Royal Tachileik Hospital-တော်ဝင်တာချီလိတ် အထူးကုဆေးရုံ

  • Home
  • Myanmar
  • Tachileik
  • Royal Tachileik Hospital-တော်ဝင်တာချီလိတ် အထူးကုဆေးရုံ

Royal Tachileik Hospital-တော်ဝင်တာချီလိတ် အထူးကုဆေးရုံ တာချီလိတ်

ရှိုက်ဖွာလိုက်တာနဲ့ ဆေးလိပ်မီးခိုးတွေနဲ့အတူ ဆေးသားတွေလောင်ကျွမ်းပြီး တိုသွားတဲ့ ဆေးလိပ်တွေနဲ့အပြိုင် ကိုယ့်ရဲ့ ကျန်းမာရေ...
21/01/2026

ရှိုက်ဖွာလိုက်တာနဲ့ ဆေးလိပ်မီးခိုးတွေနဲ့အတူ ဆေးသားတွေလောင်ကျွမ်းပြီး တိုသွားတဲ့ ဆေးလိပ်တွေနဲ့အပြိုင် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကလည်း တစတစ လျော့နည်းလို့နေပါတယ် ‼️

ဆေးလိပ်သောက်ခြင်းဟာ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ကာယကံရှင်အပြင် အတူရှိနေတဲ့ မိသားစု ၊ ဘေးပတ်ဝန်းကျင်ကိုပါ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အလေ့အကျင့်ဆိုးတစ်ခုပါပဲ 🚬

ဆေးလိပ်မီးခိုးငွေ့ထဲမှာ ဓာတုပစ္စည်း (၇,၀၀၀) ကျော် ပါဝင်ပြီး အဲ့ဒီထဲက အနည်းဆုံး ၆၉ မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့ဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး လေပြွန်နံရံများ ပျက်စီးခြင်း၊ လေအိတ်များ ပျက်စီးခြင်းနှင့်အတူ အဆုတ်ဆဲလ်များရဲ့ မျိုးဗီဇဓာတ်ကို ထိခိုက်ပျက်စီးစေပြီး ပုံမှန်မဟုတ်သော ဆဲလ်များ ကြီးထွားမှုကိုဖြစ်စေကာ အဆုတ်ကင်ဆာကို ဖြစ်ပေါ်စေပါတယ် ⚠️

အဆုတ်ကင်ဆာဖြစ်ပွားမှုရဲ့ ၉၀% နီးပါးဟာ ဆေးလိပ်သောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်သောက်တဲ့ ဆေးလိပ်ပမာဏနှင့် အချိန်ကာလ များပြားကြာမြင့်လေလေ ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားလေလေပါပဲ။ ဆေးလိပ်ပုံမှန်သောက်နေပြီဆိုတာနဲ့ အမောမခံနိုင်ခြင်း၊ သက်လုံလျော့ကျခြင်းတို့စတင်ခံစားရမယ့်အပြင် ကြောက်စရာအကောင်းဆုံး ကင်ဆာရောဂါများနဲ့အတူ
💢လေပြွန်ကျဉ်းရောဂါ
💢နှလုံးသွေးကြောကျဉ်းရောဂါ
💢အဆုတ်ပွရောဂါ
💢ပန်းနာရင်ကျပ်ရောဂါ
💢အဆုတ်ရောင်ခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ပိုမိုဖြစ်ပွားနိုင်တာဟာ ဆေးလိပ်ရဲ့ ပြင်းထန်တဲ့ဆိုးကျိုးတွေပါပဲ။

ဒါကြောင့်.. ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်စွဲနေတာဟာ ဖြတ်ရခက်တယ်ဆိုပေမယ့် တကယ်လုပ်မယ်ဆို တကယ်ဖြတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုပါပဲ။ အထိရောက်ဆုံးပထမဆုံးခြေလှမ်းကတော့ ကိုယ့်ရဲ့ အဆုတ်ကျန်းမာရေးကို အမြန်ဆုံး စမ်းသပ်စစ်ဆေးခြင်းပါပဲ။ အဆုတ်ရဲ့အခြေအနေကို မျက်မြင်သိရှိရခြင်းဟာ ဆေးလိပ်ဖြတ်ခြင်းအတွက်များစွာအထောက်အကူဖြစ်စေပါတယ် ✅

ဆေးလိပ်ဖြတ်ပြီး (၂)ပတ်အကြာမှာပဲ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေ ပြန်လည်ကောင်းမွန်လာမှာဖြစ်သလို နေ့စဉ်နေထိုင်လှုတ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေတွေ သိသိသာသာကောင်းမွန်လာပါလိမ့်မယ်။
နှစ်ကြာလာတာနဲ့အမျှ ဆေးလိပ်ဒဏ် ခံထားရတဲ့ အ‌‌ဆုတ်ဟာ ဆေးလိပ်မသောက်သူများနီးပါး ကျန်းမာသန့်စင်သွားပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေဟာလည်း လုံးဝကို လျော့ကျသွားမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်မှာ စောစီးစွာ ဆေးလိပ်ဖြတ်နိုင်လေ၊ အဆုတ် ပြန်လည်နာလန်ထူဖို့ အခွင့်အရေး ပိုကောင်းလေပါပဲ 💯

ဆေးလိပ်ဖြတ်ဖို့အတွက် အ‌ဆုတ်ကျန်းမာရေး စမ်းသပခ စစ်ဆေးမှုများနှင့်အတူ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တိုင်ပင်ဆွေးနွေးမှုများရယူဖို့ တော်ဝင်တာချီလိတ်အထူးကုဆေးရုံကြီးကို လှမ်းလာခဲ့ဖို့ အကြံပြုရင်း ဆေးလိပ်ကို ရအောင်ဖြတ်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရယူလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ 🚭⚕️

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

အသည်းကို ဂရုစိုက်ဖို့ Liver Checkup စောလျင်စွာလုပ်ပါ.. အရက်ကို ဖြတ်ပါ‼️ဟုတ်ပါတယ်.. အရက်သောက်ခြင်းဟာ အသည်းကျန်းမာရေးကို ထ...
19/01/2026

အသည်းကို ဂရုစိုက်ဖို့ Liver Checkup စောလျင်စွာလုပ်ပါ.. အရက်ကို ဖြတ်ပါ‼️

ဟုတ်ပါတယ်.. အရက်သောက်ခြင်းဟာ အသည်းကျန်းမာရေးကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် ပုံမှန်သောက်သုံးလေ့ရှိတဲ့ အရွယ်ရောက်သူတိုင်း အထူးသဖြင့် အသက်အရွယ်ကြီးသူတိုင်း အရက်ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

အသည်းအဆီဖုံးခြင်းဟာ အရက်ကြောင့်သာမက ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ ကြောင့်လည်း ဖြစ်ပွားနိုင်ပြီး အဓိကအားဖြင့် သကြားနှင့် အချိုဓာတ်များသော အစားအစာများ၊
အဆီများသော အစားအစာများ ၊ အသင့်စား အစားအစာ နှင့် ဆီကြော်များ အစားများခြင်းကြောင့်ဖြစ်တတ်ပါတယ်။
အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ ရှိသူများဟာ အသည်းအဆီဖုံးခြင်းဖြစ်နိုင်ခြေ ပိုများပါတယ်။

အသည်းအဆီဖုံးခြင်းဟာ အသည်းဆဲလ်များတွင် အဆီဓာတ်များ စုပုံလာခြင်းဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အသည်းရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအထိပါ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဆိုးလာချိန်မှာ ကြုံရမယ့် အသည်းအဆီဖုံးခြင်းရဲ့ လက္ခဏာတွေကတော့
💢ဗိုက်အောင့်ခြင်း ၊ ဗိုက်မအီမသာဖြစ်ခြင်း
💢မောပန်းနွမ်းနယ်ခြင်း
💢အားနည်းခြင်း
💢အစာစားချင်စိတ် နည်းပါးလာခြင်း
💢ကိုယ်အလေးချိန် ကျဆင်းခြင်း
💢အသည်းကြီးလာခြင်းတို့ဖြစ်တတ်ပါတယ်။

အသည်းအဆီဖုံးရောဂါဟာ အစောပိုင်းအဆင့်မှာ လက္ခဏာ မပြတာကြောင့် ကိုယ်က အစားအသောက်မဆင်ခြင်သူ၊ အဝလွန်နေသူ၊ မကြာခဏအရက်သောက်ဖြစ်နေသူဆိုရင်တော့ အသည်းကျန်းမာရေးကို ကြိုတင်စစ်ဆေးပြီး ဂရုစိုက်ထားဖို့လိုအပ်ပါတယ်။

အသည်းဟာ ကိုယ်ခန္ဓာရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပြီး ပြန်လည်ကောင်းမွန်နိုင်စွမ်းမြင့်မားပါတယ်။ အသည်းရောဂါတွေဟာ စောလျင်စွာ သိရှိခဲ့မယ်ဆိုရင် အသည်းအဆီဖုံးခြင်း အဆင့်မှာပဲ ရောဂါကို ထိန်းချုပ်နိုင်ပြီး လုံးဝပျောက်ကင်းတဲ့အထိပါ ကုသနိုင်ပါတယ်။

ဒါကြောင့် အရေးကြီးတဲ့ အသည်းကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်..
✅အသည်း စစ်ဆေးခြင်းကို လုပ်ဆောင်ပါ။
✅ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပါ။
✅ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
✅ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
✅ အရက်ဖြတ်ပါ။

တော်ဝင်တာချီလိတ်အထူးကုဆေးရုံကြီးမှာ အသည်းရောဂါများအတွက် နောက်ဆုံးပေါ် ခေတ်မီစက်သစ်ကြီးများဖြင့် အထူးစမ်းသပ်စစ်ဆေးပေးနေတဲ့ Special medical checkup ဝန်ဆောင်မှုကို ရယူပြီး လိုအပ်ပါက ကျွမ်းကျင်တဲ့ အသည်းအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြီး စောလျင်စွာ ကုသမှုခံယူသင့်ကြောင်း အကြံပြုလိုက်ပါရစေခင်ဗျာ 💜

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥


အိပ်စက်နေချိန်မှာ အသက်ရှုခြင်း ခဏရပ်သွားတတ်တာဟာ သတိပြုရမယ့်အခြေအနေတစ်ခုပါ ‼️Sleep Apnea လို့ ခေါ်တဲ့ အိပ်စက်စဉ် အသက်ရှူရ...
18/01/2026

အိပ်စက်နေချိန်မှာ အသက်ရှုခြင်း ခဏရပ်သွားတတ်တာဟာ သတိပြုရမယ့်အခြေအနေတစ်ခုပါ ‼️

Sleep Apnea လို့ ခေါ်တဲ့ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းဟာ အိပ်စက်မှုဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး အိပ်နေတုန်းမှာ ခဏတာ အသက်ရှူရပ်တန့်သွားခြင်း ၊ ပုံမှန်မဟုတ်ပဲ အသက်ရှူမှု တိမ်သွားခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ နာတာရှည်ကဲ့သို့ ပြင်းထန်ကျယ်လောင်စွာ ဟောက်ခြင်း (Chronic Snoring) ဟာလည်း ဒီရောဂါနှင့် ဆက်စပ်မှုရှိပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

အိပ်စက်စဉ်အသက်ရှူရပ်ခြင်းဟာ အဓိကအားဖြင့် အမျိုးအစား(၃)မျိုးရှိပါတယ်။

⚠️Obstructive Sleep Apnea (OSA)
လည်ချောင်းရှိ ကြွက်သားများ ပြေလျော့လာပြီး လေလမ်းကြောင်းကို ပိတ်ဆို့သွားသောအခါ ဖြစ်ပွားတတ်ပြီး အဖြစ်အများဆုံး အမျိုးအစားဖြစ်ကာ တာဆီးမှုကြောင့် အိပ်စက်စဉ်အသက်ရှုရပ်ခြင်းလို့ ဆိုနိုင်ပါတယ်။

⚠️Central Sleep Apnea (CSA):
အသက်ရှူခြင်းကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေကို ဦးနှောက်က သင့်လျော်တဲ့ အချက်ပြမှုများ ပို့လွှတ်ရန် ပျက်ကွက်တဲ့အခါမှာ ဖြစ်ပွားတတ်ပြီး ဗဟိုအာရုံကြောဆိုင်ရာ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းလို့ခေါ်ပါတယ်။

⚠️Complex or Mixed Sleep Apnea
အပေါ်က OSA နှင့် CSA နှစ်မျိုးလုံး ရောယှက်ဖြစ်ပွားနေတဲ့ အိပ်စက်စဉ်အသက်ရှုရပ်ခြင်းမျိုးပဲဖြစ်ပါတယ်။

အဓိက ရောဂါလက္ခဏာတွေအနေနဲ့
💢ကျယ်လောင်စွာ ဟောက်ခြင်း
💢နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်ခြင်း
💢ခတ္တအသက်ရှူရပ်သွားခြင်း
💢မနက်ပိုင်းတွင် အာခေါင်ခြောက်ခြင်း၊လည်ချောင်းနာခြင်း
💢အသက်ရှူတဲ့အခါ မောဟိုက်ခြင်း၊ သီးသလိုဖြစ်ခြင်း
💢မနက်ပိုင်းတွင် သိသိသာသာခေါင်းကိုက်ခြင်း
💢ညဘက် အိပ်နေစဉ် မကြာခဏ နိုးထခြင်း
💢အိပ်မပျော်ခြင်း
💢 အိပ်ရေးမဝသောကြောင့် နေ့ခင်းဘက်မှာ အလွန်အမင်း အိပ်ငိုက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ဒီရောဂါဟာ မကုသဘဲထားမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပြီး သွေးတိုး၊ လေဖြတ်ခြင်းစတဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ၊
ဆီးချိုရောဂါတိုးလာခြင်းများဖြစ်ပွားနိုင်ပါတယ်။ ရောဂါရှိသူတွေဟာ ခွဲစိတ်မှုဆိုင်ရာတစ်ခုခုလုပ်ဆောင်တဲ့အခါမှာလည်း မေ့ဆေးပေးစဉ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။ ဒါ့အပြင် နေ့ခင်းဘက်တွေမှာ အလွန်အမင်း အိပ်ငိုက်ခြင်းကြောင့် အလုပ်စွမ်းဆောင်ရည်လျော့ကျပြီး မတော်တဆမှုများ ဖြစ်ပွားနိုင်ခြေ မြင့်လာခြင်းကိုလည်းကြုံတွေ့ရနိုင်ပါတယ်။

အိပ်စက်စဉ် အသက်ရှုရပ်ခြင်းရောဂါသက်သာဖို့အတွက်
✅ ကိုယ်အလေးချိန် လျှော့ချထိန်းသိမ်းပါ
✅ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
✅ ကိုယ်လက်လှုတ်ရှားမှုပုံမှန်လုပ်ပါ
✅ အရက်ကို ရှောင်ကြဉ်ပါ
✅ အိပ်ဆေးကို အတတ်နိုင်ဆုံး မသောက်ပါနဲ့
✅ ဘေးတစောင်းလှဲအိပ်ပါ
လက်ရှိမှာတော့ CPAP (Continuous Positive Airway Pressure) အသက်ရှူစက်ကိရိယာ တပ်ဆင်အိပ်စက်ခြင်းဟာ အိပ်စက်စဉ် အသက်ရှုရပ်ခြင်းရောဂါအတွက် အထိရောက်ဆုံး ကုသမှုနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်ဖြစ်စေ မိသားစုထဲမှာဖြစ်စေ ဖော်ပြပါရောဂါလက္ခဏာများတွေ့ရှိရရင်တော့ တော်ဝင်တာချီလိတ်ကဲ့သို့စိတ်ချယုံကြည်ရတဲ့ ဆေးရုံဆေးခန်းများကိုပြသပြီး ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ကြောင်းအကြံပြုလိုက်ရပါတယ်ခင်ဗျာ ⚕️💤

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢Security Position- 3 posts☑️ ဆေးရုံတွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ လူနာများ လူနာရှင်များအား ယဉ်ကျေးပြူ...
17/01/2026

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢

Security Position- 3 posts

☑️ ဆေးရုံတွင်တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ လူနာများ လူနာရှင်များအား ယဉ်ကျေးပြူငှါစွာဝန်ဆောင်မှုပေးနိုင်ရပါမည်။

☑️ ဆေးရုံသို့လာရောက်သော လူနာများ၊ လူနာရှင်များ၊ ဧည့်သည်များ၏ ကားများဆိုင်ကယ်များ ဘေးကင်းအဆင်ပြေမှုအတွက်တာဝန်ယူဆောင်ရွက်နိုင်ရပါမည်။

☑️ နေ့ ဂျူတီ၊ ညဂျုတီများအားတစ်လှည့်စီ တာဝန်ထမ်းဆောင်နိုင်ရပါမည်။ လုပ်ငန်းလိုအပ်ချက်များအရ လိုအပ်လာပါကလည်း အချိန်ပိုများဆင်းနိုင်ရပါမည်။

☑️ လုံခြုံရေးကိစ္စနှင့်ပတ်သက်စပ်လျဉ်း၍ ဆေးရုံ မှ ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများအား စနစ်တကျသေချာစွာလိုက်နာဆောင်ရွက်နိုင်ရပါမည်။

☑️ တာဝန်များအားကောင်းမွန်စွာထမ်းဆောင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ရပါမည်။

☑️ မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အမြဲဂရုစိုက်နိုင်သူဖြစ်ရပါမည်။

☑️ အလုပ်တာဝန်အချိန်အတွင်း ကွမ်းယာ၊အရက်၊ ဆေးလိပ်များအားမသောက်သုံးသူဖြစ်ရပါမည်။

💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ တော်ဝင်တာချီလိတ်အထူးကုဆေးရုံတွင် လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Email တိုက်ရိုက်ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

1. CV Form
2. Passport size ဓာတ်ပုံ (1)
3. မှတ်ပုံတင်မိတ္တူ
4. အိမ်ထောင်စုစာရင်းမိတ္တူ

📩𝗘𝗺𝗮𝗶𝗹 𝗮𝗱𝗱𝗿𝗲𝘀𝘀: royaltachileikhospital@gmail.com

☎️ ☎️
09 450 322 999 / 09 750 322 999 / 09 956 963 866

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်


ဆောင်းရာသီရဲ့ အအေးဓာတ်ကို ကျန်းမာစွာနဲ့ခံစားနိုင်ဖို့ ရာသီတုပ်ကွေးနှင့် အအေးမိခြင်းတွေကို သတိပြုကာကွယ်ထားကြပါစို့နော် ❄️...
16/01/2026

ဆောင်းရာသီရဲ့ အအေးဓာတ်ကို ကျန်းမာစွာနဲ့ခံစားနိုင်ဖို့ ရာသီတုပ်ကွေးနှင့် အအေးမိခြင်းတွေကို သတိပြုကာကွယ်ထားကြပါစို့နော် ❄️

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးရောဂါတွေဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် အဓိကဖြစ်ပွားရပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကနေ စတင်လေ့ရှိပါတယ်။
ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ၊ နှာရည်ယိုခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ နုံးချိနွမ်းနယ်ခြင်းတွေ အဖြစ်များကြပြီး ရောဂါလက္ခဏာတွေကလည်း ခပ်ဆင်ဆင်တူတဲ့အပြင် ဆက်စပ်ပြီးတော့လည်းဖြစ်ပွားတတ်ပါတယ်။

ရာသီတုပ်ကွေးအတွက် တုပ်ကွေး ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပြီး အအေးမိခြင်းကတော့ ကာကွယ်ဆေးမရှိတာကြောင့် ကိုယ်ခံအားကို မြင့်မားအောင်နေထိုင်စားသောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

✅ကာကွယ်ဆေးထိုးခြင်း
တုပ်ကွေးရောဂါကို ကာကွယ်ရန်နှင့် ရောဂါဖြစ်ပွားပါက ပြင်းထန်မှုကို လျှော့ချရန်အတွက် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားရပါမယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များနှင့် နာတာရှည်ရောဂါရှိသူများ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။

✅ လက်သန့်ရှင်းရေး
ရောဂါပိုးမွှားများဟာ လက်ကနေတစ်ဆင့် အဓိကကူးစက်တတ်တာကြောင့် လက်ကို ရေ၊ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။
အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည်များကိုအသုံးပြုပါ။ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မဆေးကြောရသေးသော လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

✅အာဟာရမျှတစွာစားသောက်ခြင်း
ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့အတွက် ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝသော အသား၊ငါး၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အစေ့အဆံများကို စားသုံးပါ။ရေများများသောက်ပြီး သစ်သီးဖျော်ရည်နှင့် ဟင်းချိုများသောက်သုံးခြင်းဖြင့် ရေဓာတ်ကို ထိန်းသိမ်းပါ။

✅ လုံလောက်စွာ အိပ်စက်အနားယူခြင်း
လုံလောက်စွာ အိပ်စက်ခြင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါများနှင့် ဇီဝဖြစ်စဥ်များရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုပေးနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းဖြစ်တာကြောင့် တစ်ညကို ၇ နာရီမှ ၉ နာရီအထိ အနားယူအိပ်စက်ပါ။

မိသားစုဝင်များ၊ အတူနေထိုင်သူများမှာ နေထိုင်မကောင်းဖြစ်ခဲ့တယ်ဆိုရင်တော့ အတူစားသောက်ခြင်း၊ နီးကပ်စွာနေထိုင်ခြင်းကိုရှောင်ကြဉ်ပါ။ နှာစေး‌၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပုဝါ၊ တံတောင်ကွေးဖြင့်ကာပြီး Mask တပ်ဆင်ပါ။ လိုအပ်တဲ့ကုသမှုခံယူနိုင်ဖို့အတွက် တော်ဝင်တာချီလိတ်ကဲ့သို့ ‌စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာပြသပြီး ဓာတ်မှန်ရိုက်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းတွေကိုပါခံယူပြီး ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော် ⚕️

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

နှစ်တစ်နှစ်ရဲ့အစကို ရောက်လာပြီဆိုတော့ ပြီးခဲ့တဲ့တစ်နှစ်တာလုံးမှာ ကိုယ့်ရဲ့လုပ်ဆောင်မှု ၊ အောင်မြင်မှုတွေကို ပြန်လည်တိုင်...
14/01/2026

နှစ်တစ်နှစ်ရဲ့အစကို ရောက်လာပြီဆိုတော့ ပြီးခဲ့တဲ့တစ်နှစ်တာလုံးမှာ ကိုယ့်ရဲ့လုပ်ဆောင်မှု ၊ အောင်မြင်မှုတွေကို ပြန်လည်တိုင်းဆကြည့်ကြတဲ့အခါ ကိုယ့်ရဲ့တစ်နှစ်တာ ကျန်းမာရေးအခြေအနေကိုပါ မမေ့မလျော့ သုံးသပ်ကြည့်သင့်ပါတယ်နော် ✅

မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းဟာ ဖြစ်ပြီးမှ ကုသခြင်းထက် အမြဲတမ်း သာလွန်ကောင်းမွန်ခြင်းတွေပေးနိုင်တာအားလုံးအသိပါပဲ။ ပြီးခဲ့တဲ့တစ်နှစ်တာလုံးရဲ့ဝန်ကို ထမ်းလာခဲ့တဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ကျန်းမာရေးအခြေအနေကို သိရှိဖို့ပဲဖြစ်ဖြစ်၊ ယခုနှစ်သစ်ကို အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့အတွက် ကျန်းမာရေးကို ကြိုတင်ဂရုစိုက်ဖို့ပဲဖြစ်ဖြစ်.. ဒီအချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်ဆောင်ထားခြင်းဟာ ဘဝအတွက်အကောင်းဆုံး အထောက်အကူဖြစ်စေမှာပါ 💯

အရွယ်သုံးပါးမရွေး ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာပါ အနှောက်အယှက်ပေးနိုင်တာကတော့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေပဲဖြစ်ပါတယ်။ ဒီရောဂါတွေဟာ ကိုယ့်ရဲ့ နှစ်သစ်ကို နေထိုင်မကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တာကြောင့် ပေါ့ဆမှုမရှိပဲ ကြိုတင်စစ်ဆေးထားခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ နှစ်တစ်နှစ်ကိုဖြတ်သန်းဖို့ အခိုင်မာဆုံးလှေကားထစ်တွေဖြစ်စေမှာပါ 📈

တော်ဝင်တာချီလိတ်အထူးကုဆေးရုံကြီးမှာတော့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အထူးစစ်ဆေးခြင်း Special Package ကို သင့်တင့်မျှတတဲ့နှုန်းထားတွေနဲ့ ဝန်ဆောင်ပေးနေတာကြောင့် နှစ်ဟောင်းကို အကောင်းဆုံးနှုတ်ဆက်ပြီး နှစ်သစ်ကို ကျန်းမာရွှင်လန်းစွာ ရှေ့ဆက်နိုင်ဖို့ တော်ဝင်တာချီလိတ်မှာ သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါတွေကို ကြိုတင်းစစ်ဆေးကာကွယ်ထားကြပါစို့ခင်ဗျာ ⚕️🌟

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥


💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢Medical Officer- 3 PostsStaff Nurse/ Ward Nurse / Mid-wife - 5 posts💫အလုပ်လျှောက်ထားလိုသူများသည် အ...
05/01/2026

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢

Medical Officer- 3 Posts
Staff Nurse/ Ward Nurse / Mid-wife - 5 posts

💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ တော်ဝင်တာချီလိတ်အထူးကုဆေးရုံတွင် လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Email တိုက်ရိုက်ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

1. CV Form
2. Passport size ဓာတ်ပုံ (1)
3. မှတ်ပုံတင်မိတ္တူ
4. အိမ်ထောင်စုစာရင်းမိတ္တူ
5. ဘွဲ့လက်မှတ်မိတ္တူ
6. အခြားပညာအရည်အချင်းနှင့်ပတ်သက်သည့်အောင်လက်မှတ်မိတ္တူ

📩𝗘𝗺𝗮𝗶𝗹 𝗮𝗱𝗱𝗿𝗲𝘀𝘀: royaltachileikhospital@gmail.com

အသေးစိပ် JD, JS များကို comment တွင်ဖော်ပြထားပါသည်။


#

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢“Cashier & Receptionist Position” 💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ...
05/01/2026

