Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း

  • Home
  • Myanmar
  • Taunggyi
  • Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း

Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း, Vitamin Supplement Shop, အခန်း ၂-၃ အမှတ်(၁)ရဲစခန်းတိုက်တန်း မြတ်လေးလမ်း လမ်းမတော်ရပ် တောင်ကြီးမြို့, Taunggyi.

Urgent # # #ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။ဆေးအရောင်းဝန်ထမ်း မ(1)ဦး1. ပ...
02/02/2026

Urgent # # #
ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။

ဆေးအရောင်းဝန်ထမ်း မ(1)ဦး
1. ပညာအရည်အချင်း
၁၀တန်းအောင် (သို့) ဘွဲ့ရ
2. ဆေးရောင်းအတွေ့အကြုံရှိသူဦးစားပေးမည်
3. ကျန်းမာရေးကောင်မွန်ပီး ဆေးအရောင်းအဝယ်ကို အမှန်တကယ်စိတ်ပါဝင်စားသူဖြစ်ရပါမည်

CV form
Passport ဓာတ်ပုံ
မှတ်ပုံတင် မိတ္တူ
အိမ်ထောင်စု စာရင်းမိတ္တူနှင့်အတူ
လူကိုယ်တိုင် (သို့) Viberမှတဆင့် လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
09-428317524 (viber)
09-794560731

Urgent # # #ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။ဆေးအရောင်းဝန်ထမ်း မ(2)ဦး1. ပ...
02/10/2025

Urgent # # #
ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။

ဆေးအရောင်းဝန်ထမ်း မ(2)ဦး
1. ပညာအရည်အချင်း
၁၀တန်းအောင် (သို့) ဘွဲ့ရ
2. ဆေးရောင်းအတွေ့အကြုံရှိသူဦးစားပေးမည်
3. ကျန်းမာရေးကောင်မွန်ပီး ဆေးအရောင်းအဝယ်ကို အမှန်တကယ်စိတ်ပါဝင်စားသူဖြစ်ရပါမည်

CV form
Passport ဓာတ်ပုံ
မှတ်ပုံတင် မိတ္တူ
အိမ်ထောင်စု စာရင်းမိတ္တူနှင့်အတူ
လူကိုယ်တိုင် (သို့) Viberမှတဆင့် လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
09-428317524 (viber)
09-794560731

08/08/2025

မေတ္တာအခါတော် နေ့ပါ
မေတ္တာတရားပွါးများ အေးချမ်းကြပါစေ။
NL 🙏🙏🙏

မနက်ဖြန် (9.7.2025) ဝါဆိုလပြည့်နေ့ ဆိုင်(1)ရက်ပိတ်ပါသည်ရှင့်
08/07/2025

မနက်ဖြန် (9.7.2025) ဝါဆိုလပြည့်နေ့ ဆိုင်(1)ရက်ပိတ်ပါသည်ရှင့်

အသက်(50)အထက်အမျိုးသား အမျိုးသမီးတွေအတွက် (USA) Centrum Silver Men ,Women Tablets အားဆေး အသစ်ထပ်ရောက်ထားပါတယ်ရှင့်အမျိုးသ...
03/07/2025

အသက်(50)အထက်အမျိုးသား အမျိုးသမီးတွေအတွက် (USA) Centrum Silver Men ,Women Tablets အားဆေး အသစ်ထပ်ရောက်ထားပါတယ်ရှင့်

အမျိုးသား /အမျိုးသမီးတွေအသက်ကြီးလာနဲ့အမျှ အရိုးကြံ့ခိုင်အောင်ကူညီပေးတဲ့ Calciumနဲ့ VitaminD ကြွယ်၀စွာပါ၀င်တဲ့အပြင် အခြား ဗီတာမင်နဲ့ သတ္ထုများစွာပါ၀င်တဲ့အတွက် နှလုံး၊ဦးနှောက်၊မျက်စိနဲ့အရိုးအဆစ်တွေသန်မာစေဖို့နေ့စဉ်လိုအပ်တဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးပါတယ်ရှင့်

မျက်စိမှုန်ခြင်း ၊မျက်စိအားနည်းခြင်းအတွက်ပါအထူးကောင်းမွန်ပါတယ်ရှင့်

သွေးအားနည်းခြင်းမှကာကွယ်ပေးသလို နှလုံး ၊အရိုးဆစ်၊ကြွက်သားတွေအတွက်ပါ ကျန်းမာကြံ့ခိုင်သန်စွမ်းစေလို့ အဓိကဆောင်ထားသင့်တဲ့အားဆေးလေးပါရှင်

23/06/2025
(၂၀၂၅)ခုနှစ်၊ ဧပြီလ သင်္ကြန်အကြိုနေ့  (13-4-2025)နေ့မှ နှစ်ဆန်း(၁)ရက် (17-4-2025) ရက်နေ့သည် သင်္ကြန်တွင်း ဆိုင်ပိတ်ရက်ဖြ...
11/04/2025

(၂၀၂၅)ခုနှစ်၊ ဧပြီလ သင်္ကြန်အကြိုနေ့ (13-4-2025)နေ့မှ နှစ်ဆန်း(၁)ရက် (17-4-2025) ရက်နေ့သည် သင်္ကြန်တွင်း ဆိုင်ပိတ်ရက်ဖြစ်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါတယ်ရှင်။
အားလုံးကျန်းမာချမ်းသာပီး ဘေးအန္တရာယ်ကင်းပါစေကြောင်းဆုတောင်းမေတ္တာပို့သပါသည်ရှင့် 🙏🙏🙏


29/03/2025

ပြည်သူပြည်သားများအားလုံး အသက်အန္တရာယ်ကင်းကာ လွတ်မြောက်ကြပါစေလို့ တောင်းဆုပြုပါတယ်။

ငလျင်ဖြစ်ပြီးနောက် အဆောက်အဦတွင် ဖြစ်ပေါ်တတ်သောအက်ကြောင်းများ နဲ့ ပတ်သက်လို့ ပြည်သူပြည်သားများ သတိထားနိုင်စေဖို့ တင်ပေးလိုက်ပါတယ်နော်။

၁။ ဒေါင်လိုက်အက်ကွဲကြောင်း ( )

ငလျင်ရွေ့လျားမှုကြောင့် အဆောက်အဦအတွင်း တစ်စိတ်တစ်ပိုင်း မြေကျွံခြင်း၊ တည်ဆောက်မှုအားနည်းမှုများကြောင့် ဖြစ်ပေါ်နိုင်သည်။ အခြေအနေမဆိုးလျှင် ပြုပြင်နိုင်သော်လည်း တည်ဆောက်မှုကို ထိခိုက်စေနိုင်သောကြောင့် စောင့်ကြည့်ရမည်။

၂။ အလျားလိုက်အက်ကွဲကြောင်း ( )

ငလျင်ကြောင့် အဆောက်အဦအတွင်း ထိခိုက်သွားလျှင် အလျားလိုက်အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။ ၎င်းအက်ကွဲကြောင်းများသည် အဆောက်အဦ၏ တည်ရှိနိုင်မှု ( ) ကို ထိခိုက်နိုင်သောကြောင့် အရေးပေါ် ပြုပြင်မှု လိုအပ်နိုင်သည်။

၃။ ထောင့်ဖြတ်အက်ကွဲကြောင်း ( )

အိမ်သစ်၊ အဆောက်အဦသစ်များတွင် ငလျင်တုန်ခါမှုများကြောင့် ထောင့်ဖြတ်အက်ကွဲကြောင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် တည်ရှိနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့် ပြုပြင်မှု လိုအပ်နိုင်သည်။
၄။ လှေကားထစ်ပုံစံအက်ကွဲကြောင်း( - )

အုတ်နံရံများတွင် ငလျင်ဖြစ်ပြီးနောက် လှေကားထစ်ပုံစံဖြင့် အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။ထိုအက်ကွဲကြောင်းများသည် အဆောက်အဦအား ထိခိုက်နိုင်သဖြင့် ဆောက်လုပ်ရေး ကျွမ်းကျင်သူများမှ စစ်ဆေးသင့်သည်။

၅။ အလွန်ကျယ်သော အက်ကွဲကြောင်းများ ( )

ငလျင်လှုပ်ရှားမှုကြောင့် နံရံများ ပွင့်ပြီး ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။၎င်းတို့သည် အဆောက်အဦ ပြိုကျနိုင်မှုကို ဖော်ပြနိုင်သဖြင့် ချက်ချင်းပြုပြင်ရန် လိုအပ်သည်။

၆။ ဖောင်ဒေးရှင်း အက်ကွဲကြောင်းများ ( )

မြေအောက် အဆောက်အဦ တည်မြဲမှုအားနည်းလာခြင်းကြောင့် ငလျင်ကြောင့် အောက်ခံဖောင်ဒေးရှင်း ထိခိုက်မှုဖြစ်နိုင်သည်။ အောက်ခံဖောင်ဒေးရှင်းကျိုးသွားခြင်းများကြောင့် အဆောက်အဦ ပြိုကျနိုင်သောကြောင့် လျင်မြန်စွာ ပြုပြင်ရမည်။

မူရင်းရေးသားသူကို ပေးပါတယ်ရှင်။

#ငလျင်

10/03/2025

#ခေါင်းတစ်ခြမ်းက_သေလောက်အောင်ကိုက်တယ်
#မျက်နှာပါအမ်းနေတယ်
#ရင်ခေါင်းတောင့်လွန်းလို့_လက်ထိုးပြီးသွားသွားအန်ရတယ်

🤕
#ခေါင်းတစ်ခြမ်းကိုက်တဲ့_ဝေဒနာပါ

🙏🙏🙏

ရောဂါ သဘောသဘာဝအကြောင်းသေသေချာချာနားလည်စေချင်တဲ့ အတွက် မိမိရဲ့ *အသိပညာ၊ *အတွေ့အကြုံများအပြင် သုတေသန *စာတမ်းများပါ ဖတ်၍ အပြည့်အစုံ ရေးသားထားသောကြောင့် စာက အတော့ကို ရှည်သွားပါတယ်

အချိန်ပေးပြီး သေသေချာချာ ဖတ်ပြီးရင်တော့ Migraine (ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအတွက်) အကျိုးရစေမှာ သေချာပါတယ်

🙏🙏🙏

------

ရောဂါအကြောင်းမစ ခင် သိထားရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် အကြောင်း အရင်ရှင်းပြချင်ပါတယ်။

နည်းနည်းတော့ ရှုပ်ပါတယ်၊ သေချာနားလည်ရင်တော့ ဘာလို့ ခေါင်း အဲ့လောက် ကိုက်ရတာလဲ နားလည် သွားကြမယ် လို့ ယူဆပါတယ်

#ပထမတစ်ခုက

အာရုံကြော အဖွဲ့အစည်းပါ
ကျွန်တော်တို့ ခံစားတာကို သိဖို့ အရေပြားမှာ
(a.) #အာရုံခံတဲ့နေရာတွေရှိပါတယ်၊ (ပူတယ်/အေးတယ်)၊ ထိတယ်၊ နာတယ်ပေါ့)
အဲ့ဒီအာရုံတွေကို ဦးနှောက်ဆီကို သယ်သွားပေးမယ့် (b.) #အာရုံကြောတွေရှိပါတယ်
ဦးနှောက်ကနေ အဲ့ဒါက ပူတာ၊ အဲ့ဒါက အေးတာ၊ အဲ့ဒါကတော့ နာတာ ဆိုပြီး (c.) #ဆုံးဖြတ်ပေးတဲ့နေရာရှိပါတယ်

အဲ့ဒီ (a) (b) (c) သုံးခုပေါင်းပြီးမှ #အာရုံတွေကို ခံစားပါတယ်
အဲ့ဒီက မှ ဦးနှောက်ကနေ ပူရင်ဘာလုပ်လိုက်၊ အေးရင်ဘာလုပ်လိုက်၊ နာရင်ဘာလုပ်လိုက် ဆိုပြီး (d.) #တုံ့ပြန်ပါတယ်။

အဲ့ဒီအာရုံကြောအဖွဲ့အစည်းအများကြီးထဲကမှ

ဦးခေါင်း + လည်ပင်းပိုင်းနဲ့ သက်ဆိုင်တာက Trigerminal/Cervical Pain system ပါ။

(( ဥပမာပြောရရင် ပါးရိုက်ခံလိုက်ရတယ်၊ ခေါင်းခေါက်ခံ လိုက်ရတယ် ဆိုပါတော့ 😁
သမခံလိုက်ရတာကို (a.) ကသိပါတယ်
အဲ့ဒီ Information ကို (b.) ကသယ်သွားပါတယ်
ငါတော့ အကျွေးခံရလိုက်ရပြီဆိုပြီး (c.) ကနေ သိပြီး နာလိုက်တာ ဆိုပြီး ဖြစ်သွားပါတယ်။
နာတာသိသွားရင် ဦးနှောက်တွင်းက ဌာနတွေ ချိတ်ဆက်ပြီးတော့ (အမေခေါက်တာ၊ ကောင်မလေးရိုက်တာဆိုရင်) (d.) အနေနဲ့က 😬 ငြိမ်ခံလိုက် ဆိုတဲ့ တုံ့ပြန်မှု ပြန်လုပ်ပါလိမ့်မယ် ))

#ဒုတိယတစ်ခုက

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အကြောင်းကြောင်းကြောင့် သွေးကြောတွေကျဉ်းသွားခဲ့ရင် (အဲ့ဒီသွေးကြောက ထောက်ပံ့ပေးနေတဲ့ cells တွေ Oxygen နဲ့ အဟာရအရနည်းသွားတဲ့ အတွက်) Vasodilator ဆိုတဲ့ သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လိုက်ပါတယ်။

အဲ့ဒီ ဓာတ်ပစ္စည်းတွေ ထဲမှာ *Serotonin ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးလည်း အပါအဝင်ဖြစ်ပါတယ်။

Vasodilator တွေ ထွက်လာရင် သွေးကြောက ပြန်ကျယ်သွားတဲ့ အတွက် Cells တွေက Oxygen နဲ့ အဟာရတွေ ပြန်ရသွားပါတယ်။

ဒါပေမယ့် အဲ့ဒီ Vasodilator (သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်း) ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန် တဲ့ အခါ 👉👉👉 သွေးကြောက အချိန်ကြာမြင့်စွာ ကျယ်နေတဲ့ အတွက် သူထောက်ပံ့ထားတဲ့ နေရာကို သွေးပမာဏများစွာ ရောက်ရှိသွားပါတယ်

သွေးရောက်တာ နည်းရင် မကောင်း သလို၊ သွေးရောက်တာ တရားလွန် များရင်လည်း အဲ့နေရာမှာ သွေးပေါင်တွေ တက်လာတတ်ပါတယ်။

👉👉👉

အဲ့လိုသဘောပါ နည်းနည်းနားလည် ပြီဆိုရင် ရှေ့ဆက်ပါမယ်

>>>>>>>>>>

06/07/2024

အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

#အားလုံး_ကျန်းမာ၊ချမ်းသာ၊ဘေးကင်းကြပါစေ🙏

03/07/2024

သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ

ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ

အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက
အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ...
အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ
ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ...
ပီး တကိုယ်လုံးအေးစက်လာပီး ...
Pressure , Oxygen , Platelet Count တွေ ကျ
၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ်
အရည်တွေ ဝင်အောင် တိုက်ရတယ် ...
( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် )
အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင်
Expired ဖြစ်သွားကြပါတယ် ....
၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ...
အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် ....
မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ...

သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး
ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း
Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ...
103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ...
Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ...
ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင်
သင့်တို့လဲ ကူးစက်နိုင်ပါတယ် ...
မပေ့ါ့ဆကြပါနဲ့

🙏ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ် 🙏

🙏ပြန်ကူးတင်ကြပါ 🙏

Crd
#သွေးလွန်တုပ်ကွေး

Address

အခန်း ၂-၃ အမှတ်(၁)ရဲစခန်းတိုက်တန်း မြတ်လေးလမ်း လမ်းမတော်ရပ် တောင်ကြီးမြို့
Taunggyi

Telephone

+959775125202

Website

Alerts

Be the first to know and let us send you an email when Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share