လာဘံ တိုင်းရင်းဆေးကုခန်း

လာဘံ တိုင်းရင်းဆေးကုခန်း Create peaceful days

မျက်နှာတစ်ခြမ်းလေဖြန်းခြင်း ကုသပေးမှုများ
20/07/2025

မျက်နှာတစ်ခြမ်းလေဖြန်းခြင်း ကုသပေးမှုများ

မျက်နှာတစ်ခြမ်းလေဖြန်းခြင်း (facial palsy)လေးTreatment ပြီးဆုံး သက်သာသွားခဲ့ပြီ
23/04/2025

မျက်နှာတစ်ခြမ်းလေဖြန်းခြင်း (facial palsy)လေးTreatment ပြီးဆုံး သက်သာသွားခဲ့ပြီ

ဒီနေ့က မိုးအေးအေးလေးနဲ့ ခါးကြောညှပ်တဲ့ patient အကြောင်းပြောပြမယ်နော့် - ကျနော်ခါးကြောညှပ်နေတယ် အလုပ်မလုပ်နိုင်ဘူး  ၅မိနစ...
19/03/2025

ဒီနေ့က မိုးအေးအေးလေးနဲ့ ခါးကြောညှပ်တဲ့ patient အကြောင်းပြောပြမယ်နော့်
- ကျနော်ခါးကြောညှပ်နေတယ် အလုပ်မလုပ်နိုင်ဘူး ၅မိနစ်တောင် မထိုင်နိုင် ဘူး ထိုင်တာကြာလာရင် တင်ပါးက တုတ်နဲ့ထိုးထားသလိုနဲ့ ခြေထောက်ကိုက်တယ်။ ခြေသန်းတွေ က ထုံကျင် နေတယ်ဆိုတဲ့ complain နဲ့လာပါတယ်။ သူရဲ့History သေချာမေးပြီး စကုတယ်။ သူဖြစ်လာတာ ရှေ့ ၁ လထဲက ။ ထိုင်းဘက်မှာလဲ ကုသခဲ့ပြီး သောက်ဆေး ၁လစာသောက်နေပါတယ်တဲ့။ ဟုတ်ကဲ့ပါ ဆက်သောက်ပါ ဆိုပြီးပြောပြီး treatment ပေးခဲ့ပါတယ် ။ ဓာတ်မှန်လိုတဲ့အတွက် ဓာတ်မှန်ရိုက်‌ေတာ့ အဖြေက lumbar spondylosis (ခါးကျီးပေါင်း) လို့အဖြေထွက်တယ်။ ကို့ရဲ့အမြင်အရက‌‌ေတာ့ ခါးကျီးပေါင်း အပြင်ကို pelvic bone ဘယ်ညာမညီတာဘဲဆေးခန်းကို မှတ်မှတ်ရရ( ၃)ကြိမ် မြောက်လာပြတော့ ခြေထောက်လဲ မကိုက်မထုံတော့ဘူး တင်ပါးခွက်လဲ မနာတော့ကြောင်း ဝမ်းသာစရာ ပြောခဲ့ပါတယ်။ဆက်လက်အနားယူရင် လုံးဝသက်သာမှာမို့ ဆက်လာစရာမလိုကြောင်းနဲ့ ဆောင်ရန်ရှောင်ရန် လုပ်ရမဲ့လေ့ကျင့်ခန်းတွေ ပြောပြရင်း .......

ဆေးခန်းမှာ မကြာခဏ လာပြကြတဲ့ နာကျင်မှုပါလက္ခဏာတွေက လက်ပြင်ကြောငုပ်လို့ဆိုပြီးလာကြတယ်။ တခါက patient အမတစ်ယောက်က ဆေးခန်းလာပ...
16/03/2025

