  • Home
  • Myanmar
  • Shwebo
1.9.2021 မှစ၍ဆေးခန်းပြန်ဖွင့်ပါမည်ဆေးခန်းဖွင့်ချိန်မနက် ၈ နာရီမှ ညနေ ၃ နာရီ အတွင်း သွားနှင့်ခံတွင်းကျန်းမာရေးဝန်ဆောင်မှု...
31/08/2021
1.9.2021 မှစ၍ဆေးခန်းပြန်ဖွင့်ပါမည်
ဆေးခန်းဖွင့်ချိန်
မနက် ၈ နာရီမှ ညနေ ၃ နာရီ အတွင်း
သွားနှင့်ခံတွင်းကျန်းမာရေးဝန်ဆောင်မှုများပြန်လည်ပြုလုပ်ပေးမည်ဖြစ်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
မေလ (၄)ရက်နေ့မှစပြီး မနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိဆေးခန်းပြန်ဖွင့်ပါပြီ 👉🏻လတ်တလောဖြစ်ပွါးလျက်ရှိသောကူးစက်ရောဂါ COVID 19 ကြောင...
03/05/2020
မေလ (၄)ရက်နေ့မှစပြီး မနက် ၈:၀၀ မှ ညနေ ၅:၀၀ ထိဆေးခန်းပြန်ဖွင့်ပါပြီ
👉🏻လတ်တလောဖြစ်ပွါးလျက်ရှိသောကူးစက်ရောဂါ COVID 19 ကြောင့်cross infection ဖြစ်မှာစိုး၍နိုင်ငံမှကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင်အထောက်အကူဖြစ်စေရန်ဆေးခန်းပိတ်ထားသည်မှာ (၁)လကြာခဲ့ပြီဖြစ်သည်။
✌️သို့သော်မခံမရပ်နိုင်အောင်သွားဝေဒနာခံစားနေရသည့်လူနာများအဆင်ပြေစေရန်သွားဆေးခန်းကိုပြန်လည်လည်ပတ်စေနိုင်ရန်ကြိုးစား၍ အခန်းတွင်းပိုးသတ်သန့်စင်မှုများအဆင့်မြှင့်တင်ပြီး မေလ (၄)ရက်နေ့တွင်ပြန်လည်ဖွင့်ပါမည်။
👉🏻ထိုသို့ဖွင့်ရာတွင် Guidelineနှင့်အညီ ကူးစက်မှုနှုန်းတတ်နိုင်သမျှလျော့ကျစေရန် Surgical Grown/ PPE/N95 mask/ Goggle/Face shield များကိုလိုအပ်သလိုဝတ်ဆင်၍ကုသပေးမည်ဖြစ်သည်
👉🏻လူနာတစ်ယောက်ပြီးတိုင်းလည်းအခန်းတစ်ခုလုံးပိုးသတ်ဆေးဖြန်းခြင်း/ UV light ဖြင့်ပိုးသတ်ခြင်းစသည့် (Disinfection procedure)များ ပြုလုပ်ပြီးစီးမှသာနောက်တစ်ဦးကိုလက်ခံကြည့်ပေးပါမည်
👉🏻ထို့ကြောင့် Social Distancing နှင့်အခန်းပိုးသန့်စင်ရန် ( Room Disinfection)လုပ်ရန်အချိန်ယူရမည်ဖြစ်သဖြင့် သွားလာပြသူများအနေဖြင့်
(ဖုန်းဆက်၍ Appointment ယူပေးပါရန်
Appointment timeကိုလည်းရောက်အောင်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်
☎️☎️☎️09958199900☎️☎️☎️
ကိုဖုန်းဆက်၍သော်လည်းကောင်း page messenger မှသော်လည်းကောင်း Appointment ယူပေးကြပါရန်)
✌️✌️✌️COVID 19 ကာလအတွင်းဆေးခန်းလာပြသူများအနေဖြင့်မခံမရပ်နိုင်အောင်သွားနာခြင်း/ပိုးဝင်၍ပါးယောင်ခြင်း/အလွန်အမင်းသွားနဲ့နေခြင်း အစရှိသည်တို့မှလွဲ၍အခြားကုသမှုများပေးမည်မဟုတ်သေးသဖြင့်မလိုအပ်ဘဲမလာကြပါရန်မေတ္တာရပ်ခံပါသည်✌️✌️✌️
👉🏻လာပြသူများအနေဖြင့် maskတပ်ပြီးလာခဲ့ပါရန်နှင့်
(1)လက်ဆေးခိုင်းခြင်း
(2)ခရီးသွားရာဇဝင်များမေးမြန်းခြင်း
