𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦

  • Home
  • Myanmar
  • Tamwe
  • 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦

𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 Wisdom Pharma Co., Ltd is officially registered as a trading company and one of the members of MPMEEA. Pharma Wisdom Co. Ltd - Company Registration No. 125256384

💦 သင်္ကြန်ဆိုတာ အတာရေအေးနဲ့ နှစ်ဟောင်းက စိတ်အညစ်အကြေးတွေကို ဆေးကြောရုံတင်မကဘဲ စိတ်သစ်၊ လူသစ်နဲ့ ကုသိုလ်ယူရမယ့် နှစ်သစ်ကူ...
13/04/2026

💦 သင်္ကြန်ဆိုတာ အတာရေအေးနဲ့ နှစ်ဟောင်းက စိတ်အညစ်အကြေးတွေကို ဆေးကြောရုံတင်မကဘဲ စိတ်သစ်၊ လူသစ်နဲ့ ကုသိုလ်ယူရမယ့် နှစ်သစ်ကူး အချိန်အခါကောင်းတစ်ခုပါ။ 🙏❤️
မိသားစုဝင်တွေ စုံစုံလင်လင်နဲ့ မုန့်လုံးရေပေါ် အတူတူလုံးကြတာ၊ ရပ်ကွက်ထဲဝေဖို့ စတုဒီသာမုန့်တွေကို တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်ကြတာဟာ သင်္ကြန်ရဲ့ မရှိမဖြစ် ချစ်စရာ့ဓလေ့လေးတွေပဲ ဖြစ်ပါတယ်။ 💝

ဒါတင်မကသေးဘဲ နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲပြုလုပ်တာနဲ့ အလှူအတန်းတွေပြုပြီး ကုသိုလ်ယူကြတာကလည်း မြန်မာတို့ရဲ့ ကြည်နူးစရာအကောင်းဆုံး အချိန်အခါလေးတွေပါပဲ …


ဒီနှစ်သင်္ကြန်မှာ ရေပက်ခံထွက်ရင်း ပျော်ရွှင်ကြမယ့်သူတွေရော၊ အိမ်မှာပဲ မိသားစုနဲ့အတူ အေးအေးလူလူ အနားယူမယ့်သူတွေပါ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်ရှင် 🙏✨

နှစ်သစ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာ အချိန်တွေ ပိုမိုရရှိပြီး ဘေးဘယာဝေးကွာကာ ကျန်းမာလန်းဖြာနိုင်ကြပါစေလို့ Pharma Wisdom Co., Ltd. မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🥰❤️

#နှစ်သစ် #သင်္ကြန် #ဆုတောင်း

ဒီနေ့ March 20 မှာ ကျရောက်တဲ့ World Oral Health Day မှာ 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝 မှ လူကြီးမင်းတို့ရဲ့ မိသားစုဝင်အားလုံး စိတ...
20/03/2026

ဒီနေ့ March 20 မှာ ကျရောက်တဲ့ World Oral Health Day မှာ 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝 မှ လူကြီးမင်းတို့ရဲ့ မိသားစုဝင်အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လှပတဲ့ အပြုံးကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ကျန်းမာတဲ့ ခံတွင်းကတစ်ဆင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ကြပါစေရှင် ။

"ကျန်းမာတောက်ပတဲ့ အပြုံးတစ်ခုဟာ လူတစ်ယောက်ရဲ့ အဖိုးတန်ဆုံး ရတနာပါပဲ။"

#ခံတွင်းကျန်းမာရေး

"မနက်နိုးနိုးချင်း မျက်လုံးမပွင့်ခင်မှာတင် သင့်လက်က ဖုန်းကို အလိုလို လိုက်စမ်းနေမိပြီလား?                               ...
12/03/2026

"မနက်နိုးနိုးချင်း မျက်လုံးမပွင့်ခင်မှာတင် သင့်လက်က ဖုန်းကို အလိုလို လိုက်စမ်းနေမိပြီလား?

တစ်နေ့တာရဲ့ ပထမဆုံး စက္ကန့်အနည်းငယ်ကို တခြားသူတွေရဲ့ Update တွေကြည့်ရင်း စတင်နေရတာဟာ သိသိသာသာ စိတ်ပင်ပန်းစေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ ။ အမြဲတမ်း ပင်ပန်းသလိုလို၊ အာရုံစူးစိုက်မရသလိုလို ဖြစ်နေပြီဆိုရင် Digital Detox လုပ်ပြီး ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ လိုနေပါပြီ။

Digital Detox လုပ်ရင် ဘာတွေထူးခြားလာမလဲ ?

📌 ဦးနှောက် ကြည်လင်လာမယ် ။
📌 သူများဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်နေမိတဲ့ စိတ်ပူပန်မှုတွေ ငြိမ်းသွားပါလိမ့်မယ်။
📌 အိပ်ခါနီး ဖုန်းမကြည့်ဘဲ နေကြည့်ပါ။ မနက်ခင်းမှာ ပိုပြီး လန်းဆန်းနေတာကို သတိထားမိပါလိမ့်မယ်။
📌 ဖုန်းမျက်နှာပြင်အစား ချစ်ရတဲ့သူတွေရဲ့ မျက်နှာကို ကြည့်ပြီး စကားပြောဖို့ အချိန်ပိုထွက်လာပါမယ်။

ဒီလိုရလဒ်တွေ ခံစားဖို့ Digital Detox ကို ဘယ်လိုလုပ်ရမလဲဆိုရင်

✔ ထမင်းစားချိန်မှာ ဖုန်းမသုံးပါနဲ့။
✔ အိပ်ရာမဝင်ခင် ၁ နာရီအလို ဖုန်းမကြည့်ပါနဲ့ ။
✔ မလိုအပ်တဲ့ Notification တွေ အကုန်ပိတ်ထားပါ။

"Digital နည်းပညာဆိုတာ မိမိတို့ရဲ့ ဘဝကို အထောက်အကူပြုဖို့ပဲ ဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ အချိန်တွေကို ဝါးမျိုသွားတဲ့ အရှင်သခင် မဖြစ်ပါစေနဲ့။

ဒါ့ကြောင့် တခါတလေမှာ Digital နည်းပညာတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ခြင်းက ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်မိဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ✨

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.National Business Manager - (1) Post• A...
17/02/2026

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠
Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.

National Business Manager - (1) Post

• Able to build strong relation with KOLs, Purchasers & Customers.
• Able to create new ideas for branding of both OTC & Ethical Products.
• Able to perform to achieve the sale target.
• Responsible for implementing marketing strategies to drive brand growth, increase customer engagement, and achieve key performance goals.
• Participate in the development of operating goals and objectives to enhance all the operation performances.
• Establish and monitor KPIs for product performance and promotional effectiveness.

Requirements

• Any graduated (Medical graduate is more preferred).
• At least 5 years experience as Regional Business Manager in pharmaceutical field.
• Strong communication and leadership skills.
• Interpersonal and influencing skills.
• Must be able to travel.

-------------------------------------
Medical Digital Manager - (1) Post

Key Responsibilities

• Plan and organize public health talks and awareness programs.
• Coordinate with doctors and healthcare professionals for speaking sessions.
• Plan and execute medical events, seminars, and symposiums.
• Manage event promotions through digital platforms.
• Develop a 1-year content calendar for medical talk sessions.
• Monitor engagement, audience feedback, and performance metrics.
• Support brand-building activities in the healthcare sector.

Requirements

• Any graduated (Medical graduate is more preferred).
• 2-5 years experience in medical marketing, healthcare marketing, or digital marketing.
• Experience organizing medical events or symposiums is preferred.
• Strong communication skill, presentation skill and technical skill.
• Good planning and organizational skills.

If you are interested, please send your resume via
Email - eikhaingphyopharmawisdom@gmail.com, htetsabenaingamethyst@gmail.com
Viber - 09 797117897, 09 966300878

🏮 Happy Chinese New Year 🏮 ဒီနေ့မှာ ကျရောက်တဲ့ 2026 ပျော်ရွှင်စရာ တရုတ်နှစ်ကူးခါသမယမှာ Pharma Wisdom မိသားစုမှ ချစ်ခင်ရပ...
16/02/2026

🏮 Happy Chinese New Year 🏮

ဒီနေ့မှာ ကျရောက်တဲ့ 2026 ပျော်ရွှင်စရာ တရုတ်နှစ်ကူးခါသမယမှာ Pharma Wisdom မိသားစုမှ ချစ်ခင်ရပါသော Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨

တရုတ်ရိုးရာနှစ်ကူးမှာ လက်ဆင့်ကမ်းလာတဲ့ ဓလေ့ရိုးရာနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေထဲက တချို့ကိုလည်း ဝေမျှပေးချင်ပါတယ်။

🍊 လိမ္မော်သီးနှင့် "ရွှေ"

လိမ္မော်သီးကို တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးခြင်းဟာ "ရွှေ" (Wealth) ကို ပေးကမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါဟာ တစ်ဦးရဲ့ကံကောင်းခြင်းကို နောက်တစ်ဦးထံ မျှဝေပေးပြီး နှစ်ဦးစလုံး စီးပွားဥစ္စာ တိုးတက်စေဖို့ နိမိတ်ကောင်းကို ဆောင်ပါတယ်။

🧧 အနီရောင်စာအိတ်နှင့် "ဟုန်ပေါင်း" (Blessing & Protection)

ဟုန်ပေါင်း (သို့မဟုတ်) အန်ပေါင်း ပေးခြင်းဟာ ငွေကြေးပမာဏထက် "အနီရောင်စာအိတ်" ရဲ့ အကာအကွယ်ပေးနိုင်စွမ်းကို ပိုမိုအလေးထားပါတယ်။ ဘေးအန္တရာယ်ကင်းဝေးစေဖို့နဲ့ နောင်နှစ်တစ်လျှောက်လုံး လာဘ်လာဘတွေ အစဉ်မပြတ် စီးဝင်စေဖို့ ဆုတောင်းခြင်း အနှစ်သာရကို ဆောင်ပါတယ်။

ကံကောင်းခြင်းတွေသာမက ကြွယ်ဝခြင်းတွေနဲ့ပါ ပြည့်စုံတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️

Xin Nian Kuai Le! Wan Shi Ru Yi!

#တရုတ်နှစ်ကူး #ဆုတောင်း

"စည်းလုံးခြင်းသည် အင်အား၊ အသိပညာသည် ကျန်းမာခြင်း"ယနေ့ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် မြန်မာတဝှမ်းလ...
12/02/2026

"စည်းလုံးခြင်းသည် အင်အား၊ အသိပညာသည် ကျန်းမာခြင်း"

ယနေ့ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် မြန်မာတဝှမ်းလုံးရှိ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨., 𝐋𝐭𝐝 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🥰❤️

တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရင်း၊ မှန်ကန်သော ကျန်းမာရေးအသိပညာများဖြင့် သာယာဝပြောသည့် လူနေမှုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ထပ်လောင်းဆုတောင်းပေးလိုက်ပါရစေရှင် … 🌟

#ပြည်ထောင်စုနေ့ #ဆုတောင်း

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.Regional Sales Manager - 1 Post (For Ya...
16/01/2026

𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭, 𝐔𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐇𝐢𝐫𝐢𝐧𝐠
Career Opportunity at 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨.,𝐋𝐭𝐝.

Regional Sales Manager - 1 Post (For Yangon)

• Any Graduate
• Should have minimum 3 years experience as Sales Manager in Pharmaceutical company.
• Responsible for implementing marketing strategies to drive brand growth, increase customer engagement, and achieve key performance goals.
• Participate in the development of operating goals and objectives to enhance all the operation performances.
• Coordinating and organizing the product evaluations.
• Internal and external communication, cross functional management, territory management, team member development.
• Initiative, Leadership skill and proper follow up skill
• Computer literate (MS Word, Excel, Power point, Internet/E-mail)
• Must be able to travel around in local

Any Interested candidates can send their CV
𝐄𝐦𝐚𝐢𝐥 - mr.kyawkyaw.mandalay@gmail.com

💁‍♀️ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ သွေးတွင်းသကြားဓာတ်က မဖြစ်မနေ တိုင်းတာစစ်ဆေးနေကျ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ သွေးတွင်းသက...
10/01/2026

💁‍♀️ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ သွေးတွင်းသကြားဓာတ်က မဖြစ်မနေ တိုင်းတာစစ်ဆေးနေကျ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် ပမာဏကို အစားမစားခင်၊ လေ့ကျင့်ခန်းမလုပ်ခင်၊ အိပ်ရာဝင်ချိန်၊ သွေးတွင်းသကြားဓာတ် နည်းနေတယ်လို့ ခံစားရချိန်တွေမှာ တိုင်းတာစစ်ဆေးလေ့ ရှိကြပါတယ်။

တစ်ရက်တာမှာ စားသုံးလိုက်တဲ့ အစားအစာ၊ ပြုလုပ်လိုက်တဲ့ လှုပ်ရှားမှုအခြေအနေပေါ် မူတည်ပြီး သွေးတွင်းသကြားဓာတ် ပြောင်းလဲမှုကို သိရှိနိုင်ဖို့ တိုင်းတာစစ်ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်...

🔹 မနက်အိပ်ရာထ အစားမစားခင် တစ်ခေါက်စစ်ပြီး စာရွက်ပေါ်မှာ ချရေးထားပါ။
🔹 အစားအသောက် စတင်စားတဲ့အချိန်မှ ၂ နာရီအကြာကို Timer မှတ်ထားပါ။
🔹 ၂ နာရီကြာတဲ့အခါ တစ်ခေါက်ထပ်စစ်ပြီး စာရွက်ပေါ်မှာ ချရေးပါ။
🔹 တိုင်းတာမှတ်ထားတဲ့ အဖြေနှစ်ခုကို နှိုင်းယှဉ်စစ်ဆေးကြည့်ပါ။

ဒီလိုနည်းလေးအတိုင်း အိပ်ယာမဝင်ခင်အချိန်၊ အားကစားမလုပ်ခင်နဲ့ အားကစားလုပ်ပြီးချိန်၊ နေမကောင်းဖြစ်တဲ့ အချိန်တွေမှာလည်း ပြောင်းလဲသွားတဲ့ သွေးတွင်း သကြားဓာတ်ကို နှိုင်းယှဉ် စစ်ဆေးကြည့်နိုင်ပါတယ်။

ဆီးချို သွေးချိုရောဂါနဲ့ ပတ်သက်တဲ့ နေထိုင်မှုပုံစံများ၊ စားသောက်မှုပုံစံများ၊ ဆောင်ရန်ရှောင်ရန် စတဲ့ ကျန်းမာရေး ဗဟုသုတများကို လစဉ် ပထမအပတ်တိုင်းမှာ Pharma Wisdom Page မှတဆင့် တင်ဆက်ပေးသွားမှာပဲဖြစ်လို့ စောင့်မျှော်အားပေးဖို့ မမေ့ပါနဲ့ဦးနော် 💙

🔰 𝐃𝐢𝐚-𝐒𝐜𝐨𝐮𝐭 အကြောင်း အသေးစိတ်ဖတ်ရှုရန် - https://bit.ly/3O38nZb
🔰 မှာယူရန် - http://m.me/wisdomretailstore

Pharma Wisdom Co., Ltd မှ Team အသစ်များ တိုးချဲ့ရန်အတွက် ဝန်ထမ်းသစ်များ ခေါ်ယူနေပါသည်။ Product Executive - 3 Posts (For ...
06/01/2026

Pharma Wisdom Co., Ltd မှ Team အသစ်များ တိုးချဲ့ရန်အတွက် ဝန်ထမ်းသစ်များ ခေါ်ယူနေပါသည်။

Product Executive - 3 Posts (For Yangon)

Job Descriptions -

- Assist the development and implementation of respective team promotion skills through knowledge and skills training.
- Support the product and trade marketing plans and the achievement of respective product sales.
- Responsible for planning, organizing, leading and controlling of all events activities such as new product launching, symposium, conferences, webinars, CME, etc.
- Develop materials POSM and training materials and programs and look for potential new products development.
- Responsible to plan and design promotion materials and tools in time, and develop literatures to maximize brand awareness and for effective brand communications
- Provide product training to all the respective departments and teams as per requirement.
- Supporting the team with the product promotion advice.
- Responsible for market analysis and survey and managing assigned product life cycle and price strategies
- Monitor to competitive product development, innovative market development and effective brand activation activities to maximize brand Pharma
- Coordinate to develop marketing plan with concerned Marketing Manager and Business Manager

Requirements -

- Any medical related degree holders and preferable B.Pharm or M.B.B.S or B.N.Sc.
Good computer skills including Microsoft outlook, excel, word and PowerPoint.
- Minimum 2 years of experience in related pharmaceutical promotion and marketing.
- Ability to manage the team to get sales achievement, knowledge development and promotion skills.
- High advanced planning skills and analytical skills, team building, brand building, initiatives on target, employee motivation, working on innovative ideas.

Benefits
- Salary is negotiable depending on experiences
- Other Allowances

Any Interested candidates can send their CV
𝐄𝐦𝐚𝐢𝐥 - 𝐡𝐫𝐞𝐚𝐦𝐞𝐭𝐡𝐲𝐬𝐭𝐡𝐨@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐞𝐢𝐤𝐡𝐚𝐢𝐧𝐠𝐩𝐡𝐲𝐨𝐩𝐡𝐚𝐫𝐦𝐚𝐰𝐢𝐬𝐝𝐨𝐦@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐕𝐢𝐛𝐞𝐫/ 𝐏𝐡 - 𝟎𝟗 𝟐𝟔𝟒𝟗𝟕𝟖𝟗𝟔𝟒, 𝟎𝟗 𝟕𝟗𝟓𝟗𝟎𝟎𝟗𝟓𝟖

Happy New Year 2026  🎉🤩                                                                                                 ...
31/12/2025

Happy New Year 2026 🎉🤩
နှစ်သစ်ရောက်ပြီဆိုတော့ Pharma Wisdom မိသားစုကလည်း နှစ်သစ်မှာ အားလုံးပဲ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာ လန်းဖြာနေနိုင်ဖို့ စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🥰

ကိုယ့်ကိုယ်ကို ချစ်တဲ့အနေနဲ့ နေမကောင်းဖြစ်မှ ဆေးသောက်တာထက် နေကောင်းနေတုန်းမှာ ပိုကျန်းမာအောင် နေထိုင်တာက အကောင်းဆုံးပဲနော်။

ဒါကြောင့် လာမယ့် 2026 မှာ ကျန်းမာရေးကို ဒီထက်ပိုပြီး ဂရုစိုက်ကြရအောင်လားရှင် ❤️

Pharma Wisdom ကတော့ 2026 မှာလည်း မိတ်ဆွေတို့အတွက် စိတ်ချရတဲ့ ဆေးဝါးလေးတွေနဲ့အတူ အမြဲအသင့် ရှိနေပေးမှာပါ 🤝

အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်လေး ပိုင်ဆိုင်ကြပါစေ 🎊

အားလုံးကို ချစ်ခင်လေးစားလျက်... 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 𝐂𝐨., 𝐋𝐭𝐝 ❤️🎊



Merry Christmas 🎄                                                                                                  "Wish...
25/12/2025

Merry Christmas 🎄 "Wishing you a Merry Christmas filled with love, laughter, and all the things that make your heart happy."

🌟 သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်ပြီး ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်နိုင်ဖို့အတွက်ဆို ငယ်ရွယ်စဉ် ပျိုးထောင်မှုက အ...
22/12/2025

🌟 သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်ပြီး ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်နိုင်ဖို့အတွက်ဆို ငယ်ရွယ်စဉ် ပျိုးထောင်မှုက အရေးအကြီးဆုံးပါပဲနော် မေမေတို့ရေ...

ဒါကြောင့်မို့ ငယ်ရွယ်စဉ်တည်းက အလေ့အကျင့်ကောင်းတွေကို ဖြည်းဖြည်းချင်း သင်ကြားပေးပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသန်မာဖို့၊ ကိုယ်ခံစွမ်းအား ပြည့်ဝကျန်းမာဖို့၊ မှတ်ဉာဏ်စွမ်းအင် တိုးတက်ကောင်းမွန်စေဖို့ Lyso-D အားဆေးရည်ကို ပုံမှန်တိုက်ပေးဖို့လည်း လိုတယ်နော် 😉

All in One အားဆေးတစ်လက် Lyso-D က Lysine, Zinc နဲ့ Vitamin A, Vitamin C, Vitamin D, Vitamin E, Vitamin B Complex တို့ အချိုးကျကျ ပေါင်းစပ်ပါဝင်လို့

⚡️ အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေခြင်း
⚡️ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
⚡️ မှတ်ဉာဏ်စွမ်းအင် တိုးတက်ကောင်းမွန်စေခြင်း
⚡️ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးခြင်း

စတဲ့ အကျိုးကျေးဇူးတွေကို ဆေး (၁) မျိုးတည်းနဲ့ ရရှိစေမယ့် ပြီးပြည့်စုံတဲ့ အားဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

💁‍♀️Lyso-D ကို အားဆေးရည်အမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး (၁) ဘူးမှာ 200 ml ပါဝင်ပါတယ်။ Made in India ဖြစ်ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန - Food and Drug Administration, Myanmar ၏ ထောက်ခံချက်ရရှိပြီးဖြစ်လို့ စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်။ 🧡

မှာယူရန် - http://m.me/pharmawisdomofficialmyanmar / http://m.me/wisdomretailstore

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter
Tamwe
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959250069643

Alerts

Be the first to know and let us send you an email when 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐏𝐡𝐚𝐫𝐦𝐚 𝐖𝐢𝐬𝐝𝐨𝐦:

Share