MA SHWE KYI

MA SHWE KYI to help more healthfully ,good taste and happy for public.

30/11/2025
ကျန်းမာရေးအတွက်အရွက်စိမ်းကြိတ်ရည်လေးသောက်ကြရအောင်။
30/11/2025

ကျန်းမာရေးအတွက်
အရွက်စိမ်းကြိတ်ရည်လေး
သောက်ကြရအောင်။

 #သဘာဝကပေးတဲ့နတ်ဆေးပင် #အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................ရှားစောင်းလ...
08/12/2023

#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
– DOCA


ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ပေါက်ရောက်ပုံ 🌱

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

နွေအပူမှာ ရေဆာပြေ ရေငတ်ပြေ ကျန်းမာရေးအတွက် အချိုရေ တစ်ခွက် တစ်ပုလင်းထက် ပိုကောင်းပြီး အကုန်အကျ သက်သာတဲ့ ရှမ်းပြည်နယ်ပင်လ...
19/04/2023

နွေအပူမှာ ရေဆာပြေ ရေငတ်ပြေ ကျန်းမာရေးအတွက် အချိုရေ တစ်ခွက် တစ်ပုလင်းထက် ပိုကောင်းပြီး အကုန်အကျ သက်သာတဲ့ ရှမ်းပြည်နယ်ပင်လောင်း က တိုက်ရိုက်မှာယူဖြန့်ဖြူးပေးထားတဲ့ " ပင်လောင်း " လက်ဖက်ခြောက် ရေနွေးကြမ်းလေးတစ်အိုးနဲ့ ဖြတ်သန်းကြည့်လိုက်ကြပါစို့။

❤ မရွှေကြည်ချစ်တဲ့
ကာကာတို့အတွက်

အိတ်အသေး 1000 ကျပ်
အိတ်အကြီး 2000 ကျပ်ပါရှင့်။

📞 09 795735098

23/03/2023

ပင်လောင်းလက်ဖက်ခြောက်။

05/08/2022

ဖတ်ထားနော်
တိုက်ဆိုင်ပါက
လိုက်နာကျင့်သုံး
ဘေးကင်းကြပါစေ

(အောက် က copy ပါ)

အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း
♥♥♥♥♥

ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်
အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။

– တကယ်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ။ဝမ်းသွားရင် သွေးပါတာ။ ညောင်းတာ။ မအီမလယ်နဲ့နေရတာ အရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား…

– ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို အထဲက အသားကို ခြစ်ယူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel ပြန်ဖြစ်သွားတာ လက်တွေ့ပါဗျ သွေးတိုးသမားတွေအတွက်တော့ ဆေးကောင်းတလက်ပါဗျာ…။

– ဒို့ကတော့ထက်ခြမ်းခွဲပြီး ဇွန်းနဲ့ခြစ် အနှစ်ယူကာ ပျားရည်နဲ့ ခေါက်သောက်ပါတယ်။ အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။

– ရှားစောင်းလက်ပတ် ဆေးနည်းများစွာ ရှိပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။ရှားစောင်းလက်ပတ် ၂၅ ကျပ်သား၊ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား၊ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား။ အထက်ဖေါ်ပြပါ ငါးမျိုးထဲမှရှေးဦးစွာ ထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပါ။ ထန်းလျှက်ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ ဆေးကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီး ကျိုပါ ။ ကြွက်မြီးတန်လို ပျစ်လာလျှင် ကျန်တာတွေထည့်ပြီး မီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါ။ ပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှ ချထားလိုက်ပါ။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီး သွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီးအသားအရည်ဝင်းပစေပါသည်။

– ရှားစောင်းလက်ပက်က အပင်ပါ။ လူတော်တော်များများ သိပါတယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ်။ အသားအရေအတွက် ကောင်းလို့အလှကုန် တော်တော်များများမှ ာပါပါတယ်။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။ အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို အာဟာရပေးပါတယ်။

အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ။ တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ ပြောမကုန်ပါဘူး။ ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ်။ ကြိုက်သလိုသုံးပါ။ စားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ်။

– ရှားစောင်းလက်ပတ်ကိုသုံးပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး မျက်နှာတွေ လက်တွေမှာ ပွတ်ရင် အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင် ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ် တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီး သံပုရာရည်လေးညှစ် ကြက်သွန်နီ ပုဇွန်ခြောက်မှူန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။

– ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ်။ရှားစောင်းလက်ပတ်က မြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။

– ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်။ လက်တွေ့ပါ…။

– နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…( တစ်ကယ်ပြောတာပါ )

– ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန်။ တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်းစပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည်။ ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်ဆတ်လေကောင်းလေပါ..။

– ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့ အရမ်းကောင်းတဲ့ဆေးပင်ပါ ။ ၃ခွက်လောက်သောက်တာနဲ့ ကျောက်တွေကျ လာတော့တာပါ..။


#မြန်မာဆေးနည်းပေါင်း၁၀၀၀

08/07/2022

အိမ်မှာစိုက်တဲ့ ရှား‌စောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးများနဲ့ စိုက်ပျိုးနည်းများ

ယနေ့ခေတ်မှာ အိမ်တိုင်းလိုလိုမှာ ရှားစောင်းလက်ပတ်ကို စိုက်ပျိုးလားတာ တွေ့ရပါတယ်။ ရှားစောင်းလက်ပတ် စိုက်ပျိုးခြင်းက နေရာအများကြီး မကုန်ဘဲ မိမိနေအိမ်အတွင်း စိုက်ပျိုးထားခြင်းဖြင့် အလှအပ နဲ့ ကျန်းမာရေးအတွက် အလွန်ပဲ အထောက်အကူ ဖြစ်စေပါတယ်။

ရှားစောင်းလက်ပတ်ကို ဘယ်လို စိုက်မလဲ?

မြေကို အတတ်နိုင်ဆုံး ဖွ၍ မွနေလေ အပင်ပိုကောင်းလေဖြစ်ပါတယ်။ သဲဆန်တဲ့ မြေမှ နုံးမြေတွေထိ စိုက်ပျိုးဖြစ်ထွန်းစေပါတယ်။ ရှားစောင်းလက်ပတ်ကို အပင်လိုက်ဖြစ်စေ၊ အမြစ်၊ အတတ်၊ အသေးတွေကို ဖဲ့ယူပြီး စိုက်ပျိုးနိုင်ပါတယ်။

သဲ၊ မီးသွေးခဲ စတာတွေကို မြေကြီးထဲရောပြီး စိုက်ပျိုးပေးပါ။ ရှားစောင်းလက်ပက်က နေရောင်ခြည်ကို အနှစ်သက်ဆုံးဖြစ်ပြီး အရွက်ထဲမှာ အသားတွေနဲ့ ပြည့်ဖောင်းနေတဲ့အကြောင်းရင်းဟာ နေရောင်ခြည်လုံလုံလောက်လောက် ရရှိလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပျိုးပင်ဘဝအစမှာတော့ ပြင်းထန်တဲ့ နေရောင်ခြည် ရဲ့ဒဏ်ကို မခံနိုင်သေးပါဘူး။ နွေရာသီတွင်လည်း ရေ မကြာခဏ လောင်းပေးဖို့ မလိုပါ။

အိုးလေးများထဲတွင် စိုက်ပြီး စင်္ကြန်၊ ဝရံတာ နှင့် အေးတဲ့အခန်းတွေထဲမှာ စိုက်ပျိုးထားရှိနိုင်ပါတယ်။ မိမိ အိပ်ခန်းထဲတွင် ထားရှိပေးပါက အခန်းထဲရှိ အပူများကို စုပ်ထုပ်ပေးခြင်း၊ ပြင်ပမှလာတဲ့ အညှော်များကို ဖယ်ရှာပေးပြီး လေထုကို သန့်စင်ပေးပါတယ်။ ရှားစောင်းလက်ပက်ဟာ နေရာအများကြီး ပေးစရာမလိုဘဲ မိမိနေအိမ်အတွင်း စိုက်ပျိုးနိုင်တဲ့အပင်တွေထဲမှ တစ်မျိုးဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ရှားစောင်းလက်ပတ်ဟာ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကို ကောင်းမွန်စေပြီး အဆိပ်အတောက် ပြေစေပါတယ်။ အရေပြားဆိုင်ရာ ကုထုံးများအတွက် အသုံးတည့်ပြီး အလှကုန်ပစ္စည်းတွေမှာ အသုံးပြုတဲ့ အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်ပျောက်၍ ဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေပြီး ကျန်းမာ လှပစေပါတယ်။

ရှားစောင်းလက်ပတ်ကို ရှားစောင်းလက်ပတ်ယိုစုံ၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ် သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာ ပျောက်ကင်း စေတဲ့ဆေး ဆီပူခြင်း၊ မျက်စိပူခြင်း၊ အပူကန်ခြင်းအတွက်လည်း တကယ့်ဆေးစွမ်း ကောင်းတလက်ဖြစ်သလို ရှားစောင်း လက်ပတ်ချိုရည်၊ ခေါင်းလျှော်ရည်၊စနိုး၊ ဂျယ်စသည့် ကျန်းမာရေးနှင့် ကိုက်ညီသော လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါတယ်။

ပျောက်ကင်းနိုင်သော ရောဂါများ

မည်သည့်အပင်မှာမှ မပါတဲ့ B12 ကို ရှားစောင်းလက်ပတ်တွင် တွေ့ရှိရပြီး ကျန်းမာရေးအတွက် အလွန်ပင် အထောက်အကူ ဖြစ်စေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို အသုံးပြုခြင်းကြောင့် အောက်ပါ ရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

(၁)ဂျယ်လီအနှစ်ကို မျက်ခွံပေါ် အုပ်ပေးခြင်းဖြင့် မျက်စိနာ/ကိုက်၊ ပူ၊ စပ်၊ ယားယံခြင်းများကို သက်သာစေခြင်း။

(၂)ဖျော်ရည်(သို့)ပါးပါးလှီး၍ ဟင်းချက်စားခြင်းဖြင့် ဓမ္မတာမှန်စေပြီး သားအိမ်သန့်စင်စေခြင်း။

(၃)ရေယုန်နာများကို ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ခြင်း။

(၄)ပွေး၊ ညှင်း စတဲ့ အရေပြားရောဂါများကို သက်သားပျောက်ကင်းစေခြင်း။

(၅)အစာအိမ်နာခြင်း၊ အစာမကြေခြင်းများကို သက်သာစေခြင်း။

(၆)အူမကြီးကင်ဆာအပါအဝင်၊ ကင်ဆာအကျိတ်များ ကြီးထွားမှုကို ရပ်တန့်စေခြင်း။

(၇)အစာအိမ်ပြည်တည်နာခြင်း၊ အသည်းယောင်ခြင်း ၊ အူယောင်ခြင်း စတဲ့ရောဂါများကို လျော့ကျစေခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးများအပြင် တခြား ဆီးချိုရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ရှားစောင်းလက်ပတ်ကို သဘာဝပစ္စည်းများဖြစ်သော ပျားရည်တို့ဖြင့် ကျိုချက်စားပါက အမျိုးသမီးများအတွက် အသားအရည် လှပကာ ကျန်းမာဝဖြိုးအလှတိုးစေသည့်အပြင် နေရာအများကြီး ပေးစရာမလိုတာကြောင့် အိမ်တိုင်း စိုက်ပျိုးထားသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

ဝယ်ယူသောက်သုံးအားပေးကြသော💛 မရွေကြည် ချစ်သူများအတွက် ဒီတစ်ပါတ်တော့လူ့ကျန်းမာရေး မှာ ရှားစောင်းလက်ပတ် အစွမ်း အံ့မခမ်းပုံ န...
31/05/2022

ဝယ်ယူသောက်သုံးအားပေးကြသော
💛 မရွေကြည် ချစ်သူများအတွက်
ဒီတစ်ပါတ်တော့လူ့ကျန်းမာရေး မှာ ရှားစောင်းလက်ပတ် အစွမ်း အံ့မခမ်းပုံ နှင့် ပျားရည်အသုံးဝင်ပုံများကိုရှာဖွေ တင်ပြ ပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်၏ ကျန်းမာရေးအကျိုးပြုချက်များ။

🔷 အအေးမိ တုပ်ကွေး ဖျားနာ နှာခေါင်းပိတ်ခြင်း လေပြွန်ရောင်ခြင်း ရင်ပူခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုကောင်းမွန်သက်သာပျောက်ကင်းစေပါသည်။

🔷 သွေးတွင်း Glucose ပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်များသောက်သုံးသင်ပါသည်။

🔷 ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွားများကိုသေစေကာ သွားများကိုဖြူဖွေး
သန့်စင်ခိုင်ခန့်စေ ပြီးသွားဖုံးများကိုကျန်းမာစေပါသည်။

🔶 သဘာဝသကြားဓာတ်ပါရှိသဖြင့်ကိုယ်ခံစွမ်းအားကိုမြင့် စေပါသည်။

🔶 ရှား​စောင်းပင်၏ Enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်းကြောင့်အူမကြီးနံရံရှိ အချွဲအကျိများကိုတိုးပွားစေကာ အူကိုသန့်စင်စေပြီးဝမ်းချုပ်ခြင်းမဖြစ်စေပါ။

🔷 ရှားစောင်းတွင် ရောင်ယမ်းနာများကိုပျောက်ကင်းစေသော သဘာဝပစ္စည်း ၁၂မျိုးပါရှိ၍ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပဲအရိုးအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတို့ကိုသက်သာစေသည့်အပြင် ကြွက်သားများတောင့်တင်းခြင်းကိုလည်းပြေလျော့စေပါသည်။

🔶 Cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေသည်။ခန္ဓာကိုယ်ထဲ Oxygen ပြတ်လတ်မှုကိုကာကွယ်ပေးသည်။

🔷 ကော်ဖီလ္ဘက်ရည်အလွန်အကျွံသောက်သုံးခြင်းကြောင့်ခန္ဓာကိုယ်အတွက် မလိုအပ်သော Oxalate ဓာတ်အန္တရာယ်မှ ကာကွယ်ပေးသည်။

🔶 ဆီးပူဆီးအောင့် ရောဂါပျောက်စေပြီး ဆီးကျောက်တည်ခြင်းကိုကာကွယ်သည်။

🔷 ရှားစောင်းပင်ရှိ Polysaccharides,Mannans, antraquinones စသောဒြပ်များသည် နှလုံးစွမ်းရည်ကို တိုးမြင့်ပေးစေသည့်အပြင် သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း နှလုံးသွေးပျစ်ခြင်းစသောနှလုံးသွေးကြောဆိုင်ရာပြဿနာများကိုများစွာ ကောင်းကျိုးပြုပါသည်။

🔶 နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်းဖြစ်မလာစေနိုင်ပါ။

🔷 သွေးဖိအားထိမ်းညှိပေးခြင်းကြောင့် သွေးတိုးရောဂါမဖြစ်စေပါ။

🔶 ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိသဖြင့် အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း အစာမကြေခြင်းတို့ကိုသက်သာစေပါသည်။အထူးသဖြင့်အူမကြီးကင်ဆာအပါအဝင်ကင်ဆာအကျိတ်များကြီးထွားလာမှုကိုရပ်တန့်စေသည်။ အစာအိမ်ပြည်တည်နာများ အသည်းရောင်ခြင်း အူရောင်ခြင်း ဝေဒနာတို့ကို လျော့ချစေသည်။

🔷 သွေးတွင်းOxygen ကိုကောင်းစွာလည်ပတ်စေပြီး Cell များကို ခွန်အားဖြစ်စေပါသည်။

🔶 ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွားအင်္ဂါကိုခွန်အားဖြစ်စေရုံမက သားအိမ်ကိုသန့်စင်စေပါသည်။သွေးဆုံးပြီးနောက်မီးယပ်ရောဂါတို့ကိုမဖြစ်စေပါ။

🔷 အရေးအကြောင်းများကိုကာကွယ်ပေးခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အိုမင်းရင့်ရော်မှုကိုလျော့ချစေတဲ့ ဖျော်ရည်ကိုပုံမှန်သောက်သုံးခြင်းဖြင့် လူရဲ့ colegen ကောလိဂျင် ထုတ်လုပ်မှုတိုးစေပြီးအသားအရည်ကိုတင်းရင်းစေပါသည်။
(မူရင်းပြုစုရေးသားသူအားလေးစားစွာ Credit ပေးပါသည်။)

ပျားရည် အသုံးဝင်အကျိုးပြုခြင်းများ

🔶 အသားအရေကိုနူးညံ့​ ချောမွတ်
လှပစေခြင်း။
🔶 ဆံပင်ကျွတ်ခြင်းကိုလျော့ပါးခြေင်း။
အိုမင်းရင့်ရော်မှုကိုလျော့ပါးစေခြင်း။
🔶 ဝက်ခြံများပျောက်ကင်းစေနိုင်ခြင်း။
🔶 ဗောက်သေစေခြင်း။
🔶 ဆံပင်ပြန်ပေါက်စေခြင်း။
🔶 ထိခိုက်ဒါဏ်ရာများကိုအနာကျက်
မြန်စေခြင်း။
🔶 အမာရွတ်များကိုလျော့ပါးပျောက်ကွယ်စေခြင်း။
🔶 ခန္ဓာကိုယ်အနံဆိုးထွက်ခြင်းမှကာကွယ်ပေးခြင်း။
🔶 ကိုယ်ခံစွမ်းအားကိုမြင့်မားစေခြင်း။
🔶 စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း။
🔶 အရက်မူးပြေစေခြင်း။

(မူရင်းပြုစုရေးသားသူအားလေးစားစွာ credit ပေးပါသည်။

❤❤❤❤❤

👌👌👌 မိမိကျန်းမာရေးအတွက် ကောင်းကျိုးအထွေထွေ ပေးစွမ်းတဲ့
ရှားစောင်းလက်ပတ် ကို ပျားရည်စစ်စစ်
ဖြင့် မရွေကြည်မိသားစုက ကိုယ်တိုင်
သန့်ရှင်းစွာ ဖျော်စပ်ထားသော
"ပျား ရှားစောင်းဖျော်ရည်" ကိုယုံကြည်စိတ်ချစွာမှီဝဲ သောက်သုံး နိုင်ပါတယ်ရှင့်။

300 ml တစ်ဘူး ကို 3000 ကျပ်ပါ။

မှာယူချင်တယ်ဆိုရင်

📞 ဖုန်း 09 795735098 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
မြို့နယ်အလိုက် ပို့ဆောင်ခ ရှိပါတယ်။
အအေးခံဘူးနှင့်ပို့ရပါသဖြင့် နယ်မြို့များ မရနိုင်သေးပါနော်။
၄ ဘူး နှင့်အထက်မှာယူပါက ရန်ကုန်
မြို့တွင်း Deli free ဖြင့်အိမ်ရောက်ငွေချေ ဝန်ဆောင်မှုပေးနေပါတယ်ရှင့်။

ကျေးဇူးအထူးတင်ပါတယ်ရှင့်။

♥ကိုဗစ်ကတော့ တတိယလှိုင်း မှာ အတော်လေးရိုက်ခိုက်မှုပြင်းခဲ့သလို ဆုံးရှုံးမှုတွေကလည်းမနည်းတဲ့ကြားက မရွှေကြည်တို့ပုထုဇဥ်လူသ...
18/12/2021

♥ကိုဗစ်ကတော့ တတိယလှိုင်း မှာ အတော်လေးရိုက်ခိုက်မှုပြင်းခဲ့သလို ဆုံးရှုံးမှုတွေကလည်းမနည်းတဲ့ကြားက မရွှေကြည်တို့ပုထုဇဥ်လူသားတွေမနည်းလွတ်မြောက်အောင်ကြိုးစားလို့မှ မဆုံးခင် ဟောအခု Omicron ဆိုတဲ့ အလွန်ကူးစက်မြန် ကိုဗစ် မျိုးဆက်သစ်က
စတုထ္ထလှိုင်း စတုထ္ထလှိုင်းလို့ပြောပြောနေတဲ့ကြားက ထပ်ပေါ်လာလို့ အတော်လေးစိုးရိမ်မိတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်💚 မရွေကြည်တို့ပြည်သူတွေကတော့ ကိုယ်ခံစွမ်းအားတွေပြည့်နေအောင်အမြဲ ကျိုးစားနေထိုင်စားသောက်ရမှာဘဲဖြစ်ပါတယ်။ခေတ်ကာလအရ ဝင်ငွေ ရပေါက်ရလမ်း အင်မတန်နည်းနေချိန်မှာ အသုံးစရိတ်ချွေတာနေရတဲ့အချိန်မှာ အစွမ်းထက် နိုင်ငံခြားဆေးဝါးတွေ ဝယ်ယူဘို့ဆိုတာ အတော်စဥ်းစားနေရတာ၊မရွေကြည်တို့ကတော့ ထုံးစံအတိုင်း အရွက်စိမ်းကြိတ်ရည် ဘဲပေါ့။ သူ့ အားကိုးနေရတာ၊ တစ်ပတ်တစ်ခါစာ အရွက်တွေဝယ်ကြိတ် ပုလင်းလေးတွေထဲထည့် ရေခဲသေတ္တာအအေးခန်းထဲ ထည့်သိမ်း ထား။ တနေ့တစ်ပုလင်းမှန်မှန်သောက်တာပေါ့။တတိယလှိုင်းတုန်းက မရွေကြည် ကိုယ်ခံအားကောင်းခဲ့တာ အရွက်စိမ်းကြိတ်ရည် တတိယလှိုင်းမလာခင်၆လလောက်က ​နေ့စဥ်မှန်မှန် ကြိုတင် သောက်ထားခဲ့လို့ပါ။

💚 အရွက်စိမ်းကြိတ်ရည်အတွက်တော့အထူးမညွန်းတော့ပါဘူး။ ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ကျေးဇူးကအင်မတန်ကြီးပါတယ်။ ရနိုင်တဲ့အကျိုးကျေးဇူးများအား ဖတ်ရှုပြီးမိတ်ဆွေများကိုတဆင့်ပြန်လည်မျှဝေပါရစေ၊မူရင်းရေးသားတင်ပြသူအားလည်းလေးစားစွာ ခရက်တစ်ပေးပါတယ်နော်။

🏵🏵🏵 ကျေးဇူးရှင်ဆရာမကြီး Dr. ဒေါ်ခင်နွယ်ဝင်း ပြောသောအရွက်စိမ်းကြိတ်ရည် သောက်ရာမှရရှိသော အကျိုးကျေးဇူးများ အကြောင်း။

ကျနော် အရွက်စိမ်းကြိတ်ရည် သောက်လာခဲ့သည်မှာ2နှစ် 6 လ ရှိပါပြိ။

*🔳 စိတ်ငြိမ်ဆေး အိပ်ဆေးများ ပြတ်ခဲ့ခြင်း
*🔳 နားအကြိတ်လုံးနားအနောက်မှာ ရှိနေသော (ဇီးသိးလုံးခန့်). ပျောက်သွားခြင်း၊
*🔳 နေထိုင်ရ သွားလာရ ပေါ့ပါးခြင်း၊
* 🔳အသားအရည် ကြည်လင်လာခြင်း၊
*🔳 မျက်စိ မျက်မှန်ပါဝါ ထပ်မတိုးလာခြင်း၊
*🔳 ည အိပ်ပျော် ၊ တရေးနိူးလည်း ပြန်အိပ်ပျော်ခြင်း၊

ကျနော်နှင့်အတူ ကုသိုလ်ပေးသောက်သူအခကြေး ပေးသောက်သူများလည်းရှိပါသည်သူတို့ ၏ ခံစားရ​သော အကျိုးကျေးဇူးများကတော့

*🔳 46 နှစ်အရွယ် အမျိုးသမီး သွေးဆုံးသည်အထင်မှဓမ္မတာ မှန်လာခြင်း၊၊
*🔳 ပင်လယ်စာ ပုဇွန်/ငါး အကြိုက်စားလို့ လက်ကြားအဖုလေးတွေထွက်တဲ့အမျိုးသမီးက စားပြိး အရွက်ကြိတ်ရည်သောက်ရင် မယားတော့ပါအဆင်ပြေတယ်တဲ့။
*🔳 65 နှစ်အရွယ် အမျိုးသား အဝေး ကြည့်မျက်မှန်ပါဝါ လျော့လာခြင်း။
*🔳 Chemical ဆေးအသောက်များလို့ အသားအရည် ညစ်နေရာမှ အသားရည်စိုပြေလာခြင်း၊၊
*🔳 ခြေဖမိုးမှာ ကုတ်ရင် အရသာခံလို့ကောင်းတဲ့ဂျပ်တင်းကြိးနေတဲ့ နှင်းခူ ပျောက်သွားခြင်း။
( အရသာ မခံရလို့ အလျော် ပေးပါတဲ့ )
*🔳 အိမ်မှု့ကိစ္စတွေ အရင်ကထက် ပိုလုပ်လာနိုင်တယ်လို့ပြောတဲ့သူတွေလည်း အများကြီးပါ။
*🔳 သောက်တဲ့သူတိုင်း နီးပါး ဝမ်းမှန်လတယ်။
*🔳 သောက်တဲ့သူအားလုံးအသားရည် စိုပြေလာတယ်။
*🔳 ကျောက်ကပ် ၁ ခု ထုတ်ထားတဲ့အသက်70 နှစ်အရွယ်အမျိုးသားသောက်နေတာ ၁ နှစ်ကျော်ပါပြီနေလို့ကောင်းပါတယ်တဲ့။
*🔳 အရိုးတွေနာလို့ စျေးဆိုင်မဖွင့်နိုင်တဲ့ အသက် ၅၀အမျိုးသမိး ဆိုင်ပြန်ဖွင့်နိုင်တယ်။
*🔳 ဆီး ချိုသမားတွေ က good
တယ်တဲ့ဆီးချိုထိမ်းနိုင်လို့တဲ့။

🥕 အရွက်တွေက အမျှင်ဓါတ်ဖြစ်လို့
မလိုအပ်တဲ့အခါ ဝမ်းအဖြစ်စွန့်သွားပါလိမ့်မယ်။

💚 ဆရာမကြိးကပြောတယ် အရိုးပါးမှု့ကာကွယ်တယ်၊ ကင်ဆာ ဖြစ်မှု့ နည်းတယ် ကာကွယ် ပါတယ်တဲ့။

👍 သောက်ကြည့်ကြပါ။
သင်တို့ ဘာတွေ ထူးခြားလာမလဲ?

🍛🥛 အစာလည်းဆေး ဆေးလည်းအစာ ပေါ့ဗျာအရွက်သီးသန့် ကိုပဲ ကျနော်ကြိတ်သောက်ပါတယ်ပန်းပွင့် မုံလာထုတ် တွေကို ရံဖန်ရံခါ ကြော်စားပါတယ်။

💝 ခရက်တစ်......မူရင်းစာရေးသူ 💗

☑ ဒါလေးတွေကတော့ မရွေကြည် ဖတ်မှတ်ရတာလေးတွေ မျှဝေတာပါ။

ခုတလော စျေးထဲမှာ ပန်းစိမ်းတွေ အရမ်းပေါတယ် စျေးလည်းအရင်လိုတအားကြီးမများဘူး သူလှိုင်လှိုင်ပေါ်တဲ့ရာသီဖြစ်မယ်။ပန်းစိမ်းကို ပိုပိုသာသာထည့်ကြိတ်ဖြစ်တယ်လေ၊အခြား မုန်ညှင်းမုန်လာ ရေမုန်ညင်း ဥနီ တရုပ်နံနံ မြင်းခွာ ပန်းဂေါ်ဖီ ဂေါ်ဖီထုပ် ဒန့်ဒလွန် ရဲယို ပူဆီနံ ဟင်းနုနွယ် စသည်ပေါ့ စုံလို့ ခု ဆောင်းရာသီမှာ စားချင်စရာ အသီးအရွက်တွေကလည်းလတ်လတ်ဆတ်ဆတ်။
မရွေကြည်ချစ်တဲ့ မိတ်ဆွေများလည်း ကိုယ်ခံအားတွေပြည့်ဝပြီး ရွင်လန်း ချမ်းမြေ့ကြပါစေ။ ကပ် ၃ပါး ကိုကျော်နိုင်ပြီးစိတ်ခွန်အားများပြည့်ဝပါစေ။

MA SHWE KYI
ဖြည့်စွက်အစားအစာများ

၁။အရွက်စိမ်းကြိတ်ရည်
300 ml 1500 Kyat

၂။ပျားရှားစောင်းဖျော်ရည်
300 ml 3000 Kyat

လိုအပ်ရင် Hello လေးသာလုပ်ပေးပါ။
အိမ်အရောက် အချိန်မှီ ပို့ပေးပါမယ်နော်။
မြို့နယ်အလိုက်ပို့ခလေးတော့ရှိပါတယ်။

📞09-795735098 / 09-897043844

အဟာရနှင့်ထာဝယ ပြည့်ဝကြပါစေ။
May it be full of nourishment and eternity. ♥♥♥

မရွှေကြည် ဒီနေ့ စျေးမှာ ရှားစောင်းလက်ပတ် အပင်ကြီးတွေတွေ့လို့ နှစ်ပင်ဝယ်လာတာ၊ သူကလည်းစျေးမနည်း။အလက် ကြီး၅လက်လောက်ပါတဲ့အပင...
12/12/2021

မရွှေကြည် ဒီနေ့ စျေးမှာ ရှားစောင်းလက်ပတ် အပင်ကြီးတွေတွေ့လို့ နှစ်ပင်ဝယ်လာတာ၊ သူကလည်းစျေးမနည်း။အလက် ကြီး၅လက်လောက်ပါတဲ့အပင် တစ်ပင် ၂၅၀၀ - ၃၀၀၀ ကျပ်တဲ့။
ကိုယ်ကလည်း ရှားစောင်းလက်ပတ် နဲ့ ပျားရည် ဖျော်သောက်နေတာ ခု လက်ကျန်နည်းနေတော့ ထပ်ဖျော်ဘို့ ထပ်ဝယ်လိုက်တယ်။

🔳ဘာကောင်းလဲဆိုတော့
အသားအရည်လှပဘို့ နဲ့ ဆီးချိုသွေးချို ထိမ်းဘို့ က မရွေကြည်အတွက် အဓိကပေါ့နော်။

☑ရှားစောင်းလက်ပတ်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

☑ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

☑တချို့ကလည်း ရှားစောင်းလက်ပတ်ယိုထိုးစားကြတယ်။မရွေကြည်ကတော့ ရှားစောင်းလက်ပတ်အတွင်းဂျယ်လီကိုဟင်းစားဇွန်းနဲ့ခြစ်ယူ ဖြူဖြူဖွေးဖွေးအိစိစိဂျယ်လီကို​ ကြိတ် ပျားရည်အစစ်နဲ့ရောပြီးဖျော်ရည်လုပ်သောက်တာပေါ့နော်။ ပျားရည်အစစ်ဆိုရင် ဆီးချိုသွေးချိုမတက်ပါ။ သကြားနဲ့လည်းဖျော်သောက်လို့ရပေမဲ့ သကြားက ကင်ဆာအားပေးလို့ ဆီးချိုသွေးချိုသမားမို့ ပျားရည်အစစ်ရအောင်ရှာ ရတာပေါ့နော်။အနံ့လေးမွေးချင်ရင် သံပုရာရည်လေးညစ်ထဲ့ပေါ့။
အိန္ဒိယပြည်မှာတော့ လမ်းဘေးအအေးဆိုင်တွေမှာ ဖျော်ရောင်းကြတယ်။လတ်လတ်ဆပ်ဆပ်ပေါ့၊ကြက်သွန်ဖြူအတက်လေးတစ်တက်နှစ်တက် ထောင်း ဘာညာအမွေးရည်တွေလည်းထည့်တာတွေ့တယ်။ မရွေကြည်ကတော့ ပျားရည်စစ်စစ်လေးနဲ့ရောမွေသောက်တာပေါ့။မသောက်ခင် ရေခဲသေတ္တာထဲအေးအောင်ထည့်ထားလိုက်တာလေ၊ မနက်အစောအိပ်ယာထ မျက်နာသစ်ပြီးတာနဲ့ ဟင်းခပ်ဇွန်း၃ဇွန်းလောက် မှန်မှန်သောက်လိုက်ရင်ဘဲ ဝမ်းမှန် ဆီးမှန် လူကိုလန်းဆန်းသွားပြီး မရွေကြည် တနေ့လုံး ဖလန်းဖလန်းပေါ့။

☑ရှားစောင်းလက်ပတ် မှာဂျယ်လီ၊ အစေး ၊ အစိမ်း​​ရောင်အခွံဆိုပြီး ၃မျိုးပါရှိတယ်။အခွံနဲ့ဂျယ်လီက လူကိုအကျိုးပြုပေမဲ့အစေးကတော့ အဆိပ်ဖြစ်စေပါတယ်။ဒါကြောင့် အဝါရောင်အစေးအဆိပ်တွေကိုဖယ်ထုတ်ဘို့ကအလွန်အရေးပါပါတယ်၊ဒါပေမဲ့အစေးထုတ်ဘို့ရာအင်မတန်လွယ်ပါတယ်။ ရှားစောင်းလက်ပတ်အလက်စိမ်းကြီးတွေရဲ့ဘေးဖက်က အစူးလေးတွေကိုပထမလှီးထုတ်ပစ်ရပါမယ်၊ ပြီးရင် အလက်အရင်းနားကဖြတ်ထုတ်ပြီးရေဆေးပါ။ ရှားစေါင်းရဲ့မျက်နှာပြင်ကိုအပ်ပေါက်ရာလေးတွေပေးပြီး ခွက်တခုထဲမှာ ၄၅ ဒီကရီ စောင်းပြီး၃နာရီလောက် ထောင်ထားပေးရုံပါ ဘဲ၊ အဝါရောင်အဆိပ်ရည်လေးတွေ သူအလိုလိုစီးကျလာမှာပါ။အဲဒီအစေးတွေကိုပြောင်စင်အောင်ရေဆေးမှသာ ရှားစောင်းရဲ့ အာနိသင် အပြည့်အဝရမှာပါ။

☑အရင်ကတော့ထွက်လာတဲ့အစေးအဆိပ်တွေကို ပရဆေးဆိုင်မှာရောင်းလို့ရတယ်။မြန်မာ့တိုင်းရင်းဆေးမှာသုံးတဲ့
" မုတ်ခါး" ဆိုတဲ့ဝမ်းနှုတ်ဆေးဟာ အဲ့ဒီရှားစောင်းလက်ပတ်အစေးနဲ့ ရှားစေး ရောပြီးဖော်စပ်ထားတာဖြစ်တယ်။
အစေးကို မီးဖိုနဲ့ကျိုချက်တယ်၊ခဲသွားအောင် ရှားစေးထည့်တယ်၊အလွန်နံပြီးခါးတဲ့အခဲလေးရလာတယ်၊အဲဒါကို မုတ်ခါးသို့မဟုတ်မုတ်ကဲဆေးလို့ခေါ်ကြတယ်၊ဝမ်းသွားစေတယ် အပူငြိမ်းစေတယ် ဆီးချိုကျစေတယ်။ရေရှည်သုံးရင် ကျောက်ကပ်ပျက်စီးစေတယ်။အခြားနိုင်ငံကတိုင်းရင်းဆေးတွေမှာမသုံးတော့ဘူးလို့သိရတယ်။

☑ရှားစောင်းလက်ပတ်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာဒ အေးပါတယ်။ရှားစောင်းလက်ပတ်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။ရှားစောင်းလက်ပတ်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။

🔳မရွေကြည်ကတော့ အိမ်မှာလည်းစိုက်ထားတယ်၊ အပင်လေးတွေရှင်နေပေမဲ့ စားသုံးရလောက်အောင်မဖြစ်ထွန်းသေးလို့ စျေးကဝယ်ရတယ်။ ရှားစောင်းလက်ပတ်ရဲ့အစွမ်းတွေ လူကိုအကျိုးပြုပုံတွေကတော့အံ့မခမ်းပါဘဲနော်။

🔳ရွေကြည်ခုတော့အလုပ်များနေလို့ နောက်တော့မှဘဲ ရှားစောင်းလက်ပတ် ဆေးဘက်ဝင်တာလေးတွေ အလှအပရေးရာမှာအသုံးတည့်တာလေးတွေ သိထားသလောက် ပြောပြပေးပါ့မယ်နော်။

💜💞♥💛💚

မရွေကြည်လို ပျားရှားစောင်းလက်ပတ်ဖျော်ရည် နေ့စဥ် မှီဝဲ သောက်သုံးချင်တယ်ဆိုရင် မရွေကြည်ထံ ဖုန်းဆက်မှာယူလို့ရပါတယ်။ 300 ml ဘူးလေးတွေနဲ့ ရပါမယ်။ လူတစ်​ယောက်တစ်ပတ်စာ တစ်ဘူးလောက်ကို ရေခဲသေတ္တာထဲ့ထည့်သိမ်းပြီး နေ့စဥ် သောက်သုံးလို့ရပါတယ်။တစ်ဘူးကို ၃၀၀၀ ကျပ်ပါ၊ တစ်လစာအတွက် ရေခဲ​သေတ္တာအအေးခန်းမှာအေးခဲထားနိုင်ပါတယ်။ လတ်လတ်ဆပ်ဆပ် ဖြစ်ဘို့အတွက် ၂ရက်လောက်တော့ကြိုမှာပေးပါနော်။မြို့နယ်အလိုက် Deli ခလေးတော့ရှိပါတယ်။
အခြားမရွေကြည်ဆီမှာ အရွက်စိမ်းကြိတ်ရည် ဘူးများလည်းရပါမယ်။ 300 ml တစ်ဘူးကို ၁၅၀၀ ကျပ်ပါ။
လိုအပ်ရင် Hello လေးသာလုပ်လိုက်ပါ။
📞၀၉ ၇၉၅၇၃၅၀၉၈ / ၀၉၈၉၇၀၄၃၈၄၄

အဟာရနဲ့ထာဝရပြည့်ဝကြပါစေ။
May it be full of nourishment and eternity.♥♥♥

💜❤💗 ချစ်မိတ်ဆွေများအတွက် လူကို လန်းဆန်းအားတက်စေမဲ့သီးသီးသွားဖုံးနာ၊လည်ချောင်းနာ ဝမ်းကိုက် ဝမ်းလျော ​ရောဂါတွေအတွက်လည်းကော...
26/10/2021

💜❤💗 ချစ်မိတ်ဆွေများအတွက်

လူကို လန်းဆန်းအားတက်စေမဲ့သီးသီး

သွားဖုံးနာ၊လည်ချောင်းနာ ဝမ်းကိုက် ဝမ်းလျော ​ရောဂါတွေအတွက်လည်းကောင်းတယ်ဆိုတဲ့ သီးသီး

ကျို့ထိုးတာ နားကိုက်တာ ပန်းနာရောဂါ
တုတ် သံချခြင်းများနဲ့ ကလေးများအတွက်ဝမ်းဗိုက်အစာချေခြင်းဆိုင်ရာရောဂါတွေအတွက်လည်း စွမ်းတဲ့ သီးသီး

ဆောင်းရာသီအေးချမ်းသောနေ့ရက်များ၌ သီးသီးပင်ရဲ့အခေါက်ကို သနပ်ခါးအစားထိုးသွေးလိမ်းရင်အမျိုးသမီးများရဲ့အသားအရေ လှပညက်ညောနိုင်ခြင်း

အသီးရဲ့အတွင်းသားကို ခြစ်ပြီး အညာမုန့်လုပ်ထန်းလျက်လုံးကြီးများနဲ့ စိတ်ရှည်ရှည် ကြိုချက်ပြီး ယိုထိုး စားသုံးနိုင်သလို ကျောက်ကျောဂျယ်လီလည်းလုပ်စားလို့ရကြောင်းပါရှင့်။

ချစ်သော မရွှေကြည်။

Address

Thingangyun

Opening Hours

09:00 - 17:00

Telephone

+959897043844

Website

Alerts

Be the first to know and let us send you an email when MA SHWE KYI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MA SHWE KYI:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram