12/07/2021
Oxygen Concentrator အသုံးပြုရာတွင် သိရှိထားသင့်သော အချက်များ။
၁။ Oxygen Concentrator ကို သယ်ယူရာတွင်ဖြစ်စေ၊ သိမ်းဆည်းထားရှိလျှင် ဖြစ်စေ ဒေါင်လိုက်အနေအထားအတိုင်းထားရှိပါ။ (Packing box ပါ ⬆️အမှတ်အသားအတိုင်း)
၂။ လျှပ်စစ်ဓာတ်အားအတက်အကျရှိလျှင် (or) မီးစက်ဖြင့်အသုံးပြုရလျှင် 1KVA အထွက်ရှိသော အလိုအလျောက်မီးအားမြှင့်စက် (Automatic Voltage Regulator) ကို ကြားခံအသုံးပြုပါ။
၃။ စက်ကို နံရံ (or) ပရိဘောဂပစ္စည်းများနှင့် အနည်းဆုံး ၄လက်မ ခန့်ခွာထားပါ။
၄။ စက်၏ လေဝင်လေထွက်ပေါက်များကို မပိတ်ဆို့စေဘဲ ဖုန်၊ အမှိုက်၊ ဆံခြည်များ မဝင်အောင်ထားရှိပါ။ ပျော့ပြောင်းသော မျက်နှာပြင်များ၊ မွေ့ယာ၊ ဆိုဖာများပေါ်တွင် မတင်ရပါ။
၅။ စက်ကိုအသုံးပြုနေစဉ် ဆေးလိပ်၊ မီးပွား၊ မီးတောက်များ အနီးအနားတွင် မရှိစေရပါ။ ပေါက်ကွဲလောင်ကျွမ်းတတ်ပါသည်။
၆။ စက်ရပ်ပြီး ပြန်ဖွင့်ရန် အနည်းဆုံး ၅မိနစ်ခန့်ခြားပါ။ စက်ဖွင့်ပြီး အသုံးပြုချိန်သည် အနည်းဆုံး မိနစ် ၃၀ ရှိသင့်ပါသည်။
၇။ ဆီ၊ စက်သုံးဆီ၊ ချောဆီများကို စက်၏ မည်သည့်အစိတ်အပိုင်းနှင့်မျှ မထိတွေ့စေပါနှင့်။
၈။ အပြင်ဇကာကို နှစ်ပတ်တစ်ခါ ဆေးကြောပါ။
၉။ အတွင်းဇကာကို တစ်လတစ်ကြိမ် ဆေးကြောပါ။
၁၀။ စက်အတွင်းရှိ လေစစ်ဇကာကို အသုံးပြုချိန် အနည်းအများပေါ်မူတည်ပြီး ဆေးကြောပေးပါ။
၁၁။ ဇကာများကို ခြေက်သွေ့အောင်ထားပြီးမှ ပြန်လည်တပ်ဆင်အသုံးပြုပါ။
၁၂။ ဇကာများ မတပ်ဆင်ဘဲ စက်ကို လုံးဝ အသုံးမပြုရပါ။
၁၃။ သာမန်အားဖြင့် လူနာ၏ အခြေအနေအရ စက်ကိုဆက်တိုက်အသုံးပြုနိုင်ပြီး စက်အသုံးပြုချိန် ၈နာရီပြည့်တိုင်း ၁၅ မိနစ်ခန့် အနားပေးလျှင် စက်၏သက်တမ်း ပိုရှည်ပါသည်။
( Yuwell စက်ဝယ်စဉ်က ပါလာသော လမ်းညွှန်ဖြစ်ပါသည်)