ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

  • Home
  • Myanmar
  • Taunggyi
  • ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ကျန်းမာရေး ဗဟုသုတများ တိုးပွား၍ ကျန်းမာပျော်ရွှင်သော မိသားစုဘဝများပိုင်ဆိုင်ကြပါစေ

23/11/2025

ကိုအင်ဇိုင်း ကျူ-၁၀ (Coenzyme Q10) ဆိုတာဘာလဲ?

ကိုအင်ဇိုင်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းတွေကို အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်း (Proenzyme) ကိုခေါ်တာပါ။
ကျူ-၁၀ (Q10) ဆိုတာမှာ Q ဆိုတာ Quinone ကိုရည်ရွယ်တာဖြစ်ပြီး ကာဗွန်အက်တမ် ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးတစ်ခုဖြစ်ပါတယ်။ ဒီမော်လီကျူး ၁၀ခုကို ပေါင်းစပ်ထားလို့ Q10 လို့ခေါ်တာပါ။
အတိုကောက်အနေနဲ့ Co-Q10 လို့ခေါ်လေ့ရှိပါတယ်။ Co-Q10 ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာ အဓိကလုပ်ငန်း (၂) ခု လုပ်ဆောင်ပါတယ်။

(၁) As a cofactor in the production of adenosine triphosphate (ATP)

အဓိကအနေနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ဆဲလ်လေးတွေမှာ စွမ်းအင် (Energy) အဖြစ် ATP ဆိုတဲ့ ဓာတ်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကူညီဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် စွမ်းအင်များများ လိုတဲ့နေရာတွေမှာ Co-Q10 တွေများများရှိနေပါတယ် (ဥပမာ-နှလုံး၊ ကြွက်သား၊ အသည်း)။

သူချို့တဲ့ရင် ဆဲလ်တွေတစ်သျှူးတွေဟာ စွမ်းအင်ကောင်းစွာမရလို့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေ ချို့တဲ့လာပါတယ်။ ဥပမာ-နှလုံးမှာရှိတဲ့ကြွက်သားတွေ ကောင်းကောင်းညှစ်ဖို့ စွမ်းအင်လိုအပ်ပါတယ်။ အဲ့ဒီစွမ်းအင်ရဖို့ ATP ဆိုတာလိုပါတယ်။အဲ့ဒီ ATP ထုတ်ဖို့ Co-Q10 ဆိုတာလိုအပ်ပါတယ်။ ဒါ့ကြောင့် Co-Q10 ချို့တဲ့နေရင် နှလုံးရဲ့ညှစ်အားကျဆင်းသွားပါတယ်။အလားတူပဲ ကျန်တဲ့ကြွက်သားတွေ အားနည်းတာ၊ မလှုပ်ရှားချင်တာဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Co-Q10 ဟာ ခန္ဓာကိုယ်တစ်ခုလုံး သန်စွမ်းဖို့ အထူးလိုအပ်ပါတယ်။

(၂) As an antioxidant

ဒုတိယအနေနဲ့ အင်တီအောက်ဆီဒင့်တာဝန်ကို ထမ်းဆောင်ပါတယ်။ Co-Q10 ဆိုတာ ခန္ဓာကိုယ်တွင်းကထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသောဆီမှာပျော်တဲ့ အင်ဒီအောက်ဆီဒင့် (Only one fat antioxidant) ဖြစ်ပါတယ်။ သူဟာ Free radical တွေကို အီလက်ထရွန်လွယ်ကူစွာပေးပြီး ဖျက်ဆီးပစ်လိုက်နိုင်တဲ့ သတ္တိရှိပါတယ်။

ဖရီးရယ်ဒီကယ်ဆိုတာ အီလက်ထရွန်တစ်လုံးလိုအပ်နေလို့ ကျန်တဲ့တစ်သျှူးတွေကိုဖျက်ဆီးပြီး အီလက်ထရွန်လိုက်လုနေတဲ့အတွက် တစ်သျှူးတွေပျက်စီးစေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ အဲ့ဒီဖရီးရယ်ဒီကယ်တွေကို Co-Q10 က အီလက်ထရွန်ပေးလိုက်တဲ့အတွက် ဖရီးရယ်ဒီကယ်တွေဟာ ပုံမှန်မော်လီကျူးတွေပြန်ဖြစ်သွားလို့ ခန္ဓာကိုယ်တိုက်ခိုက်ခံရခြင်းကနေ လွတ်ထွက်သွားပါတယ်။ ကြောင့် ခန္ဓာကိုယ်မပျက်စီးဖို့၊ အသက်ရှည်ဖို့၊ နုပျိုဖို့ကနေစလို့ ကင်ဆာမဖြစ်အောင် ကာကွယ်ရေးအထိလုပ်ဆောင်ပေးတဲ့ တန်ဖိုးကြီးဓာတ်ပစ္စည်းတစ်ခုလို့ ဆိုချင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာ Co-Q10 ပါဝင်တဲ့ အစားအစာ ဒါမှမဟုတ်ခန္ဓာကိုယ်ထဲမှာ Co-Q10 တွေထုတ်လုပ်ပေးနိုင်မယ့်ကုန်ကြမ်းတွေပါဝင်နေဖို့ အလွန်အရေးကြီးပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

21/11/2025

အချို့သော Customer များက ကျွန်တော်တို့ FAME Pharmaceuticals page နှင့် ကျွန်တော့် Page တို့တွင် “အဆုတ်ပွနေလို့ ဘာဆေးသောက်ရမလဲ❓” ဆိုသည့် မေးခွန်းများကို မေးမြန်းလာကြသည်ကို တွေ့ရပါသည်။

မြန်မာအခေါ် “အဆုတ်ပွခြင်း” သည် “အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ ချောင်းဆိုး၊ သလိပ်ထွက်ခြင်း ဝေဒနာ” ကိုဆိုလိုကြောင်း မိတ်ဆွေ တိုင်းရင်းဆေးဆရာမတစ်ဦးနှင့် ပြောဆိုတိုင်ပင်ရာမှ သိရှိရပါသည်။ ထို့ကြောင့် ယနေ့အလျဉ်းသင့်၍ ချောင်းဆိုးခြင်းနှင့်ပတ်သက်၍ သိသင့်သည်များကို ဖော်ပြပေးလိုက်ပါသည်။

🔰 ချောင်းဆိုးခြင်းသည် ခံရခက်သော ဝေဒနာတစ်ခု ဖြစ်သော်လည်း အမှန်တကယ်တွင် မိမိ၏ အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးသော ဖြစ်စဉ်ဖြစ်ပါသည်။ အသက်ရှူလမ်းကြောင်းအတွင်းရှိ ပိုးမွှားများ၊ ချွဲသလိပ်များနှင့် ပြင်ပမှ ဝင်ရောက်လာသော အရာဝတ္ထုများကို ထွက်သွားစေရန် ဟပ်ထုတ်သော ဖြစ်စဉ်ဖြစ်ပါသည်။

🔰 ချောင်းဆိုးခြင်းကို အဓိကအားဖြင့် ချောင်းစိုနှင့် ချောင်းခြောက်ဟူ၍ (၂) မျိုးခွဲနိုင်သည်။ ကုသပုံခြင်းလည်း မတူသဖြင့် အဆိုပါနှစ်မျိုးကို ခွဲခြားနိုင်ရန် အထူးလိုအပ်ပါသည်။

(၁) ချောင်းစို (𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗲 𝗰𝗼𝘂𝗴𝗵/𝘄𝗲𝘁 𝗰𝗼𝘂𝗴𝗵) ဆိုသည်မှာ သလိပ်ထွက်သော ချောင်းဆိုးခြင်း ဖြစ်သည်။ မကောင်းသော သလိပ်များ၊ ပိုးမွှားများ ထွက်သွားစေရန် ဆိုးသောချောင်း ဖြစ်ပါသည်။ ထို့ကြောင့် သလိပ်ထွက်သွားစေရန်အတွက် ချွဲ/သလိပ်ပျော်ဆေး များပေး၍ ကုသရပါသည်။