ဆေးခန်းမှာ မကြာခဏ လာပြကြတဲ့ နာကျင်မှုပါ
လက္ခဏာတွေက လက်ပြင်ကြောငုပ်လို့ဆိုပြီးလာကြတယ်။
တခါက patient အမတစ်ယောက်က ဆေးခန်းလာပြတယ်။ ဒီနေရာ က နာတယ်၊စူးအောင့်တယ်၊ပက်လက်အိပ်မရဘူး၊ ညဆို ယောက်ျားကို ဆေးလိမ်းခိုင်းတယ်၊နှိပ်ခိုင်းတယ်၊ရှိတဲ့ကလေး အကုန်တက်နင်းခိုင်းတယ်တဲ့။ သူက စဖြစ်တာက အင်္ကျီချွတ်ရင်းနဲ့ ဖြစ်သွားတာ။ လွယ်လွယ်ပြောရင် အကြောညှပ်တာပေါ့နော်။ အဲ့နေ့က စပြီး ကိုက်နေတာက အသက်တောင်မရှင်ခြင်းဘူးတဲ့ ။ ကိုက်တဲ့ဒဏ်က ခံရခက်လို့တဲ့။ သူက ရပ်ကွက်ထဲ က လူ‌တွေကိုပြောပြတော့ ဟိုလူက နှိပ်တတ်တယ်ဆိုပြီး လက်ပြင်ကြောငုပ်တယ်ဆိုပြီး ကြွက်သားကိုကုပ်ဆွဲလိုက် ဖိနှိပ်လိုက်စသဖြင့် မျိုးစုံပေါ့။ နောက်ဆုံး‌သူဈေးသွားရင်းမှ ဝင်ပြကြည့်အုံးမယ်ဆိုပြီး ဒီမှာ ဝင်ပြ တော့ မှ ကုသမှုကုထုံးခံယူမှ သက်သာသွားတယ် ။ ခု ဆေးခန်းရှေ့က ဖြတ်တိုင်းကို့ကို သက်သာသွားပြီဆိုပြီး ပြုံးပြုံးလေး ပြောသွားပါတယ်။
* ဖြစ်စေတဲ့အကြောင်းတရားတွေက များပါတယ် ။ တိကျတဲ့ကုသမှုမှ သက်သာပါမယ်။ ဖြစ်တဲ့လူတိုင်းအကြောင်းတရားမတူပါ ။ ကျန်းမာကြပါစေ.....

လာဘံ တိုင်းရင်းဆေးခန်း လေး မပိတ်ချင်ပေမဲ့ ခေတ္တ ပိတ် ထားပါတယ် ရှင့် .....
30/11/2024

လာဘံ တိုင်းရင်းဆေးခန်း လေး မပိတ်ချင်ပေမဲ့ ခေတ္တ ပိတ် ထားပါတယ် ရှင့် .....

CUPPING THERAPY (စုပ်ခွက်ကုထုံး) လေး နဲ့ ကုသပေးထားသော ဧည်သည်အချို့
16/11/2024

CUPPING THERAPY (စုပ်ခွက်ကုထုံး) လေး နဲ့ ကုသပေးထားသော ဧည်သည်အချို့

လာဘံ တိုင်းရင်းဆေးခန်းမှ ဆုတောင်းပေးလိုက်ပါတယ်
17/10/2024

လာဘံ တိုင်းရင်းဆေးခန်းမှ ဆုတောင်းပေးလိုက်ပါတယ်

တိုင်းရင်းဆေးခန်းက ဘာ‌တွေကုလို့ရလဲ ?ခါးကြောညှပ်၊ တင်ပါးခွက်ကြောညှပ် စသဖြင့် 👇
28/08/2024

တိုင်းရင်းဆေးခန်းက ဘာ‌တွေကုလို့ရလဲ ?
ခါးကြောညှပ်၊ တင်ပါးခွက်ကြောညှပ် စသဖြင့် 👇

Hand exercises ball လေး အကြောင်း -အားနည်းပြီး ဒဏ်ဖြစ်ဖူးတဲ့ လက်၊လက်ညှိုး (ကွေးဆန့်ခက်) ၊လက်ကောက်ဝတ် နဲ့ လက်မောင်း ကြွက်သ...
22/08/2024

Hand exercises ball လေး အကြောင်း
-အားနည်းပြီး ဒဏ်ဖြစ်ဖူးတဲ့ လက်၊လက်ညှိုး (ကွေးဆန့်ခက်) ၊လက်ကောက်ဝတ် နဲ့ လက်မောင်း ကြွက်သားတွေကို ပြန်လည်သန်စွမ်း စေတယ်
- လေဖြတ်ပြီး ပစ္စည်းကိုင်လွတ်ကျ ၊ အားနည်း ၊ ထုံ နေတာတွေကို ပြန်လည်သန်စွမ်းစေတယိ
-လက်ချောင်းတစ်ချောင်း ချင်းစီကို ပြန်သန်လာစေတယ်
-လက်ဆစ်တွေရောင်ပြီးကွေးဆန့်တင်းနေတဲ့အဆစ်ရောင် သမားတွေ အသုံးပြုသင့်တယ်
-Stressတအား များတဲ့ လူတွေအတွက် stress relief toolအနေနဲ့ အသုံးပြုနိုင်တယ်
ဒီ‌ေဘာ‌လုံးလေးက ပျော့အိအိလေး‌နဲ့မို့ အသက်ကြီးသူတွေ ဆောင်သင့်တယ် ။ ဆေးခန်းမှာ ရှိတယ်နော်

ညီမလေးရေ...လိပ်ခေါင်း/စအိုကွဲနာ/ဂရင်ဂျီနာ အတူတူပဲလား..အမကိုရှင်းပြလို့ရရင် ရှင်းပြပေးပါလားနော်...ဆရာမရေ...ကျွန်တော်/ကျွန...
20/08/2024

ညီမလေးရေ...လိပ်ခေါင်း/စအိုကွဲနာ/ဂရင်ဂျီနာ အတူတူပဲလား..အမကိုရှင်းပြလို့ရရင် ရှင်းပြပေးပါလားနော်...

ဆရာမရေ...ကျွန်တော်/ကျွန်မ အခုဖြစ်နေတာ လိပ်ခေါင်းလား ?
ခံစားနေရတာတွေပြောပြတဲ့အပြင်
ကန်တော့နော်..ပုံလေးရိုက်ပို့ပါရစေ..ကြည့်ပေးပါနော် လို့က ပါသေးတာ....

ဒီလူကလည်း...ဟင့်အင်..အခုပို့လိုက်ပဲ😆

Page ထောင်မှ တစ်ခုသိလာရတာက
လူတွေက ဆေးရုံဆေးခန်းသွားရမှာ/
ခွဲရစိတ်ရမှာ အရမ်းကြောက်ကြတာပါ
ဒါမျိုး စအိုမှာဖြစ်တာမျိုးဆို..ပိုဆိုးပြီ..
ရှက်တာနဲ့ကို..ရောဂါမွေးမိနေပြန်ရော..
ဒီလိုနဲ့ ဘာရောဂါမှန်းအတိကျကမသိ..အိမ်မှာရှိတဲ့ဆေး သောက်လိုက်/လိမ်းလိုက်
ကြုံတဲ့လူပြောသမျှ အကုန်လိုက်လုပ်ရာကနေ..ရောဂါတွေက ..ပိုဆိုးပြီး မဖြစ်သင့်တာတွေ ဖြစ်လာကြတော့တာပါပဲ..

ဒီနေ့တော့..စအိုနဲ့စအိုတဝိုက်ဖြစ်တဲ့အနာတွေထဲက လိပ်ခေါင်း/စအိုကွဲနာ/ဂရင်ဂျီနာ ရဲ့အခေါ်ဝေါ်အဓိပ္ပာယ်လေးတွေ ရေးချင်မိလာလို့ ရေးပါဦးမယ်နော်...

(၁)လိပ်ခေါင်း (Haemorrhoids/piles)

လိပ်ခေါင်းလို့ ဘာလို့ခေါ်တာလဲဆိုတော့...စအိုကနေ ထွက်လာတဲ့ အသားပို အသားတစ် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့အသားပိုတွေက လိပ်ရဲ့ဦးခေါင်းလို ၀င်လိုက်ထွက်လိုက်ဖြစ်နေလို့ သဏ္ဍာန်တူ သရုပ်ဖော်တဲ့ အနေနဲ့ လိပ်ခေါင်းလို့ခေါ်ကြတာပါ..
ရန်သူတစ်ယောက်လိုညှင်းပန်းနှိပ်စက်တတ်လို့ အာယုဗ္ဗေဒလို အရိသလို့လည်းခေါ်တယ်..အသားပိုအသားတစ်တွေက ထိုးကျင့်ကိုက်ခဲနာကျင်တတ်လို့..ပါဠိလို..မံသရုဂလို့လည်းခေါ်ပြန်တယ်..မံသရုဂကနေ တဖြေးဖြေး အခေါ်ဝေါ်တွေပြောင်းလာပြီး..တိုင်းရင်းကျမ်းတွေမှာ..မြင်းသရိုက်လို့ ခေါ်ဆိုလာကြတယ်..ဓာတုဝိပါကဒီပနီမှာတော့..လိပ်ခေါင်းကို ဒူလာမြင်းသရိုက်လို့ပြဆိုတယ်..
Haemorrhoids ကတော့ Greek ဘာသာစကားပါ..Haima ဆိုတဲ့သွေးတွေ Rhoos ဆိုပြီး စီးဆင်းခြင်း..သွေးကျ/သွေးစီးဆင်းခြင်းဆိုတဲ့အဓိပ္ပာယ်ပါ
Piles ကတော့ Latin ဘာသာစကားပါ..ball လိုအလုံး သဏ္ဍာန် စအိုမှာဖြစ်တဲ့အဓိပ္ပာယ်ပါ..
ဘယ်လိုပဲ အခေါ်ဝေါ်တွေပြောင်းပြောင်း လိပ်ခေါင်းရောဂါက စအိုနဲ့ စအိုတဝိုက်မှာဖြစ်တဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်...
👉၀မ်းချုပ်ရာကနေ..၀မ်းညှစ်သွားတော့ ပထမဆုံး ၀မ်းသွားရင် တောက်ပတဲ့အနီရောင်သွေး အရင်ဆင်းတယ်...တဖြေးဖြေးနဲ့ နောက်ပိုင်း အသားပိုအသားတစ် စအိုကနေထွက်လာတော့တာပါပဲ..
ဒါကတော့...လိပ်ခေါင်းပါ..

(၂)စအိုကွဲနာ (A**l Fissure)

စအိုကွဲနာက ဖြစ်စသာလိပ်ခေါင်းနဲ့ပုံစံမတူတာ...နောက်ပိုင်း ပုံစံတူလာတယ်..
‌၀မ်းအရမ်းချုပ်တော့ ၀မ်းသွားတဲ့အခါ ညှစ်သွားတယ်မလား? အဲ့လို၀မ်းညှစ်သွားတော့ စအိုအရေပြားက ၀မ်းမာတဲ့ဒဏ်ကိုမခံနိုင်ဘူး...ဓားနဲ့အခွဲခံလိုက်ရသလိုပဲ စအိုအရေပြားကွဲသွားရော..၀မ်းသွားပြီးရင် စအိုမှာအက်ကွဲကြောင်းလေးဖြစ်ပြီး ဖင်မှာ စပ်ပြီးကျန်ခဲ့တယ်..
နောက်တကြိမ်၀မ်းသွားတဲ့အခါ မာတဲ့၀မ်းက အရင်ကွဲကျန်ခဲ့တဲ့နေရာကို တိုက်မိပြီး ဆွဲဖြဲ ပွတ်ဆွဲမိတယ်..၀မ်းသွားရင်အရမ်းနာပါတယ်...သွေးနည်းနည်းထွက်တာ‌ဖြစ်မယ်...၀မ်းသွားပြီးရင်ဖင်မထိုင်နိုင်ပဲ...နာရီပိုင်းလောက်ထိနာနေတတ်တယ်...နောက်တခေါက် အိမ်သာသွားရမှာကြောက်သည်အထိ နာတတ်ကြပါတယ်..
အဲ့လိုကွဲလာတဲ့စအိုအရေပြားက ဒီတိုင်းမနေပါဘူး...အနာကျက်ဖြစ်စဉ်ဖြစ်ပါတယ်။
ကွဲနေတဲ့ အရေပြားနှစ်ခုက သဘာ၀တရားကြီးက ဆက်ဖို့ကြိုးစားတယ်..သူကြိုးစားလိုက် ၀မ်းကပွတ်တိုက်လိုက်နဲ့ ဒီလိုနဲ့သံသရာလည်ပြီး..အနာကျက်ဖြစ်စဉ်က..ပုံသဏ္ဍာန်မမှန်ပဲ အနာကျက်လာတယ်..အဲ့အနာကျက်လာတဲ့ အစားထိုးအသားဖတ်လေးက တဖြေးဖြေးကြီးလာပြီး...စအိုမှာ အသားပိုအသားသီးဖြစ်လာတာပါ..
ဒါက စအိုကွဲရာကနေ တဖြေးဖြေးဖြစ်လာတဲ့ လိပ်ခေါင်းပုံစံတမျိုးပါ

(၃) ဂရင်ဂျီနာ(Fistula in Ano)

နှစ်ခုဆက်နေတဲ့လမ်းကြောင်းရှိလို့..Fistula လို့ခေါ်တာပါ..မြန်မာဝေါဟာရကတော့..ဂရင်ဂျီနာ..ဘရင်ဂျီနာလို့ခေါ်ကြတယ်..
ခွေးဆောင်ကုထုံးကျမ်းမှာ..ကျင်ကြီးစွန့်ရာလမ်းကြောင်းမှာဖြစ်ရင်..ခွေးဂရင်ဂျီနာ..ကျင်ငယ်စွန့်ရာလမ်းကြောင်းမှာဖြစ်ရင်..လူဂရင်ဂျီနာလို့ခေါ်တယ်..အာယုဗ္ဗေဒ ဆေးပညာမှာတော့..သမ္ဗုကာ၀တ္တ ဘဂန္ဒိုရ်နာ လို့ခေါ်ပါတယ်...
သူကတော့ အရေပြားနဲ့ဆက်စပ်တဲ့အနာအမျိုးအစားပါ..
စအိုတဝိုက်အနီးနားမှာ/စအို‌‌ဘေးတဝိုက်ဖင်မှာ/စအိုအနီးတင်ပါးမှာ.. သွေးစုနာလို အဖုလေးစပေါက်တယ်..
ဟိုဆေးလိမ်း ဒီဆေးလိမ်းနဲ့..ပျောက်သလိုလိုဖြစ်မယ်..တကယ်တော့မပျောက်ဘူး..
ပထမသွေးစုနာပေါက်ကတည်းက သေသေချာချာမကုပဲပေါ့ဆမိလို့ အဲ့အဖုလေးက ပြည်တည်လာလိုက်..ပြည်ပေါက်ရင် သက်သာသွားလိုက်..ပြည်တည်လာလိုက်နဲ့..သံသရာလည်ပါတယ်..
ပေါ့ပေါ့ဆဆနေခဲ့လို့..တဖြေးဖြေးပြည်ကလှိုက်စားတယ်...

သူက စအိုနဲ့လမ်းကြောင်းဆက်နေတာမို့..အဲ့လမ်းကြောင်းထဲဆေးမရောက်မချင်း..မပျောက်ပဲသံသရာလည်နေတာပါ..

စအိုနဲ့ စအိုတဝိုက်အရေပြားတ‌‌နေရာရာနဲ့..လမ်းကြောင်းဖြစ်လာတဲ့..နှစ်ဖက်ပွင့်အနာအမျိုးအစားကတော့ ဂရင်ဂျီနာပါ..

နောက်မှ သူတို့လက္ခဏာတွေကို ထပ်ရေးပါဦးမယ်..
စအိုနဲ့စအိုတဝိုက်မှာ အနာရောဂါတခုခုဖြစ်ရင် မပေါ့ဆပါနဲ့ရှင်..
တွေ့ရာဆေးတွေ မသောက်ပါနဲ့ မလိမ်းပါနဲ့နော်...
နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပါ/ပြသပါလို့ အကြံပြုလိုက်ပါရစေရှင်...🥰

အားလုံးကျန်းမာပါစေ..🙏🙏🙏

#စုဆန္ဒ
#တိုင်းရင်းဆေး

လာဘံ တိုင်းရင်းဆေးခန်း တာချီလိတ်မြို့မှာ ဝယ်လို့ရပြီနော်

ဆေးခန်း‌လေးနာရီ စဖွင့်ပြီ ရွာ‌တော့မယ်တဲ့
20/08/2024

ဆေးခန်း‌လေးနာရီ စဖွင့်ပြီ ရွာ‌တော့မယ်တဲ့

Address

Tachileik

Telephone

+959428231666

Website

Alerts

Be the first to know and let us send you an email when လာဘံ တိုင်းရင်းဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share