(3)COVID 19ရောဂါဖြစ်တတ်သောလက္ခဏာများမေးမြန်းခြင်း
(4)ကိုယ်ပူချိန်တိုင်းခြင်း
(5)လိုအပ်လျှင် Organic ဆေးဖြန်းပေးခြင်း(အန္တရာယ်လုံးဝမရှိပါ)
(6)ဆေးကုသမှုသဘောတူညီကြောင်း consent form များဖြည့်ရခြင်း
အစရှိသည်များကိုမှန်ကန်စွာဖြေကြားပေးရန်နှင့် ကြည်ဖြူစွာလက်ခံပေးရန်မေတ္တာရပ်ခံအပ်ပါသည်။
(ကျေးဇူးပြု၍အဖော်တစ်ဦးမှလွဲ၍အပိုခေါ်မလာကြပါရန်နှင့် ကလေးသူငယ်များရှိပါကလည်းခေါ်မလာကြပါရန်)
👉🏻👉🏻COVID 19ကာလအတွင်းဆေးခန်းသို့လာမည့်သူများသိထားသင့်သောအချက်အလက်များမှာ-
(1)အသက်ရှူလမ်းကြောင်းမှကူးစက်တတ်သောရောဂါဖြစ်သဖြင့်မည်မျှပင် Disfectionပိုးသတ်ခြင်းလုပ်စေကာမူမိမိအိမ်မှာနေခြင်းလောက်ကာကွယ်နိုင်မည်မဟုတ်ပါ။
(2)ဆေးခန်းသို့လာပါက လူနာရောအဖော်ပါ maskတပ်လာပေးကြပါ။
(3)COVID 19 ကာလဖြစ်သဖြင့်ယခင်ထက်ကာကွယ်မှုများပိုမိုပြုလုပ်ရခြင်း/ ပိုးသတ်မှုများအဆင့်ဆင့်ပြုလုပ်ရခြင်းကြောင့်ကုသမှုနှုန်းထားမှာအနည်းငယ်ပိုမိုကုန်ကျနိုင်ပါသည်။
(4)အရေးကြီးဆုံးအချက်အနေဖြင့် COVIDလူနာတစ်ယောက်၏ခရီးသွားရာဇဝင်တွင်မိမိဆေးခန်းပါလာလျှင်သွားဆရာဝန်ရော လာပြဖူးသောလူနာများပါ Quarantine ဝင်ရနိုင်ပါသည်။
(5)ထိုအခြေအနေအားလုံးကိုသိထားပြီးဖြစ်ကြောင်းသဘောတူညီချက် Consent formများဖြည့်ရပါမည်။
❤️❤️❤️ထို့ကြောင့်ထိုအချက်အလက်များစဉ်းစားပြီးလိုအပ်မှသာသွားဆေးခန်းလာကြပါရန်/ လာပါကလည်း Appointment ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်❤️❤️❤️
ကူးစက်ရောဂါအခြေနေများကိုအမြန်ဆုံးကျော်လွှားနိုင်ကြပါစေ✌️✌️✌️
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
04/02/2020
ဆေးခန်းဖွင့်ချိန်-နံနက် ၈နာရီ မှ ည ၇နာရီ
Address🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
Phone☎️ 09-958199900
(UNICODE)
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်းတွင်
🤝သွားနှင့်ခံတွင်းကျန်းမာရေးအခမဲ့စစ်ဆေးပေးခြင်း(Dental Check up)
🤝နာကျင်မှုမရှိစေဘဲသွားနှုတ်ပေးခြင်း(Tooth Extraction)
🤝သွားမနှုတ်လိုသောသူများအတွက်သွားအကြောထုတ်ကုသပေးခြင်း(Root Canal Treatment)
🤝လေဆာရောင်ခြည်ဖြင့်သွားအရောင်အတိုင်းသွားဖာခြင်း(Light cure filling)
🤝သွားဖုံးယောင်ခြင်း/ရေစီးကမ်းပြိုရောဂါများဖြစ်စေသောသွားချေးကျောက်-ကွမ်းဂျိုးများကိုအသံလှိုင်းတုန်ခါစက်ဖြင့်ဖယ်ရှာပေးခြင်း(Scaling)
🤝မလှပသောသွားများကျဲနေသောသွားများပြုပြင်ပေးခြင်း(Asthetic)
🤝သွားဝါခြင်း/ညိုခြင်းများကိုလေဆာရောင်ခြည်ဖြင့်ဖြူဖွေးအောင်ပြုလုပ်ပေးခြင်း(Tooth Whitening)
🤝သွားအသေစိုက်ခြင်း(Dental crown&Bridge)
🤝အံကပ်အမာ/အံကပ်အပျော့များတပ်ဆင်ပေးခြင်း(Denture/Flexible Denture)
🤝တောက်ပသောအပြုံးများဖန်တီးရန်စိန်ကပ်ပေးခြင်း(Skycee)
🤝သွားညှိကုသခြင်း(Orthodontic Treatment)
🤝အခြားသွားနှင့်ခံတွင်းရောဂါများ
စသည့်ကုသမှုများအားလုံးကိုလေဖိအားသုံးပေါင်းအိုး(Autoclave)ဖြင့်ပိုးသတ်ထားသောတစ်ခါသုံးပစ္စည်းများဖြင့်လူတစ်ဦးလျှင်တစ်စုံစီဖြင့်စိတ်တိုင်းကျကုသမှုပေးပါသည်😊😊😊
✌️✌️✌️သွားနှင့်ခံတွင်းကျန်းမာရေးသိရှိလိုသည်များကိုအမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်
ဆေးခန်းဖွင့်ချိန်-နံနက် ၈နာရီ မှ ည ရနာရီ
Address🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
Phone☎️ 09-958199900
21/01/2020
21.1.2020မှ29.1.2020ထိဆေးခန်းယာယီပိတ်ထားပါမည်
30.1.2020မှစ၍ပုံမှန်အတိုင်း
ပြန်လည်ဖွင့်လှစ်သွားပါမည်
09/01/2020
9.1.2020
ယနေ့ဆေးခန်းတစ်ရက်
ပိတ်ပါတယ်
14/11/2019
သွားတွေဘာကြောင့်မညီရတာလဲ?🤔🤔🤔(Zaw Gyi font)
(၃)အံကြိတ်ခြင်း
ထိုအလေ့အကျင့်ရှိလျှင်လည်းသတိထား၍ပြင်သင့်သည်
(၈)လက်သည်းကိုက်ခြင်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
သွားတွေဘာကြောင့်မညီရတာလဲ?🤔🤔🤔(Uni code font)
👉သွားမညီခြင်းအကြောင်းအရင်းများစွာရှိပါတယ်။မိမိကိုယ်တိုင်ဆင်ခြင်လို့ရမယ့်အကြောင်းအရင်းလေးတွေကိုပြောပြပါမယ်။
(၁)မကြာခဏလက်မစုပ်ခြင်း
အဓိကအားဖြင့်ကလေးငယ်များသည်လက်မစုပ်တတ်ကြတယ်.. လူကြီးများကသတိထားပြီးတားဆီးပေးသင့်ပါတယ်
(၂)လျှာဖြင့်သွားများကိုမကြာခဏထိုးခြင်း
ကြောင့်သွားများခေါခြင်းယိုင်ခြင်းများဖြစ်နိုင်သည်
(၃)အံကြိတ်ခြင်း
ညဘက်အံကြိတ်တတ်သောအလေ့အထရှိလျှင်သွားဆရာဝန်နှင့်တိုင်ပင်ပြီး ကာကွယ်သင့်သည်
(၄)နှုတ်ခမ်းကိုက်ခြင်း
ကြောင့်သွားများအထဲသို့ယိုင်စေနိုင်ခြင်း
(၅)ပါးစပ်ဖြင့်အသက်ရှူခြင်း
ထိုအလေ့အကျင့်ရှိလျှင်ဘည်းသတိထား၍ပြင်သင့်သည်
(၆)သွားနှင့်ခံတွင်းသန့်ရှင်းအောင်မထားခြင်း
ကြောင့်သွားဖုံးယောင်ကာသွားများယိုင်လာခြင်း
(၈)လက်သည်းကိုက်ခြင်း
👉အထက်ဖော်ပြပါအကြောင်းအရင်းများကိုမိမိကိုယ်တိုင်သော်လည်းကောင်း မိမိကလေးသော်လည်းကောင်း ဆင်ခြင်ပြီးကာကွယ်ထားမယ်ဆိုလျှင် အလေ့အထကြောင့်ဖြစ်သောသွားမညီခြင်းကိုကာကွယ်ထားနိုင်ပါလိမ့်မည်
😊အသေးစိတ်သိလိုသောအကြောင်းအရာများကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
ရှေ့သွားလေးတွေကျဲနေလို့စိတ်ညစ်နေလား?(Zawgyi) -သွားလေးကျဲနေလို့စိတ်ညစ်နေတယ်ဆိုရင်တော့ဒီpostလေးကိုအချိန်ပေးပြီးဖတ်ကြည့်ပါေ...
08/11/2019
ရှေ့သွားလေးတွေကျဲနေလို့စိတ်ညစ်နေလား?(Zawgyi)
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
ရှေ့သွားလေးတွေကျဲနေလို့စိတ်ညစ်နေလား?(Unicode)
-သွားလေးကျဲနေလို့စိတ်ညစ်နေတယ်ဆိုရင်တော့ဒီpostလေးကိုအချိန်ပေးပြီးဖတ်ကြည့်ပါနော်
👍🏻သွားကျဲခြင်းကိုကုသနည်း (4)မျိုးရှိပါတယ်
(1) လေဆာရောင်ခြည်ဖြင့်သွားဖာခြင်း
👉အလွယ်ကူဆုံးနှင့်အလျှင်မြန်ဆုံးနည်းလမ်းပါ
မိနစ်(၃၀)ခန့်သာအချိန်ပေးရန်လိုပါတယ်
ကုန်ကျစရိတ်လည်းသက်သာပါတယ်
(2)သွားကြေလွှာအလှကပ်ခြင်း(Veneer)
👉veneerအမျိုးအစားပေါ်မူတည်၍ကုန်ကျစရိတ်ကွဲပြားသွားပါတယ်... အချိန်အားဖြင့် ချက်ချင်းပြီးနိုင်တဲ့အမျိုးအစားရှိသလို အချို့တစ်ပတ်ခန့်ကြာနိုင်ပါတယ်
(3)သွားတုအစွပ်စွပ်ခြင်း
👉ကျဲနေသောသွားများကိုသွားတုအစွပ်စွပ်၍ညီသွားအောင်ပြုလုပ်ခြင်းဖြစ်သည်
မူလသွားကိုအနည်းငယ်စားပစ်ရပါတယ်
အချိန်တစ်ပတ်ခန့်ကြာပြီးခိုင်ခံ့ပါသညိ
(4)သွားညိုကြိုး(braces)အသုံးပြု၍သွားညှိခြင်း
👉သဘာဝသွားများကိုကြိုးအသုံးပြု၍ဖြည်းဖြည်းခြင်းဆွဲရွေ့ခြင်းဖြစ်သည်
အကောင်းဆုံးနည်းလမ်းဖြစ်သည်
သို့သော်အချိန် ပေးရပါတယ် ၆ လမှတစ်နှစ်/နှစ်နှစ်အထိကြာနိုင်ပါသည်
✌️အသေးစိတ်သိလိုသည်များကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
သွားတိုက်ဖို့မမေ့ကြနဲ့နော်😁(Zaw gyi)😊အသေးစိတ်သိလိုသည်များကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်🏥မွန်မြတ်သွားနှင့်ခံ...
30/10/2019
သွားတိုက်ဖို့မမေ့ကြနဲ့နော်😁(Zaw gyi)
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
သွားတိုက်ဖို့မမေ့ကြနဲ့နော်😁(Unicode)
😊အသေးစိတ်သိလိုသည်များကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
Photo Credit
#ရွှေဘို
သွားတွေဘာကြောင့်ပြန်စိုက်သင့်သလဲ?🤗မိမိ၏နေ့စဉ်အသုံးပြုနေသောသွားများသည်အစာစားရုံအတွက်သာမကရုပ်ပိုင်းဆိုင်ရာအလှအပနှင့်စကာြးေ...
29/10/2019
👉အစာများညှပ်ခြင်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
#ရွှေဘို
Unicode-
သွားတွေဘာကြောင့်ပြန်စိုက်သင့်သလဲ?
🤗မိမိ၏နေ့စဉ်အသုံးပြုနေသောသွားများသည်အစာစားရုံအတွက်သာမကရုပ်ပိုင်းဆိုင်ရာအလှအပနှင့်စကားပြောရာတွင်အသံပီပီပြင်ပြင်ပြောနိုင်ရန်အတွက်ပါအရေးကြီးလှပါသည်။
😱သွားတစ်ချောင်းဆုံးရှုံး၍ပြန်မစိုက်သောအခါအချိန်အတိုင်းအတာတစ်ခုရောက်လျှင်-
👉မျက်နှာချင်းဆိုင်သွားများရှည်ကျလာခြင်း
👉ဆုံးရှုံးသွားသောနေရာသို့ဘေးသွားများယိုင်လာခြင်း
👉ကျန်သွားများကျဲလာခြင်း
👉ပါးချောင်ကျခြင်းများဖြစ်လာနိုင်ပါသည်။
😱ထို့ပြင်နောက်ဆက်တွဲအနေဖြင့်
ရှည်ကျလာသော/ယိုင်လာသောသွားများကြားတွင်-
👉အစာများညှပ်ခြင်း
👉Bacteriaများခိုအောင်းနိုင်ခြင်း
👉သွားချေးကျောက်များစုလာခြင်းကြောင့်
😢သွားဖုံးယောင်ခြင်း/သွားဖုံးရိုးများနိမ့်ကျလာခြင်း/သွားပိုးစားခြင်းများဖြစ်ကာကျန်ရှိသောသွားများကိုထိခိုက်လာနိုင်ပါသည်
🤝လူမှုဆက်ဆံရေးနယ်ပယ်တွင်လည်း
👉စကားပြောရာတွင်မပီသခြင်း
👉ရှေ့သွားများမရှိလျှင်မိမိကိုယ်ကိုယုံကြည်မှုကျဆင်း၍ကောင်းစွာမပြုံးရယ်နိုင်ခြင်း
👉ပါးချောင်ကျခြင်းကြောင့်မိမိရုပ်ရည်အိုမင်းရင့်ရော်မှုကိုခံစားရနိုင်ပါသည်။
✌️အထက်ပါအကြောင်းရင်းများကြောင့်မိမိသွားတစ်ချောင်းဆုံးရှုံးလျှင် ၆လအတွင်းပြန်စိုက်သင့်ပါသည်။
👌ထို့ကြောင့်မိမိ၏အရေးပါသောသွားများအတွက်
😍"သွားရှိလျှင်သွားတိုက်ပါ
😍သွားမရှိလျှင်သွားစိုက်ပါ" ဟုတိုက်တွန်းချင်ပါသည်
✌️✌️✌️ဆေးခန်းသို့အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
#သွားတွေဘာကြောင့်ပြန်စိုက်သင့်တာလဲ?
#မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
#ရွှေဘို
ခံတွင်းမှာဖြစ်တတ်သောအနာလေးများ(Zaw Gyi ရော Unicodeရောတင်ပေးထားပါတယ်)😱ခံတွင်းမှာအနာလေးတွေပေါက်တဲ့အခါနာတဲ့အတွက် အနေရခက်ခြင...
25/10/2019
ခံတွင်းမှာဖြစ်တတ်သောအနာလေးများ(Zaw Gyi ရော Unicodeရောတင်ပေးထားပါတယ်)
အပူအစပ်ရှောင်ပါ
အိပ်ရေးဝအောင်အိပ်ပါ
အာဟာရမျှတအောင်စားပါ
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
ခံတွင်းမှာဖြစ်တတ်သောအနာလေးများ
😱ခံတွင်းမှာအနာလေးတွေပေါက်တဲ့အခါနာတဲ့အတွက် အနေရခက်ခြင်း/အစာစားရခက်ခဲခြင်းများကြုံရတတ်သည်
🤔အဲ့အနာလေးတွေဘာကြောင့်ဖြစ်ရတာလဲ?
အဓိကကတော့စိတ်ဖိစီးမှုကြောင့်/အိပ်ရေးပျက်ခြင်းကြောင့်/ကိုယ်ခန္ဓာမှာအခြားရောဂါတစ်မျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းလာသောအခါဖြစ်နိုင်ပါတယ်။
👉ဖြစ်လေ့ရှိသောနေရာများ
-ပါးစောင်/နှုတ်ခမ်း/လျှာတို့မှာအများစုဖြစ်တတ်သည်..တစ်ပတ် ၁၀ ရက်ကြာလျှင်အလိုလိုပျောက်သွားနိုင်ပါသည်...သို့သော်မပျောက်ခင်စပ်ကြားအနာသက်သာစေရန်သွားဆေးခန်းသွားသင့်ပါတယ်
🤔မိမိကိုယ်ကိုဘယ်လိုသက်သာအောင်နေမလဲ?
အပူအစပ်ရှောင်ပါ
စိတ်ဖိစီးမှုမဖြစ်အောင်နေပါ
ခံတွင်းကိုသန့်ရှင်းအောင်ထားပါ/အစာစားပြီးတိုင်းရေကျင်းပါ
အာဟာရမျှတအောင်စားပါ
✌️အဲ့အနာလေးတွေကလူတော်တော်များများဖြစ်ဖူးကြမှာပါ။တစ်ချို့ကတော့ပေါ်လိုက်ပျောက်လိုက်ခဏခဏဖြစ်တတ်ကြပါတယ်။အရမ်းစိုးရိမ်စရာမလိုသလို/မပေါ့ဆသင့်ပါ။
ထိုအနာလေးများသည်ကင်ဆာတော့မဟုတ်ပါ။
လူတိုင်းသွားဝေဒနာကင်းရှင်းကြပါစေ🙏
😊အသေးစိတ်သိလိုသည်များကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
#ရွှေဘို
🤔သွားဖာပြီးနောက်ဆောင်ရန်ရှောင်ရန်များ(Zaw gyi version)👉လေဆာရောင်ခြည်ဖြင့်သွားဖာပြီးနောက် ကွမ်းနှင့်အလားတူငုံဆေးများစားခြ...
19/10/2019
🤔သွားဖာပြီးနောက်ဆောင်ရန်ရှောင်ရန်များ(Zaw gyi version)
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
#ရွှေဘို
Unicode version
🤔သွားဖာပြီးနောက်ဆောင်ရန်ရှောင်ရန်များ
👉လေဆာရောင်ခြည်ဖြင့်သွားဖာပြီးနောက် ကွမ်းနှင့်အလားတူငုံဆေးများစားခြင်း/ဆေးလိပ်သောက်ခြင်းတို့ကြောင့်အရောင်အစွန်းအထင်းဖြစ်စေနိုင်သည်။ထို့ပြင် ၂၄ နာရီအတွင်းကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းတို့ကိုရှောင်သင့်ပါသည်။
👉သွားဖာပြီးနောက်ပူလွန်း/အေးလွန်းသောအစာများ/မာလွန်းသောအစားအစာများကိုစားပါကသွားကျဉ်ခြင်းဖြစ်နိုင်သည်။ရက်အနည်းငယ်အတွင်းပျောက်သွားပါလိမ့်မည်။
👉ငွေရောင်သွားဖာပစ္စည်း(amalgam)ဖြင့်သွားဖာထားပါက ၂၄ နာရီအတွင်းမာလွန်းသောအစားအစာများ/စေးကပ်သောအစားအစားများ ကိုဖာထားသည့်သွားအသုံးပြု၍မစားသင့်ပါ။ဖြစ်နိုင်ရင်တစ်ခြားဘက်နှင့်ဝါးပါ။ဖာထားစမှာအပူအအေးရှောင်သင့်သည်။
👉ဖာထားသောနေရာမှာမူလသွားနှင့်အနည်းငယ်ကွဲပြားနိုင်သည်။လျှာဖြင့်ထိကြည့်ပါကမနေတတ်သလိုခံစားရနိုင်သည်။မစိုးရိမ်ပါနှင့်ရက်အနည်းငယ်အတွင်းအသားကျသွားပါမည်။
👉ဖာထားသောသွားများသည်တစ်သက်လုံးကောင်းနေမည်မဟုတ်ပါ။တစ်သက်လုံးအသုံးပြုနိုင်ပြီဟုယူဆလို့မရပါ သွားသေချာတိုက်ပြီးဂရုစိုက်မှသာရေရှည်ခံပါမည်
👉ထို့ပြင်ဖာထားသောသွားများကို ၆ လတစ်ကြိမ်သွားနှင့်ခံတွင်းဆရာဝန်နှင့်စစ်ဆေးသင့်ပါသည်။
✌️😊အသေးစိတ်သိလိုသည်များကိုဆေးခန်းမှာအခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်
🏥မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
🏥ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/စျေးတောင်ဘက်(ရွှေဘိုမြို့)
☎️ဖုန်း 09958199900
#မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း
#သွားဖာပြီးနောက်ဆောင်ရန်ရှောင်ရန်များ
#ရွှေဘို
Address
ဦးရှားမားကုန်စုံဆိုင်ဘေး/ရွှေတန်ဆာဘုရားလမ်း/ဈေးတောင်ဘက်(ရွှေဘိုမြို့)
Shwebo
02264
Alerts
Be the first to know and let us send you an email when မွန်မြတ်သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category