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢

“Cashier & Receptionist Position”

💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ တော်ဝင်တာချီလိတ်အထူးကုဆေးရုံတွင် လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Email တိုက်ရိုက်ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

1. CV Form
2. Passport size ဓာတ်ပုံ (1)
3. မှတ်ပုံတင်မိတ္တူ
4. အိမ်ထောင်စုစာရင်းမိတ္တူ
5. ဘွဲ့လက်မှတ်မိတ္တူ
6. အခြားပညာအရည်အချင်းနှင့်ပတ်သက်သည့်အောင်လက်မှတ်မိတ္တူ

📩𝗘𝗺𝗮𝗶𝗹 𝗮𝗱𝗱𝗿𝗲𝘀𝘀: royaltachileikhospital@gmail.com

အသေးစိပ် JD, JS များကို comment တွင်ဖော်ပြထားပါသည်။


၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်ပထမဆုံးရက်မှ အစပြု၍ မိဘပြည်သူအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာပြီး ပျော်ရွှင်ပြည့်စုံတဲ့ နှစ်တစ်နှစ်က...
01/01/2026

၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်ပထမဆုံးရက်မှ အစပြု၍ မိဘပြည်သူအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာပြီး ပျော်ရွှင်ပြည့်စုံတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တော်ဝင်တာချီလိတ်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙏

နှစ်သစ်မှာလည်း တော်ဝင်တာချီလိတ်အထူးကုဆေးရုံကြီးအနေနဲ့ မိဘပြည်သူများ ယုံကြည်အားထားရတဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားသွားမယ်ဆိုတာကို ကတိပြုလိုက်ပါတယ် ⚕️

မိဘပြည်သူများကလည်း နှစ်သစ်အတွက် အကောင်းဆုံးရည်ရွယ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ကျန်းမာရေးကို ဂရုစိုက်ကာ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေကို ရယူကြဖို့တိုက်တွန်းရင်း နှစ်သစ်အတွက် ကိုယ့်ရဲ့ ရည်ရွယ်ချက်တစ်ခုခုဖြစ်စေ ဆုတောင်းစကားလေးဖြစ်စေ Comment မှာ ပြန်လည်မျှဝေပေးကြဖို့ တောင်းဆိုလိုက်ပါရစေခင်ဗျာ။

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

#2026

25/12/2025

ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ လုံခြုံနွေးထွေးခြင်းများနဲ့ပြည့်စုံပြီး မိသားစုတိုင်းက်ု ကောင်းခြင်းမင်္ဂလာတွေရောက်ရှိမယ့် ခရစ္စမတ်အချိန်အခါလေးဖြစ်ပါစေလို့ တော်ဝင်တာချီလိတ်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 🙏

Merry Christmas🎄❄️

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

အရေးပေါ်အခြေအနေကြုံတိုင်း တော်ဝင်တာချီလိတ်ကို သတိရပါ 🚨တော်ဝင်တာချီလိတ်ဆေးရုံရဲ့ အရေးပေါ်ကုသဆောင် Emergency department တွ...
06/12/2025

အရေးပေါ်အခြေအနေကြုံတိုင်း တော်ဝင်တာချီလိတ်ကို သတိရပါ 🚨

တော်ဝင်တာချီလိတ်ဆေးရုံရဲ့ အရေးပေါ်ကုသဆောင် Emergency department တွင် ရောဂါရှာဖွေစမ်းသပ်နိုင်တဲ့ ခေတ်မီတိကျသော စက်ပစ္စည်းများကို အသုံးပြု၍ ပညာနှင့်အတွေ့အကြုံရင့်ကျက်သော ဆရာဝန်များက ဦးဆောင်ပြီး 24/7 နေ့ညမရွေး ကုသမှုခံယူနိုင်ဖို့ ဖွင့်လှစ်ဝန်ဆောင်ပေးနေတဲ့အပြင် လိုအပ်တဲ့နေရာတွေကိုပါ လွှဲပြောင်းကုသမှုခံယူနိုင်ဖို့ကိုလည်း တစ်ပါတည်း ဝန်ဆောင်မှုပေးနေပါတယ်။

ဒါကြောင့် အရေးပေါ်ကိစ္စတစ်ခုခု ကြုံတွေ့လာခဲ့ရင် တုံ့ဆိုင်းမနေပဲ တော်ဝင်တာချီလိတ်ဆေးရုံရဲ့ အရေးပေါ်ဌာနဖုန်းနံပါတ်များကို ဆက်သွယ်အကြောင်းကြားပြီး အချိန်မီကုသစောင့်ရှောက်မှုခံယူကြဖို့ အကြံပြုလိုက်ပါရစေခင်ဗျာ ⚕️💯

Emergency Hotline: 09 450 322 999 / 09 750 322 999 / 09 956 963 866

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ Circumcision  ♂️✨Circumcision ဆိုတာဟာ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖျားကို ဖုံး...
03/12/2025

အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ Circumcision ♂️✨

Circumcision ဆိုတာဟာ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖျားကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားတဲ့ ကျန်းမာရေးလုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ လိင်တံထိပ်အရေပြားခွဲစိတ်ဖြတ်တောက်ခြင်းဟာ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ လုပ်ဆောင်ခြင်းများရှိကြပြီး အဓိကအားဖြင့်တော့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးရရှိခြင်းကြောင့် လုပ်ဆောင်ကြတဲ့အရာတစ်ခုပါပဲ။

လိင်တံထိပ်အရေပြားဖြတ်ခြင်းကို များသောအားဖြင့် ကလေးငယ်ဘဝ ၊ မွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အများဆုံး ပြုလုပ်တတ်ကြပြီး ဆယ်ကျော်သက် သို့မဟုတ် လူကြီးဘဝမှာလည်း ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ရှက်စရာကိစ္စရပ်တစ်ခုမဟုတ်ပဲ ကျန်းမာရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုဆိုတာကို မိသားစုတိုင်း သိရှိနားလည်ပြီး ကလေးနှင့်လူငယ်တွေကို လမ်းပြလုပ်ဆောင်ပေးသင့်ပါတယ်။

Circumcision ဟာ လိင်တံသန့်ရှင်းရေးနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။
အရေပြားဖြတ်ထားခြင်းကြောင့်
✨လိင်တံထိပ်ကို သန့်ရှင်းရေးလုပ်ရ ပိုမိုလွယ်ကူစေခြင်း
✨ဆီးလမ်းကြောင်းပိုးဝင်မှု (UTI) လျော့ကျစေခြင်း
✨HIV နှင့် လိင်တံကင်ဆာ၊ HPV ကူးစက်မှုများကို သိသိသာသာလျော့ကျစေခြင်း (WHO မှ အတည်ပြုထားသည်)
✨လိင်တံထိပ် ရောင်ရမ်းခြင်း ဖြစ်ပွားမှုနှုန်းကို လျော့ကျစေခြင်း
✨Phimosis နှင့် Paraphimosis ကဲ့သို့ လိင်တံကျန်းမာရေးပြဿနာများမဖြစ်ပွားစေတော့ခြင်း
✨ လိင်မှုရေးရာစွမ်းဆောင်ရည်အတွက်အထောက်အကူဖြစ်ခြင်း စတဲ့ အကျိုးရလဒ်ကောင်းတွေရရှိစေပါတယ်။

တော်ဝင်တာချီလိတ်အထူးကုဆေးရုံကြီးမှာ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများမှ ကာယကံရှင်၊ အုပ်ထိန်းသူ ၊ မိသားစုများနှင့် နွေးထွေးစွာဆွေးနွေးတိုင်ပင်ပြီး Circumcision ကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။ ခေတ်မီစက်ပစ္စည်းကိရိယာများအသုံးပြုကာ ကူးစက်မှုဘေးတစ်စုံတရာမဖြစ်ပေါ်အောင် ခွဲစိတ်ပေးနေတဲ့အပြင် ကာယကံရှင်အတွက် စိတ်ပူပန်စရာမရှိပဲ အပြည့်အဝလုံခြုံစိတ်ချနိုင်တဲ့ အခြေအနေကိုလည်း ဖန်တီးပေးထားတာကြောင့် Circumcision ကို ရှက်စရာလို့မထင်မှတ်ပဲ အမျိုးသားတွေရဲ့ အချက်အချာ ကျန်းမာရေးအတွက် လုပ်ဆောင်သင့်ကြောင်းတိုက်တွန်းလိုက်ပါရစေခင်ဗျာ ✅⚕️

ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥

Address

FV3P+PGC Tachileik
Tachileik
06271

Alerts

Be the first to know and let us send you an email when Royal Tachileik Hospital-တော်ဝင်တာချီလိတ် အထူးကုဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Tachileik Hospital-တော်ဝင်တာချီလိတ် အထူးကုဆေးရုံ:

Share

Category