Princess Eaint Local Brand

Princess Eaint Local Brand လုံခြုံမှုရပ်ဝန်းငယ်လေးမှကြိုဆိုပါတယ်

အခုလို Internet  ခေတ်မှာ Internet ကနေပညာဗဟုသုတွေ၊ကိုယ်စိတ်ဝင်စားတဲ့အ‌ကြောင်းအရာတွေရှာဖွေနိုင်သလိုတဖက်မှာလည်းဆယ်ကျော်သက်က...
04/03/2024

အခုလို Internet ခေတ်မှာ Internet ကနေပညာဗဟုသုတွေ၊ကိုယ်စိတ်ဝင်စားတဲ့အ‌ကြောင်းအရာတွေရှာဖွေနိုင်သလိုတဖက်မှာလည်းဆယ်ကျော်သက်ကလေးတွေမမြင်နိုင်တဲ့ချောက်ကမ်းပါးတွေရှိနေတတ်ပါတယ်။ဆယ်ကျော်သက်အရွယ်ဆိုတာအရာရာစူးစမ်းလေ့လာပြီးလက်တည့်စမ်းချင်တဲ့အရွယ် ဆိုတော့သူတို့ကဒီလိုချောက်ကမ်းပါးတွေကိုမမြင်နိုင်ပါဘူး။မိဘကline ပေါ်ကအန္တရယ်တွေအကြောင်းကိုသားသမီးတွေကိုသတိပေးထားသင့်ပါတယ်။မိန်းကလေးတွေဆိုရင်ပိုဆိုးပါတယ်သူတို့ကိုယ်သူတို့ကာကွယ်နိုင်ဖို့သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာသတိရှိဖို့သူတို့လေးတွေကိုသင်ကြားပေးရပါမယ်။ဆယ်ကျော်သက်အရွယ်ဆိုတာ ပြင်ပအာရုံတွေဆီကို ရောက်နေတဲ့အတွက်မိဘနဲ့ပြောဆိုဆက်ဆံမှုနည်းတတ်ပါတယ်။အဲ့လိုနည်းတဲ့အတွက်တခါတလေသူတို့အထီးကျန်နေချိန်မှာonline ပေါ်ကမတော်တဲ့သူတွေနဲ့တွေ့သွားနိုင်ပါတယ်။မိဘတွေအနေနဲ့အမြဲမဟုတ်တောင်ရံဖန်ရံခါတော့ဆယ်ကျော်သက်ကလေးတွေရဲ့ဖုန်းက်ုယူကြည့်သင့်ပါတယ်။ကလေးတွေသုံးဖို့မသင့်တော်တဲ့ app တွေ website တွေကိုမိဘတွေအနေနဲ့ထိန်းချုပ်ထားဖို့လိုပါတယ်။ကိုယ့်ရဲ့အဖိုးတန်သားသမီးရတနာလေးများ internet ရဲ့အန္တရယ်တွေကနေကွာကွယ်နိုင်ကြပါစေ လို့ဆန္ဒပြုရင်း
ချစ်တဲ့💗
ဖြူ🌸🍀🌸

02/03/2024

မိသားစု family time လေးတစ်ခုဖန်တီးပြီး နည်းပညာကင်းမဲ့ဇုန်လေးသတ်မှတ်ပေးပါ။ဆယ်ကျော်သက်ကလေး‌တွေကမိဘ‌တွေကိုစိတ်ကျေနပ်မှုပေးပါလိမ့်မယ်။

ဆယ်ကျော်သက်ကလေးတစ်ယောက်ဟာပျင်းလိုက်တာ၊ငြီးငွေ့လိုက်တာ၊ဘာမှလုပ်ချင်စိတ်ကိုမရှိဘူးလို့ပြောလာမိဘတွေအနေနဲ့ဘာပြန်ပြောရမလဲဆိုတ...
01/03/2024

ဆယ်ကျော်သက်ကလေးတစ်ယောက်ဟာပျင်းလိုက်တာ၊ငြီးငွေ့လိုက်တာ၊ဘာမှလုပ်ချင်စိတ်ကိုမရှိဘူးလို့ပြောလာမိဘတွေအနေနဲ့ဘာပြန်ပြောရမလဲဆိုတော့ "အေးကောင်းတာပေါ့သမီးရ အားရပါးရသာပျင်း၊အားရပါးရသာငြီးငွေ့လိုက်စမ်း" လို့ပြောလိုက်ပါ။ဖြူလည်းဒီအကြံပေးချက်ကိုစာအုပ်တစ်အုပ်ထဲမှာစတွေ့ဖူး‌တော့ဟုတ်ပါ့ ဟုတ်ပါ့မလားလို့ထင်မိတယ်။ဖြူ့ သမီးကပျင်းလိုက်တာဘာမှလုပ်ချင်စိတ်မရှိဘူးလို့ပြောလာတဲ့အခါဖြူလည်း "အေးကောင်းတာပေါ့သမီးရ အားရပါးရသာပျင်း၊အားရပါးရသာငြီးငွေ့လိုက်စမ်း" လို့တည်တည်တန့်တန့်ပဲပြောလိုက်တယ်။ဒီစကားကိုပြောတဲ့အခါတစ်ခုသတိထားရမှာကစကားကိုအတည်ပြောရမှာပါ။ဟာသမလုပ်ပြစ်ရပါ။သူတို့ကိုရွှဲ့ပြောတယ်လို့ထင်လာအောင်ခဏခဏမပြောရပါ။ဖြူသမီးကို ကောင်းတာပေါ့သမီးရဲ့ အားရပါးရသာပျင်းလိုက်စမ်း လို့ပဲပြောလိုက်တာ ။အဲ့ဒီ့နောက်သူစဉ်းစားခန်းဝင်ပြီးသူလုပ်ရမယ့်အလုပ်တွေကိုပျင်းမနေဘဲလုပ်လာနိုင်တယ်။သူတို့လေးတွေကိုနဲနဲပြောပြီး များများစဉ်းစားခိုင်းတာကပိုထိရောက်တယ်။သူတို့အမှားကိုလည်းသူတို့ပိုမြင်နိုင်တယ်။အမြင်မတော်တိုင်းတဗျစ်တောက်တောက်ပြောနေရင်တော့ကိုယ့်ပြောစကားနားဝင်မှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်သူတို့လေးတွေကိုနဲနဲပြောပြီးများများစဉ်းစားခွင့်ပြုလိုက်ပါလေ🌸🍀🌸

29/02/2024

ဆယ်ကျော်သက်ကလေးတွေနဲ့နွေးထွေးမှုတည်ဆောက်ချင်ရင်သူတို့ရဲ့သဘောထားအမြင်တွေ၊ခံစားချက်တွေကိုစာနာ နားလည်ကြောင်းသူတို့သိအောင်ဖွင့်ပြောပါ

ကိုယ့်စကားကိုတချိန်လုံးနားထောင်လာတဲ့ကလေးတစ်ယောက်ဟာအသက်၁၂နှစ်ထဲဝင်လာချိန်မှာမိဘကအကောင်းပြောလည်းသူတို့ကအကောင်းပြန်မပြော၊နေ...
29/02/2024

ကိုယ့်စကားကိုတချိန်လုံးနားထောင်လာတဲ့ကလေးတစ်ယောက်ဟာအသက်၁၂နှစ်ထဲဝင်လာချိန်မှာမိဘကအကောင်းပြောလည်းသူတို့ကအကောင်းပြန်မပြော၊နေရာတကာဘုကလန့်တိုက်၊မိဘမကြိုက်တာတွေဘဲရွေးလုပ်နေတဲ့ဒီဆယ်ကျော်သက်အရွယ်ကိုဝင်လာချိန်မှာ မိဘတွေရဲ့ဦးနှောက်တို့သည်လည်းချာချာလည်သွားပါသည်။ငါပြောသမျှနားထောင်ခဲ့တဲ့ကလေးအခု‌ေတာ့ပြန်မ‌ေပြာနားမ‌ေထာင်နဲ့ဘုကန့်လန့်‌ေတွတိုက်‌ေနတာဘယ်လိုဖြစ်တာပါလိမ့် အံ့ဩထိတ်လန့်မှုနဲ့အတူ မုန်တိုင်းထန်သောနှစ်အပိုင်းအခြားသို့စတင်ဝင်ရောက်လာပါတယ်။ဒါဟာသူတို့အရွယ်ရဲ့သဘာဝပါ။ဒီအရွယ်မှာသူတို့ဟာမိဘကိုစကား‌ေကာင်း‌ေကာင်းမ‌ေပြာချင်ကြ‌ေတာ့ပါဘူး။ဒါကိုမိဘ‌ေတွနားလည်‌ေပးပါ။ဒီလိုမုန်တိုင်းဝင်နေတဲ့နှစ်ကာလတွေမှာသားသမီးနဲ့မိဘဆက်သွယ်မှုကောင်းမှသာနှစ်ဦးနှစ်ဘက်အဆင်ပြေမှာပါ။ကောင်းမွန်တဲ့ဆက်သွယ်မှုဆိုတာလေပေးဖြောင့်မှုကိုပြောတာပါ။ငယ်ငယ်တုန်းကလိုငေါက်ပြီးတော့အတင်းအကျပ်ခိုင်းလို့မရတော့ပါဘူး။မိဘနဲ့သားသမီးစကားပြောပြေပျစ်ပြီးစကားအသွားအလာကောင်းဖို့လိုပါတယ်။သူတို့ရဲ့အပြုအမူ‌ေကြာင့်မိဘကစကားမ‌ေပြာဘူးဆိုရင်မိဘနဲ့သားသမီးဆက်ဆံရေးဟာမပြေပြစ်တဲ့ဆက်ဆံရေး၊နွေးထွေးမှုမရှိတဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့်မိဘတွေအနေနဲ့ကောင်းမွန်တဲ့ဆက်သွယ်မှုကိုဖန်တီးနိုင်ပါစေလို့ဆန္ဒပြုရင်း ချစ်တဲ့
ဖြူ🌸🍀🌸

ဆယ်ကျော်သက်ကလေးတစ်ယောက်ဟာမိဘနဲ့စကားများပြီးတဲ့အချိန်ဟာသူတို့အမှားကိုသူတို့အမြင်နိုင်ဆုံးအချိန်နဲ့မိဘကိုအသနားဆံုးအချိန်ပါ...
28/02/2024

ဆယ်ကျော်သက်ကလေးတစ်ယောက်ဟာမိဘနဲ့စကားများပြီးတဲ့အချိန်ဟာသူတို့အမှားကိုသူတို့အမြင်နိုင်ဆုံးအချိန်နဲ့မိဘကိုအသနားဆံုးအချိန်ပါ။အဲ့ဒီ့အချိန်မှာသူတို့ကိုတွေ့တိုင်းအပြစ်ပြောနေတာလေးတွေကိုလျော့ပြီးသားသမီးနဲ့မိဘနွေးထွေးတဲ့ဆက်ဆံရေးကိုရှေးရှုပြီးသူ့ခံစားချက်တွေနားထောင်ပေးရင်းကိုယ့်ခံစားချက်တွေကိုလည်းဖွင့်ပြောရင်းနဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့အကောင်းဆုံးအချိန်ပါ။ဖြူဆယ်ကျော်သက်ကလေး‌ေတွနဲ့စကားပြောကြည့်တဲ့အခါမှာလည်းသူတို့အမေ၊အဖေတွေကိုပြန်အော်မိတဲ့အခါသူတို့စိတ်မကောင်းဖြစ်ပြီးသူတို့မိဘတွေကိုသနားနေတတ်ပါတယ်။ဒါကိုမိဘတွေကမသိဘဲသူတို့နဲ့တွေ့တိုင်းမိဘတွေကထပ်ငေါက်နေတဲ့အခါမှာသူတို့ရင်ထဲကအစစ်အမှန်ကိုမပြဘဲမိဘတွေကိုဆက်ပြီးတော့ကန့်လန့်တိုက်နေကြတော့တာပါပဲ့။အဲ့ဒါကြောင့်မိဘတွေအနေနဲ့သားသမီးတွေနဲ့စကားများပြီးရင်သူတို့ကိုထပ်မဆူပါနဲ့တော့သူတို့ရင်ထဲကတောင်းပန်သံတွေ၊ခံစားချက်တွေပွင့်အံလာအောင်အပြုံးလေးနဲ့ကမ်းလှမ်းလိုက်ပါလေ🌸🍀🌸

26/02/2024

"စိတ်ညစ်တယ် ဒုက္ခပါပဲ"လို့ဆယ်‌ကျော်သက်ကလေးတစ်ယောက်ဆီကခဏခဏကြားရတဲ့အချိန်ဟာမိဘတွေရဲ့အကူအညီကိုလိုအပ်နေတဲ့အချိန်ပါပဲ🌸🍀🌸

ဆယ်ကျော်သက်ကလေးတစ်ယောက်မိဘတွေနဲ့ရောအိမ်ကလူတွေနဲ့ရောအဆင်မပြေတော့ဘူး အရာအရာကိုစပ်စပ်ထိမခံဖြစ်နေပြီဆိုရင်ကလေးဟာဆယ်‌ေကျာ်သက်...
25/02/2024

ဆယ်ကျော်သက်ကလေးတစ်ယောက်မိဘတွေနဲ့ရောအိမ်ကလူတွေနဲ့ရောအဆင်မပြေတော့ဘူး အရာအရာကိုစပ်စပ်ထိမခံဖြစ်နေပြီဆိုရင်ကလေးဟာဆယ်‌ေကျာ်သက်အရွယ်စိတ်ကျရောဂါလက္ခဏာစနေပြီဖြစ်တဲ့အတွက်မိသားစုရဲ့နွေးထွေးမှုတွေ၊အား‌ပေးကူညီမှုတွေ၊သူတို့လေးတွေနဲ့စကားပြောပေးပြီးသူတို့ရင်ထဲကခံစားချက်တွေကိုစာနာပေးခြင်းတွေလိုအပ်ပါတယ်။အဲ့လိုသူတို့အရာရာအဆင်မပြေသလိုဖြစ်နေရင်သူတို့ကမိဘတွေရဲ့အကူအညီကိုသူတို့စိတ်ထဲကတမ်းတနေတတ်ပါတယ်။သူတို့ကမေ့မေ့ရဲ့အကူအညီလိုအပ်နေတယ်လို့ဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူး။ဒီအရွယ်လေးတွေဟာအကျောတင်းတင်းနဲ့မာနလည်းထားတတ်တဲ့အရွယ်မို့သူတို့စိတ်ထဲကတောင်းတနေတဲ့မိဘရဲ့နွေးထွေးမှုတွေကိုထုတ်တောင်းမှာမဟုတ်ပါဘူး။ဖြူတို့ကအလိုက်တသိနဲ့ပေးရပါမယ်။အဲ့ဒါဆိုရင်ဆယ်ကျော်သက်အရွယ်ရဲ့စပ်စပ်ထိမခံ အိမ်ကလူအားလုံးနဲ့အဆင်မပြေဖြစ်နေတဲ့ကိစ္စတွေကိုသူတို့လေးတွေကျော်လွှားနိုင်မှာပါ။🌸🍀🌸

ဆယ်ကျော်သက်ကလေးတွေကိုဆုံးမတဲ့အခါသူတို့အပြုအမူတွေကောင်းလာစေဖို့ရည်ရွယ်ဦးတည်ပါသူတို့ရဲ့အပြောအဆို၊အပြုအမူကြောင့်ဒေါသထွက်ပြီ...
24/02/2024

ဆယ်ကျော်သက်ကလေးတွေကိုဆုံးမတဲ့အခါသူတို့အပြုအမူတွေကောင်းလာစေဖို့ရည်ရွယ်ဦးတည်ပါသူတို့ရဲ့အပြောအဆို၊အပြုအမူကြောင့်ဒေါသထွက်ပြီးကိုယ်ပြောဆိုနေတဲ့အကြောင်းအရာကိုမရောက်တော့ဘဲဒေါသဘက်ကိုဦးတည်မသွားဖို့မိဘတွေအနေနဲ့သတိလေးကပ်ပေးပါ။သူတို့ရဲ့အပြုအမူအပြောအဆိုလေးတွေဟာမိဘတွေဆုံးမနေတဲ့အခါမှာ
ဒေါသထွက်လာအောင်လုပ်တတ်တာဆယ်ကျော်သက်ကလေးမိဘတွေအချင်းချင်းသာနားလည်နိုင်မှာပါ။ဒါ့ကြောင့်ကလေးတွေကိုယ့်စကားနားထောင်စေချင်ရင်ကိုယ်ပြောဆိုဆုံးမနေတဲ့စကားလမ်းကြောင်းကိုသာပြီးပြတ်အောင်သွားပါ။သူတို့အပြုအမူကြောင့်လမ်းလွှဲပြီးဒေါသဘက်ကိုမရောက်အောင်ထိန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်း
ချစ်တဲ့ ဖြူ🌸🍀🌸

ဆယ်ကျော်သက်ကလေးတွေရဲ့စိတ်အတတ်အကျကိုဘယ်လိုထိန်းပေးရမလဲဆိုရင်သူတို့စိတ်တွေတတ်ပြီးTemboတွေအရမ်းမြင့်နေတဲ့အချိန်ဆိုမိဘနဲ့ဖြစ...
23/02/2024

ဆယ်ကျော်သက်ကလေးတွေရဲ့စိတ်အတတ်အကျကိုဘယ်လိုထိန်းပေးရမလဲဆိုရင်သူတို့စိတ်တွေတတ်ပြီးTemboတွေအရမ်းမြင့်နေတဲ့အချိန်ဆိုမိဘနဲ့ဖြစ်စေ၊သူငယ်ချင်းတွေနဲ့ဖြစ်စေတဟီးဟီးတဟားဟားနဲ့လည်းရယ်နိုင်သလို၊ပျော်ရွှင်ပြီးအရမ်းမြူးနေတဲ့ပုံစံတွေကိုမြင်နေရပြီဆိုရင်သူတို့စိတ်လေးအရမ်းတတ်နေတဲ့အချိန်ဖြစ်လို့ထိန်းပေးဖို့လိုပါတယ်။မိဘကဘေးကနေပြောပေးရပါမယ် ပျော်ရွှင်နေတဲ့စိတ်တွေအရမ်းမြင့်နေတဲ့အချိန်မှာ Temboကိုအရမ်းမမြင့်ရဘူး။ပျော်ရွှင်နေတဲ့စိတ်ကလေးငြိမ်ပြီးကြာကြာခံအောင်ဖြည်းဖြည်းချင်းပျော်ရတယ်လို‌ေပြာ‌ေပးပါ။အဲ့လိုပဲသူတို့စိတ်တွေကျလာတဲ့အချိန်Tembo နိမ့်နေတဲ့အချိန်မှာဆိုမိဘတွေမကြိုက်တာတွေကြည့်ရွေးလုပ်ပြီးမိဘတွေကသူတို့ကိုအော်အောင်လုပ်မယ်။မိဘတွေအော်ရင်သူတို့ကအော်မယ်။အဓိကသူတို့Temboနိမ့်နေတဲ့အချိန်မှာသူတို့ဟာပြသနာဖြစ်ချင်‌ေနတယ်။ပြသနာတွေဖြစ်အောင်လုပ်မယ်။မိဘကရှောင်နိုင်ရင်သူတို့ဘာသာသူတို့တစ်ယောက်ထဲစိတ်အလိုမကျဖြစ်ပြီးငိုနေမယ်။ဒါဆိုရင်သူစိတ်အကျဘက်ကိုရောက်နေပြီဆိုရင်မိဘကနားလည်ပေးပြီးသူတို့လေးတွေကိုဒီလိုလေးတွေပြောပေးပါ သမီးကအခုဟော်မုန်းအပြောင်းအလဲကြောင့်သမီးစိတ်တွေကဒီလိုအတတ်အကျတွေဖြစ်နေတာ
ပျော်တဲ့အခါလည်းလွတ်သွားအောင်မပျော်ဘဲဝမ်းနည်းတဲ့အခါ၊ဒေါ့သထွက်နေတဲ့အခါမှာလဲအရမ်းကြီးမတုန့်ပြန်ဘဲထိန်းဘို့ပြောပေးပါ။အဓိကကတော့ဟော်မုန်းအပြောင်းအလဲကြောင့်ဒီလိုအတတ်အကျတွေဖြစ်နေတယ်ဆိုတာကိုသူတို့လေးတွေသတိကပ်အောင်ပြောပေးနိုင်ရင် သူတို့ရဲ့စိတ်အတတ်အကျကိုသူတို့ထိန်းလာနိုင်မှာပါ။🌸🍀🌸

22/02/2024

ဆယ်ကျော်သက်အရွယ်တယောက်အတွက်သူငယ်ချင်းတွေဟာ ဘာ့ကြောင့်အရေးကြီးတဲ့လိုအပ်ချက်ဖြစ်နေတာလဲ🌸🍀🍀

22/02/2024

ဆယ်ကျော်သက်ကလေးတယောက်ရဲ့စိတ်အတတ်အကျကိုမိဘတွေအနေနဲ့ထိန်းပေးဖို့လိုပါတယ်🌸🍀🌸

Address

Main Road
Wundwin
05171

Telephone

+959778709260

Website

Alerts

Be the first to know and let us send you an email when Princess Eaint Local Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Princess Eaint Local Brand:

Share