့ရောဂါတွေပါ။

✅ဒီဆေးကို စွဲစွဲမြဲမြဲသောက်သုံးသူအများစုကတော့ ကျီးပေါင်းရောဂါကို ပျောက်ကင်းစေတယ်ဆိုတဲ့ ထောက်ခံချက်နဲ့အတူ ကျီးပေါင်း‌ရောဂါအတွက် စားကြပါတယ်။

✅ဒါဟာ ဓာတ်သဘာဝညီမျှသွားတဲ့အတွက် ရောဂါပျောက်ကင်းတဲ့သဘောပါပဲ။

✅ဒါအပြင် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အသားပိုအသီးလေးတွေကိုလည်း ပျောက်ကင်း ကြောင်း စားသုံးသူတွေက သတင်းပြန်ပေးကြပါသေးတယ်။

✅တခါတရံ အစားမှာတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကြောကြီးတင်းကာ ပါးတွေ တင်းတင်းကြီးခံစားနေရတဲ့အခါမျိုးမှာ ဂန့်ဂလာဆေးကို ချက်ချင်း သောက်လိုက်ရင် ယူပြစ်သလို ပျောက်ကင်းသွားတဲ့အတွက် သွားလေရာဆောင်ထားရတဲ့ အကြောင်းကို အစားရှောင်ရတာ မနှစ်သက်သူတွေက ဆိုကြပြန်ပါတယ်။

✅ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတဲ့ အကြောင်း ပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို့ သတိ‌ပေးရတတ်ပါသေးတယ်။

👉ဆေးရဲ့ထူးခြားချက်က ဓာတုဗေဒပစ္စည်းတွေမပါဘဲ အသီးအရွက် ဘယဆေးအစစ်တွေနဲ့သာ ဖော်စပ်ထားတဲ့အပြင် လိုအပ်တဲ့ဓာတ်ကို ဖြည့်ပေးတဲ့သဘောမို့ လွန်တယ် ပိုတယ် ဆေးစွဲတယ်ဆိုတာ မျိုး မရှိပါဘူး။

နေ့စဉ်လတ်ဆတ်တဲ့အသီးအရွက်တွေကို စားပေးတဲ့သဘောမျှသာ ဖြစ်ပါတယ်။
🍍🍐🥦🥬🍆🍉🍇🍌

ဆေးညွှန်း - 🧔လူကြီး ၂ ပြားမှ ၃ ပြား
🧑‍🦲ကလေး ၁ ပြားမှ ၂ ပြား

🥃ထမင်းစားပြီး တနေ့ ၂ ကြိမ် ရေအေးနှင့်သောက်ပါ။

ပင်ရင်း- ဒေါ်သွဲ့သွဲ့စစ်
ဇာနည်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
အမှတ် ၁၆၃၊ တာရိုးကြီးလမ်း၊ နန်းတော်ရာရပ်၊ စစ်ကိုင်းမြို့။
ဖုန်း - ၀၇၂ ၂၁၆၁၃၊ ၀၉ ၂၀၂၈၈၇၃

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေရှင်။ဇာနည်တိုင်းရင်းဆေးထုတ်လုပ်ရေးက ထုတ်တဲ့ဆေးတွေက ဩဠာရိက သုခုမ ဆေးပညာအပေါ်မှာ အခြေခံထုတ်...
27/10/2020

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေရှင်။

ဇာနည်တိုင်းရင်းဆေးထုတ်လုပ်ရေးက ထုတ်တဲ့ဆေးတွေက ဩဠာရိက သုခုမ ဆေးပညာအပေါ်မှာ အခြေခံထုတ်လုပ်ထားပါတယ်။

ဆေးပညာမှာ ဆောင်ပုဒ်ကြီး (၅) ရပ် ချမှတ်ထားပါတယ်။

(၁) မီးဖိုချောင်ကို ဆေးခန်းဟု အမြင်သန်စေရမည်။
(၂) အိမ်ရှင်မတိုင်း အခြေခံ ဆေးပညာ တတ်မြောက်စေရမည်။
(၃) တအိမ်ခြား သမားတစ်ယောက် ပေါ်ပေါက်စေရမည်။
(၄) မိမိဖော်သောဆေး မိမိသောက်ရဲ ရမည်။
(၅) ရောဂါ၏ ဝေါဟာရ ခြိမ်းခြောက်မှုမှ ကင်းဝေးစေရမည် တို့ဖြစ်ပါတယ်။

တစ်ကြောင်းချင်းရဲ့ အနက်အဓိပ္ပါယ်ကို အလျဉ်းသင့်သလို တင်ပြသွားပါ့မယ်ရှင်။

11/08/2018
ဇာနည်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆေး (၅) မျိုးထုတ်လုပ်ပါတယ်။(၁) ဇာနည် အစာကြေလေဆေး (TMR 011307 (0621))(၂) ဇာနည် အပူငြိမ...
11/08/2018

ဇာနည်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆေး (၅) မျိုးထုတ်လုပ်ပါတယ်။
(၁) ဇာနည် အစာကြေလေဆေး (TMR 011307 (0621))
(၂) ဇာနည် အပူငြိမ်းဆေး (TMR 011304 (0621))
(၃) ဇာနည် ချွဲသလိပ်ကြေ လျက်ဆားငုံဆေးပြား (TMR 011306 (0621))
(၄) ဇာနည် ဂန့်ဂလာဆေးပြား (TMR 011303 (0621))
(၅) ဇာနည် သုခုမလိမ်းဆေးမှုန့် (TMR 011305 (0621))

အဆိုပါသောက်ဆေးများအပြင် ဇာနည် သုခုမဆေးသနပ်ခါး၊ ဇာနည် နံ့သာနီ ဆပ်ပြာ၊ ဇာနည် နံ့သာဖြူ ဆပ်ပြာများလည်း ရရှိနိုင်ပါတယ်ရှင်။

Address

အမှတ် ၁၆၃ ၊ တာရိုးကြီးလမ်း၊နန်းတော်ရာရပ်၊ စစ်ကိုင်း။
Sagaing
87

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+957221613

Website

Alerts

Be the first to know and let us send you an email when ဇာနည်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဇာနည်ဆေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram