Thae Thae &Thone Thone

Thae Thae &Thone Thone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thae Thae &Thone Thone, Medical supply store, Taungoo.

27/07/2025

Coffee and me🫶🏻

🥹
27/07/2025

🥹

God is good all the time ❤️
27/07/2025

God is good all the time ❤️

ဘဝင်မြင့်နေတဲ့ရာပ်နဲ့🥲
28/06/2024

ဘဝင်မြင့်နေတဲ့ရာပ်နဲ့🥲

23/03/2024

မတည့်အတူနေ🥲

ဟလို #သဲသဲ
13/02/2024

ဟလို
#သဲသဲ

Metronidazole(မက်ထရိုနီဒါဇိုး) ဆေး ဆိုသည်မှာ   " Metro(မက်ထရို) "ဆိုတဲ့ဆေးက ဝမ်းကိုက်ရင်သောက်တဲ့ဆေးဆိုပြီး အပြင်မှာ လူတိ...
14/12/2021

Metronidazole(မက်ထရိုနီဒါဇိုး) ဆေး ဆိုသည်မှာ


" Metro(မက်ထရို) "ဆိုတဲ့ဆေးက ဝမ်းကိုက်ရင်သောက်တဲ့ဆေးဆို
ပြီး အပြင်မှာ လူတိုင်းနီးပါး သိတဲ့ ဆေး ဖြစ်ပါတယ်

မှန်ပါတယ် ။ Metronidazole က အပြင်မှာအလွန် အသုံးများတဲ့ဆေးတစ်မျိုးပါ ။ သွားဆေးခန်းတွေမှာ လည်း အသုံးများတဲ့ ဆေးဖြစ်ပါတယ် ။

ဆေး၏ အသုံးဝင်ပုံ
==============

အပြင်လူတော်တော်များများကတော့ ဝမ်းကိုက်ရင် သောက်တဲ့ဆေးလောက်ပဲ သိထားပေမယ့် ဆေးရဲ့အာနိသင်က ထိုထက် ပိုကျယ်ပြန့်ပါတယ် ။

တချို့ဆရာ၀န်ကြီးတွေကတော့ HEAT BCG လို့အတိုကောက်လေးခေါ် ပါတယ် ။

* H - ဆိုတာ
အစာအိမ်အနာကိုဖြစ်စေတဲ့ bacteria (ဘတ်တီးရီးယား)ဖြစ်တဲ့ Helicobacter pylori ကိုနိုင်လို့ အစာအိမ်အနာ (Peptic ulcer) မှာ သုံးလို့ပါ ။

* E - Entamoeba histolytica
လို့ခေါ်တဲ့ ကပ်ပါးပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း သုံးပါတယ် ။

* A - သွားနှင့်ခံတွင်း ပြဿ နာတွေကို အဓိကဖြစ်စေတဲ့ Anaerobic bacteria. လို့ခေါ်တဲ့ အောက်ဆီဂျင်မရှိတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားနေထိုင်တဲ့ ဘတ်တီးရီးယားတွေကို နှိမ်နင်းနိုင်ပါတယ်။ လောလောလတ်လတ် ခွဲစိတ်ကုသမှုတွေခံယူထားတဲ့ သူတွေ ဥပမာ အူအတတ်ဖြတ်ခြင်း ၊ သားအိမ်ထုတ်ခြင်း စသည်ဖြင့် ခွဲစိတ်ပြီး ပြန်ချုပ်တဲ့အခါ အလွှာလိုက်တစ်လွှာချင်းစီ ပြန်ချုပ်ရပါတယ် ။ အဲ့လိုအလွှာလိုက်ပြန်ချုပ်တဲ့ အခါ အောက်ဆီဂျင်မဲ့ တဲ့ပတ်ဝန်းကျင်တွေကိုဖြစ်စေရာကနေ Anaerobic bacteria တွေပေါက်ဖွားလာပြီး Post-Operative infection ရတတ်ပါတယ် ။ Metro ကို ပေးခြင်းဖြင့် Post op infection ကိုလျော့ချပေးနိုင်ပါတယ် ။

* T -Trichomonas Vaginitis လို့ခေါ်တဲ့ မိန်းကလေးတွေ မွေးလမ်းကြောင်းကနေ အဖြူတွေဆင်းမယ် ။ အနံ့ကလည်း မကောင်းဘူး ၊ယားမယ်ဆိုရင် ၊တစ်ခါတလေ pelvic inflammation တင်ပါးစုံတွေပါရောင်မယ်ဆိုရင် Metro Gel လိမ်းဆေးလေးတွေ ပေးလေ့ရှိပါတယ် ။

* B - Balantidiasis လိုခေါ်တဲ့
Parasite infection မှာလည်းသုံးပါတယ် ။

* C - C.difficile လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေ ပေါက်ဖွားပြီး Pseudomonas colitis အူရောင်တဲ့အခါ သုံးပါတယ် ။

* G - Giardia lamblia လိုခေါ်တဲ့ ပါရာဆိုက် ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ကူးဆက်ရောဂါတွေမှာ သုံးပါတယ် ။

Metro( မက်ထရို)ဆိုတဲ့ ဆေးကြားလိုက်တာနဲ့ ဝမ်းကိုက်တာတစ်ခုလောက်သိရုံနဲ့ ကျေနပ်လို့မရပါဘူး ။

ဘေးထွက်ဆိုးကျိုးများ
=============

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးလေးတွေတော့ရှိမြဲပါ ။ အင်္ဂလိပ်ဆေးတွေမှာသာမက မြန်မာဆေး တွေမှာလည်းရှိပါတယ် ။

- မက်ထရို (Metro) ကိုလျှာပေါ် တင်လိုက်တာနဲ့ unpleasant taste ပါးစပ်ထဲမှာ အရသာတစ်မျိုးကြီးဖြစ်နေတတ်ပါတယ် ။ ဥပမာ မြေကြီးကိုလျှာပေါ်တင်ထားရသလို Metallic tasteသတ္တုအရသာ နဲ့ ခါးတဲ့ အရသာတွေ့ရတတ်ပါတယ် ။ နောက် လျှာတွေထူခြင်း (Furred tongue) ၊ လျှာရောင်ရမ်းခြင်း (Glossitis) ၊ ပါးစပ်ထောင့်စွန်းလေးတွေရောင်ရမ်းခြင်း (Stomatitis) တွေလည်းဖြစ်တတ်ပါတယ် ။

- အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းကိုလည်းသက်ရောက်မှုရှိပါတယ် ။ အစာရေမြိုပြွန် နာခြင်း (Epigastric pain) ၊ ဗိုက်အောင့်ခြင်း (Abdominal Pain) ၊ ခံတွင်းပျက်ခြင်း (Anorexia) ၊ မူးဝေခြငိး (Nausea) ၊ အန်ခြင်း (Vomiting) ၊ ဝမ်းလျှောခြင်း (Diarrhoea) စသည်ဖြင့် အဝင်လည်းဆိုး အထွက်လည်းဆိုးတတ်ပါတယ် ။

- ခေါင်းမူး၊ခေါင်းကိုက် ၊အိပ်မပျော် ၊စိတ်မကြည်မလင် ၊ဒယိန်းဒယိုင်ဖြစ်ခြင်း ၊ချာချာလည်မူးဝေခြင်း ၊ထုံကျင်ခြင်း တွေကိုလည်းခံစားရနိုင်ပါတယ် ။

သတိပြုရန်…
==========

-Metro ကို အသည်းမှာအဓိကခြေဖြတ်တာ ဖြစ်တာကြောင့် အသည်းမကောင်းတဲ့သူတွေ မပေးသင့်ပါ ။

- ကိုယ်ဝင်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း metro ကြောင့် Mutagenic ၊ Carcinogenic မျိုးရိုးဗီဇ အပေါ်သက်ရောက်မှုရှိနိုင်တာကြောင့်မပေးသင့်ပါ ။

- နောက်တစ်ခုက metro မသောက်ခင် ၁ ရက်အလို ဆေးသောက်ပြီး ၂ ရက်အတွင်း အရက်မသောက်ရပါ ။ အရက်ကိုခြေဖြတ်မယ့် အသည်း အင်ဇိုင်းကို Metro ကပိတ်ထားလို့ဖြစ်ပါတယ် ။

- သွေးကြဲဆေးတွေ ၊ ကိုယ်ဝန်တားဆေးတွေနဲ့ တွဲသောက်မိရင် ဆေးဝါးအချင်းတုန့်ပြန်မှုတွေဖြစ်ပြီး ဆေးအာနိသင်တွေ တိုးတာတွေ ပျက်ပြယ်တာတွေဖြစ်နိင်ပါတယ် ။

- တချို့တွေ metroနဲ့မတည့်တဲ့သူတွေရှိတတ်ပါတယ် ။သောက်လိုက်တာနဲ ခေါင်းအလွန်အမင်းကိုက်မယ် ၊မူးမယ်ဆိုရင်တော့ မသောက်သင့်ပါ ။

ဒါကြောင့် ဆေးဝါးတွေကို ဖြစ်နိုင်ရင်အလွယ်တကူဝယ်သောက်တာထက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးသောက်သုံးစေချင်ပါတယ် ။ ဒါမှလည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည် ။

credit

 #လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်*****************************၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်...
13/12/2021

#လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်
*****************************
၁။ ဦးခေါင်းနောက်စေ့တွင်
ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ လက် တို့တွင်
မကြာခဏ ကျ ဉ်ခြင်း၊
ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့
ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက်၍
တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids
and facial muscles)

၄။ မကြာ ခဏ ဝမ်းချူ ပ်ပြီး
ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation
and fluctuation)

၅။ ညအိပ်ချိန် ကျ ဉ်ထုံခြင်း၊ လန့်နိုးခြင်း။
(Tingling and numbress
of limbs during sleep)

၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊
မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of
objects when bandling)

၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး
လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of
left upper limbs, thumb and lower limbs)

၉။ အမျူ ိးသား များ
အသက် ၄၅-နှစ်ကျော်လျှင်
ရက်ရှည် ခြေ,လက် ထုံ ကျ ဉ်ခြင်း။
(Male over 45yrs,numbers
sensation longtime)
အမျူ ိးသမီး များ
သွေးဆုံးချိန် တွင်
ခြေ,လက် များ ထုံကျ ဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ်
ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation
during menolpasuse)

၁၀။ ရေချူ ိးပြီး လျှင်
မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath
(or) Conjunctivities after bath)
___________________________________
#ကြိုတင်သိရှိပြီးလူသားများအားလုံး
___________________________________
လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။

Ref; Zin Yaw News
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

Copy - Myat Zaw Oo

Address

Taungoo
6101

Telephone

+959762575457

Website

Alerts

Be the first to know and let us send you an email when Thae Thae &Thone Thone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram