မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Taikkyi
  • မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း

မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း Medical care လပြည့် / လကွယ် ဆေးခန်းပိတ်သည်။

သီတင်းကျွတ် မီးထွန်းပွဲ (5.10.25)မှ(7.10.25)အထိဆေးခန်း(၃)ရက် ပိတ်ပါတယ်ရှင်။(8.10.25) မနက် (၉)နာရီ ပြန်ဖွင့်ပါမယ်။
05/10/2025

သီတင်းကျွတ် မီးထွန်းပွဲ (5.10.25)မှ(7.10.25)အထိ
ဆေးခန်း(၃)ရက် ပိတ်ပါတယ်ရှင်။
(8.10.25) မနက် (၉)နာရီ ပြန်ဖွင့်ပါမယ်။

09/05/2025

❇️ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘာကြောင့်ထိုးသင့်တယ်။ ဘယ်လိုထိုးသင့်တယ်။ ဘယ်သူတွေထိုးသင့်တယ်။ ဘယ်လိုဆေးအမျိုးအစားကို ရွေးချယ်ထိုးသင့်တယ်ဆိုတာကို ပါမောက္ခဒေါက်တာသိန်းမြင့်ကရှင်းပြပေးထားပါတယ်။

2025 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️🚨2025 Influenza Virus ၏ သတိပေးချက် 💔၂၀၂၅ ခုန...
01/05/2025

2025 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

🚨2025 Influenza Virus ၏ သတိပေးချက်

💔၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ Meteor Garden (တရုတ် F4) ဇာတ်လမ်းတွဲမှ နာမည်ကြီး ထိုင်ဝမ်မင်းသမီး Barbie Hsu ဟာ ဂျပန်နိုင်ငံတွင် Influenza A virus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (Pneumonia)ဖြင့် ကွယ်လွန်သွားခဲ့တယ်။

😷သူမဟာ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ခြင်း လက္ခဏာများကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် စတင်ခံစားခဲ့ရပြီး၊ ၎င်းအခြေအနေမှ (၄)ရက်အတွင်း ရောဂါလက္ခဏာ အလျင်အမြန်ပဲ ဆိုးရွားလာခဲ့တယ်။

💊ဆေးဝါးကုသမှုအနည်းငယ် ရရှိခဲ့သော်လည်း ရောဂါပိုး၏ ပြင်းထန်မှုကြောင့် ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့တာပဲ ဖြစ်တယ်။

🫵ဒီသတင်းနဲ့ Influenza A virus ဟာ အထူးသဖြင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်ရောဂါ အခံရှိသူများအတွက် အသက်အန္တရာယ်ရှိတယ်ဆိုတာကို ထပ်မံ သတိပေးလိုက်တာပဲ ဖြစ်တယ်။

📯Influenza virus မှာ A, B, C သုံးမျိုးရှိပါတယ်။

1. Influenza A- လူနဲ့တိရစ္ဆာန်ကို အဓိက ကူးစက်နိုင်ပြီး၊ H (Hemagglutinin) နဲ့ N (Neuraminidase) ဆိုတဲ့ surface proteins များကြောင့် virus ရဲ့subtypes များစွာ ပြောင်းလဲဖွဲ့စည်းနိုင်ပါတယ်။
H နဲ့ N proteins တွေဟာ အမျိုးမျိုးသော မျိုးကွဲပြောင်းလဲမှု ရှိပြီး၊ H1N1 (Swine flu), H3N2 (seasonal flu) , H5N1(Bird flu) အစရှိတဲ့ virus subtypes တွေနဲ့ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။
2. Influenza B- ကလေးနဲ့အသက်ကြီးသူတွေမှာပဲ ကူးစက်တတ်ပြီး၊ မျိုးကွဲပြောင်းလဲခြင်း မရှိတဲ့အတွက် influenza A virus လောက်မပြင်းထန်တဲ့ seasonal flu ဖြစ်ပါတယ်။
3. Influenza C- သာမန်တုပ်ကွေးလက္ခဏာအနည်းငယ် (mild illness) သာဖြစ်ပွားပြီး၊ ရောဂါအန္တရာယ်လည်း နည်းပါးပါတယ်။

🦠Influenza A Virus ၏ အန္တရာယ်
Influenza A virus ဟာ seasonal flu (ရာသီအလိုက်တုပ်ကွေး)ဖြစ်နိုင်သလို၊ pandemic flu (ကမ္ဘာတစ်ဝှမ်းကူးစက်မှု မြန်ဆန်သောတုပ်ကွေး)လည်း ဖြစ်နိုင်တဲ့အတွက် သာမန်တုပ်ကွေးထက် အဆများစွာ အသက်အန္တရာယ်ရှိပါတယ်။

🛎️Influenza A virus ရဲ့ ရောဂါလက္ခဏာများ
- ချောင်းဆိုးခြင်း
- အဖျားကြီးခြင်း
- ကြွက်သားနာကျင်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- အသက်ရှုကြပ်ခြင်း
- အဆုတ်ရောင်ခြင်း (ကိုယ်ခံစွမ်းအားနည်းသူများတွင် ပိုမို ဖြစ်နိုင်သည်)

🛎️Influenza Vaccine (တုပ်ကွေးကာကွယ်ဆေး) ၏ အရေးကြီးမှု
Influenza virus ဟာ နှစ်တိုင်း မျိုးပြောင်းတတ်တဲ့ RNA virus ဖြစ်တာကြောင့် နှစ်စဉ် ကာကွယ်ဆေးထိုးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

📌ယခုနှစ် ၂၀၂၅ ခုနှစ် မိုးရာသီအတွက် WHO မှ ထုတ်ပြန်ထားတဲ့ အဖြစ်များနိုင်ဆုံး Influenza virus (၄) မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1️⃣ Influenza A (H1N1)pdm09: A/Victoria/4897/2022 (H1N1)pdm09-like virus
2️⃣Influenza A (H3N2):A/Croatia/10136RV/2023 (H3N2)-like virus
3️⃣Influenza B (Victoria lineage):B/Austria/1359417/2021-like virus
4️⃣ Influenza B (Yamagata lineage):B/Phuket/3073/2013-like virus

✅ WHO ရဲ့အကြံပြုချက်အတိုင်း ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ပိုင်ကျန်းမာရေးအတွက်သာမက လူမှုအသိုင်းအဝိုင်း ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

➡️ Influenza Vaccine ထိုးနှံသင့်သူများ
✔ ၆ လအထက်ကလေးများမှစ၍ လူကြီးများ
✔ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုစသည့် နာတာရှည်ရောဂါ အခံရှိသူများ
✔ ကိုယ်ခံအားနည်းစေသော ဆေးဝါးများမှီဝဲနေရသူများ
✔ ကိုယ်ဝန်ဆောင်မိခင်များ
✔ အသက်ကြီးသူများ (၆၅ နှစ်အထက်)
✔ ကလေးသူငယ်များနှင့် ကျောင်းသူကျောင်းသားများ
✔ လူများစွာနှင့် ထိတွေ့ဆက်ဆံရသော အလုပ်သမားများ (ဆရာဆရာမများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ)

📣WHO အသိအမှတ်ပြု တုပ်ကွေးကာကွယ်ဆေး
📣Cell-Cultured အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး တုပ်ကွေးကာကွယ်ဆေး
📣Egg allergy သမားများ စိတ်ချစွာထိုးနှံနိုင်တဲ့ တုပ်ကွေးကာကွယ်ဆေး
📣ကြက်ဥအခြေပြုကာကွယ်ဆေးများနဲ့ နှိုင်းယှဉ်လျှင် ဗိုင်းရပ်စ်မျိုးကွဲပြောင်းလဲမှုများ ဖြစ်နိုင်ချေနည်းပါးသော တုပ်ကွေးကာကွယ်ဆေး
📣Myanmar FDA အသိအမှတ်ပြု တုပ်ကွေးကာကွယ်ဆေးလည်း ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံထုတ် Influenza Vaccine ကို ယခုနှစ် ၂၀၂၅ ခုနှစ် မိုးရာသီအတွက် ထိုးနှံချင်တယ်ဆိုရင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း
ဗောဓိကုန်း(၁)လမ်း၊တိုက်ကြီးမြို့
ဖုန်း ~ 09 775 963 788

ဆေးခန်းပိတ်ရက်ကြေညာခြင်း🍀🍀🍀🍀🍀🍀🍀🍀🍀🍀(၁၂.၄.၂၀၂၄)တန်ခူးလပြည့်နေ့ မှ (၁၈.၄.၂၀၂၄) မြန်မာနှစ်ဆန်း နှစ်ရက်နေ့ အထိ ဆေးခန်းပိတ်ပါသ...
12/04/2025

ဆေးခန်းပိတ်ရက်ကြေညာခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
(၁၂.၄.၂၀၂၄)တန်ခူးလပြည့်နေ့ မှ (၁၈.၄.၂၀၂၄) မြန်မာနှစ်ဆန်း နှစ်ရက်နေ့ အထိ ဆေးခန်းပိတ်ပါသည်။

(၁၉.၄.၂၀၂၄) မနက်(၉)နာရီမှ ပုံမှန်အချိန်များအတိုင်း ဆေးခန်း ပြန်လည်ဖွင့်လှစ်ပါမည် ရှင်။


🍀မြန်မာနှစ်သစ်(၁၃၈၇)မှ စ၍ မိဘပြည်သူများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါး၍ ဘေးဆိုး ကပ်ဆိုးများမှ ကင်းဝေးပြီး နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း ....🍀

မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း မိသားစု မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ရှင်🙏🙏🙏

✨ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သတိပေးချက်ထုတ်ပြန်ခြ...
03/03/2025

✨ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သတိပေးချက်ထုတ်ပြန်ခြင်း✨

05/11/2024

မေတ္တာအေး ဆေးခန်း (တိုက်ကြီး)တွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်(အခမဲ့)
စစ်ဆေးနိုင်ပါတယ်။

"အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ (သို့မဟုတ်) မော်နာ”အခုတလောမှာ ပါးချိတ်ရောင်ရောဂါ (Mumps) ဖြစ်တဲ့ကလေးတွေ တော်တော်များမ...
04/11/2024

"အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ (သို့မဟုတ်) မော်နာ”

အခုတလောမှာ ပါးချိတ်ရောင်ရောဂါ (Mumps) ဖြစ်တဲ့ကလေးတွေ တော်တော်များများ တွေ့ရပါ တယ်။ မြန်မာလိုတော့ “မော်နာ” လို့လည်း ခေါ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေက ကူးစက်ပြီး ကျောင်းသားအရွယ် ကလေးတွေမှာ တွေ့ရပါတယ်။ ပါးချိတ်ရောင် (Mumps) က ဗိုင်းရပ်စ်ပိုးတစ်မျိုး ကြောင့် ဖြစ်တာပါ။ ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

​ဒီဗိုင်းရပ်စ်က လူခန္ဓာကိုယ်ထဲကို ဝင်ပြီးရင် လူ့ရဲ့ ပါးစပ်ထဲကို တံတွေးထည့်ပေးတဲ့ တံတွေး အကျိတ် (Salivary glands) တွေမှာ ထပ်မံပေါက်ပွားပြီး ဒီအကျိတ်တွေကို ရောင်ယမ်းစေပါတယ်။ အဓိက အကြီးဆုံး တံတွေးအကျိတ်ကတော့ နားရွက် အောက်ပိုင်း နားကပ်ပန်တဲ့ နေရာလေးရဲ့ ရှေ့၊ နောက်နဲ့ အောက်ဖက်မှာရှိတဲ့ ပဲရောတစ်အကျိတ် (Parotid gland) ပါ။ အဲ့ဒါအပြင် အောက်မေးရိုးရဲ့ ဘေး တဖက် တချပ် အတွင်းဖက်မှာလည်းကောင်း၊ လျှာခင်ရဲ့ ဘေးတစ်ဖက်တချက်မှာ လည်းကောင်း၊ တံတွေး အကျိတ်တွေရှိလို့ အဲ့ဒီနေရာတွေလည်း ရောင်ယမ်းနိုင်ပါတယ်။

​ဒီပါးချိတ်ရောင်ရောဂါရဲ့ ကူးစပ်ပုံကတော့ အဖြစ်များတဲ့ နှာစေး ချောင်းဆိုး၊ တုပ်ကွေးရောဂါနဲ့ ကိုဗစ်ကူးစပ်ပုံ အတိုင်းပါပဲ။ တံတွေးထဲမှာပါတဲ့ ဒီဗိုင်းရပ်စ်က နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် တံတွေးပေထါးတဲ့ လက်က တဆင့် အခြားလူတစ်ယောက်ဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ရောဂါလက္ခဏာ မပေါ်ခင် ရက်အနည်းငယ်နဲ့ ရောဂါလက္ခဏာပေါ်ပြီး ရက်အနည်းငယ်အထိ ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံ ရပြီး (၁၂) ရက်မှ (၂၅) ရက် အကြာမှာ ရောဂါလက္ခဏာတွေ စပေါ်လာတတ်ပါတယ်။ တစ်ခါဖြစ်ပြီးရင် တော့ တစ်သက်တာလုံး ကာကွယ်မှု ရပါတယ်။

​ရောဂါလက္ခဏာတွေကတော့ မျက်နှာရဲ့ တဖက်တချက်မှာရှိတဲ့ ပါးချိတ်တွေရောင်ပြီး နာလာတာ နဲ့ ပြပါတယ်။ တခါတလေ တဖက်တည်း၊ တခါတလေ တပြိုင်နက် ရောင်တတ်ပါတယ်။ နာလည်း နာပါ တယ်။ ဖိကြည့်ရင်လည်း နာပြီး အစာကို ဝါးစားတဲ့အခါမှာလည်း နာတတ်ပါတယ်။ တခြား လက္ခဏာ တွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် နာခြင်း၊ အာခေါင် ခြောက်ခြင်း၊ ဗိုက် အနည်းငယ်နာခြင်း၊ ခွန်အားလျော့ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ အပူကြီးခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
​ကုသမှုအနေနဲ့တော့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေနဲ့ ကုသလို့ မရပါဘူး။ နာတာနဲ့ ဖျားတာအတွက် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ပါရာစီတမောနဲ့ Ibuprofen တွေကို သုံးလို့ရပါ တယ်။ Ibuprofen ကို မသုံးခင်မှာတော့ သွေးလွန်တုပ်ကွေး မဟုတ်တာ သေချာဖို့ လိုပါတယ်။ အရင်က သုံးခဲ့တဲ့ အကိုက်အခဲပျောက်ဆေးတွေမှာပါတဲ့ Aspirin ပါတဲ့ဆေး တွေကို တော့ (၁၆) နှစ်အောက် ကလေးတွေမှာ မသုံး သင့်ပါဘူး။ အကျိတ်ပေါ်မှာ ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းတို့နဲ့ နာကျင်မှုကို အနည်းငယ် သက် သာအောင် လုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အများလုပ်နေတဲ့ မဲနယ်လိမ်းတာ၊ အခြားဆေး တွေ လိမ်းတာက အကျိုး မရှိပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါဆို‌တော့ လူ့ကိုယ်ခံအားက နိုင်သွားတာနဲ့ ပျောက်ကင်းသွားပါမယ်။ ပါးစပ်ကို သန့်အောင် ထားဖို့ လိုပါတယ်။ မကြာခဏ ဆားရည် နွေးနွေးနဲ့ ပလုပ်ကျင်းပေးတာက အကျိုးရှိပါတယ်။

​အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာ “ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” (MMR) ကာကွယ် ဆေးထိုးထားတဲ့ နိုင်ငံတွေမှာတော့ ဒီရောဂါကို ကလေးတွေမှာ တွေ့ရခဲပါတယ် (ဥပမာ-UK)။ ကာကွယ် ဆေး မရခဲ့တဲ့ အရွယ်တွေမှာ တွေ့ရပါတယ်။ သူတို့က ဒီကာကွယ်ဆေးကို (၁၉၈၈) ခုနှစ်ကတည်း ကစပြီး အားလုံးကို ထိုးပေးခဲ့တာပါ။
​ကျွန်တော်တို့ရဲ့ အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာတော့ (၉) လနဲ့ (၁၈) လအရွယ် ကလေး တွေမှာ “ဝက်သက်၊ ဂျိုက်သိုး” (MR) ကာကွယ်ဆေး ထိုးပေးထားပါတယ်။ “ပါးချိတ်ရောင်” မပါတဲ့ အတွက် ပါးချိတ်ရောင် ကာကွယ်မှု မရှိပါဘူး။ ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ “ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” ကာကွယ်ဆေးထိုးထားရင်တော့ ကာကွယ်မှု ရပါတယ်။ ဒါကတော့ လူအနည်းစုပဲ လက်လှမ်း မှီမှာပါ။

ဒီရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာတွေကတော့

(၁) ဝှေးစေ့ရောင်ခြင်း

​လူပျိုဖေါ်ဝင်ပြီး အရွယ်တွေမှာ ပါးချိတ်ရောင် ဖြစ်ခဲ့ရင် (၃) ယောက်မှ (၁) ယောက်လောက်က ဝှေးစေ့ရောင်တတ်ပါတယ်။ များသောအားဖြင့် တစ်ဖက်ပဲ ရောင်တယ်၊ နာတယ်၊ ဖျားတတ်ပါတယ်။ ပါးချိတ်ရောင်ပြီး (၄) ရက်က (၈) ရက်လောက်မှာ ဖြစ်တတ်ပါတယ်။ အနာသက်သာတဲ့ ဆေးသောက်၊ ဝှေးစေ့ကို ပင့်မထားနိုင်တဲ့ အောက်ခံဘောင်းဘီဝတ်၊ အိပ်တဲ့အချိန်မှာ ကပ္ပါယ်အိတ်အောက်မှာ အဝတ် တစ်ခုခံထား၊ ရေခဲကပ်ခြင်းဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ သိပ်ဆိုးရင်တော့ နီးရာ ဆရာဝန် ပြရမှာပါ။ ဒီလိုဖြစ်ဖူးတဲ့ အမျိုးသားတွေမှာ သုတ်ကောင်ရေ လျော့တာရှိပေမဲ့ ကလေးမရတဲ့ အထိတော့ အင်မတန်ဖြစ်ခဲပါတယ်။

(၂) အမျိုးသမီး သားဥအိမ်ရောင်ခြင်း

​မိန်းကလေးတွေမှာတော့ ဝမ်းဗိုက် အောက်ပိုင်း တဖက်တချက်မှာရှိတဲ့ သားဥအိမ် (O***y) ရောင်ယမ်းတာ ဖြစ်နိုင်ပါတယ်။ ဒါဖြစ်ရင်တော့ ဖျားခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာခြင်းတွေ ဖြစ်နိုင်ပါ တယ်။

(၃) မုန့်ချိုအိတ် ရောင်ခြင်း (Pancreatitis)

၂၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ပါတယ်။ အဖျားကြီးခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသားဝါခြင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဆေးရုံတင် ကုသဖိုတော့ လိုပါတယ်။

(၄) ဦးနှောက်အမြှေးရောင်ခြင်း

​ဇက်တောင့်ခြင်း၊ အလင်းရောင် ကြည့်မရခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ (၄) ယောက်မှာ (၁) ယောက်လောက် ဖြစ်နိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရတော့ အဲဒီ လောက် မတွေ့ရပါဘူး။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်လိုလည်း ပြင်းထန် ခြင်း မရှိပါဘူး။

(၅) ဦးနှောက်ရောင်ခြင်း (Encephalitis)

​ဒါကတော့ ဦးနှောက်တစ်ခုလုံး ရောင်တဲ့အတွက် ပိုပြီး ပြင်းထန်ပါတယ်။ ၁၀၀၀ မှာ ၁ ယောက်လောက်သာ ဖြစ်ပါတယ်။ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ သတိလစ်ခြင်း၊ တက်ခြင်း စတာ တွေ ရှိတတ်ပါတယ်။ ဆေးရုံတင် ကုသဖို့ လိုပြီး တခါတရံ အထူးကြပ်မတ်ဆောင်ကို ရောက်နိုင်ပါတယ်။

(၆) အကြားအာရုံ ထိခိုက်ခြင်း

​၂၅ ယောက်မှာ ၁ ယောက်လောက်ကတော့ နားလေးတာ ခဏ ဖြစ်နိုင်ပါတယ်။ အကြားအာရုံကို ရေရှည်ထိခိုက်တာကတော့ ၂၀,၀၀၀ မှ ၁ ယောက်လောက်ပဲ ရှိပါတယ်။

​အခုတလောမှာ ပါးချိတ်ရောင်ရောဂါနဲ့ ကလေးတွေကို အများအပြား တွေ့ရပါတယ်။ နောက် ဆက်တွဲ ဆိုးကျိုးနဲ့ ဆေးရုံတက်ရတဲ့ ကလေးတချို့လည်း ရှိပါတယ်။

​ကျွန်တော်တို့ ကလေးတော်တော်များများက အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာ “ဝက် သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” ကာကွယ်ဆေး မရထားပါဘူး။ “ဝက်သက်၊ ဂျိုက်သိုး” ပဲ ရထားပါတယ်။ ဒါကလည်း ကုန်ကျစရိတ်နဲ့ ရရှိတဲ့အကျိုးကိုတွက်ပြီး စီစဉ်ပေးထားရတာ ဖြစ်လို့ပါ။

​အများစုကတော့ အလွယ်တကူပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ ရှားရှားပါးပါး နောက်ဆက်တွဲ ရောဂါတွေဖြစ်ရင်လည်း စနစ်တကျ ကုသမှု ခံယူဖို့လိုပါတယ်။
​ပါးချိတ်ရောင် ရန်ဘေး ကင်းဝေးပါစေ။

ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ဆိုတာကင်ဆာမဖြစ်သေးပါဘူး! ဒါပေမယ့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ကနေ ၅နှစ်ကနေ၁၀နှစ်အကြာမှာတော့...
27/08/2024

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ဆိုတာကင်ဆာမဖြစ်သေးပါဘူး!

ဒါပေမယ့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ကနေ ၅နှစ်ကနေ၁၀နှစ်အကြာမှာတော့ ကင်ဆာအဖြစ်ပြောင်းလဲသွားနိုင်တာကြောင့် အကြိုအဆင့်ရှိမရှိစစ်ဆေးမှုခံယူပြီး ရှိနေခဲ့တယ်ဆို ကုသမှုခံယူသင့်ပါတယ်။

❗❗❗ကင်ဆာမဖြစ်ခင် အကြိုအဆင့်မှာတွေ့ရှိခဲ့မယ်ဆို ပျောက်ကင်းအောင်ကုသဖို့ မခက်ခဲသလို ကင်ဆာမဖြစ်အောင်လည်း အချိန်မီတားဆီးနိုင်ပါတယ်။

ကင်ဆာအကြိုအဆင့်အတွက် ကုသမှုနည်းလမ်းကလဲ ဆေးရုံတက်စရာမလိုပဲ ပြင်ပလူနာအဖြစ်နဲ့ကုသလို့ရတဲ့အပြင် ကုသမှုကြောင့် နာကျင်တာမျိုးလဲမရှိပါဘူး။ဘေးထွက်ဆိုးကျိုးနည်းတာကြောင့် ကုသပြီးချက်ချင်းပဲ ပုံမှန်အိမ်အလုပ်တွေ လုပ်ကိုင်နိုင်ပါတယ်။

အနာကအနည်းငယ်ပိုကြီးတယ်ဆိုရင်တော့ အမျိုးသမီးဆေးရုံကြီးတွေမှာ သားဖွားမီးယပ်ဆရာဝန်က Colposcopy လို့ခေါ်တဲ့ မှန်ပြောင်းနဲ့အစခြစ်ကြည့်ပြီးစစ်ဆေးပါတယ်။

အသားစအဖြေက အကြိုအဆင့်ဆိုရင် လျှပ်စစ်ကိရိယာလေးနဲ့ မကောင်းတဲ့ တစ်ရှူး အပိုင်းကိုပဲ ဖယ်ထုတ်ရတာဖြစ်ပြီး သားအိမ်တစ်ခုလုံး ထုတ်ပစ်ဖို့မလိုအပ်ပါဘူး။
သားအိမ်ခေါင်းကင်ဆာဖြစ်တော့မှကုသရတယ်ဆိုရင်တော့ ကင်ဆာမပျံ့ပွါးအောင် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ဆေးသွင်းကုသခြင်းစတဲ့နည်းလမ်းတွေနဲ့ ကုသရပြီး လူနာအတွက် ကုသမှုပိုပြင်းထန်သလို ငွေကုန်ကြေးကျလဲ ပိုများပါတယ်။

❗❗❗ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ဆိုတာ ကင်ဆာမဖြစ်သေးတာကြောင့် အသက် ၃၀ မှ ၄၉ နှစ်အတွင်း အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကို ပုံမှန်စစ်ဆေးမှုခံယူခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါမဖြစ်သွားအောင် ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

✨မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း တွင် သားအိမ်ခေါင်း အကြိုကင်ဆာ ရှိ/မရှိ အခမဲ့ စစ်ဆေးနိုင်ပါပြီ။စစ်ဆေးချင်သူများ ဆေးခန်းဖ...
09/07/2024

✨မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း တွင် သားအိမ်ခေါင်း အကြိုကင်ဆာ ရှိ/မရှိ အခမဲ့ စစ်ဆေးနိုင်ပါပြီ။

စစ်ဆေးချင်သူများ ဆေးခန်းဖုန်းသို့
ကြိုတင် စာရင်းပေးနိုင်ပါတယ်။
📞09775963788

✨ဆေးခန်းဖွင့်ချိန်✨
မနက် (၉)နာရီ မှ (၁၂)နာရီ
ညနေ(၄)နာရီ မှ (၆)နာရီ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ စစ်ဆေးရမှာကြောက်နေတာလား?

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ အဓိကကျတဲ့ သားအိမ်ခေါင်းစစ်ဆေးမှု ခံယူရမှာကို ကြောက်ကြတဲ့သူတွေ၊ ငွေကုန်ကြေးကျများမှာ စိုးရိမ်နေတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ ရိုးရှင်းပြီးလွယ်ကူစွာသားအိမ်ခေါင်းစစ်ဆေးမှုပြုလုပ်နိုင်တဲ့ VIA နည်းလမ်းလေးကို ပြောပြပေးမှာပါ။

Visual Inspection with Acetic acid (VIA)နဲ့ သားအိမ်ခေါင်းစစ်ဆေးတဲ့အခါ
- စစ်ဆေးခံမယ့်သူက ကုတင်ပေါ်မှာသက်သောင့်သက်သာလဲလျောင်းနေရပါမယ်။
- စစ်ဆေးမယ့်ကျန်းမာ‌ရေးဝန်ထမ်းက ဆေးရည်တမျိုးကို သားအိမ်ခေါင်းမှာသုတ်လိမ်းပါတယ်။
- တစ်မိနစ်ခန့်စောင့်ဆိုင်းပြီး သားအိမ်ခေါင်းအရောင်ပြောင်းလဲခြင်းကိုကြည့်ပြီး ကင်ဆာအကြိုအဆင့် ဖြစ်နေပြီလားဆိုတာကို ကြည့်တာဖြစ်ပါတယ်။
- သံသယရှိရင်လည်း တစ်ခါတည်း အသားစစစ်‌ဆေးခြင်းမျိုးပြုလုပ်နိုင်ပါတယ်။

လွယ်ကူရိုးရှင်းမြန်ဆန်သလို စက်ကိရိယာဓါတ်ခွဲခန်းတွေ မရှိတဲ့ ကျေးလက်ဒေသတွေမှာ အသုံးပြုဖို့သင့်တော်ပြီး ငွေကုန်ကြေးကျလည်း အများကြီးသက်သာပါတယ်။

✨သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ကနေ ၅နှစ်-၁၀နှစ်အတွင်း ကင်ဆာအဆင့်ပြောင်းသွားနိုင်ပြီး စောစောသိလေ အကျိုးကျေးဇူးများလေဖြစ်တာကြောင့် ရှက်ကြောက်မနေဘဲ ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကြောင့် မလိုလားအပ်တဲ့ အသက်အန္တရာယ်ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

✨သင်က အသက် ၃၀ က ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုရင် အနည်းဆုံးတစ်ခေါက်လောက် သားအိမ်ခေါင်းကင်ဆာစစ်‌ဆေးကြည့်လိုက်ပါနော်။

ဆေးခန်းပိတ်ရက်ကြေညာခြင်း🍀🍀🍀🍀🍀🍀🍀🍀🍀🍀(၁၃.၄.၂၀၂၄)သင်္ကြန်အကြိုနေ့ မှ (၁၇.၄.၂၀၂၄) မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ဆေးခန်းပိတ်ပါသည်...
12/04/2024

ဆေးခန်းပိတ်ရက်ကြေညာခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
(၁၃.၄.၂၀၂၄)သင်္ကြန်အကြိုနေ့ မှ (၁၇.၄.၂၀၂၄) မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ဆေးခန်းပိတ်ပါသည်။

(၁၈.၄.၂၀၂၄) မနက်(၉)နာရီမှ ပုံမှန်အချိန်များအတိုင်း ဆေးခန်း ပြန်လည်ဖွင့်လှစ်ပါမည် ရှင်။


🍀မြန်မာနှစ်သစ်(၁၃၈၆)မှ စ၍ မိဘပြည်သူများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါး၍ ဘေးဘယကင်းဝေးစွာဖြင့် မိမိချစ်ရသူများနှင့်ပါအတူတကွ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း ....🍀

မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း မိသားစု မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ရှင်🙏🙏🙏

💉ရာသီတုပ်ကွေးကာကွယ်ဆေး(2024)ထိုးချင်သူများ "မေတ္တာအေး" အထွေထွေရောဂါကုဆေးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ..မိုးမက...
03/04/2024

💉ရာသီတုပ်ကွေးကာကွယ်ဆေး(2024)
ထိုးချင်သူများ "မေတ္တာအေး" အထွေထွေရောဂါကုဆေးခန်းတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ..

မိုးမကျခင်လေးမှာ ရာသီတုပ်ကွေးကာကွယ်ဆေးလေး ကြိုတင်ထိုးထားကြရအောင်...👍

🍀Vaxigrip Tetra (2024) 🍀

ရာသီတုပ်ကွေးကာကွယ်ဆေး
(Vaxigrip Tetra) ကို

✅ဘယ်သူတွေ ထိုးလို့ရမလဲ?

*အသက် ၆ လမှ စ၍ ထိုးလို့ရပါတယ်။

*ကိုယ်ဝန်ဆောင် မိခင်များ ထိုးထားပါက မွေးလာသော ကလေးလေးကို ၆ လ အထိ ထိုးစရာ မလိုပါဘူး။

*နို့တိုက်မိခင်များ ထိုးလို့ရပါတယ်။

*G6PD ရှိသူများ ၊ကျောက်ကပ်၊နှလုံး ၊သွေးတိုး ၊ဆီးချို ၊ဂေါက် ၊သွေးလေးဖက်နာ စသည့် ရောဂါအခံရှိသူများလည်း ထိုးလို့ရပါတယ်။

✅ဘယ်လိုထိုးရမလဲ?

*အသက် ၉ နှစ်အောက်ကလေးများ

ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍

၂ ကြိမ် ထိုးနှံပေးရပါမယ်
(0,1 month)

*နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။

*ကျန်တဲ့သူများကတော့ တစ်နှစ်ကို
တစ်ကြိမ် ထိုးပေးရပါမယ်။

✅ဘာတွေရှောင်ရမလဲ?

*Egg albumin ,neomycin စတာတွေနဲ့ ဓါတ်မတည့်သူတွေ ထိုးလို့ မရပါဘူး။

*ဖျားနေသူများအဖို့ နေကောင်းသက်သာမှ ထိုးရပါမယ်။

ဆေးထိုးပြီးရင်ရော

*ထိုးသည့်နေရာ အောင့်ခြင်း၊
ယောင်ယမ်းခြင်း၊ခေါင်းကိုက်ခြင်း၊
နုံးခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာလေးတွေကို တစ်ချို့ ခံစားရပါမယ်။

ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးများကိုဖြင့် ယခုထိ မတွေ့ဖူးသေးပါ။

✅ဘာတွေကာကွယ်မလဲ?

နှစ်စဉ်နှစ်တိုင်းအဖြစ်များတဲ့

1️⃣H1N1

2️⃣H3N2

3️⃣Washington

4️⃣Phuket

Strain 4 မျိုး

ထိုးပြီးပြီးချင်း ရောဂါပိုးကို ပြန်တိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်/ဆေးအာနိသင် (antibody ) က (၂) ပတ်ကြာမှ ထွက်တာဖြစ်လို့ ဆေးစောထိုးထားတာက အကောင်းဆုံးပါ။

တခြားကာကွယ်ဆေးတွေနဲ့ရော
Inactivated vaccine ဖြစ်တာကြောင့်
opposite site မှာထိုးလျှင် ရပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ တစ်ပတ်ခြားထိုးလျှင် စိတ်ချရပါတယ်။

❌သွေးလွန်တုပ်ကွေးရောဂါကို
မကာကွယ်နိုင်ပါဘူးနော်။

🏥"မေတ္တာအေး"
အထွေထွေရောဂါကုဆေးခန်း
ဗောဓိကုန်း(၁)လမ်း၊ဗောဓိကုန်းရပ်ကွက်
တိုက်ကြီးမြို့

🕘ဆေးခန်းဖွင့်ချိန်
မနက် (၉)နာရီ မှ (၁၂)နာရီ
ညနေ (၄)နာရီ မှ (၆)နာရီ

လပြည့် ၊ လကွယ်နေ့တိုင်း ဆေးခန်းပိတ်ပါသည်။

📞 09261467074
📞 09775963788
သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီရှင်။

📩 Page Cb မှတဆင့်လဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
03/04/2024

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Address

ဗောဓိကုန်း(၁)လမ်း ၊ ဗောဓိကုန်းရပ်ကွက်၊, တိုက်ကြီးမြို့
Taikkyi

Opening Hours

Monday 09:00 - 12:00
16:00 - 18:00
Tuesday 09:00 - 12:00
16:00 - 18:00
Wednesday 09:00 - 12:00
16:00 - 18:00
Thursday 09:00 - 12:00
16:00 - 18:00
Friday 09:00 - 12:00
16:00 - 18:00
Saturday 09:00 - 12:00
16:00 - 18:00
Sunday 09:00 - 12:00
16:00 - 18:00

Telephone

+959444103783

Website

Alerts

Be the first to know and let us send you an email when မေတ္တာအေး အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share