Kính Lão Japan

Kính Lão Japan Online Medical Store

17/02/2024

🌟🎈Kỷ niệm sinh nhật lần thứ 28 𝑲𝒊́𝒏𝒉 𝒍𝒂̃𝒐 Japan gửi tới quý cô chú chương trình tri ân khách hàng
Giảm 35% cho 100 cô chú nhắn tin để lại SĐT sớm nhất
- Miễn Phí giao hàng toàn quốc
- 𝑲𝒊́𝒏𝒉 𝒍𝒂̃𝒐 đủ độ : 0.5 đến 4 độ
- Bảo hành 12 tháng - Tư vấn hỗ trợ 24/07
Hotline CSKH : 092.195.8333

Niềm vui khi cung cấp sản phẩm tốt tới tay khách hàng, là những lời cảm ơn, hơn cả tiền bạc
11/01/2023

Niềm vui khi cung cấp sản phẩm tốt tới tay khách hàng, là những lời cảm ơn, hơn cả tiền bạc

28/12/2022

🎈➿Chào Xuân Quý Mão 𝗠𝗨𝗔 𝟭 𝗧𝗔̣̆𝗡𝗚 𝟭 MIỄN PHÍ SHIP TOÀN QUỐC
𝗠𝗨𝗔 1 𝑲𝒊́𝒏𝒉 tặng kèm 1 𝑲𝒊́𝒏𝒉 với giá 199.𝟬𝟬𝟬đ cho 2 sản phẩm cùng 2 𝒃𝒂𝒐 𝒅𝒂 và 2 khăn lau cao cấp
Nhỏ gọn - Tiện Lợi - 𝑲𝒊́𝒏𝒉 𝒍𝒂̃𝒐 : 1.0 , 1.5 - 2.0 , 2.5 - 3.0, 3.5 - 4.0
Nhận hàng - Kiểm tra đeo thử trước khi thanh toán
Bảo hành 12 tháng.-Tư vấn hỗ trợ 24/7
Hotline: 092.195.8333

နဂါးမောက်သီးရာသီပေါ်ချိန်မို့ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်းပြန်မျှဝေလိုက်ပါတယ်နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပ...
13/07/2022

နဂါးမောက်သီးရာသီပေါ်ချိန်မို့
ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း
ပြန်မျှဝေလိုက်ပါတယ်

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့ အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

– ကယ်လိုရီ (၆၀)

– ပရိုတိန်း (၁.၂ ဂရမ်)

– ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်)

– အမျှင်ဓာတ် (၃ ဂရမ်)

– ဗီတာမင် C (တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း)

– သံဓာတ် (တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း)

– မဂ္ဂနီဆီယမ် (တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း)

နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှု များပြားပြီး ကယ်လိုရီပါဝင်မှု အတော်လေး နည်းပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။ နာတာရှည်ရောဂါများနဲ့ အိုမင်းခြင်းကို ပိုမိုတွန်းအားပေးတဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာ တွေ့ရှိရတဲ့ အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• ဘီတာလိန်း (Betalains)။ နဂါးမောက်သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောမြင့်မားမယ့် အခြေအနေကနေ ကာကွယ်ပေးပါတယ်။

• ဟိုက်ဒရိုဆီစင်နမိတ် (Hydroxycinnamates)။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

• ဖလေဗာနွိုက် (Flavonoids)။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ကျန်းမာရေး အကျိုးပြုပုံ

နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းလှပစေမယ့် ကော်လဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

သုတေသနတစ်ခုအရ ကိုယ်အလေးချိန် လျှော့ချရာမှာ၊ အသည်းမှာရှိတဲ့ အဆီဓာတ်တွေကို လျှော့ချရာမှာ အထောက်အကူပြုပါတယ်။ အင်လူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုများကို ကျစေပါတယ်။ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် သွေးတိုးရောဂါနဲ့ အခြားနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။

နဂါးမောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားသန်စွမ်းဖို့ အားပေးပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်ခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

နဂါးမောက်သီးဟာ နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံး သွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ် အူလမ်းကြောင်းပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။

လေးစားစွာဖြင့်မူရင်း Credit to Hellosayarwon

သင်သိပါသလား။ သင့်ခန္ဓါကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ...
23/06/2022

သင်သိပါသလား။ သင့်ခန္ဓါကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက်ကြီးက ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းအစွန်အဖျားတိုင်းအထိသွေးပို့လွှတ်လည်ပတ်နေတာမို့သွေးလည်ပတ်မှုမကောင်းရင်သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓါကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာသိသာတာဖြစ်ဖြစ်၊မသိသာတာဖြစ်ဖြစ်သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။

သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ

ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲဖြစ်ပါတယ်။သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။

ခြေဖျားလက်ဖျားအေးတာ

ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ်ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့်ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။

ဖောရောင်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓါကိုယ်အနှံ့ကိုသွေးအလုံအလောက်လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓါကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကိုဘေးတဝိုက်ကတစ်ရှူးတွေဆီရောက်ရှိစေပါတယ်။

ဖောရောင်ခြင်းလက္ခဏာတွေက –

လေးလံပြီးရောင်ရမ်းတာ၊
အရေပြားတင်းပြီး ပူနေတာ၊
အဆစ်အမြစ်တောင့်တင်းတာ၊
နာကျင်တာ တို့ပါဝင်ပါတယ်။
တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိတတ်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ

သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –

ဦးနှောက်ကိုသွေးအရောက်နည်းတာ၊
ခန္ဓါကိုယ်အနှံ့ကို ပို့ထုတ်ပေးလိုက်တဲ့သွေးပမာဏမလုံလောက်တာ၊
သွေးဖိအားအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ပါဝင်ပါတယ်။
အစာခြေစနစ်ပြဿနာရှိလာတာ

အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေပြဿနာတွေက –

ဗိုက်အောင့်တာ၊
ဝမ်းပျက်ဝမ်းလျှောတာ၊
ဝမ်းမှာသွေးပါတာ၊ ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။
မောပန်းနုံးချိနေတာ

သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီးမောပန်းအားကုန်ရပါတယ်။

အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ

ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ်ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။

အသားအရောင်ပြောင်းလဲတာ

ခန္ဓါကိုယ်တစ်ရှူးတွေဆီကိုသွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ်ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေသွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –

နှာခေါင်း၊
နှုတ်ခမ်း၊
နားရွက်၊
ရင်သားထိပ်၊
လက်ဖျား၊
ခြေဖျား တို့ဖြစ်ပါတယ်။
ခြေထောက်အနာလေးတွေဖြစ်တာ

ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

သွေးကြောထုံးတာ

သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကိုသွေးပြန်ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –

ခြေထောက်မှာလေးလံနေတာ၊
ခြေထောက်မှာ နာကျင်တာ၊
ယားယံတာ၊
ရောင်ရမ်းတာ၊
အရေပြားမှာသွေးကြောထုံးတဲ့အရာလေးတွေမြင်နေရတာ စတာတွေပါဝင်ပါတယ်။
ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစားမလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေလုပ်ပေးသင့်ပါတယ်။

ဒါမှမဟုတ် သွေးလည်ပတ်မှုစနစ်ကိုထောက်ပံ့ပေးတဲ့ #ဟာနုမာန်တိုင်းရင်းဆေးကပ်ခွါကပ် ပေးလို့ရပါတယ်။

Hello Health Group မှကူးယူတင်ဆက်ပါသည်။

အားလုံးမင်္ဂလာပါရှင် 🤍ဒီနေ့မေက ခြေလက်ထုံကျဉ်ခြင်းကိုဖြစ်စေနိူင်သည့်အကြောင်းအရင်းလေးတွေကိုဝေမျှပေးမှာပဲဖြစ်ပါတယ်။မေတို့တေ...
21/06/2022

အားလုံးမင်္ဂလာပါရှင် 🤍

ဒီနေ့မေက ခြေလက်ထုံကျဉ်ခြင်းကို
ဖြစ်စေနိူင်သည့်အကြောင်းအရင်းလေးတွေကိုဝေမျှပေးမှာပဲဖြစ်ပါတယ်။

မေတို့တော်တော်များများခြေလက်ထုံကျဉ်တဲ့ခံစားမှုက်ုခံစားဖူးကြမှာပါ။ ဥပမာ တစ်ခါတစ်လေအိပ်ရင်း ဖိအိပ်မိတာ၊ အချိန်အကြာကြီးခြေချိတ်ထိုင်တဲ့အခါမျိုးမှာ ဖိထိုင်တာကြာတဲ့အခါမျိုးမှာ ခြေလက်ထုံကျင်တတ်ပါတယ်။ ဒီအခြေအနေကတော့ မေတို့အာရုံကြောလေးတွေကိုဖိမိတာကြောင့် ထုံတာကျဉ်တာကိုခဏတာခံစားရတာပါ။
အဲ့အခြေမှာ ပြန်ပြီးအနေအထားပြင်လိုက်တာနဲ့ တစ်ခဏအတွင်းအလိုလိုပြန်သက်သာစေပါတယ် ။ အဲ့လိုမဟုတ်ပဲတစ်ချို့ကခြေလက်ထုံကျဉ်တာကပြသနာပိုဆိုးရွားတတ်ပါတယ် ။ ထုံကျဉ်တဲ့လက္ခဏာအကြာကြီးခံစားရတာ အပြင် နာကျင်တာ ၊ယားယံတာ ၊ကြွက်သားတွေအားနည်းတာ စတဲ့လက္ခဏာတွေပါတွဲခံစားနေရပြီဆိုရင် တော့ အာရုံကြောလေးတွေပျက်စီးတာကြောင့်ဖြစ်တဲ့ထုံကျဉ်ခြင်းဖြစ်နိူင်ပါတယ်။

ခြေလက် ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့
အကြောင်းအရင်းလေးတွေကတော့

၁။ ဆီးချိုရောဂါ -ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကိုဖြစ်စေနိူင်တဲ့ အကြောင်းအရင်းအများဆုံးဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက်ထုံကျဉ်တာတွေကိုမကြာခဏခံစားနေရပြီဆိုရင်တော့ ပထမဆုံးဆီးချိုရောဂါစစ်ဆေးကြည့်ဖို့မေကအကြံပေးပါရစေရှင်။

၂။ ကိုယ်ဝန်ရှိခြင်း - ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။

၃။ ဗီတာမင်လုံလောက်စွာမရရှိခြင်း - မေတို့ခန္ဓာကိုယ်ဟာ ဗီတာမင် B နဲ့ ဗီတာမင် E ကို လုံလုံလောက်လောက် မရတဲ့အခါမျိုးမှာ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေမှာ ဗီတာမင် B နဲ့ E ကြွယ်ဝလို့ နေ့စဉ်စားသုံးသင့်ပါတယ်။

၄။ အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။

အချို့သော ကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။

၅။အရက် အလွန်အကျွံသောက်သုံးခြင်း။

အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။

၆။ Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)

အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့ carpal tunnel syndrome လို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။

၇။ အခြားရောဂါများ။

HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။

#ကျန်းမာပျော်ရွှင်သောဘဝများပိုင်ဆိုင်ကြပါစေရှင့်

Hanuman New Package Promotion လေးတွေပါရှင့်🤍ညောင်းညာကိုက်ခဲတတ်တဲ့ ဖေဖေမေမေတို့အတွက်အသုံးဝင်တဲ့တိုင်းရင်းဆေးလေးဝယ်ပေးလို့...
06/06/2022

Hanuman New Package

Promotion လေးတွေပါရှင့်🤍

ညောင်းညာကိုက်ခဲတတ်တဲ့

ဖေဖေမေမေတို့အတွက်အသုံးဝင်တဲ့

တိုင်းရင်းဆေးလေးဝယ်ပေးလို့ရတယ်နော်

ကျန်းမာခြင်းသည်လာဘ်တစ်ပါးတဲ့

#ဝေဒနာတွေကိုဘေးထွက်ဆိုးကျိုးကင်းစွာသက်သာစေဖို့ဟာနုမာန်သဘာဝတိုင်းရင်းဆေးရှိတယ်နော်

Address

Tachilek

Alerts

Be the first to know and let us send you an email when Kính Lão Japan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram