04/11/2025
ယခုတလော ဆေးခန်းလာပြသော ကလေးတွေမှာ အတွေ့များလာတဲ့ ''HFMD''(လက်၊ခြေ၊ပါးစပ် အနာရောဂါ) အကြောင်းကို ဖေဖေ မေမေမိဘများ သိရှိ သတိပြုနိုင်ပါရန် မျှဝေပေးထားပါတယ်။
Hand, Foot and Mouth Disease(HFMD)
(လက်၊ခြေ၊ပါးစပ် အနာရောဂါ)
"ရောဂါဗိုင်းရပ် အမျိုးအစား"
`````````````````````````````````````````````
Enterovirus အုပ်စုဝင် Coxsackie A virus (A 16) ကြောင့် အများဆုံး အဖြစ်များပြီး EV -A71 ကြောင့် လည်း တချို့ဖြစ်ပါတယ်။
"ရောဂါအဖြစ်များသော အသက်အရွယ်"
```````````````````````````````````````````````````````````````
👶 အသက် (၅) နှစ်အောက် ကလေးငယ်များမှာ အဓိက အဖြစ်များပါတယ် ။
"ရောဂါ ကူးစက်မှု ပုံစံ"
````````````````````````````````````
HFMD ရောဂါသည် လျင်မြန်စွာကူးစက် ပျံ့နှံ့လွယ်ပါတယ်။
👶 ရောဂါ ကူးစက်ထားသော ကလေးတွေနဲ့ အနီးကပ်နေခြင်း မှ တစ်ဆင့် ကူးစက်ခြင်း ၊
🤧 ချောင်းဆိုး/နှာချေချိန် ထွက်သောအရည်ကြည် နှင့် လေ မှ တစ်ဆင့် ကူးစက်ခြင်း ၊
🎭 ရောဂါဖြစ်ပွားနေသူ၏ ခန္ဓာကိုယ် ၊နှာရည်၊ တံတွေး ၊ သလိပ် ၊အညစ်အကြေး ၊ မစင် နဲ့ အရည်ကြည်ဖုထဲရှိ အရည် စသော ရောဂါပိုး ရှိနေနိုင်သော အရာများကို ထိတွေ့မိခြင်းမှ တစ်ဆင့် ကူးစက်ခြင်း ၊
🐬 အတူ မျှဝေသုံးစွဲသော ပစ္စည်း(တံခါးလက်ကိုင်၊ စားပွဲ ၊ အရုပ် ) များကို ထိတွေ့ ကိုင်တွယ်မိခြင်းမှ တစ်ဆင့် ကူးစက်ခြင်း တို့ဖြစ်နိုင်ပါတယ် ။
" ရောဂါလက္ခဏာများ "
``````````````````````````````````````
🤒 ဖျားခြင်း ၊
🥺 လည်ချောင်းနာခြင်း ၊
😰 အားနည်းပြီး ပင်ပန်းလာခြင်း
စတဲ့ လက္ခဏာများ ဦးစွာ ပထမ ဖြစ်ပေါ်လာပါတယ် ။
နောက် ၁ ရက် ၂ရက် အကြာမှာ အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာတက်ပါတယ် _
👄 ပါးစပ် အတွင်းမှာ အဖုအပိမ့်များထွက်ပြီး နာကျင်ခြင်း ။
🙌👣 လက်ဖဝါး၊ ခြေဖဝါး၊ ဒူး၊ တံတောင်ဆစ်၊ တင်ပါး နဲ့ လိင်အင်္ဂါအနီးတစ်ဝိုက်မှာ အနီစက်နဲ့ အရည်ကြည်ဖုများ ထွက်ခြင်း ။
🥴 အခြားလက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း ၊ အစာ မစားချင်ခြင်း ၊ ခံတွင်းပျက်ခြင်း ၊ ကလေး အရမ်း ငိုနေပြီး အချော့ရခက်ခြင်း ၊ ပါးစပ်က အနာကြောင့် အစာကျွေးရခက်ခဲခြင်း ၊တချို့ကလေးများ ဗိုက်အောင့်ခြင်း ၊ အန်ခြင်း ၊ ရေသိပ်မသောက်နိုင်သောကြောင့် ရေဓါတ်ခမ်းခြောက်လာခြင်းများလည်း ဖြစ်နိုင်ပါတယ် ။
" ရောဂါ ကာကွယ်ခြင်း "
`````````````````````````````````
ရောဂါအတွက် ကာကွယ်ခြင်း သည် အကောင်းဆုံး ကုသခြင်း ဖြစ်ပါတယ် -
👧👦👶 ကလေးနဲ့ မထိတွေ့ခင် (သို့) ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးပါ။
🤲 လက်ကို စက္ကန့် (၂၀) ခန့် ဆေးကြောပေးပါ။
🙋♂️ ကလေးများကို တကိုယ်ရည် သန့်ရှင်းရေး ပြုလုပ်ပေးပါ/ သင်ကြားပေးပါ။
🏎️ 🚀 ကလေးဆော့နေ၊ ကိုင်နေကျ ကစားစရာ အရုပ်များ၊ ပစ္စည်းများကို ပိုးသတ်ပေးပါ။
🙅♂️ ရောဂါကူးစက်ခံထားရသော ကလေးများနှင့် အနီးကပ် နေထိုင် ဆော့ကစားခြင်းကို ရှောင်ကျဥ်ပါ။
🏭 တံခါးလက်ကိုင်၊ အိမ်သာ စသော အများသုံးနေရာများကို နေ့စဥ် သန့်ရှင်းရေးပြုလုပ်ပေးပါ။
🦸🦸♀️ကလေးငယ်လေးများ လူထူထပ်သော နေရာများ ၊ ကစားကွင်းများ သွားလာမှု အထူး ဂရုစိုက်ပေးပါ။
ရောဂါဖြစ်နေသည်ဟု သံသယဖြစ်
``````````````````````````````````````````````````````
ပါက ဆောင်ရန်/ရှောင်ရန်များ
```````````````````````````````````````````````
👩⚕အခြားသော ကူးစက်ရောဂါများနှင့် ခွဲခြားနိုင်ရန် ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။
👨⚕အပူကြီးခြင်း၊ အန်ခြင်း၊ ကလေးမှိန်းပြီး ခြေလက် အားလျော့ခြင်း များဖြစ်လျှင် မဖြစ်မနေ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
💊💊 ဖျားလျှင် Paracetamol အဖျားကျဆေးကို မိမိကလေး၏သတ်မှတ် အချိန်အဆအတိုင်း တိုက်နိုင်ပါတယ်။
🍛🥛အစာပျော့ပျော့ ကျွေးပါ၊အရည်များများ တိုက်ပါ၊ဓာတ်ဆားရည် တိုက်ပါ၊ရည်ဓါတ်မခမ်းခြောက်စေရန် ဂရုပြုပါ၊အစားအစာကို အပူ အစပ်မပါစေပဲ အာဟာရပြည့်ဝအောင် ကျွေးပါ။
🤧နှားစေး၊ ချောင်းဆိုးလျှင် တစ်လျှူးဖြင့် နှာခေါင်းအုပ်ပြီး ချက်ချင်း အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
😷ကူးစက်ခံရသူ၏ ပန်းကန်၊ ဇွန်း၊ ရေခွက်တို့ကို သီးသန့်အသုံးပြုပါ။
🛌 ရောဂါ ကူးစက်ထားသော ကလေး၏ အသုံးအဆောင်များကို ပိုးသတ်ပေးပါ။ခေါင်းအုံးစွပ်များကို (၂) ရက်တစ်ကြိမ် လဲပေးပါ။
🐱🦊🐰 အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမရှိအောင် ဂရုစိုက်ပေးပါ။
🤷♂️ မိမိ၏ကလေးမှသော်လည်းကောင်း မိမိမှသော်လည်းကောင်း အခြားသူများသို့ မကူးစက်စေရန် ဂရုပြုပါ။
🕍 ကျောင်းတက်နေသော ကလေးဖြစ်လျှင် ကျောင်းပြန်မတက်ခိုင်းခင် ဆရာဝန်နှင့် တိုင်ပင်ပါ။
အထက်ပါဖော်ပြပါ နည်းစနစ် များကို သေချာလိုက်နာကျင့်သုံးခြင်းဖြင့် HFMD ကူးစက်ပြန့်ပွားမှုကို (၈၀%) အထိ လျှော့ချပေးနိုင်ကြောင်း WHO မှ ဖော်ပြထားပါတယ်။