(၂) ချောင်းခြောက် (𝗨𝗻𝗽𝗿𝗼𝗱𝘂𝗰𝘁𝗶𝘃𝗲 𝗰𝗼𝘂𝗴𝗵/𝗱𝗿𝘆 𝗰𝗼𝘂𝗴𝗵) ဆိုသည်မှာ သလိပ်မထွက်ဘဲ လည်ချောင်းယား၍ ချောင်းဆိုးခြင်း ဖြစ်သည်။ ဤချောင်းအမျိုးအစားဆိုလျှင် ချောင်းဆိုးခြင်းဖြစ်စဉ်ကို ဖိနှိပ်ရန်အတွက် ချောင်းဆိုးပျောက်‌ဆေး များကိုပေး၍ ကုသရပါသည်။
⚠️ ချောင်းခြောက်ကို ချွဲ/သလိပ်ပျော်ဆေးများပေးလျှင် မထိရောက်နိုင်သလို၊ ချောင်းစိုကို ချောင်းဆိုးပျောက်‌ဆေးများ ပေးလိုက်မိလျှင်လည်း သလိပ်တွေမထွက်ဘဲ ဖြစ်နေနိုင်တာကြောင့် ချောင်းခြောက်နှင့် ချောင်းစို ခွဲခြားဖို့ အရေးကြီးပါသည်။

ချောင်းဆိုးရင် ဘယ်လိုဆေးမျိုးတွေနဲ့ ကုသရမလဲ❓❓
ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သော ချောင်းဆိုးပျောက်ဆေးများမှာ ချောင်းအမျိုးအစားပေါ် မူတည်၍ ဖော်စပ်ပုံအမျိုးမျိုး တွေ့နိုင်ပါသည်။ အချို့ ချောင်းဆိုးပျောက်ဆေးများမှာမူ ချောင်းစိုနှင့် ချောင်းခြောက် နှစ်မျိုးစလုံးအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်ကိုလည်း တွေ့ရပါသည်။ အဓိကအားဖြင့် ချောင်းဆိုးခြင်းအတွက် အသုံးပြုနိုင်သော ဆေးများကို (၅)မျိုး ခွဲခြားနိုင်ပါသည်။

(၁) ချွဲ/သလိပ်ပျော်ဆေးများ (𝗘𝘅𝗽𝗲𝗰𝘁𝗼𝗿𝗮𝗻𝘁𝘀/𝗠𝘂𝗰𝗼𝗹𝘆𝘁𝗶𝗰𝘀)
===============
ချောင်းစိုဖြစ်နေလျှင် သလိပ်များ မြန်မြန်ထွက်သွားရန် လိုအပ်သောကြောင့် ချွဲပျော်ဆေးများ သောက်သုံးရန် လိုအပ်ပါသည်။ Acetyl cysteine, Carbocisteine, Bromhexine, နှင့် Guaiphenesin များသည် ဈေးကွက်အတွင်း အတွေ့ရများသော ချွဲ/သလိပ်ပျော်ဆေးများ ဖြစ်ပါသည်။ သဘာဝ ချွဲပျော်ဆေးအနေနှင့် 𝗛𝗲𝗿𝗯𝗶𝗰𝗼𝘂𝗴𝗵® ကဲ့သို့ဆေးများ အသုံးပြုနိုင်ပါသည်။

(၂) ချောင်းဆိုးပျောက်ဆေးများ (𝗔𝗻𝘁𝗶𝘁𝘂𝘀𝘀𝗶𝘃𝗲𝘀)
=================
ချောင်းခြောက်ဖြစ်နေလျှင် ထိုချောင်းဆိုးခြင်းကို ဖိနှိပ်ဖို့ ချောင်းဆိုးပျောက်ဆေးများပေးရန် လိုပါသည်။ Codeine, Dextromethorphan, နှင့် Chlorpheniramine စသည်တို့သည် ချောင်းဆိုးပျောက်ဆေးများ ဖြစ်ပါသည်။ သဘာဝ ချောင်းဆိုးပျောက်ဆေးအနေနှင့် 𝗛𝗲𝗿𝗯𝗶𝗰𝗼𝘂𝗴𝗵® ကဲ့သို့ဆေးများ အသုံးပြုနိုင်ပါသည်။

(၃) လည်ချောင်းရှင်းစေသော ငုံဆေးများ
=====================
ပရုတ်ပါသော ငုံဆေးများ၊ နွယ်ချို၊ ပျားကော် စသည့် ပါဝင်သော ငုံဆေးများသည် လည်ချောင်းရှင်းစေပြီး ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါသည်။ ရေနွေးသောက်ခြင်း၊ ရေနွေးငွေ့ရှူခြင်း တို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။

(၄) ပိုးသတ်ဆေးများ
==========
ချောင်းစိုများမှာ ပိုးသတ်ဆေးပေးဖို့ လိုအပ်နိုင်ပါသည်။ သလိပ်အရောင် မကောင်းခြင်းနှင့် အခြားပိုးဝင်သော လက္ခဏာများရှိပါက ပိုးသတ်ဆေးများကို ဆရာဝန် လမ်းညွှန်ချက်နှင့်အညီ သောက်သုံးပေးရပါမည်။

(၅) ရင်ကျပ်ပျောက်ဆေးများ
==============
ချောင်းဆိုးခြင်းနဲ့ ရင်ကျပ်ခြင်း တွဲဖက်ဖြစ်ပွားနေပါက ရင်ကျပ်ပျောက်ဆေးများလည်း လိုအပ်လာနိုင်ပါသည်။

🔰 အခြား ဆောင်ရန်/ရှောင်ရန် အချက်များ
• ရေများများသောက်ပါ။ သလိပ်ပျော်စေရန် အထောက်အကူပြုပါသည်။
• ရေနွေးငွေ့ ရှူပါ။ အခန်းတွင်း ရေဓာတ်များလာအောင် Humidifier များအသုံးပြုပါ။
• ဆေးလိပ် မသောက်သင့်ပါ။ မီးခိုးငွေ့များနှင့် အနံပြင်းပြင်းများကို ရှောင်ပါ။
• ချိုသော၊ အေးသော၊ မွှေးသော အစားအစာများကို လျှော့စားပါ။

ဒေါက်တာခင်မောင်လွင် (FAME)

12/09/2025

ခုတော့ ၁ နဲ့ ၂ တောင် Calculator ယူပေါင်းနေရပြီ 😌

12/09/2025

မုန့်ဖတ်တွေ မကောင်းမှန်းတော့ သိပေမဲ့
ဒါကြီးက ကြောက်တောင် ကြောက်တယ်။ ဘုရားစူး တစ်ပတ်တောင် ရှိပြီ။

ရှေ့Sunday ပိတ်ရက်က မုန့်တီချက်စားပြီး ပိုတာ မစားချင်တော့တာနဲ့ ပိုနေမဲ့အတူတူ စမ်းထားကြည့်မယ်ဆိုပြီး တမင်ကို အဲဒီပလတ်စတစ်အိတ်ထဲ အလုံပိတ်ချည်ပြီး အခန်းအပူချိန်မှာပဲ ထားထားကြည့်တာ။ ဘာရေခဲသေတ္တာထဲမှတောင် မထည့်ဘူး သိချင်လို့။

မှိုလည်းမတက် အရည်လည်း မထွက်၊ ပုံစံလည်း တစ်စက် မပျက်တာကြီး။ အခု အိတ်ဖွင့် ကိုင်ကြည့်တော့လည်း ခုမှ ဝယ်လာတဲ့အတိုင်း အိအိလေးပဲ။

ဒါတောင် ဆားရည်နဲ့ တစ်ရည် ပြန်ပြုတ်ပြီးမှ စားရတယ်ဆိုလို့ အဲလိုပြုတ်စားခဲ့သေးတာ။ တော်ပြီ နောက် မစားရဲတော့ဘူး။ ဒါကြီးက တော်တော် မဟုတ်တော့တာကြီး 🥶

တစ်နေရာနဲ့ တစ်နေရာ အနဲအပါး ကွာရင်တော့ မသိဘူး။ သိချင် ၅၀၀ ဖိုးလောက် ဝယ်ပြီး စမ်းပစ်ထားကြည့်။

ဒီအထုပ်လည်း မပစ်သေးဘူး။ ဆက် ထားကြည့်လိုက်ဦးမယ်။ တို့မြန်မာတွေ ရောဂါ ထူတာလည်း မပြောနဲ့။

06/09/2025

remove her clothes လို့ ရေးလိုက်ယုံနဲ့ မင်းရဲ့ ဝတ်လစ်စလစ်(ကိုယ်လုံးတီး)ပုံ ဖြစ်အောင် လုပ်လို့ရတဲ့ AI ခေတ်ထဲမှာ မိမိ ကိုယ်ရေးကိုတာလုံခြုံရေးကို သတိထားကြပါ။

Chat GPT (AI) ကို မိမိ ဆရာဝန်အဖြစ် အသုံးချကြည့်ပါ***************************************************ဦးစွာ မိမိရဲ့အသက်အလေ...
30/08/2025

Chat GPT (AI) ကို မိမိ ဆရာဝန်အဖြစ် အသုံးချကြည့်ပါ
***************************************************
ဦးစွာ မိမိရဲ့
အသက်
အလေးချိန်
အရပ်အမြင့်
အလုပ်အကိုင်
နေရာအရပ်(ရာသီဥတုခန့်မှန်းရန်)
နေ့စဉ်စားသောက်မှု
လက်ရှိ စိတ်အခြေအနေ
လက်ရှိခံစားနေရသော ရောဂါ
ယခင်က ဖြစ်ဖူးခဲ့သော ရောဂါကြီးများအကြောင်း

ဒါတွေကို အစဉ်အတိုင်းသူ့ကို ပြောပြီး ကိုယ့်ကျန်းမာရေးအခြေအနေကို အကဲဖြတ်ခိုင်း။ စားသောက်နေထိုင်မှုပုံစံကိုလမ်းညွှန်ခိုင်း၊ ဓာတ်စာနဲ့ အချို့ဆေးဝါးတွေအတွက် လမ်းညွှန်မှုရနိုင်တယ်။

အနည်းဆုံးတော့ ပိုက်ဆံမကုန်ဘူး😄
လူသားဆရာဝန်ရှေ့မှာလို ကိုယ့်အတွင်းရေးကိစ္စတွေ ပြောဖို့ ရှက်နေစရာမလိုတော့ဘူး။😀

သူက ဘာဆေးစားပါလို့ ဘယ်တော့မှ တိုက်ရိုက်မပြောဘူး။ အရေးကြီးရင် ဘာဖြစ်နေနိုင်လို့ ဆရာဝန်ထံပြ ဘာဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းစားသုံးပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ဘယ်လို​ ဘယ်လောက်လုပ်ပါ
စသဖြင့် ပြောပြပါလိမ့်မယ်။

ကိုခံစားနေရတဲ့ ရောဂါ ဝေဒနာကိုလည်း သေခြာစွာရှင်းပြဖို့တော့လိုမယ်
ဥပမာ - ငါခေါင်းကိုက်နေတယ်၊ ခေါင်းရဲ့ အရှေ့ ဘယ်ဘက်ခြမ်းကကိုက်နေတယ်။ မနက်က ဘာစားသောက်ခဲ့တယ်၊ ဘယ်ဆေးစားထားတယ်၊ ဘာလုပ်ခဲ့တယ်၊ စသဖြင့် ကိုယ်ဖြစ်ခဲ့တာကို သေသေခြာခြာပြောပြပါ သူကို ၉၀% တိကျတဲ့ လမ်းညွှန်မှုပေးပါလိမ့်မယ်။

အသုံးချတတ်ရင် အရာအားလုံးဟာ ကိုယ့်အသုံးအဆောင်တွေကြည့်ပါပဲ ကိုယ်က သုံးတတ်ဖို့ပဲလိုတာပါ။

သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊
ရောဂါခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါသေ။🙏🙏🙏

ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်****************************************ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မ...
11/08/2025

ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်
****************************************
ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်က အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ဒါတွေအပြင် ကွမ်းရွက်လေးက ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကွမ်းရွက်ဆိုတာက စပ်ရှားရှား အနံ့မွှေးမွှေးလေး ရှိပြီး ထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည်ဝိုင်းဝိုင်းလေးပါ။ ကွမ်းရွက်ကို ကွမ်းစားဖို့အတွက် အသုံးများကြပါတယ်။ ကွမ်းယာ အနေနဲ့ ကွမ်းရွက်ကို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။

ကွမ်းရွက်မှာ ဘာတွေပါလဲ
ကွမ်းရွက်မှာ

ဗီတာမင် C ၊
thiamine၊
niacin၊
riboflavin ၊
carotene နဲ့
ကယ်လ်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

ကွမ်းရွက်က ခံတွင်းကျန်းမာစေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။
ဆေးဖက်ဝင်တယ် ဆိုပေမယ့်
ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့် ဆေးရွက်ကြီးတွေ၊ ကွမ်းသီးတွေ၊ ဆေးအမျိုးမျိုးနဲ့ တွဲစားရင်တော့ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ဥပမာ ကွမ်းစားရင်ထည့်စားတတ်တဲ့ ထုံးက ခံတွင်းကို ပေါက်ပြဲစေပြီး ထိခိုက်အနာတရဖြစ်စေနိုင်ပါတယ်။ မကြာခဏဆိုရင် ကင်ဆာဆဲလ်အဖြစ်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားတာကိုတော့ အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုတာမို့ စားသုံးပေးလို့ရပါတယ်။

ကွမ်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်တွေက
ဆီးချိုအတွက်ကောင်းတယ် – ကွမ်းရွက်မှာ ပါတဲ့ ဒြပ်ပေါင်းတစ်ခုကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ သုံးဆောင်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ် – ကွမ်းရွက်မှာ ခန္ဓာကိုယ်ရဲ့ အဆီတွေကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် ကွမ်းရွက်ကသင့်တော်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ် -ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

အနာကျက်စေနိုင်တယ် – အနာပေါ်ကို ကွမ်းရွက် သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့ စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။

ခေါင်းကိုက်သက်သာစေနိုင်တယ် -ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကို ခြေပြီးရှူပေးတာ၊ နားထင်မှာ ကွမ်းရွက်ကပ်ပေးတာမျိုး လုပ်ပေးပါ။ ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရော များလာတာက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော အရမ်းများမလာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွေးတွင်းကိုလက်စထရော ကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။

ခံတွင်းကျန်းမာရေးကိုကောင်းစေတယ် – ကွမ်းရွက် ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီး ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာဖို့ ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။

ချောင်းဆိုးသက်သာစေနိုင်တယ် – ကွမ်းရွက်ရဲ့ နောက်ထပ် ဆေးဖက်ဝင်ပုံ တစ်ခုက လူတိုင်းလိုလို သိထားပြီးဖြစ်တဲ့အတိုင်း ချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချောင်းဆိုးတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တယ် – ဝက်ခြံ နဲ့ အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့ အရေပြား ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည်နဲ့ နေ့စဉ် မျက်နှာသစ်ပေးပါ။

နားကိုက်တာကို သက်သာစေနိုင်တယ် -နားကိုက်တဲ့အခါ နေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက် အကောင်းဆုံး ဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက် အသုံးပြုပြီး သက်သာအောင် လုပ်လို့ ရပါတယ်။

ဝမ်းမှန်စေနိုင်တယ် – ကွမ်းရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး pH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်နေတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည် သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။

နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ် – ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ ကလေးလေးတွေ အပြင်ထွက်ဆော့လို့အပူလျှပ်တာကြောင့် နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်လေးကိုအသုံးပြုပြီး သွေးတိတ်အောင်လုပ်ဆောင်ပေးလို့ရပါတယ်။
ဘာတွေ သတိထားရမလဲ
ကွမ်းရွက်က ဆေးဖက်ဝင်တာကြောင့် အသုံးပြုသင့်ပေမယ့်လည်း အလွန်အကျွံမသုံးပါနဲ့။ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုပါ။

.Hellosayarwon.com.mm မှ ကူးယူဖေါ်ပြပါသည်

ဒီနေ့တော့လမ်းဘေးမှာအလေ့ကျပေါက်နေ🌿တတ်တဲ့တောဆီးဖြူပင်အကြောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ"Phyllanthus Niruri လို့ခေါ်တဲ့တောဆီးဖြူ...
07/08/2025

ဒီနေ့တော့လမ်းဘေးမှာအလေ့ကျပေါက်နေ🌿
တတ်တဲ့တောဆီးဖြူပင်အကြောင်းလေး
နဲ့မိတ်ဆက်ပေးပါရစေ"

Phyllanthus Niruri လို့ခေါ်တဲ့တောဆီးဖြူ
ပင်ဟာ..အမျိုးသားများဖြစ်တတ်တဲ့ဆီးရော
ဂါအတွက်အထူးကောင်းမွန်သလို...အသဲ
ရောင်အသားဝါ B ပိုးကိုသက်သာပျောက်
ကင်းစေပါတယ်...။နိုင်ငံတကာမှာသုတေ
သနပြုလုပ်ပြီးဆေးပညာရှင်များကလက်ခံ
ထားတဲ့...ဆေးပင်ဟာသွားလာ
နေတဲ့လမ်းတွေရဲ့ဘေးမှာရှိနေတာပါ...။
အနာနဲ့ဆေးတွေ့ကြပါစေလို့ဆုတောင်း
လိုက်ပါတယ်....။

တောဆီးဖြူပင်

တိုင်းရင်းဆေးဝါးအသုံး

မြန်မာနိုင်ငံတိုင်းရင်းဆေး ပညာရှင်များက တောင်ဆီးဖြူပင်ကို အသည်းရောင်အသား ဝါေ ရာဂါ၊ ကျောက် ကပ်ရောဂါ၊ ဆီးချိုရောဂါ တို့တွင် အာနိသင်ရှိကြောင်းကို အသိ အမှတ်ပြုထားပြီးဖြစ်ပါသည်။

အပင်ထွက် ဓာတု ဒြပ်စင်များ Phytochemical

ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိ ချက်များအရ အဆိုပါအပင်တွင် Phytochemical ဓာတုဒြပ်စင်များ ဖြစ်သော Niranthin, Nirteralin, Phylanthine, Hypohlyllanthine တို့ပါဝင်ကြောင်း တွေ့ရှိထားကြပါ သည်။ သွေးပေါင်ချိန် ကျဆင်းစေသော အာနိသင်ရှိကြောင်း သိရှိရပါသည်။

စမ်းသပ် ဆေးဝါးဗေဒ

သိပ္ပံနည်းကျ လေ့လာသုတေ သနပြုထားချက် တစ်ရပ်အရ အသည်းရောင်အသားဝါ ဘီပိုးဗိုင်းရပ်စ် ကို ဆန့်ကျင်သောအာနိသင်၊ သွေး တွင်းသကြားဓာတ်ကျစေသော အာနိ သင်၊ ပဋိဇီဝအာနိသင်၊ ဆီးကျောက် ကိုပျော်စေသော အစွမ်းသတ္တိများ ရှိကြောင်း တွေ့ရပါသည်။ ဤ အချက်များသည် တောင်ဆီးဖြူပင် Phyllanthus Niruri Linn ၏ ဂုဏ်သတ္တိပင်ဖြစ်ပါသည်။ စာဖတ် ပရိသတ်များကို သိရှိစေနိုင် ရန် မြေဆီး ဖြူ ၏ ဆေးဖက်ဝင်ပုံများကို ဆက် လက်၍ ဖော်ပြပါမည်။

မြန်မာ့ဆေးကျမ်းအဆို

မြန်မာ့ဆေးဝါးအဖြစ် အသုံးပြု ရာတွင် ပဉ္စငါးပါးကို သုံးစွဲရပါသည်။ ဆေးဝါး အာနိသင်များမှာ ချဉ်၊ ဖန်၊ ခါးသောအရသာရှိ၍ အေးသောသတ္တိရှိပါသည်။ ဝိပါကမှာ စပ်ပါသည်။ အစာကို ကြေစေခြင်း၊ နှုတ် ကိုမြိန်စေ ခြင်း၊ အဆိပ်ကိုနိုင်စေ၍ လေကို သက်စေနိုင်သည်။ သည်းခြေနှင့် သည်းခြေဒေါသ ကို နိုင်သည်။ သွေးအန်သွေးကျ၊ ရေငတ်ချောင်းဆိုး၊ ဝါသင့်နာ၊ ပန်းနာရောဂါ၊ ခယရုပ ရောဂါ၊ နူနာ၊ အဆိပ်သင့်ခြင်း၊ ကြို့ ထိုးခြင်း၊ ထိခိုက်ဒဏ်ရာတို့ကို သက် သာ ပျောက်ကင်းစေနိုင်ပါသည်။

တိုင်းရင်းဆေးဝါးအသုံး

မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ ကြီးများက ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါတို့ကို ကုသရာတွင် ဤဆေးပင်ကို အသုံးပြုကြပါသည်။

အပင်ထွက် ဓာတု ဒြပ်စင်များ
Phytochemical

အဆိုပါ အပင်အား သုတေသန ပြု လေ့လာရာတွင် အောက်ပါဒြပ်စင် များပါဝင်ကြောင်းကို သုတေသနမှတ် တမ်းအရ သိရှိရပါသည်။ Bitter Substance နှင့် Alkaloid ပင်ဖြစ် ပါသည်။

စမ်းသပ်ဓါတုဗေဒ

သုတေသီများ၏ သုတေသန ပြုချက်များအရ ဗက်တီးရီးယားပိုးကို သေစေနိုင်သော အာနိသင်နှင့် ဝမ်း ပျော့စေသော အာနိသင်ရှိခြင်းတို့ကို တွေ့ရှိရသည်။

ကလေး အိပ်မပျော်

မြေဆီးဖြူအမြစ်ကို သန့်စင် အောင်ဆေးကြောကာ ပြုတ်ဆေး ရည်နည်းအတိုင်း ပြုတ်၍ ရရှိလာ သော ဆေးရည်ထဲတွင် သကြား အနည်းငယ်မျှကိုထည့်၍ အိပ်မပျော် သောကလေးကို တိုက်ကျွေးပေးခြင်း ဖြင့် ကလေးသည် ညဘက်တွင် အိပ်ပျော်စေနိုင်ပါသည်။

ဆီးလမ်းကြောင်းတွင်ဖြစ်တတ်သော ရောဂါများ

ဆီးလမ်းကြောင်း ရောဂါများဖြစ် သည့် ကိုယ်ရေဝါရောဂါ၊ ရေဖျဉ်းရော ဂါ၊ ညောင်းကျရောဂါ၊ ဆီးရောဂါ၊ သွေးဝမ်းရောဂါ၊ ဆီးသွေးပါသော ရောဂါ၊ ဆီးနည်းသောရောဂါများကို အိမ်တွင်းကုသနည်း မှာ ခြောက်သွေ့ အောင် လှန်းထားသော မြေဆီးဖြူ ရွက်ကို ပြုတ်ဆေးရည်အဖြစ် အသုံး ပြုနိုင်ပါသည်။

အသားဝါရောဂါကုသနည်းး

လတ်ဆတ်သော မြေဆီးဖြူပဉ္စငါးပါးကို သန့်စင်စေ ရန်ဆေးကြာ ပြီး နေပူလှန်းအခြောက်ခံကာ ပြုတ်၍ရသောအရည်ကို ဆေးချိန် အတိုင်းသောက်ပေးခြင်းဖြင့် ဝါသင့် နာဟုခေါ်သော အသားဝါရောဂါကို သက်သာစေနိုင်ပါသည်။ ဤဆေး နည်းမှာ ရောဂါ ကုသဆေးကောင်း တစ်လက်ပင်ဖြစ်ပါသည်။

ရေဖျဉ်းရောဂါနှင့် ဆီးရောဂါ

သန့်စင်ထားသော မြေဆီးဖြူပင် ပဉ္စငါးပါးကို ပြုတ်ဆေးရည် စံချိန် အတိုင်းပြုတ်၍ လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် ဟင်းစားစတီးဇွန်း တစ်ဇွန်းစာကို တိုက်ကျွေးပေးနိုင်ပါ သည်။ လေးနာရီတစ်ကြိမ်ကျ တိုက် ကျွေးပေးနိုင်ပါသည်။ ဆီးနှင့် ပတ် သက်သော ရောဂါများတွင် အသုံးပြု နိုင်သော ဆေးနည်း တစ်လက်ဖြစ်ပါ သည်။

အသည်းနှင့် ပတ်သက်သောရောဂါ

တောင်ဆီးဖြူ သည် အသည်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သုတေသနပြုကုသ ရာတွင် ထိရောက်မှုကို ပေးဆောင် စေနိုင်ကြောင်းကို တိုင်းရင်းဆေးဖက် ဝင် အာနိသင်ရှိ စာတမ်းတွင် အတည် ပြု ဖော်ပြထားပါသည်။

ဆေးဝါးအဖြစ် အသုံးပြုရာတွင် တော
ဆီးဖြူပင် ပဉ္စ ငါးပါးကို ရေဖြင့် သန့်စင်ပြီး အမှုန့် ထောင်း၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာကို တိုက်ကျွေးပေးနိုင်ပါသည်။ နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် အသုံးပြုပေးခြင်းအားဖြင့် အသည်းကြီးခြင်း၊ အသည်းရောင် အသားဝါရောဂါ၊ အသည်းအဆီဖုံး ခြင်းတို့ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။ ဆီးပူညောင်း ကျရောဂါနှင့် အသားဝါရောဂါတွင်လည်း အသုံးပြု နိုင်ပါကြောင်းကို ရေးသားတင်ပြလိုက် ရပါသည်။

ကိုးကား...ဦးကျော်စိန်
Soe Lamin
Crd: လက်တွေ့အသုံးချ တိုင်းရင်ဆေးပညာမှတ်စုမှ

06/08/2025

မိမိပတ်ဝန်းကျင်ကို သတိပေးလိုက်ပါ❤

Address

Taunggyi

Telephone

+959687879190

Website

Alerts

Be the first to know and let us send you an email when ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram