ဆု-အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း

  • Home
  • Myanmar
  • Taunggyi
  • ဆု-အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း

ဆု-အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း Physiotherapy&Rehabilitation Services

1.1.2024 မှ 28.2.2024 ထိ ဆေးခန်းပိတ်ပါတယ်ရှင့်See u on March 2024
01/01/2024

1.1.2024 မှ 28.2.2024 ထိ ဆေးခန်းပိတ်ပါတယ်ရှင့်

See u on March 2024

အကြောအဆစ်နှင့် ပတ်သက်သော အထောက်အကူပြု ပစ္စည်း အမျိုးမျိုးကို တောင်ကြီးမြို့ ' ဆု ' ဆေးခန်းတွင် ဈေးနှုန်းသက်သာမှန်ကန်စွာဖ...
03/01/2023

အကြောအဆစ်နှင့် ပတ်သက်သော အထောက်အကူပြု ပစ္စည်း အမျိုးမျိုးကို တောင်ကြီးမြို့ ' ဆု ' ဆေးခန်းတွင် ဈေးနှုန်းသက်သာမှန်ကန်စွာဖြင့် ဝယ်ယူ နိုင်ပါသည်ရှင့်။

☎️ 09788380633 , 09944026204



06/09/2022

👉🏻 ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိလူနာများအတွက် သတင်းကောင်းလေးပါးပါရစေရှင့်
​👉🏻 'ဆု' ဆေးခန်းအား 7.6.2022 မှစတင်၍
နေ့စဉ် မနက် ၉နာရီမှ ညနေ ၆နာရီ ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်ရှင့်။
​👉🏻👉🏻❤️ 9.6.2022 မှ 9.7.2022 ထိ ဆေးခန်းသို့လာရောက်သောလူနာများအား ကုသမှုကုန်ကျစရိတ်ရဲ့ 30% discount ပေးနေပါပြီမလို့ မြန်မြန်သာပြေးလာခဲ့ဖို့ သတင်းကောင်းပါးအပ်သည်ရှင့်။
#30%discount

ကုသမှုခံယူနိုင်သော ရောဂါများ
👉🏻 လည်ပင်း ကျီးပေါင်းတက်ခြင်း
👉🏻 ပခုံးအရွက် ရောင်ရမ်းခြင်းကြောင့် လက်မြှောက်၍မရခြင်း
👉🏻 ပခုံးကပ်ခြင်း
👉🏻 တံတောင်ဆစ်၊လက်ကောက်ဝတ် နှင့် လက်ချောင်းအဆစ်များ ရောင်ရမ်းနာကျင်ခြင်း
👉🏻 ခါး ကျီးပေါင်းတက်ခြင်း
👉🏻 ခါးကြော ညှပ်ခြင်း
👉🏻 တင်ပါးခွက် နှင့် ခြေထောက်တလျှောက် နာကျင်ကိုက်ခဲခြင်း ၊ ထုံကျင်ခြင်း ၊ အချိန်ကြာကြာ မတ်တပ်ရပ်၍မရခြင်း
👉🏻 ဒူး နာခြင်း နှငိ့ ဒူး ကျီးပေါင်းတက်ခြင်း
👉🏻 ခြေကျင်းဝတ် အရွတ်ရောင်ခြင်း
👉🏻 ခြေဖနောင့် အတက်ထွက်ခြင်းကြောင့် နာကျင်ခြင်း
👉🏻 လေးဘက်နာ အဆစ်ရောင်ရမ်းခြင်း
👉🏻 မျက်နှာတခြမ်းရွဲ့ခြင်း
👉🏻 လေဖြတ်ခြင်း
👉🏻 အရိုးကျိုး၍ ခွဲစိတ်ပြီးနောက်ပိုင်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြုလုပ်နိုင်စေရန် လေ့ကျင့်ပေးခြင်း
👉🏻 ကလေးငယ်များ ဖွံ့ဖြိုးမှုနောက်ကျခြင်း(eg. Cerebral palsy, Down's syndrom, Delay Mile Stone )
👉🏻 မသန်စွမ်းမှုများအတွက် စနစ်တကျ လေ့ကျင့်ပေးခြင်း
👉🏻 ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း Normal delivery မွေးမည့်မိခင်များအတွက် မွေးဖွားရလွယ်ကူစေမည့် လေ့ကျင့်ခန်းများသင်ကြားပေးခြင်း
👉🏻 အိပ်ရာထဲတွင် နာတာရှည်လဲနေရသည့် လူနာများ အတွက်လည်း ပြန်လည်ထူထောင်ရေးကို စနစ်တကျသင်ကြားပေးခြင်း။

🤗 Hello ဒီနေ့ပြောပြပေးချင်တာကတော့ အဖြစ်များကြတဲ့ ' ခေါင်းဖြီးလို့မရဘူး ၊ ဘော်လီချိတ်တပ်မရဘူး၊ လက်မြှောက်လို့မရဘူး ' ဆိုတ...
24/06/2022

🤗 Hello ဒီနေ့ပြောပြပေးချင်တာကတော့ အဖြစ်များကြတဲ့ ' ခေါင်းဖြီးလို့မရဘူး ၊ ဘော်လီချိတ်တပ်မရဘူး၊ လက်မြှောက်လို့မရဘူး ' ဆိုတဲ့ အဓိက တရားခံဖြစ်တဲ့ ပုခုံးကပ်ခြင်း (Frozen shoulder ) ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင့်

❓❓ ပုခုံးကပ်ခြင်းဆိုတာ ပခုံးအဆစ်မှာ ဖုံးအုပ်ထားတဲ့ အရွတ်ရောင်ရမ်းခြင်းကြောင့် နာကျင်ခြင်း၊ တောင့်တင်းနေခြင်း ၊ လှုပ်ရှားရခက်ခြင်းတို့ဖြစ်ပါတယ်။ အသက် ၄၀ကျော်ပိုင်း တွေမှာ ဖြစ်ကြပြီး အမျိုးသမီးများမှာ အမျိုးသားများထက် အဖြစ်များကြပါတယ်။

❓❓ဖြစ်စေနိုင်တဲ့အကြောင်းအရင်းများ
(၁) ဟော်မုန်းနှင့် ပတ်သတ်သောရောဂါရှိသူများ
(၂) ဆီးချိုရောဂါရှိသူများ
(၃) နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
(၄) သိုင်းရွိက်ဂလင်း ကောင်းစွာအလုပ်မလုပ်ခြင်း
(၅) ပါကင်ဆန်ရောဂါ ရှိသူများ
(၆) လှုပ်ရှားမှုနည်းသူများ (လေဖြတ်ထားသူများ၊ ခွဲစိတ်မှုခံယူထားသူများ)

❓❓ လက္ခဏာများ
- ပုခုံးနာကျင်ခြင်း။
- ပုခုံးလှုပ်ရှားမှုအပြည့်အဝမရခြင်း။
- ခေါင်းဖြီးရခက်ခဲခြင်း။
- အတွင်းခံအင်္ကျီချိတ် ဖြုတ်ရခက်ခြင်း။
- နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရခက်ခြင်း။

ပုခုံးကပ်ခြင်းမှာ အဆင့် (၃) ဆင့် ရှိပါတယ်။

👉🏻 အဆင့် (၁) - Freezing stage
ပုခုံးကနေ လက်မောင်းထိနာကျင်တတ်ပြီး တခါတလေ ညဘက်အိပ်မပျော်သည်အထိ နာကျင်ကြပါတယ်။ ဒီအဆင့်မှာ ၆-၁၂ ပတ်ထိကြာတတ်ပါတယ်။

👉🏻 အဆင့် (၂) - Frozen stage
နာကျင်မှုကိုသက်သာလာပေမယ့် လှုပ်ရှားရ
ခက်ပြီး ၄လကနေ ၆လ အတွင်းကြာတတ်ပါတယ်။

👉🏻 အဆင့် (၃) - Thawing stage
ဒီအဆင့်မှာတော့ လှုပ်ရှားမှုတွေ တိုးတက်လာတတ်ပြီး ၁နှစ်ထက် မနည်းကြာတတ်ပါတယ်။

❎ ရှောင်ရန် ❎
- နာကျင်သောပုခုံးအဆစ်အပေါ် ဖိအိပ်မိခြင်း၊
- လေးလံသော ပစ္စည်းများအား 'မ' ခြင်း တို့ကို မပြုလုပ်ရပါ။

❓❓ဘယ်လိုကုသမှုခံယူမလဲ

👉🏻 အရိုး၊အကြော၊အဆစ် နှင့် ပြန်လည်သန်စွမ်းရေးဆေးခန်းများမှာရှိတဲ့ Physiotherapist များနှင့်တိုင်ပင် ဆွေးနွေးပြီး ရောင်ရမ်းနာကျင်မှုအတွက် Modailities စက်ပစ္စည်းများနှင့်ကုသခြင်း၊ လှုပ်ရှားရပိုလွယ်ကူလာစေရန် exercise program များအားသေချာရေးဆွဲစေပြီး ကုသမှုခံယူခြင်း။

👉🏻 နာကျင်မှုအတွက် ဆရာဝန် ညွှန်ကြားသောဆေးများသောက်သုံးနိုင်ပါတယ်။

⚠️⚠️ရောဂါခံစားနေရချိန်တွင် သောက်ဆေးတွေက လိုအပ်သလို ဆေးတခုတည်းပဲအားကိုးနေပါက ပုခုံးအဆစ်ရဲ့လှုပ်ရှားမှု ပြန်ရလာဖို့ အချိန်ပိုကြာနိုင်ပါတယ်။
😍Exercise is medicine😍

#ဆု_PhysiotherapyAndRehabilitation_Clinic_Taunggyi

Ramsay Hunt Syndrome Facial exercise is very important for facial palsy. So exercise is also medicine.
11/06/2022

Ramsay Hunt Syndrome
Facial exercise is very important for facial palsy.
So exercise is also medicine.

Before and after လေးပါရှင့် အချိန်တိုလေးတွင်းမှာ ပြီးအောင် ပါရမီဖြည့်ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှ...
08/06/2022

Before and after လေးပါရှင့်
အချိန်တိုလေးတွင်းမှာ ပြီးအောင် ပါရမီဖြည့်ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။
လူနာတွေအစစအရာရာ အဆင်ပြေသက်သာအောင် ပြုလုပ်ထားပေးပါတယ်ရှင့်။
👉🏻 Medical Support product လေးတွေလည်း တနေရာတည်းမှာရနိုင်အောင် ထားထားပေးပါတယ်ရှင့်။
👉🏻 ဈေးနှုန်းလေးလည်းသက်သာအောင်စီစဉ်ထားပေးတဲ့အတွက် စိတ်ချယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။

Open Now
08/06/2022

Open Now

Address

Taunggyi

Telephone

+959788380633

Website

Alerts

Be the first to know and let us send you an email when ဆု-အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆု-အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram