ဓမၼဆာယာ ကံစြယ္သာသနာ

  • Home
  • Myanmar
  • Taze
  • ဓမၼဆာယာ ကံစြယ္သာသနာ

ဓမၼဆာယာ ကံစြယ္သာသနာ ဓမ္မစကား နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။

၁၃၈၇ ခု သီတင်းကျွတ်လပြည့် ဥပုသ်နေ့ကံကြီးကုန်းရွာ/အုန်းတောရွာဒါယကာ ဒါယိကာမ အပေါင်းသူတော်ကောင်းတို့ ဥပုသ်သီလဆောက်တည်ကျင့်သ...
06/10/2025

၁၃၈၇ ခု သီတင်းကျွတ်လပြည့် ဥပုသ်နေ့

ကံကြီးကုန်းရွာ/အုန်းတောရွာ
ဒါယကာ ဒါယိကာမ အပေါင်း
သူတော်ကောင်းတို့ ဥပုသ်သီလ
ဆောက်တည်ကျင့်သုံးကြသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

အဟာရဒါန ကုသိုလ်ရှင်
--------------
ကချင်ပြည်နယ်၊မိုးကောင်းမြို့၊
ကျွန်းတောရပ်ကွက်

ဦးညိမ်းမောင်+ဒေါ်ခင်ဆန်း အမှူးထား၍
မနွေမ မှ

ဥပုသ်သီလ ဆောက်တည်ကျင့်သုံးကြသော
သူတော်ကောင်းတို့အား ကြာဇံဟင်းခါး
ဖြင့် ကုသိုလ်ပြုသည်။

ဤသည့်ပုည ၊ ကုသလကြောင့်
ထိုထို ဘုံဘဝ၊ ဖြစ်သမျှဝယ်

မရှိဆိုငြား၊ ထိုစကား၊
မကြားရသည် ဖြစ်စေသော်။

ပေးပါ၊ကမ်းပါ၊စွန့်ကြဲပါ၊
နှုတ်မှာ၊မဆိုရစေသော်။

လှူ၍မကုန်၊ပေးမကုန်၊
မကုန်နိုင်လောက်၊ရောက်စေသော်၊
ရစေသော်။

အလှူရေစက်၊နေ့တိုင်းဆက်
လက်နှင့်မကွာ၊ရှိစေသော်။

သစ်တစ်ပင်းကောင်း၊
ငှက်တစ်သောင်း၊
အပေါင်းကိုယ့်ကြောင့်၊
အေးစေသော်။

စိတ်ရှိသမျှ၊ ဣစ္ဆိတ၊
ပြည့်ဝရသည် ဖြစ်စေသော်။

အပါယ်ခြေကန်၊ဘုံစဥ်စံ
နိဗ္ဗာန်စောစော၊ရောက်စေသော်။

သိ,ပယ်,ဆိုက်,ပွား၊လေးပါးကိစ္စ
အပိုင်ရ၊မုချ ၊နိဗ္ဗာန်မြင်စေသော်။
#ဓမ္မဆာယာကံစွယ်သာသနာ

၁၃၈၇ ခု တော်သလင်း လပြည့် ဥပုသ်နေ့ကံကြီးကုန်းရွာ/အုန်းတောရွာဒါယကာ ဒါယိကာမ အပေါင်းသူတော်ကောင်းတို့ ဥပုသ်သီလဆောက်တည်ကျင့်သု...
06/09/2025

၁၃၈၇ ခု တော်သလင်း လပြည့် ဥပုသ်နေ့

ကံကြီးကုန်းရွာ/အုန်းတောရွာ
ဒါယကာ ဒါယိကာမ အပေါင်း
သူတော်ကောင်းတို့ ဥပုသ်သီလ
ဆောက်တည်ကျင့်သုံးကြသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

#ဓမ္မဆာယာကံစွယ်သာသနာ

 #မိဘတို့မျှော်လင့်ချက်ငါးမျိုး______________________ #အမျှော်အမြင်ရှိတဲ့သူတိုင်း မျှော်လင့်ချက် ရှိကြတယ်။ မိဘတွေလည်း မျ...
11/08/2025

#မိဘတို့မျှော်လင့်ချက်ငါးမျိုး
______________________

#အမျှော်အမြင်ရှိတဲ့သူတိုင်း မျှော်လင့်ချက် ရှိကြတယ်။ မိဘတွေလည်း မျှော်လင့်ချက် ရှိတာပဲ။ ဆရာတွေလည်း မျှော်လင့်ချက် ရှိတာပဲ။ ခေါင်းဆောင်တွေလည်း မျှော်လင့်ချက် ရှိကြတာပဲ။ မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ၅- မျိုး ရှိကြတယ်။

၁။ သားသမီးတွေဟာ ငါတို့အသက်ကြီးတဲ့အခါ ငါတို့ကို ပြန်ကျွေးလိမ့်မယ်လို့ မိဘတွေက မျှော်လင့်ကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အိုမင်းမစွမ်း ဖြစ်တဲ့အခါ သူများကို အားကိုးရတယ်။ ဒီတော့ သူတစိမ်းကို အားမကိုးချင်ဘူး။ ကိုယ့်သားသမီးကိုပဲ အားကိုးချင်တယ်။ ဒါမှလည်း အငြိုအငြင် မခံရမှာကိုး။

၂။ သားသမီးတွေဟာ ငါတို့ရဲ့ လူမှုရေးကိစ္စ စီးပွားရေးကိစ္စတွေကိုလည်း ဆောင်ရွက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ အသက်ကြီးလာတော့ လူမှုရေးလည်း မလုပ်နိုင်တော့ဘူး၊ စီးပွားရေးလည်း မလုပ်နိုင်တော့ဘူး။ ဒီတော့ သားသမီးတွေကိုပဲ မိဘကိုယ်စား လုပ်စေချင်ကြတယ်။ ဒါလည်း သားစဥ်မြေးဆက် တိုးတက်စေချင်တဲ့ စေတနာပဲ ဖြစ်ပါတယ်။

၃။ သားသမီးတွေဟာ ငါတို့ရဲ့ မျိုးနွယ်ကိုလည်း စောင့်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ ဘာသာတရား ဓလေ့ထုံးတမ်း ရိုးရာ ယဥ်ကျေးမှုနှင့် ပတ်သက်ပြီး သားသမီးတွေကို ဆက်လက်ပြီး ထိန်းသိမ်းစေချင်တယ်။ လူတော်လူကောင်းလေးတွေ ဖြစ်စေချင်တဲ့ စေတနာလို့ ဆိုရမှာပါ။

၄။ သားသမီးတွေဟာ ငါတို့ရဲ့ အမွေကိုလည်း သားစဥ်မြေးဆက် ထိန်းသိမ်းကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ လယ်ယာအိုးအိမ် တိုက်တာတွေကို တန်ဖိုးထားစေချင်တယ်။ နောင်လာနောက်သားတွေအတွက် ထားရှိတဲ့ စေတနာလို့ ပြောရမှာပါ။

၅။ သားသမီးတွေဟာ ငါတို့သေတဲ့အခါ ကုသိုလ်လုပ်ပြီး ငါတို့ကို အမျှဝေကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ လူတိုင်းလူတိုင်း တနေ့ကျရင် သေရမှာ မဟုတ်လား။ သေတဲ့အခါ ကောင်းတဲ့ဘဝ ကူးပြောင်းတာ ရှိတယ်။ မကောင်းတဲ့ဘဝ ကူးပြောင်းတာ ရှိတယ်။ မကောင်းတဲ့ဘဝများ ကူးပြောင်းခဲ့ရင် အားကိုးရဖို့အတွက် မျှော်လင့်ချက်ထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက သောကကို ကုသိုလ်နှင့် အစားထိုးခိုင်းတဲ့သဘောလည်း ဖြစ်ပါတယ်။

#ဘာပဲဖြစ်ဖြစ် သားသမီးတွေဟာ မိဘတွေရဲ့ စေတနာကိုတော့ တန်ဖိုးထားဖို့ လိုတယ်။ ဒါမှလည်း မိဘတွေကို ကျေးဇူးဆပ်ရာ ရောက်မှာ ဖြစ်ပါတယ်။ မိဘတွေကို ကျေးဇူးဆပ်မှလည်း ကိုယ့်ဘဝဟာ ကျေနပ်စရာ ဖြစ်မယ်။ ကျေနပ်စရာ ဖြစ်မှလည်း ကိုယ်ရနေတဲ့ဘဝလေးကို "အရတော်လှ လူ့ဘဝ" လို့ ဆိုရမှာ မဟုတ်ပါလား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ~~~~~~~~~~~~မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာသီတင်းသုံးတော်မူစဉ်အခါကရဟန်းငါး...
07/08/2025

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
~~~~~~~~~~~~
မြတ်စွာဘုရား သာဝတ္ထိပြည်၊
ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်အခါက

ရဟန်းငါးရာဟာ ဝါခေါင်လတွင်
ဘုရားရှင်ထံမှ ကမ္မဌာန်းတရား
နာယူခဲ့ကြပါတယ်။ အဲဒီနောက်

ကမ္မဌာန်းတရားအားထုတ်ကြဖို့
သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်း
တရားကို အားထုတ်ကြပါတယ်။

ရဟန်းတော်များဟာ သစ်ပင်
တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်း
တရားအားထုတ်ကြရာမှာ မြင့်
မြတ်တဲ့ ရဟန်းတော်များရဲ့ သီလ
အစွမ်းကြောင့် ရုက္ခစိုးများဟာ
သစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့
ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာ
လှည့်လည်နေထိုင်ကြရပါတယ်။

ပထမတော့ ခဏတဖြုတ်ပဲ
သီတင်းသုံးကြမယ်ထင်လို့
သည်းခံကြပေမယ့် ရက်ကြာလာ
တော့ သည်းမခံနိုင်တော့ဘဲ
ကြောက်မက်ဖွယ် အဆင်း၊ အသံ၊
စက်ဆုပ်ဖွယ် အနံ့တို့ဖြင့် အမျိုး
မျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။

ရဟန်းတော်များ ကောင်းစွာ
တရားအားမထုတ်နိုင်ကြတော့ဘဲ
မြတ်စွာဘုရားထံ အကြောင်းစုံ
လျှောက်ထားကြပါတယ်။

ဝါခေါင်လပြည့်နေ့မှာ မြတ်စွာ
ဘုရားက ရဟန်းတော်များကို လူ
နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင်စေ
တဲ့ " မေတ္တသုတ်" တရားတော်ကို
ဟောကြားနာယူစေပါတယ်။

ရဟန်းတော်များနဲ့သင့်တော်ရာ
အရပ်ကို ကြည့်တော်မူရာမှာ
အခြားနေရာမမြင်၍ မူလ အား
ထုတ်ရာ အရပ်သို့သာ ပြန်စေပြီး
မေတ္တသုတ်ကို ရွတ်ပွားစေပါတယ်။

မေတ္တသုတ်တရားတော်ရဲ့အာနု
ဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနှောက်
ယှက်ကြတော့တဲ့အပြင်ရဟန်းတော်
များကို ချစ်ခင်မြတ်နိုးလာပြီး

တံမြက်လှည်းခြင်း၊ သောက်သုံးရေ
တည်ခြင်းများပြုကာဘေးရန် မရှိ
အောင် စောင့်ရှောက်ပေးကြပါတယ်။

ရဟန်းတော်များဟာ တရားကို
ဖြောင့်ဖြောင့် အားထုတ်နိုင်ပြီး
ဝါမကျွတ်ခင်မှာပဲ ရဟန်းများ
အားလုံးအာသဝေါကုန်ခန်းကာ
ရဟန္တာများဖြစ်သွားကြပါတယ်။

မြတ်စွာဘုရားရှင်သည်
ဝါခေါင်လပြည့်နေ့မှာ ရဟန်း
ငါးရာကိုအကြောင်းပြုကာ
မေတ္တသုတ်ဟောကြားတော်မူ
တာဖြစ်လို့ ဝါခေါင်လပြည့်နေ့
ကို " မေတ္တာအခါတော်နေ့ " လို့
သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။

မေတ္တာဟူသည် သူတစ်ပါးတို့၏
ကောင်းကျိုးစီးပွားကို လိုလားသော
သဘောရှိတယ်။ သူတစ်ပါးတို့၏
ကောင်းကျိုးစီးပွားကို လိုလိုလား
လား ဆောင်ရွက်ပေးတတ်တယ်။

အငြှိုးအာဃာတကို ပယ်ဖျောက်
တတ်တယ်။ သူတစ်ပါးတို့ ပြည့်စုံ
ချမ်းသာမှုကို ဦးတည်ပါတယ်။
မေတ္တာသဘောကို အဘိဓမ္မာမှာ
သူတစ်ပါးကောင်းကျိုးကို လိုလား
တာမေတ္တာ။ သူတစ်ပါးကောင်းကျိုး
ရှိအောင် ဆောင်ရွက်ပေးတာ
မေတ္တာဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုတွေ စည်းလုံးမှု ရှိရမည်။
ညီအကိုမောင်နှမတွေ စည်းလုံးမှု
ရှိရမည်။ ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊
နိုင်ငံ၊ အားလုံး စည်းလုံးမှုရှိရမည်။

စည်းလုံးဖို့၊ စည်းစည်းလုံးလုံး
ရှိဖို့မေတ္တာအစိုဓာတ်
မေတ္တာအစေးဓာတ်လိုပါတယ်။

မုန့်လုံးရေပေါ်များ လုံးသောအခါ
ဆန်မှုန့်ကို အစိုဓာတ်ရှိသော ရေနှင့်
ဆွတ်ဖြန်းပြီးမှ လုံး၍ ရပါတယ်။

အစိုဓာတ် အစေးဓာတ်မရလျှင်
ဘယ်လိုမှ လုံး၍ မရနိုင်ပါ။
ထို့အတူ အချင်းချင်းစည်းလုံးဖို့၊
ညီညွတ်ဖို့ အသီးသီးမှာ မေတ္တာ
အစိုဓာတ် မေတ္တာအစေးဓာတ်ရှိနေ
ရပါမယ်။ ပါးစပ်နှင့် စည်လုံး၍မရ။
မေတ္တာနှင့် စည်းလုံးမှသာ ရမယ်။

ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်း
ဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေး
မှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာ
ပို့ရန် အထူးမိန့်ကြားခဲ့ပါတယ်။

မေတ္တာသည်သာ အောင်နိုင်ရာ၏။
ဘုရားရှင်ကိုယ်တော်မြတ်သည်
သူ့ကိုဆန့်ကျင်သော မာရ်နတ်၊
အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊
နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို
အနိုင်ယူအောင်မြင်တော်မူခဲ့တယ်။
အောင်ခြင်းရှစ်ပါးဟု ခေါ်ပါတယ်။

ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊
အောင်မြင်ရာတွင် အကြမ်းမဖက်
မေတ္တာသက်သက်ဖြင့် အောင်မြင်
တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့်
မိမိတို့ရည်မှန်းချက်တစ်ခုခု အောင်မြင်
ချင်လျှင် မေတ္တာသာထားကြပါ

မေတ္တာသာ ပွားပါ။ မေတ္တာနှင့်
သာ ဆောင်ရွက်ပါ။ ထိုသို့ မေတ္တာ
နှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်
မှသာ တကယ်စစ်မှန်သော အောင်
မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

သတ္တဝါခပ်သိမ်းတရားကိန်း
အေးငြိမ်းချမ်းသာကြပါစေ။
Credit-✍️🙏🏽🙏🏽🙏🏽

၁၃၈၇ ခု ဝါဆိုလပြည့် ဥပုသ်နေ့ကံကြီးကုန်းရွာ/အုန်းတောရွာဒါယကာ ဒါယိကာမ အပေါင်းသူတော်ကောင်းတို့ ဥပုသ်သီလဆောက်တည်ကျင့်သုံးကြသ...
09/07/2025

၁၃၈၇ ခု ဝါဆိုလပြည့် ဥပုသ်နေ့

ကံကြီးကုန်းရွာ/အုန်းတောရွာ
ဒါယကာ ဒါယိကာမ အပေါင်း
သူတော်ကောင်းတို့ ဥပုသ်သီလ
ဆောက်တည်ကျင့်သုံးကြသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

အဟာရဒါန ကုသိုလ်ရှင်
--------------
မိုးကောင်းမြို့
ဦးငြိမ်းမောင် + ဒေါ်ခင်စန်း
မိသားစုမှ

ဥပုသ်သီလ ဆောက်တည်ကျင့်သုံးကြသော
သူတော်ကောင်းတို့အား အဟာရဒါနဖြင့် ကုသိုလ်ပြုသည်။

ဤသည့်ပုည ၊ ကုသလကြောင့်
ထိုထို ဘုံဘဝ၊ ဖြစ်သမျှဝယ်

မရှိဆိုငြား၊ ထိုစကား၊
မကြားရသည် ဖြစ်စေသော်။

ပေးပါ၊ကမ်းပါ၊စွန့်ကြဲပါ၊
နှုတ်မှာ၊မဆိုရစေသော်။

လှူ၍မကုန်၊ပေးမကုန်၊
မကုန်နိုင်လောက်၊ရောက်စေသော်၊
ရစေသော်။

အလှူရေစက်၊နေ့တိုင်းဆက်
လက်နှင့်မကွာ၊ရှိစေသော်။

သစ်တစ်ပင်းကောင်း၊
ငှက်တစ်သောင်း၊
အပေါင်းကိုယ့်ကြောင့်၊
အေးစေသော်။

စိတ်ရှိသမျှ၊ ဣစ္ဆိတ၊
ပြည့်ဝရသည် ဖြစ်စေသော်။

အပါယ်ခြေကန်၊ဘုံစဥ်စံ
နိဗ္ဗာန်စောစော၊ရောက်စေသော်။

သိ,ပယ်,ဆိုက်,ပွား၊လေးပါးကိစ္စ
အပိုင်ရ၊မုချ ၊နိဗ္ဗာန်မြင်စေသော်။
#ဓမ္မဆာယာကံစွယ်သာသနာ

ဓမ္မဆာယာကံစွယ်ကျောင်းတိုက်(၃၉)ကြိမ်မြောက်အသံမစဲမဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲ              အောင်ပွဲနေ့ ကုသိုလ်ရှင်များ        ...
11/05/2025

ဓမ္မဆာယာကံစွယ်ကျောင်းတိုက်

(၃၉)ကြိမ်မြောက်အသံမစဲမဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲ

အောင်ပွဲနေ့ ကုသိုလ်ရှင်များ

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့


၁။ခင်ဦးမြို့ ကိုဝင်းကျော်+မဝါဝါလှိုင် မိသားစု
နေ့ဆွမ်းကုသိုလ်။

၂။ ဦးဖုန်းမြင့်+ဒေါ်လှရီ မိသားစု ရာသက်ပန် အချိုပွဲ ကုသိုလ်။

၃။ ဓမ္မဆာယာကံစွယ်ဆရာတော်ဘုရားကြီးနှင့် တပည့်
ဒါယကာ ဒါယိကာမ အပေါင်းတို့မှ ဧည့်ပရိတ်တို့အား
ထမင်းအာဟာရ ကုသိုလ်။

၄။ ဓမ္မဆာယာကံစွယ်ဆရာတော်ဘုရားကြီးနှင့် တပည့်
ဒါယကာ ဒါယိကာမ အပေါင်းတို့မှ ပင့်သံဃာ အပါး(၉၀)ကျော်တို့အား သလာကဒါနစာရေးတံမဲနှင့် သံဃဒါိနဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဧည့်ပရိတ်သတ်တို့အား ကံစမ်းမဲ(၇၀၀)ကျော် လှူဒါန်းခြင်း ကုသိုလ်။

#ဓမ္မဆာယာကံစွယ်ဆရာတော်ဘုရားကြီးနှင့် တပည့် ဒါယကာ ဒါယိကာမ ကုသိုလ်ရှင်အပေါင်းတို့သည်
ယနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြ၍
ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း
ကြောင့်ကြခပ်သိမ်း ဗျာပါဒ ခပ်သိမ်းကင်းငြိမ်းကြ၍
မဂ်ဖိုလ် နိဗ္ဗာန်ကို ဝဋ်ဘဝတိုတိုဖြင့် ရလွယ်ရောက်လွယ်
မျက်မှောက်ပြုလွယ်နိုင်ကြသည် ဖြစ်ကြပါစေ။

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ                     ပဥ္စမနေ့ ကုသိုလ်ရှင်များ             ကဆုန်လဆန်း(၁၄)ရက်၁။မန္တလေးမြို့...
10/05/2025

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ

ပဥ္စမနေ့ ကုသိုလ်ရှင်များ

ကဆုန်လဆန်း(၁၄)ရက်

၁။မန္တလေးမြို့ ကျောင်းဒါယကာကြီးဦးကျော်နိုင်+ ကျောင်းဒါယိကာမကြီးဒေါ်ဒွဲဘူ သား မောင်အောင်ထင်ကျော်၊မောင်မျိုးမြတ်သာကျော် သမီး မဝင်းပပကျော် မိသားစု ရာသက်ပန် နေ့ဆွမ်းကုသိုလ်။

၂။ဂွေးမော်ကုန်းရွာ မိဘဘိုးဘွားများ အားရည်စူး၍
မမြမွန် နှင့် မောင်နှမတစ်စု ရာသက်ပန် နေ့အချိုပွဲ ကုသိုလ်။

၃။ကံကြီးကုန်းရွာ ခမည်းတော်ကြီး(ဦးညွန့်သိန်း)+မယ်တော်ကြီး ဒေါ်အေးရှမ်း မိသားစု ရာသက်ပန်
အရုဏ်ဆွမ်းကုသိုလ်။

၄။ကံကြီးကုန်းရွာ ခမည်းတော်ကြီး(ဦးဖိုးပွ)+မယ်တော်ကြီး ဒေါ်အေးဂျမ်း မိသားစု ရာသက်ပန်
အရုဏ်အချိုပွဲကုသိုလ်။

၅။ကံကြီးကုန်းရွာ ဦးမြင့်အောင်+ဒေါ်မာမာအေး သား မောင်နေလင်းထွန်း၊ သမီး မအိအိငြိမ်း မိသားစု
ရာသက်ပန် ညနေအအေး အဖျော် ကုသိုလ်။

#ပဌာန်းကုသိုလ်ရှင် မိသားစု အားလုံး

ယနေ့မှစ၍ ဘေးခပ်သိမ်း ရန်ခပ်သိမ်း

အန္တရာယ်ခပ်သိမ်း ကြောင့်ကြခပ်သိမ်း

ဗျာပါဒခပ်သိမ်း ကိုယ်စီငြိမ်းကြ၍

မဂ်ဖိုလ် နိဗ္ဗာန်ကို ဝဋ်ဘဝတိုတိုဖြင့်

ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်ကြသည်

ဖြစ်ကြပါစေ။

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ             စတုတ္ထနေ့ ကုသိုလ်ရှင်များ                   ကဆုန်လဆန်း(၁၃)ရက်နေ့၁။ မိုးကော...
09/05/2025

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

စတုတ္ထနေ့ ကုသိုလ်ရှင်များ

ကဆုန်လဆန်း(၁၃)ရက်နေ့


၁။ မိုးကောင်းမြို့ ဦးမောင်ဦး+ဒေါ်စန်းအေး မိသားစု
ရာသက်ပန် နေ့ဆွမ်းကုသိုလ်။

၂။ကံကြီးကုန်းရွာ ကိုစိုးမြင့်အောင်+မချိုဇင်ထွေး
သမီး မထက်ထက်သက်ထား မိသားစု
နေ့အချိုပွဲ ကုသိုလ်။

၃။အုန်းတောရွာ ဦးစိုးလှိုင်+ဒေါ်မိုးဌေး သား ဟိန်းမင်းထွန်း၊ မင်းမင်းကျော်၊ သန့်နိုင်ထွန်း၊ သမီး မပြည့်ပြည့်ငြိမ်း မိသားစု ရာသက်ပန် အရုဏ်ဆွမ်း ကုသိုလ်။

၄။ ကံကြီးကုန်းရွာ ဦးဝင်းမြင့်+ဒေါ်ခင်ပြုံး
သား ကိုအောင်မိုးထွန်း၊ သမီး မသင်းသင်းဌေး
မိသားစု ရာသက်ပန် အရုဏ်အချိုပွဲ ကုသိုလ်။

၅။ကံကြီးကုန်းရွာ (ဦးဇင်းကြီးဦးနာယက)နှင့်(ဒေါ်ပို)တို့အား ရည်စူး၍ မြေး ဦးအောင်ပို+ဒေါ်မြင့််ဝေ သား
မောင်ကျော်စွာလင်း၊ မောင်ကျော်စွာထွန်း၊ မောင်ကျော်စွာထွေး သမီး မနှင်းမှုံ၊ မယမုံထွန်း မိသားစု
ရာသက်ပန် ညနေ အအေးအဖျော် ကုသိုလ်။

၆။ တံတားညီနောင် ဦးစိန်ထွန်း+ဒေါ်အေးဆင့် မိသားစု
ရာသက်ပန် ညခင်းလျှပ်စစ်မီး ကုသိုလ်။

# ပဌာန်းကုသိုလ်ရှင် မိသားစုအားလုံး

ယနေ့မှစ၍ ဘေးခပ်သိမ်း ရန်ခပ်သိမ်း

အန္တရာယ်ခပ်သိမ်း ကြောင့်ကြခပ်သိမ်း

ဗျာပါဒခပ်သိမ်း ကိုယ်စီငြိမ်းကြ၍

မဂ်ဖိုလ် နိဗ္ဗာန်ကို ဝဋ်ဘဝတိုတိုဖြင့်

ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်ကြသည်

ဖြစ်ကြပါစေ။

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ                တတိယနေ့  ကုသိုလ်ရှင်များ                  ကဆုန်လဆန်း(၁၂)ရက်နေ့၁။ကံကြီးကုန...
08/05/2025

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ
တတိယနေ့ ကုသိုလ်ရှင်များ
ကဆုန်လဆန်း(၁၂)ရက်နေ့

၁။ကံကြီးကုန်းရွာ (ရဟန်းဒါယကာကြီးဦးလှရွှေ+ရဟန်းဒါယိကာမကြီးဒေါ်အေးမြ) သား ရဟန်းဒါယကာ ကိုကျော်ညှင်း မိသားစု ရာသက်ပန် နေ့ဆွမ်းကုသိုလ်။

၂။ကံကြီးကုန်းရွာ (ရဟန်းဒါယကာကြီးဦးဝဏ္ဏ+ရဟန်းဒါယိကာမကြီးဒေါ်ချစ်တင်) သမီး ရဟန်းဒါယိကာမ မဝါခင် မိသားစု နေ့အချိုပွဲ ကုသိုလ်။

၃။ကုန်းရိုးအရှေ့ရွာ ဦးထွန်းကျော်+ဒေါ်ထားထားဦး
သား မောင်ဟိန်းသက်နိုင်၊ မောင်လှိုင်ဖြိုးအောင် မိသားစု ရာသက်ပန် အရုဏ်ဆွမ်းကုသိုလ်။

၄။ကံကြီးကုန်းရွာ (ဦးအောင်ရွှေသိန်း)+ဒေါ်ဌေးခင်
သား မောင်ထိုက်တန်အောင်၊ သမီး မဇွန်ပွင့်ဝေ မိသားစု
အရုဏ်အချိုပွဲ ကုသိုလ်။

၅။ကံကြီးကုန်းရွာ (ဦးဝင်း+ဒေါ်စစ်တို)တို့အား ရည်စူး၍ကိုကျော်မိုးထွန်း+မအိဖြူ သား ဝေယံဦး၊ မင်းမြတ်သူ မိသားစု ညနေ အအေးအဖျော် ကုသိုလ်။

၆။ ကံကြီးကုန်းရွာ (ခမည်းတော်ကြီးဦးကျန်)+မယ်တော်ကြီး ဒေါ်အေး သား ဘဒ္ဒန္တဣန္ဒဝံသ
ညခင်းလျှပ်စစ်မီး ကုသိုလ်။

#ပဌာန်းကုသိုလ်ရှင် မိသားစု အားလုံး

ယနေ့မှစ၍ ဘေးခပ်သိမ်း ရန်ခပ်သိမ်း

အန္တရာယ်ခပ်သိမ်း ကြောင့်ကြခပ်သိမ်း

ဗျာပါဒခပ်သိမ်း ကိုယ်စီကင်းငြိမ်းကြ၍

နိဗ္ဗာန် မဂ်ဖိုလ်ကို ဝဋ်ဘဝတိုတိုဖြင့်

ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်ကြသည်

ဖြစ်ကြပါစေ။

၁၃၈၇ ခုနှစ်၊ကဆုန်လ္ဆန်း(၁၀)ရက်စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်၊ကံကြီးကုန်းအုပ်စု၊ကံကြီးကုန်း-အုန်းတောရွာဓမ္မဆာယာကံ...
08/05/2025

၁၃၈၇ ခုနှစ်၊ကဆုန်လ္ဆန်း(၁၀)ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်၊ကံကြီးကုန်းအုပ်စု၊ကံကြီးကုန်း-အုန်းတောရွာ
ဓမ္မဆာယာကံစွယ်ကျောင်းတိုက်တာ အတွင်း၌ နှစ်စဥ် ကျင်းပပူဇော်မြဲဖြစ်သော (၃၉)ကြိမ်မြောက် အသံမစဲ
မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ လှည့်လည်မှု မှတ်တမ်းပုံရိပ်များ။

 #အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဒုတိယနေ့ ကုသိုလ်ရှင်များ    ကဆုန်လဆန်း(၁၁)ရက်နေ့၁။အုန်းတောရွာ ဦးညွန့်မောင်+ဒေါ်ခင်ထွေး...
07/05/2025

#အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ

ဒုတိယနေ့ ကုသိုလ်ရှင်များ

ကဆုန်လဆန်း(၁၁)ရက်နေ့

၁။အုန်းတောရွာ ဦးညွန့်မောင်+ဒေါ်ခင်ထွေး၊
သမီး မသန်းနွဲ့၊ မဌေးစီ မိသားစု ရာသက်ပန်
နေ့ဆွမ်းကုသိုလ်။

၂။ကံကြီးကုန်းရွာ (ဒေါ်တင်အေး)ရည်စူး၍
သား ကိုနိုင်ဦး၊ သမီး မညိုတင် မိသားစု ရာသက်ပန်
နေ့အချိုပွဲ ကုသိုလ်။

၃။ကံကြီးကုန်းရွာ ပဌာန်းဒါယိကာမကြီး ဒေါ်မြရီ အားဦးထိပ်ထား၍ ဒေါ်မြင့်အုန်း သမီး ဦးထွန်းဝင်း+ဒေါ်ခိုင်ရွှေဦး၊ မြေး မောင်ဝေယံစိုး၊မောင်ကျော်မင်းသန့်၊မနွေးနွေးစံ မိသားစု ရာသက်ပန် အရုဏ်ဆွမ်းကုသိုလ်။

၄။ကံကြီးကုန်းရွာ ဦးမောင်ကြီး+ဒေါ်ချို သား မောင်ဝင်းထက်ဦး၊မောင်ထက်အောင်ခိုင်၊မောင်ဟိန်းဇော်မင်း၊ သမီး စန်းသော်တာချို မိသားစု ရာသက်ပန် နံနက်အရုဏ် အချိုပွဲ ကုသိုလ်။

၅။အုန်းတောရွာ (ဦးအောင်ရှိန်း+ဒေါ်အုန်းစိန်)တို့အားရည်စူး၍ သမီး မသန်းမြင့် မိသားစု ရာသက်ပန် ညနေအအေးအဖျော် ကုသိုလ်။

၆။ကံကြီးကုန်းရွာ ကိုဇော်မင်းထွန်း+မဇင်မာဝင်း သမီး
မရွှေပိုးအိမ် သား မောင်ဝေလျှံထွန်း မိသားစု ရာသက်ပန်
ည လျှပ်စစ်မီး ကုသိုလ်။

#ပဌာန်းကုသိုလ်ရှင် မိသားစု အားလုံး

ယနေ့ယ္ခု ပြုပြုသမျှသော ကုသိုလ်ကောင်းမှုတို့၏

အကျိုးအားကြောင့်…………….

ယနေ့မှစ၍ ဘေးခပ်သိမ်း ရန်ခပ်သိမ်း

အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်းကြ၍

မဂ်ဖိုလ် နိဗ္ဗာန်၏ ရရာ ရောက်ကြောင်း

အကြောင်းအထောက်အပံ့ကောင်းဖြစ်နိုင်ကြပါစေ။ ။

စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်၊ ကံကြီးကုန်းအုပ်စု၊ကံကြီးကုန်း-အုန်းတောကျေးရွာ၊ ဓမ္မဆာယာကံစွယ်ကျောင်းတိုက်တာအတွင်...
06/05/2025

စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်၊ ကံကြီးကုန်းအုပ်စု၊ကံကြီးကုန်း-အုန်းတောကျေးရွာ၊ ဓမ္မဆာယာကံစွယ်ကျောင်းတိုက်တာအတွင်း နှစ်စဉ်မပျက်ကျင်းပပူဇော် အပ်သော (၃၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ

၁၃၈၇ ခု၊ကဆုန်လ္ဆန်း(၁၀)ရက်
ပထမနေ့ ကုသိုလ်ရှင်များ

#အရုဏ်ဆွမ်းကုသိုလ်ရှင်

ပဌာန်းဒါယကာကြီးဦးမြင့်ဦးအားရည်စူး၍
ပဌာန်းဒါယိကာမကြီးဒေါ်ပြူးစိန် သား ကိုဇော်မြတ်ထွေး မိသားစု (၁၀)ရက်နေ့ ရာသက်ပန်ကုသိုလ်။

#နေ့ဆွမ်းကုသိုလ်

ခမည်းတော်ကြီးဦးကျော်+မယ်တော်ကြီးဒေါ်ခင်ထား မိသားစု(၁၀)ရက်နေ့ ရာသက်ပန်ကုသိုလ်။

#အရုဏ်အချိုပွဲကုသိုလ်ရှင်
ဦးကျော်မြင့်+ဒေါ်ပြုံး မိသားစု (၁၀)ရက်နေ့ ရာသက်ပန်ကုသိုလ်။

#နေ့အချိုပွဲကုသိုလ်ရှင်

ဦးသောင်းလေး+ဒေါ်မော် မိသားစု (၁၀)ရက်နေ့ ရာသက်ပန်ကုသိုလ်။

#ညနေ အအေးအဖျော်ကုသိုလ်ရှင်

ဦးညွန့်ဝင်း +ဒေါ်ဝင်းမာ မိသားစု (၁၀)ရက်နေ့ ကုသိုလ်။

#လျပ်စစ်မီးကုသိုလ်ရှင်
ဦးမြင့်လွင်+ဒေါ်ရီမြင့် မိသားစု (၁၀)ရက်နေ့ ကုသိုလ်။

ကုသိုလ်ရှင်မိသားစု အားလုံး ယနေ့မှစ၍

ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြ၍ နိဗ္ဗာန်မဂ်ဖိုလ်၏ ရရာရောက်ကြောင်း အကြောင်း အထောက်အပန့်ကောင်းဖြစ်နိုင်ကြပါစေ။ ။

#ဓမ္မဆာယာကံစွယ်သာသနာ

Address

Taze
135

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ဓမၼဆာယာ ကံစြယ္သာသနာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဓမၼဆာယာ ကံစြယ္သာသနာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram