ShweSakar Pharmacy

ShweSakar Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShweSakar Pharmacy, Medical and health, Yangiaung Street, Sanchaung.

မျှော်လင့်ခြင်းတွေမျှော်လင့်ခြက်တွေပြည့်ဝပါစေ။မင်္ဂလာရှိသောသီတင်းကျွတ်လေးပိုင်ဆိုင်ပါစေ။
27/10/2023

မျှော်လင့်ခြင်းတွေမျှော်လင့်ခြက်တွေပြည့်ဝပါစေ။
မင်္ဂလာရှိသောသီတင်းကျွတ်လေးပိုင်ဆိုင်ပါစေ။

26/10/2023

မဝယ်တဲ့အခါ ဘယ်လိုရောင်းမလဲ?
လူတွေခက်ခဲလာပြီ။ ဝယ်ယူမှုတွေ ကန့်သတ်လာပြီ။
ဘယ်လိုရောင်းမလဲ?
ဖန်းတီးနိုင်မှုနှင့် ဆွဲဆောင်မှုရှိအောင်ရောင်းတဲ့။
လူတွေက ဘယ်အခြေအနေမှာပဲဖြစ်စေ ဝယ်နေတုန်းပါ။
ဒါပေမယ့် သူတို့ ပိုပြီး သုတေသနလုပ်လာတယ်။ ရောင်းသူပိုစိတ်ရှည်ရပါမယ်။
ဆက်ဆံရေးကိုပိုတည်ဆောက်ပါ။ လူတွေက သူတို့သိတဲ့သူ၊ယုံကြည်ရတဲ့တွေအပေါ်ပိုပြီးဝယ်ယူလေ့ရှိပါတယ်။
ပြဿနာကိုဖြေရှင်းပေးပါ။ လူတိုင်းက သူတို့ပြဿနာဖြေရှင်းဖို့အတွက်
ဝယ်ယူကြတာပါ။ ဘာပဲရောင်းရောင်း၊ဘာဝန်ဆောင်မှုပေးပေးပြဿနာ
ဖြေရှင်းသူအဖြစ်ရပ်တည်ပါ။
သင်ထုတ်ကုန်ရဲ့တန်ဖိုးကိုပြသပါ။
ခက်ခဲလာတဲ့အခါလူတွေဟာ ငွေကိုချွေတာချင်ပြီး တန်ဖိုးများတာကိုပို
လိုချင်လာပါတယ်။ ဒါကြောင့် သင့်ထုတ်ကုန်၏အကျိုးကျေးဇူးနှင့်
တန်ဖိုးကို ပိုအာရုံစိုက်ပါ။
စိတ်ရှည်ပါ။ အရာရာခက်ခဲလာတဲ့အခါ ပိုပြီးရှုန်းကန်ရပါတယ်။
ရည်မှန်းတဲ့အတိုင်းမဖြစ်လာတဲ့အခါ စိတ်ဓါတ်မကျပဲနှင့်။အထက်က
အရာတွေကိုပိုပြီးအာရုံစိုက်ပါ။
အကောင်းမြင်ပါ။ အကောင်းမြင်ခြင်းဟာကူးစက်တတ်ပါတယ်။
ပြီးတော့ သင့်ရဲ့အပြုသဘောဆောင်မှုဟာ သင့်ကိုပိုပြီးယုံကြည်မှုတိုးစေသည်။
လိုက်လျောညီထွေရှိပါစေ။ အရာရာခက်ခဲလာတဲ့အခါ။ အပြောင်းအလဲတိုင်း
ဟာလည်း မြန်ဆန်တတ်ပါတယ်။လိုက်လျောညီထွေမှုရှိအောင်ပြင်ဆင်နိုင်ဖို့
လိုပါမယ်။
တီထွင်ကြံဆပါ။ ခက်ခဲကြမ်းတမ်းတဲ့စီးပွားရေး ပြိုင်ဆိုင်မှုကြားမှာ ထင်ရှား
မှုရှိပါစေ။
ဘယ်တော့မှလက်မလျော့ပါနဲ့။ အရာရာခက်ခဲလာရင် ရောင်းရတာဟာ
စိန်ခေါ်မှုတစ်ခု ဖြစ်နေနိုင်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။အထက်ပါ
နည်းများကို လိုက်နာရင်း အခွင့်အလမ်းကိုပိုမိုတိုးချဲ့ပါ။
Dave Lakhani ရေးသားတဲ့ မဝယ်ရင် ဘယ်လိုရောင်းမလဲစာအုပ်မှ
Peter Trader

01/09/2023

ENERVON-C kid 120ml ဝယ်လျှင် Hand spary1bx လက်ဆောင်ယူ။
(6500 )

2.9.2023 တစ်ရက်ထဲသာ (စနေ)
ပစ္စည်းအနည်းငယ်သာဖြစ်၍ဦးရာလူရ။

Rivaroxaban (ရီဗာရိုဇာဗန်)**************************အသုံးပြုပုံများကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဘေးထွက်ဆိုးကျ...
14/06/2023

Rivaroxaban (ရီဗာရိုဇာဗန်)
**************************
အသုံးပြုပုံများ
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
ဘေးထွက်ဆိုးကျိုးများ
ဆေးဓါတ်ပြုမှုများ
သောက်သုံးရန်အညွှန်း

Advertisement
============
အသုံးပြုပုံများ
==========
Rivaroxaban (ရီဗာရိုဇာဗန်) ကို ဘာအတွက်အသုံးပြုကြသလဲ?
==============================
သွေးခဲခြင်းကို ကုသရန် နှင့် ကာကွယ်ရန်။

• Atrial fibrillation (နှလုံးခုန်ရာတွင် စည်းချက်မမှန်သောရောဂါ) ရှိသူများတွင် လေဖြတ်ခြင်း နှင့် ပြင်းထန်သော သွေးခဲခြင်းကို လျှော့ချရန်။

• ခြေထောက်သွေးကြောပိတ်ခြင်း (Deep Vein Thrombosis)ကို ကာကွယ်ကုသရန်။

Rivaroxaban (ရီဗာရိုဇာဗန်) ဘယ်လိုသောက်သုံးသင့်သလဲ?
==================================
Rivaroxaban ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ သင်သည် Rivaroxaban ဆေးပြားပုံစံသောက်သုံးသူဖြစ်ပါက ဆေးပြားတပြားလုံးကို မြိုချပါ။ သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးသောက်ခြင်းကို မိမိသဘောဖြင့် ရပ်လိုက်ခြင်းကို ရှောင်ကျဉ်ပါ။ လိုအပ်သည်။ အသေးစိတ်သိရှိရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်နှင့် တိုင်ပင်ပါ။

Rivaroxaban (ရီဗာရိုဇာဗန်) ဘယ်လိုသိမ်းဆည်းရမလဲ?
==================================
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Rivaroxaban ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ rivaroxaban ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ rivaroxaban ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Rivaroxaban ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Rivaroxaban ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rivaroxaban (ရီဗာရိုဇာဗန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ?
=================================
သင့်တွင်အောက်ပါ ကျန်းမာရေးအခြေအနေများရှိပါက ဆရာဝန်ကို ကြိုပြောပါ။

• ကိုယ်ဝန်ရှိနေခြင်း၊ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိခြင်း သို့မဟုတ် ကလေးနို့ တိုက်နေခြင်း။

• ဆရာဝန် ညွှန်ကြားချက်လိုသည့် ဆေး/မလိုသည့် ဆေးတမျိုးမျိုး သောက်နေခြင်း။ ဥပမာ။ ။ amiodarone,azithromycin, chloramphenicol, cimetidine,diltiazem,dronedarone,erythromycin, felodipine, quinidine, ranolazine, or verapamil; abciximab,alteplase , other anticoagulants (for example, enoxaparin, heparin, warfarin),

aspirin, bivalirudin, dabigatran, desirudin, eptifibatide, NSAIDs (for example,

ibuprofen, ketorolac), platelet inhibitors (for example, clopidogrel, prasugrel,ticlopidine), or tirofiban.

• သဘာဝအားဖြည့်ဆေး သို့မဟုတ် ဖြည့်စွက်စာများ စားနေခြင်း။

• ဆေး၊အစားအစာ တခုခု သို့မဟုတ် အရာတခုခုနှင့် ဓါတ်မတည့်ခြင်း။

• သွေးရောဂါတခုခုရှိခြင်း၊သွေးတိုးရှိခြင်း၊သွေးကြောပြဿနာများရှိခြင်း၊သွေးအားနည်းခြင်း နှင့် အခြားသွေးနှင့်ဆိုင်သော ပြဿနာများ၊သွေးတွင်း platelet ပမာဏ နည်းပါးခြင်း သို့မဟုတ် အခြားplatelet ပြဿနာများရှိခြင်း၊ အသည်း သို့မဟုတ် ကျောက်ကပ်ပြဿနာများရှိခြင်း။

• လေဖြတ်ဖူးခြင်း (အထူးသဖြင့် လွန်ခဲ့သည့် ၆လအတွင်း)

• အစာအိမ်အနာ လက်ရှိဖြစ်နေခြင်း၊ဖြစ်ဖူးခြင်း၊ အခြားသော မျိုးရိုးလိုက်တတ်သည့် ရောဂါများရှိခြင်း။

• ကျောက်ကပ်ပြဿနာများ ရှိခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rivaroxaban (ရီဗာရိုဇာဗန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား?
=================================
{ယေဘူယျအသိပေးချက်}

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Advertisement

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ
*********************
Rivaroxaban (ရီဗာရိုဇာဗန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ?
******************************************
Rivaroxaban သည်အောက်ပါ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။

• နောက်ကျောနာခြင်း၊သွားဖုံးသွေးယိုခြင်း၊ဝမ်းထဲသွေးပါခြင်း၊ဆီးဝမ်းမမှန်ခြင်း၊ယားယံခြင်း၊အပူလောင်သလို ခံစားရခြင်း၊ထုံကျင်ခြင်း၊အပ်စူးသလို တဆစ်ဆစ်နာနေခြင်း၊ချောင်းဆိုးသွေးပါခြင်း၊အသက်ရှုရခက်ခြင်း၊မြိုချရခက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ခေါင်းကိုက်ခြင်း၊မိန်းမကိုယ်မှ သွေးယိုစီးခြင်း၊ဓမ္မတာ များခြင်း၊ခြေထောက်များ မသယ်ချင်ခြင်း၊နှာခေါင်းသွေးလျှံခြင်း၊ထိခိုက်မိလျှင် အချိန်အတော်ကြာထိ သွေးမတိတ်ခြင်း၊ဝမ်းမည်းမည်းများသွားခြင်း၊ဆီးအရောင်ရင့်ခြင်း၊သွေးအန်ခြင်း၊ကော်ဖီအနှစ်ရောင်များ အန်ခြင်း။ဤဘေးထွက်ဆိုးကျိုးများမှာ ပိုဖြစ်ပွားလေ့ရှိပါသည်။

• သတိလစ်ခြင်း၊လက်ခြေတို့ နာကျင်ခြင်း၊အနာမှ အရည်များထွက်ခြင်း။ ၎င်းတို့မှာ ဖြစ်ပွားလေ့ သိပ်မရှိလှ။

• ဆီးကျင်ခြင်း၊ဆီးသွားရခက်ခြင်း၊ဆီးသွားလျှင်နာခြင်း။ ဤ ဘေးထွက်ဆိုးကျိုးများမှာ အလွန်ရှားပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ
============
ဘယ်ဆေးတွေက Rivaroxaban (ရီဗာရိုဇာဗန်) နဲ့ ဓါတ်ပြုနိုင်သလဲ?
********************************************
Rivaroxaban ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Rivaroxaban နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

Abciximab; Aceclofenac; Acemetacin;

Acenocoumarol; Alipogene Tiparvovec; Alteplase, Recombinant; Amtolmetin

Guacil; Anagrelide; Anistreplase; Apixaban; Argatroban; Aspirin; Bivalirudin;

Boceprevir; Bromfenac; Bufexamac; Carbamazepine; Celecoxib; Choline

Salicylate; Cilostazol; Clonixin; Clopidogrel; Cobicistat; Collagenase, Clostridium

histolyticum; Conivaptan; Dabigatran Etexilate; Dalteparin; Danaparoid;

Darunavir; Desirudin; Dexamethasone; Dexibuprofen; Dexketoprofen;

Diclofenac; Diflunisal; Dipyridamole; Dipyrone; Drotrecogin Alfa; Droxicam;

Edoxaban; Eliglustat; Enoxaparin; Eptifibatide; Etodolac; Etofenamate;

Etoricoxib; Felbinac; Fenofibrate; Fenofibric Acid; Fenoprofen; Fepradinol;

Feprazone; Floctafenine; Flufenamic Acid; Fluoxetine; Flurbiprofen;

Fondaparinux; Fosphenytoin; Heparin; Ibuprofen; Ibuprofen Lysine; Iloprost;

Indinavir; Indomethacin; Itraconazole; Ketoconazole; Ketoprofen; Ketorolac;

Lepirudin; Levomilnacipran; Lomitapide; Lopinavir; Lornoxicam; Loxoprofen;

Lumiracoxib; Meclofenamate; Mefenamic Acid; Meloxicam; Morniflumate;

Nabumetone; Naproxen; Nelfinavir; Nepafenac; Niflumic Acid; Nilotinib;

Nimesulide; Nintedanib; Oxaprozin; Oxyphenbutazone; Parecoxib; Pentosan

Polysulfate Sodium; Phenindione; Phenobarbital; Phenprocoumon;

Advertisement
Phenylbutazone; Phenytoin; Piketoprofen; Piroxicam; Posaconazole; Prasugrel;

Primidone; Proglumetacin; Propionic Acid; Propyphenazone; Proquazone;

Protein C; Reteplase, Recombinant; Rifampin; Rifapentine; Ritonavir; Rofecoxib;

Salicylic Acid; Salsalate; Saquinavir; Simeprevir; Sodium Salicylate; St John’s

Wort; Streptokinase; Sulfinpyrazone; Sulindac; Telaprevir; Tenecteplase;

Tenoxicam; Tiaprofenic Acid; Ticlopidine; Tinzaparin; Tipranavir; Tirofiban;

Tocophersolan; Tolfenamic Acid; Tolmetin; Treprostinil; Urokinase; Valdecoxib;

Venlafaxine; Vilazodone; Vorapaxar; Voriconazole; Vortioxetine; Warfarin.

အောက်ဖော်ပြပါ ဆေးများသည် Rivaroxaban ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

Clarithromycin, Fluconazole.

အစားအသောက်တွေနဲ့ အရက်က Rivaroxaban (ရီဗာရိုဇာဗန်) နဲ့ ဓါတ်ပြုနိုင်သလား?
*********************************************
ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Rivaroxaban (ရီဗာရိုဇာဗန်) နဲ့ ဓါတ်ပြုနိုင်သလဲ?
*********************************************
Rivaroxaban ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

• ပုံမှန်မဟုတ်သော သွေးထွက်ခြင်းများ

• သွေးကြောပြဿနာများ

• ကျောရိုးအာရုံကြောမကြီးထဲ ပိုက်ထည့်ထားခြင်း

• သာမန်အဆင့်မှ ပြင်းထန်သော အသည်းရောဂါ

• အစာအိမ်၊အူတို့တွင် အနာဖြစ်ခြင်း သို့မဟုတ် ထိုအနာမှ သွေးထွက်ခြင်း

• မကြာသေးမီက လေဖြတ်ဖူးခြင်း

• (မျက်လုံး၊ဦးနှောက်၊ကျောရိုးအာရုံကြောမကြီး စသည်) ခွဲစိတ်မှုလုပ်ဖူးခြင်း

• ကျောက်ကပ်ရောဂါ

• လက်ရှိ သွေးအကြီးအကျယ်ထွက်နေခြင်း

• နှလုံးအဆို့လဲထားခြင်း။

သောက်သုံးရန်အညွှန်း
===============
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Rivaroxaban (ရီဗာရိုဇာဗန်) ရဲ့ အသုံးပြုရမယ့်ပမာဏဘယ်လောက်လဲ?
==================================

ပေါင်ရိုးအစားထိုးခွဲစိတ်ပြီး နောက်ခြေထောက်သွေးကြောပိတ်ခြင်းကို ကာကွယ်ရန်

—->၁၀မီလီဂရမ် တနေ့လျင်တကြိမ်ကို ၃၅ရက်တိတိ သောက်ရမည်။ ခွဲစိတ်ပြီး အနည်းဆုံး ၆နာရီမှ ၁၀နာရီအတွင်း ပထမဆုံးအကြိမ်ဆေးကို သောက်ရမည်။

ဒူးရိုးအစားထိုးခွဲစိတ်ပြီး နောက်ခြေထောက်သွေးကြောပိတ်ခြင်းကို ကာကွယ်ရန်

—->၁၀မီလီဂရမ် တနေ့လျင်တကြိမ်ကို ၁၂ရက်တိတိ သောက်ရမည်။ ခွဲစိတ်ပြီး အနည်းဆုံး ၆နာရီမှ ၁၀နာရီအတွင်း ပထမဆုံးအကြိမ်ဆေးကို သောက်ရမည်။

ခြေထောက်သွေးကြောပိတ်ခြင်း ပြန်လည်ဖြစ်ပွားခြင်း နှင့် အဆုတ်သွေးကြောထဲ သွေးခဲပိတ်ခြင်းကို ကာကွယ်ရန်

—->၂၀ မီလီဂရမ် ကို တနေ့လျင် ၁ကြိမ် အစာနှင့် နီးနီး သောက်ရမည်။

atrial fibrillation ရောဂါသည်များတွင် သွေးခဲခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်ရန်

—->၁၅ မီလီဂရမ် သို့မဟုတ် ၂၀မီလီဂရမ် ကို

တနေ့လျှင် တကြိမ် ညနေစာစားပြီးနောက် သောက်ရမည်။

ခြေထောက်သွေးကြောပိတ်ခြင်း နှင့် အဆုတ်သွေးကြောထဲ သွေးခဲပိတ်ခြင်းကို ကုသရန်

—->ပထမ ၂၁ရက် ——> ၁၅ မီလီဂရမ် တနေ့လျှင်နှစ်ကြိမ်ကို အစာနှင့် နီးနီးသောက်ရမည်။ ထို့နောက် ၂၀မီလီဂရမ် တနေ့လျှင်တကြိမ်ကို သောက်နေကျအချိန်အတိုင်း အစားနှင့် နီးကပ်စွာ သောက်ရမည်။

ကလေးတွေအတွက် Rivaroxaban (ရီဗာရိုဇာဗန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးငယ်တွေမှာ rivaroxaban ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Rivaroxaban (ရီဗာရိုဇာဗန်) ကိုဘယ်လိုရရှိနိုင်သလဲ?
*******************************************
rivaroxaban ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား : ၁၀၊ ၁၅၊ ၂၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ?
*****************************************
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ?
*********************************************
Rivaroxaban ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Regards ; to
Dr. Thiha Phyo Myint

Thanks WHO
29/12/2022

Thanks WHO

YaMinn Pyo(Lady Care)အမျိုးသမီးသန့်စင်ဆေးစကြာမင်း အပူလောင်နာပျောက်ဆေးစကြာမင်း သဘာဝချွေးနံ့ပျောက်ဆေး
15/12/2022

YaMinn Pyo(Lady Care)အမျိုးသမီးသန့်စင်ဆေး
စကြာမင်း အပူလောင်နာပျောက်ဆေး
စကြာမင်း သဘာဝချွေးနံ့ပျောက်ဆေး

Wishing all my Hindu friends Happy DIWALI
23/10/2022

Wishing all my Hindu friends Happy DIWALI

ဆေးများအားအတက်နိုင်ဆုံးစျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသွားပါမည်။(သင်၏ကျန်းမာခြင်းသည်ကျွှန်န်ုပ်၏ကျန်းမာခြင်းပင်ဖြစ်ပ...
05/09/2022

ဆေးများအားအတက်နိုင်ဆုံးစျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသွားပါမည်။
(သင်၏ကျန်းမာခြင်းသည်ကျွှန်န်ုပ်၏ကျန်းမာခြင်းပင်ဖြစ်ပါသည်။)

ဒီနေ့ဆေးလာဝယ်တဲ့ လူငယ်နှစ်ဦးအနံ့ပျောက်၊အရသာပျောက်နေသည်ဟုပြော။၂၀.၈.၂၀၂၂
20/08/2022

ဒီနေ့ဆေးလာဝယ်တဲ့ လူငယ်နှစ်ဦးအနံ့ပျောက်၊အရသာပျောက်နေသည်ဟုပြော။
၂၀.၈.၂၀၂၂

😁Crd
12/08/2022

😁
Crd

ဆေးဝယ်သူပေးတဲ့သစ်ပင်လေးတွေ 😍😍
10/08/2022

ဆေးဝယ်သူပေးတဲ့သစ်ပင်လေးတွေ 😍😍

Address

Yangiaung Street
Sanchaung

Website

Alerts

Be the first to know and let us send you an email when ShweSakar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share