16/07/2022
Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ် ရောင်ခြင်းကို ဘယ်လို ကုသမလဲ?
Osteoarthritis : အရိုးအဆစ်ရောင်ခြင်း
🦵ယနေ့ဖော်ပြသွားမယ့်အကြောင်းအရာလေးကတော့ သက်ကြီးပိုင်းလူကြီးများတွင် တွေ့ရလေ့ရှိသော ဒူးနာ ခါးနာ အဆစ်အမြစ်ကိုက်ဝေဒနာများ ခံစားရသည့် အရိုးအဆစ်ရောင်ခြင်း အကြောင်းလေးပဲ ဖြစ်ပါတယ် …
🦿Osteoarthritis ခေါ် အရိုးအဆစ်ရောင်ရောဂါဟာ သက်ကြီးပိုင်းလူကြီးများတွင် အဖြစ်များပြီး ကမ္ဘာအနှံ့အပြားတွေ ဖြစ်ပွါးလျက်ရှိပါတယ်
အရိုးအဆစ်ရောင်ရောဂါဆိုသည်မှာ မိမိတို့ရဲ့အဆစ်အမြစ်များတွင် အရိုးများလှုပ်ရှားမှု လွယ်ကူချောမွေ့စေရန် နှင့် အရိုးတခုနှင့်တခု ပွတ်တိုက်မှုလျော့နည်းစေရန် ထောက်ပံ့ပေးထားသော အရွတ်လေးများပျက်စီးဆုံးရှုံးရာမှ အဆစ်အမြစ်များရောင်၍ လှုပ်ရှားမှုများမှာ လွယ်ကူချောမွေ့ခြင်းမရှိတော့ပဲ တောင့်တင်းကာ နာကျင်ဝေဒနာခံစားရစေသော ရောဂါတမျိုးပဲ ဖြစ်ပါတယ် …
🦿အရိုးအဆစ်ရောင်ရောဂါသည် ခန္ဒာကိုယ်အနှံ့အပြားရှိ အဆစ်အားလုံးတွင် ဖြစ်ပွါးနိုင်ပြီး အထူးသဖြင့် ဒူးဆစ် ခါးဆစ် လက်ချောင်းအဆစ်ငယ်လေးများနှင့် ခါးတင်ပဆုံရိုးများတွေ ဖြစ်ပွါးလေ့ရှိပါတယ် …
👴👵ဖြစ်ပွါးရသည့်အကြောင်းအရင်းများမှာ အသက်ကြီးရင့်မှုကြောင့် အဓိကဖြစ်ပြီး အမျိုးသမီးများတွင် ပိုမိုဖြစ်ပွါးနိုင်ပါတယ်ရှင်
ထို့အပြင် အဝလွန်သောလူနာများ၊ ဆီးချိုရောဂါဝေဒနာရှင်များ၊ယခင်က အဆစ်အမြစ်တွင် ထိခိုက်ဒဏ်ရာရှိဖူးသူများ၊ အကြိမ်ကြိမ် အဆစ်တနေရာတည်းသို့ ဒဏ်ဖြစ်ဖူးသူများတွင် ပိုမိုတွေ့ရှိရတတ်ပါတယ် …
ထ်ု့အပြင် အရိုးအဆစ်ရောင်ရောဂါဟာ မျိုးရိုးလဲ လိုက်တတ်ပါသေးတယ် …
အရိုးအဆစ်ရောင်ရောဂါသည် ရုတ်တရက် ဖြစ်ပွါးတတ်သော ရောဂါမဟုတ်ပါ .. ၎င်းရောဂါသည် နှစ်ရှည်လများအချိန်ယူ၍ တဖြည်းဖြည်းချင်းရောဂါအခြေအနေ ပိုမိုဆိုးရွားလာတတတ်သော ရောဂါဖြစ်ပါတယ်
အရိုးအဆစ်ရောင်ရောဂါ စတင်ရရှိလာချိန်တွင်တော့ အောက်ပါဝေဒနာများ စတင်ခံစားလာရတတ်ပါတယ်
၁။ ဒဏ်ဖြစ်ထားသော အဆစ်အမြစ်များတွင် လှုပ်ရှားမှုတခုခုလုပ်ပြီးတိုင်း နာကျင်ခြင်း
၂။ အဆစ်အမြစ်များတောင့်တင်းပြီးလှုပ်ရှားရ ခက်ခဲခြင်း (ရာသီဥတုအေးလျှင်၊အိပ်ယာနိုးခါစ၊ကြာကြာထိုင်ရာမှ ပြန်ထခါစတွေမှာ ပိုမိုသိသာတတ်ပါတယ်)
၃။ အဆစ်အမြစ်ကို အထိအကိုင်မခံနိုင်အောင် နာကျင်နေခြင်း
၄။ ခြေလက်ခါးများကို လွယ်ကူပျော့ပြောင်းစွာရွေ့လျားနိုင်မှု လျော့နည်းလာခြင်း
၅။ ခြေဖျားလက်ဖျားထိပ်များ ထုံကျင်ခြင်း
၆။ အဆစ်အမြစ်များရှိ အရိုးများတွင် အတက်သဖွယ် အဖုငယ်များစမ်းမိခြင်း
၇။ အဆစ်အမြစ်များ သိသာထင်ရှားစွာ ရောင်ရမ်းနေခြင်း
🦿အရိုးအဆစ်ရောင်ရောဂါဟာ ပျက်စီးသွားသောအရွတ်များကို အကောင်းအတိုင်း ပြန်လည်မဖြစ်နိုင်သော်လည်း ထိရောက်သော ကုသမှု ခံယူပါက ကိုက်ခဲနာကျင်ဝေဒနာများကို သိသိသာသာ သက်သာစေပြီး အဆစ်အမြစ်လှုပ်ရှားမှုများကို ပြန်လည်လွယ်ကူချော့မွေလာစေနိုင်ပါတယ် …
ထိရောက်သောကုသမှု မခံယူပါက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပိုမိုဆိုးရွားလာစေပြီး နာတာရှည်ကိုက်ခဲဝေဒနာခံစားရခြင်း၊ လှုပ်ရှားမှုနဲပါး၍ ချိနဲ့လာခြင်း၊ နာကျင်လွန်း၍ အိပ်မပျော်ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ရရှိလာနိုင်ပါတယ် …
လူနာရှင်တို့အနေနဲ့ မိမိကိုယ်တိုင်သော်လည်းကောင်း မိမိတို့၏မိသားစုများ အထက်ပါ ရောဂါဝေဒနာများ ကြုံတွေ့ခံစားနေရပါက အရိုးအကြောအဆစ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့်သော်လည်းကောင်း၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီးများနှင့်သော်လည်းကောင်း၊ အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့်သော်လည်းကောင်း “တိုးတက်”အထူးကုဆေးခန်းတွင် ၂၄နာရီ ပိတ်ရက်မရှိ တိုင်ပင်ဆွေးနွေးကုသမှု ခံယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ် …
☎️အသေးစိတ် သိရှိ စုံစမ်းလိုပါက
ဖုန်း 09262989866 / 09262989391 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ....
✍️page messenger ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....
⛑တိုးတက်အထူးကုဆေးခန်း
အမှတ် ၂၅၅/ခ ၊ သံသုမာလမ်း ၊ သင်္ဃန်းကျွန်းမြို့နယ် ။
(သွပ်ဝိုင်းကြီးရပ်ကွက် ၊ သွားဆေးတက္ကသိုလ်လမ်းကူး)