MMOrtho Solutions

MMOrtho Solutions Prosthetic & Orthotic Workshop

We Are Hiring!Positions:• Prosthetist & Orthotist (Associate, CPO,…) • Prosthetist & Orthotist Technician If you are int...
22/10/2025

We Are Hiring!

Positions:

• Prosthetist & Orthotist (Associate, CPO,…)
• Prosthetist & Orthotist Technician

If you are interested in joining a dynamic team and contributing to the disability community, we offer excellent benefits and a supportive work environment.

Please send your CV and motivation letter to the email below.
For more information, feel free to contact us.

📧 Email: david@mmorthosolutions.com

📞 Phone: 09 442 636 409

အရင်တုန်းက အောက်ပါပုံ(ဝဲဘက်)ထဲကခြေထောက်ဖြတ်ပိုင်းရှည်လိုမျိုးကို ခြေတုလုပ်ပေးတဲ့အခါ ခြေထောက်ဖြတ်ပိုင်းနဲ့ခြေဖဝါးကြား ဆက်...
14/10/2025

အရင်တုန်းက အောက်ပါပုံ(ဝဲဘက်)ထဲကခြေထောက်ဖြတ်ပိုင်းရှည်လိုမျိုးကို ခြေတုလုပ်ပေးတဲ့အခါ ခြေထောက်ဖြတ်ပိုင်းနဲ့ခြေဖဝါးကြား ဆက်တဲ့ ပစ္စည်းရှားပါးသည့်အတွက် ပညာရှင်များအတွက် စိန်ခေါ်မှုများစွာရှိခဲ့ပါသည်။ သို့သော်ငြားလည်း ယနေ့တွင် ခေတ်မှီသောနည်းပညာအသစ်များဖြင့် လူနာအတွက်အကောင်းဆုံးလမ်းလျှောက်သည့်စွမ်းရည်ကိုပေးစွမ်းနိုင်သည့် ခြေတုကို ကျွန်တော်တို့ MMOS တွင်ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။

အသေးစိတ်ကို page messenger သို့မဟုတ် 09961397335 ကိုရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။

#ခြေတုလက်တု

ကျွန်တော်တို့ MMOS တွင် ခေတ်မှီတိုးတက်လာသော အဆင့်မှီနည်းပညာများဖြင့် ခြေတုနှင့်လမ်းလျှောက်ရာမှာ သက်တောင့်သက်သာ အဖြစ်ဆုံး...
30/09/2025

ကျွန်တော်တို့ MMOS တွင် ခေတ်မှီတိုးတက်လာသော အဆင့်မှီနည်းပညာများဖြင့် ခြေတုနှင့်လမ်းလျှောက်ရာမှာ သက်တောင့်သက်သာ အဖြစ်ဆုံးဖြစ်သည့် ဆီလီကွန်liner ကို လူနာ၏ ခြေထောက်ဖြတ်ပိုင်းအနေအထားပေါ်မူတည်ပြီး ဆီလီကွန် အထူအပါး၊ဆိုဒ် အလိုက် customized ထုတ်လုပ်နေပြီဖြစ်ပါသည်။

ထို့အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ခြေတုကျွတ်ကျမည်စိုးသောကြောင့် ခါးပတ်ကြိုးများကို တပ်စရာမလိုတော့ဘဲ ဆီလီကွန်ဒူးအပတ်ကိုလည်း MMOSတွင် အလွယ်တကူ ရရှိနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ခြေတုအသုံးပြုသူများကြား ဆီလီကွန်liner ဟုဆိုသည်နှင့် နိုင်ငံခြားမှသာ မှာယူရရှိနိုင်ပြီး ကုန်ကျစရိတ်ကြီးမားခြင်း၊ကိုယ်နှင့်သင့်တော်သောဆိုဒ်အတွက်ရှာရခက်ခဲခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ပါသည်။
ထို့အတွက်ကြောင့် MMOS မှ မြန်မာနိုင်ငံအတွင်းမှာပင် သင့်တင့်သော ကုန်ကျစရိတ်ဖြင့် ဆီလီကွန် liner ပါသောခြေတုများကို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ပညာရှင်များမှ စနစ်တကျ တိုင်းတာ ဖန်တီးထုတ်လုပ်ပေးနေပြီ ဖြစ်ပါသည်။

လိုအပ်သော လူနာများ page messenger သို့ 09961397335 ကိုဆက်သွယ်နိုင်ပါသည်။ MMOSမှ ဖန်တီးသမျှ ခြေတုများကို ဝတ်ဆင်လိုလျှင် လူနာကိုယ်တိုင် လာရောက်ပြသရပါမည်။

အမှတ် ၁၅၈၊ရွာလယ်လမ်း၊နယ်မြေ၁၊ကံကြီးရပ်၊တောင်ကြီးမြို့။

Edited-Booking ပြည့်သွားပါပြီခင်ဗျာ..မန္တလေးမြို့နှင့်အနီးတဝှိုက်မှ နိုင်ငံတကာအဆင့်မှီ နည်းပညာမြင့်ခြေတုလက်တုနှင့်အကူကိရ...
23/09/2025

Edited-Booking ပြည့်သွားပါပြီခင်ဗျာ..

မန္တလေးမြို့နှင့်အနီးတဝှိုက်မှ နိုင်ငံတကာအဆင့်မှီ နည်းပညာမြင့်ခြေတုလက်တုနှင့်အကူကိရိယာ ပြုလုပ်လိုသူများအတွက် သတင်းကောင်း 📣✨

ကျွန်တော်တို့ MMOS Team မှပညာရှင်များ မန္တလေးမြို့သို့ အောက်တိုဘာ ၂၁-၂၃ ထိ ရောက်ရှိမည်ဖြစ်ပါသဖြင့် ခြေတုလက်တုနှင့်အကူကိရိယာပြုလုပ်လိုသူများ လာရောက်ပြသ ဆွေးနွေးနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါသည်။

လူနာကြည့်မည့်ဦးရေ ကန့်သတ်ထားသောကြောင့်နည်းပညာမြင့်ခြေတုလက်တုနှင့်အကူကိရိယာ ရရှိလိုသူများ page messenger သို့မဟုတ် 09961397335 ကို အမြန်ဆုံးဆက်သွယ်ပြီး booking ရယူနိုင်ပါသည်။

#ခြေတုလက်တု

MMOS တောင်ကြီးတွင်ဖန်တီးထားသော ကိုယ်တိုင်လုပ် ခြေတုခြေသလုံးသားကာဗာ 🦵အရင်ကခြေတုပုံစံတွေမှာ ခြေသလုံးသားအချောကိုင်တဲ့အခါ အသ...
16/09/2025

MMOS တောင်ကြီးတွင်ဖန်တီးထားသော ကိုယ်တိုင်လုပ် ခြေတုခြေသလုံးသားကာဗာ 🦵

အရင်ကခြေတုပုံစံတွေမှာ ခြေသလုံးသားအချောကိုင်တဲ့အခါ အသေfixed လုပ်ထားလို့ ဖြုတ်တပ်၍မရပါ။ ယနေ့MMOS တွင် ဖန်တီးထားသော ခြေတုခြေသလုံးသားကာဗာသည်လူနာရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများပေါ်မူတည်ပြီး ဖြုတ်တပ်လုပ်၍ရနေပါပြီ။

ကျွန်တော်တို့၏ပန်းတိုင်မှာ လူနာများကို ကူညီဖို့နှင့် ၎င်းတို့သက်တောင့်သက်သာ ယုံကြည်ချက်ရှိရှိဖြင့် ခြေထောက်ဆုံးရှုံးထားရတာဟာရှက်စရာမဟုတ်ဘဲ သာမန်လူများကဲ့သို့သွားလာလှုပ်ရှားစေနိုင်ရန်ဖြစ်ပါသည်။

#ခြေတုလက်တု

ခေတ်မှီဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ခြေတု🔥ကျွန်တော်တို့ MMOS တွင် ခြေတုတစ်ချောင်းရဲ့အချောကိုင်ခြေသလုံးသားပုံဖော်ရာတွင် မ...
12/09/2025

ခေတ်မှီဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ခြေတု🔥

ကျွန်တော်တို့ MMOS တွင် ခြေတုတစ်ချောင်းရဲ့အချောကိုင်ခြေသလုံးသားပုံဖော်ရာတွင် မည်သည့်ဖက်ရှင်ဒီဇိုင်းကိုမဆို ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။

ထို့ကြောင့်မိတ်ဆွေတို့လိုချင်တဲ့ ခြေသလုံးသားဒီဇိုင်းပုံစံကို comment မှာပြောခဲ့နိုင်ပါသည်။

နောက်အပတ်ထဲတွင်လည်း ကျွန်တော်တို့လူနာများ အတွက် ဖန်တီးထားသော ဒီဇိုင်းသစ်များကိုလည်း ပြသပေးပါမည်။

#ခြေတုလက်တု

ဒီပုံမှာပါရှိတဲ့ဦးလေးဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့...
09/09/2025

ဒီပုံမှာပါရှိတဲ့ဦးလေးဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

ထို့အတွက်ကြောင့် ကျွန်တော်တို့ MMOS မှ သူ့အတွက် ပစ္စည်းလေးတွေပြန်ကိုင်တွယ်ဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်ရာမှာ ကူညီပေးရန်အတွက် လက်တုတစ်စုံ ပြုလုပ်ပေးခဲ့ပါသည်။

ဒီလိုလက်တုဝတ်ဆင်ခြင်းကြောင့် သူ့အတွက် အမြင်အားဖြင့် ပုခုံးနှစ်ဖက် အချိုးအစားပြန်လည်ညီညာခြင်း၊ ဆုံးရှုံးသွားသောလက်တဖက်ပြန်ရရှိခြင်း အစရှိသည့် သူ့အတွက် အရေးကြီးသော ရှုထောင့်မှ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ခဲ့ပါသည်။

ခြေတုလက်တုနှင့်အားပြုကိရိယာဆိုင်ရာ လိုအပ်ချက်များကို ရယူရန်အတွက် 09961397335 ကိုဆက်ပြီး ဆွေးနွေးမှုရယူနိုင်ပါတယ်

#လက်တု #ခြေတုလက်တု

အရည်အသွေးမြင့် ခြေတုလက်တုနှင့်အားပြုကိရိယာများ ထုတ်လုပ်နိုင်ခြင်းသည် ကျွန်တော်တို့ MMOS၏အဓိကဦးစားပေးဖြစ်ပါသည်။ ဒူးအထက်ခြ...
01/09/2025

အရည်အသွေးမြင့် ခြေတုလက်တုနှင့်အားပြုကိရိယာများ ထုတ်လုပ်နိုင်ခြင်းသည် ကျွန်တော်တို့ MMOS၏အဓိကဦးစားပေးဖြစ်ပါသည်။

ဒူးအထက်ခြေထောက်ဖြတ်ပိုင်းများအတွက် ထူးခြားခေတ်မှီသော ခြေတုများကိုလည်း ကျွန်တော်တို့ MMOSမှ ဖန်တီးထုတ်လုပ်လျှက်ရှိပါသည်။

အောက်ဖော်ပြပါပုံတွင် ဒူးအထက်ခြေထောက်ဖြတ်ပိုင်းအတွက် သက်တောင့်သက်သာဖြစ်စေမည့်MMOSထုတ် ဆီလီကွန်လိုင်နာ၊ပေါပါးခိုင်ခံ့သော ကာဗွန်ခြေစွပ်ခွက်၊နည်းပညာမြင့်ဒူးဆစ်(လမ်းလျှောက်ရာတွင်ပိုမိုစနစ်ကျလုံခြုံသော) နှင့် ရိုးရိုးညှပ်ဖိနပ်စီးနိုင်သော အဆင့်မြင့် ကာဗွန်ခြေဖဝါး တို့ကို အသုံးပြု၍ ခြေတုတစ်စုံကိုဖန်တီးထုတ်လုပ်ထားပါသည်။

လူနာတိုင်းနှင့်သင့်လျော်သော ခြေတုတိုင်းအတွက် အသေးစိတ်ဆွေးနွေးလိုပါက MMOS team ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

📞09 961 397 335

#ခြေတု #တောင်ကြီး

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ MMOSမှ နောက်ဆုံးပေါ်3D printing နည်းပညာကိုအသုံးပြုပြီး လက်ကောက်ဝတ်တွင်ဒဏ်ဖြစ်နေသောလူနာ၏လက်က...
27/08/2025

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ MMOSမှ နောက်ဆုံးပေါ်3D printing နည်းပညာကိုအသုံးပြုပြီး လက်ကောက်ဝတ်တွင်ဒဏ်ဖြစ်နေသောလူနာ၏လက်ကို သက်သာစေရန်အတွက် အကူကိရိယာပစ္စည်းထုတ်လုပ်ထားပါသည်။
ထိုအကူကိရိယာသည် လက်ကောက်ဝတ်အရွတ်ရောင်ရမ်းခြင်း၊ အဆစ်မြစ်ရောင်ရောဂါကြောင့် လက်အဆစ်များကိုက်ခဲခြင်း၊ ထိခိုက်မှုတခုခုကြောင့် နာကျင်ခြင်းများကို လျော့ပါးသက်သာအောင်ကူညီပေးနိုင်သည့် အကောင်းဆုံးကိရိယာဖြစ်ပါသည်။

ထို့အတွက်ကြောင့် မိမိနှင့်သင့်လျော်သောအကူကိရိယာအတွက် စဉ်းစားနေလျှင် ကျွန်တော်တို့ MMOS team နှင့် အမြန်ဆုံးဆက်သွယ်လိုက်ပါခင်ဗျာ။

အပန်းရောင်ကြိုက်တဲ့မီးမီးလေးအတွက် မတ်တပ်ရပ်လေ့ကျင့်တဲ့အခါ ဝတ်ဆင်ဖို့ အထောက်အကူပြုကိရိယာပြုလုပ်ပေးထားပါသည်။ သူငယ်နာအကြောရ...
08/08/2025

အပန်းရောင်ကြိုက်တဲ့မီးမီးလေးအတွက် မတ်တပ်
ရပ်လေ့ကျင့်တဲ့အခါ ဝတ်ဆင်ဖို့ အထောက်အကူပြုကိရိယာပြုလုပ်ပေးထားပါသည်။

သူငယ်နာအကြောရောဂါကြောင့် ခြေထောက်များကောက်ကွေးနေတာကို အကူကိရိယာဖြင့် ဆွဲဆန့်ကာ ကြွက်သားနှင့်အရိုးအဆစ်များ ခိုင်မသွားစေရန်အတွက် ရည်ရွယ်ထားပါသည်။

#အကူကိရိယာ

24/07/2025

ဆီးချိုရောဂါကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ အဖွားဟာ လမ်းပြန်မလျှောက်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေကျနေရာမှ ယနေ့တွင် MMOSမှဖန်တီးပေးသော ခြေတုဖြင့် လမ်းလျှောက်လေ့ကျင့်နေပါပြီ 👏🏻👏🏻

အမှတ် ၁၅၈၊ရွာလယ်လမ်း၊နယ်မြေ၁၊ကံကြီးရပ်၊တောင်ကြီးမြို့။

09961397335

#ခြေတု
#တောင်ကြီး

ဆိုင်ကယ်အက်ဆီးဒန့်ကြောင့် ခါးအောက်ပိုင်းတခုလုံးကိုထောက်ပံ့ပေးသော အာရုံကြောထိခိုက်သွားသည့် SCIလူနာအတွက် အထောက်အကူပြုကိရိယ...
24/06/2025

ဆိုင်ကယ်အက်ဆီးဒန့်ကြောင့် ခါးအောက်ပိုင်းတခုလုံးကိုထောက်ပံ့ပေးသော အာရုံကြောထိခိုက်သွားသည့် SCIလူနာအတွက် အထောက်အကူပြုကိရိယာကိုMMOS teamမှပြုလုပ်ပေးထားပါသည်။

ဤအထောက်အကူပြုကိရိယာသည် လူနာကိုမတ်တပ်ရပ်လေ့ကျင့်သည့်အခါ ဒူးကိုဆန့်စေခြင်း၊
SCI လူနာများတွင်ဖြစ်တတ်သော ကြွက်သားရုန်းကန်ခြင်း (Spasticity )ကိုလျှော့ချပေးခြင်း၊
ကြွက်သားအားကိုထောက်ပံ့စေခြင်း စသည့် အကျိုးကျေးဇူးများကိုပေးစွမ်းနိုင်ပြီး နောက်တွင် တဖြေးဖြေးခြင်း လမ်းလျှောက်ခြင်းကို ကူညီပေးနိုင်ပါသည်။



#အကူကိရိယာ

Address

အမှတ် ၁၅၈၊ ရွာလယ်လမ်း၊ ကံကြီးရပ်ကွက်၊တောင်ကြီးမြို့
Taunggyi

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959961397335

Alerts

Be the first to know and let us send you an email when MMOrtho Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMOrtho Solutions:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram