Thet Hnin Moe - Exercise Physiologist and Physical Therapist

Thet Hnin Moe - Exercise Physiologist and Physical Therapist Exercise related knowledge sharing

ဒီနေ့အတွက် Sharing လုပ်ချင်တာကတော့ Stress တွေအချိန်အကြာကြီး ရှိနေတဲ့အခါ ခန္ဓာကိုယ်ကဘယ်လို တုန့်ပြန်တတ်လဲဆိုတာကို Sharing...
20/09/2025

ဒီနေ့အတွက် Sharing လုပ်ချင်တာကတော့ Stress တွေအချိန်အကြာကြီး ရှိနေတဲ့အခါ ခန္ဓာကိုယ်ကဘယ်လို တုန့်ပြန်တတ်လဲဆိုတာကို Sharing လုပ်ပေးချင်ပါတယ်ရှင်။

Stress တွေအရမ်းများတဲ့ အချိန်ကြာလာရင် ခန္ဓာကိုယ်မှာ

Hypothalamic-Pituitary-Adrenal Axis လို့ခေါ်တဲ့
HPA axis က ပိုပြီး Activated ဖြစ်နေတတ်လို့ Cortisol တွေပိုထွက်ပါတယ်။

Sympathetic nervous system လို့ခေါ်တဲ့
Fight or Flight mode ကို ဆောင်ရွက်ပေးတဲ့
အာရုံကြောတုတုန့်ပြန်မှုကလည်း များနေတတ်ပါတယ်။

Cortisol ကြောင့်မို့

Muscle Catabolism( Breakdown process) လို့ခေါ်တဲ့ muscle protein တွေကို Amino Acid ပြောင်းလဲစေပြီး muscle breakdown တွေ ဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် ကြွက်သားတွေ သိမ်လာတာမျိုး တွေဖြစ်တတ်ပါတယ်။

Cortisol က Bone formation လို့ခေါ်တဲ့
အရိုးတည်ဆောက်တဲ့ process ကို

ဟန့်တားထားတာကြောင့် အရိုးပွရောဂါတွေဖြစ်လာစေတတ်ပါတယ်။

Visceral fat လို့ခေါ်တဲ့ Belly fat ဝမ်းတွင်းအဆီတွေကိုလည်း စုလာစေတတ်ပါတယ်။

Sympathetic Tone တွေ တက်လာတာကြောင့်
အာရုံကြောတုံ့ပြန်မှုအရ

နှလုံးခုန် မြန်လာတာတို့ သွေးပေါင်ချိန်တက်လာတာတို့ ဖြစ်လာတာကြောင့်မို့ သွေးတိုးရောဂါ

နှလုံးရောဂါ ဖြစ်ပွါးနိုင်ချေ ပိုများပြားလာပါတယ်။

Chronic stress လို့ခေါ်တဲ့ အချိန်အကြာကြီး Stress ပိနေခြင်းက
ခန္ဓာကိုယ်မှာ Pro-Inflammatory cytokines လို့ခေါ်တဲ့ ခန္ဓာကိုယ် ယောင်ယမ်းစေတတ်တဲ့ ဓါတ်တွေ ထွက်လာတာကြောင့်မို့
Tissue Healing process လို့ခေါ်တဲ့ အနာကျက်စေမှုတွေကြာစေတတ်ပါတယ်။

ဥပမာ ထိခိုက်ဒဏ်ရာ တစ်ခုခု ရတာပဲဖြစ်ဖြစ်
ယောင်ယမ်းပြီး နာကျင်မှုဖြစ်နေတဲ့ အကြောင်းအရာ ( ဥပမာ - ခါးနာ ၊ ဒူးနာ ) အစရှိတဲ့ ပြသနာများကို ပိုမို ကြာရှည် ဖြစ်စေနိုင်ပါတယ်။

Chronic stress က Immune system ကိုလည်း Supress လုပ်ထားတာကြောင့် ကိုယ်ခံအားတွေကျလာစေတတ်ပါတယ်။

အချိန်အကြာကြီး Stress ပိခြင်းကြောင့် ဦးနှောက်နဲ့ အာရုံကြောမှာလည်း

ဦးနှောက်ရဲ့ Hippocampus Atrophy ရတတ်စေခြင်းကြောင့်
မေ့လွယ်လာတာ၊ မမှတ်မိတော့တာ အပြင်

Amygdala hyperactivity လို့ ခေါ်တဲ့ ဦးနှောက်နေရာ တုန့်ပြန်မှုများခြင်းကြောင့်လည်း
စိတ်ပူပန်မှုတွေ ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။

Hormone အနေနဲ့ ကြည့်မယ်ဆိုရင်လည်း အကြာကြီး Stress ပိခြင်းက

ခန္ဓာကိုယ်ထဲမှာ Cortisol နဲ့ Adrenaline
တွေတက်နေတာကြောင့်

Gluconeogenesis လို့ခေါ်တဲ့ liver (အသည်း ) ကနေ glucose ကို ပိုထွက်လာစေတတ်ပြီး
insulin resistance လို့ခေါ်တဲ့ Insulin တုန့်ပြန်မှုကို ကျစေတတ်ပါတယ်။
အဲဒါကြောင့် သွေးတွင်းသကြားဓါတ်တွေ မြင့်တတ်စေပြီး Type 2 Diabetes လို့ခေါ်တဲ့ ဆီးချို ဖြစ်စေနိုင်ပါတယ်။

အဲဒါကြောင့် Stress အကြာကြီး ပိနေခြင်းက
ခန္ဓာကိုယ် အတွက် ဆိုးကျိုး ဖြစ်စေတဲ့ တုံ့ပြန်မှုတွေ အများကြီး ရှိစေနိုင်ပါတယ်။

အဲဒါကြောင့် Stress တွေ ဖြေလျော့ဖို့ အတွက်အချိန်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းတွေသေချာ လုပ်တာ

တရားထိုင်တာ

တစ်ရက်ကို အနည်းဆုံး ၇ နာရီမှ ၉ နာရီ အိပ်ချိန်ဝဝ အိပ်တာ

အစာအဟာရ ညီညွတ်မျှတအောင် စားတာ

မိသားစုတွေ သူငယ်ချင်းတွေနဲ့အချိန်ပေးတာ

ကိုယ့်စိတ်ကို ဘယ်လိုဖြေလျော့ရမလဲ နည်းလမ်းလေးတွေ စဉ်းစားပြီးမှ သေချာလေး
လုပ်ဆောင်သင့်ပါတယ်။

လောကမှာ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာကြောင့်မို့ အကုန်လုံး နေကောင်းကျန်းမာကြပါစေရှင်။

Hnin Moe
physiologist and Physiotherapist

response to Chronic stress

Reference

https://www.mdpi.com/1660-4601/21/8/1077?utm_source=chatgpt.com

https://pubmed.ncbi.nlm.nih.gov/17615391/?utm_source=chatgpt.com

10/09/2025

I had the opportunity to work as a sports physiotherapist with the Guam Women’s Football Club for about 10 days. 🏐⚽

It was an exciting and eye-opening experience—very different from my usual physiotherapy routine.

Working with athletes in a dynamic sports environment challenged me in new ways and gave me valuable insights into sports physio practice.

I’m truly grateful for the chance to learn and contribute to the team! 💪🌍

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်ခြင်း အန္တရာယ် ကာကွယ်ရန်။ ခွဲစိတ်ခန်းထဲက ထွက်လာပြီးတဲ့နောက်ပိုင်းအရမ်းငြိမ်နေတဲ့ လူနာတွေရက်...
09/01/2025

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်ခြင်း အန္တရာယ်
ကာကွယ်ရန်။

ခွဲစိတ်ခန်းထဲက ထွက်လာပြီးတဲ့နောက်ပိုင်း
အရမ်းငြိမ်နေတဲ့ လူနာတွေ

ရက်ပိုင်းအတွင်း မှာ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်တဲ့

DVT (Deep Vein Thrombosis) လို့ခေါ်တဲ့

သွေးကြောပိတ်နိုင်ချေများလာနိုင်တဲ့အကြောင်းကို

Sharing လုပ်ပေးချင်ပါတယ်။

DVT ကတော့

သွေးခဲလေးတွေ Deep Vein လို့ခေါ်တဲ့ သွေးပြန်ကြော

မှာ သွားပိတ်တဲ့ အခြေအနေကို ခေါ်ပါတယ်။

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်တဲ့ အဓိက အကြောင်းအရာက

Venous stasis လို့ခေါ်တဲ့

သွေးလည်ပတ်မှု နည်းသွားတာကြောင့် ဖြစ်ပါတယ်။

Temporary immobilization or physical restriction
လို့ ခေါ်တဲ့

လှုပ်ရှားမှု မရှိခြင်း နဲ့ လှုပ်ရှားမှုကို ကန့်သတ်ထားခြင်းက

သွေးလည်ပတ်မှု အားနည်းစေတတ်တာကြောင့်
သွေးခဲပိတ်တဲ့ အခြေအနေ ပိုအဖြစ်များစေတတ်ပါတယ်။

သွေးကြောပိတ်ခြင်းက ခြေထောက် မှာ အဖြစ်များပါတယ်။ လက်တွေမှာ လည်း ဖြစ်တတ်ပါတယ်။

သွေးကြောပိတ်ရင် ဖြစ်တတ်တဲ့ လက္ခဏာများက

ခြေထောက်ပိုင်းဆိုရင် အများအားဖြင့် ခြေသလုံးမှာ လက္ခဏာ စပြပါတယ်။

1. ခြေထောက်တွေယောင်လာတာ

2. ခြေသလုံးတွေ နာလာတာ ကြီးလာတာ

3. ခြေထောက် တစ်ဖက်တည်း ပူနေသလို ခံစားရတာ

4. ခြေထောက်နှစ်ဖက် အရောင် မတူတော့တာ

5. ရင်ဘတ်တွေ အောင့်လာတာ

6. အသက်ရှုမဝတာ

7. အသက်ရှူနှုန်းတွေ မြန်လာတာ

8. Oxygen ကျလာတာ အစရှိတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

အစရှိတဲ့ လက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်တွေကို အမြန်ဆုံး အကြောင်းကြားသင့်ပါတယ်။


သွေးခဲအပိုင်းအစလေးက သွေးပြန်ကြောကနေ
ပြုတ်ထွက်သွားပြီး 🫁 အဆုတ်မှာ သွားပိတ်တဲ့ အခြေအနေကို
Pulmonary embolism လို့ခေါ်ပြီး

အဲဒီအခြေအနေမှာ အဆုတ်ကို သွားတဲ့

သွေးလည်ပတ်မှူ ပိတ်သွားပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အခြေအနေရောက်ရှိနိုင်ပါတယ်။

အဲဒါကြောင့် သွေးခဲမပိတ်အောင်

ကာကွယ်တဲ့အနေနဲ့ ခွဲစိတ်ခန်းက ထွက်လာပြီးရင်

အိပ်ယာထဲလှဲနေရတဲ့ လူနာများက တတ်နိုင်တဲ့

လှုပ်ရှားမှုလေးတွေ လုပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

အခြေခံလုပ်လို့ ရတဲ့ လေ့ကျင့်ခန်းတွေကတော့
1. ခြေကျင်းဝတ် ကော့တာ ဆန့်တာ -၁၀ ကြိမ် (တစ်နာရီခြား တစ်ခါ)
2. ခြေကျင်းဝတ် ဝှိုက်တာ - ၁၀ ကြိမ်
3. ဒူးကွေး/ဆန့် - ၁၀ ကြိမ်
4. ခြေထောက်မြှောက်-၁၀ ကြိမ်
5. လက်ချောင်းလေးတွေ လှုပ်ရှားတာ -၁၀ ကြိမ်
6. တံတောင်ဆစ် ကွေး/ဆန့် - ၁၀ ကြိမ်
7. လက်မြှောက်- ၁၀ ကြိမ်

ကျန်တဲ့ လှုပ်ရှားမှုများကတော့ ခွဲစိတ်ဆရာဝန်ရဲ့
ခွင့်ပြုချက်ပေါ်မူတည်ပြီး

လူနာရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး

Physiotherapist များက လေ့ကျင့်သင်ကြားပေးပါတယ်။

ဆရာဝန်ကြီးရဲ့ ခွင့်ပြုချက်ရရင်တော့

လူနာရဲ့ လှုပ်ရှားနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး
လမ်းလျှောက်တာမျိုးတွေ

ပြန်လည်လေ့ကျင့်လို့ရပါတယ်။

မှတ်ချက် - အထက်ပါ အခြေခံလှုပ်ရှားမှုများက

ခွဲစိတ်ပြီး သွေးကြောပိတ်တဲ့ အခြေအနေကို ကာကွယ်ဖို့

အတွက်သာဖြစ်ပြီး

သွေးကြောပိတ်နေတဲ့ လူနာတွေ မလုပ်သင့်ပါရှင်။

သွေးကြောပိတ်နေတဲ့ လူနာတွေက ညွှန်ကြားမှုမပါပဲ လှုပ်ရှားမှု တွေ လုပ်ရင်
သွေးကြောပြုတ်ထွက်ပြီး အဆုတ်မှာ သွားပိတ်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

Hnin Moe
physiologist and Physiotherapist

Reference; https://pmc.ncbi.nlm.nih.gov/articles/PMC2995567/

ဒီကနေ့ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခြေဖနောင့် အရွတ်ရောင်ခြင်း ဖြစ်ပါတယ်။ လူခန္ဓာကိုယ်မှာ သဘာဝ တရားကြီးက ခ...
24/04/2024

ဒီကနေ့ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့

ခြေဖနောင့် အရွတ်ရောင်ခြင်း ဖြစ်ပါတယ်။

လူခန္ဓာကိုယ်မှာ သဘာဝ တရားကြီးက ခြေဖဝါးကို

အခုံး ပုံစံလေးဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဘာကြောင့် ခုံးနေရတာလဲ ဆိုရင်

လူ့ ခန္ဓာကိုယ် အလေးချိန်က ခြေဖဝါးပေါ် ကျရောက်တဲ့ အခါမှာ
ခြေဖနောင့် တစ်ခုတည်း ဒါမှမဟုတ် ခြေဖမိုးတစ်ခုတည်း အစရှိတဲ့

တစ်နေရာတည်းမှာ force ကျရောက် မနေစေဖို့ပါ။

အဲဒီလို ခုံးနေစေဖို့ ခြေဖဝါးမှာရှိတဲ့
Calcaneum bone နဲ့ metatarsal head ကိုဆက်ထားတဲ့

Planter Fascia တြိဂံပုံစံလို့ခေါ်တဲ့ အရွတ်ပြား ရှိပါ တယ်။

အဲဒီအရွတ်လေးက Shock absorber အနေနဲ့
အလုပ်လုပ်ဆောင်ပေးပြီး လှုပ်ရှားသွားလာတဲ့ အခါ

ခြေဖနောင့် အရိုး တစ်ခုတည်းကို Weight မကျစေအောင် ဆောင်ရွက်ပေးပါတယ်။

လှုပ်ရှားသွားလာတဲ့အခါ လူတစ်ယောက်ရဲ့

အလေးချိန်က ခြေဖဝါးပေါ်ကျရောက်သွားပါတယ်။

လမ်းလျှောက် တဲ့အခါတိုင်း body weight ရဲ့ 110%
နဲ့ ပြေးတဲ့အခါ Body weight ရဲ့ 250% ခြေဖဝါးပေါ်
သက်ရောက်အားရှိပါတယ်။

အဲဒါကြောင့် ခြေဖဝါးပေါ်သက်ရောက်တဲ့အားကို
ခံနိုင်အောင်
အဲဒိ အရွတ်ပြား အထူက ကူညီဆောင်ရွက်ပေးပါတယ်။

ဒါပေမဲ့ မတ်တပ်ရပ်တာများတဲ့ သူတွေ

လမ်းလျှောက်များတဲ့သူတွေ

Body weight များတဲ့ သူတွေ မှာ

ခြေဖဝါးပေါ် ကျရောက်တဲ့ Vertical ground reaction force လို့ခေါ်တဲ့

ဒေါင်လိုက် ကျရောက်တဲ့ အားကြောင့်

ခြေဖဝါးအရိုးနှစ်ခုကို တွယ်ထားတဲ့ အရွတ်လေးတွေမှာ Micro-tear လို့ခေါ်တဲ့ အရွတ် ပျက်စီးမှုလေးတွေ ဖြစ်ပါတယ်။

Planter fascia ပေါ်မှာ အရမ်းများတဲ့ Force ကျရောက်တာ များတဲ့ အချိန်တွေကြာလေ

အရွတ်ပိုမို ထိခိုက်လေ ဖြစ်ပါတယ်။

တချို့သော ခြေခွင်နေတဲ့ သူတွေ

ခြေဖဝါးပြားနေတဲ့ သူတွေ

ဖိနပ် fit မဖြစ်ပဲ အရမ်းကျပ်နေတဲ့ အချိန်ကြာတာမျိုးတွေ

မှာတော့ ခန္ဓာကိုယ်အလေးချိန်က ခြေဖဝါးပေါ် မျှ
မကျပဲ force ကတစ်နေရာတည်း ကျတတ်လို့
ဒဏ်ဖြစ်လာတတ်ပါတယ်။

ဖနောင့်နာနေတဲ့ အခြေအနေကို ဘယ်လိုသိနိုင်မလဲဆိုရင်

- ခြေဖနောင့်အရမ်းနာကျင်နေခြင်း

- နာကျင်ခြင်းကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း

- မနက််အိပ်ရာထပြီး ခြေဖနောင့် စထောက်လိုက်တဲ့
အချိန် ပိုရျ်နာကျင်ခြင်း

- ခြေလှမ်း၃ လှမ်း လေး လှမ်းလောက်လျှောက်ပြီး သွေးနည်းနည်းပူသွားရင် နာကျင်တာ ပိုသက်သာသွားခြင်း

- ထိုင်နေတာကြာပြီး ထထခြင်းမှာ ပိုရျ် နာကျင်ခြင်း အစရှိတာတွေ ဖြစ်တတ်ပါတယ်။

ခြေဖနောင့် အရွတ်ပြားယောင်လို့ နာကျင်ရင် ဘာလုပ်လို့ရမလဲ ဆိုရင်

- ခြေဖနောင့်ပေါ်သက်ရောက်တဲ့ဖိအားသက်သာအောင် နေထိုင်သင့်ပါတယ်။

- ခြေဖနောင့်မှာ စွပ်တဲ့ Silicon heel cushion လိုဟာမျိုးလေးတွေ Gel heel cushion လိုမျိုးလေးတွေ အသုံး ပြုလို့ ရပါတယ်။

