Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก

  • Home
  • Myanmar
  • Tachileik
  • Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก

Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก ​ဝေ​နေယျသတ္တဝါအားလုံး ​ဘေးကင်း၊ရန်ရှင်း၍၊ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါ​စေ။​အေးချမ်းကြပါ​စေ။
​ကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြည့်ဝကြပါ​စေ။

13/12/2025
09/11/2025
04/11/2025

🌕 🌸 တန်ဆောင်မုန်းလပြည့် အခါမြတ်နေ့
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ် တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။ ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန် အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။

သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမည ဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာ သာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမ ယတွင် သာမညဖလတရားတော်ကို နာကြားပူဇော် လေ့ရှိကြသည်။

ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း သည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန် ဒေသနာတော်ကို ကြားနာရသည့် အဆုံးတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာ အဖြစ် သို့ ရောက်ရှိတော်မူခဲ့သည်။ တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။

ကထိန်ဟူသည်မှာ ''ကထိန''ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲ ခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု ချီးကျူးသြဘာ ထောမနာပြု ရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။ ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက် ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိ ရသည်။

ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ် သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင် မုန်းလပြည့်နေ့အထိ ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန် အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက် မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။

ဘုရားရှင်သည် အဇာတသတ် မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင် မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ်ကျင်းပကြသည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။ သာမည ဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန် ချပ်ကြီးတစ်ခုပင် ဖြစ်သည်။

ကိုယ်ကျင့် သီလ ရှိသည်မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ အရှင်ဒေဝဒတ်အား ကိုးကွယ် ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည် အထိ အမှားကြီးမှားခဲ့ရာ ဖခြင်ကီးအား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ ဝေဒနာစွဲ ကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား တော်၊ မည်သည့်ဆေးစွမ်း ကောင်း ကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ် ပေါင်းစုံ ညီစွာဖြင့်ညီလာခံ သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း လပြည့်ဝန်း က ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှသည့် တန်ဆောင်မုန်းလပြည့်ည၏ အလှ ကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့သည်။

ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း မှူးကြီးမတ်ကြီးတို့၏ တင်ပြချက် ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူသည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံ ချဉ်းကပ်ဖို့ရန် ဆရာ ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော အချိန် မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်း သုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါး ရိပ်ကြောင့် အမှောင်ကျနေခြင်း တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။

အဇာတ သတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေ သည်။ အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား တော်ကို နာကြား ရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့ သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ် တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်း ကိုပင် ခံယူရရှိသည် ။အဇာတသတ်မင်း သည်ပထမသဂါၤ ယနာတင် ဒကာအဖြစ်လည်းကောင်း ခံယူခဲ့ သည် ။ ဘုရားရှှုင်၏ ဓာတ်တော်များကို စုဆောင်း သိမ်းဆည်း၍ ဓာတ်ေ တာ်တိုက်ကြီးကိုလည်း တည်ထား ခဲ့ သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာ လဲပွဲကိုလည်း ကျင်းပကြသည်။ အရိမေတ္တေယျ ဘုရားအလောင်း နတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက ဂါထာတစ် ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊ လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့် တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း ခြင်းဖြင့် ရှင်မာလဲပွဲ ကို ဆင်ယင်ကျင်းပကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့ သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင် သည် ဆေးပေါင်းခသည်။

ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး ၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ် ကို စားသုံးကြသည်။ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့ ပွဲများ ကျင်းပကြလေသည်။

တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။ ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန် မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင် ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်း သော လတစ်လပင် ဖြစ်ပါကြောင်းကို ပန်းတောင်းသန်းကြွယ်၏ ဆောင်းပါးအားဗဟုသုတအလိုဌာ တင်ပြ လိုက်ပါသည်။

03/11/2025

❁ တရားကိုသာ အားကိုးပါ

ရုပ်နဲ့နာမ်ပဲရှိတယ်။ ဒီရုပ်နှင့်နာမ်ကလည်း ဘယ်တန်ခိုးရှင်ကမှ လုပ်ပေးတာ မဟုတ်ဘူး။ ဘယ်အထက်ဆရာ၊ အောက်ဆရာကမှ လုပ်ပေးတာ မဟုတ်ဘူး။ အကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ။

ကောင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုးဖြစ်နေတာပဲ။ ကောင်းရောင်းကောင်းဝယ် လုပ်နိုင်လို့ အကျိုးစီးပွား ဖြစ်ထွန်းလာတာပဲ။ မလုပ်ဘဲနဲ့တော့ အလိုအလျောက် ဖြစ်လာတာ မရှိဘူး။ ဘယ်တန်ခိုးရှင်၊ ဘယ်ကယ်တင်ရှင်ကမှ အကျိုးစီးပွား ဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။ အဲဒီ အကြောင်းအကျိုး ပိုင်နိုင်တဲ့ ဉာဏ်ရသွားမှ။

မဟုတ်ရင် ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး၊ ဟိုဟာ အားကိုးရကောင်းနိုးနိုး၊ ဒီဟာ အားကိုးရကောင်းနိုးနိုးနဲ့ အားကိုးတွေ လွဲပြီးတော့ ဖြစ်နေကြတယ်။ အဲဒီမှာ သမ္မာဒိဋ္ဌိကနေပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားရတာ သိပ်နာတာပဲ။

မိစ္ဆာဒိဋ္ဌိလမ်းကြောင်းက တဏှာရေကြော မျောဖို့ပဲ။ ဒုက္ခစက်က လွတ်ရက်မရှိတာ အဲဒီ ဒိဋ္ဌိဦးဆောင်တာပဲ။ အမှားသိမှု။ အမှန်မသိတော့ဘူး။

တကယ်တော့ ရုပ်နဲ့နာမ်ပဲရှိတယ်။ အကြောင်းနဲ့ အကျိုးပဲ ရှိတယ်။ ဘယ်သူ့ကို ဘယ်သူကမှ ကောင်းအောင်၊ ဆိုးအောင် ပြုလုပ်လို့မရဘူး။ ကိုယ့်မှာရှိတဲ့ စိတ် စေတသိက်တွေကို အကြောင်းခံပြီးတော့ အကြောင်းမှန်၊ အကျိုးမှန်တွေ ဖြစ်ပေါ် နေတယ်။ အကြောင်းဆိုးကြောင့် အကျိုးဆိုးတွေ ဖြစ်ပေါ်နေတယ်။

အချဉ်မျိုးစေ့စိုက်ရင် အချဉ်သီး သီးမယ်။ အခါးမျိုးစေ့ စိုက်ရင် အခါးသီးသီးလာမယ်။ အချိုမျိုးစေ့စိုက်ရင် အချိုသီး သီးလာမယ်။ ဒူးရင်းပင်စိုက်ရင် ဒူးရင်းသီး သီးလာမယ်။

တမာပင် စိုက်ရင် တမာသီး သီးလာမယ်။ သံပရာပင်စိုက်ပြီး ဒူးရင်းသီး သီးပါစေလို့ ဘယ်လိုမှ ယတြာချေလို့ မရဘူး။

တရားသဘောက အဲလို။ ဘယ်သူ့ကို ဘယ်သူကမှ အားကိုးလို့ မရဘူး။

သူတစ်ပါးကို အားကိုးစရာမဟုတ်။ ကိုယ့်အားကိုယ်ကိုးရ မယ်တဲ့။ ကိုယ်(မိမိ) ဆိုတာ အခြားမဟုတ်ဘူး။ “ဓမ္မဒီပါ ဓမ္မ သရဏာ၊ အနညသရဏာ” တရားသည်သာ မှီခိုရာ၊ ကိုးစားရာ အစစ်ပဲတဲ့။ တရားမှတစ်ပါး အခြား မှီခိုရာ၊ အားထားရာ မရှာပါနဲ့တဲ့။ ဒါ ဘုရားရှင် အဆုံးအမပဲ။

* သူတစ်ပါးအား မကိုးစား ကိုယ့်အားကိုယ်ကိုးပါ။
* အခြားသူအား မကိုးစား ကိုယ့်အားကိုယ်ကိုးပါ။

တရားအားကိုးရင် ဒိဋ္ဌိအနှောင်အဖွဲ့က လွတ်မြောက်သွားမယ်။ နိဗ္ဗာန်တည်းဟူသော သန္တိသုခ အေးငြိမ်းရာ ရောက်သွားမယ်။ ရောက်သွားဖို့အတွက် အမြဲတမ်း သတိသမ္ပဇဉ် မကင်းရဘူး။ သတိသမ္ပဇဉ်ရှိနေရင် အချိန်တိုင်း အချိန်တိုင်း အသိမှန်၊ အမြင်မှန်တွေရနေမယ်။ အဲလိုရနေရင် စင်ကြယ်နေမယ်၊ လွတ်မြောက်နေမယ်၊ အေးငြိမ်းချမ်းသာနေမယ်။

🖋️ ရွှေဥမင်ဆရာတော်ဘုရားကြီး
📖 အဆုံးအမဩဝါဒတော်များ အမှတ်(၁)

#မြတ်ဗုဒ္ဓတရားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

03/11/2025

"အနှစ်သာရရှိတဲ့ ဘဝနေနည်း"

ဪ...... နေ့ရက်အချိန်တွေကတော့ သူ့တာဝန်သူကျေပွန်စွာ သူ့သဘာဝအတိုင်း လည်ပတ်နေတော့တာပဲ။ အချိန်ဘောင်တစ်ခုအတွင်းမှာ အသက်ရှင်သန်နေထိုင်ရတဲ့ မိမိတို့အဖို့ ပြီးခဲ့တဲ့အချိန်တွေကို ပြန်ရဖို့တောင်းဆိုလို့မရသလို အချိန်တွေမကုန်ဆုံးပါနဲ့လို့ မျှော်လင့်လို့လည်း မရပြန်ဘူး။ မိမိဘဝသက်တမ်းရဲ့ အချိန်တွေ တဖြည်းဖြည်းကုန်လာပြီ။ နေ့ရက်တွေပြောင်းလာတာနဲ့အမျှ နေရဖို့ထက် သေရဖို့နီးလာပြီ။ မိမိချစ်ခင်ရတဲ့ မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်းကွဲကွာရဖို့ နီးသထက် နီးလာပြီး။

လူ့ဘဝဆိုတာ အိုနေတဲ့သူကို အိုလာမယ့်သူကပြန်အားပေး၊ နာနေတဲ့သူကို နာလာမယ့်သူက ပြန်အားပေး၊ သေတဲ့သူကို သေမယ့်သူက သုဿာန်ကို ပို့ဆောင်ပေး စသဖြင့် ဒီလိုနဲ့ပဲ လည်ပတ်နေတော့တာပါပဲ။ မိမိတို့ဟာ အမျိုးသားအမျိုးသမီး၊ ချမ်းသာဆင်းရဲ၊ ရုပ်လှရုပ်မလှ၊ ဂုဏ်ရှိဂုဏ်မရှိစသဖြင့် အပေါ်ယံအားဖြင့် ကွဲပြားခြားနားပေမယ့် အနှစ်သာရအားဖြင့် အရင်အိုတဲ့သူနဲ့ နောင်အိုမယ့်သူ၊ အရင်နာတဲ့သူနဲ့ နောင်နာမယ့်သူ၊ အရင်သေတဲ့သူနဲ့ နောင်သေမယ့်သူစသဖြင့် တူညီကြပါတယ်။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နေတဲ့အရပ်ဒေသ၊ လူနေမှုအဆင့်အတန်း ကွဲပြားခြားနားနိုင်ပေမယ့် ဘဝတစ်ခုပြီးဆုံးတဲ့အခါ မိမိတို့ဟာ တူညီတဲ့အဆင့်အတန်းနဲ့ မြေကြီးအောက်မှာ ရောက်သွားကြမှာချည်းပါပဲ။

ဒါကြောင့် အသက်ရှင်သန်နေခိုက် မိမိတို့ဟာ ညီညီညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်၊ ဖေးဖေးမမ နေထိုင်သင့်တာပေါ့။ တစ်ယောက်ရဲ့အမှားကို တစ်ယောက်ကခွင့်လွှတ်၊ တစ်ယောက်ရဲ့လုပ်ရပ်ကို တစ်ယောက်ကသည်းခံ၊ တစ်ယောက်ရဲ့အကျိုးကို တစ်ယောက်ကလိုလား၊ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ဆည်း၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကပြုပြင်၊ တစ်ယောက်ရဲ့ကျရှုံးမှုကို တစ်ယောက်ကဖေးမ၊ တစ်ယောက်ရဲ့အောင်မြင်မှုကို တစ်ယောက်ကဝမ်း‌မြောက် စသဖြင့် နေထိုင်သွားသင့်တာပေါ့။ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာဖြစ်ဖို့ အဲဒီလိုနေထိုင်ရင်း တစ်ဖက်မှာလည်း မိမိရဲ့စိတ် ဖြူစင်တာထက်ဖြူစင်အောင် မိမိရဲ့သီလစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတွေကို မြင့်သထက်မြင့်မားအောင် ကြိုးစားအားထုတ်သင့်တာပေါ့။

အရှင်သုဒဿန(မြတ်ပါရမီ)
၂၈၊၁၀၊၂၀၂၅(အင်္ဂါနေ့)

ဆရာ နှင့် သူငယ်ချင်းများ အမှတ်တရ ...
03/11/2025

ဆရာ နှင့် သူငယ်ချင်းများ အမှတ်တရ ...

02/11/2025
31/10/2025

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram