Sayar Khant ဆရာခန့် ဗေဒင်ယတြာ

Sayar Khant ဆရာခန့် ဗေဒင်ယတြာ ဇာတာစစ်ဆေးခြင်း ယတြာ ပေးခြင်းတို့အား ဆွေးနွေးနိုင်ပါသည်

11/10/2023

မိတ်ဆွေရဲ့ညာဘက်လက်ဝါးလေးကိုမှောက်ကြည့်လိုက်ပါ လက်ညိူးသည်လက်သန်းကြွယ်ထက်တိုနေရင် အစိုးရဝန်ထမ်းအလုပ်များတွင်ခေါင်းဆောင်မဖြစ်နိုင်ပါ။ကုမ္မဏီဝန်ထမ်း သူတပါး၏အုပ်ချုပ်မူု့အောက်တွင်လုပ်ကိုင်သောအရပ်သားဝန်ထမ်းအကျိုးမပေးပါ။ထိုပုဂ္ဂိုလ်များသည်ကိုယ်ပိုင်အလုပ်ဖြင့်ကြီးပွားချမ်းသာတတ်ကြသည်။တပိုင်တနိုင်လုပ်ငန်းလေးများနှင့်လဲလွန်စွာအကျိုးပေးသည်။လက်ညိူးသည်လက်သန်းကြွယ်နှင့်တန်းတူဖြစ်လျှင် ပိုပြီးရှည်လျားလျှင် အုပ်ချုပ်သူဝန်ထမ်းဖြစ်တတ်သည်။သူတပါးအပေါ်ဦးဆောင်ရတတ်သည်။သြဇာအာဏာရှိတတ်သည်။
Sayar Khant09420387898viber

ပြသနာအခက်အခဲများ အမြန်ဆုံးပြေလည်လိုပါက ကြက်ဥတစ်လုံးပေါ်မှာပြသနာများပြေလည်ပါစေလို့ရေးပါ။ရေးပီးလျှင် ဆန်အိတ်ထဲတစ်ညမြူုပ်ပါ...
10/10/2023

ပြသနာအခက်အခဲများ အမြန်ဆုံးပြေလည်လိုပါက ကြက်ဥတစ်လုံးပေါ်မှာပြသနာများပြေလည်ပါစေလို့ရေးပါ။ရေးပီးလျှင် ဆန်အိတ်ထဲတစ်ညမြူုပ်ပါ။မနက်မိုးလင်းလျှင်ထိုကြက်ဥအားခွဲပြီးကြော်ပါ။ဆွမ်းနှင့်ကြက်ဥကျော်အားဘုရားကပ်လူုပါ။သောက်တော်ရေတစ်ခွက်နှင့်အတူကပ်လူုပါ။အဆင်ပြေလာပါလိမ့်မည်။

၆လပိုင်းတုန်းကရွေးပေးဖြစ်ခဲ့တဲ့ကလေးနာမည်ပေးလေးပါ။တနဂ်နွေသမီးလေးပါ။ဖွားဇာတာကသိုက်ဖွားဖြစ်ပြီး သူ့ရဲ့စန်းယှဥ်နက္ခတ်ကတော့ စ...
09/10/2023

၆လပိုင်းတုန်းကရွေးပေးဖြစ်ခဲ့တဲ့ကလေးနာမည်ပေးလေးပါ။တနဂ်နွေသမီးလေးပါ။ဖွားဇာတာကသိုက်ဖွားဖြစ်ပြီး သူ့ရဲ့စန်းယှဥ်နက္ခတ်ကတော့ စိတြနက္ခတ်ပါ။ပညာရဲရင့်ပွဲလယ်တင့်တတ်သည့်စန်းယှဥ်နက္ခတ်ဖြစ်ပြီး ရိုးရိုးနက္ခတ်ကတော့ လူနက္ခတ်ပါ။ပညတတ်ကြီးဖြစ်တတ်တဲ့နက္ခတ်အမျိုးအစားထဲပါပါတယ်။

07/10/2023

စျေးဆိုင်များ စားသောက်ဆိုင်များ onlineမှအရောင်းအဝယ်လုပ်သူများ အစစအရာရာအဆင်ပြေစေရန် ဗုဒ္ဓဟူးနေ့မနက်၆နာရီနဲ့၇း၃၀ကြားတွင် မိမိဆိုင်ရှေ့ မိမိအိမ်ရှေ့တွင်စံပယ်ပင်တစ်ပင်စိုက်ရပါ။စံပယ်ပင်မစိုက်ခင် ရေဖလားသန့်သန့်တစ်ခု၌ရွှေရည် ငွေရည်ပြုလုပ်ရန် ရွှေ ငွေပြား ငွေဆွဲကြိုးအားရေစိမ်ထားပါ။စံပယ်ပင်စိုက်ပြီးလျှင် ရေစိမ်ထားသောရွှေရည်ငွေရည်ဖြင့်အပင်အားလောင်းပါ။မေတ္တာသုတ်၁၁ခေါက်ရွတ်ပြီးလောင်းပါ။ရှင်အောင်သေချာစိုက်ပါ။ထိုစံပယ်ရှင်လာပါက မိမိမှာအရောင်းအဝယ်ကောင်းခြင်း အော်ဒါရခြင်း မိမိပစ္စည်းများအားလူသိများလာခြင်းစသည်တို့နှင့်ကြုံရပါမည်။အရောင်းအဝယ်များပိုပြီးအဆင်ပြေလာပါမည်။
Sayar Khant09420387898

04/10/2023

ငွေများမိမိထံဝင်လာစေရန်နှင့် မိမိလက်ဝယ်တွင်ရှိသောငွေများဆီလိုအပေါက်ရှာပြီးမထွက်စေရန် မနက်စောစောတွင် မိမိအိမ်ရှေ့မျက်နှာစာသို့သွားပါ။သွားပြီးရင် မိမိ၏ဘယ်ဘက်လက်ဖဝါးအား ညာဘက်လက်ခလယ်နှင့်ကဟုရေးပါ။မိမိ၏ညာဘက်လက်ဝါးအားဘယ်ဘက်လက်ခလယ်နှင့် ယ ဟုရေးပါ။ရေးပီးရင်မိမိ၏ဘယ်ညာလက်ချောင်း၅ ချောင်းဆီအား အတတ်နိုင်ဆုံးကားပြီး လက်ခုပ်တီးပါ။တီးနေသောအချိန်တွင်မိမိပါးစပ်မှ ငွေတွေငွေတွေငါ့ဆီလာခဲ့လို့ပြောတီးပါ။မာန်ပါပါတီးပါ။ယတြာလုပ်တာရှက်စရာမဟုတ်ပါ။ပြောပြသောယတြာအားသေချာလုပ်ပါကအကျိုးထူးများသိသာစွာရရှိလာပါလိမ့်မည်။
Sayar Khant 09420387898

Address

Magway
Taungdwingyi
04018

Telephone

+959420387898

Website

Alerts

Be the first to know and let us send you an email when Sayar Khant ဆရာခန့် ဗေဒင်ယတြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share