ရီရ်ယု အရိုးအကြောဆစ် နှင့် ပြန်လည်သန်စွမ်းရေး စင်တာ ၊တောင်ကြီးမြို့

  • Home
  • Myanmar
  • Taunggyi
  • ရီရ်ယု အရိုးအကြောဆစ် နှင့် ပြန်လည်သန်စွမ်းရေး စင်တာ ၊တောင်ကြီးမြို့

ရီရ်ယု အရိုးအကြောဆစ် နှင့် ပြန်လည်သန်စွမ်းရေး စင်တာ ၊တောင်ကြီးမြို့ ဆေးထိုးဆေးသောက်ခြင်းဖြင့် မဟုတ်ပဲ Physiotherapy စက်ကြီးများနှင့် လေ့ကျင့်ခန်း ကုထုံးများဖြင့် ကုသသည်

လေဖြတ်လူနာတိုင်း “Medically stable “ဖြစ်ပြီဆိုတာနဲ့ သမားတော်ကြီးများမှ ဆေးရုံက ဆင်းခွင့်ပြုကြပါတယ်… 👉ဆေးရုံက ဆင်းပြီး (၃...
11/02/2026

လေဖြတ်လူနာတိုင်း “Medically stable “ဖြစ်ပြီဆိုတာနဲ့

သမားတော်ကြီးများမှ ဆေးရုံက ဆင်းခွင့်ပြုကြပါတယ်…

👉ဆေးရုံက ဆင်းပြီး (၃-၆)လ အတွင်းဟာ
နေ့စဉ် အဓိပ္ပါယ်ရှိစွာ ရှင်သန်နိူင်ဖို့အတွက်
လေ့ကျင့်သင့်တဲ့ “ Golden Period “ ပါ၊

👉 ဒီလို အရေးကြီးတဲ့ အချိန်မှာ

🔆လေဖြတ်လူနာတိုင်းအတွက် သီးသန့် ပြုလုပ်ထားတဲ့ “Stroke Recovery Room “

🔆ထိရောက်တဲ့ လေ့ကျင့်ကုသမှု နည်းလမ်းများ၊

🔆ခေတ်မီ Physiotherapy စက်ကုထုံးများ၊

🔆နှစ်(၂၀) ကျော် ဝါရင့်အတွေ့အကြုံရှိပြီးသား Physiotherapist များနဲ့ ဖွဲ့စည်းထားတဲ့

Ree Youth Stroke Team နဲ့ ချိတ်ဆက်ကာ

Stroke Treatment Services & Package

ရယူနိူင်ပါပြီ။

>> လူနာ ရဲ့ ကုသမှု လိုအပ်တဲ့ Package Plan များအကြောင်း အသေးစိတ် သိရှိလိုပါက
Physiotherapist များနှင့် ( Counseling Fee -FOC အခမဲ့ ) ဖြင့် ဆွေးနွေးတိုင်ပင်နိူင်ပါတယ်ရှင်

📮Ree Youth - Physiotherapy & Recovery Center

တိုက်အမှတ် (၃၀၀)၊ ရှုမျှော်ခင်းလမ်းသွယ် (ပန်းလှိုင်ဆေးရုံ နောက်ကျောလမ်း) ၊ သစ်တောရပ်၊
တောင်ကြီးမြို့

☎️ 09444187371, 09797543577

ဓါတ်မှန်ရဲ့ အဖြေ (or) လက်တွေ့ဘဝ
09/02/2026

ဓါတ်မှန်ရဲ့ အဖြေ (or) လက်တွေ့ဘဝ

📸 ဓာတ်မှန်အဖြေက အရာအားလုံးကို ပြောပြနိုင်သလား? (The MRI Myth)

"ဆရာ... ကျွန်တော့် MRI အဖြေကြီးက ကြောက်စရာကြီး၊ အရိုးတွေ ပွန်းနေပြီတဲ့"
လူနာတွေ စိုးရိမ်တကြီး ပြလာတဲ့အခါ ကျွန်တော် အမြဲ ပြောပြလေ့ရှိပါတယ်။
"ဓာတ်မှန်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ပုံတစ်ပုံ (Selfie) သက်သက်ပါပဲ။"

📸 The "Grey Hair" Analogy (ဆံပင်ဖြူ သဘောတရား)

အသက် ၄၀ ကျော်လာရင် ဆံပင်ဖြူတာ သဘာဝပါ။ ဆံပင်ဖြူလို့ ခေါင်းကိုက်တာ မဟုတ်ပါဘူး။
ထိုနည်းတူပါပဲ... MRI မှာ မြင်ရတဲ့ "အရိုးနုပါးခြင်း၊ အရိုးအတက်ထွက်ခြင်း" ဆိုတာတွေဟာ "ခါးရိုးရဲ့ ဆံပင်ဖြူတွေ" (Signs of Aging) ပါပဲ။
ဒါဟာ ရောဂါမဟုတ်ပါဘူး၊ အိုမင်းခြင်း ဖြစ်စဉ်တစ်ခုပါ။

🚫 What MRI can't show (ဓာတ်မှန်က မပြောပြနိုင်သောအရာ)

ဓာတ်မှန်က အရိုးကိုပဲ မြင်ရပါတယ်။
၁။ သင့်ကြွက်သားတွေ ဘယ်လောက် အားနည်းနေလဲ?
၂။ သင့်အကြောတွေ ဘယ်လောက် တောင့်တင်းနေလဲ?
၃။ သင့်နာကျင်မှုက ဘယ်လောက် ပြင်းထန်လဲ?
ဒါတွေကို ဓာတ်မှန်က မပြောပြနိုင်ပါဘူး။

💡 Treat the Man, Not the Scan

ကမ္ဘာကျော် သုတေသနတွေအရ... ခါးလုံးဝ မနာတဲ့သူတွေကို MRI ရိုက်ကြည့်တဲ့အခါ ၆၀% လောက်မှာ "Disc ပြား လွတ်ထွက်တာ" တွေ တွေ့ရပါတယ်။

ဆိုလိုတာက... ဓာတ်မှန်အဖြေ မကောင်းတိုင်း ခါးနာမယ်လို့ မဆိုလိုပါဘူး။

ဒါကြောင့် ဓာတ်မှန်အဖြေကို ကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့။
သင့်ခါးက ဓာတ်မှန်ထဲက ပုံထက် ပိုပြီး သန်မာပါသေးတယ်။ 💪

03/02/2026

Palsy (မျက်နှာတခြမ်းရွဲ့ခြင်း ) အတွက်
လေ့ကျင့်ခန်း လုပ်တဲ့အချိန်

“ မြန်မြန် ပြန်ကောင်းအောင် “

👉 မှန်ရှေ့မှာ လုပ်ပါ

👉 မျက်နှာကြွက်သားလေးတွေဖြစ်လို့ Emotions နဲ့ ချိတ်ဆက်လုပ်ဆောင်ပေးပါ

👉External Stimuli ( ဥပမာ- ရနံ့/ ဂီတ) သုံးပြီး ကျင့်ပါ
…………………………………………………………………..




➿➿➿➿➿➿➿➿➿➿➿➿➿➿➿
Ree Youth - Physiotherapy & Recovery Center

🏥📩 Ree Youth - Physiotherapy & Recovery Center

စင်တာ (၁) - တိုက်အမှတ် (၃၀၀)၊ ရှုမျှော်ခင်းလမ်းသွယ် (ပန်းလှိုင်ဆေးရုံ နောက်ကျောလမ်း) ၊ သစ်တောရပ်၊
တောင်ကြီးမြို့၊
☎️ 09444187371

စင်တာ (၂) - မြို့လည် ၂ ရပ်၊ စျေးမီးပွိုင့်နောက်တလမ်း၊ ရွေအင်လေး အိမ်ဆောက်ပစ္စည်းဆိုင် ကပ်ရပ်၊
ညောင်ရွှေမြို့
☎️ 09401519118
………………………………………….
Online : Viber - 09797543577 ➰➰➰➰➰➰➰➰➰➰➰➰➰➰➰

02/02/2026


01/02/2026

ျက်နှာတခြမ်းရွဲ့တယ်ခံစားလာရပြီဆိုလျှင်

“Facial Palsy/Bell’s Palsy(မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း)”-မနက်အိပ်ယာနိုးလို့ပဲဖြစ်ဖြစ်၊ ရုတ်တရက်ပဲဖြစ်ဖြစ် မျက်နှာတစ်ခြမ...
30/01/2026

“Facial Palsy/Bell’s Palsy(မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း)”

-မနက်အိပ်ယာနိုးလို့ပဲဖြစ်ဖြစ်၊ ရုတ်တရက်ပဲဖြစ်ဖြစ် မျက်နှာတစ်ခြမ်းလှုပ်ရှားမရတာမျိုး ၊ထုံနေတာမျိုး၊ရွဲ့နေတာမျိုးဖြစ်ဖူးပါသလား?
ဒီလိုဆိုရင် မျက်နှာရှိအာရုံကြော ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

⚠️ဘာလက္ခဏာတွေတွေ့ရတတ်လဲ?
▪️မျက်လုံးမပိတ်နိုင်ခြင်း၊မျက်စိခြောက်
ခြင်း၊မျက်တောင်မခတ်နိုင်ခြင်း
▪️ပါးစပ်ရွဲ့သွားခြင်း
▪️မျက်နှာတစ်ခြမ်းထုံနေသလိုခံစားရခြင်း
▪️ရေသောက်လျှင် ပါးစပ်ထောင့်မှစီးကျ
ခြင်း
▪️လျှာထုံခြင်း


ဒီလိုတွေခံစားနေရပြီဆိုရင်
❌မလုပ်သင့်တာတွေက ဘာလဲ?
▪️မျက်နှာကို ပြင်းပြင်းထန်ထန်နှိပ်ခြင်း
▪️အရမ်းပူလွန်းသောအရာများဖြင့် မျက်နှာကို
ကပ်ခြင်း၊ကြပ်ထုပ်ထိုးခြင်း
▪️စောင့်ကြည့်မယ်ဆိုပြီး မကုသဘဲထားခြင်း
ဒါတွေကို လုံးဝရှောင်ရပါမယ်။

✨ဘာတွေလုပ်ရမလဲ?ပြန်ကောင်းနိုင်လား?
▪️ပြန်ကောင်းနိုင်ပါတယ်
စောစောဆေးကု+Physio(လေ့ကျင့်ခန်း)
လုပ်ရင်အပြည့်နီးပါး ပြန်ကောင်းနိုင်ပါတယ်။
အထူးသဖြင့် ၇၂ နာရီ (သုံးရက်)အတွင်း ကုသ
ရန် အရမ်းအရေးကြီးပါတယ်။

❗️မကုသဘဲထားရင် ဘာတွေဖြစ်နိုင်လဲ❓
▪️မျက်စိပျက်စီးနိုင်တယ်(အရေးအကြီးဆုံး
အန္တရာယ်ပါ)
▪️မျက်နှာမညီညာဖြစ်နေမယ်
▪️မျက်နှာလှုပ်ရှားမှုတွေမထိန်းနိုင်သလိုဖြစ်
မယ်(synkinesis)
▪️အစာစားဖို့ ခက်ခဲလာမယ်
▪️လူရှေ့မထွက်ချင်တော့ပဲ စိတ်ပိုင်းဆိုင်ရာ
ပြဿနာတွေ ဖြစ်လာနိုင်တယ်။

Stroke (လေဖြတ်ခြင်း)နဲ့ မတူတာက များသောအားဖြင့် လက်၊ခြေ မလှုပ်နိုင်တာ/စကားမပြောနိုင်တာမျိုး မဖြစ်ပါဘူး။ရောဂါလက္ခဏာတွေ ဆင်တူနေတတ်တာမို့ ကျွမ်းကျင်ရာဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။

👉ဒါကြောင့်မို့ မျက်နှာတစ်ခြမ်းရွဲ့ခြင်း လက္ခဏာတွေ ဖြစ်လာပြီဆိုရင် မစောင့်ပါနဲ့ စောစောကုသဖို့အရေးကြီးပါတယ်။
(၇၂)နာရီအတွင်း ဆေးခန်းပြပြီး မျက်နှာလေ့ကျင့်ခန်းများ ပြန်လုပ်ဖို့အရမ်းအရေးကြီးပါတယ်👈
➿➿➿➿➿➿➿➿➿➿➿➿
Facial Palsy ခံစားနေရသော လူနာတိုင်း
ရောဂါဝေဒနာမှ အမြန်ဆုံးသက်သာပျောက်ကင်းကာ လှပကျန်းမာပျော်ရွှင်ပါစေကြောင်း

Ree Youth - Physiotherapy & Recovery Center
မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏
➿➿➿➿➿➿➿➿➿➿➿➿➿➿➿
Ree Youth - Physiotherapy & Recovery Center

🏥📩 Ree Youth - Physiotherapy & Recovery Center

စင်တာ (၁) - တိုက်အမှတ် (၃၀၀)၊ ရှုမျှော်ခင်းလမ်းသွယ် (ပန်းလှိုင်ဆေးရုံ နောက်ကျောလမ်း) ၊ သစ်တောရပ်၊
တောင်ကြီးမြို့၊
☎️ 09444187371

စင်တာ (၂) - မြို့လည် ၂ ရပ်၊ စျေးမီးပွိုင့်နောက်တလမ်း၊ ရွေအင်လေး အိမ်ဆောက်ပစ္စည်းဆိုင် ကပ်ရပ်၊
ညောင်ရွှေမြို့
☎️ 09401519118
………………………………………….

☎️ Viber : 09797543577

မျက်နှာတခြမ်းရွဲ့နေတယ်လို့ ခံစားလာရပြီဆိုရင်.. ဘာလုပ်သင့်ပါသလဲ👇👇👇👇👇👇👇👇👇👇👇“နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရပါမယ်...
29/01/2026

မျက်နှာတခြမ်းရွဲ့နေတယ်လို့ ခံစားလာရပြီဆိုရင်.. ဘာလုပ်သင့်ပါသလဲ👇👇👇👇👇👇👇👇👇👇👇
“နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရပါမယ်”
.
မျက်နှာ တခြမ်း မလှုပ်ရှားနိူင်ခြင်း၊ ရွဲ့ခြင်း၊ထုံခြင်း၊ စတဲ့ လက္ခဏာများ ခံစားရခြင်း အကြောင်းရင်းသည်

👉မျက်နှာ အာရုံကြော ရောင်ရမ်းခြင်းကြောင့် ဖြစ်နိူင်သလို၊ ဦးနှောက်ပြသနာကြောင့်လည်း ဖြစ်နိူင်ပါတယ်

ဒါ့အပြင်

တခြား အဖုအကြိတ်ကင်ဆာလက္ခဏာ၊ ကိုယ်တွင်းရောဂါလက္ခဏာများနှင့်လည်း ဆက်စပ်နေနိူင်တာကြောင့်…

🔆မှန်ကန်တဲ့အဖြေကို အမြန်ဆုံးရှာဖွေနိူင်ဖို့ ဆေးရုံသွားပါ၊

🔆ရလာတဲ့ အဖြေပေါ်မူတည်ပြီး (72) hours အတွင်း အကောင်းဆုံးကုသမှု ရရှိစေဖို့ ဆေးရုံသွားပါ လို့
အကြံပြုပေးပါတယ် ။

➰➰➰➰➰➰➰➰➰➰➰➰➰➰➰
လူနာ တဦးတယောက်ချင်းဆီတိုင်း မှန်ကန်မြန်ဆန်ထိရောက်တဲ့ ကုသမှု ရရှိပါစေကြောင်း
Ree Youth - Physiotherapy & Recovery Center
မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏
➿➿➿➿➿➿➿➿➿➿➿➿➿➿➿

Ree Youth - Physiotherapy & Recovery Center

🏥📩 Ree Youth - Physiotherapy & Recovery Center

စင်တာ (၁) - တိုက်အမှတ် (၃၀၀)၊ ရှုမျှော်ခင်းလမ်းသွယ် (ပန်းလှိုင်ဆေးရုံ နောက်ကျောလမ်း) ၊ သစ်တောရပ်၊
တောင်ကြီးမြို့၊
☎️ 09444187371

စင်တာ (၂) - မြို့လည် ၂ ရပ်၊ စျေးမီးပွိုင့်နောက်တလမ်း၊ ရွေအင်လေး အိမ်ဆောက်ပစ္စည်းဆိုင် ကပ်ရပ်၊
ညောင်ရွှေမြို့
☎️ 09401519118
………………………………………….
Online : Viber - 09797543577 ➰➰➰➰➰➰➰➰➰➰➰➰➰➰➰

28/01/2026

ဒီလိုတွေ ခံစားနေရရင် အရင်ဆုံး ဘာလုပ်သင့်သလဲ???
(Bell’s Palsy: Episode 1)

တောင်ကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးစင်တာအတွက် “အကူအမျိုးသမီး “( Full Time/ Part Time) or“Nurse Aid “ ( Full Tim...
27/01/2026

တောင်ကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးစင်တာအတွက်
“အကူအမျိုးသမီး “( Full Time/ Part Time) or
“Nurse Aid “ ( Full Time/ Part Time)
လိုအပ်နေပါတယ်

👉ပညာအရည်အချင်း -(8) တန်းအောင် နှင့်အထက်

👉 အလုပ်ချိန် - မနက် (8 နာရီ) - ညနေ (6 နာရီ) or အချိန်ပိုင်း (ညှိုနှိုင်း)

👉 လစာ - အလုပ်ချိန်ပေါ်မူတည်ပြီး ညှိနှိုင်းနိူင်ပါသည်

👉 စုံစမ်းရန် cb or Viber 09787543577

လူနာတိုင်း အကျိုးရှိစေမယ့် “ Physio.KoLamg” Page
25/01/2026

လူနာတိုင်း အကျိုးရှိစေမယ့် “ Physio.KoLamg” Page

ခါးဆစ်ကျွံရင် ဘာလုပ်ရမလဲ?
(တစ်ပုံတည်းဖြင့် အဖြေရှာပါ) 🟢🟡🔴

မနေ့ကပုံတင်ပြီးတဲ့နောက် စိုးရိမ်ပြီး
မေးခွန်းတွေများလာလို့
ဒီ "လမ်းပြမြေပုံ (Roadmap)" လေးကို
အနှစ်ချုပ် ဆွဲပေးလိုက်ပါတယ်။

ခါးနာ၊ ခြေထောက်ကျဉ်တဲ့အခါ...
ကြောက်စိတ်မလွန်ကဲဘဲ သိပ္ပံနည်းကျ
ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ
ဒီပုံမှာ ကြည့်ပါ။

🔴 အနီရောင်ဇုန် (Red Flags): ဒီလက္ခဏာတွေရှိရင် အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံကို ချက်ချင်းသွားပါ။ (ဒါမျိုးက အရမ်းဖြစ်ခဲပါတယ်)

🟡 အဝါရောင်ဇုန် (Mistakes): အိပ်ရာထဲ ရက်ရှည်လဲနေတာက သက်သာတာကို ပိုနှေးစေပါတယ်။ မကြောက်ပါနဲ့။

🟢 အစိမ်းရောင်ဇုန် (Action Plans): လူနာ ၉၀% က ဒီလမ်းကြောင်းအတိုင်း သွားရင် ခွဲစိတ်စရာမလိုဘဲ ပြန်
ကောင်းလာပါလိမ့်မယ်။

"လှုပ်ရှားမှုက ဆေးပါ (Motion is Lotion)"။

ဒီပုံလေးကို သင့်ဖုန်းထဲမှာ Save ထားပြီး ခါးနာနေတဲ့ မိတ်ဆွေတွေရှိရင် Share ပေးလိုက်ကြပါဦး။

Welcome 2026!!!!2026 နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေကြောင်း Ree Youth - Physiotherapy & Recovery Centerမှ ဆုမွန်ကောင်းတ...
31/12/2025

Welcome 2026!!!!

2026 နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေကြောင်း
Ree Youth - Physiotherapy & Recovery Center
မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏
➿➿➿➿➿➿➿➿➿➿➿➿➿➿➿
Ree Youth - Physiotherapy & Recovery Center

🏥📩 Ree Youth - Physiotherapy & Recovery Center

စင်တာ (၁) - တိုက်အမှတ် (၃၀၀)၊ ရှုမျှော်ခင်းလမ်းသွယ် (ပန်းလှိုင်ဆေးရုံ နောက်ကျောလမ်း) ၊ သစ်တောရပ်၊
တောင်ကြီးမြို့၊
☎️ 09444187371

စင်တာ (၂) - မြို့လည် ၂ ရပ်၊ စျေးမီးပွိုင့်နောက်တလမ်း၊ ရွေအင်လေး အိမ်ဆောက်ပစ္စည်းဆိုင် ကပ်ရပ်၊
ညောင်ရွှေမြို့
☎️ 09401519118
………………………………………….
Online : Viber - 09797543577 ➰➰➰➰➰➰➰➰➰➰➰➰➰➰➰

Address

Sao San Htun Street, MyoMa Quarter , Shan State
Taunggyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959444187371

Website

Alerts

Be the first to know and let us send you an email when ရီရ်ယု အရိုးအကြောဆစ် နှင့် ပြန်လည်သန်စွမ်းရေး စင်တာ ၊တောင်ကြီးမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရီရ်ယု အရိုးအကြောဆစ် နှင့် ပြန်လည်သန်စွမ်းရေး စင်တာ ၊တောင်ကြီးမြို့:

Share