Wuntho Medical Teleconsultation

Wuntho Medical Teleconsultation ���

18/08/2021

ကိုဗစ်ဖြစ်နေတုန်းမှာ ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ်ရောဂါ ပျောက်မသွားပါ။ ကာကွယ်ဆေးသည် ကိုဗစ်ပျောက်ဆေး မဟုတ်ပါ။

ဖျားနာနေမကောင်းဖြစ်နေတုန်းမှာ ကာကွယ်ဆေးမထိုးပါနဲ့။ အားနည်းနေချိန်မှာ ကာကွယ်ဆေးဒဏ်အရှိန် ပိုခံရနိုင်ပါတယ်။

ကိုဗစ်ဖြစ်နေရက်နဲ့ သွားထိုးရင် ကာကွယ်ဆေးလာထိုးသူတွေ ကိုဗစ်မဖြစ်သေးတဲ့သူတွေ ပိုးကူးကုန်ပါမယ်။ ၁၁-၁၄ ရက် သီးခြားနေထိုင်ပေးပါ။

ကိုဗစ်ဖြစ်ပြီးရင် သဘာဝကပေးတဲ့ ကိုယ်ခံအားထွက်လာလိမ့်မယ်။ ၃-၆ လလောက်ခံပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်တဲ့သူတွေ ချက်ချင်းကာကွယ်ဆေးထိုးဖို့ မလိုအပ်ပါဘူး။ ရက် ၉၀ ပြည့်လို့ နေကောင်းပြီဆိုမှ သွားထိုးပါ။

ကိုဗစ်ကာကွယ်ဆေး အများစုက ဆေးအပြည့်ထိုးပြီး ၂-၄ ပတ်ကျော်ကြာမှ ကာကွယ်မှုပေးနိုင်ပါတယ်။

MED INFO Myanmar

16/08/2021

#ကိုဗစ်ဖြစ်ပြီးတာလဲ_တစ်လကျော်ပြီ_နုံးနေတုန်းပဲ

👉 Post Covid လို့ပြောပြော
👉 Long Covid လို့ပြောပြော

Covid ဖြစ်ပြီး လက္ခဏာအများစု သက်သာသွားကြတဲ့ အထဲမှာ
- နုံးတာ၊ မလှုပ်ရှားချင်တာ၊
- ချောင်းခြောက်ဆိုးတာ ၊
- ရင်ပတ်အောင့်/ကျောအောင့်တာ၊
- ရင်တုန်တာ
- မတ်တပ်ရပ်ရင်မူးတာ စတာတွေ လနဲ့ချီပြီးကျန်နေတတ်ပါတယ်

အဲ့ဒီအထဲမှာမှ အဖြစ်အများဆုံးက Fatigue (နုံးတာပါ)
🤭 covid လူနာတွေရဲ့ ၈၇ ရာခိုင်နှုန်း ထိခံစားကြရတယ် ဆိုတော့ တော်တော်ကိုများတဲ့ ပမာဏပါပဲ။

နုံးတယ် ဆိုတာ မခံစားတတ်ဘူး ဆိုရင်

- နည်းနည်းလေးလှုပ်တာနဲ့ပင်ပန်းနေတယ်
- အချိန်ကြာကြာ မတ်တပ်မရပ်နိုင်ဘူး
- ကြာကြာရပ် ရင် ၊ ရုတ်တရက် ထလိုက်ရင် မူးတယ်၊ မျက်စိပြာတယ်
- အာရုံသိပ်မစိုက်နိုင်ဘူး၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုနည်းတယ်
- တစ်ချိန်လုံးအိပ်ချင်နေပြီး အိပ်ချိန်များတယ်
အဲ့ဒါတွေဖြစ်နေတာပါ။

___________
#ဘာလို့လဲ ⁉️

အပိုင်း (၂) ပိုင်းရှိပါတယ်

1. Covid Virus ဟာ အရမ်းကိုဆိုးဝါးပြင်းထန်တဲ့ Virus ဖြစ်ပါတယ်

SpO2 ကျတဲ့ ပြင်းထန်တဲ့ ကိုဗစ်ဖြစ်စေ
သာမန်ဖျားနာ၊ ကိုက်ခဲ၊ ချောင်းဆိုးတဲ့ ကိုဗစ်ဖြစ်စေ
ကျွန်တော်တို့ရဲ့ ကိုယ်ခံအားက ရှိရှိသမျှ အင်အားအကုန်သုံးပြီး တိုက်ထားရတဲ့အတွက် စစ်ပန်းနေပါတယ်။
တိုက်ပွဲသေးရင်တောင် ပင်ပန်းနေရတာ
တိုက်ပွဲကြီးတိုက်ပြီး ထားတဲ့ SpO2 ကျတဲ့ လူနာတွေဆိုရင် ဘာစွမ်းအင်မှ မရှိတော့လောက်အောင် နုံးချိ၊ မောပန်းနေပါတယ်။

အဲ့လို ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ***ပြန်ဖြည့်ဖို့လိုအပ်ပါတယ်
စွမ်းအင်မရှိတဲ့ ခန္ဓာကိုယ်ကြီးကို ***အတင်းမခိုင်းစေရပါဘူး

ရေသောက်ရင်၊ ထမင်းစားရင်၊ မျက်နှာသစ်၊ ရေချိုး၊ ဆီးသွား၊ ဝမ်းသွား စတဲ့ နေ့စဉ်လုပ်ငန်းတွေမလုပ်နိုင်သေးတဲ့ လူတွေဟာ
👉 လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အိမ်အလုပ် လုပ်တာတွေ ရှောင်ရပါမယ်
(သိထားဖို့က Virus မပျောက်သေးတာ မဟုတ်ပါဘူး ရောဂါက ပျောက်ပါပြီ ၊ ခန္ဓာကိုယ်ကို ပြန်ပြီးပြုစုရမှာပါ)

✳️ အစားဝင်သလောက် စားပေးပါ၊ အစာမကြေတာတွေဖြစ်မှာ စိုးလို့ ပျော့ပျော့ပြောင်းပြောင်းတွေ (စွပ်ပြုတ်၊ဆန်ပြုတ်) စားလို့ အဆင်ပြေလာမှ
(Heavy meals တွေစားပါ)
နည်းနည်း နဲ့ ခဏခဏ စားခြင်းက ရင်ခေါင်းတောင့်တာ သက်သာစေပါတယ်
✳️ ရေများများဆက်သောက်ပေးပါ
✳️ အထိုင် အထ ရိပ်ရိပ် ရိပ်ရိပ်မူးလျှင် တစ်နေ့ဓာတ်ဆားတစ်ဗူးသောက်ပေးပါ (သွေးပေါင်ချိန်ပါ)

✳️ နားဖို့လိုနေလို့ ခန္ဓာကိုယ်က နားခိုင်းနေတာကို နားထောင်ပါ
အနားယူရပါမယ်
- အိပ်ပါ (အခန်းကို မီးပိတ်အိပ်ပါ (ကြောက်တတ်ရင်တော့ သဘောပါ😅)၊ အသံတွေတိတ်နေအောင် စီမံထားပါ၊ အိပ်ခါနီး လျှပ်စစ်ပစ္စည်းတွေမသုံးပါနဲ့)
- မနုံးပဲ လန်းအောင်ဆိုပြီး Stimulant (Coffee, Tea, energy drink) တွေမသောက်ပါနဲ့
- အိပ်ခါနီး အစားတရားလွန်မစားပါနှင့်
- အနားယူတဲ့အချိန်ကြည့်တဲ့ ရုပ်ရှင်တွေဟာ စိတ်အပန်းဖြေစေတာတွေပဲ ကြည့်ပါ (လူသတ်ကားတွေ၊ သရဲကားတွေ၊ မိသားစုထဲပတ်ပြီး "လောင်" နေတဲ့ကားတွေဟာ ) စိတ်ကိုပိုပြီး ပင်ပန်းစေပါတယ်
စိတ်ကိုလည်းအနားပေးပါ
- ဘာလို့ နုံးနေရတာလဲ နှလုံးရောဂါလား
- ရောဂါကပျောက်ပြီး သွေးခဲပြီးသေတတ်တယ်ဆို
- Antibody စစ်တာလည်း မထွက်သေးဘူး
- အကောင်မျိုးကွဲကပေါ်နေပြီ
- 3rd wave က 4th wave နဲ့ ထပ်သွားမယ်ဆို
မဟုတ်တာတွေလျှောက်မတွေးနေပါနဲ့ "အိပ်ပျော်တော့မှာ" မဟုတ်ပါဘူး။

✳️ လေ့ကျင့်ခန်းလုပ်ရပါမယ် (လှုပ်ရှားခုန်ပေါက်တာတွေမဟုတ်ပါဘူး)အသက်ရှူလေ့ကျင့်ခန်း ပဲ လုပ်ရမှာပါ၊ (ပုံမှန်လုပ်နိုင်သလောက်လုပ်ပါ ခိုပြီးမလုပ်ပဲ မနေရင်ရပါပြီ)
နှာခေါင်းကနေ အသက်ပြင်းပြင်းရှူ ပါးစပ်ကနေ တဖြည်းဖြည်းထုတ် ရတာပါ။

Graded Exercise လုပ်ပါ၊ (post ရေးထားပါတယ် 👉 Activity after Covid ရှာဖတ်ကြည့်ပါ)

2. အားဆေး ဆိုတာတွေပါ။

#အားဆေး ဆိုတာ #ခွန်အားရှိတဲ့ဆေး မဟုတ်ပါဘူး
အဲ့ဆေးတွေ သောက်ပြီး ခွန်အားတွေရှိမလာပါဘူး

Vitamins တွေပါ၊ ဟင်းသီးဟင်းရွက်တွေ စားနိုင်လည်းရနေပါတယ်။
Covid စဖြစ်ထဲက သောက်လိုက်ရတဲ့ အားဆေး ဆိုတာတွေ တစ်နေ့ အလုံး တစ်သိန်းလောက်ရှိတယ်
- Covid က ဖြစ်တာကဖြစ်တာပဲ
- ဆိုးတဲ့လူမှာက ဆိုးတာပဲ
- ဆုံးရှုံးလိုက်ရတာတွေလဲ ရှိတာပဲ

အဲ့တော့ အများကြီး အထောက်ကူမပြုဘူးဆိုတာ သိစေချင်တာပါ။
#မသောက်ရဘူးတော့မဟုတ်ပါဘူး
ဆေးဗူးကိုကြည့်ပါ Vitamins တွေ အစုံပါတဲ့ ဆေးတစ်မျိုးကို သေသေချာချာ ရွေးပြီးသောက်ပါ
​ ဘာသောက်ရမလဲဆရာတော့ မလုပ်ပါနဲ့

ပိုက်ဆံပေါရင် US, Germany ကလာတဲ့ Packing လှလှ ဆေးတောင့်ကြီးကြီးသောက်ပေါ့
မြန်မာထုတ် ဗူးစုတ်စုတ် ၊ ဆေးနံနံ ၊ ပုံစံမလှ သောက်ရင်လည်းသောက်ပါ
အကုန်တူတူပါပဲ #ကြိုက်ရာသောက်ပါ။

#ဘယ်အချိန်သောက်ရမလဲ ⁉️

Vitamins တွေက အစာနဲ့တွဲပြီး အူကစုပ်တာ ဆိုတော့ "နေ့လည်စာစားပြီး သောက်က" အသင့်တော်ဆုံးပါ။

ကြုံတုန်းသတိပေးလိုတာက Vitamin C ရဲ့နေ့စဉ်လိုအပ်တဲ့ပမာဏက **90mg ပါ
Cevit တစ်လုံးမှာ 100mg ပါပါတယ်။
တစ်နေ့ကို Vitamin C 1,000mg ကျော်သောက်ရင် အစာအိမ်အတွက်ပြဿနာရှိသလို၊ ရေရှည်မှာကျောက်ကပ်ကျောက်တည်ပါတယ်

___________
နိဂုံးချုပ်ရရင်

- နုံးနေ၊ မောနေတာ ရောဂါမပျောက်သေးတာမဟုတ်ပါဘူး
- စစ်ပန်းနေတာပါ
- ကောင်းကောင်းနားပါ၊ အရမ်းမလှုပ်ရှားပါနဲ့ (မလောပါနဲ့)
- အားပြန်ဖြည့်ပါ
- အားဆေး ဆိုတာတွေဟာ ခွန်အားရှိတဲ့ ဆေး မဟုတ်ပါဘူး Vitamins တွေပါ (တန်ဆေး လွန်ဘေး ဂရုပြုကြပါ)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
01:20 pm/16.08.2021

သတိပြုကြပါ..😷😷😷အနံ့ပျောက်လူနာများသို့😷😷😷ဒီရက်ပိုင်းမှာ အနံ့ရုတ်တရက်ပျောက် လူနာတွေများလာပါတယ်။Covid19 ဘယ်လောက်ဆက်ပြီးပျံ့...
14/08/2021

သတိပြုကြပါ..
😷😷😷အနံ့ပျောက်လူနာများသို့😷😷😷

ဒီရက်ပိုင်းမှာ အနံ့ရုတ်တရက်ပျောက် လူနာတွေများလာပါတယ်။
Covid19 ဘယ်လောက်ဆက်ပြီးပျံ့မလဲဆိုတာက
အနံ့ပျောက်လူနာတွေအနေနဲ့ အခြားသူဆီမကူးအောင်
ဘယ်လောက်နေနိုင်လဲအပေါ်မှာ မူတည်ပါတယ်။
တကယ်လို့ သင်ဟာ အနံ့ပျောက်ပြီးဆိုရင်
အောက်က အချက်တွေကို နားလည်ဖို့လိုပါတယ်။

(၁) ဖျားတာ ချောင်းဆိုးတာ မရှိရင်
အနံ့ပျောက်လူနာအများစုဟာ
Covid-19 ရောဂါ နောက်ဆက်တွဲဆိုးရွားတဲ့ပြဿနာတွေ
ဖြစ်ပေါ်လေ့မရှိပါ။ အနံ့ တခုထဲ ပျောက်တာဟာ
ဆေးပညာအရ good prognosis 👍
လို့တောင် ပြောကြပါတယ်။

ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာသိပ်မရှိပါ။ 💪

(၂) အနံ့ပြန်ရဖို့ ထွေထွေထူးထူးဆေးမလိုပါ။
သူ့ဘာသာတပတ်လောက်အတွင်းအနံ့ပြန်ရပါတယ်။

(၃) အနံ့ပျောက်လူနာများဟာ
အနံ့မပျောက်ခင် ၂ ရက်ကစပြီး ၂ ပတ်အတွင်း
အခြားလူများကို ကူးနိုင်ပါတယ်။
အနံ့ပြန်ရရင်လည်း ၂ ပတ်ထိအခြားသူကို ကူးနိုင်လို့
သီးသန့်ခွဲနေဖို့အရေးကြီးပါတယ်။

(၄) အနံ့ပျောက်လူနာများဟာအနံ့ပြန်ရရင်
မကူးနိုင်တော့ဖူးလို့ ယူဆနေကြပါတယ်။
ဒါဟာ အယူအဆ အမှားပါ။
(၂) ပတ်အထိကူးနိုင်ပါတယ်။

(၅) အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ ခွဲနေပါ။
နီးစပ်ရာ Fever Clinic (သို့) ဆေးရုံကိုအကြောင်းကြားပြီး
ကုသအကြံပေးမှုကိုခံယူပါ။
လိုအပ်ရင် Fever Clinic များမှ အနံ့ပျောက်စင်တာများသို့ ပို့ပေးပါလိမ့်မယ်။
(ခုချိန်တော့ အဆင်ပြေချင်မှပြေပါမယ်)

(၆) သတိပေးချင်တာကတော့အနံ့မရတာတခုပဲရှိတဲ့
လူနာတွေဟာ သူတို့ကိုကုဖို့ဆိုတာထက်
အခြားလူကိုမကူးအောင်နေကြဖို့
ပိုအရေးကြီးတယ်ဆိုတာကိုသတိပေးချင်တာပါ။

ဒါကြောင့်အနံ့ပျောက်လူနာများသတိကြီးကြီးထားပြီး
သီးသန့်နေကြမယ်ဆိုရင် Covid-19 ဆက်လက်
ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

💪 စိတ်ဓါတ်မကျပါနဲ။
မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
မြန်မာပြည်သူပြည်သားများအားလုံး Covid-19 ကပ်ရောဂါဘေးမှအမြန်ဆုံးကျော်ဖြတ်နိုင်ပါစေ

Dr Myat Min Oo

အိမ်မှာcovidလူနာ အောက်ဆီဂျင် ဘယ်လိုပေးမလဲဘယ်လောက်နဲ့ပေးမလဲ ? ? အခုလို အိမ်တိုင်းကိုယ့်လူနာကိုယ် O2 ပေးနေရတဲ့အချိန်မှာ လူ...
13/08/2021

အိမ်မှာcovidလူနာ အောက်ဆီဂျင် ဘယ်လိုပေးမလဲ
ဘယ်လောက်နဲ့ပေးမလဲ ? ?
အခုလို အိမ်တိုင်းကိုယ့်လူနာကိုယ် O2 ပေးနေရတဲ့အချိန်မှာ လူတိုင်း သိကိုသိထားသင့်ပါတယ်. .

ပထမဆုံး အောက်ဆီဂျင်ပေးတဲ့ method တွေအရင်ကြည့်ရအောင်. . ဘယ်လိုပေးလဲဆိုတာ သိမှ ဘယ်လောက်ပေးမလဲဆိုတာ ကိုသွားလို့ရမယ်

၁ _ Nasal cannula/ nasal prongs/နှာခေါင်းပိုက်
နှာခေါင်းပိုက်နဲ့က 1-6 L flow မှာပေးတယ်
low flow O2 ပေးရာမှာသုံးတယ်. .
ပေးတဲ့ flow မှာ O2 purity ဘယ်လောက်ပြည့်ပြည့်လူနာ တကယ် အသက်ရှူတဲ့အချိန်မှာရှူရတဲ့ oxygen saturation, FiO2 က 20-50% ဘဲရှိမယ်. .
………………………
၂ _ Face mask / ရိုးရိုး မျက်နှာအုပ် mask
5_10 L flow နဲ့ပေးရင်သုံးတယ်
moderate oxygen flow ပေးရာမှာသုံးတယ်
လူနာရှူရတဲ့ oxygen FiO2 က 40-60% ရှိမယ်
………………………
~nasal cannula/ နှာခေါင်းပိုက်နဲ့ 5-10L ကိုပေးမရဘူးလားဆိုရင် ပေးရင်ရတယ် ဒါပေမယ့် moderate oxygen flow ကို နှာခေါင်းထိပ်မှာတေ့ပေးတဲ့အခါ nasal dryness တွေရပြီး အသားတွေခြောက်မယ်နာမယ် အဓိကက flow မြင့်ပေးပေမယ့်လည်း ရသင့်တဲ့ FiO2 ကိုမရဘဲ လူနာ SpO2(လက်ထိပ်ညှပ်ရတဲ့စက်မှာပေါ်တဲ့ဟာ) မတက်ဘဲနေမယ်. .
………………………
၃_ Reservoir mask/ Non-Rebreathing face mask/ အိပ်ပါတဲ့ မျက်နှာအုပ် mask နဲ့ပိုက်
15 L/min နဲ့ပေးတဲ့အခါမှာသုံးတယ်
high flow oxygen ပေးရာမှာသုံးတယ်
လူနာအသက်ရှူချိန်မှာ တကယ်ရှူရတဲ့ FiO2 က 60-90% ထိကိုရှိတယ်. . လူနာဖို့အတော်လေး effective ဖြစ်နေပြီ. .

O2 feeding ပိုက်ထဲကလေက Reservior bag ထဲကိုဝင်မယ် > one way valve နဲ့ mask ထဲကို ရောက်မယ် > လူနာရှုပြီးထွက်လာတဲ့လေကို one way valve နဲ့ အပြင်ကိုပြန်ထွက်သွားမယ်. . ကိုယ်ရှူထုတ်လိုက်တဲ့ CO2 ကိုပြန်မရှူဘူး အာ့ကြောင့်လည်း non-rebreathing mask လို့ခေါ်တယ်. . အိတ်ထဲက pure oxygen ကိုဘဲလူနာကရှူရတယ်. .
…………………………

**flow တင်ပေမယ့်လည်း လူနာ SpO2 မတက်ရင် ကိုယ်ပေးတဲ့ method ကထိရောက်လားး မှန်ကန်ရဲ့လားပြန်ကြည့်ရမယ်**

…………………………
၄_ HFNC-High Flow Nasal Cannula
HFNC machine တွေမှာသုံးတယ်. လူနာရှူရတဲ့ FiO2_ 100% ထိကိုရှိတယ်. . နှာခေါင်းထိပ်မှာ ပိုက်ခေါင်းလေး ၂ခုကိုတေ့ရှုတာ _ နှာခေါင်းထိပ်မှာ high flow ရှူရင် အပေါ်ကပြောခဲ့သလိုဖြစ်မှာစိုးလို့ heated humidifier ခံသုံးရတယ်. . အခြားနိုင်ငံတွေက Covid လူနာတွေ HFNC therapy အရမ်းယူကြပြီး အရမ်းလည်းအသုံးဝင်တယ်. . HFNC စက်တလုံးမ usd 3000 လောက်သာရှိတယ်. .
…………………………

၅_ NIV mask/ CPAP/ BiPAP mask
ventilator အသက်ကူရှုစက်တွေမှာသုံးတယ်. . ပြင်ပလေအဝင်အထွက်မရှိဘဲအလုံ mask စက်ကဘဲ အကုန် control လုပ်နိုင်တယ်. . ventilator တွေမှာ လူနာရှူရတဲ့FiO2 15-100% ထိ လိုချင်သလို adjust လုပ်နိုင်တယ်
…………………………

ပုံထဲကအတိုင်းဘဲ 5L concenterator တွေ low flow O2 machine ဖြစ်တယ်. .
10L က moderate flow machine အနေနဲ့ ဆေးရုံမှာပါသုံးလို့ရလာတယ်
20L high flow O2 machine သာရှိမယ်ဆိုရင် ပထမဆုံးသုံးချက်ကို cover ဖြစ်တယ် လူနာကို ကျနော်တို့ FiO2 90% ထိရအောင်ပေးလို့ရပြီ. .
But စက်တွေပေါင်းပြီး combine flow ပေးလို့ရတယ်. . Medical grade 5L တလုံးနဲ့ 10L တလုံးရှိရင်တော်တော်အဆင်ပြေနေပြီ

~~~~~~~
ok ဘယ်လောက်ပေးမလဲ ဆိုတာဆက်သွားရအောင်

ဘယ်လောက်ပေးမလဲဆိုတာ ဘာကိုကြည့်ရမလဲဆို target SpO2 ကိုရောက်အောင်ပေးမယ်. .

target SpO2 ကို 94% သတ်မှတ်ကြတယ်
အချို guidline တွေမှာ 92% target ထားတယ်
ခုက oxygen ရှားတဲ့ critical time မို့ 92% ဘဲထားလိုက်မယ်.

အဲ့တော့ ဘယ်အချိန်မှာ oxygen စရှူသင့်လည်းဆို ?
SpO2 92% အောက်ကျရင် O2 စရှူရမယ်. .
SpO2 92% အထက်နားထိကျတာတွေ ရောဂါအခံမရှိရင် မှောက်ရပ်နေ prone position နဲ့တက်အောင်လုပ်နိုင်ပါတယ်

2L/min နဲ့စရှူရမယ်. . မတက်လာရင် 4L/min > 6L/min
ဖြေးဖြေးချင်းတင်သွားမယ်. .

လူနာရဲ့လိုအပ်ချက်နဲ့ အနည်းဆုံးဖြစ်နိုင်တဲ့ O2ကိုဘဲ adjust လုပ်ပြီးပေးမယ်. .
ဥပမာ_ 2L/min ပေးလည်း SpO2_94%
4L/min ပေးလည်း SpO2 94% ဆို 2L မှာဘဲထားမယ်
O2သန့်တာများများရှူလေ ကောင်းလေလားဆို မကောင်းဘူး O2 dependent respiration ဖြစ်သွားလိမ့်မယ့်
…………
လူနာ SpO2% ဘယ်လောက်ဘဲကျကျ target SpO2 သည် 92% ဖြစ်တယ်. . Oxygen ပေးပြီး မိနစ် 30 လောက်နေလို့မှ target SpO2% မရောက်လာဘူးဆိုရင် အပေါ်က ပြောထားခဲ့သလိုအောက်ဆီဂျင် ပေးနည်းကို တဆင့်ပြီး တဆင့်တက်ပြီးပေးမယ်. . လူနာ တယောက်နဲ့တယောက် condition အရပေးရတဲ့ O2flow တူမှာတော့မဟုတ်ဘူး. .

SpO2ကိုဘဲ အဓိကပြောနေရတော့ SpO2 မှားခဲ့ရင်ဘယ်လိုလုပ်မလည်း. . Respiratory Rate နဲ့ counter check လို့ရပါတယ်. . ပုံမှန် RR က 14-20/min လောက်ရှိတယ်(RR မတိုင်းတတ်ရင် google မှာ how to ဆိုပြီးရှာကြည့်ပါ)
သွေးတွင်း oxygen ကျရင် gas exchange များများရအောင် အသက်ရှူနှုန်းမြန်လာမယ် မောလာမယ်. . SpO2 92% ဆို mean RR 25/min လောက်ရှိပါတယ်. . အဲ့တော့ အသက်ရှူနှုန်းကလည်း မြန်နေတယ် စက်မှာလည်း SpO2ကျနေတယ်ဆို တကယ် သွေးးတွင်း Oxygen ကျနေလို့ပါ. .
………………
အပေါ်ကO2 ပေးပုံ ၁/၂/၃ လောက်ကို အိမ်မှာလုပ်လို့ရတယ်
covid ကို mild/moderate/severe/very severe grade တွေခွဲလို့ရ
_mild ဆို nasal cannula လေးနဲ့
_moderate/severe ဆို face mask နဲ့
_severe ဆို reservior bag နဲ့ပေးကြတယ်

တခုသတိထားရမှာက covid step 2 လောက်ဆို O2 supply တခုတည်းနဲ့ မလုံလောက်တော့ဘူး. .
face mask နဲ့ Oxygen 10L/min ပေးလည်း O2မတက်ဘူးဆို လူနာ severe covid ဖြစ်နေပြီ. . အခြား treatment တွေလိုနေပြီဆိုတာသတိထားသင့်ပြီ. .
step တိုင်းအတွက် ဒီလိုမှမသက်သာရင်ဆိုပြီး နောက်တဆင့်ကိုကြိုစဉ်းစားထားသင့်ပါတယ်. .
…………………
covidကမာယာအရမ်းများတယ် အဆုတ်ကို အသေတိုက်တာ. .
O2 ဘယ်လောက်ပေးပေး အဆုတ်ထဲက alveoli လေးတွေအလုပ်မလုပ်နိုင်တဲ့အခါ အလကားဘဲ. . blood ထဲက oxygen SpO2% လည်းတက်မှာမဟုတ်ဘူး. .
အာ့ကြောင့် chest exercise ကလိုအပ်သလို ထိလည်းထိရောက်တယ်. .

**flow တင်ပေမယ့်လည်း လူနာ SpO2 မတက်ရင် ကိုယ်ပေးတဲ့ method ကထိရောက်လားး မှန်ကန်ရဲ့လားပြန်ကြည့်ရမယ်**
……………………
ဒီလောက်ဆို O2 ကိုဘယ်လိုပေးရတယ် ဘယ်လောက်ပေးရတယ်ဆိုတာ သိပြီထင်ပါတယ်.
လူနာ O2 တက်ဖို့နေကောင်းဖို့ဆိုတာ အချက်တွေအခြေအနေတွေ အများကြီးကြည့်ပြီးသုံးသပ်ပြီး ကုသရတာဖြစ်တဲ့အတွက် ကျနော်ပြောတာတွေက ယေဘုယျလောက်သာဖြစ်တယ်. .
ဒါပေမယ့် အခုအချိန် အရမ်းအသုံးဝင်မှာပါ. .

ဆေးပညာနဲ့ စိမ်းသူတွေအဖို့ အချို့ချက်ချင်းနားမလည်တာဖြစ်နိုင်ပေမယ့် ခနခနဖတ်ကြည့်ပါ အရိုးရှင်းဆုံးနဲ့ အတိုဆုံးကျနော်ရေးထားတာပါ. . ကိုယ့်နဲ့ကိုယ့်မိသားစုကျန်းမာရေးအတွက် health knowledge ရှိကိုရှိသင့်ပါတယ် . ပြန်ဖတ်ရင်းနားလည်ပါလိမ့်မယ်. .

လူတိုင်း ကိုယ့် oxygen ကိုယ်ရှာ ကိုယ့်ဆေးကိုယ်သောက်နေရတဲ့ အချိန်မှာ မှန်ကန်သော လမ်းညွှန်မှုတွေက အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်. .

အားလုံးကျန်းမာကြပါစေ.
Crdt.
dr.phone

လူနာကို ပြုစုပေးနေကြသောသူများအတွက်
13/08/2021

လူနာကို ပြုစုပေးနေကြသောသူများအတွက်

ကိုဗစ် ကာကွယ်ဆေး (အမေးများတဲ့ အချက်တွေ )ခုတလော ကျွန်တော့် မိတ်ဆွေများ ကာကွယ်ဆေးထိုးတာနဲ့ ပက်သက်လို့ ဆုံးဖြတ်ရခက်တဲ့ ၊ သိ...
06/08/2021

ကိုဗစ် ကာကွယ်ဆေး (အမေးများတဲ့ အချက်တွေ )

ခုတလော ကျွန်တော့် မိတ်ဆွေများ ကာကွယ်ဆေးထိုးတာနဲ့ ပက်သက်လို့ ဆုံးဖြတ်ရခက်တဲ့ ၊ သိချင်ကြတဲ့ မေးခွန်း တချို့ ကို ​ဝေမျှ ပေးလိုက်ပါတယ်။ ကိုဗစ်ပိုး တခါ ခံစားဖူးတာနဲ့ နောက်တခါ ရောဂါ ပြန်မဖြစ် တသက်လုံး မကာကွယ်တာ အားလုံး သိပြီး ဖြစ်ပါတယ်။ ဗီဇ မျိုးကွဲ များတာ ကြောင့် အခွင့်အရေးရှိရင် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျန်းမာရေး အဖွဲ့အနေနဲ့ရော မြန်မာနိုင်ငံ အနေနဲ့ရော ကိုဗစ် ဖြစ်ပွားဖူးတဲ့ လူတိုင်း အထိုက်အလျောက် ကိုယ်ခံအား စနစ် ရရှိသွားပြီ ဖြစ်တဲ့အတွက် ၆ လ ကြာမှ ကာကွယ်ဆေး ထိုးရမယ် ။ဒီထက် စောထိုးလို့ရရင် ထိုးနှံပေးသွားမယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

ဦးစားပေးအစီအစဉ်အရရယ်၊ ကာကွယ်ဆေး ရရှိနိုင်မူ့ အကန့်အသတ် ရှိတာကြောင်းလဲ ပါ မယ် လို့ ယူဆရပါတယ်။ တခြား ကမ္ဘာ့ နိုင်ငံတွေ ရော ဘယ်လို ထိုးနေကြလဲ ။ ယူကေ နိုင်ငံ ဆေးရုံတခုမှ ကာကွယ်ဆေးထိုးနှံတာနဲ့ ပက်သက်လို့ လမ်းညွှန်ချက် ဖတ်ရှူ့ မိတာလေး ဝေမျှ ချင်ပါတယ်။ ကာကွယ်ဆေး ပေါ်လစီကလည်း အချိန်နဲ့ အမျှ ပြောင်းလဲမူ့ ရှိပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ထိုးတဲ့ ဆေး အမျိုးအစား ၊ထိုးနှံတဲ့ အချိန်ကာလ ၊ကွာခြားချက်လေးတွေ ရှိပါတယ်။ ဒါပေမဲ့ သဘောတရားကတော့ တူညီမူ့ ရှိတဲ့အတွက် ဗဟုသုတ အနေနဲ့ ကောက်နှုတ် ဝေမျှ လိုက်ပါတယ်။ သိပြီးသား အချက်များ ချန်လှပ်ထားခဲ့ပါတယ်။

❓ကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာရင် ကိုယ်ခံအား စရ မလဲ

✅ ဆေးထိုးပြီး ၂၂ ရက် ကြာရင် စပြီး ရပါပြီ။ ဆေး ၂ လုံး ထိုးပြီးမှ သာ ထိထိရောက်ရောက် ကာကွယ်မူ့ ခုခံအား ရမှာပါ။

❓အခု ကိုဗစ် ပေါ့စတစ်ဖြစ်နေတယ်။ တချို့က နေလို့ကောင်း တချို့က လက္ခဏာတွေ ရှိသေးတယ်။ ကိုဗစ် ကာကွယ်ဆေး ခုထိုးလို့ ရလား။

✅ အခု ချက်ချင်း မထိုးသင့်ပါ။ နေကောင်း ပျောက်ကင်းပြီး ၂၈ရက် ကြာမှ ထိုးရပါမယ်။

❓ကိုဗစ် ပိုးဝင်ခဲ့ဖူးတယ်။ အခု နေကောင်းနေပြီ ကာကွယ်ဆေး ဘယ်လောက်ကြာရင် ထိုးလို့ရမလဲ

✅ ပိုးစစ် ပေါ့စတစ် ဖြစ်တဲ့ရက်က စရေတွက်ရင် ၂၈ ရက် ကြာ သို့မဟုတ် ရောဂါ လက္ခဏာစပြပြီး ၂၈ ရက် ကြာရင် ထိုးလို့ ရပါပြီ။

❓ပထမ အကြိမ် ကိုဗစ် ကာကွယ်ဆေး ထိုးပြီး နောက် တကြိမ် မထိုးခင်ကြား ပိုးဝင် ကိုဗစ် ဖြစ်သွားတယ်။ ရောဂါ ပျောက်ပြီးရင် အစက ပြန်ထိုးရမှာလား ဘယ်လို လုပ်ရမလဲ

✅အစက ပြန်ထိုးဖို့ မလိုပါ။ ပိုးက ပျောက်ကင်းပြီး ၂၈ရက် အကြာ သို့မဟုတ် ဒုတိယအကြိမ်ထိုးရမယ့် ရက် ရောက်ရင် ၂ ကြိမ်မြောက် ဆေးကို ထိုးလို့ ရပါတယ်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။
ဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)

Ref: Covid 19 staff FAQs: vaccine information Oxford university hospital UK (last undated 03 August 2021)

Address

Wuntho

Telephone

+959402653870

Website

Alerts

Be the first to know and let us send you an email when Wuntho Medical Teleconsultation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram