နတ်သစ်ရွက် စားသောက်ကုန်လုပ်ငန်း

  • Home
  • Myanmar
  • Taunggyi
  • နတ်သစ်ရွက် စားသောက်ကုန်လုပ်ငန်း

နတ်သစ်ရွက် စားသောက်ကုန်လုပ်ငန်း နတ်သစ်ရွက် - ထူးရှယ်လက်ဖက်နှပ်နှင့်စားသောက်ကုန်လုပ်ငန်း

နတ်သစ်ရွက်မှ product များအားလုံးကိုလည်း နေကြာဆီသန့်သာအသုံးပြုပါတယ်ရှင့်
22/11/2025

နတ်သစ်ရွက်မှ product များအားလုံးကိုလည်း နေကြာဆီသန့်သာအသုံးပြုပါတယ်ရှင့်

‼ စားအုန်းဆီ (Palm Oil) နှင့် သင့်ကလေးကျန်းမာရေး အတွက်မမြင်ရသော အန္တရာယ်အကြောင်း သိကောင်းစရာများ 🚫
ရေရှည်မှာစားအုန်းဆီ အသုံးပြုခြင်း၏ အဓိက ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ❓

🔰 ပြည့်ဝဆီပါဝင်မှု မြင့်မားခြင်း (High Saturated Fat)
​ကိုလက်စထရော မြင့်တက်ခြင်း: စားအုန်းဆီမှာ ပြည့်ဝဆီ (Saturated Fat) ပမာဏက အခြားသော ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ- သံလွင်ဆီ၊ နေကြာဆီ) ထက် ပိုမို များပြားစွာ ပါဝင်ပါတယ်။
​နှလုံးသွေးကြော အန္တရာယ်: ပြည့်ဝဆီကို အလွန်အကျွံ စားသုံးခြင်းဟာ သွေးတွင်း LDL (မကောင်းတဲ့) ကိုလက်စထရော ပမာဏကို သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။ ရေရှည်မှာ ဒီလို မြင့်တက်နေခြင်းက နှလုံးရောဂါ၊ သွေးကြောပိတ်ဆို့ခြင်းနဲ့ လေဖြတ်ခြင်း စတဲ့ အန္တရာယ်များကို တိုးစေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။

​🔰 အပူပေးစီမံထုတ်လုပ်ရာမှ ဖြစ်ပေါ်လာသောဓာတုပစ္စည်းများ
​ညစ်ညမ်းစေသော ဓာတုပစ္စည်းများ (Contaminants): စားအုန်းဆီကို အလွန်မြင့်မားသော အပူချိန်များ (Refining Process) ဖြင့် စီမံထုတ်လုပ်သည့်အခါ Glycidyl Esters (GEs) နှင့် 3-MCPD (3-monochloropropane-1,2-diol) ကဲ့သို့သော ဓာတုပစ္စည်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
​ကင်ဆာဖြစ်စေနိုင်ခြေ: ဤဓာတုပစ္စည်းများသည် ဓာတ်ခွဲခန်း လေ့လာမှုများအရ ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက် ဖြစ်စေနိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်ချေ ရှိသည်ဟု ယူဆရသော်လည်း ၎င်းတို့၏ ပါဝင်မှုပမာဏသည် ဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်ပေါ်မူတည်၍ ကွာခြားမှုများ ရှိနိုင်ပါတယ်။

​🔰 အာဟာရတန်ဖိုး မျှတမှု ကင်းမဲ့ခြင်း
​လိုအပ်သော အဆီများ နည်းပါးခြင်း: စားအုန်းဆီမှာ Omega-3 နဲ့ Omega-6 လိုမျိုး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ မပြည့်ဝဆီများ (Unsaturated Fats) ပါဝင်မှု နည်းပါးပါတယ်။
​ကျန်းမာရေးအတွက် အကျိုးနည်းခြင်း: ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဆီဓာတ်များ နည်းပါးတဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းစေသော သံလွင်ဆီ (သို့မဟုတ်) နေကြာဆီတို့ကဲ့သို့ အခြားရွေးချယ်စရာ ဆီများထက် ကျန်းမာရေး အ
တွက် အကျိုးကျေးဇူးပိုနည်းပါသည်။
-------------------

​🛑 ကလေးငယ်များအတွက် အထူးသတိပြုရန်:
ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးဆဲ ခန္ဓာကိုယ်သည် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များကို လိုအပ်သော်လည်း ပြည့်ဝဆီဓာတ်များသော စားအုန်းဆီကို ပုံမှန် စားသုံးခြင်းသည် ကိုယ်အလေးချိန်တက်ခြင်းနှင့် အနာဂတ်တွင် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများအတွက် အလားအလာရှိစေနိုင်သောကြောင့် ကလေးအစားအစာများတွင် အတတ်နိုင်ဆုံး ရှောင်ရှားရန် အရေးကြီးပါသည်။

​💯 YummyMM ၏ ကတိကဝတ် ✅
YummyMM သည် ကလေးငယ်တို့၏ ရေရှည်ကျန်းမာရေးကို အလေးထားသည့်အတွက်ကြောင့် စားအုန်းဆီ၊ပြန်ကြော်ဆီများနှင့်မသန့်ရှင်းသောဆီများလုံးဝအသုံးမပြုပါရှင့်
စျေးနှုန်းသက်သာ သုံးပျော်သောစားအုန်းဆီအစား ဈေးနှုန်းမြင့်မားသော နေကြာဆီ (Sunflower Oil) ကိုသာ သီးသန့်အသုံးပြု၍ ကျောင်းနေ့လည်စာများကို ချက်ပြုတ်ပြင်ဆင်ပေးပါသည်။
-------------------

​📌အိမ်ရှင်မမေမေတို့အတွက် စားအုန်းဆီအစားထိုးအသုံးပြုသင့်သော ကျန်းမာရေးနှင့်ညီညွှတ်သည့်ဆီများကိုဖော်ပြပေးလိုက်ပါတယ်။

​ချက်ပြုတ်မှု အမျိုးအစားအလိုက် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သည့် အောက်ပါဆီများကို အစားထိုး အသုံးပြုနိုင်ပါသည်-

✅ ​နေကြာဆီ (Sunflower Oil): ဗီတာမင် E ကြွယ်ဝပြီး နေ့စဉ် ချက်ပြုတ်ခြင်းနှင့် အလယ်အလတ် အပူပေး ချက်ပြုတ်မှုများအတွက် သင့်လျော်ပါသည်။

✅ ​သံလွင်ဆီ (Olive Oil): နှလုံးကျန်းမာရေးကို အထောက်အကူပြုသော Monounsaturated Fats များ ပါဝင်သည်။ အသုပ်နှင့် မီးဖိုချောင်သုံးရန် အကောင်းဆုံးဖြစ်သည်။

✅ ​ပဲပိစပ်ဆီ (Soybean Oil): Omega-3 နှင့် Omega-6 တို့ ပါဝင်ပြီး စားအုန်းဆီထက် ပိုမိုကျန်းမာရေးနှင့် ညီညွတ်သည်။
-------------------

❌ ​ဆီအုန်းပင် စိုက်ပျိုးထုတ်လုပ်မှုကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု (Climate Change) အပေါ် သက်ရောက်မှု -
▶ ​စားအုန်းဆီ စိုက်ခင်းများ တိုးချဲ့ခြင်းသည် ကမ္ဘာကြီး ပူနွေးမှုကို အဓိက ထိခိုက်စေသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်-
​သစ်တော ပြုန်းတီးမှု: စိုက်ခင်းမြေရရှိရန် အင်ဒိုနီးရှားနှင့် မလေးရှားရှိ မိုးသစ်တောများ (Rainforests) ကို ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် သဘာဝတောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရသည်။

▶ ​ကာဗွန်ထုတ်လွှတ်မှု မြင့်မားခြင်း: သစ်တောများကို မီးရှို့ခြင်းနှင့် မြေဆွေးမြေလွှာ (Peatlands) များမှ စိုက်ခင်းအဖြစ် ပြောင်းလဲခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO₂) ဓာတ်ငွေ့ အမြောက်အမြား လေထုထဲသို့ ထွက်ရှိလာပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဆိုးရွားစေပါသည်။

✴ ​YummyMM အနေဖြင့် သင့်ကလေး၏ ကျန်းမာရေးအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသော အရင်းအမြစ်များကိုသာ ရွေးချယ် အသုံးပြုရန် အစဥ်အမြဲကြိုးစားသွားပါမည်။
--------------------

🤝 ဒါကြောင့် တောင်ကြီးမြို့မှ ဖေဖေ၊မေမေတို့အနေဖြင့် ​သင့်ကလေးများအတွက်
- ရေရှည်ကျန်းမာရေးနှင့်ညီညွတ်သော
- အာဟာရပြည့်ဝသော၊
- သန့်ရှင်းလတ်ဆတ်သော
နေ့လည်စာကျောင်းထမင်းဗူး လေးတစ်နှပ်ကို လိုအပ်လာခဲ့လျှင် Yummy MM School LunchBox Service by Boba Time Taunggyi ကို သတိရလိုက်ပါနော်ရှင့် 🥳

Contact Us - 09787561996 , 09969337871

YUMMY MM

#စားအုန်းဆီ

#စားအုန်းဆီနှင့်ကလေးငယ်များကျန်းမာရေး

အသီးမှာ....သရက်အရွက်မှာ....လက်ဖက်လက်ဖက်မှာ....နတ်သစ်ရွက်စားသုံးသူcustomer များရဲ့ ကျန်းမာရေးကို အလေးထားသောကြောင့် နေကြာဆ...
05/11/2025

အသီးမှာ....သရက်
အရွက်မှာ....လက်ဖက်
လက်ဖက်မှာ....နတ်သစ်ရွက်

စားသုံးသူcustomer များရဲ့ ကျန်းမာရေးကို အလေးထားသောကြောင့် နေကြာဆီသန့်ကိုသာအသုံးပြုပါသည် 🌿

🔰 ရွှေပုစွန်အညွန့်နှပ် 320g - 15000mmk
🔰 လက်ဖက်ညွန့်ကြေရှယ် သို့ လက်ဖက်ထမင်းအနှစ် 320g - 15000mmk
🔰ဒညင်းသီးလက်ဖက်ညွှန့်နှပ်ရှယ် 320mmk - 15000mmk
🔰 ရှူးရှဲချဥ်စပ်လက်ဖက်ညွှန့်နှပ်ရှယ် 320g - 10000mmk
🔰 သီဟိုနှစ်ပြန်ပဲကြော်စုံရှယ် 320g - 10000mmk

ပင်ရင်းလိပ်စာ - ရေအေးကွင်းရပ်၊တောင်ကြီးမြို့၊ရှမ်းတောင်။
ပင်ရင်းဖုန်း - 09969337871

#ပွဲထိုင်လက်ဖက်နတ်သစ်ရွက် #နတ်သစ်ရွက်စားသောက်ကုန်လုပ်ငန်း
#နတ်သစ်ရွက်လက်ဖက်
#နတ်သစ်ရွက် #ရွှေပုစွန်ညွှန့်နှပ်ရှယ်

17/08/2025

နတ်သစ်ရွက်မှ ထုတ်လုပ်ထားတဲ့ မူလလက်ရာ...

🔰 ရွှေပုစွန်လက်ဖက်အညွန့်နှပ်
320g - 15000ks
🔰 ဒညင်းသီးလက်ဖက်အညွှန့်နှပ် 320g - 15000ks
🔰 လက်ဖက်ထမင်းအနှစ် 320g - 15000ks
🔰 လက်ဖက်အညွန့်နှပ်ရှယ် 320g - 10000ks
🔰 နှစ်​ပြန်ပဲကြော်စုံရှယ် 320g -10000ks
🔰 ဂျင်းနှပ်ရှယ် 320g - 9000ks တို့ကို

ဝယ်ယူရရှိနိုင်မည့်ဆိုင်များ

< အောင်ပန်းမြို့ >
🔰ရင်ငြိမ်းအေး 1,2 နှစ်ဆိုင်လုံး

< တောင်ကြီးမြို့ >
🔰ShinShin Store (မိန်းလမ်း)
🔰61mart (မိန်းလမ်း)
🔰ဇွန်မီနီမတ် (မိန်းလမ်း၊အရှေ့မြို့ပတ်၊အနောက်မြို့ပတ်)
🔰K&K mini mart (ကိုးမြို့ရှင်အနီး)
🔰သဲဆုဝေစတိုး (အဆုတ်ဆေးရုံတိုက်တန်း)
🔰 ပင်ရင်းBobaTime Taunggyi ဆိုင်တို့မှာ ဝယ်ယူအားပေးနိုင်ပါပြီရှင့် ။

ထပ်တိုးဆိုင်တွေကိုလည်း ထပ်မံဖော်ပြပေးသွားပါမယ်ရှင့် 💝

📌နေကြာဆီသန့်ကိုသာအသုံးပြုတာမို့ လူမျိုးဘာသာမရွေး လူကြီးလူငယ်မရွေး စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်ပါတယ်ရှင့်။

ဆိုင်သွင်းစျေး၊လက်ကားစျေးလဲသပ်သပ်ရှိတာမို့
လက်လီ၊လက်ကား ဆက်သွယ်မှာယူလိုလျင် 09969337871 သို့ ဆက်သွယ်နိုင်ပါသည် 📲

< 2021 ခုနှစ်က နတ်သစ်ရွက်ရဲ့ productတွေအရင်ပုံစံကကွဲထွက် update လုပ်ပြီး သေချာဖြန့်ချီဖို့ designerနဲ့ designတွေသေချာဆွဲ၊သေချာလုပ်ထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့် တိုးချဲ့ဖို့ဆက်မလုပ်ဖြစ်ပဲ...

ဒီကြားထဲနှစ်တွေမှာ မူလရှိပြီးသားဖောက်သည်တွေ ရဲ့ အမှာတွေပဲ နိုင်သလောက်
လုပ်ပေးနေပြီး ကျယ်ကျယ်ပြန့်ပြန့်မဖြန့်ဖြစ်ခဲ့တာပါရှင့်

အခု 2025မှာတော့ နောက်ကျနေခဲ့တဲ့အရင် plan လေးကိုပြန်လည်အကောင်ထည်ဖော်ဖြစ်ပါပြီရှင့် ...

အခုတော့ ၁၉၉၉ ထဲက
အမေစတင်ခဲ့တဲ့ လက်ဖက်လုပ်ငန်းလေးကိုလည်းသေချာပြန်လုပ်ဖို့ဆုံးဖြတ်ထားပြီမို့ ဖောက်သည်အသစ်၊အဟောင်း၊ လက်လီ၊လက်ကားမှာယူအားပေးကျပါဦးနော်ရှင့် 🥳 >

#နတ်သစ်ရွက်စားသောက်ကုန်လုပ်ငန်း
#နတ်သစ်ရွက်လက်ဖက်

#ရှူးရှဲချဥ်စပ်လက်ဖက်နှပ်
#ရှူးရှဲလက်ဖက် #ရွှေပုစွန်အညွှန့်နှပ် #ပင်းတယလက်ဖက်
#လက်ဖက်ခြောက် #ပွဲထိုင်လက်ဖက်နတ်သစ်ရွက် #ရွှေပုစွန်ညွှန့်နှပ်ရှယ် #နတ်သစ်ရွက်လက်ဖက် #နတ်သစ်ရွက်စားသောက်ကုန်လုပ်ငန်း #နတ်သစ်ရွက်

ရှယ်ဆိုမှရှယ်  #နတ်သစ်ရွက်လက်ဖက်နှပ် #ဂျင်းနှပ် #နှစ်ပြန်ပဲကြော်စုံ
24/09/2024

ရှယ်ဆိုမှရှယ်

#နတ်သစ်ရွက်လက်ဖက်နှပ်
#ဂျင်းနှပ်
#နှစ်ပြန်ပဲကြော်စုံ

နတ်သစ်ရွက် အထူးစပါယ်ရှယ် 🥰ရွှေပုစွန်လက်ဖက်အညွှန့်နှပ် 200g - 12000ks 400g - 23000ks ဒညင်းသီးလက်ဖက်အညွန့်နှပ် 200g - 9500...
29/06/2024

နတ်သစ်ရွက် အထူးစပါယ်ရှယ် 🥰

ရွှေပုစွန်လက်ဖက်အညွှန့်နှပ်

200g - 12000ks
400g - 23000ks

ဒညင်းသီးလက်ဖက်အညွန့်နှပ်

200g - 9500ks
400g - 18000ks

နေကြာဆီသန့်သာအသုံးပြုပါသည်။

#နတ်သစ်ရွက်

#နတ်သစ်ရွက်လက်ဖက်

S'pore သို့ 🌿မြန်မာ့လက်ဆောင်/ရှမ်းပြည်လက်ဆောင် 'နတ်သစ်ရွက်' လက်ဖက်နှင့်အကြော်စုံ 🌿
21/04/2021

S'pore သို့ 🌿

မြန်မာ့လက်ဆောင်/ရှမ်းပြည်လက်ဆောင် 'နတ်သစ်ရွက်' လက်ဖက်နှင့်အကြော်စုံ 🌿

ထိုင်းနိုင်ငံက ဖောက်သည်ကြီးများအတွက် နတ်သစ်ရွက်တွေပို့လိုက်ပါပြီရှင့်🌿 ၂ရက် ၃ရက်နေရင် ထိုင်းနိုင်ငံ ရောက်ပါမယ်ရှင့်... 🌿
08/01/2021

ထိုင်းနိုင်ငံက ဖောက်သည်ကြီးများအတွက် နတ်သစ်ရွက်တွေပို့လိုက်ပါပြီရှင့်🌿
၂ရက် ၃ရက်နေရင် ထိုင်းနိုင်ငံ ရောက်ပါမယ်ရှင့်... 🌿

 #ကလေးမြို့ ဘူတာလမ်းတော်ဝင်တိုကျို ဆိုင်ကယ်အပိုပစ္စည်းဖြန့်ချီရေးဆိုင်မှာ နတ်သစ်ရွက် product တွေအားပေးလို့ရပါပြီရှင့်..
31/12/2020

#ကလေးမြို့ ဘူတာလမ်း
တော်ဝင်တိုကျို ဆိုင်ကယ်အပိုပစ္စည်းဖြန့်ချီရေးဆိုင်မှာ နတ်သစ်ရွက် product တွေအားပေးလို့ရပါပြီရှင့်..

17/10/2020

နေကြာဆီစစ်စစ်ရဲ့အရောင်
နှပ်ပြီးခါစ ဆီထည့်ပြီးခါစ ကြည်ကြည်လေးပါရှင်...
ရက်အနည်းငယ်ကြာမှလက်ဖက်နဲ့ဆီရောသွားပြီး လက်ဖက်ရွက်ရဲ့သဘာဝအရောင်လေးဖြစ်သွားပါတယ်ရှင်...
Customers များရဲ့ ကျန်းမာရေးကိုဦးစားပေးပြီး လူမျိုးဘာသာမရွေးစားလို့ရအောင် နေကြာဆီစစ်စစ်ကိုသာအသုံးပြုကြောင်းအာမခံပါတယ်ရှင်... 💟

ဒီတစ်ပတ်ထဲ ရန်ကုန်ပို့ဖို့ရှိလို့ ရန်ကုန်အမှာများ အမြန်မှာပေးပါနော်...
14/10/2020

ဒီတစ်ပတ်ထဲ ရန်ကုန်ပို့ဖို့ရှိလို့ ရန်ကုန်အမှာများ အမြန်မှာပေးပါနော်...

ရှမ်းပြည်လက်ဆောင်ပဲပေးမလား❓ကိုယ်တိုင်စားဖို့အတွက်လား❓⭕ သန့်ရှင်းလတ်ဆတ်တဲ့ 'နတ်သစ်ရွက်တံဆိပ် ' ရှမ်းပြည်ထွက်ကုန်များကိုသတ...
14/10/2020

ရှမ်းပြည်လက်ဆောင်ပဲပေးမလား❓
ကိုယ်တိုင်စားဖို့အတွက်လား❓

⭕ သန့်ရှင်းလတ်ဆတ်တဲ့
'နတ်သစ်ရွက်တံဆိပ် ' ရှမ်းပြည်ထွက်ကုန်များကိုသတိရလိုက်ပါနော် ⭕

👏 လက်လီ၊လက်ကားစျေးနှုန်းလေးတွေတင်ပေးလိုက်ပါတယ်ရှင်...

👏 ​ပြန်ရောင်းမည့်သူများအတွက် ၁၀ ဗူးကနေစပြီးလက်ကားပေးပါတယ်ရှင့်...

🚛 ရန်ကုန်/မန်းလေး အိမ်အရောက် Delivery ရှိပါတယ်ရှင်...
🚛 မြန်မာနိုင်ငံအနှံ့ကားဂိတ်ရှိသည့်မြို့တိုင်းကိုပို့ပေးပါတယ်ရှင်...

📌 သန့်ရှင်းလတ်ဆတ်တဲ့ကုန်ကြမ်းများကိုသာအသုံးပြုပြီး ဓာတုဆိုးဆေးလုံးဝမပါဝင်ပါ၊နေကြာဆီသာ အသုံးပြုကြောင်းထာဝရအာမခံပါသည် 📌

ဆက်သွယ်ရန် -
09253640296
09254173548
ပင်ရင်း - တောင်ကြီးမြို့၊ရှမ်းပြည်နယ်တောင်ပိုင်း။

Packaging အသစ်လေးနဲ့ထွက်ရှိလာမယ့် နတ်သစ်ရွက်လေးကိုလည်းအားပေးကျပါဦးနော်...
26/06/2020

Packaging အသစ်လေးနဲ့ထွက်ရှိလာမယ့် နတ်သစ်ရွက်လေးကိုလည်းအားပေးကျပါဦးနော်...

Address

Taunggyi
06101

Telephone

+959253640296

Website

Alerts

Be the first to know and let us send you an email when နတ်သစ်ရွက် စားသောက်ကုန်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share