Kant Kaw Clinic, Taunggyi

Kant Kaw Clinic, Taunggyi Primary Health Care Clinic

10/10/2025

ကံ့ကော်
အထွေထွေရာဂါကုဆေးခန်း (၁)
အနောက်မြို့ပတ်လမ်း၊ နိဗ္ဗာန်လမ်းဆုံ၊
ကံသာရပ်ကွက်၊ တောင်ကြီးမြို့ တွင် တာ၀န်ထမ်းဆောင်ရန်

ဆေးခန်းအကူဝန်ထမ်း – 1 ဦး (Female/Male)
အလိုရှိပါသည်။

-အသက် (၁၈ မှ ၃၀ နှစ်အတွင်း) ဖြစ်ရမည်။

-ရိုးသားကြိုးစားပြီး အမှန်တကယ်စိတ်ပါဝင်စားသူဖြစ်ရမည်။

-ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ပြီး အပြောအဆိုလိမ္မာယဉ်ကျေးသူဖြစ်ရမည်။

-ဆေးဆိုင်/ဆေးခန်းအကူ၊ ဆေးဝါးကျွမ်းကျင် အတွေ့အကြုံရှိသူ ဦးစား ပေးမည်။

-အတွေ့အကြုံမရှိသော်လည်း အမှန်တကယ်စိတ်ပါဝင်စားမှုရှိပါကလျှောက်ထားနိုင်ပါသည်။

အလုပ်ချိန် - မနက် 8နာရီ မှ 12နာရီထိ ညနေ 4နာရီမှ ည 7:30 နာရီထိ


-လစာ - ညှိနှိုင်း

ဆက်သွယ်ရန် - Viber No. - 0941003596 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

05/10/2025

ကံ့ကော်
အထွေထွေရာဂါကုဆေးခန်း (၃)
အနောက်မြို့ပတ်လမ်း၊ ချယ်ရီကွင်းလမ်းဆုံ၊
ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့ တွင် တာ၀န်ထမ်းဆောင်ရန်

ဆေးခန်းအကူဝန်ထမ်း – 1 ဦး (Female/Male)
အလိုရှိပါသည်။

-အသက် (၁၈ မှ ၃၀ နှစ်အတွင်း) ဖြစ်ရမည်။

-ရိုးသားကြိုးစားပြီး သွက်လက်သူဖြစ်ရမည်။

-ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ပြီး အပြောအဆိုလိမ္မာယဉ်ကျေးသူဖြစ်ရမည်။

-ဆေးဆိုင်/ဆေးခန်းအကူ၊ ဆေးဝါးကျွမ်းကျင် အတွေ့အကြုံရှိသူ ဦးစား ပေးမည်။

-အတွေ့အကြုံမရှိသော်လည်း အမှန်တကယ်စိတ်ပါဝင်စားမှုရှိပါကလျှောက်ထားနိုင်ပါသည်။

-လစာ - ညှိနှိုင်း

ဆက်သွယ်ရန် - Viber No. - 09428332706 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

 #သွေးပြစ်တယ်ပြောတယ် #သွေးတစ်အိတ်_ဖောက်ထုတ်ရတယ် #ဆေးလိပ်ဖြတ်ခိုင်းတယ်  #သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း👉👉👉...
17/07/2022

#သွေးပြစ်တယ်ပြောတယ်
#သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
#ဆေးလိပ်ဖြတ်ခိုင်းတယ်


#သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း

👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီိး ရှိပါတယ်။

၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်

၂။ Plasma (သွေးရည်ကြည်)

သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့

- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွား
အောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်

- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်

👉👉👉
​(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။

က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပြစ်တယ်လို့ပြောကြတာပါ။

​သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။

အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။

#ဘာလို့လဲ ⁉️

Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
ဆံပင်ထက်သေးပါတယ် အဲ့ဒီသွေးကြောလေးတွေက သွေးနီဥ တစ်လုံးစာပဲ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ သွားလို့ရပါတယ်၊

သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။

သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။

အဲ့ဒီသွေးကြောဟာ
ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်
နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်
ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။

အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို
သွေးနီဥများတဲ့ သွေးပြစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။

👉
#ဘာလို့ဖြစ်တာလဲ ⁉️

- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia

ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့
ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။

သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။

အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
#ဘယ်လိုလုပ်ကြမလဲ ⁉️

သွေးပြစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့

#အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ
အဲ့မှာပြောစရာရှိတာက
သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့
သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့

(Edited; ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)

မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။

လူနာတွေမှာက တော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာ က တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။

ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီ ကိုက ထုတ်တာများနေတဲ့ အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။

ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်

👉👉👉
အဲ့တော့ သွေးပြစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉

#ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️

- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။

#ဘယ်လိုသိမလဲ ⁉️

- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်။

👉👉👉
သွေးနီဥ နဲ့ ပတ်သက်တဲ့ နည်းတာလည်းပြောပြီးပြီ၊ များတာလည်းပြောပြီးပြီ။ 😀

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
to Dr ဘုန်းစည်သူလွင် Dr. ဖြိုးဇော် ✍🙏🙏🙏

Address

West Circular Road
Taunggyi

Opening Hours

Monday 08:00 - 12:00
15:00 - 19:00
Tuesday 08:00 - 12:00
15:00 - 19:00
Wednesday 08:00 - 12:00
15:00 - 19:00
Thursday 08:00 - 12:00
15:00 - 19:00
Friday 08:00 - 12:00
15:00 - 19:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 19:00

Telephone

+959781049242

Website

Alerts

Be the first to know and let us send you an email when Kant Kaw Clinic, Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kant Kaw Clinic, Taunggyi:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category