- ခြေဖနောင့်ပေါ်ဖိတဲ့ ဖိအားလျော့အောင် ဖိနပ် ကို ခြေဖနောင့်နေရာကို ခွါပျော့ပျော့ အထူလေးတွေ စီးသင့်ပါတယ်။

- ကိုယ်အလေးချိန်များနေရင် လျော့ချသင့်ပါတယ်။

- နာကျင်တဲ့နေရာကို ရေခဲ ကပ်ပေးလို့ ရပါတယ်။ ရေခဲထားတဲ့ရေသန့်ဗူးနဲ့ ခြေဖနောင့်ကိုလှိမ့်လို့ရပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်တော့
ဆေးရုံဆေးခန်း နဲ့ Physiotherapy and Rehabilitation Centre တွေ မှာ ကုသမှု ခံယူသင့်ပါတယ်။

Reference: https://www.physio-pedia.com/Biomechanics_of_Plantar_Fasciitis

Thet Hnin Moe
Physiotherapist and Exercise physiologist

အားလုံးပဲ မဂ်လာပါ။  ကျွန်မ First Author အနေနဲ့ ပါဝင်ထားတဲ့ international publication လေး ပါ။ https://opensportssciencesj...
24/11/2023

အားလုံးပဲ မဂ်လာပါ။


ကျွန်မ First Author အနေနဲ့ ပါဝင်ထားတဲ့ international publication လေး ပါ။

https://opensportssciencesjournal.com/VOLUME/15/ELOCATOR/e1875399X2201030/ABSTRACT/

ဒါကတော့ co-author အနေနဲ့ ပါဝင်ထားတဲ့ second international publication နောက်တစ်စောင်ပါ။

https://bmcresnotes.biomedcentral.com/articles/10.1186/s13104-023-06617-3

ဝေမျှခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။

Hemiplegic Shoulder Subluxation ( လေဖြတ်ပြီးနောက်ဖြစ်သော ပခုံး အဆစ်လွဲခြင်း) လေဖြတ်ပြီး တဲ့ လူနာတွေရဲ့ ၈၀% က shoulder su...
25/07/2023

Hemiplegic Shoulder Subluxation ( လေဖြတ်ပြီးနောက်ဖြစ်သော ပခုံး အဆစ်လွဲခြင်း)

လေဖြတ်ပြီး တဲ့ လူနာတွေရဲ့ ၈၀% က shoulder subluxation (Glenohumeral subluxation)လို့ခေါ်တဲ့ ပခုံး အဆစ်လွဲတတ်တဲ့ အခြေအနေကို ခံစားရတတ်ပါတယ်။

လေဖြတ်တာဖြစ်ပြီး ပထမ အစပိုင်းမှာ Flaccid Stage လို့ခေါ်တဲ့ အခြေအနေမှာ
Trapezius and serratus anterior လို့ခေါ်တဲ့ ကြွက်သားတွေ သေချာအလုပ်မလုပ်နိုင်တာကြောငိ့

scapula ကို Downward rotation ဖြစ်စေပြီး အဆစ်လွဲတာမျိုး ဖြစ်စေတတ်ပါတယ်၊။

နောက်ပိုင်း Spastic Stage ရောက်လာပြန်တော့လည်း

Pectoral muscles , Rhomboid,Levator Scapulae နဲ့ Lattisimus Dorsi လို့ခေါ်တဲ့ကြွက်သားတွေ

hypertonic လို့ခေါ်တဲ့ tone တွေ တက်လာတာကြောင့် Scapula က Downward rotation ဖြစ်ပြီး

ပခုံး အဆစ်ကို သေချာ မထိန်းထားနိုင်တာကြောင့် ပခုံး အဆစ်လွဲတတ်ပါတယ်။

ပခုံး အဆစ်လွဲတာကြောင့်လည်း

နောက်ပိုင်း Upper extremity recovery ပြန်ရတဲ့အချိန် နှောင့်နှေးတာတို့

ပခုံးအရွတ်ရောင်ပြီး ပခုံးကပ်တာတို့

ပခုံးမှာရှိတဲ့ Proprioception ခံစားမှုနည်းတာတို့

နာကျင်တာတို့ တွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် လေဖြတ်ပြီးနောက် ပခုံး အဆစ်ပြုတ်တာကို အထူးသတိထားဖို့လိုအပ်ပါတယ်။

နံပါတ် ၁ ) အရေးအကြီးဆုံးက လူနာကို ထားတဲ့ ပုံစံပါ။ လူနာရဲ့ လေဖြတ်တဲ့ ဖက်ကို ထိုင်နေတဲ့ အခါမှာလည်း ပခုံး အောက်မကျနေစေရန်

လက်ကို ခေါင်းအုံးလေးပေါ်တင်ထားဖို့ လိုအပ်ပါတယ်။

အိပ်တဲ့အခါမှာလည်း ပခုံးကို ပိမိနေတာ မဖြစ်စေဖို့ သတိထားဖို့ လိုအပ်ပါတယ်။

မတ်တပ်ရပ်တဲ့အခါမှာလည်း Hemi Sling လို့ခေါ်တဲ့ ပခုံး သိုင်းလေး သိုင်းထားဖို့ လိုအပ်ပါတယ်။

နံပါတ် ၂ ) အရေးကြီးတာက Type of Sling ပါ။

လူနာကို ပခုံးကျိုးတဲ့အချိန် ပတ်ထားတဲ့ ပခုံး သိုင်းကို လေဖြတ်တဲ့ လူနာတွေမှာ အသုံးပြုရင် တံတောင်ဆစ်က ကွေးထားတဲ့ အနေအထားမှာ ဖြစ်နေလို့

Flexor tone ကို ပိုမြင့်တက်စေပြီး Synergy patterns တွေကို ဖြစ်လာစေတတ်လို့

လေဖြတ်တဲ့လူတွေ ဖြစ်တတ်တဲ့ တံတောင်ဆစ်ကွေးတဲ့ အနေအထားကို ပိုမိုအားပေးသလို ဖြစ်စေတတ်ပါတယ်။

အဲဒါကြောင့် Hemisling လေးကတော့

တံတောင်ဆစ်ကို ပိုမိုကွေးကောက်တာမျိုး လို့ခေါ်တဲ့ Contracture မဖြစ်စေတတ်ပဲ scapula realignment ကို ရစေတတ်လို့ သုသေတန တော်တော်များများမှာ

လေဖြတ်တဲ့ လူနာတွေအတွက် ပိုမိုသင့်တော်ကြောင်း ဖော်ပြထားပါတယ်။

နံပါတ် ၃) ကတော့ လူနာကို ပြုစုစောင့်ရှောက်ပေးတဲ့သူတွေရဲ့ Knowledge က အရေးကြီးပါတယ်။ လူနာကို အရွေ့အပြောင်းလုပ်တဲ့နေရာမှာ ပုခုံးနေရာကို ဆွဲမတာမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ်။

နပါတ် ၄ ) ကတော့ ပြန်လည်သန်စွမ်းရေး ဆေးခန်းတွေမှာ သုံးတဲ့ လျှပ်စစ်လှိုင်းလှုံဆော်မှုက အရေးကြီးပါတယ်။

FES လို့ခေါ်တဲ့ Functional Electrical Stimulation ကတော့ ကြွက်သားရဲ့ တုံ့ပြန်မှု အားကိုကောင်းစေပါတယ်။
Sensory and Motor Recovery လို့ခေါ်တဲ့ အာရုံခံစားမှုရော လှုပ်ရှားမှုရော ပြန်လည် ကောင်းမွန်လာဖို့ အထောက်အကူပြုပါတယ်။
သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့
ပညာရှင်တွေ ညွှန်ကြားချက်နဲ့ စနစ်တကျ အသုံးပြုနိုင်ပါတယ်။

၅) နောက်အရေးကြီဆုံးက ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းပါ။

လေဖြတ်တာ အတွက်ရော လေဖြတ်ပြီးနောက် ပခုံးအဆစ်ပြုတ်တာအတွက်ရော စနစ်ကျတဲ့ Exercise Program နဲ့ စနစ်တကျလေ့ကျင့်ပေးတဲ့ ပညာရှင် လိုအပ်ပါတယ်။

muscle တွေရဲ့ Motor Recovery ပြန်ရလာတာနဲ့အမျှ ပခုံးအဆစ်ကို ထိန်းထားတဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာပြီး ပိုမိုကောင်းမွန်လာစေပါတယ်။

ပုံထဲမှာလည်း လေဖြတ်လူနာတွေအတွက် သင့်တော်တဲ့ Hemi Sling လေးပြထားပါတယ်။

Thet Hnin Moe
Exercise Physiologist and Physiotherapist
B.Med.Tech, Physiotherapy (Mdy)
M.Sc (Exercise physiology,Thailand)

REFERENCE;

https://www.rehab.research.va.gov/jour/05/42/4/pdf/paci.pdf

https://www.physio-pedia.com/Hemiplegic_Shoulder_Subluxation -:8-10

https://www.tandfonline.com/doi/abs/10.1080/10749357.2017.1383712?scroll=top&needAccess=true&journalCode=ytsr20

အားလုံးပဲမဂ်လာပါရှင်။ ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ အချိန်အကြာကြီး နာရီပေါင်း မြောက်များစွာ ဆက်တိုက် အထိုင်များ...
23/03/2023

အားလုံးပဲမဂ်လာပါရှင်။

ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့

အချိန်အကြာကြီး နာရီပေါင်း မြောက်များစွာ ဆက်တိုက် အထိုင်များရင် မကောင်းဘူးဆိုတာ

လူတွေ တော်တော်များများ သိကြပါတယ်။

ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေ သက်ရောက်တတ်လဲဆိုတာ

ကို 2023 March မှာ ထွက်ထားတဲ့

သုသေတန စာတမ်းတစ်ခုကို ကိုးကား ဖော်ပြချင်ပါတယ်။

နာရီပေါင်းမြောက်များစွာ

ဆက်တိုက် အထိုင်များရင် Metabolic Impairments လို့ခေါ်တဲ့ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ

ထိခိုက်တတ်ပြီး vascular disease လို့ခေါ်တဲ့

သွေးကြောဆိုင်ရာ ပြသနာတွေ ဖြစ်တတ်ပါတယ်။

သုသေတန စာတမ်းထဲမှာတော့

ထိုင်နေတုန်းမှာ Fidgeting လို့ခေါ်တဲ့ လှုပ်ရှားမှု အသေးစားလေးတွေ လုပ်တဲ့သူတွေမှာ

artery shear rate လို့ခေါ်တဲ့ သွေးကြော စီးနှုန်း velocity လေးတွေ ပိုမို မြင့်မားနေတာကို တွေ့ရပါတယ်။

နာရီမြောက်များစွာ ထိုင်နေတဲ့ သူတွေမှာ

1. Blood flow လို့ခေါ်တဲ့ သွေးကြောလည်ပတ်မှုတွေ ကျနေတတ်ပါတယ်။

2. Inflammatory molecules လို့ခေါ်တဲ့ ရောင်ရမ်းစေတတ်တဲ့ ပစ္စည်းတွေ ပိုထွက်တတ်ပါတယ်။

3. Tissue တွေအတွက်လည်း သွေးလည်ပတ်မှူ ကျစေတတ်ပါတယ်။

4. ခန္ဓာကိုယ်မှာရှိတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးတဲ့ Mitochondrial အတွက် ထိခိုက်စေတတ်တဲ့ အပြင်

5. ခြေထောက်မှာ သွေးလည်ပတ်မှုမကောင်းပဲ venous pooling လို့ခေါ်တဲ့ ဖောရောင်မှုတွေ ဖြစ်စေတတ်ပါတယ်။

အထိုင်များပေမဲ့ ဆက်တိုက်မထိုင်ပဲ ကြားထဲမှာ

လှုပ်ရှားမှုလေးတွေ လုပ်တဲ့ သူတွေမှာတော့

အပေါ်ဖက်ကရေးထားတဲ့ အချက် ၅ ချက်နဲ့ မတူပဲ

သွေးလည်ပတ်မှု ပိုမိုကောင်းတာကြောင့်

ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်

ဆိုးဝါးစေတဲ့ အကျိုးသက်ရောက်ဖြစ်တာ လျော့နည်းစေကြောင်း တွေ့ရှိထားပါတယ်။

အဲဒါကြောင့် အချိန်နာရီများစွာ

အထိုင်များခြင်းကို တတ်နိုင်သလောက် ရှောင်ကျဉ်ကြစေလိုပါတယ်ရှင်။

အကယ်၍ အထိုင်များမယ်ဆိုရင်လည်း

တစ်ဆက်တည်း အကြာကြီး မထိုင်ပဲ လှုပ်ရှား

သွားလာမှုလေးတွေ ကြားထဲမှာ လုပ်သင့်ပါကြောင်း အကြံပေးလိုပါတယ်ရှင်။

Thet Hnin Moe
Exercise Physiologist and Physiotherapist
-B.Med.tech.(Physiotherapy),Mdy
-Exercise Physiology (Mahidol University,Thailand)

Reference; “Prolonged sitting and peripheral vascular function: potential mechanisms and methodological considerations” Elizabeth J. Pekas, et al.
http://ow.ly/gJlx50MUlet
University of Nebraska at Omaha

Photo Credit to the paper.

Professional တစ်ခု စလုပ်တော့မယ်ဆို ကိုယ်ခံယူထားတဲ့ အချက်တွေရှိတယ်။ 1. role and responsibilities 2. Ethic 3. Boundary (Sc...
28/11/2022

Professional တစ်ခု စလုပ်တော့မယ်ဆို ကိုယ်ခံယူထားတဲ့ အချက်တွေရှိတယ်။
1. role and responsibilities
2. Ethic
3. Boundary (Scope of practice)
4. Honesty
5. Reputation of relevant profession
6. Empathy and Dignity
7. Evidence based practice

ကိုယ်က Physiotherapist,Exercise Physiologist ဆိုတော့ ကိုယ်သိတဲ့ ခံယူထားတဲ့အပိုင်းလေး တွေပါ။ လိုအပ်တာတွေလည်း အများကြီး ရှိနိုင်ပါတယ်။

Physiotherapist အနေနဲ့ ကိုယ်ခံယူထားတာတွေ ပြောချင်ပါတယ်။

1. Role and Responsibility
ကိုယ် ယူထားတဲ့ ပညာရှင် တစ်ယောက်ရဲ့ Role နဲ့ Responsibility ကို ကောင်းကောင်းသိရပါမယ်။
Physical approach တွေနဲ့ လူနာတွေကို ကြည့်ရှု ကုသမှု ပေးလို့ရပါတယ်။
Medical approach မပါပါဘူး။ သောက်ဆေးပေးတာ ဆေးထိုးတာ ရောဂါ အဖြေရှာတာ ဆရာဝန်တွေ အပိုင်းပါ။

2. Ethic
Professional တစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆို စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ အများကြီးရှိပါတယ်။
Profession တူတဲ့ လူတွေကြားမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ
profession မတူတဲ့ လူတွေနဲ့ ဆက်ဆံရတဲ့ အခါမှာ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ
လူနာအပေါ် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ အများကြီး ရှိပါတယ်။

3. Boundary
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စောင့်ထိန်းရမယ့် စည်းကမ်းတွေ ရှိပါတယ်။
Professional တစ်ခု ဘယ် ဘောင် အတွင်းကနေ လုပ်ဆောင်လို့ ရသလဲဆိုတာ သေချာသိရပါမယ်။
ဘောင်ကျော် လုပ်ဆောင်ရင် ထိခိုက်မှာက လူနာတွေပါ။

4. Honesty
ရိုးသားရပါမယ်။ လိမ်လည်လို့ မရပါဘူး။
မဟုတ်တာကို လိမ်လည်ပြီး အဟုတ် ပြောလို့ မရပါဘူး။

5. Reputation of a relevant profession
ကိုယ့်ရဲ့ လုပ်ဆောင်မှု တစ်ခုတည်းကြောင့် အခြား လုပ်ငန်းတူ လုပ်နေတဲ့ Professional တွေ နမည် ထိခိုက်အောင် မလုပ်ဆောင်သင့်ပါဘူး။
Profession တစ်ခုရဲ့ reputation ကို စောင့်ထိန်းရပါမယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်း
လုပ်ဆောင်မှုတိုင်းက ကိုယ်လုပ်နေတဲ့ Profession အပေါ် ကိုယ်စားပြုနေတယ်ဆိုတာ သိရပါမယ်။

6. Empathy and Dignity
ကိုယ်ချင်းစာစိတ်က အရမ်း အရေးကြီးပါတယ်။
လူနာတွေအပေါ် လုပ်ဖော်ကိုင်ဖက်အချင်းချင်ရအပေါ် ထားကို ထားရပါမယ်။
“ငါ” သာ သူ့နေရာမှာဆိုရင် ဆိုတဲ့ အတွေး အမြဲခေါင်းထဲ ထည့်ထားသင့်ပါတယ်။
Dignity ဆိုတဲ့ ဂုဏ်သိက္ခာရှိစေဖို့အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ရပါမယ်။

Mutual respect ကတော့ Professional အချင်းချင်း ပြောဆို ဆက်ဆံရာမှာ ရှိကို ရှိသင့်တဲ့ အရာပါ။

7. Evidence based practice
ကိုယ့်ရဲ့ Professional အတွက် လူနာတွေအတွက် အမြဲ လေ့လာသင်ယူနေရပါမယ်။ ပြန်ပြီး applied လုပ်ရပါမယ်။

“Education is not something that you can finish “ ဆိုတဲ့ Mindset ကို လက်ခံကျင့်သုံးနေရပါမယ်။

ကိုယ့်အနေနဲ့ Professional တစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုတည်းက ကိုယ်ခံယူထားတဲ့ ခံယူချက်တွေပါ။ အရင်တည်းကရော အခုရော နောက်ရော မပြောင်းလဲ ပါဘူး။ နောက်ပိုင်း ထပ်ဖြည့်စရာတွေသင်ယူစရာတွေ ရှိလာနိုင်ပါတယ်။

Hnin Moe
Physiotherapist and Exercise Physiologist

ပုံကတော့ UK က Physio တွေ အတွက် Code of professional values ထဲက ပုံပါ။

Reference;

https://www.csp.org.uk/system/files/csp_code_of_professional_values_behaviour_full.pdf

အရိုးပါးခြင်း အရိုးပွခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း တစ်ချို့လူနာတွေမှာ အရိုးပါးတာ Osteopenia နဲ့ အရိုးပွတာ Osteoporos...
12/09/2022

အရိုးပါးခြင်း အရိုးပွခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း

တစ်ချို့လူနာတွေမှာ

အရိုးပါးတာ Osteopenia နဲ့ အရိုးပွတာ Osteoporosis ရှိတာနဲ့

အရိုးက ကျွတ်ဆတ်လွယ်တယ်ဆိုပြီး

လှုပ်ရှားဖို့ ကြောက်သွားတဲ့ လူနာတွေ ရှိပါတယ်။

လှုပ်ရှားမှုတွေအကြောင်း မပြောခင်

အရိုးပွလာတာတဲ့ အကြောင်းလေးကို အကြမ်းပြင်း ဝေမျှချင်ပါတယ်။

ခန္ဓာကိုယ်မှာ အသက်အရွယ်ရလာတာနဲ့အမျှ

အရိုးကို ပြန်တည်ဆောက်ပေးတဲ့ Osteoblast cells ရဲ့ Function နဲ့

Osteoclasts cells ဖြစ်တဲ့ အရိုးတွေကို

ပြန် ဖြိုဖျက်ပေးတဲ့ function နှစ်ခု မညီမျှ လာတာ ဖြစ်ပါတယ်။

အဲဒီလို မညီမျှလာတာနဲ့အမျှ အရိုးပွခြင်းတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အရိုးပွခြင်းအကြောင်းအရာများစွာ ရှိပါတယ်

1. အသက်အရွယ်ရလာတာ

2. estrogen deficiency လို့ခေါ်တဲ့ အီစတိုဂျင် ဟော်မုန်း ထုတ်လုပ်မှု အားနည်းတာ

3. အစားအသောက် အဟာရမှန်ကန်စွာ မစားတာ

4. အကြာကြီး မလှုပ်မရှားနဲ့ အိပ်ယာထဲ လှဲနေတာ

5. Glucocorticoid အစရှိတဲ့ဆေးတွေ အချိန်ကြာမြင့်စွာ စွဲမြဲ သောက်သုံးတာ

6. ကိုယ်အလေးချိန် BMI လျော့နည်းလွန်းတာ

7. Abnormal activation of Osteoclast function လို့ခေါ်တဲ့ Osteoclast အလုပ်လုပ်တဲ့ပုံ ပုံမှန်မဟုတ်တာ

8. မျိုးရိုး လိုက်တာ

အစအစရှိတဲ့ အကြောင်းအရာ အမျိုးမျိုးတွေကြောင့် အရိုးပါးတာ အရိုးပွတာ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ အရိုးပွတယ်ဆိုတိုင်းလည်း

" အရိုးကျိုးလွယ်တယ် အရိုးကြွတ်ဆက်နေတယ် ဆိုပြီး မလှုပ်မရှား နေရမယ်။ အရမ်းလှုပ်ရှားရင် အရိုးကျိုးသွားမယ် " ဆိုတဲ့ အသိဟာ

မှန်ကန်တဲ့ အယူအဆ မဟုတ်ပါဘူး။

ငြိမ်ငြိမ်လေး နေတာ မလှုပ်မရှားနေတာ က အရိုးပွခြင်းကို ပိုမိုဆိုးရွာလာစေတတ်ပါတယ်။

အရိုးပွလာတယ်ဆိုရင် အဓိကက လုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။

1. ဆရာဝန်တွေနဲ့ စနစ်တကျတိုင်ပင်ပြီး လိုအပ်တဲ့ supplement တွေ သောက်သုံးတာတို့ လိုအပ်တဲ့ ကုသမှုတွေ တိုင်ပင်ပြီး စနစ်တကျ ခံယူသင့်ပါတယ်။

2. သင့်တော်တဲ့ အစားအသောက်တွေကို စနစ်တကျ စားသုံးသင့်ပါတယ်။ (လိုအပ်ရင် Nutritionists တွေနဲ့ စနစ်တကျ တိုင်ပင်သင့်ပါတယ်)

3. ကိုယ်လက်လှုပ်ရှားမှုလေးကို ပုံမှန် လုပ်သင့်ပါတယ်။

သုတေသနတွေမှာ Weight bearing exercise တွေ Strength training တွေက Bone density ကို ထိန်းပေးဖို့ လိုအပ်တဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ် လို့ ဖော်ပြထားပါတယ်။

Moderate intensity exercise ကတော့ Osteoblasts လို့ခေါ်တဲ့ Bone ကိုပြန်တည်ဆောက်ပေးတဲ့ function မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ သုတေသန တွေက ဖော်ပြထားပါတယ်။

Aerobic exercise တွေကတော့ osteocytes တွေအတွက် အကျိုးရှိစေပါတယ်လို့ ဖော်ပြကြပါတယ်။

တစ်ချို့သုသေတန တွေမှာ

Regular Endurance exercise ​တွေက

အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ mitochondrial number လျော့ကျလာမှု နဲ့

သူ့ရဲ့ ပုံမှန်အလုပ်လုပ်နိုင်စွမ်း လျော့ကျလာမှုကို

ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက Pro-inflammatory cytokines တွေလျော့ကျစေပြီး

ရောင်ရမ်းမှုကို လျော့ကျစေပါတယ်လို့ လည်း
သုသေတနစာတမ်းတွေက ဖော်ပြထားပါတယ်။

Thet Hnin Moe
Exercise physiologist and Physiotherapist
-B.Med.Tech ( Physiotherapy,Mdy)
-M.Sc ( Exercise physiology, Thailand)

Reference:

https://www.frontiersin.org/articles/10.3389/fimmu.2022.1005665/full

https://orthoinfo.aaos.org/en/staying-healthy/exercise-and-bone-health/

Photo Credit from Research article .

လေဖြတ်ခြင်းအကြောင်း တစေ့တစောင်း လေဖြတ်ပြီးနောက်ပိုင်းမှာ ဂရုစိုက် အလေးထားရမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ "လေဖြတ်တ...
20/08/2022

လေဖြတ်ခြင်းအကြောင်း တစေ့တစောင်း

လေဖြတ်ပြီးနောက်ပိုင်းမှာ ဂရုစိုက် အလေးထားရမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

"လေဖြတ်တာ ပြန်ကောင်းနိုင်မလား " ဆိုတဲ့ မေးခွန်းလေးက တော်တော်လေး လူမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။

ပြန်ကောင်းနိုင်ခြေကတော့

ထိခိုက်သွားတဲ့ ဦးနှောက် ပြင်းထန်မှု ဘယ်လောက်ရှိလဲ ဆိုတာရယ်

လူနာရဲ့ ဦးနှောက် ဘယ်အစိတ်အပိုင်းကို ထိခိုက်သွားလဲ ဆိုတာရယ်

တခြား ဘာရောဂါအခံတွေရှိလဲဆိုတာရယ်

လူနာရဲ့ ခံယူရမယ့် ကုသမှု အဆင့်ဆင့်ကို စနစ်တကျ ခံယူလား ဆိုတာရယ်

အိမ်ကလူတွေရဲ့ စနစ်တကျ ပြုစုစောင့်ရှောက်မှုရယ်

လူနာရဲ့ စိတ်ဓါတ်အခြေအနေရယ် အစအစရှိတဲ့ များစွာသော Factors တွေပေါ်မှာ မူတည်နေပါတယ်။

ဦးနှောက် လေဖြတ်တဲ့ အစိတ်အပိုင်းပေါ်မူတည်ပြီး

အဲဒီ ထိခိုက်ထားတဲ့ ဦးနှောက် ထိန်းချုပ်ထားတဲ့

ခန္ဓာကိုယ် အစိတ်အပိုင်းနေရာမှာ

လှုပ်ဆောင်ရ ခက်ခဲတာတွေ

စကားပြောခက်ခဲတာတွေ

အစာမြိုချရခက်ခဲတာတွေ

အစအစရှိတဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ

ရဲ့ ပုံမှန်
လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

အဲဒီပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်ပြီး စနစ်တကျလုပ်ဆောင်နိုင်စေဖို့အတွက်

ဦးနှောက်မှာ ရှိတဲ့ neurons လို့ခေါ်တဲ့

ဦးနှောက် cell လေးတွေကို Neuroplasticity နည်းအရ

စနစ်တကျ ပြန်လည် ချိတ်ဆက်ဖို့

လေ့ကျင့်သင့်တဲ့ အချိန်က လေဖြတ်ပြီး ပထမ ၃ လမှ ၆ လ
အထိ ဖြစ်ပါတယ်။

အဲဒီ ပထမ ၆ လမှာ

ဦးနှောက်ထဲမှာရှိတဲ့ Neuron တွေပြန်ပြီး
အသစ်ချိတ်ဆက်မိဖို့

Connection အသစ်လေးတွေ ပြန်ဖြစ်ပေါ်လာဖို့

အကောင်းဆုံးအချိန်လို့ မှတ်ယူလို့ရပါတယ်။

အဲဒါကြောင့် ပြန်လည်သန်စွမ်းစေဖို့ ပြန်ပြီး
လေ့ကျင့်ဖို့က အဲဒီအချိန်မှာ အရမ်းအရေးကြီးပါတယ်။

၆ လကျော်သွားရင်တော့ အဲဒီ ဦးနှောက် cell လေးတွေရဲ့ လုပ်ဆောင်ချက်က

ပထမ ၆ လလောက် လျင်လျင်မြန်မြန် ချိတ်ဆက်ဖို့
မလွယ်တော့ပါဘူး။

ချိတ်ဆက်မှုကတော့ ရှိနိုင်သေးပါတယ် လို့
သုသေတန အများစုက သုံးသပ်ကြပါတယ်။

ဒါပေမဲ့ လေဖြတ်ဖြတ်ပြီးချင်းမှာ

တစ်ချို့လူတွေတော်တော်များများ စိတ်ထဲမှာ
"ပြန်ကောင်းဖို့ နှိပ်ရမယ် " ဆိုတဲ့
mindset နဲ့
ကျန်းမာရေးနယ်ပယ်က မဟုတ်တဲ့ အနှိပ်ဆရာတွေထံရောက်သွားတတ်ကြပါတယ်။

အလွန်အရေးကြီးတဲ့
ပထမ ၆ လမှာ "နှိပ်တာ တစ်ခုတည်းက အပြည့်အဝ ပြန်ကောင်းနိုင်ပါ့မလား " ဆိုတဲ့
မေးခွန်းကို လူနာရှင်တွေ

အသေအချာ စဉ်းစားသင့်နေပါပြီ..


ဦးနှောက်ထဲမှာ ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းပုံတွေက စနစ်တကျ မှန်ကန်ရဲ့လား ဆိုတာ

လူနာရှင်တွေ သေချာစဉ်းစားနိုင်မှ

လူနာရဲ့
တနေ့တာ လုပ်ငန်းဆောင်တာတွေ ပြန်လုပ်ဆောင်
နိုင်ဖို့
ထို့ထက်အပြင် ပိုကောင်းတဲ့ Fitness level ကို ရောက်စေဖို့ အကျိုးသက်ရောက်မှု အများကြီးရှိမှာပါ။

Thet Hnin Moe
Exercise Physiologist and Physiotherapist
B.Med.Tech (Physiotherapy,Mdy)
M.Sc (Exercise Physiology,Thailand)

22/07/2022

Muscle mass က အသက် ၄၀ ကျော်

နောက်ပိုင်းမှာ တဖြည်းဖြည်း ပို

လျော့ကျလာတယ်ဆိုတာ သင်တို့ သိပါသလား..

အကယ်ရျ် လူ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ

ကြွက်သားထုထည် လျော့ကျလာခြင်းက

ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှုတွေ

ဖြစ်စေပါသလဲဆိုတာရော သင်တို့ သိပါသလား..

ကြွက်သားက ခန္ဓာကိုယ်မှာ လှုပ်ရှားမှုအပြင်

ဘယ်နေရာတွေမှာ အရေးကြီးတဲ့ နေရာက

ပါဝင်နေတယ်ဆိုတာရော သိပါသလား..

အဲဒီအကြောင်းလေးကို စိတ်ဝင်စားတယ် ဆိုရင်တော့
အဲဒီ topic လေးနဲ့ ပတ်သက်လို့

အရင်လို PowerPoint Presentation လေး နားထောင်ချင်တာလား

ဒါမှမဟုတ် article တစ်ခုအနေနဲ့ ဖတ်ရှုချင်တာလားဆိုတာ
အကြံလေး ပေးသွားကြပါဦးလို့..

Commentမရေးချင်လည်း
Messenge box မှာ လာရေးလို့ ရပါတယ်ဗျို့

Photo credit..

Address

Taunggyi

Telephone

+959962042002

Website

Alerts

Be the first to know and let us send you an email when Thet Hnin Moe - Exercise Physiologist and Physical Therapist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thet Hnin Moe - Exercise Physiologist and Physical Therapist:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram