ဖြိုးဆေးခန်း ဝါးခယ်မမြို့

  • Home
  • Myanmar
  • Wakema
  • ဖြိုးဆေးခန်း ဝါးခယ်မမြို့

ဖြိုးဆေးခန်း ဝါးခယ်မမြို့ ကျန်းမာပြည့်ဖြိုး စိတ်ရွှင်လမ်းဖို့
" ဖြိုးဆေးခန်း " သာ လှမ်းခဲ့ဗျို့ !!

2ရက် Dec.2023 (စနေနေ့) တွင်ဖြိုး ဆေးခန်း၌အထွေထွေရောဂါ အထူးကုသမားတော်Dr ထူးထူးမြတ်သားဖွားမီးယပ် (OG) အထူးကုDr ကေသီတို့ လာ...
30/11/2023

2ရက် Dec.2023 (စနေနေ့) တွင်

ဖြိုး ဆေးခန်း၌

အထွေထွေရောဂါ အထူးကုသမားတော်
Dr ထူးထူးမြတ်

သားဖွားမီးယပ် (OG) အထူးကု
Dr ကေသီ

တို့ လာရောက် စမ်းသပ်ကြည့်ရှုပေးမည် ဖြစ်ပါသည်။

အပါတ်စဉ် စနေနေ့တိုင်း အာထရာဆောင်း ရိုက်နိုငိပါသည်။

ကြိုတင်စာရင်းပေးရန်
09 250007711

ဝါးခယ်မမြို့ ကမ်းနားလမ်း ”ဖြိုး”အထူးကုဆေးခန်းတွင် အပတ်စဉ် စနေနေ့တိုင်း လာရောက်ကြည့်ရှုကုသပေးမည့် ဆရာဝန်ကြီးများမှာ ၁ ။ အ...
22/12/2022

ဝါးခယ်မမြို့ ကမ်းနားလမ်း ”ဖြိုး”အထူးကုဆေးခန်းတွင်
အပတ်စဉ် စနေနေ့တိုင်း လာရောက်ကြည့်ရှုကုသပေးမည့် ဆရာဝန်ကြီးများမှာ

၁ ။ အာထရာဆောင်းနှင့် ဓာတ်မှန်အထူးကု
ဆရာဝန်ကြီး Dr လှသဥ္ဇာ

၂ ။ ဆီးချိုသွေးတိုး နှလုံး ကျောက်ကပ် အသည်း
လေငန်းရောဂါနှင့် အခြားသော အထွေထွေရောဂါများအတွက်
အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး Dr ဝေယံကို

၃ ။ကိုယ်ဝန်ဆောင်များမေမေများ ၊ ဗိုက်မအပ်ရသေးသူများ ၊သားသား မီးမီး လိုချင်သူများ
ဗိုက်တွင် အသားလုံး ရေအိတ် အလုံးအကျိတ်ရှိသော လူနာများ ၊ ရာသီသွေးမမှန်သော အမျိုးသမီးများ ၊ ဆီးမထိန်းနိုင်သော လူနာများ နှင့် မီးယပ်ဝေဒနာ အမျိုးမျိုးခံစားနေရသူများအတွက် သားဖွားမီးယပ် (OG)
အထူးကု ဆရာဝန်ကြီး Dr ကေသီ

တို့မှ နံနက် ၈နာရီမှ နေ့လည် ၁၂ နာရီ အထိ
လာရောက်ကြည့်ရှုကုသပေးသွားမည် ဖြစ်ပါသည်။

Jhpiego နှင့် PHYO specialist clinic တို့၏ ပူးပေါင်းကူညီမှုဖြင့် ကိုယ်ဝန်ဆောင်မေမေများကို
သွေးစစ်ခြင်း အာထရာဆောင်းရိုက်ကူးနှင့် သားဖွားမီးယပ်အထူးကုနှင့် ပြသခြင်းများအတွက် စားရိတ်မျှပေး အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

MMA တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် ဖြင့်
PHYO specialist clinic တွင်
တီဘီရောဂါရှိမရှိ အခမဲ့ဓာတ်မှန်ရိုက်ကူး စစ်ဆေးပေးခြင်း လိုအပ်ပါက တီဘီဆေးအခမဲ့ထုတ်ပေးခြင်း
ကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်
ဖြိုး ဆေးခန်း
09250007711
09440007711

ရေနဲ့မီးဆေးခန်းရှေ့ကနေ့စဥ် အလှူလေး 😊
30/10/2022

ရေနဲ့မီး

ဆေးခန်းရှေ့က

နေ့စဥ် အလှူလေး 😊

ဘာတွေ ဘယ်လိုပဲ စျေးတက်တက်"ဖြိုး"  ဆေးခန်းမှာ Digital X-Ray (တစ်ချပ်)လျှင် (၉၅၀၀) ကျပ် ဖြင့် လုံးဝ စျေးမတက်ဘဲရိုက်နိုင်ပါ...
30/08/2022

ဘာတွေ ဘယ်လိုပဲ စျေးတက်တက်
"ဖြိုး" ဆေးခန်းမှာ Digital X-Ray (တစ်ချပ်)

လျှင် (၉၅၀၀) ကျပ် ဖြင့် လုံးဝ စျေးမတက်ဘဲ

ရိုက်နိုင်ပါတယ်နော်...

25/08/2022

ဆီးချိုရောဂါနှင့် Hba1c.................................☘️

မေး။ ။ ဆီးချိုရောဂါရှိသူတွေ
စစ် ဆေးရလေ့ရှိတဲ့
Hba1c ဆိုတာ
ဘာကိုခေါ်တာပါလဲ ဆရာ။

ဖြေ။ ။ Hba1c ဆိုတာ
ဟေမိုဂလိုဘင် A1c ကို
ဆိုလိုတာဖြစ်ပြီး
သွေးတွင်း သကြားဓာတ်
အားလုံးကို ရက် ၉၀ (သုံးလ)
နဲ့ စားပြီး ပျမ်းမျှယူတာပဲ
ဖြစ်ပါတယ်။

သုံးလကာလအတွင်း
သွေးတွင်းသကြားဓာတ်
ဘယ် လောက်ရှိသလဲ
ဆိုတာကို ပျမ်းမျှ
တွက်ချက်တာပဲ ဖြစ်ပါတယ်။

သွေးတွင်း သကြားဓာတ်
ထိန်းတာကောင်း၊ မကောင်း
တိုင်း တာတဲ့ စနစ်ဖြစ်ပါတယ်။

မေး။ ။ Hba1c ကို
ဘယ်လောက် တစ်ကြိမ်
စစ်ဆေးရပါသလဲ ဆရာ။

ဖြေ။ ။ သုံးလတစ်ခါ
ပျမ်းမျှ စစ်ဆေးရပါတယ်။

ဒီသုံးလအတွင်းမှာ
သွေးတွင်း သကြားဓာတ်
မြင့်တက်နေခဲ့ရင် Hba1c
ရာခိုင်နှုန်းလည်းများမှာ
ဖြစ်ပါတယ်။

မေး။ ။ Hba1c က
ဆီးချိုရောဂါရှင်တွေအတွက်
အ ရေးကြီးပါသလား ဆရာ။

ဖြေ။ ။ Hba1c က
အရေးကြီးပါတယ်။
နှစ်နေရာမှာ သုံးပါတယ်။

(၁) သုံးလအတွင်း ဆီးချိုကို
ထိန်း ချုပ်နိုင်စွမ်းအား ကောင်း၊
မကောင်း တိုင်းတာနိုင်ပါတယ်။

ဆီးချိုရော ဂါရှိသူတွေမှာ
Hba1c စစ်လို့
အကြမ်းဖျင်းအားဖြင့်
၇ အောက် ရောက်တယ်ဆိုရင်
ကောင်း ပါတယ်။

(၂) အခုနောက်ပိုင်းမှာ
Hba1c ကို ရောဂါရှာဖွေရေး
အတွက်ပါ သုံးလာကြပါတယ်။

အကြမ်းဖျင်းအားဖြင့်
Hba1c က ၆ ဒသမ ၅
ကျော်ရင် ဆီးချိုရောဂါ
ရှိတယ်လို့ သတ်မှတ်ပါတယ်။

မေး။ ။ ဆီးချိုရောဂါ
ရှိသူတွေဟာ Hba1c ကို
အမြဲတမ်း စစ်နေဖို့
လိုပါသလား ဆရာ။

ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေ
အနေနဲ့ မိမိရဲ့ သွေးတွင်း
သကြားဓာတ်အတိုင်းအတာကို
သိနိုင်ဖို့ Hba1c ကို
၃ လတစ်ကြိမ်
စစ်ဖို့လိုအပ်ပါတယ်။

ဒါဆိုရင် သုံးလအတွင်း
ဆီးချိုထိန်းချုပ်မှု
ကောင်း၊ မကောင်း
သိနိုင်ပါတယ်။

တကယ်လို့ ဆီးချို
ထိန်းချုပ်နိုင်စွမ်းအားက
သိပ်ကောင်းနေပြီဆိုရင်တော့
ခြောက် လတစ်ခါစစ်ဖို့
လို အပ်ပါတယ်။

အနည်းဆုံးတော့
တစ်နှစ်တစ်ကြိမ်
စစ်ရပါမယ်။

တကယ် ဆီးချိုရောဂါ
ဖြစ်တာလား၊
စိတ်ဖိစီးမှုကြောင့်
ဆီးချိုခဏ
တကျနတောလားဆိုတာ
ဆေးရုံမှာ ခွဲရခက်ပါတယ်။

နဂိုက ဆီးချိုလက္ခဏာ
တစ်ခုမှ မရှိခဲ့ဘူး၊
ဒါပေမဲ့ သွေးဖောက်စစ်
လိုက်တော့လည်း
သွေးတွင်း သကြားဓာတ်က
မြင့်တက်နေတယ်၊
ဒီလို လူနာတွေမှာ
Hba1c ကို ဖောက်စစ်
လိုက်ရပါတယ်။

လွန်ခဲ့တဲ့ သုံးလက
ဆီးချိုကို ပြတာဆိုတော့
Hba1c om positive
ဖြစ်နေရင် နဂိုကတည်းက
ဆီး ချိုရောဂါ ရှိနေတာကို
မသိလို့ဖြစ်ပါတယ် . . .

မေး။ ။ ဆီးချိုသွေးချိုရောဂါ
ထိန်း ချုပ်မှု ကောင်း၊မကောင်း
သိအောင် စစ်ဆေးနိုင်တဲ့
နည်းလမ်း ဘယ်နှမျိုး
ရှိပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုသွေးချိုရောဂါ
ထိန်း ချုပ်မှုကောင်း၊
မကောင်းသိနိုင်တဲ့
နည်းလမ်းနှစ်မျိုးရှိပါတယ်။

(၁) SMBG (Self
Monitoring BloodGlucose)
လို့ ခေါ်တဲ့
ကိုယ့်အိမ်မှာကိုယ်
စက်လေးနဲ့
စစ်တာ ဖြစ်ပါတယ်။

အိမ်မှာစစ်တဲ့အခါ
Fasting က ၉၀ နဲ့ ၁၃၀
ကြားမှာ ရှိရပါမယ်။

အစာစားပြီး နှစ်နာရီမှာ
စစ်ရင် ၁၄၀နဲ့ ၁၈၀ ကြား
ရှိရပါမယ်။

ဘယ်အချိန် စစ်စစ် (Random)
က ၂၀ဝ ရှိရပါမယ်။

ဒါကတော့ ပုံသေ မရှိပါဘူး။
အမျိုးအစား (၁) ဆီးချိုရောဂါ
ဆို ရင် တစ်နေ့သုံးကြိမ်လောက်
စစ်ရပါတယ်။

အမျိုးအ စား (၂) ဆီးချိုရောဂါ
ဆိုရင် ထိန်းချုပ်မှု ကောင်းရင်
ကောင်း သလို၊ မကောင်းရင်
မကောင်းသလို စစ်ရပါတယ်။

ထိန်းချုပ်မှု ကောင်းနေရင်
သုံးရက်နေမှ တစ်ခါစစ်လည်း
ရပေမယ့် ထိန်းချုပ်မှု
မကောင်းရင်တော့
နေ့တိုင်း စစ်ဖို့ လိုပါတယ်။

ဒီစစ်နည်း သုံးမျိုးထဲမှာ
Fasting ကို ဦးစားပေးပြီး
စစ်ဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့
ဆီးချိုသွေးချိုအတိုင်းအတာက
တစ် နေ့တည်းမှာပင်
အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
ဒါကြောင့် ပျမ်းမျှ
အတိုင်းအတာကို
အဓိကယူပါတယ်။

(၂) Hba1c စစ်နည်းဖြစ်ပါတယ်။

အကြမ်းအားဖြင့်
ဒီစစ်နည်းအားလုံးနဲ့
စစ်လို့ အတိုင်းအတာအတွင်း
ရှိနေမှသာ ဆီးချို ထိန်းချုပ်
နိုင်စွမ်းအား ကောင်းတယ်လို့
သတ် မှတ်ကြပါတယ်။

မေး။ ။ Hba1c စစ်ဆေးတဲ့အခါ
မှားနိုင်ပါသလား ဆရာ။

ဖြေ။ ။ Hba1c က
နည်းလမ်းအမျိုးမျိုးရှိပေမယ့်
အခုတော့ စံချိန်စံညွှန်းနဲ့
ကိုက်ညီတဲ့ စနစ်ကိုပဲ
သုံးရမယ်လို့
သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာစံချိန်စံညွန်းနဲ့
အညီ စစ်ဆေးတဲ့
ဓာတ်ခွဲခန်းတွေရှိပါတယ်။

အဲဒီ လိုစံချိန်စံညွှန်းနဲ့
မညီတဲ့စနစ်ကို သုံးပြီး
စစ်ရင်တော့ Hba1c က
မှားနိုင်ပါတယ်။

မေး။ ။ Hba1c စစ်တဲ့အခါ
Fasting (ခဏတာ အစာဖြတ်ခြင်း)
လုပ် ဖို့ လိုပါသလား ဆရာ။

ဖြေ။ ။ မလိုပါဘူး။
ရိုးရိုး သွေးဖောက်စစ်ဆေးတာပဲ
ဖြစ်ပါတယ်။

မေး။ ။ Hba1c တခြား
အကြောင်းတွေကြောင့်
ပြောင်း လဲသွား
နိုင်ပါသလား ဆရာ။

ဖြေ။ ။ Hba1c တခြား
အကြောင်းတွေကြောင့်
ပြောင်းလဲသွားနိုင်ပါတယ်။

ဥပမာ ဆိုပါစို့၊ သွေးအားနည်းတဲ့
ရော ဂါတွေမှာဆိုရင် Hba1c က
မှားနိုင်ပါတယ်။

မေး။ ။ Hba1c က
ဘယ်နေရာမှာ
အသုံးကွပါသလဲ ဆရာ။

ဖြေ။ ။ အဓိကကတော့
ဆီးချိုရောဂါထိန်းချုပ်ရာမှာ
အ သုံးပြုကြပါတယ်။

ပြီးတော့
ရောဂါရှာဖွေရေးမှာလည်း
အသုံးဝင်ပါတယ်။

တစ်ခါတလေ ဆရာတို့
ဆေးရုံတွေမှာ
စိတ်ဖိစီးမှုကြောင့်
သွေးတွင်းသကြား
ဓာတ်မြင့်တက်တဲ့
အခြေအနေ
(Stress Hypergl­y­caemia
ဖြစ်နေတဲ့
လူနာတွေကို
တွေ့ရတတ်တယ်။

တကယ်တော့ သူတို့မှာ
ဆီးချိုရောဂါက မရှိဘူး။

စိတ်ဖိစီးမှုအခြေအနေ
တစ်ခုခုကြောင့်
ဆီးချိုကခဏ
တက်နေတာဖြစ်တယ်။

တကယ်
ဆီးချိုရောဂါဖြစ်တာလား၊
စိတ်ဖိစီးမှုကြောင့်
ဆီးချိုခဏတက် နေတာလား
ဆိုတာ ဆေးရုံမှာခွဲရခက်ပါတယ်။

နဂိုက ဆီးချိုလက္ခဏာ
တစ်ခုမှမရှိခဲ့ဘူး၊
ဒါပေမဲ့ သွေး ဖောက်စစ်
လိုက်တော့လည်း
သွေးတွင်း သကြားဓာတ်က
မြင့်တက်နေတယ်၊

ဒီလို လူနာတွေမှာ Hba1c ကို
ဖောက်စစ်လိုက်ရပါတယ်။

လွန်ခဲ့တဲ့ သုံးလက ဆီးချိုကို
ပြတာဆိုတော့ Hba1c သာ
Positive ဖြစ်နေရင်
နဂိုကတည်းက
ဆီးချိုရောဂါရှိနေတာကို
မသိလို့ဖြစ်ပါတယ်။

Hba1c က Negative
ဖြစ်နေရင်
စိတ်ဖိစီးမှုကြောင့်
ဆီးချိုခဏတက်တဲ့
အခြေအနေ ဖြစ်နိုင်ပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတွေကို
ထပ် မံပညာပေးလိုတာ
ရှိရင်သိပါရစေဆရာ။

ဖြေ။ ။အဓိက အနေနဲ့
SMBG လည်း မှန်ရမယ်၊
Fasting လည်းမှန်ရမယ်၊
HbA1c လည်း မှန်ရမယ်၊
ဒီသုံးမျိုးစလုံး မှန်နေရင်တော့
အ ကောင်းဆုံးပါပဲ။

ဒါကြောင့်
HbA1c ကို စစ်ဆေးဖို့
လိုတယ်ဆိုတာ
ပြောကြားလိုပါတယ်။

.KoKo

Our Clinic Crew..
21/08/2022

Our Clinic Crew..

24/07/2022

PHYO clinic

28/06/2022

👌 နောက်ဆုံးပေါ် 👌
👉 ခေတ်မှီစက်သစ်ကြီးများဖြင့် 👈
📢 မိတ်ဆွေတို့၏ 🌿ကျန်းမာရေးကို
🎯 တိကျ .............✔️
👍 မှန်ကန် ............✔️
👍 လွယ်ကူ ..........✔️
👍 မြန်ဆန် ...........✔️
Digital Xray (ဓာတ်မှန်)/ Labs (ဓာတ်ခွဲ)
ဘယ်မှသွားစရာမလိုပဲ 😊😊
ကိုယ့်မြို့မှာကိုယ် အကုန်အကျသက်သာ
စစ်ဆေးနိင်ခြင်းဟာလည်း ...
🏅🏅 ဖြိုးဆေးခန်းက 🏅🏅
💞 " မိတ်ဆွေတို့အပေါ်ထားတဲ့ "💞
စေတနာတွေပါဗျာ .......
မိတ်ဆွေတို့ ကျန်းမာပြည့်ဖြိုး စိတ်ရွှင်လမ်းဖို့
" ဖြိုးဆေးခန်း " သာ လှမ်းခဲ့ဗျို့ 😊
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြိုးဆေးခန်း ဝါးခယ်မမြို့

🏩 အမှတ်( ၆ ) ၊ ကမ်းနားလမ်း ၊ ရေကျော်ရပ်ကွက် ၊ ဝါးခယ်မမြို့

☎️ဖုန်း ၀၉၄၄၀၀၀၇၇၁၁ ၊ ၀၉၂၅၀၀၀၇၇၁၁

🏩 ဆေးခန်းဖွင့်ချိန် 🏩

🕖 နေ့စဉ်နံနက် ( ၈:၀၀ ) နာရီ မှ နေ့လည် ( ၁၂:၃၀ ) နာရီ
🕔 ညနေ ( ၄:၃၀) နာရီ မှ ည ( ၇:၃၀ ) နာရီ အထိ

အပတ်စဉ် စနေနေ့‌တိုင်း
နံနက် ၈နာရီမှ နေ့လည် ၁နာရီ အထိ
အထွေထွေရောဂါ အထူးကုသမားတော်ကြီးနှင့်
အာထရာဆောင်းဓာတ်မှန် အထူးကု ဆရာ၀န်ကြီး
တို့ မှ လူနာများကို ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်း အာထရာဆောင်း ရိုက်ကူးရောဂါရှာဖွေခြင်းတို့
ပြုလုပ်ပေးမည် ဖြစ်ပါသည်။

ကျောင်းနေအရွယ် ကလေးများခြင်ကိုက်မခံရစေရန်ဂရုစိုက်ကြပါ
18/06/2022

ကျောင်းနေအရွယ် ကလေးများ
ခြင်ကိုက်မခံရစေရန်
ဂရုစိုက်ကြပါ

2022 ရာသီတုပ်ကွေး ကာကွယ်ဆေးတတိယ အသုတ် ရပါပြီဦးရာလူ စနစ်ပါ။
26/05/2022

2022 ရာသီတုပ်ကွေး ကာကွယ်ဆေး

တတိယ အသုတ် ရပါပြီ

ဦးရာလူ စနစ်ပါ။

တုပ်ကွေး တွေ ခပ်စိပ်စိပ် တွေ့လာရရာသီတုပ်ကွေး ဟု အများစု ထင်ရသွေလွန်တုပ်ကွေး နှင့် ကိုဗစ်ကိုလည်းမျက်ခြေ မပြတ်သင့်....
12/05/2022

တုပ်ကွေး တွေ ခပ်စိပ်စိပ် တွေ့လာရ

ရာသီတုပ်ကွေး ဟု အများစု ထင်ရ

သွေလွန်တုပ်ကွေး နှင့် ကိုဗစ်ကိုလည်း

မျက်ခြေ မပြတ်သင့်....

Address

Wakema
170304

Alerts

Be the first to know and let us send you an email when ဖြိုးဆေးခန်း ဝါးခယ်မမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဖြိုးဆေးခန်း ဝါးခယ်မမြို့:

Share

Category