MMA TOUNGOO

MMA TOUNGOO MMA Toungoo Branch was founded in 1955 and has a current membership of approximately ( 139 ) members (2013). Official Website : http://www.mmatgo.org/

MMA Toungoo Branch was founded in 1955 and has a current membership of approximately ( 139 ) members (2013).MMA Toungoo Branch holds an annual conference and also provides continued medical education for its members.

13/07/2025

နှစ်(၇၀)ပြည့်
မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ငူ)
ပထမအကြိမ် ဝါဆို အထူးတရားပွဲ

ဝိသုဒ္ဓိမဂ်လမ်း ဝိပဿနာအဖွဲ့များ​၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာစိုးလွင် (မန္တလေး) ဟောကြားပို့ချဆွေးနွေးသည်။

၁၃-၇-၂၀၂၅ (တနင်္ဂနွေနေ့)

နှစ်(၇၀)ပြည့်မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ငူ)ပထမအကြိမ် ဝါဆို အထူးတရားပွဲ ကိုကျင်းပမည်ဖြစ်ပါ၍ အသင်းဝင်ဆရာဝန်များ၊ မိတ်ဆ...
11/07/2025

နှစ်(၇၀)ပြည့်

မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ငူ)

ပထမအကြိမ် ဝါဆို အထူးတရားပွဲ ကို
ကျင်းပမည်ဖြစ်ပါ၍ အသင်းဝင်ဆရာဝန်များ၊ မိတ်ဆွေသင်္ဂဟသူတော်ကောင်းအပေါင်း တရားနာကြွရောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၄)ရက်
၁၃-၇-၂၀၂၅ (တနင်္ဂနွေနေ့)

အချိန် - နံနက် (၈:၀၀) နာရီ တိတိ

နေရာ - မြန်မာနိုင်ငံဆရာဝန်အသင်း (တောင်ငူ)

(အခမ်းအနားကျင်းပသည့်နေ့တွင် ယခု MMA Toungoo Page မှ Live Stream ထုတ်လွှင့်ပေးသွားမည့်အကြောင်း အသိပေးအပ်ပါသည်။)

16/07/2021

၁- အားလုံး စိတ်အေးအေးထားကြပါ။
၂-ရေအေးရေနွေးများများသောက်ပါ။
၃-အစာ ပျော့ပျော့ ပူပူနွေးနွေး ခဏ ခဏ စားပါ။
၄-ပြင်ပလေကို ရှူပေးပါ။
၅-တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။
၆-နေမကောင်းဖြစ်လာရင် သီးသန့်နေပါ။
၇-တယ်လီဖုံးဖြင့် မေးပြီးဆေးကုသခံယူပါ။
၈- နေမကောင်း စဖြစ်ချိန်မှ ၆-ရက်နှင့် ၉-ရက်ကြား
ဂရုစိုက်ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။
၉-အောက်စီဂျင် တိုင်းပါ။
၁၀-အောက်စီဂျင် ၉၂ဖြစ်လာပါက အောက်စီဂျင်ရှူရန် နားလည်သူနှင့်တိုင်ပင်ပါ။
၁၁- အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း
မှောက်အိပ်ခြင်း ကိုစိတ်ငြိမ်ငြိမ်နှင့် မှန်မှန်လုပ်ပါ။
အားလုံး ရောဂါဘေးမှ ကင်းဝေးပါစေ။

10/07/2021

ကိုယ်တိုင် မိမိအိမ်မှာ Q ဝင်နည်း။
******************************

-အနံ့ပျောက်မယ်
- ဖျားမယ်
- Positive သမားနဲ့ Contact
နီးနီးစပ်စပ် ရှိခဲ့မယ်၊ ၅ မိနစ်အထက် ရှိခဲ့မယ်
(Contact က အစိုးရ အပြည့်အစုံ
မလိုက်နိုင်ပါ၊ ကိုယ်သာ အသိဆုံးမို့ပါ)
ဒီလို အနေအထား တစ်ခုရှိရင် ဘာပဲဖြစ်ဖြစ်
ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။

#ဘယ်လိုQမလဲ ...

➡️အိမ်မှာ အခန်းသပ်သပ်ရှိရင် ခွဲနေပါ၊ တခြားဘယ်သူမှ အခန်းထဲ မဝင်ပါစေနဲ့။

➡️အခန်းသပ်သပ် မရှိရင် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်းပေါက် အမြဲ ဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။

➡️ကိုယ်တိုင် Mask ကို ဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ် အခန်းဆိုရင် မတပ်လို့ ရပါတယ်။

➡️နေ့စဉ်စားသောက်စရာကို အခန်းဝ
ချထားခိုင်းပြီး လူကို ပြန်သွားခိုင်းပါ။
လူမရှိမှ ထွက်ယူပါ။
အခြား ပစ္စည်းများ ယူလျှင်လည်း တူတူပါပဲ။

➡️စားပြီး ပန်းကန်ထည့်ရန် အခန်းဝတွင်ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။ နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ။

➡️ဝတ်ထားသော အဝတ်များကို ထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါ ပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။ နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ။

➡️အိမ်သာ ရေချိုးခန်း သွားမယ်ဆို အိမ်သားတွေကို အကုန် ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနား မလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင် မလုပ်ပါနဲ့။

➡️အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဉ် ဘာမှ မဖြစ်ဘူးဆိုလျှင် ထွက်လို့ ရပါပြီ။ မိမိအခန်းကို နေရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင် ၁ ရက်ထားပါ။ အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေး လုပ်ပါ။ ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။
အဲကွန်းရှိလျှင် အဲကွန်း လေစစ်ဇကာကို သေချာဆေးရန် အရေးကြီးသည်။

➡️ကိုဗစ်ရောဂါ ကိုယ့်ဆီကို ကူးလာခြင်းဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပေ။ ကိုယ်လည်း သိလိုက်မှာ မဟုတ်ပါ။ ဒါပေမယ့် သူများကို များများပြန်မကူးအောင် ထိန်းသိမ်းနိုင်ခြင်းက သင့်လက်ထဲတွင် ရှိပါတယ်။

Credit..
#ဒေါက်တာကျော်ကျော်စိုင်း_M.B.,B.S. IM1

Address

Thida Street
Toungoo
054

Alerts

Be the first to know and let us send you an email when MMA TOUNGOO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMA TOUNGOO:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram