02/08/2025
For your information
အများသိစေရန်
တချို့ကပြောကြတယ်...
FAME ရဲ့ ဆေးဘူးအဖုံးတွေက ဖွင့်ရခက်တယ်တဲ့‼️
အဖုံးပိတ်ထားရင်လည်း လည်နေတယ်တဲ့‼️
ဒါကြောင့် FAME က အသုံးပြုထားတဲ့ 𝗖𝗵𝗶𝗹𝗱 𝗥𝗲𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗖𝗹𝗼𝘀𝘂𝗿𝗲 အကြောင်း ပြောပြပေးချင်ပါတယ်။
ဆေးဘူးတွေမှာ 𝗖𝗵𝗶𝗹𝗱 𝗥𝗲𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗖𝗹𝗼𝘀𝘂𝗿𝗲 တွေကို အသုံးပြုတာဟာ ဆေးဘူးတွေကို ကလေးငယ်တွေ အလွယ်တကူမဖွင့်နိုင်အောင် ရည်ရွယ်ထားတာပါရှင်။
အိမ်မှာ မိဘ တွေ ဝယ်သောက်နေတဲ့ ဆေးတွေကို ကလေးငယ်လေးတွေ က လူကြီးမရှိတဲ့အချိန် ဆော့ကစားရင်း ၊ စူးစမ်းစပ်စုရင်း စားမိ သောက်မိဖြစ်တဲ့အခါ အဆိပ်သင့်ကာဖြစ်စေ ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာဖြစ်စေ အန္တရာယ်ဖြစ် သေဆုံးခဲ့ရတဲ့ ဥပမာတွေများစွာ ရှိပါတယ်။
✅ ဒါကြောင့် ဒီအဖုံး ဖွင့်ပိတ်စနစ် ကို Canada နိုင်ငံ က Dr. Henri Breault ကစတင်တီထွင်ခဲ့ပါတယ်။
✅ FAME ရဲ့ ဆေးဘူးအဖုံးတွေမှာ "𝘗𝘶𝘴𝘩 𝘋𝘰𝘸𝘯 𝘢𝘯𝘥 𝘛𝘶𝘳𝘯 𝘛𝘰 𝘖𝘱𝘦𝘯" ဆိုတဲ့ စာသားပါပါတယ်။
✅ ဒါကြောင့် ဆေးဘူးကို ဖွင့်မယ်၊ ပိတ်မယ်ဆိုရင် စာသားအတိုင်း အဖုံးကို ဖိပြီး လှည့်ဖွင့်/ ပိတ်ပေးပါရှင်။
✅ ပုံမှန်အနေအထားမှာဆိုရင် အဖုံးက လည်နေပေမယ့်
⛔️ လေလုံ ⛔️ ရေငွေ့လုံပြီး ⛔️ ပြင်ပမှ ပိုးမွှားများ ဝင်ရောက်တာကိုလည်း အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။
FAME ဆေးဝါးလုပ်ငန်းအနေနဲ့ ဆေးဝါးအရည်အသွေး ကောင်းရုံသာမက စားသုံးသူမိသားစုတွေ မတော်တဆ ဘေးအန္တရာယ် ကင်းရှင်းအောင်ပါ ရည်ရွယ်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးထားပါတယ်။
ဒါကြောင့် FAME ဆေးဘူးတွေကို ဖွင့်/ပိတ်တိုင်း ဖိပြီး လှည့်ပါ။
👉 𝗣𝘂𝘀𝗵 𝗗𝗼𝘄𝗻 𝗮𝗻𝗱 𝗧𝘂𝗿𝗻 👈