MMOrtho Solutions

MMOrtho Solutions Prosthetic & Orthotic Workshop

07/03/2026

#တောင်ကြီး

ဒီပုံပါဦးလေးဟာ သွေးကြောပိတ်ရောဂါကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။ လအနည်းငယ်ကြာ ကုသပြီး အနာကျက်တဲ့အခါမှာ သူ့အတွက် ပထမဆု...
06/03/2026

ဒီပုံပါဦးလေးဟာ သွေးကြောပိတ်ရောဂါကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။
လအနည်းငယ်ကြာ ကုသပြီး အနာကျက်တဲ့အခါမှာ သူ့အတွက် ပထမဆုံးခြေတုကိုရရှိခဲ့ပြီး လမ်းပြန်လျှောက်ရန်အဆင်သင့်အနေအထားသို့ ရောက်ရှိခဲ့ပါပြီ။

ဒါဟာ ဘဝအတွက် လှုပ်ရှားနိုင်ဖို့အဖြေအသစ်တစ်ခု နှင့်အသက်တာကို ပြန်လည်စတင်နိုင်မည့် အခွင့်အရေးအသစ်တစ်ခု ဖြစ်ပါတယ်။

#ခြေတု #တောင်ကြီး

27/02/2026

MMOS PowerGrip Hand 🔥🦾
#လက်တု

လူနာများအတွက်အမှန်တကယ်လက်တွေ့ကျပြီးအသုံးဝင်စေမယ့်လက်တုတစ်ခုဖြစ်စေဖို့MMOS Power Grip Hand ကိုMMOS team မှကိုယ်တိုင်ဒီဇို...
26/02/2026

လူနာများအတွက်အမှန်တကယ်လက်တွေ့ကျပြီးအသုံးဝင်စေမယ့်လက်တုတစ်ခုဖြစ်စေဖို့MMOS Power Grip Hand ကိုMMOS team မှကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထုတ်လုပ်ထားပါတယ်။

MMOSရဲ့ရည်မှန်းချက်အတိုင်းလူနာတွေအနေဖြင့်မိမိကိုယ်ကိုယုံကြည်မှုပြန်လည်ရရှိစေဖို့၊ သူများကိုအားကိုးစရာမလိုပဲလွတ်လပ်စွာလှုပ်ရှားနိုင်စေဖို့နဲ့ဘဝကိုအမြင်သစ်တွေနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့ပဲဖြစ်ပါတယ်။

Carbon Foot – A Game ChangerDesigned for active patients, the carbon foot improves ankle motion and provides a smoother,...
13/02/2026

Carbon Foot – A Game Changer

Designed for active patients, the carbon foot improves ankle motion and provides a smoother, more comfortable, and dynamic walk compared to traditional feet.

👉 Contact us to learn more!

10/02/2026

မသန်စွမ်းဖြစ်သွားတာနဲ့ ဘဝက ပြီးဆုံးသွားပြီဆိုတာ လုံးဝမဟုတ်ပါဘူး။ ခြေတု တပ်ဆင်ခြင်းဖြင့် အများနည်းတူ ပြန်လည်သွားလာလှုပ်ရှ...
04/02/2026

မသန်စွမ်းဖြစ်သွားတာနဲ့ ဘဝက ပြီးဆုံးသွားပြီဆိုတာ လုံးဝမဟုတ်ပါဘူး။ ခြေတု တပ်ဆင်ခြင်းဖြင့် အများနည်းတူ ပြန်လည်သွားလာလှုပ်ရှားနိုင်ပါပြီ။ ကိုယ့်ပတ်ဝန်းကျင်၌ခြေတုလိုအပ်သော မသန်စွမ်းများအတွက် ဒီပိုစ့်ကိုမျှဝေပေးနိုင်ပါသည်။

နိုင်ငံတကာအဆင့်မှီ နည်းပညာမြင့် ခြေတုများအတွက် MMOSမှ သင်နှင့်အတူရှိနေပါပြီ။

ဆက်သွယ်ရန် 09961397335/09898981160
ရုံးချိန်- မနက်၈:၃၀မှညနေ၅နာရီထိ (တနင်္လာ-သောကြာ)

ခြေတုတစ်ချောင်းဖြစ်လာခြင်းရဲ့ နောက်ကွယ်မှာ ပုံပြင်တစ်ပုဒ်နဲ့ ကြိုးစားအားထုတ်မှုများစွာ ရှိပါတယ်။ အိမ်တစ်လုံးကို တစ်ရက်တည...
28/01/2026

ခြေတုတစ်ချောင်းဖြစ်လာခြင်းရဲ့ နောက်ကွယ်မှာ ပုံပြင်တစ်ပုဒ်နဲ့ ကြိုးစားအားထုတ်မှုများစွာ ရှိပါတယ်။ အိမ်တစ်လုံးကို တစ်ရက်တည်းနဲ့ ပြီးအောင်မဆောက်နိုင်သလို ခြေတုပြုလုပ်ရမှာ အချိန်ယူရတာဟာလည်းသဘာဝဖြစ်စဉ်တစ်ခုပါ။

ခြေတုတစ်ချောင်းပြုလုပ်ရာတွင် ခြေတုလက်တုပညာရှင်များက လူနာခြေထောက်ဖြတ်ပိုင်းကိုစမ်းသပ်စစ်ဆေးပြီးခြေတုပုံစံတိုင်းတာခြင်း၊တပ်ဆင်ခြင်းကိုပြုလုပ်ပေးပါသည်။ ခြေတုခုံလုပ်သားနှင့်အကူများက ခြေတုထုတ်လုပ်ခြင်း၊3D printing အင်ဂျင်နီယာမှ ခြေတုခွက်နှင့်coverများထုတ်လုပ်ခြင်း၊logistics ဝန်ထမ်းက ခြေတုထုတ်လုပ်သည့်ကုန်ကြမ်းများသယ်ယူပို့ဆောင်ခြင်းစသည်ဖြင့် လူအများပါဝင်ပြီးလုပ်ကိုင်ကြရပါတယ်။

ထို့အပြင် စက်ပစ္စည်းတွေကို ထိန်းသိမ်းပြုပြင်ခြင်းနှင့်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူရတာလည်း အရေးကြီးပါတယ်။ ထို့အတွက်ကြောင့် အိမ်ဆောက်သလိုပဲ ခြေတု ပြုလုပ်ခြင်းဟာ လူအများ၏ကဏ္ဍအလိုက် ပူးပေါင်းကြိုးစားမှု ဖြစ်တဲ့အတွက် လူနာတစ်ယောက် ပြန်လည် လမ်းလျှောက်နိုင်တဲ့အခါ အားလုံးအတွက် အလွန်ပျော်ရွှင်စရာ ဖြစ်ပါတယ်။

#ခြေတု

မန္တလေးမြို့နှင့်အနီးတဝှိုက်မှ မသန်စွမ်းလူနာများအတွက် ကျွန်တော်တို့ MMOS မှ ထုတ်လုပ်သော နည်းပညာမြင့်ခြေတုလက်တုနှင့်အကူကိ...
22/01/2026

မန္တလေးမြို့နှင့်အနီးတဝှိုက်မှ မသန်စွမ်းလူနာများအတွက် ကျွန်တော်တို့ MMOS မှ ထုတ်လုပ်သော နည်းပညာမြင့်ခြေတုလက်တုနှင့်အကူကိရိယာ ရရှိလိုပါက ဆက်သွယ်နိုင်ပါသည်။

အတွေ့အကြုံရှိသော ပညာရှင်များမှ သေချာစမ်းသပ်ဆွေးနွေးပေးမှာဖြစ်လို့ မိမိနှင့်အကိုက်ညီဆုံးဖြစ်မယ့် ခြေတုလိုင်နာ၊ခြေတု အမျိုးအစားတို့ သိရှိနိုင်ရန်အတွက် booking ကြိုတင်ရယူနိုင်ပါသည်။

📍ဖေဖော်ဝါရီလ ဒုတိယအပတ် မန္တလေးမြို့တွင် MMOS Team ရှိနေပါမည်။

Booking ရယူရန် 📞09898981160
Office Hours: 8:30am-5pm (Monday-Friday)

MMOSမှ တပ်ဆင်ပေးလိုက်တဲ့ခြေတုအသစ်ကိုဝတ်ဆင်ပြီး ဝမ်းသာပျော်ရွှင်စွာ ခုန်ပေါက်လှည့်လည်လှုပ်ရှားကြည့်နေသော လူနာကိုမြင်ရတာဟာ...
21/01/2026

MMOSမှ တပ်ဆင်ပေးလိုက်တဲ့ခြေတုအသစ်ကိုဝတ်ဆင်ပြီး ဝမ်းသာပျော်ရွှင်စွာ ခုန်ပေါက်လှည့်လည်လှုပ်ရှားကြည့်နေသော လူနာကိုမြင်ရတာဟာ ကျွန်တော်တို့အတွက် အရမ်းပျော်စရာကောင်းပြီး စိတ်ခွန်အားတက်စေပါသည်။

ဒါက ကျွန်တော်တို့ ဘာကြောင့် ဒီအလုပ်ကို လုပ်နေလဲဆိုတာကို ပြန်လည်သတိပေးနေသလို လူနာတွေကို လမ်းပြန်လျှောက်စေနိုင်ပြီး လူမှုဘဝထဲပြန်ဝင်ဆံ့အောင် ကူညီပေးခြင်းလည်း ဖြစ်ပါသည်။

ခြေတု အတွက် လိုအပ်ပါက တိုင်ပင်ဆွေးနွေးရန် ကျွန်တော်တို့MMOS team နှင့် ဆက်သွယ်ပါ။

09961397335 /09898981160
Office Hours: 8:30am-5pm (Monday-Friday)

16/01/2026

Gait Orthosis

Reciprocator Orthosis for spinal cord injury ✨✨ဒီ အကူကိရိယာသည် ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရရှိပြီး ခါးအောက်ပိုင်း မလှုပ်...
16/01/2026

Reciprocator Orthosis for spinal cord injury ✨✨

ဒီ အကူကိရိယာသည် ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရရှိပြီး ခါးအောက်ပိုင်း မလှုပ်ရှားနိုင်သော လူနာများအတွက် အထူးသင့်လျော်ပါသည်။

လမ်းလျှောက်လေ့ကျင့်ရာ၌ ခြေထောက်နှစ်ဖက်ကို ချိတ်ဆက်ထားပြီးတစ်ဖက်လှုပ်ရင် တစ်ဖက်လည်း လှုပ်ရှားအောင် ကူညီပေးခြင်း ၊
ကြွက်သားများကိုပြန်လည် သန်မာလာစေခြင်း၊ပျက်စီးသွားသော အာရုံကြောများကို ပြန်လည် လှုံ့ဆော်ပေးခြင်း စသည်တို့ကို စွမ်းဆောင်ပေးနိုင်ပါသည်။

ထိုကိရိယာကို လူနာ၏ပြန်လည်သန်စွမ်းရေးအခန်းကဏ္ဍတွင် လှုပ်ရှားမှုတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊အရိုးအဆစ်နှင့် ကြွက်သားများတောင့်သွားခြင်းကို ကာကွယ်ပေးခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာမှာ ကူညီပေးနိုင်ပါသည်။

အလွယ်ပြောရရင်
Reciprocator Orthosis က ခါးအောက်ပိုင်းထိခိုက်ဒဏ်ရာရလူနာများအတွက် လမ်းလျှောက်လေ့ကျင့်ဖို့နဲ့ ကိုယ်ခန္ဓာ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးတဲ့ ကိရိယာ ဖြစ်ပါသည်။

Address

အမှတ် ၁၅၈၊ ရွာလယ်လမ်း၊ ကံကြီးရပ်ကွက်၊တောင်ကြီးမြို့
Taunggyi

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959961397335

Alerts

Be the first to know and let us send you an email when MMOrtho Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMOrtho Solutions:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram