28/07/2023
Cinnarizine
အသုံး
- ပျို့ခြင်း၊ အန်ခြင်း၊ နားအူခြင်း၊ ကား/လေယာဥ်စီးလျှင် မူးခြင်း၊ ခေါင်းမူးခြင်း တို့အတွက် အသုံးပြုသည်။
ဆေးညွှန်း(သောက်သုံးပုံ)
- စားဆေး 30 mg တစ်နေ့ သုံးကြိမ် သောက်နိုင်သည်။
-ကားမူးခြင်းအတွက်ခရီးမထွက်မီနှစ်နာရီကြို၍ 30 mg သောက်ရသည်။
- 5-12 နှစ်အတွင်း ကလေးများ လူကြီးဆေးချိန်၏ တစ်ဝက် ပေးနိုင်သည်။
ဆေးအပြစ်များ
- အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ ဝမ်းလျှောခြင်း တို့ဖြစ်တတ်သည်။
ရှောင်ရန်
- နို့တိုက်မိခင်များ၊ ငါးနှစ်အောက်ကလေးငယ်များ ရှောင်ရပါမည်။