Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก

  • Home
  • Myanmar
  • Tachileik
  • Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก

Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก ​ဝေ​နေယျသတ္တဝါအားလုံး ​ဘေးကင်း၊ရန်ရှင်း၍၊ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါ​စေ။​အေးချမ်းကြပါ​စေ။
​ကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြည့်ဝကြပါ​စေ။

29/01/2026
09/01/2026

❒ သတိပဋ္ဌာန် ဝိပဿနာရှုပုံ အခြေခံသဘော

ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်ကို သတိဦးစီးသော စိတ်ဖြင့် စူးစူးစိုက်စိုက် စောင့်ကြည့် ရှုသိနေခြင်းကို သတိပဋ္ဌာန် ဝိပဿနာ ပွားများအားထုတ်ခြင်း ဆိုတာကို သဘောပေါက်ကြပြီ။ သို့သော်လဲ အားထုတ်ပုံ အားထုတ်နည်း ပိုသေချာအောင် ထပ်ပြောကြဦးစို့။ အားထုတ်ပုံ အခြေခံ သဘောက ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်၌ ဖြစ်နေရှိနေတဲ့ သဘောတွေကို ဖြစ်နေရှိနေတဲ့အတိုင်း သတိနဲ့ စူးစူးစိုက်စိုက် စောင့်ရှု။ အဲဒါ သတိပဋ္ဌာန် ဝိပဿနာ အားထုတ်ပုံပဲ။ အဲဒါ မဂ္ဂင်ရှစ်ပါး ပွားများပုံပဲ။ အဲဒါ မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်ပဲ။

အဲဒီ အားထုတ်ပုံထဲမှာ “ရှိနေ ဖြစ်နေတဲ့အတိုင်း” ဆိုတဲ့ စကားကို အထူးသတိပြုရပါမယ်။ အရပ်စကားနဲ့ဆိုရင် “အရှိကို အရှိအတိုင်း” လို့ ပြောရမှာပါ။ အဲဒါဟာ “ယထာဘူတံ” ဆိုတဲ့ မြတ်စွာဘုရားရဲ့ စကားတော်ကို မြန်မာမှု ပြုထားခြင်းပါပဲ။ ခန္ဓာကိုယ်ကိုပဲ ရှုရှု၊ စိတ်ကိုပဲ ရှုရှု ဖြစ်နေ ရှိနေ တွေ့နေတဲ့အတိုင်း ရှုသိရပါတယ်။ ကိုယ့်ဉာဏ်သွင်းပြီး မရှုရပါဘူး၊ ဖြစ်နေရှိနေတဲ့အတိုင်း ရှုသိမှ အရှိသဘာဝအမှန်ကို အမှန်အတိုင်း သိပါတယ်။ ကိုယ်ဉာဏ်ရှိသလို စဉ်းစားဆင်ခြင်ပြီး ရှုရင် ကိုယ့်ဉာဏ်ရှိသလိုပဲ သိပါတယ်။ သူ့အရှိသဘာဝ အမှန်ကို မသိပါဘူး။ အရှိသဘာဝအတိုင်း သိမှ အမှန်သိသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေ ရှိနေတဲ့အတိုင်း စောင့်ကြည့်ရှုသိနေရပါတယ်။ ပုံစံပြောရရင် ဝမ်းဗိုက်က ဖောင်းလာရင် တရွေ့ရွေ့ ဖောင်းကြွလာတဲ့သဘောကို သူ့အရှိအတိုင်း စောင့်ကြည့်ရှုသိရပါတယ်။ ထို့အတူပဲ ပိန်သွားရင်လည်း တရွေ့ရွေ့ပိန်ကျသွားတဲ့သဘောကို သူ့အရှိအတိုင်း ရှုသိနေရပါတယ်။ ကိုယ့်ဉာဏ်နဲ့ ဝေဖန်ဆန်းစစ် ဆင်ခြင်ခြင်း မလုပ်ရပါဘူး။ ဒါဟာ မြတ်စွာဘုရား ဟောတော်မူတဲ့ မဟာ သတိပဋ္ဌာန သုတ်တော်မှာလာတဲ့ နည်းပါပဲ။

❒ နာမ်တရားဖြစ်တဲ့ စိတ်ကိုရှုရာမှာလဲ

ဝိပဿနာအလုပ်ဟာ စိတ်အလုပ် ဖြစ်တဲ့အတွက် စိတ်ကို ရှုတဲ့ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟာ အလွန်အရေးကြီးပါ တယ်။ ထင်ထင်ရှားရှား ဖြစ်ပေါ်သမျှ စိတ်တွေကို ဖြစ်နေရှိနေတဲ့အတိုင်း မလွတ်တမ်း ရှုသိရပါတယ်။ ဥပမာ စိတ်ဆိုးရင် “စိတ်ဆိုးတယ် စိတ်ဆိုးတယ်” လို့ ဖြစ်နေရှိနေတဲ့အတိုင်း ရှုသိနေရပါတယ်။ တစုံတရာ စဉ်းစားရင် စိတ်ကူးရင် “စဉ်းစားတယ် စိတ်ကူးတယ်” လို့ အရှိအတိုင်း ရှုသိနေရပါတယ်။

ဒီလိုရှုရာမှာ ဘာကိုပဲရှုရှု စိတ်အဆို တဇ္ဇာပညတ် ကလေး ကူပေး ရပါတယ်။ အဲဒီလိုကူမှ ရှုစိတ်က အရှုခံအာရုံကို ထိထိခိုက်ခိုက် စူးစူးစိုက်စိုက် သိပါတယ်။ အဲဒီအသိဟာ ဝိပဿနာပါ။ စိတ်အဆိုကတော့ ဝိပဿနာ မဟုတ်ပါဘူး။ အကူအညီမျှပါပဲ။

အဲဒီလို ရှုတာဟာ အရှုခံရုပ် အရှုခံနာမ်မှာရှိတဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို သိဖို့ရှုတာပါ။ ဒါကြောင့် စဉ်းစားစိတ် တွေးစိတ်တွေကို ရှုရာမှာလည်း စဉ်းစားစိတ် တွေးစိတ်ပျောက်အောင် ရှုတာမဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ အနိစ္စ အစရှိတဲ့ သဘောတွေကို သိဖို့ရှုတာပါ။ နာမှု ကျင်မှု ကိုက်ခဲမှု အစရှိတဲ့ ဒုက္ခဝေဒနာတွေကို ရှုရာမှာလည်း ဒီသဘောပါပဲ။

အထူးသတိပြုဖို့က စိတ်ဆိုတာ စဉ်းစားဆင်ခြင်တဲ့ အလေ့အထ တွေးခေါ်မြော်မြင်တဲ့ အလေ့အထတွေ ရှိနေတော့ တခါတရံ ရှုသိရမည့် အာရုံကို ချက်ချင်း မရှုသိမိဘဲ အဲဒီ အာရုံကို စဉ်းစားဆင်ခြင်မိနေတတ်ပါတယ်။ စဉ်းစားဆင်ခြင် နေတယ်လို့ ကိုယ်က မသိဘဲ ရှိတတ်ပါတယ်။ ခဏကြာမှ သိလာတတ်ပါတယ်။ အဲဒီအခါမှာ စဉ်းစားတယ် ဆင်ခြင်တယ်လို့ အရှိအတိုင်း အကြိမ်ကြိမ် ရှုသိနေရပါမယ်။ အဲဒီစဉ်းစား ဆင်ခြင်စိတ် ရှိနေသမျှတချိန်လုံး ရှုသိနေရပါမယ်။ စဉ်းစားဆင်ခြင်စိတ် ပျောက်သွားပြီ ဆိုရင်တော့ သူ့ကို ရှုစရာ မလိုတော့ပါဘူး။ ဒါကတော့ အမှတ်တမဲ့နဲ့ စဉ်းစားဆင်ခြင် စိတ်ကို မရှုမိဘဲ နေတတ်လို့ သတိပေးတာပါ။

❒ ဒုက္ခသုံးမျိုး

ဒုက္ခဝေဒနာကို ရှုရာမှာလဲ သတိပေးချင်တာလေး ရှိပါတယ်။ နာကျင်ကိုက်ခဲ ဒုက္ခဝေဒနာကို ရှုရာမှာ မခံသာတဲ့ သဘော အခံခက်တဲ့ သဘောကို သိရုံမျှနှင့် ဒုက္ခဝေဒနာအသိမပြည့်စုံသေးပါဘူး။ ဒုက္ခက ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခ လို့ သုံးမျိုးရှိပါတယ်။ အင်မတန် သိသာထင်ရှားတဲ့ မသိဘဲနေလို့မရတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဟာ ဆင်းရဲဆိုမှဆင်းရဲဆိုတဲ့ ဒုက္ခဒုက္ခတွေပါ။ အများက ချမ်းသာလို့ ယူဆထားတဲ့ သုခဝေဒနာဟာ အမြဲချမ်းသာနေတာမဟုတ်ဘဲ ဆင်းရဲဘက်သို့ ပြောင်းလဲသွားတတ်တဲ့အတွက် အဲဒီသုခကို ဝိပရိဏာမဒုက္ခလို့ ခေါ်ပါတယ်။ ပြောင်းလဲဖောက်ပြန်လာတဲ့ ဆင်းရဲလို့ ဆိုလိုပါတယ်။ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတဲ့တရားကို သင်္ခါရလို့ ခေါ်ပါတယ်။ အဲဒီ သင်္ခါရဆိုတာ ရုပ်တရားနဲ့ နာမ်တရားပါပဲ။ ဒါကြောင့် ဖြစ်မှုပျက်မှု တို့ကို သင်္ခါရဒုက္ခ သင်္ခါရဆင်းရဲလို့ ခေါ်ပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ သဘော သုံးမျိုးထဲက ဒုက္ခကို ဥဒယဗ္ဗယပဋိသံမွီဠနတော ဒုက္ခံလို့ ကျမ်းဂန်များမှာ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဖြစ်မှု ပျက်မှုတို့က မပြတ်နှိပ်စက်နေသောကြောင့် ဆင်းရဲလို့ ဆိုလိုပါတယ်။ အဲဒါ သင်္ခါရဒုက္ခကို ပြောတာပါပဲ။ အဲဒီ သင်္ခါရဒုက္ခပါသိမှ ဒုက္ခ အသိ ပြည့်စုံပါတယ်။

🖋️ ချမ်းမြေ့ဆရာတော်ဘုရားကြီး
📖 နံနက်ချိန်ခါ သြဝါဒဒေသနာ

#မြတ်ဗုဒ္ဓတရားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

06/01/2026

✿ သတိပဋ္ဌာန်ဟူသည်
════════
သတိပဋ္ဌာန်ဟူသည် မိမိရှုကွက်အဖြစ် ထားလိုသောနေရာလေးထဲ၌ ခွာကပ်ကောင်းသော ဆိတ်ပမာ သတိလေးကို မြဲမြံစွာထားလျက်က ရှုမှတ်နေခြင်းကိုဆို၏။

သို့ကြောင့်
သတိပဋ္ဌာန်သည် သတိပြဋ္ဌာန်းသော ကမ္မဋ္ဌာန်းမျိုးဟူ၍ ဆိုရိုးပြုကြ၏။ သတိမပြဋ္ဌာန်းသော ကမ္မဋ္ဌာန်းမျိုးဟူ၍ကား ဤသာသနာ ဘယ်မှာမှမရှိ။ သတိလွတ်ကင်း၍ အားထုတ်ရယူနိုင်သော တရားမျိုးလည်း ဤသာသနာ ဘယ်မှာမှ မတွေ့မိ။ ဘုရားရှင် ချီးမြှင့်တော်မူခဲ့သော နည်းသုံးဆယ့်ရှစ်နှင့် အဋ္ဌကထာ ဆရာဖြည့်စွက်သော နည်းနှစ်ပါး, ပေါင်းလေး ဆယ်လုံးလုံး သတိပြဋ္ဌာန်းရသည်သာ ဖြစ်၏။

စွဲမြဲသောသတိ၊ စူးစိုက်သော သတိမျိုးမဟုတ်သော ပေါ့ရွတ်ရွတ်သတိ၊ လျော့ရဲရဲသတိမျိုးကား ဘုရားရှင်၏ အနတ္တသာသနာ၌ ပွဲမတိုးပြီ။ အတွင်းကိစ္စ အတွင်းသဘောကား စွဲမြဲသတိ၊ စူးစိုက်သတိမျိုးမှသာ ပွဲတိုးနိုင်သည်ကို သတိပြု။ထိုသတိ၏ စွဲမြဲစွာတည်နေရခြင်းကား စိတ်ကိုအတွင်းသိ သိရန် နေရာချထားပေးခြင်းပင် ဖြစ်ချေ၏။

အကယ်တိတိ
သတိက စွဲမြဲစွာ (တစ်နေရာရာတည်း၌) မတည်ရှိချေသော် စိတ်ကား ကလက်မျိုး,ခြံခုန်မျိုးဖြစ်ရာ လင်ကောင်မပေါ်ဘဲ သားသမီးထွန်းကားသော မိန်းမပျော်တစ်ဦးပမာ အချိန်ကုန် ဘဝဆုံးသော်မှသည် ဘဝအထက်တန်းစားမျိုးကား မဖြစ်နိုင်။ နောင်ဘဝအထက်တန်းသွားမျိုးလည်း မဖြစ်နိုင်ချေ။

#မဟာဗောဓိမြိုင်ဆရာတော် #နယသင်္ခေပကထာ
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သြ၀ါဒ_၁၀၀_၈
https://www.facebook.com/thuwannashan/
#သုဝဏ္ဏသျှမ် #စာဖတ်သူတစ်ယောက်၏မှတ်စုများ

23/12/2025

သည်းခံရမယ်.. ဘာတွေကို သည်းခံရမလဲလို့ မေးရင်တော့. သတ္တဝါတွေဟာ (များသောအားဖြင့်) သံသရာခရီးကျင်လည်ပြီဆိုလို့ရှိရင်တော့ လောကဓံလေပြင်းမုန်တိုင်းတို့ရဲ့ တိုက်ခတ်မှုဒဏ်ချက်ကိုတော့ မခံရဘူးလား.။ အဲ့ဒီလို လောကဓံလေပြင်းမုန်တိုင်းတို့ရဲ့ တိုက်ခတ်နေတဲ့ဒဏ်ချက်ကို ခံရတဲ့အပိုင်းလေးမှာ မိမိတို့ဘက်က ခံနိုင်ရည် စွမ်းအင်ရှိဖို့လိုတယ်။
လူတွေဟာ များသောအားဖြင့် အနိဋ္ဌ မကောင်းတဲ့လောကဓံမှာ ခံနိုင်ရည်ရှိပေမယ့်လို့ ဣဋ္ဌ ကောင်းတဲ့လောကဓံ‌ကျရင်တော့ ခံနိုင်ရည် သိပ်မရှိကြဘူး။ ချမ်းသာတဲ့ဒဏ်ချက်ကို မခံနိုင်ကြဘူး။ လာဘ်ရတဲ့ဒဏ်ချက်ကို မခံနိုင်ကြဘူး။ နာမည်ဂုဏ်သတင်းတွေက သိပ်ကြီးလာပြီဆိုရင် အဲ့ဒီဒဏ်ကို မခံနိုင်ကြဘူး။ သူတပါးတွေက သိပ်ပြီးတော့ မြှောက်လာပြီဆိုလို့ရှိရင်လည်း မြောက်ကြွ မြောက်ကြွ ပြုံးပြုံး ပြုံးပြုံးဖြစ်နေပြီ.. အဲဒီဒဏ်ချက်ကိုတော့ များသောအားဖြင့် မခံနိုင်တဲ့သဘောရှိကြတယ်။
ချမ်းသာသုခ အဝဝတွေနဲ့ တွေ့တဲ့အချိန်အခါမှာလည်း စိတ်ဓာတ်တွေဟာ တုန်လှုန်မှု ခြောက်ခြား မှု ပြောင်းလဲမှု မရှိရဘူး။ သည်းခံနိုင်တဲ့စွမ်းအားရှိရတယ်။ ဒုက္ခ.. ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒီလောကဓံနဲ့ တွေ့ကြုံတဲ့အချိန်အခါမှာလည်း စိတ်ဓာတ်က ပြောင်းလဲမှု မရှိရဘူး။ ခံနိုင်ရည်စွမ်းအင်တွေ ရှိနေရမယ်။

(ဖားအောက်ဆရာတော်၊ မင်္ဂလသုတ် တိပ်ခွေအပိုင်း-၈၀ မှ ထုတ်နုတ်ရေးသားသည်)

ကေတုမာလာ

19/12/2025
19/12/2025
19/12/2025
19/12/2025

"ငါ၏ကိုယ်တွင် -ဒေါသဝင်က
ဝင်လာဒေါသ -အနိုင်ရအောင်
ဒေါသကင်းစင် -ဘုရားရှင်ကို
ငါလျှင်ကြည်ညိုမိပါ၏။

မင်းကွန်းတိပိဋကဆရာတော်ကြီး”🙏🙏🙏

19/12/2025

ပိုက်ဆံရှိတာနဲ့ ကုသိုလ်ရှိတာ မတူဘူး
ပိုက်ဆံရှိလို့
ငါရှိတယ်၊ ငါသုံးနိုင်တယ် ဆိုတဲ့
အတွေးလေး ဝင်လာတဲ့အခါမှာ
ချမ်းသာတယ်။

သြော်… ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ
လုံခြုံ မှု ရှိရဲ့လားလို့ တွေးလိုက်လို့ရှိရင်
စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။

တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း
တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့
ပြောလို့ မရဘူး။

ကုသိုလ်ကောင်းမှုကတော့
အဲဒါမျိုး မဟုတ်ဘူး။
ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ
ကိုယ့်မှာ အားကိုးတစ်ခု ရှိနေတယ်။

ငါ့မှာ ကုသိုလ်ကောင်းမှု
ရှိတယ်ဆိုတဲ့ အတွေး
ဝင်လာတဲ့ အခါမှာလည်း ချမ်းသာတယ်။

ထို ကုသိုလ်ကောင်းမှုတွေ
ပျောက်ပျက်သွားမလားလို့ တွေးပြီး
ပူပန်စရာလည်း မရှိဘူး။

ရေ၊ မီး၊ မင်း၊ ခိုးသူ
မချစ်မနှစ်သက်အပ်သော
အမွေခံ သားဆိုးသမီးဆိုးတွေရဲ့
အန္တရာယ်ကြောင့်
ကိုယ့်မှာရှိတဲ့ ကုသိုလ်တွေ
ပျောက်ပျက်သွားမလားလို့ တွေးပြီး
ပူပန်စရာလည်း မရှိဘူး။

အဲဒီတော့ ကုသိုလ်က
ချမ်းသာသက်သက် ပေးတာ။
ဒါကြောင့်မို့…
"သုခေါ ပုညဿ ဥစ္စယော"
ပုညဿ - ကုသိုလ်ကောင်းမှု၏၊
ဥစ္စယော - မိမိသန္တာန်မှာ
စုဆောင်းမိခြင်းသည်၊
သုခေါ - ချမ်းသာသုခ ရရှိခြင်း၏
အကြောင်းဧကန် အစစ်အမှန်ပဲ" လို့
ဒီလိုဟောထားတယ်။
ကုသိုလ်ကောင်းမှုဆိုတာ
ဒီလောက် အားကိုးရတယ်နော်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

17/12/2025

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when Taw Win Parragu Specialist Clinic ต่อเวย์ปลารากู คลินิก posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share