06/10/2025
ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရေးသားထားသော စာစုကိုကူးယူဖော်ပြပါသည်။
Baking Soda အပိုင်း ၁. ၂. ၃
Baking Soda အပိုင်း၁.
မိတ်ဆွေများ တောင်းဆိုနေကြတဲ့ Baking Soda အသုံးပြုပုံ နည်း အမျိုးမျိုးကို ဖော်ပြလိုက်ပါတယ်။
Baking soda ဟာ လွန်စွာမှ အသုံးဝင်ပြီး ဈေးလဲချိုတာမို့ အိမ်တိုင်းမှာ ဆောင်ထားသင့်ပါတယ်။
အသုံးဝင်ပုံတွေကတော့ အမျိုးစုံနေတာပါပဲ။
လူအများစုက မုန့်ဖုတ်ရာမှာ သုံးကြပါတယ်။
အိမ်သန့်ရှင်းရေးမှာလဲ အလွန်အသုံးဝင်ပါတယ်။
အခြားအသုံးဝင်ပုံတွေကလဲ အများကြီး ရှိပါတယ်။
မီးဖိုချောင်အတွက် အရင်ပြောပြပါမယ်။
အလွန်အသုံးဝင်ပါတယ်။
၁.မီးဖိုချောင်အတွက် အရေးကြီးတဲ့ အသုံးဝင်ပုံကတော့ မတော်တဆ ချက်ရင်းပြုတ်ရင်း ကြော်ရင်းလှော်ရင်းနဲ့ မီးတောက်ကြီးလာပြီး မီးစတင်လောင်ခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် ဆီနဲ့ အပူပြင်းပြင်း ကြော်ကြတဲ့ အခါမျိုးမှာပေါ့။
အခုလို အရေးပေါ်အခြေအနေမျိုးမှာ ထိတ်လန့်တကြားနဲ့ ရေကို လှမ်းယူကြတာများပါတယ်။
အထူးသဖြင့် ဆီနဲ့ ကြော်ကြသည့်အခါ အပူချိန် သိပ်များသွားသည် ဖြစ်စေ/ ဆီလျှံတက်သည့်အခါဖြစ်စေ မီးတောက် ကြီးမားထက်သန်လာတတ်ပါတယ်။
အခုလိုဖြစ်လာရင် ရေ သို့မဟုတ် ဂျုံမှုံ့ကို လုံးဝ မသုံးသင့်ပါ တဲ့။
မီးကို ကူးစက်ပျံ့ပွါးတတ်ပါတယ်တဲ့။
လောင်နေတဲ့အိုးကိုလဲ မီးဖိုချောင်အပြင်ကို ကြိုးစားပြီး မထုတ်သင့်ပါတဲ့။ မီးဖိုချောင်အပြင်ဖက်သို့ မီးကူးသွားနိုင်လို့ပါ။ ထုတ်သွားသူကိုလဲ မီးကူးစက်တတ်ပါတယ်။
မီးတောက်ကို ထိန်းသိမ်းဖို့ဟာ Baking soda အမှုံ့များများကို လောင်းချရပါမယ်တဲ့။
Baking soda ဟာ အပူနဲ့ထိရင် carbon dioxide ထွက်လာလို့ပါပဲ။
ထွက်လာတဲ့ carbon dioxide ဟာ မီးကို ငြိမ်းသွားစေနိုင်ပါတယ်တဲ့။
Baking soda မရှိရင် ဆားကို သုံးပါ။
ဆားက မီးနဲ့ လေကို ကြားခြားပေးလိုက်လို့ပါတဲ့။ (barrier between fire and air)
မီးဆက်လောင်ဖို့ လိုအပ်သည့် oxygen မရနိုင်တော့ပါ။
အရေးပေါ် အနေနဲ့ ရေအစား baking soda ကို ချက်ချင်းသုံးလို့ရတယ်ဆိုတာကို ပြောနေတာပါ။
အိမ်သုံး fire extinguisher အချို့မှာ Sodium bicarbonate ပါပါတယ်။
မီးဖိုချောင်ထဲမှ စပြီးမီးလောင်ရင်
ရေမသုံးသင့်ပါ။
Use baking soda or salt.
များများသာ လောင်းချလိုက်ပါ။
၂.Kitchen sink အတွက်
အနံ့အသက်တွေ မကောင်းရင် သန့်ရှင်းရေး ပြုလုပ်နည်း
မီးဖိုချောင်က kitchen sink ကို သန့်ရှင်းရေး ပြုလုပ်ရာမှာ သုံးလို့ ရပြန်ပါတယ်။
Sink ရေပိုက်တွေ သန့်စင်နေဖို့ဆိုရင် မကြာခဏ ဆိုသလို baking soda အမှုံ့ကို drain ထဲ ဖြူးထည့်ပြီး ရေပူပူ လောင်းချပါ။
သန့်ရှင်းရေး သေသေချာချာ လုပ်ချင်တယ်ဆိုရင်တော့ baking soda နဲ့အတူ ရှာလကာရည်ပါ လိုလာပါပြီ။
(က).ရေနွေးဆူဆူတည်ပြီး sink drain ထဲသို့ အရင်လောင်းထည့်ပါ။
(ခ).baking soda ကို ခွက်တစ်ဝက် 1/2 cup လောင်းထည့်လိုက်ပါ. ၅ မိနစ်လောက်စောင့်ပါ။
(ဂ).ရှာလကာရည်၁ခွက် + ရေပူပူတစ်ခွက် အရောကို baking soda လောင်းထားသည့် အပေါ်ကနေ
လောင်းထည့်လိုက်ပါ။
(ဃ) drain ပိုက် ပိတ်နေရင် ( ဆို့နေရင် ) ၁၀ မိနစ်လောက် စောင့်ပါ။
ပိတ်မနေရင် ၁၀မိနစ်စောင့်စရာမလိုပါ။
(င). အပေါ်ကနေ ရေနွေးဆူဆူ တစ်အိုးလောင်းချပါ။
အိမ်ရှင်မတွေအတွက် ဆက်ပါဦးမည်။
အိမ်ရှင်မတွေ ဗဟုသုတရှိဖို့ အရေးကြီးပါတယ်။
Baking Soda အပိုင်း၂
၃.မီးဖိုချောင် အမှိုက်ပုံး
အမှိုက်ပုံးဟာ နံနေတတ်ပါတယ်။ ရှိသမျှ မီးဖိုချောင်အမှိုက်တွေ ပစ်ထည့်သည့်နေရာ မဟုတ်ပါလား?
အနံ့အသက်တွေ သက်သာဖို့ဆိုရင် Baking Soda ကို သတိရလိုက်ပါ။
အမှိုက်ပုံးက တဖြေးဖြေးပြည့်လာတာနဲ့အမျှ baking soda ကို အထပ်လိုက် ထည့်ထားလိုက်ပါ။
ဆိုလိုချင်တာက အမှိုက်တွေပေါ်ကနေ baking soda အမှုံ့တွေကို ဖြူးပြီး သူ့အပေါ်က အမှိုက်တွေကို ဆက်ထည့်ပါ။
Baking Soda က အနံ့အသက်တွေကို စုတ်ယူပါလိမ့်မယ်။
ပုရောဆိတ်/ ပိုးဟပ်/ ကြွက်ရန်ကပါ သက်သာသွားနိုင်ပါတယ်။
အမှိုက်ပုံးကို ဆေးဖို့ဆိုရင် Baking soda ၁ ခွက် ကို ရေ ၁ ဂါလံနဲ့ ရောပြီး ဆေးပါ။
အမှိုက်ပုံးကိုလဲ မကြာခဏ ဆေးပေးရပါတယ်။
၃.မီးဖိုချောင်ရှိ ရေခဲသေတ္တာ
ရေခပ်နွေးနွေးလေး + baking soda + ရှာလကာရည် ကို အသုံးပြုပြီး ရေခဲသေတ္တာကို ဆေးကြောသုတ်သင်လို့ ရပါတယ်။
မတော်တဆ ဟင်းတွေ ဖိတ်ကုန်လို့ ပေရေညစ်ပတ်နေတာတွေကိုလဲ သန့်ရှင်းသွားစေပါတယ်။
ဆေးကြောပြီးရင် Baking soda Fridge-n-Freezer package ကို ထောင့် တစ်နေရာရာမှာ ထားလိုက်ပါ။
၄.မီးဖိုချောင်ကြမ်းရော ?
မီးဖိုချောင်က ကြွေပြားအခင်း / ဖရောင်းပုဆိုးကြမ်းခင်း ဆိုရင်
1/2cup of baking soda ကို ရေပုံးတစ်ပုံးထဲမှာ ဖျော်ပြီး သုံးလို့ ရပါတယ်။ ရေက နွေးနွေးလေးဆိုရင် ကောင်းပါတယ်။ mop နဲ့ သုတ်သင်ပါ။
Alkaline baking soda ဟာ မီးဖိုချောင်မှအဆီအစွန်းတွေ / အစားအသောက်မှ အပေအရေ ညစ်ပတ်တာတွေ ထွက်သွားပါလိမ့်မယ်။
ပြီးရင် ရိုးရိုးရေနဲ့ နောက်တစ်ထပ်ပြန်သုတ်ပါ။
အခြောက်ခံထားလိုက်ပါ။
၅.Oven cleaning
သိပ်မပေရေတဲ့ oven အတွက်ဆိုရင်
Baking soda ခွက်တစ်ဝက် + ရေ ထမင်းစားဇွန်း ၃ ဇွန်း ရောနယ်ပါ။
Oven က racks ( စင်တွေ )တွေ အကုန်ထုတ်ပစ်ပါ။
Heating elements တွေကို ရှောင်ပြီး baking soda paste ကို ညစ်ပေနေတဲ့နေရာတွေ အနှံ့ လိုက်သုတ်ပါ။ လက်အိပ် ဝတ်ထားပါ။
Oven ရဲ့ မှန်တွေပါ သုတ်လို့ ရပါတယ်။
မိနစ်၂၀ ခန့် ထားလိုက်ပါ။
Wet paper towel နဲ့ oven အတွင်း အနှံ့ လိုက်သုတ်ပါ။
ရေ၃ဆ + ရှာလကာရည် ၁ဆ နဲ့ ဖျော်ထားတဲ့ရေ ကို သုံးပါ။
Oven က သိပ်ပေရေညစ်ပတ်နေတယ်ဆိုရင်
Baking soda ၁ ပေါင်
ဆား ထမင်းစားဇွန်း၁ ဇွန်း
ရေ ထမင်းစားဇွန်း ၂ ဇွန်း
ရောနယ်ပြီး paste ခပ်ပြစ်ပြစ် ဖြစ်နေပါစေ။ လိုအပ်ရင် ရေ ဇွန်းတစ်ဝက်လောက် ထည့်နိုင်ပါတယ်။
Paste နဲ့ အနှံ့လိုက်သုတ်ပါ both metal and glass surfaces.
တစ်ည ထားလိုက်ပါ။ မနက်ကျရင် paste ဟာ တောင့်တင်းနေပါလိမ့်မယ်။
လက်အိပ်ဝတ်ပြီး အဝတ်အစိုနဲ့ လိုက်သုတ်ပါ။
Oven သန့်ရှင်းသွားပါလိမ့်မယ်။
Baking soda အပိုင်း၃
အသီးအရွက်တွေကို baking soda နဲ့ ဆေးပါ။
Baking soda လဖက်ရည်ဇွန်း၁ ဇွန်း + ရေ အေး ၂ခွက်
အသီးတွေကို ၁၅မိနစ်ခန့်စိမ်ထားရင် သုတ်ထားတဲ့ ဖရောင်းတွေ ထွက်သွားပါလိမ့်မယ်။
ပြီးရင် ရေပြန်ဆေးချပြီးစားလို့ ရပါပြီ။
အသားတွေကိုလည်း ထိုနည်းလည်းကောင်း ဆေးလို့ရပါတယ်။
အဝတ်လျော်သည့်အခါ ထည့်သုံးရင် အဝတ်တွေ ပိုပြီး စင်ကြယ်/ ပိုဖြူ/ အနံ့ အသက်တွေပါ ပျောက်နိုင်ပါတယ်။
Washing machine နဲ့လျော်သည် ဖြစ်စေ/ လက်နဲ့ လျော်သည်ဖြစ်စေ baking soda 1/2 cup ထည့်လိုက်ပါ။
Washing machine သုံးရင် baking soda အမှုံ့ ကို washing machine ထဲမှာ အရင် ဖြူးထည် / အဝတ်တွေထည့်/ အဝတ်လျော်ဆပ်ပြာကို သုံးနေကျအတိုင်းထည့်လျော်ပါ။
အဝတ်တွေကိုလဲ ပျော့ပြောင်း စေပါတယ်တဲ့။
ပိုကောင်းချင်ရင် နောက်ထပ် 1/2 cup of baking soda ကို rinse cycles မှာ ထပ်ထည့်လိုက်ပါ။
Baking soda နှင့်ပတ်သက်သည့် အခြေခံ သိသင့်ထိုက်သည့် အချက်အလက်များ
၁.ဝယ်ထားပြီး ဘယ်လောက်ကြာကြာခံပါသလဲ?
၃နှစ်ပါတဲ့။
ဘူးမှာပါတဲ့ expiration date ကို ဖတ်ကြည့်ပါ။
၂.ရေခဲသေတ္တာထဲမှာ ထားတဲ့ baking soda ဘူးကို အရင်က ၃ လတစ်ခါမှ လဲလှယ်ခိုင်းရာကနေ အခု ဘာကြောင့် တစ်လတစ်ခါ လဲခိုင်းရပါသလဲ?
ဆက်လက်ပြုလုပ်နေသော သုတေသနအရ တစ်လကြာတဲ့အခါ အနံ့အသက်တွေကို စုတ်ယူလို့ အတော်လေး ပြည့်ဝသွားပြီ ဖြစ်လို့ ရေခဲသေတ္တာမှ အနံ့အသက်တွေ ပိုပြီးကောင်းနေစေချင်တယ်ဆိုရင် တစ်လတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။
၃.Baking soda နဲ့ Baking powder ဘယ်လိုကွာခြားမှု ရှိပါသလဲ?
Baking soda က ရာနှုံးပြည့် sodium bicarbonate စစ်စစ် ဖြစ်ပါတယ်။
Baking powder ကျတော့ baking soda 30% လောက်သာပါပြီးအခြား အက်စစ် အမျိုးအစားတွေ ပါဝင်နေပါတယ်။
မုန့်ဖုတ်သည့်အခါ နှစ်မျိုးလုံးကို မုန့်ပွစေဖို့ အသုံးပြုပါတယ်။
ကိုယ်အသုံးပြုရန် လိုအပ်သည့်အလျောက် သုံးရပါတယ်။
Baking soda ကို အက်စစ်ဓာတ်ပါတဲ့ အရာများနှင့် တွဲသုံးလေ့ရှိပါတယ်။
Baking powder ကျတော့ အက်စစ် အရာတွေ မပါတာနဲ့တွဲသုံးလေ့ရှိပါတယ်။
Credit. - To A Better Health