Amera Diary

Amera Diary Peace Love ☮💝

မင်္ဂလာရှိသောနှစ်သစ်လေးမှာကိုယ်၊စိတ်၊နှလုံး ရွှင်လန်းစွာ ဖြတ်သန်းနိုင်ကြပါစေရှင့်🙏Heavenly Father, as we begin this New ...
01/01/2026

မင်္ဂလာရှိသောနှစ်သစ်လေးမှာ
ကိုယ်၊စိတ်၊နှလုံး ရွှင်လန်းစွာ
ဖြတ်သန်းနိုင်ကြပါစေရှင့်🙏

Heavenly Father, as we begin this New Year, we place our lives, our hopes, and our intentions into Your loving hands. Grant us the grace to walk closer with Your Son, Jesus Christ, and to remain open to the guidance of the Holy Spirit.

😘
31/12/2025

😘

30/12/2025

2025ခုနှစ်ရဲ့ နောက်ဆုံးခရီး
နောက်နှစ်မှ ပြန်တွေ့မယ်နော်😘

Bye by YGN  ✈ Go to TGI
30/12/2025

Bye by YGN ✈ Go to TGI

ဘ ဝ မှာဒီအတိုင်း ငြိမ်နေတာဆိုတာ မရှိပါဘူး။မတိုးတက်ရင်အလိုလို ဆုပ်ယုတ်သွားတာပါပဲ။တိုးတက်ချင်ရင်ပေးဆပ်ရတဲ့အရာတစ်ခုတော့ ရှိ...
26/12/2025

ဘ ဝ မှာ
ဒီအတိုင်း ငြိမ်နေတာဆိုတာ မရှိပါဘူး။
မတိုးတက်ရင်အလိုလို ဆုပ်ယုတ်သွားတာပါပဲ။

တိုးတက်ချင်ရင်
ပေးဆပ်ရတဲ့အရာတစ်ခုတော့ ရှိတယ်။
အဲဒါက ဖိအား ပါ။

ကျန်းမာရေးကို ဂရုစိုက်ဖို့ စတင်တဲ့အခါ
အစားအသောက်ကို ထိန်းရတယ်၊
စိတ်ကို ချုပ်ရတယ်၊
အဲဒီမှာပဲ ဖိအားကို ခံစားရတယ်။

ကိုယ့်အဆင့်ထက် မြင့်တဲ့ ပညာရပ်ကို လေ့လာတဲ့အခါ
နားမလည်တာတွေ၊
ပင်ပန်းတာတွေ၊
စိတ်ပင်ပန်းမှုတွေ ရှိလာမယ်။
ဒါလည်း ဖိအားပဲ။

ကိုယ့်စွမ်းရည်ထက် မြင့်တဲ့အလုပ်ကို လုပ်တဲ့အခါ
ကြောက်ရွံ့မှုတွေ၊
မအောင်မြင်မလားဆိုတဲ့ စိုးရိမ်မှုတွေ
တစ်ခါတည်း ဝင်လာမယ်။
ဒါလည်း ဖိအားပဲ။

ဒါကြောင့်
ဖိအားဆိုတာ မကောင်းတာ မဟုတ်ပါဘူး။
ဖိအားကကိုယ် တိုးတက်နေတယ်ဆိုတဲ့ သက်သေပါ။

ဘဝကို
အဆင်ပြေတဲ့ ချောင်လေးထဲမှာ နေဖို့ မရွေးဘူး။
ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့ပဲ ရွေးတယ်။

ဖိအားကို ကြောက်မနေပါနဲ့။
ဖိအားကို ကျော်နိုင်တဲ့နေ့က
ကိုယ် တစ်ဆင့်မြင့်လာတဲ့နေ့ပါ။

ယေရှုက အသက် ၃၃ နှစ်မှာ အသေခံခဲ့တယ်။လူ့ခန္ဓာကိုယ်မှာ ကျောရိုးအဆစ် ၃၃ ခု ရှိတယ်။ကျွန်ုပ်တို့ကို ထောက်ထားထားတဲ့ အရာနဲ့သူက ဒ...
26/12/2025

ယေရှုက အသက် ၃၃ နှစ်မှာ အသေခံခဲ့တယ်။
လူ့ခန္ဓာကိုယ်မှာ ကျောရိုးအဆစ် ၃၃ ခု ရှိတယ်။
ကျွန်ုပ်တို့ကို ထောက်ထားထားတဲ့ အရာနဲ့
သူက ဒီကမ္ဘာကို ထောက်ထားခဲ့တဲ့ နှစ်အရေအတွက်က
တူညီနေတယ်။ မတော်တဆ မဟုတ်ပါဘူး။ 🙏

ဘေးတစ်ဖက်စီမှာ အရိုး ၁၂ ချပ် ရှိတယ်။
တပည့်တော် ၁၂ ယောက်။
အစ္စရေးလ် အမျိုးအနွယ် ၁၂ ခု။
ဘုရားသခင်ရဲ့ ဒီဇိုင်းကို
ကျွန်ုပ်တို့ရဲ့ အရိုးအတွင်းထဲမှာတောင်
ထည့်သွင်းထားခဲ့တာပါ။ ✨

Vagus nerve က
ဦးနှောက်ကနေ နှလုံးနဲ့ အစာချေစနစ်ထိ ဆက်သွယ်ပြီး
ကိုယ်အတွင်းက မုန်တိုင်းတွေကို ငြိမ်သက်စေတယ်။
လက်ဝါးကပ်တိုင်လို ပုံသဏ္ဍာန်ရှိပြီး
ကျွန်ုပ်တို့အတွင်း လည်ပတ်နေတဲ့ အင်အားရင်းမြစ်ပါ။ ✝️

ကိုယ်ခန္ဓာ ပြန်လည်ကျန်းမာလာတဲ့ အချိန်တိုင်း
ဆုတောင်းတဲ့အခါ နှလုံးခုန်သံ နည်းသွားတဲ့ အချိန်တိုင်း
မဖြစ်သင့်တဲ့အချိန်မှာတောင်
ငြိမ်းချမ်းမှု ပေါ်လာတဲ့အခါတိုင်း—
အဲ့ဒါဟာ သူပါ။ ❤️

ယေရှုက တတိယနေ့မှာ ပြန်လည်ထမြောက်ခဲ့တယ်။
သိပ္ပံအရ ၃ ရက် အစာရှောင်လိုက်ရင်
ကိုယ်ခန္ဓာက ပြန်လည်မွေးဖွားမှု စတင်တယ်။
အဟောင်းတွေ သေဆုံးပြီး
အသစ်တွေ မွေးဖွားလာတယ်။
ဒါက မတော်တဆ မဟုတ်ပါဘူး။
ဒီဇိုင်းပါ။

နှလုံးမှာ လျှပ်စစ်သံရှိတယ် ⚡
ဆုတောင်းတဲ့အခါ ဦးနှောက် တောက်ပလာတယ် 🧠
ဝမ်းသာလို့ ငိုတဲ့ မျက်ရည်နဲ့
ဝမ်းနည်းလို့ ငိုတဲ့ မျက်ရည်
တောင် မတူကြပါဘူး 😢😊

ကိုယ်ခန္ဓာက
သင် မသိတောင်
ဘုရားကို ချီးမွမ်းနေတယ်။

ကျွန်ုပ်တို့ဟာ
ကြောက်မက်ဖွယ်ကောင်းအောင်
အံ့သြဖွယ် ဖန်ဆင်းထားခြင်းခံရသူများပါ။ 🙌
လမ်းလျှောက်နေတဲ့ ဘုရားရှိခိုးရာအိမ်တွေပါ။
ဖုန်မြေနဲ့ ဘုရားရေးရာ
အလှတရား ပေါင်းစည်းထားခြင်းပါ။

ဘုရားသခင်က သင့်ကို ဖန်ဆင်းခဲ့ရုံမက
သူကိုယ်တိုင်ကို
သင့်အတွင်းမှာ ထည့်သွင်းထားခဲ့တာပါ။

သူ့ကို ရှာဖို့ ဝေးဝေး မသွားပါနဲ့။
ကိုယ့်အတွင်းကိုပဲ ကြည့်ပါ။
အစကတည်းက
သူဟာ ဒီဒီဇိုင်းအတွင်းမှာ
ရှိနေခဲ့ပြီးသားပါ။ ✨🙏

တကယ်လို့ သင့်အမေ ယောက်ကျား,အရွေးမှားခဲ့ရင် - သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့ စတင်ရလိမ့်မယ်။        တကယ်လို့ သင်ယောက်ကျား,...
25/12/2025

တကယ်လို့ သင့်အမေ ယောက်ကျား,အရွေးမှားခဲ့ရင် - သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့ စတင်ရလိမ့်မယ်။

တကယ်လို့ သင်ယောက်ကျား,အရွေးမှားခဲ့ရင် - သင့်ရဲ့ အလယ်ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။

တကယ်လို့ သင့်သမီး ,ယောက်ကျားအရွေးမှားခဲ့ရင်တော့ - သင့်ကျန်ရှိတဲ့ နေဝင်မီးငြိမ်းဘဝမှာ အထီးကျန်မှုတွေနဲ့ အဆုံးသတ်ရလိမ့်မယ်။

တကယ်လို့ သင့်အဖွားယောက်ကျား,အရွေးမှားခဲ့ရင်တော့ - သင်တို့ ဆွေမျိုးသုံးဆက်စလုံးက ပိုင်ဆိုင်သင့်တာတွေ မပိုင်ဆိုင်ရဘဲ လက်လွတ်ဆုံးရှုံးရလိမ့်မယ်။

" Microsoft ကိုတည်ထောင်တာ အရေးကြီးလား၊ ပရဟိတလုပ်တာ အရေးကြီးလား" လို့ .. Bill Gate ကို အင်တာဗျူးတစ်ခုမှာ မေးထားတာတွေ့တယ်၊

Bill gate ကပြန်ဖြေတယ်၊

" ဘာမှအရေးမကြီးဘူး၊ ကိုယ်နဲ့ တပ်အပ်တဲ့ အိမ်ထောင်ဖက်တစ်ခုရဖို့ပဲ အရေးကြီးတယ် " တဲ့။

စီးပွားရေးသမား Warren Buffett ကလည်းပြောတယ်၊

" စီးပွားရေးလုပ်ဖို့ ဘာအရင်းအနှီးမှ မလိုဘူး၊ ထက်မြက်ပြီး သစ္စာရှိတဲ့ ယောက်ကျားတစ်ယောက်ပဲလိုတယ် " တဲ့။

တကယ်တော့ ယောက်ကျား ရွေးတာ လူတစ်ယောက်ကို ရွေးတာ မဟုတ်ဘူး၊ တစ်ဘဝလုံးရဲ့ နေထိုင်မှုကို ရွေးခြယ်တာ၊

ယောက်ကျား တစ်ယောက်ဟာ " ရှေ့မျိုးဆက် ရဲ့ ချမ်းသာမှု" ၊ "အခုမျိုးဆက်ရဲ့ ပျော်ရွှင်မှု" ၊ "နောက်မျိုးဆက်ရဲ့ အနာဂတ်"ကို ကိုယ်စားပြုတာ..

ယောက်ကျား ကောင်းတစ်ယောက်ကို အရွေးခြယ်နိုင်ခဲ့တဲ့ မိန်းကလေးလေးမှာ ဆွေစဉ်မျိုးဆက် ၃ဆက်စလုံး ချမ်းသာရတယ်၊

ရွေးခြယ်လိုက်တဲ့ ယောက်ကျား ရဲ့ နောက်ဆက်တွဲ ဆိုးခြင်း၊ ကောင်းခြင်းက အဲဒီရွေးခြယ်လိုက်တဲ့ မိန်းကလေးနဲ့လည်း အများကြီးသက်ဆိုင်တယ်၊

ပညာရှိ မိန်းမကပဲ ကိုယ့်ယောက်ကျားကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နားလည်တယ်၊

ပညာရှိ ယောက်ကျား ကပဲ အိမ်ထောင်တစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ နားလည်တယ်၊

အိမ်ထောင်ဦးစီးကပဲ တစ်အိမ်သားလုံးရဲ့ နေထိုင်မှုပုံစံကို မြှင့်တင်သွားနိုင်တာ ။

ယောက်ကျား တစ်ယောက်ရဲ့ စရိုက်က အသိပညာကိုစုဆောင်းရင်း တည့်မတ်လာတာ.. ။

ယောက်ကျား တစ်ယောက်ရဲ့ ဝိညဉ်က ဂီတတေးသွားကို ခံစားရင်း ဖြစ်ပေါ်လာတာ...။

ယောက်ကျား တစ်ယောက်ရဲ့ သစ္စာက ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်းပို ဂုဏ်တတ်စေတာ....။

မိန်းကလေးအယောက်တိုင်းဟာ မိမိကိုယ်ကိုထိန်းသိမ်းပြုပြင်ပြီး ရင့်ကျက်လာသင့်တယ်.. ဘာဖြစ်လို့လဲဆိုတော့ -

သင်က သင့်ယောက်ျားရဲ့ အမြင့်ဆုံးအမှတ်နဲ့ သင့်ခလေးရဲ့ အစဦးအမှတ်ကို ဆုံးဖြတ်နိုင်စွမ်းရှိလို့... ။

အဲဒီလို ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေအတွက် ဖြစ်သလို အိမ်ထောင်ဦးစီးကောင်းတွေ များစွာ ရှိမှလည်း ဒီကမ္ဘာ တိုးတတ်ဖွံဖြိုးလာန်ိုင်မှာ အသေအချာပါပဲ ။ ❤

Merry Christmas to you all🥰
25/12/2025

Merry Christmas to you all🥰

❤
23/12/2025

❤

ဦးထုပ် ကိုယ်တိုင်ထိုးတာလေး ပြီးသွားလို့ 🥰
20/12/2025

ဦးထုပ် ကိုယ်တိုင်ထိုးတာလေး ပြီးသွားလို့ 🥰

ဒုတိယမြောက် နှလုံး 🫀ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသ...
20/12/2025

ဒုတိယမြောက် နှလုံး 🫀

ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသလား? 🤔

🫀နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက🦵 သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။🫀

💓 ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ❓️❓️❓️

ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။🦵
ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို 🩸သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။
(💡မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ⬆️⬆️⬆️)

နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး 🔄 သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

💓 နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ❓️❓️❓️

-လမ်းလျှောက်ခြင်း🚶‍♂️🚶‍♀️
-ပြေးခြင်း🏃‍♂️🏃‍♀️
-စက်ဘီးနင်းခြင်း🚴‍♂️🚴‍♀️
-ကြိုးခုန်ခြင်း
-ခြေထောက် အကြောလျှော့ခြင်း(Stretching)
-နှိပ်နယ် ပေးခြင်း
-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

💓ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်...🤔

🪑 အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာ
ကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ် ⬇️⬇️⬇️

ဒီလို အဖြစ်များရင် ရေရှည်မှာ အထက်တွင် ဖော်ပြခဲ့တဲ့ သွေးပြန်ကြောပိတ်သောရောဂါ၊ သွေးပြန်ကြောထုံးသောရောဂါ စတာ တွေ အပြင် အခြားကျန်းမာရေးဆိုင်ရာ ဆိုးကျိုး တွေလဲ ဖြစ်လာစေနိုင် ပါတယ်။

ထို့ကြောင့် မိမိရဲ့ ခြေသလုံး ကြွက်သားများကို ကျန်းမာသန်စွမ်းအောင် ဂရုစိုက်နေထိုင်ခြင်း ဟာ သွေးလည်ပတ်မှုနဲ့ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ ရိုးရှင်းသော နည်းလမ်း တစ်ခု ပဲ ဖြစ်ပါတယ်။

Dr. Beast 🫀

Good Morning ပါရှင့်❤December Trip 🥰✈ ✈ ပေါ်မှာချဥ်ထိုးတာ တစ်ဝက်လောက်ပြီးသွားတယ်..ဆောင်းရာသီအနွေးဦးထုပ်လေး လက်ဆောင်ပေးမ...
20/12/2025

Good Morning ပါရှင့်❤
December Trip 🥰✈
✈ ပေါ်မှာ
ချဥ်ထိုးတာ တစ်ဝက်လောက်ပြီးသွားတယ်..
ဆောင်းရာသီအနွေးဦးထုပ်လေး လက်ဆောင်ပေးမယ်
ဘယ်သူယူမလဲရှင့် 🥰

Address

Maupin Street
Sanchaung

Telephone

+959799474077

Website

Alerts

Be the first to know and let us send you an email when Amera Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram