Sinocare Myanmar

Sinocare Myanmar The Leading Diabetes Digital Management Expert in the World(全球领先的糖尿病数字管理专家)

Sinocare Myanmar Page လေးကို 2017 September လမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဆီးချို၊ သွေးချိုဝေဒနာရှင်များအတွက် ကျန်းမာရေး အသိပညာ၊ ဗဟုသုတများအား ဝေဝေဆာဆာဖြင့် အများအကျိုးရှိအောင် ဝေမျှသွားမှာဖြစ်ပါတယ်ရှင့်။ စာပေများကို ရေးသားမျှဝေတဲ့နေရာမှာ ဆီးချိုသွေးချိုရောဂါအကြောင်းကို တကယ်နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ရေးသားထားသော၊ သတင်းအချက်အလက်များ တိကျမှန်ကန်သော စာများကိုသာ မူရင်းရေးသော စာရေးဆရာကို Credit ပေးပြီးတင်ပြသွားမှာဖြစ်ပါတယ်။
2017 November လဆန်းလောက်မှာတော့ Sinocare Myanmar ရဲ ့ Product ဖြစ်တဲ့ Safe-Accu Glucometer (ဆီးချိုသွေးချိုတိုင်းစက်) ကို စျေးကွက်အတွင်း စတင်ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုတိုင်းစက်ထုတ်လုပ်ဖြန့်ချိမှုတွင် ကမ္ဘာ့နံပါတ် (၆) အဆင့်ရှိပြီး အာရှအကြီးမားဆုံးဖြစ်သော Sinocare Co-operation မှ တင်သွင်းထားသည့် ဆီးချိုသွေးချိုတိုင်းစက်ကို " ဘုန်းရွှေရည်မင်း ကုမ္ပဏီလီမိတက်" မှ မိဘပြည်သူများလက်သို့ အရောက်ပို့ဆောင်ရင်း၊ ကျန်းမာရေး ဗဟုသုတများကို ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
အားလုံးပဲ ကာယ၊ စိတ္တ နှစ်ဖြာသောသုခနှင့် ပြည့်စုံ၍ ကျန်းမာကြပါစေကြောင်း Sinocare Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။

ဆီးချိုသွေးချိုစစ်ဆေးရခြင်း🩸📌ဘာကြောင့်စစ်သင့်သလဲ။📌ဘယ်အချိန်စစ်ရမလဲ။📌ဘယ်လိုစစ်ရမလဲ။✅သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းဆိုတာ ...
03/12/2025

ဆီးချိုသွေးချိုစစ်ဆေးရခြင်း🩸
📌ဘာကြောင့်စစ်သင့်သလဲ။
📌ဘယ်အချိန်စစ်ရမလဲ။
📌ဘယ်လိုစစ်ရမလဲ။

✅သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းဆိုတာ ဆီးချိုကုသခြင်းခရီးစဉ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းက ကျန်းမာစွာနေထိုင်နိုင်ဖို့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ဆီးချိုရှိနေတဲ့သူများမှာ ဆီးချိုအဖြေကို စစ်ဆေးပေးခြင်းက နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်ဖို့မှာ များစွာ အထောက်အကူပြုပါတယ်။

✅သင့်ရဲ့ ဆီးချိုသွေးချိုပမာဏကို စစ်ဖို့ဆို နည်းလမ်းအချို့ရှိပါတယ်။ အဲ့ဒီထဲက အသုံးများဆုံးနည်းလမ်းက လက်ထိပ်မှ သွေးကို ဖောက်ပြီး သွေးပမာဏအနည်းငယ်ကိုသုံးကာ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးခြင်း ဖြစ်ပါတယ်။ နောက်ထပ် စစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ စဉ်ဆက်မပြတ်သွေးတွင်းသကြားဓာတ်တိုင်းတာခြင်း (CGM) ဖြစ်ပါတယ်။ အလွန်သေးငယ်သော sensor ပြားကို သုံးပြီး နေ့၊ညမပြတ် ၂၄ နာရီ သွေးတွင်းသကြားဓာတ်ကို တိုင်းတာနိုင်သော စက်လေးများဖြင့် ဆီးချိုစစ်ဆေးခြင်း ဖြစ်ပါတယ်။

📌ဘာကြောင့် ဆီးချိုပမာဏကို စစ်သင့်သလဲ။
ဆီးချိုရှိသူတွေ ဆီးချိုကို ဘာကြောင့် စစ်ရသလဲဆိုရင်
- ဆီးချိုပမာဏကို သိနေမှ ဆီးချိုကို ထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
- လက္ခဏာတွေပြလာတဲ့အခါ ဆီးချိုအတက်၊အကျကို သိမှ သင့်တော်တဲ့ ကုသမှုကို အမြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
- ဆီးချိုကြောင့် သောက်နေရတဲ့ ဆီးချိုဆေးတွေကို ဆီးချိုပမာဏစစ်ဆေးထားတဲ့ရလဒ်ပေါ်မူတည်ပြီး အတိုး၊အလျော့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။
- ဆီးချိုပမာဏကို သိမှသာ အစားအသောက်၊အနေအထိုင်၊လေ့ကျင့်ခန်းတွေကို ကျန်းမာစွာ ချိန်ဆနေထိုင်နိုင်မှာဖြစ်ပါတယ်။
- ဖျားနာနေချိန်၊ စိတ်ဖိစီးမှုများနေချိန်က အစ ဆီးချိုပမာဏ သိမှသာ ဆီးချိုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

📌ဆီးချိုပမာဏ ဘယ်အချိန် စစ်ရမလဲ။
➡အမျိုးအစား (၁) ဆီးချိုလူနာများ
CGM တပ်ထားခြင်း သို့ ဆီးချိုတိုင်းစက်ဖြင့်ဆိုလျှင် ဆရာဝန်ညွှန်ကြားချက်ရှိပါက တစ်နေ့လျှင် အနည်းဆုံး ၄ကြိမ် ၊ ပုံမှန်ဆီးချိုထိန်းချုပ်နိုင်လျှင် တစ်နေ့လျှင် အနည်းဆုံး ၁ကြိမ် စစ်သင့်ပါသည်။
ဆီးချိုတိုင်းစက်ဖြင့် စစ်ဆေးပါက စစ်ဆေးသင့်သောအချိန်များ
-မနက်စာမစားမီ (Fasting) နှင့် အစာစားပြီး ၂နာရီကြာ(2hpp)
-လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်
-ညမအိပ်ခင်
-ဆီးချိုကျသော လက္ခဏာများ ခံစားရချိန်
-ဖျားနာနေသောအချိန်
➡အမျိုးအစား (၂) ဆီးချိုလူနာများ
အင်ဆူလင်သုံးနေရတဲ့ အမျိုးအစား (၂) ဆီးချိုလူနာမှာတော့ CGM စက်သုံးခြင်းက ပိုသင့်တော်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ဆီးချိုတိုင်းစက်ဖြင့် သွေးခဏခဏဖောက်ရမှာဖြစ်ပါတယ်။ ဆီးချိုတိုင်းစက်နဲ့ စစ်မယ်ဆိုရင် သုံးရတဲ့ အင်ဆူလင်အမျိုးအစား၊ ပမာဏပေါ်မူတည်ပြီး မနက်စာမစားမီ ၊ ညစာမစားခင် သို့ ညအိပ်ရာမဝင်ခင် စစ်ဆေးလေ့ရှိကြပါတယ်။ ဆီးချိုထိန်းချုပ်မှုကောင်းပြီး အင်ဆူလင်မသုံးရရင်တော့ မနက်စာမစားခင်ကို ဆီးချိုတိုင်းစက်ဖြင့် စစ်လေ့ရှိကြပါတယ်။
ယေဘုယျစစ်ဆေးကြတာကတော့
-မနက်စာမစားမီ (Fasting)
-ဖျားနာနေချိန်
-ခရီးရှည် ကားမမောင်းခင်
-အစားအသောက်၊ လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံ ပြောင်းလဲလိုက်တဲ့အချိန်
ဆီးချိုပမာဏကို စစ်ရာမှာ ဆီးချိုရဲ့ သတ်မှတ်ပမာဏ ၊ ပန်းတိုင်ကို သိရပါမယ်။
ဆီးချိုပန်းတိုင်မှာ ဆီးချိုအမျိုးအစား၊ ဆီးချိုသက်တမ်း၊ အသက်၊ အခြားကျန်းမာရေးရောဂါအခံ ၊ ဆီးချိုလက္ခဏာများပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပေ။
➡ဆီးချိုလူနာအများစုအတွက် သတ်မှတ်ထားသော ပန်းတိုင်မှာ
မနက်စာမစားခင် (Fasting) – 80-130mg/dl (သို့) 4.4-7.2mmol/L
အစာစားပြီး ၂ နာရီအကြာ (2hpp) – 180mg/dl အောက် (သို့) 10.0mmol/L အောက်
တချို့သောလူနာများတွင် ဆီးချိုပမာဏ မြင့်နေလေ့ရှိသည်။
-အသက် ၆၀ သို့ ၆၀ ထက် ကြီးသောသူများ
-နာတာရှည် နှလုံး၊ ကျောက်ကပ်၊ အဆုတ် ရောဂါအခံရှိသူများ
-ဆီးချိုကျခြင်း လက္ခဏာကို မခံစားမိတော့သူများ (Hypoglycemia Unawareness)

📌ဆီးချိုပမာဏကို ဘယ်လိုစစ်ရမလဲ။
CGM စက်လေးကို အသုံးပြုတဲ့အခါ sensor သက်တမ်းအတွင်း ၂၄ နာရီလုံး ဆီးချိုပမာဏကို သိနေရမှာ ဖြစ်ပါတယ်။ CGM အသုံးပြုတဲ့အခါ သုံးပုံနည်းလမ်း ၊ ခန္ဓာကိုယ်တွင် တပ်ဆင်ပုံကို လေ့လာထားရင် အဆင်ပြေပါသည်။
ဆီးချိုတိုင်းစက်ကို သုံးတဲ့အခါ လက်ထိပ်မှ သွေးကို ဖောက်ပြီး ဆီးချိုတိုင်းစက်ရဲ့ test strip ပြားမှာ သွေးထည့်ပြီးနောက် ဆီးချိုပမာဏကို သိရမှာဖြစ်ပါတယ်။
➡ဆီးချိုတိုင်းစက်ကို အသုံးပြုတဲ့အခါ
- လက်ကို သေချာစွာ ဆေးကြောပြီးနောက် ခြောက်သွေ့သန့်စင်အောင် ထားပါ။ ပြင်ပ ရေငွေ့၊ အရက်ပြန် ၊ တခြားအမှုန်အဝါးများ သွေးနှင့်အတူ ရောပါ ပါက အဖြေမှားများ ထွက်နိုင်သည်။
- test strip ကို စက်တွင် မှန်ကန်စွာတပ်ဆင်ပါ။
- သွေးဖောက်ကိရိယာကို သုံးပြီး လက်ချောင်းထိပ်ကို သွေးဖောက်ပေးပါ။
- လက်ထိပ်မှ ထွက်လာသော သွေးကို စက်ရဲ့ test strip နဲ့ ထိတွေ့လိုက်ပါက Sinocare စက်များတွင် သွေးများ strip ထဲသို့ အသာအယာ စိမ့်ဝင်သွားသည်။ သွေးကို ညှစ်မထည့်ရ၊ test strip ကို ဖိပြီး သွေးထည့်စရာမလို။
- စက္ကန့်အနည်းငယ်ကြာပါက ဆီးချိုတိုင်းစက်မှ ဆီးချိုပမာဏ ပေါ်လာပါလိမ့်မည်။

📌ရလဒ်၊အဖြေများကို မှတ်သားထားခြင်း
ဆီးချိုတိုင်းစက်ဖြင့် စစ်ဆေးပြီးနောက်
-ရက်စွဲ
-အချိန်
-ဆီးချိုရလဒ်
-သောက်သုံးနေရသောဆေး
-အစားအစာနှင့် လေ့ကျင့်ခန်း လုပ်မှု များကို အမြဲမှတ်တမ်းတင်ထားသင့်သည်။
CGM စက်သုံးသူများက တစ်ရက်တာ၊ နေ့ရက်တိုင်း၊ ပျှမ်းမျှ ဆီးချိုရလဒ်များကို ဖုန်းထဲတွင် မှတ်တမ်းတင်ထားပြီးဖြစ်ပါလိမ့်မည်။
➡ဆီးချိုတိုင်းစက်မှ သံသယရှိဖွယ်အဖြေများကို မထုတ်ပေးနိုင်စေရန်
- ဆီးချိုတိုင်းစက် အသုံးပြုပုံ ၊ စစ်ဆေးပုံကို သိရှိနားလည် စစ်ဆေးတတ်ရမည်။
- သတ်မှတ်ထားသော သွေးပမာဏသည် test strip ထဲသို့ အပြည့်ဝင်ရမည်။
- ဆီးချိုတိုင်းစက်နှင့် ကိုက်ညီမှန်ကန်သော test strip ကို သုံးရမည်။
- သက်တမ်းလွန်နေသော test strip များ မသုံးရ။
- စက်ကို အမြဲသန့်ရှင်းစေပြီး စက်၏ အရည်အသွေးကို အမြဲ စစ်ဆေးပေးရမည်။

📌ဆီးချိုရှိသူများအနေဖြင့် ဆီးချိုပမာဏကို သိရှိစေဖို့ CGM စက်လေးကို အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ Sinocare မှ ထုတ်လုပ်ထားတဲ့ ican i3 CGM စက်လေးရှိပါတယ်။ CGM စက်ကို အသုံးပြုခြင်းက ပြောင်းလဲနေသော သွေးတွင်းသကြားဓာတ်ကို အမြဲခြေရာခံမိနေမှာဖြစ်ပြီး ဆီးချိုကို ထိန်းချုပ်ရာမှာ အသုံးဝင်လှမှာဖြစ်ပါတယ်။ ရေစိုခံပြီး နေ့စဉ်တိုင်းမှာ ပေါ့ပါးစွာ တပ်ဆင်ထားနိုင်တာဖြစ်လို့ ဆီးချိုပမာဏကို အမြဲစစ်ဆေးနိုင်သော အသုံးဝင်လှတဲ့ စက်လေးဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Chat box တွင် စုံစမ်းနိုင်ပါသည်။ သို့ Comment တွင်လည်း ican လို့ မန့်ထားခဲ့နိုင်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd

ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************

Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချိုသမားတို့ သိထားရမည့် ကိန်းဂဏန်းများ_____________________________________မနက်စောစော အစာမစားခင် စစ်ဆေးခြင်း(Fasting ...
02/12/2025

ဆီးချိုသမားတို့ သိထားရမည့် ကိန်းဂဏန်းများ
_____________________________________
မနက်စောစော အစာမစားခင် စစ်ဆေးခြင်း(Fasting Blood Sugar)
✔ဆီးချိုမရှိတဲ့သူ = 70-99 mg/dL (သို့) 3.9-5.5 mmol/L
✔ဆီးချိုရှိတဲ့သူ = 126 mg/dL အထက် (သို့) 7 mmol/L အထက်
✔အကောင်းဆုံးထားရှိရမည့်ပမာဏ=70-130 mg/dL
အစာစားပြီး ၂ နာရီ အကြာတွင် စစ်ဆေးခြင်း(2HPP)
✔ဆီးချိုမရှိတဲ့သူ =140 mg/dL အောက် (သို့) 7.8 mmol/L အောက်
✔ဆီးချိုရှိတဲ့သူ =200 mg/dL အထက် (သို့) 11.1 mmol/L အထက်
HbA1c
✔ဆီးချိုမရှိတဲ့သူ = 5.7 % အောက်
✔ဆီးချိုရှိတဲ့သူ = 6.5% အထက်
✔အကောင်းဆုံးထားရှိရမည့်ပမာဏ= 7%အောက်

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ဆီးချိုသွေးချို - Diabetes Pageမှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချို တက်ခြင်း/ကျခြင်း ဘယ်လိုသိနိုင်မလဲ။~~~~~~~~~~~~~~~~~~~~~~~~~☑ဆီးချိုသမားတစ်ယောက်အတွက်က မိမိ သွေးတွင်းသကြားဓာတ်တက်...
01/12/2025

ဆီးချို တက်ခြင်း/ကျခြင်း ဘယ်လိုသိနိုင်မလဲ။
~~~~~~~~~~~~~~~~~~~~~~~~~
☑ဆီးချိုသမားတစ်ယောက်အတွက်က မိမိ သွေးတွင်းသကြားဓာတ်တက်နေလား ကျနေလား သိရှိဖို့က အရေးကြီးဆုံးပါ။
👉ဒါဆို ဆီးချိုတက်နေလား/ကျနေလား ဘယ်လိုသိမလဲ?
👉ဆီးချိုစစ်ကြည့်မယ်(သွေးတွင်းသကြားဓာတ် စစ်ဆေးမယ်)
☑သွေးတွင်းသကြားဓာတ်စစ်ဆေးတာအပြင် ဒီလိုလက္ခဏာ လေးတွေ ခံစားမိလာရင်း သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်

☑ ဆီးချို ၊ သွေးချို တက်ခြင်း၏ လက္ခဏာများ
ဆီးချို၊ သွေးချို တက်ခြင်းကို သွေးတွင်းသကြားဓာတ်မြင့်မားခြင်း (သို့) Hyperglycemia လို့ခေါ်ပါတယ်။ ဆီးချိုရောဂါရှိသူက အစားအလွန်အကျွံစားပြီးနောက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် အင်ဆူလင်းနည်းပါးလွန်းတဲ့အခါ ဖြစ်တက်ပါတယ်။ တစ်ခါတရံ စိတ်ဖိစီးများတာကလည်း ဆီးချိုတက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို သွေးချို တက်ခြင်းရဲ့ လက္ခဏာများကတော့
◼မကြာခဏ ဆီးသွားချင်ခြင်း
◼အိပ်ငိုက်လာခြင်း
◼ပျို့ခြင်း ၊ အော့အန်ခြင်း
◼အလွန်အမင်း ဆာလောင်ခြင်း (သို့) ရေငတ်ခြင်း
◼အမြင်အာရုံဝေဝါးခြင်း
စတဲ့လက္ခဏာတွေကတော့ ဆီးချိုသွေးချို တက်ခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

👉ဆီးချို ၊ သွေးချို ကျခြင်း
ဆီးချိုရောဂါသည် အစားအစာ လုံလောက်စွာမစားခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလွန်အကျွံ စားသုံးမိသောအခါ ဆီးချို ၊ သွေးချို ကျတက်ပါတယ်။ ဒါကိုတော့ သွေးတွင်းသကြားဓာတ်နည်းခြင်း (သို့) Hypoglycemia လို့ခေါ်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။
◼နှလုံးခုန်မြန်ခြင်း
◼ချွေးထွက်ခြင်း
◼စိတ်ရိမ်းပူပင်စိတ်ဖြစ်ပေါ်ခြင်း
◼ခေါင်းမူးခြင်း
◼အလွန်အမင်းဆာလောင်ခြင်း
◼အားနည်းခြင်းနှင့်ပင်ပန်းနွမ်းနယ်ခြင်း
◼ယားယံခြင်း
◼ခြေလက်တုန်ခြင်း
စတဲ့ လက္ခဏာတွေကတော့ ဆီးချိုသွေးချို ကျခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

👉ဆီးချို သွေးချို ရှိတဲ့လူတစ်ယောက်အနေဖြင့် သွေးတွင်းသကြားဓာတ် မြင့်မားခြင်း သို့မဟုတ် နည်းပါးခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။
👉ဆီးချိုတက်ခြင်းကျခြင်းကတော့ သွေးတွင်းအဖြေစစ်ဆေးမှပေါ်တယ်ဆိုပေမယ့်လည်း ဒီလက္ခဏာလေးတွေ ကြုံတွေ့ရတာနဲ့ ပိုပြီးသထိထားရပါတော့မယ်။
👉အခြေအနေပိုမိုဆိုးလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုအပြေးသွားသင့်ပါတယ်နော်။
ဆီးချိုရှိသူများအနေနှင့် မိမိကိုယ်တိုင် ကြုံတွေခံစားဖူးတဲ့ ဆီးချိုတက်ခြင်း၊ကျခြင်းပေါ်မှာ ဖြစ်ပေါ်လာသော လက္ခဏာများကို မျှဝေပေးခဲ့လို့ရပါတယ်ရှင့်။ တစ်ဦးတစ်ယောက်ခြင်းဟာ ခံစားရပုံချင်း မတူနိုင်တာဖြစ်တဲ့အတွက် မျှဝေခဲ့ခြင်းဖြင့် အတွေ့အကြုံကို ပြောပြခဲ့လို့ရပါတယ်ရှင့်။

Reference->>>www.healthproduct.com.mm
ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချိုသွေးချိုသမားများအတွက် အစားအသောက်နှင့်ပတ်သက်တဲ့အကြံပြုလမ်းညွှန်ချက်များ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~(၁) အ...
29/11/2025

ဆီးချိုသွေးချိုသမားများအတွက် အစားအသောက်နှင့်ပတ်သက်တဲ့အကြံပြုလမ်းညွှန်ချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) အစားအသောက်ဝယ်ယူတဲ့အခါမှာ ထုပ်ပိုးဘူးခွံပေါ်က ပါဝင်ပစ္စည်းအမျိုးအစားတွေနဲ့ဆက်စပ်အာဟာရတန်ဖိုး ဓာတုဗေဒအညွှန်း၊ သတိပေးချက်တို့ကို ဂရုစိုက်ဖတ်ရှုလေ့လာပါ။
အဲဒီကတစ်ဆင့် သကြားဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတွေကို ဆင်ခြင်ရှောင်ရှားနိုင်ပါလိမ့်မယ်။
သကြား ကြံသကာ (𝙎𝙪𝙘𝙧𝙪𝙨𝙚) ၊ ပြောင်းဖူးသကြား (𝗖𝗼𝗿𝗻𝘀𝘆𝗿𝘂𝗽) ပါဝင်ပစ္စည်းကို အပေါ်ဆုံးမှာထားပြီ ညွှန်ပြတဲ့ အစာအစာမျိုးကို သတိပြုဆင်ခြင်ပါ။
(၂) သစ်သီးဖျော်ရည် (𝐅𝐫𝐮𝐢𝐭 𝐉𝐮𝐢𝐜𝐞) ကိုနေ့စဉ်(၂၅၀) မီလီမီတာထက် ပိုမသောက်သင့်ပါ။
ဟင်းသီးဟင်းရွက်ဖျော်ရည် (𝐕𝐞𝐠𝐞𝐭𝐚𝐛𝐥𝐞 𝐞𝐱𝐭𝐫𝐚𝐜𝐭 𝐉𝐮𝐢𝐜𝐞) ကိုတော့ အကန့်အသတ်မရှိ သောက်သုံးနိုင်ပါတယ်။
မုန်လာဥဖြူ ၊ ခရမ်းချဉ်သီး ၊ ဖရုံသီး ၊ သခွားသီး ၊ ဆလတ်ရွက် ဘရော့ကိုလီ နဲ့ မုန်လာဥနီတို့ဟာ အရည်ကြိတ်သောက်သုံးသင့်တဲ့ ဟင်းရွက်အမျိုးအစားတွေ ဖြစ်ပါတယ်။
(၃) သာမန်ကာဘိုဟိုက်ဒြိတ်ကစီဓာတ် (𝗦𝗶𝗺𝗽𝗹𝗲 𝗖𝗮𝗿𝗯𝗼𝗵𝘆𝗱𝗿𝗮𝘁𝗲) စားသုံးမှုကို ကန့်သတ်ရပါမယ်။
ဂျုံအဖြူနဲ့ပြုလုပ်တဲ့ အစားအစာမုန့်များဆန်ဖြူ ၊ပေါင်မှုန့်ဖြူ နဲ့ အီတလီခေါက်ဆွဲ (𝐒𝐩𝐚𝐡𝐞𝐭𝐭𝐢) တို့ကို ကန့်သတ်စားသုံးရပါမယ်။
(၄) ပေါင်းစပ်ကာဘိုဟိုက်ဒြိတ်ကစီဓာတ် (𝘾𝙤𝙢𝙥𝙡𝙚𝙭 𝘾𝙖𝙧𝙗𝙤𝙝𝙮𝙙𝙧𝙖𝙩𝙚𝙨) ပါဝင်တဲ့ အစားအစာတွေကို များများစားသုံးသင့်ပါတယ်။
ဆန်လုံးညို ၊ ဆန်ကြမ်း ၊လူးစပါး (Millet) ၊ မုယော ၊ မြင်းစားဂျုံနဲ့ပြုလုပ်တဲ့ အစားအစာများကို အဓိကထားစားသုံးရပါမယ်။
(၅) သဘာဝအချိုဓာတ်များဖြစ်တဲ့ 𝗫𝘆𝗹𝗶𝘁𝗼𝗹, 𝗘𝗿𝘆𝘁𝗵𝗿𝗶𝘁𝗼𝗹, 𝗦𝘁𝗲𝘃𝗶𝗮 တို့ကို ရွေးချယ်စားပြီး ဓာတုပစ္စည်းဖြင့် စီမံပြုလုပ်သော ဆေးသကြားတုများကို ရှောင်ရှားရပါမည်။
(၆) ဆီးချိုရောဂါဝေဒနာရှင်တွေဟာ နောက်ဆက်တွဲ နှလုံးရောဂါဖြစ်နိုင်ခြေလည်း များတာကြောင့် 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 များများပါဝင်သော အစားအစာများကို သေချာရွေးချယ် စားသုံးသင့်ပါတယ်။
လတ်ဆတ်စိမ်းလန်းတဲ့ ဟင်းသီးဟင်းရွက် ၊ ဘယ်ရီသီးများ ၊ နနွင်း ၊ ဆန်လုံးညိုနှင့် ဆန်ကြမ်းတို့ကို များများစားသုံးရပါမယ်။
(၇) ပုံမှန်သွေးတွင်းသကြားဓာတ်ရရှိဖို့နဲ့ ထိန်းသိမ်းထားနိုင်ဖို့ လမ်းလျှောက်ခြင်း ၊ ပန်းဥယျာဉ်ပြုစုခြင်း ၊ ထိုက်ကျိလက်သိုင်းကစားခြင်းတို့ဟာ ပုံမှန်သွေးတွင်းသကြားဓာတ်ရရှိဖို့ အထောက်အကူပေးပါတယ်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
အထက်ပါအကြောင်းအရာများကို ဒေါက်တာစိုးခိုင်ရေးသားတဲ့ ဆီးချိုရောဂါနှင့်နေထိုင်ခြင်း အမေး+အဖြေ ၁၁၁ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd


ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပ...
29/11/2025

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️

🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ရန်အလို့ငှာ မိဘပြည်သူများအတွက် ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်ကို

🔹မန္တလာသီရိဘောလုံးကွင်း မန္တလေးမြို့တွင် 29.11.2025 (စနေနေ့) ၌

Sinocare Myanmar မှ တာဝန်ယူပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

🎗️Safe Accu Glucometer လေးများဖြင့် ‌ဆီးချို‌သွေးချိုစစ်ပေးခြင်း အခမဲ့ပြုလုပ်ပေးခဲ့သော ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။

🥰နောင်ထပ်ပြုလုပ်မဲ့ အစီအစဉ်များတွင် ပါဝင်နိုင်ဖို့ နှင့် ဆီးချိုသွေးချိုဆိုင်ရာ ဗဟုသုတများစွာ သိရှိနိုင်စေရန် ♥️ Sinocare Myanmar ♥️ page လေးကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးပါရှင့်။

ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။🙏
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd

#ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောSinocare


#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချိုတိုင်းစက် #ဆီးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

" ဆီးချိုကို ပိုဖြစ်စေနိုင်သော အလေ့အကျင့်ဆိုးများ "☑ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ...
28/11/2025

" ဆီးချိုကို ပိုဖြစ်စေနိုင်သော အလေ့အကျင့်ဆိုးများ "

☑ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။

☑သင်သည်ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ ထို့အတူ ဆီးချိုကိုထိန်းချုပ်ရန်အတွက် ဆောင်ရန်ရှောင်ရန်တွေလည်းများလွန်းလှပါသည်.....

☑ဒါကြောင့်မို့ ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များကို ဖော်ပြပေးလိုက်ပါတယ်နော်.....

🥤 သကြားပါသောအချိုရည်များကို များစွာသောက်ခြင်း
အချိုရည်များကို အထိန်းအကွပ်မရှိပဲသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေးအတွက် ကောင်းစေသည်ဟု အထင်မှားနေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ်များစွာပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြားမပါဝင်သော လက်ဘက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

🧎‍♀️ အထိုင်များခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်အနှစ်နှစ်ဆယ်တွင် အာရှနိုင်ငံများတွင် ဆီးချိုဖြစ်ပွားနှုန်း ၉၀% တက်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ်အတွင်းတွင် ဗီယက်နမ်နိုင်ငံတွင် ဆီးချိုဖြစ်နှုန်း ၂ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမIနည်းလာသောကြောင့် အဝလွန်ခြင်းများဖြစ်လာနိုင်ချေများလာပါသည်။

🧍‍♀️ ညဘက် ညည့်နက်စွာနေခြင်း
တစ်နေ့လျှင် ၆နာရီထက်ပို၍မအိပ်လျှင် ခန္ဓါကိုယ်၏ ဇီဝဖြစ်စဉ်များကိုအနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် သင့်ဆီးချိုရောဂါကို ထိန်းချုပ်ရခက်ပါလိမ့်မည်။ အိပ်မပျော်ခြင်းသည် ဗိုက်ဆာစေသော ဟော်မုန်းကို ထွက်စေသောကြောင့် သင့်ကို ကိုယ်အလေးချိန်တက်စေပါသည်။ ထို့ကြောင့် ပုံမှန်အိပ်ရန် အရေးကြီးပါသည်။

🚫 မနက်စာမစားခြင်း
အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့် နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံးအတွက်စွမ်းအင်များပေးပါလိမ့်မည်။

မနက်စာလွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါဖြစ်ရန် အကြောင်းဖြစ်လာနိုင်ပါသည်။ နေ့လည်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓါကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင်ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓါတ်ကို တက်စေသည်။

🍚 ညဘက် အဆာပြေစားခြင်း
ညစာစားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချိုလူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေမုန့်များသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ညဘက်အစားစားခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စားလိုလျှင် သစ်သီးအနည်းငယ်ကို သာစားပါ။

ဆီးချိုကို ဖြစ်စေသော အလေ့အထအနည်းကို သိပြီးနောက် သင်သည် ကျန်းမာရေးကိုကောင်းလာစေရန် ပြောင်းလဲမှုများပြုလုပ်ရန် အဆင့်သင့်ဖြစ်ပါပြီလား။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပိုမို ပြုလုပ်သင့်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သိနေရပါမည်။ သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော အလေ့အထ ကောင်းများကိုပြင်ဆင်ခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းစေရန် ပြုလုပ်သင့်ပါသည်.....

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

ဆီးချိုအတက်၊အကျကို စောင့်ကြည့်ချင်သူများအတွက် iCan CGMသွေးချိုဆီးချိုထိန်းချုပ်မှု၏ တိကျမှုနှင့် စောင့်ကြည့်နိုင်မှုနည်း...
28/11/2025

ဆီးချိုအတက်၊အကျကို စောင့်ကြည့်ချင်သူများအတွက် iCan CGM

သွေးချိုဆီးချိုထိန်းချုပ်မှု၏ တိကျမှုနှင့် စောင့်ကြည့်နိုင်မှု

နည်းပညာတိုးတက်လာတဲ့ ဒီနှစ်အတွင်း သွေးချိုဆီးချိုကုထုံးအတွက် Continuous Glucose Monitoring (CGM) သည် အရေးပါသည့် စံသတ်မှတ်ထားသော နည်းပညာတစ်ခုဖြစ်လာပါသည်။

iCan CGM သည်
✔ သွေးချိုအတိုးအကျကို Real-time ဖြင့် တိတိကျကျ တိုင်းတာနိုင်ပြီး
✔ Hypo / Hyperglycemia အန္တရာယ်ကို မတိုင်မီ သတိပေးနိုင်သည့် အဆင့်မြင့် Alert System
✔အသုံးပြုရလွယ်ကူပြီး ဆီးချိုကုသမှုလုပ်ရာတွင်လည်း အထောက်အကူများစွာရခြင်း
✔ ဆေးဝါး၊ အစားအသောက်နှင့် လေ့ကျင့်ခန်းများ၏ သက်ရောက်မှုကို App ထဲတွင် Data-driven insights အဖြစ် ပြသပေးနိုင်ပါတယ်။

🔍 သွေးချိုဆီးချိုထိန်းသိမ်းမှုပြဿနာရှိလာနေသူများ၊ သွေးချိုဆီးချိုအမျိုးအစား မည့်သည့်အဆင့်မဆို အချိန်မရွေး၊ နေရာမရွေး သွေးချိုကို စနစ်တကျ စောင့်ကြည့်နိုင်သည့်
Evidence-based tool တစ်ခုအဖြစ် သုံးစွဲနိုင်ပါတယ်။

🏥 ဆရာဝန်များအနေဖြင့်လည်း ဆီးချိုသွေးချိုလူနာများကို iCan CGM ကို အသုံးပြုခြင်းဖြင့်
• အန္တရာယ်လျှော့ချနိုင်ခြင်း
• Decision-making တိကျနိုင်ခြင်း
• Lifestyle intervention ကိုထိရောက်စေခြင်း
တို့ကြောင့် မကြာသေးမီကတည်းက အကြံပြုအသုံးပြုစေနေကြပါတယ်။

➡️ သွေးချိုထိန်းချုပ်မှုကောင်းမွန်ခြင်းကို တိကျသည့်ဒေတာအပေါ် မူတည်ချင်သူများအတွက်—iCan CGM သည် ယနေ့အသုံးပြုသင့်သော နည်းပညာဖြစ်သည်။

✅ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်အဖြေ အတက်၊အကျ ကို အချိန်နှင့်တပြေးညီ သိရှိနေလျှင် မိမိ၏ကျန်းမာရေး၊ အသက်ကို စောင့်ရှောက်ပြီးသား ဖြစ်နေမှာပါ။
✅ဆီးချိုအဖြေကို အချိန်တိုင်းသိနေနိုင်ဖို့ လက်ထိပ်ကို သွေးခဏတိုင်းဖောက်နေရသော ဆီးချိုသမားများအတွက် iCan က ပိုအဆင်ပြေနိုင်ပါတယ်။
✅iCan ကို အသုံးပြုချင်တယ်၊ အသေးစိတ်သိချင်တယ်ဆိုလျှင် Chat box တွင် စုံစမ်းနိုင်ပါသည်။ သို့ comment တွင် iCan ဟု မန့်ခဲ့နိုင်ပါသည်။👉ဆက်သွယ်စုံစမ်းရန်👈
Customer Service - 09266166237
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd

#ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောSinocare


ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR
#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

"ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်သော အချက်များ"၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်က...
27/11/2025

"ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်သော အချက်များ"

၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—
Q. ဆီးချိုရောဂါမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်သင့်ပါသလဲ ဆရာ။
A. ဆီးချိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

(၁) အစာလျှော့စားပါ
ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို လျှော့စားပါ။

(၂) ရေများများသောက်ပါ
ရေဆာလျှင် ရေကိုပဲသောက်ပါ။ အချိုရည်တွေသောက်ပြီး ရေငတ်တာကို မဖြေပါနဲ့။

(၃) ကိုယ်ခန္ဓာ အဝမလွန်စေရန် ထိန်းထားပါ
အဝလွန်ရင် လက်ရှိခန္ဓာကိုယ်အလေးချိန်ရဲ့ ၅-၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးစားသင့်ပါတယ်။

(၄) လှုပ်ရှားမှုများသော လူနေမှုပုံစံဖြင့် နေထိုင်ပါ
• အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ရှောင်ပါ။
• မဝေးလွန်းတဲ့ ခရီးကို လမ်းလျှောက်သွားပါ။
• မမြင့်လွန်းတဲ့ အထပ်တွေကို ခြေထောက်နဲ့ပဲ အတက်အဆင်း လုပ်ပါ။
• အိမ်ရှင်မတွေ အိမ်အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်တာ၊ ခြံထဲမှာ ပေါင်းမြက်သုတ်သင်ရှင်းလင်းတာတို့ကို လုပ်ဆောင်ရင်း လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။

(၅) နားနေချိန်တွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
တစ်နေ့မှာ မိနစ် ၃၀၊ တစ်ပတ်မှာ ငါးရက် စုစုပေါင်း မိနစ် ၁၅၀ ထက်မနည်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။
တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ဆီးချိုသွေးချို ရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။

(၆) အမျှင်ဓာတ်များသော အစားအစာများများ စားပါ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများနဲ့ စုံလင်အောင် စားပါ။

(၇) ပြည့်ဝဆီများ လျှော့စားပါ
တိရစ္ဆာန်ကရတဲ့ အဆီတွေ (ဥပမာ – ကြက်အရေခွံ၊ ဘဲအရေခွံ၊ ကလီစာ၊ ဝက်ဆီ၊ အမဲဆီ စတာတွေ)ကို ရှောင်ပါ။ ငါးကရတဲ့ အဆီတွေ (ဥပမာ- ငါးကြင်းအဆီ၊ ငါးဘတ်အဆီ)ကို စားနိုင်ပါတယ်။

(၈) စိတ်ဖိစီးမှုများကို လျော့နိုင်သမျှ လျော့အောင် ကြိုးစားနေထိုင်ပါ
• ပြုံးပါ။
• အိပ်ချိန်၊ နားချိန် လုံလောက်အောင်ယူပါ။
• အာဟာရပြည့်ဝအောင် စားပါ။
• အရာရာကို အပြုသဘောနဲ့ အကောင်းမြင်နိုင်အောင် ကြိုးစားပါ။
• အချိန်ကို စနစ်တကျ အသုံးချပါ။
• ပြဿနာတွေကို တစ်ယောက်တည်း မဖြေရှင်းနိုင်ရင် တတ်သိနားလည်သူတွေထံမှ အကြံဉာဏ်ယူပြီး ဖြေရှင်းပါ။

Q. ဆီးချိုရောဂါရှင်တို့ ဘယ်လိုအချက်တွေကို အမြဲသိထားသင့်ပါသလဲ ဆရာ။
A. ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်တဲ့ အချက်တွေကတော့-

Target
(၁) Fasting Blood Sugar
• ည ၁၀ နာရီနောက်ပိုင်း ဘာမှ မစားရ။ (ရေ သောက်နိုင်ပါတယ်။)
• နံနက် ၇ နာရီတွင် စစ်ရန်။ (90-130 mg%)
• ၃/၅ ရက်တစ်ကြိမ် စစ်နိုင်။
(၂) 2 Hour Post Prandial
အစာစားပြီး နှစ်နာရီအကြာတွင် စစ်ရန်။ (140-180 mg%)
(၃) Random Blood Sugar
ကြိုက်တဲ့အချိန် စစ်နိုင်။ (< 200 mg%)

မှတ်ချက်
• HbA1c သုံးလတစ်ခါစစ်ရန်၊ ပျမ်းမျှသွေးချို (< 7 %)
• တစ်နှစ်တစ်ခါ မျက်စိ၊ ECG၊ ကျောက်ကပ်၊ အဆီစစ်ရန်။
• ကြိုက်သလောက်စား – အရွက်၊ အသား၊ ငါး
• အသင့်အတင့်စား – ဆန်၊ ဂျုံ၊ ခေါက်ဆွဲ
• ဆင်ခြင်ရန် – ချိုသောအရည်၊ ချိုသောအသီး၊ ချိုသောမုန့်များအား ဆီးချိုတက်လျှင် မစားရ။
• တစ်နေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ရန်။

ဆီးချိုသွေးချိုရောဂါ ရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ကုထုံးတစ်ခုအနေနဲ့ မလွဲမသေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးချိုထိန်းသိမ်းမှု ပိုကောင်းစေပါတယ်။ နှလုံးသွေးကြောရောဂါ ပိုမိုဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ပေါ့ပါး လန်းဆန်းပြီး နေထိုင်လှုပ်ရှားမှု ပိုကောင်းစေပါတယ်။

😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar


Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

Bhone Shwe Yi Min Co.,Ltd

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

"ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်(မန္တလေးမြို့)"☑🥰 ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ...
27/11/2025

"ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်(မန္တလေးမြို့)"☑

🥰 ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ရန်အလို့ငှာ မန္တလေးမြို့မှ မိဘပြည်သူများအတွက် ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်ကို အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း Sinocare Myanmar မှ တာဝန်ယူပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ရက်စွဲ >>> ၂၉.၁၁.၂၀၂၅ (စနေနေ့)

အချိန် >>> (6:00 am to 8:00 am) (မနက်ပိုင်း)

နေရာ >>> မန္တလာသီရိဘောလုံးကွင်း
68 လမ်း၊ 106*107 လမ်း ၊ မန္တလေးမြို့

👉မိမိအသိမိတ်ဆွေများအား ထပ်ဆင့်ဖိတ်ခေါ်ဖို့အတွက် Mention ခေါ်နိုင်ပါတယ်။ သို့မဟုတ် ဤ Post လေးကို အားလုံးသိအောင် Share လုပ်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ရှင့်။

🙏ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။🙏
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd


#ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောsinocare
#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

ဂရုမပြုမိကြတဲ့ ဆီးချိုကြောင့် အမြင်လွှာ ထိခိုက်ခြင်းဆီးချိုရောဂါဟုဆိုလျှင် လူနာတော်တော်များများ ကြောက်ကြပြီး  နှလုံးသွေး...
26/11/2025

ဂရုမပြုမိကြတဲ့ ဆီးချိုကြောင့် အမြင်လွှာ ထိခိုက်ခြင်း

ဆီးချိုရောဂါဟုဆိုလျှင် လူနာတော်တော်များများ ကြောက်ကြပြီး နှလုံးသွေးကြောပိတ်၊ လေဖြတ်၊ ကျောက်ကပ်ပျက်၊ အာရုံကြော ထုံကျင် ကိုက်ခဲ၊ အခန့်မသင့်လျှင် ခြေချောင်းလေးများ ဖြတ်ရ စသည့် နောက်ဆက်တွဲပြဿနာများပါ ဖြစ်လာတတ်သည်။ သို့သော် ဆီးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ခြင်းအကြောင်းကို သိပ်မသိကြ၊ ဂရုမပြုမိကြပေ။

ဆီးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ခြင်းသည် ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောများ ထိခိုက်ခြင်းတို့နှင့် တစ်ဂိုဏ်းတည်း။ ဆီးချိုကြောင့် ခန္ဓာကိုယ်အနှံ့ သွေးကြောငယ်များ ထိခိုက်ပျက်စီးခြင်း နောက်ဆက်တွဲ ပြဿနာတစ်မျိုးဖြစ်လေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆီးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ခြင်းသည် အလုပ်လုပ်နိုင်ချိန် အရွယ်ကောင်းတို့တွင် မျက်စိအမြင် ကွယ်စေသည့် အဓိက အကြောင်း ဖြစ်သည်။ ဆီးချိုလူနာသည် သာမန်လူထက် မျက်စိကွယ်ရန် (၂၅) ဆပိုများပြီး မျက်စိကွယ်ခြင်း အားလုံး၏ (၂) ရာခိုင်နှုန်းသည် ဆီးချိုကြောင့် ဟုလည်း ဆိုနိုင်သည်။ ဆီးချို မျက်စိ ထိခိုက်ခြင်းသည် အဓိက ဆီးချိုထိန်းသိမ်းမှု အားနည်းခြင်းနှင့် ဆီးချိုသက်တမ်း ကြာမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်။

ဆီးချိုထိန်းသိမ်းမှုကို ညွှန်းသည့် HbA1C ရာခိုင်နှုန်းနှင့် ဆီးချို မျက်စိအမြင်လွှာထိခိုက်ခြင်းတို့ တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟု လေ့လာမှုများတွင် တွေ့ရသည်။ ဆီးချိုဖြစ်စ လူနာများကို (၁၀) နှစ်ကြာ လေ့လာမှုတစ်ခုတွင် HbA1C (၆.၅%) အောက် အစဉ်အမြဲ ထိန်းထားနိုင်သူတို့တွင် ဆီးချို အမြင်လွှာ ထိခိုက်မှု မတွေ့ရသလောက်ဖြစ်သော် အချိန်တော်တော်များများ HbA1C (၉%)အထက် မြင့်နေသူတို့တွင် ထိခိုက်မှု(၅၀%)ကျော်နေသည်ဟု ဖော်ပြထားသည်။ ထိုသို့ အဖြစ်များ၊ မျက်စိအမြင်ကွယ်သည်ထိ ဒုက္ခပေးသော်လည်း မျက်စိအမြင်လွှာ ထိခိုက်သည့် လူနာတော်တော်များများတွင် ရောဂါလက္ခဏာ ပြလေ့မရှိချေ၊ ထိုအမြင်လွှာထိခိုက်ခြင်းကိုလည်း ခပ်ပေါ့ပေါ့၊ ခပ်မေ့မေ့ ဖြစ်နေကြသည်က များကြသည်။

မျက်စိ၏အနောက်ဘက်ပိုင်းတွင်ရှိ အမြင်လွှာသည် ခန္ဓာကိုယ်တွင် သွေးကြောငယ်လေးများ အများဆုံး ယှက်သန်းနေသည့် နေရာတစ်ခုဖြစ်ရာ ဆီးချိုသက်တမ်းကြာလာသည်နှင့်အမျှ အလားတူ သွေးကြောငယ်လေးများ အများအပြားရှိသည့် ကျောက်ကပ်နှင့် အာရုံကြောများနည်းတူ ထိခိုက်ပျက်စီးမှု ရှိလာသည်။ ယင်းအင်္ဂါ ၃ ခုတွင် သွေးကြောငယ် ထိခိုက်ပျက်စီးမှုသည် ရောဂါဖြစ်စဉ်တစ်ခုတည်းကို အခြေခံပြီး ပေါ်လာခြင်းဖြစ်သဖြင့် များသောအားဖြင့် ပြိုင်တူ၊ အချိန်တူဖြစ်လေ့ရှိကြသည်။ ခြေလက်ထုံကျဉ်၊ ဆီးတွင်အသားဓာတ်ပါ၊ မျက်ကြည်လွှာထိခိုက် သုံးမျိုးတွဲ လာလေ့ရှိသည်။ ထို့ကြောင့် တစ်ခုဖြစ်လျှင် တခြားတစ်ခုရော ဖြစ်နေပြီလားဟု သတိထားရန်၊ စမ်းသပ်စစ်ဆေးရန် လိုသည်။ တစ်ခုက ကြီးကြီးကျယ်ကျယ်ထိ၊ တစ်ခုက ခပ်နည်းနည်းထိလည်း ရှိတတ်သည်။

ဆီးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ပျက်စီးခြင်းသည် ဆီးချိုရောဂါ သက်တမ်းကြာလာခြင်းနှင့် ဆီးချိုရောဂါ ထိန်းသိမ်းမှု အားနည်းခြင်း အချက်နှစ်ခုကြောင့် ဖြစ်သည်ဟု ဆိုထားသော်လည်း ဆီးချိုထိန်းသိမ်းမှု အားနည်းခြင်းက အဓိက ပိုကျသည်။ ထို့ကြောင့် ဆီးချိုဖြစ်မှန်းမသိ၊ သိတော့လည်း ဆေးမှန်မှန် မသောက်၊ အစားဆင်ခြင်မှု မရှိသူတို့တွင် ရောဂါသက်တမ်း နှစ်အနည်းငယ်အတွင်း မျက်စိအမြင်လွှာ ထိခိုက်ပျက်စီးမှု ရှိနေတတ်သည်။

ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ) ရေးသားသော သွေးချိုကြောင့် မျက်စိအမြင်လွှာ ထိခိုက်ခြင်းနှင့် သွေးတိုး၊သွေးချို ဆောင်းပါးများ (၂) စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

" မိမိ နှင့် မိမိချစ်ရသူတွေမှာ ဆီးချိုဖြစ်လာခဲ့လျှင် "--------------------------------------------------💡လူအများစုက ဆီးခ...
25/11/2025

" မိမိ နှင့် မိမိချစ်ရသူတွေမှာ ဆီးချိုဖြစ်လာခဲ့လျှင် "
--------------------------------------------------
💡လူအများစုက ဆီးချိုရောဂါဆိုတာနဲ့ ကံဆိုးပြီလို့မှတ်ယူပြီး ထိတ်လန့်တကြားဖြစ်တတ်ကြပါတယ်။ ကုလို့လည်းမပျောက်နိုင်တော့ဘူး၊ အစားတွေလည်းရှောင်ရတော့မယ်၊ အန္တရာယ်လည်းချက်ချင်းဖြစ်နိင်တယ်၊ အခန့်မသင့်ရင် ခြေထောက်ပုပ်တတ်တယ်၊မျက်စိကွယ်နိုင်တယ်ဆိုပြီး ရောဂါသိတာနဲ့ ဘဝဆုံးသလို စိတ်ဓါတ်ကျတတ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေ ပါနေမလား။
💡အမှန်တော့ ဆီးချိုသွေးချိုဖြစ်တိုင်း သွေးပျက်ဖို့မလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မှန်ကန်အောင် ထိန်းသွားနိုင်ရင် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်ခင်ရသူထဲက ဆီးချိုသွေးချိုရှိသူတွေကို အားပေး၊ကူညီ၊စောင့်ရှောက်နိုင်ဖို့ ကိုယ့်အနေနဲ့လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။
📌ကိုယ်တိုင်အရင်လေ့လာပါ။ ဆီးချိုသွေးချိုရောဂါအကြောင်းကို လေ့လာမှတ်သားပြီး ကိုယ်ချစ်ခင်ရသူရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ပါ။
📌သူတို့ကို အားပေးပါ။ ဆီးချိုရှိတာနဲ့ပဲ စိတ်အားငယ်စရာမလို၊ ဆင်ခြင်နေထိုင်ရင် ရောဂါကိုကြောက်နေစရာမလိုကြောင်း အားပေးပါ။ ဒါပမယ့် မပေါ့ဆဖို့ သတိပေးပါ။
📌လှုပ်ရှားမှုလုပ်ဖြစ်အောင်ကူညီပေးပါ။ ဆီးချိုထိန်းနိုင်ဖို့ အရေးကြီးတဲ့အချက်က လှုပ်ရှားမှုရှိဖို့ဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကို စားသောက်နေထိုင်မှုပုံစံပြောင်းလဲအောင် ကူညီပေးပါ။ လမ်းလျှောက်ထွက်တာ၊ အိမ်မှုကိစ္စလုပ်တာမျိုးတွေမှာ အဖော်လုပ်ပေးတာလည်း အထောက်အကူဖြစ်စေပါတယ်။
📌စိတ်ရှည်ပါ။ ရောဂါအကြောင်းနဲ့ အကြံပြုချက်တွေကို သေချာနားလည်နိုင်ဖို့ သူ့ကိုအချိန်တစ်ခုတော့ပေးရပါမယ်။ ဆီးချိုရှိသူအနေနဲ့ အစားအစာတွေရဲ့သကြားဓါတ်ပါဝင်မှုကို တွက်ချက်နိုင်ဖို့၊ ကာဗိုဟိုက်ဒရိတ် တွက်ချက်တတ်ဖို့၊ သွေးချိုတိုင်းတတ်ဖို့၊ အင်ဆူလင်အကြောင်းသိဖို့ စတဲ့ အရာတွေ သိလာနိုင်ဖို့ စိတ်ရှည်ရှည်နဲ့ ကူညီပေးသင့်ပါတယ်။ သွေးချို အချိန်မှန်တိုင်းဖို့ သတိပေးပါ။
📌သွေးပေါင်ချိန်နဲ့ ကိုလက်စထရောဓါတ်ကို ပုံမှန်ထိန်းပေးပါ။ သွေးတိုးနဲ့ ကိုလက်စထရောများခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတွေက ဆီးချိုသမားမှာ ပိုဆိုးနိုင်ပြီး နောက်ဆုံးမှာ နှလုံးရုတ်တရက်ရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေဖြစ်လာစေနိုင်တယ်။
📌ဆီးချိုထိန်းတဲ့နေရာမှာ စားသောက်တဲ့အာဟာရနဲ့ လှုပ်ရှားမှုက အဓိကအရေးပါပါတယ်။ ဆီးချိုသမားအတွက် အစားအသောက်ရွေးတဲ့နေရာမှာ သကြားဓါတ်ပါဝင်မှုများတဲ့စားစရာတွေ၊ အငန်နဲ့ အဆီများတာတွေရှောင်ရမယ်၊ အချိုရည်တွေနဲ့ ဆိုဒါတွေ ရှောင်ရမယ်၊ အသီးအနှံတွေဆို သကြားဓါတ်နည်းတဲ့အသီးတွေကိုစားရမယ်၊ အသီးအရွက်တွေစားရမယ်ဆိုတာတွေ ကိုယ်ကသတိပေးပါ။
📌ထမင်းစားရင် တခါတည်းအများကြီးမစားဘဲ နည်းနည်းနဲ့အကြိမ်ရေခွဲစားဖို့ စောင့်ကြည့်သတိပေးပါ။ သွေးတွင်းသကြားဓါတ်အတက်အကျကို ထိန်းညှိတဲ့အခါ အစားမှန်ဖို့၊ အချိန်မှန်ဖို့အရေးကြီးပါတယ်။
📌ဆေးမှန်မှန်သောက်ဖို့ သတိပေးပါ။ ဆီးချိုရှိတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန်သောက်ဖို့လိုပါတယ်။ သူကဆေးသောက်ဖို့မေ့တတ်တယ်ဆိုရင် ဘေးကနေ သတိပေးတာ၊ တစ်ရက်စာချင်းကို ဆေးဘူးလေးနဲ့ မြင်သာတဲ့နေရာ၊ လက်လှမ်းမီတဲ့နေရာမှာထားပေးတာတွေ လုပ်ပေးသင့်ပါတယ်။
😊 ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

#အလုပ်လျှောက်ထားရန်
***********************
Viber : 09444011925
Messenger : Bhone Shwe Yi Min HR

#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959266166237

Alerts

Be the first to know and let us send you an email when Sinocare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sinocare Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram