Win Yadanar Bon Co., Ltd.

  • Home
  • Win Yadanar Bon Co., Ltd.

Win Yadanar Bon Co., Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Yadanar Bon Co., Ltd., Pharmaceutical Company, 73 Road 114 St & 115 St Between, Pyigyitagon Township, .

ဗီတာမင် C က ကိုယ်ခံအားကောင်းဖို့ပဲ အသုံးဝင်တာမဟုတ်ဘူးဆိုတာ သင်သိပါသလား? 🤔 ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ နေ့စဉ်အာဟာရအတွက် မ...
01/12/2025

ဗီတာမင် C က ကိုယ်ခံအားကောင်းဖို့ပဲ အသုံးဝင်တာမဟုတ်ဘူးဆိုတာ သင်သိပါသလား? 🤔
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ နေ့စဉ်အာဟာရအတွက် မရှိမဖြစ်လိုအပ်ပြီး သင့်ရဲ့ အလှအပကိုပါ တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးနိုင်ပါတယ်။

CeLiv မှာပါတဲ့ ဗီတာမင် C ဟာ သင့်ရဲ့ ကျန်းမာရေးအတွက် အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေ ကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ အအေးမိ တုပ်ကွေးလို ရောဂါမျိုးတွေကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ 💪

ဒါ့အပြင် ဗီတာမင် C ဟာ အသားအရေ လှပမှုအတွက်ပါ အဓိကကျပါတယ်။
✨ ဗီတာမင် C က အရေးအကြောင်းဖြစ်ခြင်းကို တားဆီးပေးတဲ့ ကော်လာဂျင် ကို ပိုထုတ်လုပ်ပေးပြီး အမည်းစက်၊ တင်းတိပ်ဖြစ်စေတဲ့ မယ်လနင် (Melanin) ကို ထိန်းချုပ်ပေးလို့ အသားအရေ ကြည်လင်ဝင်းပ လာစေပါတယ်။

📣 ဒီနေ့ကစပြီး CeLiv ကို သောက်သုံးပြီး အားကောင်းတဲ့ ကိုယ်ခံအားနဲ့ ကြည်လင်ဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်လိုက်ပါ! 🙆‍♀️



#ကိုယ်ခံအား


Hello December! 🎄ကဲ... ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ၂၀၂၅ ရဲ့ နောက်ဆုံးလလေးကို ရောက်လာပြီနော်။❄️ စိတ်ထဲမှာ ဒီဇင်ဘာဆိုတာနဲ့ ခရစ္...
01/12/2025

Hello December! 🎄

ကဲ... ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ၂၀၂၅ ရဲ့ နောက်ဆုံးလလေးကို ရောက်လာပြီနော်။❄️
စိတ်ထဲမှာ ဒီဇင်ဘာဆိုတာနဲ့ ခရစ္စမတ်အငွေ့အသက်တွေ၊ အားလပ်ရက် အစီအစဉ်တွေပဲ ပြေးမြင်မိတော့တာပဲနော်။ 🎅✈️

ဒီလလေးက စိတ်လှုပ်ရှားစရာ အားလပ်ရက်တွေနဲ့ ပြည့်နေတာဆိုတော့ မိတ်ဆွေတို့အတွက်လည်း ပျော်ရွှင်စရာ အကောင်းဆုံးနဲ့ အမှတ်ရစရာအရှိဆုံး ဒီဇင်ဘာလ ဖြစ်ပါစေ။❤️😊

🌟 ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး နှစ်သစ်ကို ကူးပြောင်းချိန်အထိ မိတ်ဆွေတို့ရဲ့ နေ့ရက်တိုင်းဟာ နွေးထွေး ပျော်ရွှင်ပြီး အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါစေ လို့ ကျွန်တော်တို့ Win Yadanar Bon Co., Ltd. မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🤍

အေးချမ်းတဲ့ ဒီဇင်ဘာလလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရည်မှန်းချက်တွေ အားလုံး ပြည့်ဝကြပါစေခင်ဗျာ။🎉💫

Happy December! ❄️✨🎄





😮‍💨မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုယ် အားအင်မရှိဘူး၊ ပျော့ခွေနေတယ်၊ ခဏလေးနဲ့ မောတယ် ဆိုတာမျိုး ခံစားရတတ်လား? ဒါဆိုရင် သင့်မှ...
30/11/2025

😮‍💨မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုယ် အားအင်မရှိဘူး၊ ပျော့ခွေနေတယ်၊ ခဏလေးနဲ့ မောတယ် ဆိုတာမျိုး ခံစားရတတ်လား?

ဒါဆိုရင် သင့်မှာ သွေးအားနည်းတဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။❤️‍🩹
အထူးသဖြင့် မျက်နှာတွေ ဖြူဖတ်ဖြူလျော်ဖြစ်တာ၊ လျှာက နာနေတာမျိုးတွေပါ တွဲဖြစ်နေရင်တော့ ဒါက Megaloblastic Anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။😶‍🌫️

🧬ဒီလို Megaloblastic Anemia ဖြစ်တာဟာ Folic Acid (ဗီတာမင် B9) ချို့တဲ့မှုကြောင့်ဖြစ်တတ်တာမို့
သင့်ခန္ဓာကိုယ်မှာ Folic Acid ချို့တဲ့နေပြီဆိုရင်တော့... RV Folic က ကျန်းမာတဲ့ သွေးနီဥတွေ ပြန်ထုတ်ဖို့အတွက် လိုအပ်တဲ့ Folic Acid ဓာတ်ကို ဖြည့်တင်းပေးပြီး သင့်ကို ကူညီပေးနိုင်ပါတယ်။

🔥 ဒါပေမဲ့.....သွေးအားနည်းတာကို ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး Folic Acid ကို သွားမသောက်မိဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့...သွေးအားနည်းတာက Folic Acid ကြောင့်တင်မကဘဲ ဗီတာမင် B12 ချို့တဲ့လို့လည်း ဖြစ်နိုင်လို့ပါ။

B12 ချို့တဲ့တာကို Folic Acid သောက်ပြီး ဖုံးကွယ်မိရင် အာရုံကြောတွေကို ထိခိုက်စေမယ့် ပိုဆိုးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်နော်။🧠⚡

🔍ဒါကြောင့် ဘေးအကင်းဆုံးဖြစ်စေဖို့ RV Folic ကို စတင်သောက်သုံးတော့မယ်ဆိုရင်၊ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သွေးစစ်ဆေးမှုတွေ အရင်လုပ်ဖို့ မမေ့ပါနဲ့! ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်နော်။🩺✔️

✨ ကျန်းမာရေးကို အခြေခံကစပြီး ဂရုစိုက်ကြရအောင်ပါ 💛🌿





မင်္ဂလာပါ ဆရာ/ဆရာမတို့ခင်ဗျာဆေးခန်းတွေမှာ နေ့တိုင်းလိုလို ကြုံနေရတဲ့ လူနာတွေရဲ့ ကျန်းမာရေးပြဿနာတွေကို ကြည့်ရင် သွားကိုက်...
29/11/2025

မင်္ဂလာပါ ဆရာ/ဆရာမတို့ခင်ဗျာ

ဆေးခန်းတွေမှာ နေ့တိုင်းလိုလို ကြုံနေရတဲ့ လူနာတွေရဲ့ ကျန်းမာရေးပြဿနာတွေကို ကြည့်ရင် သွားကိုက်တာ၊ ပါးစပ်ပိုးဝင်တာ နဲ့ လည်ချောင်းနာတာ လိုမျိုး ဘက်တီးရီးယားပိုးကူးစက်မှုတွေက အမြဲတမ်းလိုလို ရှိနေတယ်ဟုတ်?

လူနာရောက်တာနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကုသပေးနိုင်ဖို့ အရေးကြီးတာမို့ ဒီလို အခြေခံကူးစက်ရောဂါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့၊ယုံကြည်စိတ်ချရတဲ့ ပဋိဇီဝဆေး (Antibiotic) တစ်မျိုးဖြစ်တဲ့ PenLiv 250mg ဟာ ဆရာ/ဆရာမတို့ရဲ့ ဆေးခန်းမှာ အမြဲတမ်း ရှိနေဖို့ လိုအပ်ပါတယ်။

ဆေးခန်းသုံး Stock ဖြည့်တင်းဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ Win Yadanar Bon Co.,Ltd. သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။စျေးနှုန်းလည်း သက်သာပြီး ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတွေကို ပုံမှန်ရရှိဖို့ အာမခံပါတယ်။

ကဲ... ဒီနေ့ပဲ Stock ဖြည့်ဖို့ ကျွန်တော်တို့ Win Yadanar Bon ကို ဆက်သွယ်လိုက်ပါနော်။





အလုပ်ထဲမှာ ခေါင်းကိုက်လို့ အာရုံပျက်ဖူးပါသလား?😣အလုပ်တွေ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေများလာရင် ခေါင်းကိုက်တာမျိုးက အလိုလို...
28/11/2025

အလုပ်ထဲမှာ ခေါင်းကိုက်လို့ အာရုံပျက်ဖူးပါသလား?😣

အလုပ်တွေ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေများလာရင် ခေါင်းကိုက်တာမျိုးက အလိုလို ဖြစ်လာတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ Tension Headache 😥 လို့ခေါ်ပါတယ်။ ဒီလိုခံစားရပြီဆိုရင် လုပ်ငန်းခွင်မှာ ဘယ်လိုမှ အာရုံစိုက်လို့ မရတော့ဘဲ စွမ်းဆောင်ရည်ပါ ကျဆင်းသွားစေနိုင်ပါတယ်😵‍💫။

အလုပ်ကလည်း လက်စမသတ်ရသေးဘူး၊ အာရုံကလည်း စိုက်လို့ မရတော့ဘူး။ ဒီလိုမျိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ?🤔

💊 ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ အလုပ်တွေကို ဆက်လုပ်နိုင်ဖို့အတွက် Paracetamol က အသင့်ရှိနေပါတယ်။ Paracetamol ဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဒီလိုခေါင်းကိုက်ခြင်းကို ထိရောက်မြန်ဆန်စွာ သက်သာစေပါတယ်။

🧠 သူက နာကျင်မှုကို လျော့ချပေးလိုက်တော့၊ ခေါင်းထဲက တင်းအားတွေ ပြေသွားပြီး ကိုယ့်ရဲ့ အလုပ်ကို ပြန်ပြီး အာရုံစိုက်နိုင်သွားတာပေါ့။

👉 ဒါကြောင့်မို့လို့... အရေးပေါ် အခြေအနေအတွက် အဆင်သင့်ဖြစ်စေဖို့ Paracetamol ကို ကိုယ့်ရဲ့ စားပွဲအံဆွဲ ဒါမှမဟုတ် ရုံးသုံးအိတ်ထဲမှာ အမြဲတမ်း ဆောင်ထားဖို့ မမေ့နဲ့နော်! 💼💊✨








✨ ဖောက်သည် ယုံကြည်မှု တိုးမြှင့်စေမယ့် လျှို့ဝှက်ချက်!✨👨‍⚕️👩‍⚕️ဆေးဆိုင်နှင့် ဆေးခန်းလုပ်ငန်းရှင်များအတွက် အရေးကြီးဆုံးက ...
27/11/2025

✨ ဖောက်သည် ယုံကြည်မှု တိုးမြှင့်စေမယ့် လျှို့ဝှက်ချက်!✨

👨‍⚕️👩‍⚕️ဆေးဆိုင်နှင့် ဆေးခန်းလုပ်ငန်းရှင်များအတွက် အရေးကြီးဆုံးက ဖောက်သည်တွေ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးကို ရောင်းချနိုင်ဖို့ပါပဲ🎯။

💊 ကျွန်တော်တို့ Win Yadanar Bon Co.,Ltd. မှ ဖြန့်ဖြူးသော RV Folic Tablet နဲ့ လက်တွဲခြင်းဟာ သင့်အတွက် အဖြေတစ်ခု ဖြစ်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ဟာ အရည်အသွေးနဲ့ စျေးနှုန်းကို တစ်ပြိုင်နက်တည်း အာမခံပေးနိုင်လို့ပါ။

💎 သင့်လုပ်ငန်းအတွက် RV Folic Tablet ရဲ့ အရည်အသွေး ပိုင်းကို လုံးဝစိတ်ပူစရာမလိုပါဘူး။ စံချိန်စံညွှန်းပြည့်မီတဲ့ ထုတ်ကုန်ကိုသာ ဖြန့်ဖြူးပေးတာကြောင့် သင်တို့ရဲ့ လူနာတွေ၊ ဖောက်သည်တွေကို စိတ်ချလက်ချ ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ တာဝန်ယူပါတယ်🏅။

🤝 နောက်ပြီး ရေရှည်လက်တွဲမယ့် Partner တွေ ဖြစ်လာမယ့်အတွက်ကြောင့် စျေးကွက်ထဲမှာ အပြိုင်အဆိုင်နိုင်ဆုံးနဲ့ တကယ်ကို မှန်ကန်တဲ့ စျေးနှုန်းတွေနဲ့ပဲ ပေးအပ်မှာပါ📦။

🚚ဒါ့အပြင် သင့်လုပ်ငန်း လည်ပတ်မှု မပြတ်တောက်ရအောင် မှာယူထားတဲ့ ပစ္စည်းတွေကိုလည်း အချိန်မီ၊ လိုအပ်တဲ့အတိုင်းအတာအတိုင်း တိတိကျကျ ရောက်အောင် ပို့ဆောင်ပေးဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားဆောင်ရွက်သွားမှာပါ📦။

🌟 ယုံကြည်စိတ်ချရတဲ့ အရည်အသွေးနဲ့ မှန်ကန်တဲ့စျေးနှုန်းဖြင့် ရေရှည်လက်တွဲဖို့ စိတ်ဝင်စားတဲ့ Partner တွေကို Win Yadanar Bon Co.,Ltd. မှ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်!🌟

👉 သင်တို့ရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက် RV Folic ကနေ အကောင်းဆုံး ပံ့ပိုးပေးပါရစေခင်ဗျာ။







👋 မင်္ဂလာပါ ဆရာ/ဆရာမ တို့ခင်ဗျာ ဒီနေ့မှာတော့ ဆေးဝါးနှင့် သက်ဆိုင်သော သတင်းစကားလေး တစ်ခုလောက် ပါး ပါရစေခင်ဗျာအဲ့တာကတော့ P...
26/11/2025

👋 မင်္ဂလာပါ ဆရာ/ဆရာမ တို့ခင်ဗျာ
ဒီနေ့မှာတော့ ဆေးဝါးနှင့် သက်ဆိုင်သော သတင်းစကားလေး တစ်ခုလောက် ပါး ပါရစေခင်ဗျာ

အဲ့တာကတော့ Penicillin V (သောက်ဆေး) လေးရဲ့ အားသာချက် အကြောင်း နည်းနည်းလောက် ပြောပြချင်လို့ပါ 🤩

Penicillin G ကို ပေးတုန်းကဆိုရင် ကျွန်တော်တို့ အမြဲ စိုးရိမ်ခဲ့ရတာက သူက အစာအိမ်ထဲက အက်စစ်ဒဏ်ကို မခံနိုင်ဘူးလေနော် 😥။ အဲဒီတော့ ဆေးအာနိသင်တွေ အများကြီး လမ်းမှာ ဆုံးရှုံးသွားပြီး Bioavailability နည်းခဲ့လို့ ထိုးဆေးပဲ ပိုအားကိုးခဲ့ရတာပါ🧪🛡️။

👉 ဒါပေမဲ့ Penicillin V (Phenoxymethylpenicillin) ကိုတော့ Acid-Stable ဖြစ်အောင် ဓာတုဗေဒနည်းနဲ့ ပြုပြင်ထားတာကြောင့် သူ့မှာ ထူးခြားတဲ့ ခံနိုင်ရည်ရှိပါတယ်။ သူက အစာအိမ်ထဲက အက်စစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရုံသာမက အူသိမ်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး စုပ်ယူမှု (Absorption) ကောင်းကောင်းရနိုင်ပါတယ်။

🌈 ဒီလို High Oral Absorption ကြောင့်ပဲ ကျွန်တော်တို့ဟာ လူနာကို ထိုးဆေးနဲ့ မကုဘဲ သောက်ဆေးနဲ့တင် ထိရောက်ပြီး စိတ်ချရတဲ့ ကုသမှု ကို ပေးနိုင်တာပါ။ လူနာသက်သာစေပြီး အထူးသဖြင့် Outpatient Management အတွက် များစွာ အထောက်အကူပြုပါတယ်😊။

📌 PenLiv နဲ့ ပတ်သက်ပြီး Dosage တွေ ဒါမှမဟုတ် အသေးစိတ် Clinical Data တွေနဲ့ ပတ်သက်ပြီး သိလိုသည်များကို comment မှာမေးမြန်းနိုင်ပါတယ်နော်🤗💬✨။








✨ အားလုံးပဲ မင်္ဂလာပါခင်ဗျာ...BurmeLiv ကို သုံးစွဲနေတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေအတွက် အမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းလေးတွ...
25/11/2025

✨ အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

BurmeLiv ကို သုံးစွဲနေတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေအတွက် အမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းလေးတွေကို ကျွန်တော်တို့ ဒီမှာ စုစည်းပြီး ရှင်းပြပေးလိုက်ပါတယ်နော်👇😊

၁။ BurmeLiv သောက်ပြီးရင် အိပ်ငိုက်တတ်လား?😴
ဖြေ: ဒီမေးခွန်းကတော့ အမေးရဆုံးပဲပေါ့နော်။ ဟုတ်ကဲ့၊ BurmeLiv မှာပါတဲ့ Chlorphenamine ဟာ လူတချို့မှာ အိပ်ငိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်😪။ ဒါကြောင့် ကားမောင်းရမယ့်သူတွေ၊ စက်ပစ္စည်းတွေ ကိုင်တွယ်ရမယ့်သူတွေဆိုရင် သတိထားပြီး သောက်သင့်ပါတယ်။ 🚗

၂။ ဒီဆေးကို ဘာအတွက် သောက်ရတာလဲ?🤔
ဖြေ: BurmeLiv ဟာ ဓာတ်မတည့်မှု (Allergies) ဖြစ်တဲ့အခါမှာ သုံးတဲ့ ဆေးတစ်မျိုးပါပဲ🌼။ နှာရည်ယိုတာ၊ နှာချေတာ၊ ကိုယ်ယားတာ၊ မျက်လုံးထဲက ရေယိုတာ၊ နှာခေါင်းယားတာ စတဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက် အဓိက သောက်သုံးရတာပါ။

၃။ ကလေးတွေကိုရော တိုက်လို့ရလား?👶🧒
ဖြေ: ဟုတ်ကဲ့၊ BurmeLiv ကို ကလေးတွေအတွက် သင့်တော်တဲ့ ပမာဏနဲ့ တိုက်လို့ရပါတယ်။ ဒါပေမဲ့ အရေးကြီးတာကတော့ ကလေးကို မတိုက်ခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်များနဲ့ သေချာ တိုင်ပင်ပြီး ကလေးရဲ့ အသက်နဲ့ ကိုက်ညီတဲ့ ဆေးပမာဏကိုပဲ တိတိကျကျ တိုက်ဖို့ကိုလည်း မမေ့ပါနဲ့နော်။👩‍⚕️👨‍⚕️

၄။ အရက်နဲ့ တွဲသောက်လို့ရော အဆင်ပြေမလား?🍷🚫
ဖြေ: ➡️တွဲမသောက်တာ အကောင်းဆုံးပါပဲနော်။ BurmeLiv က အိပ်ငိုက်စေနိုင်တဲ့အတွက် အရက်နဲ့ တွဲလိုက်ရင် အိပ်ငိုက်တဲ့ အာနိသင်က ပိုပြင်းထန်လာပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်လာနိုင်လို့ပါ။

❓ တခြား သိချင်တာတွေ၊ မေးချင်တာတွေ ရှိသေးရင်တော့ comment မှာ မေးခဲ့လို့ ရပါတယ်နော်💬😊💛








✨ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ....ကျွန်တော်တို့ Win Yadanar Bon အနေနဲ့ Cexone လို အရေးကြီးတဲ့ ဆေးကို ဖြန့်ချိတဲ့နေရာမှာ ဘယ...
24/11/2025

✨ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ....
ကျွန်တော်တို့ Win Yadanar Bon အနေနဲ့ Cexone လို အရေးကြီးတဲ့ ဆေးကို ဖြန့်ချိတဲ့နေရာမှာ ဘယ်လို စိတ်ချရအောင် လုပ်ဆောင်ထားလဲဆိုတာ ပြောပြချင်ပါတယ်။

🏥 ကျွန်တော်တို့ Win Yadanar Bon Co.,Ltd. ဟာ ဝယ်ယူသူများရဲ့ လက်ထဲကို Cexone Injection ကဲ့သို့သော ထိုးဆေးများ မရောက်ရှိမီမှာ အရည်အသွေးကို စံနှုန်းများနှင့် အညီဖြစ်အောင် အထူးဂရုစိုက်ပါတယ်။
🌡️ ဆေးဝါးထိန်းသိမ်းရေးဆိုင်ရာ GDP/GSP စံနှုန်းတွေအတိုင်း သတ်မှတ်ထားတဲ့ အပူချိန်နဲ့ သိုလှောင်မှု အခြေအနေတွေကို တစ်သမတ်တည်း တိကျစွာ လိုက်နာ ပြီး စနစ်တကျ ထိန်းသိမ်းပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ဆေးခန်းတွေဆီ မပို့ဆောင်ခင်မှာလည်း ထိုးဆေးတွေရဲ့ အရည်အသွေး၊ ထုပ်ပိုးမှုနဲ့ သက်တမ်းကို စေ့စေ့စပ်စပ် စစ်ဆေး ပြီးမှ ဖြန့်ဖြူးပေးတာဖြစ်လို့ စိတ်ချရပါတယ်။ 📦

🚚 Cexone Injection ကို တစ်နိုင်ငံလုံး အနှံ့အပြားက လိုအပ်တဲ့ နေရာတွေဆီကို အမြန်ဆုံး၊ အလုံခြုံဆုံး ရောက်ရှိစေဖို့ ကျွန်တော်တို့ရဲ့ ဖြန့်ချိရေး ကွန်ရက်ကို တာဝန်ယူမှု အပြည့်နဲ့ စီမံထားပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် ဆေးအရည်အသွေး မပျက်စီးဘဲ ရောက်ရှိဖို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ...😊💊✨

📞 Cexone Injection များကို အရည်အသွေး အာမခံချက် အပြည့်ဖြင့် ရယူလိုပါက ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်။







အားလုံးပဲ မင်္ဂလာပါခင်ဗျာ…ဒီနေ့မှာတော့ ကိုယ့်ရဲ့ချစ်ရတဲ့ မိဘ၊ ဘိုးဘွားတွေ အသက်အရွယ်ရလာတာနဲ့အမျှ မဖြစ်မနေလိုအပ်တဲ့ Folic ...
23/11/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
ဒီနေ့မှာတော့ ကိုယ့်ရဲ့ချစ်ရတဲ့ မိဘ၊ ဘိုးဘွားတွေ အသက်အရွယ်ရလာတာနဲ့အမျှ မဖြစ်မနေလိုအပ်တဲ့ Folic Acid (ဗီတာမင် B9) ရဲ့ အရေးကြီးပုံကို ပြောပြပေးချင်ပါတယ်။

ကျွန်တော်တို့ အသက်ရလာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ စုပ်ယူမှုစနစ်တွေက အရင်လို အားမကောင်းတော့ပါဘူးနော်။ ဒါကြောင့် Folic Acid လိုမျိုး အရေးကြီးတဲ့ အာဟာရဓာတ်တွေ ချို့တဲ့မှုများလာပါတယ်။
Folic Acid က သွေးနီဥတွေ ကောင်းကောင်းထုတ်လုပ်ဖို့ အရေးကြီးလို့ သူသာနည်းသွားရင် သွေးအားနည်းတာ ဖြစ်ပြီး မောပန်းတာ၊ အားအင်မရှိတာတွေ၊ ပြီးတော့ Folic Acid ဟာ ဦးနှောက်ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးတာမို့ ချို့တဲ့ရင် မှတ်ဉာဏ်တွေ လျော့လာတာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ RV Folic ဟာ ချစ်ရတဲ့ မိဘဘိုးဘွားတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ထုတ်လုပ်ထားပါတယ်။
RV Folic မှာ ပါဝင်တဲ့ Folic Acid က သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့ သွေးအားကောင်းစေဖို့နဲ့ ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးဖို့ အဓိက အကျိုးပြုပါတယ်။

မိမိချစ်ရတဲ့သူတွေရဲ့ သွေးအားမနည်းစေဖို့၊ မှတ်ဉာဏ်မလျော့စေဖို့ RV Folic ကို သတိရလိုက်ပါ။

⚠️ မည်သည့်ဆေးဝါးကိုမဆို မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်တင့်သော ပမာဏကို စနစ်တကျ သောက်သုံးဖို့ အကြံပြုအပ်ပါတယ်ခင်ဗျာ...
ကျန်းမာရေးအသိပညာကောင်းလေးမို့ ကိုယ်ချစ်ရတဲ့သူတွေကို မျှဝေပေးလိုက်ကြရအောင်နော်! ❤️







👀 မျက်လုံးတွေ မှုန်ဝါးပြီး အမြင်မကြည်မလင် ဖြစ်နေတာလား? ဒါမှမဟုတ် စားလိုက်တိုင်း လျှာကွဲ၊ ပါးစပ်နာတွေ ခဏခဏ ဖြစ်နေလို့ စိတ...
22/11/2025

👀 မျက်လုံးတွေ မှုန်ဝါးပြီး အမြင်မကြည်မလင် ဖြစ်နေတာလား? ဒါမှမဟုတ် စားလိုက်တိုင်း လျှာကွဲ၊ ပါးစပ်နာတွေ ခဏခဏ ဖြစ်နေလို့ စိတ်ညစ်နေရပြီလား?😣

📱 အခုခေတ်မှာ ဖုန်းကြည့်တာ များတော့ မျက်လုံးက မကြာခဏ ညောင်းညာနေတတ်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့ မကြာခဏ ကြုံတွေ့ရတတ်ပြီး 🔸 ဗီတာမင် B2 (Riboflavin) ချို့တဲ့တာကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေပါ။

🍀 ဒီလို ခံတွင်းနဲ့ မျက်လုံးကျန်းမာရေး ပြဿနာတွေကို ထိရောက်စွာ ကာကွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက် RiboLiv ကို သတိရလိုက်ပါ။

👉 RiboLiv ဟာ သင့်ရဲ့ နေ့စဉ် ဗီတာမင် B2 လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ အထူးထုတ်လုပ်ထားတာပါ။

✨ RiboLiv မှာပါဝင်တဲ့ ဗီတာမင် B2 (Riboflavin) ဟာ သင့်ရဲ့ နေ့စဉ် ဗီတာမင် လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးပြီး အမြင်အာရုံကို ကြည်လင်စေရုံသာမက ခံတွင်းအနာတွေ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။

👁️✨ အမြင်အာရုံရော၊ ခံတွင်းကျန်းမာရေးပါ တစ်ပြိုင်နက် ကောင်းမွန်စေဖို့အတွက် RiboLiv ကိုပဲ ရွေးချယ်လိုက်ပါ!

🌿 RiboLiv ဖြင့် နေ့စဉ်ကျန်းမာရေးကို ဂရုစိုက်ပါ။








😣သွားကိုက်လို့ စားရသောက်ရခက်တာ၊ ညဘက်အိပ်မပျော်တာမျိုးတွေ ဖြစ်ဖူးလား? 🦷"အခုလို သွားနာတာ၊ သွားဖုံးတွေ ရောင်လာတာမျိုးဖြစ်လိ...
21/11/2025

😣သွားကိုက်လို့ စားရသောက်ရခက်တာ၊ ညဘက်အိပ်မပျော်တာမျိုးတွေ ဖြစ်ဖူးလား?

🦷"အခုလို သွားနာတာ၊ သွားဖုံးတွေ ရောင်လာတာမျိုးဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် သတင်းကောင်းလေးပါ။ တကယ်လို့ သွားဖုံးပိုးဝင်တာ၊ သွားအမြစ်ပိုးဝင်တာလိုမျိုး သွားနဲ့ခံတွင်း ပိုးဝင်တဲ့ ပြဿနာ (Dental Infections) တွေ ဖြစ်လာပြီဆိုရင် ဆရာဝန်တွေက Penicillin V ကို သုံးပြီး ကုသပေးလေ့ရှိပါတယ်။

✨ PenLiv Tablet ထဲမှာပါတဲ့ Penicillin V ဆိုတာ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်တဲ့ ဆေးဖြစ်တဲ့အတွက် ပိုးကြောင့်ဖြစ်တဲ့ နာကျင်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်🛡️။ သင့်ရဲ့ သွားနဲ့ခံတွင်း ပိုးဝင်မှုတွေကို ထိန်းချုပ်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ PenLiv ကို သတိရလိုက်ပါ!😊

⚠️ ဒါပေမဲ့ အရေးကြီးတာလေးတစ်ခုကတော့ PenLiv Tablet ကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ သုံးစွဲရမှာပါနော်။ ကိုယ့်သဘောနဲ့ သောက်တာ၊ ဆေးပမာဏကို လျှော့သောက်တာမျိုး မလုပ်မိဖို့ ဂရုစိုက်ပါလို့ အကြုံပြုပါရစေနော်....🙏

📞မှန်ကန်တဲ့ ကုသမှုနည်းလမ်းရရှိဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ချလက်ချ ပြုံးနိုင်ဖို့ ကြိုးစားလိုက်ပါ✨

😁 နာကျင်မှုကို အဆုံးသတ်ပြီး ပြန်လည်ပြုံးနိုင်ဖို့ PenLiv ရှိပါတယ်









Address

73 Road 114 St & 115 St Between, Pyigyitagon Township

05051

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 05:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959403747806

Website

Alerts

Be the first to know and let us send you an email when Win Yadanar Bon Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram