ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Yangon
  • ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး Medical Care,Family Health Care,Medical Check up

05/12/2025

သံဓာတ်အားနေနည်းသူများ စားဖို့အတွက်ပါ🤭
Just for fun

🙍‍♀️ဝမ်းပျက်ဝမ်းလျှောရောဂါ ဝမ်းပျက်ဝမ်းလျှောရောဂါကတစ်နေ့ကို သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး ပုံမှန်မဟုတ်ဘဲ ပျော့ပျေ...
04/12/2025

🙍‍♀️ဝမ်းပျက်ဝမ်းလျှောရောဂါ

ဝမ်းပျက်ဝမ်းလျှောရောဂါက
တစ်နေ့ကို သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး ပုံမှန်မဟုတ်ဘဲ ပျော့ပျော့ သို့မဟုတ် အရည်လိုဝမ်းသွားခြင်းကို ဆိုလိုပါတယ်။

လူတိုင်းလိုလို ခံစားဖူးတဲ့ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။

အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

- ဘက်တီးရီးယားပိုးဝင်ခြင်း

- မသန့်ရှင်းသော အစားအစာများစားမိခြင်း

- ပဋိဇီဝဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဖြစ်နိုင်ချေရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ သတိထားရမယ့် လက္ခဏာတွေကတော့

- မကြာခဏ ဝမ်းသွားခြင်း

- ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း

- ပျို့အန်ခြင်း (သို့) အဖျားတက်ခြင်း

- ရေဓာတ်ခန်းခြောက်ခြင်း (နှုတ်ခမ်းခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း)

💁🏻‍♀️ဝမ်းသွားတဲ့အခါ ခန္ဓာကိုယ်ကနေ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတာကြောင့် ဓာတ်ဆားရည်ကို မကြာခဏ သောက်ပေးပါ။
ရေများများ၊ အရည်များများ သောက်ပါ။

💁🏻‍♀️အစာကြေလွယ်တဲ့ ပျော့ပျောင်းတဲ့ အစားအစာ (ဥပမာ- ထမင်းပြုတ်၊ ငှက်ပျောသီး၊ ပေါင်မုန့်ခြောက်) တွေကို နည်းနည်းချင်း စားပေးပါ။ နို့ထွက်ပစ္စည်း၊ အဆီများတဲ့အစာ၊ အပူအစပ်တွေနဲ့ ကော်ဖီကို ရှောင်ပါ။

💁🏻‍♀️အစားမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောပါ။

💁🏻‍♀️ရေကို သေချာကျိုချက်ပြီး သောက်ပါ။

👉🏻ဝမ်းလျှောတာ ၂ ရက်ထက် ပိုကြာနေရင်

👉🏻ဝမ်းဗိုက်က ပြင်းထန်စွာ နာကျင်နေရင်

👉🏻သွေးပါတဲ့ ဝမ်းသွားရင်

👉🏻ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ရှိရင်

👉🏻အဖျားကြီးနေရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်နော်။
#ကျန်းမာပါစေ #ဆေးခန်း #ဝမ်းပျက်ဝမ်းလျှော

🌬️ ရာသီဥတုအပြောင်းအလဲမှာ ကျန်းမာရေးဂရုစိုက်ကြပါဆောင်းရာသီအဝင် ရာသီဥတုအပြောင်းအလဲဖြစ်တတ်တာမို့ လူတိုင်း ကျန်းမာရေးကို သတိ...
03/12/2025

🌬️ ရာသီဥတုအပြောင်းအလဲမှာ ကျန်းမာရေးဂရုစိုက်ကြပါ

ဆောင်းရာသီအဝင် ရာသီဥတုအပြောင်းအလဲဖြစ်တတ်တာမို့ လူတိုင်း ကျန်းမာရေးကို သတိထားဖို့လိုပါတယ်။

နေ့တာတိုလာပြီး ညဘက်အေးမြလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပါတယ်။

ဒီအချိန်မှာ အအေးမိ၊ တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ဓာတ်မတည့်မှုတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် အနွေးထည်ဝတ်ဆင်ခြင်း၊ လုံလောက်စွာအနားယူခြင်း၊ ဗီတာမင်ကြွယ်ဝတဲ့ အသီးအရွက်တွေကို စားသုံးခြင်းနဲ့ ရေဓာတ်ပြည့်ဝနေအောင်နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။

ကျန်းမာပါစေ-အထူးကုဆေးခန်းမှ လူကြီး၊ လူငယ်မရွေး အပြောင်းအလဲရှိတဲ့ ဒီရာသီဥတုမှာ ကျန်းမာရေးကိုအထူးဂရုစိုက်နိုင်ဖို့အတွက် အမြဲမပြတ်စောင့်ရှောက်ပေးနေပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့ပဲဖြစ်စေ၊ ရာသီတုပ်ကွေးကနေ ကာကွယ်ဖို့ပဲဖြစ်စေ၊

ကျန်းမာပါစေ ဆေးခန်းမှာ စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကြံဉာဏ်ကောင်းများကို အချိန်မရွေးရယူနိုင်ပါတယ်။

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

ကျန်းမာပါစေ-အထူးကုဆေးခန်းနဲ့ပတ်သတ်ပြီး ဝန်ဆောင်မှုယူရတာ အဆင်ပြေကြရဲ့လားရှင့်?Comment မှာဖြေပေးခဲ့ကြပါဦးနော်~~လိုအပ်ချက်လ...
03/12/2025

ကျန်းမာပါစေ-အထူးကုဆေးခန်းနဲ့ပတ်သတ်ပြီး ဝန်ဆောင်မှုယူရတာ အဆင်ပြေကြရဲ့လားရှင့်?

Comment မှာဖြေပေးခဲ့ကြပါဦးနော်~~

လိုအပ်ချက်လေးတွေရှိရင်လည်း ထောက်ပြပေးလို့ရပါတယ်ရှင့်..ကြိုးစားပြင်ဆင်ပေးပါ့မယ်✨

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

နှာခေါင်းပိတ်လို့စိတ်ညစ်နေလား?ကဲ...ဆောင်းတော့ဝင်လာပြီ နှာခေါင်းလေးတွေက တရှုံ့ရှုံ့နဲ့ ဖြစ်နေကြပြီဟုတ်?ဒါဆိုရင်ဒီနှာခေါင်...
01/12/2025

နှာခေါင်းပိတ်လို့စိတ်ညစ်နေလား?

ကဲ...ဆောင်းတော့ဝင်လာပြီ နှာခေါင်းလေးတွေက တရှုံ့ရှုံ့နဲ့ ဖြစ်နေကြပြီဟုတ်?

ဒါဆိုရင်ဒီနှာခေါင်းပိတ်တာကို ဘယ်လိုကာကွယ်လို့ရမလဲ ဆိုတာလေးတွေကို ပြောပြပေးသွားမှာမို့ စာလေးကို အဆုံးထိဖတ်ပေးကြဦးနော်။

နှာခေါင်းပိတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေက

‼️ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နှာခေါင်းအတွင်း ရောင်ရမ်းကာ အချွဲတွေ ပိုထွက်လာလို့ ပိတ်ဆို့တာပါ။

‼️ဆောင်းတွင်းလေက ခြောက်သွေ့တာကြောင့် နှာခေါင်းအတွင်းသားတွေကို ယားယံစေပြီး ရောင်ရမ်းလွယ်စေပါတယ်။

‼️အပူချိန်ရုတ်တရက် ပြောင်းလဲတာ (ဥပမာ- နွေးရာကနေ အေးသွားတာ) ကြောင့် နှာခေါင်းထဲက သွေးကြောတွေ ရုတ်တရက် ကျဉ်း/ကျယ် ဖြစ်ပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

ဘယ်လိုနွေးနွေးထွေးထွေးနေကြမလဲ?

📌အနွေးထည်၊ ခေါင်းစည်း၊ ခြေအိတ်နဲ့ လက်အိတ်တို့ကို သေချာဝတ်ပါ။ လည်ပင်းကိုလည်း ပုဝါပတ်ထားပါ။

📌ရေနွေး၊ လက်ဖက်ရည်ဒါမှမဟုတ် စွပ်ပြုတ်နွေးနွေးတွေ များများသောက်ပေးပါ။ ဒါမှ ချွဲသလိပ်တွေ ပျစ်ခဲတာကို လျော့ကျစေပြီး အာခေါင်နဲ့ နှာခေါင်းကို စိုစွတ်စေမှာပါ။

📌Humidifier ကို အသုံးပြုတာ ဒါမှမဟုတ် ရေနွေးခွက်ကို အနီးအနားမှာ ထားတာက ခြောက်သွေ့တဲ့လေကို လျော့ကျစေပြီး နှာခေါင်းအတွင်းသား ခြောက်သွေ့မှုကို သက်သာစေပါတယ်။

📌လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

နှာခေါင်းပိတ်တာကို ဘယ်လိုကုသကြမလဲ?

📌ရေနွေးပူပူထဲကို မျက်နှာအပ်ပြီး ခေါင်းကို တဘက်အုပ်ကာ ရေနွေးငွေ့ကို ၅-၁၀ မိနစ်ခန့် ရှူပေးပါ။ ဒါဟာ ပိတ်နေတဲ့ နှာခေါင်းကို ချက်ချင်းပွင့်စေပြီး သက်သာစေတဲ့ အလွယ်ဆုံးနည်းလမ်းပါ။

📌Neti Pot ဒါမှမဟုတ် Nasal Spray (နှာခေါင်းဖြန်းဆေး) တွေနဲ့ ဆားရည်ကို အသုံးပြုပြီး နှာခေါင်းအတွင်းရှိ အချွဲတွေနဲ့ အညစ်အကြေးတွေကို ဆေးကြောပေးနိုင်ပါတယ်။
မှတ်ချက်: ဆားရည်ဖျော်ရင် သန့်စင်တဲ့ရေ (သို့) ရေသန့်ကိုသာ အသုံးပြုပါ။

📌အိပ်တဲ့အခါ ခေါင်းအောက်မှာ ခေါင်းအုံး တစ်လုံးနှစ်လုံး ထပ်ခံပြီး မြှင့်အိပ်ခြင်းဖြင့် နှာခေါင်းအတွင်း ဖိအားကို လျော့ကျစေပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။

📌ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ နှာခေါင်းကျဉ်းဆေးတွေကို သုံးနိုင်ပါတယ်။ သို့သော်လည်း (၃ ရက်ထက် ပိုမသုံးပါနဲ့)။ အကြာကြီးသုံးရင် နှာခေါင်းက ဆေးအာနိသင်ကို စွဲသွားပြီး ဆေးဖြန်းတာ ရပ်လိုက်ရင် ပိုဆိုးနိုင်လို့ပါ။

အဖျားတက်လာရင်၊ နှာခေါင်းပိတ်တာ တစ်ပတ်ကျော်ကြာတဲ့အထိ မသက်သာရင် ဒါမှမဟုတ် နားကိုက်၊ မျက်နှာမှာ နာကျင်တာမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
#ကျန်းမာပါစေ #ဆေးခန်း #နှာခေါင်းပိတ်ခြင်း

ကျန်းမာခြင်းအတွက် ကျန်းမာပါစေကိုလာခဲ့ပါ...လူတစ်ယောက်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ၊ ကျန်းမာရေးမကောင်းရင် ဘဝက ဘာအဓိပ္ပာယ...
30/11/2025

ကျန်းမာခြင်းအတွက် ကျန်းမာပါစေကိုလာခဲ့ပါ...

လူတစ်ယောက်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ၊ ကျန်းမာရေးမကောင်းရင် ဘဝက ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ပါဘူး။

အလုပ်တွေရှုပ်၊ ပူပင်စရာတွေများတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ တကယ်ကို လစ်ဟင်းနေတတ်ကြပါတယ်။

ဒါပေမဲ့ တစ်ခုသတိရသင့်တာက ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တာ၊ အာဟာရပြည့်တာလေးတွေ စားတာနဲ့ တစ်နှစ်တစ်ခါပုံမှန်စစ်ဆေးမှုလုပ်တာမျိုးပြုလုပ်သင့်ပါတယ်။

ဒါမှသာ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်တဲ့အပြင် စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

ကျန်းမာပါစေဆေးခန်းဟာ သင့်ရဲ့ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးလက်တွဲဖော် ဖြစ်ဖို့ အသင့်ရှိနေပါတယ်။

📌အထူးကုဆေးခန်းဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျန်းမာရေးကဏ္ဍအလိုက် အတွေ့အကြုံရှိတဲ့ အထူးကုဆရာဝန်ကြီးများရဲ့ စောင့်ရှောက်မှုတွေကို ပေး‌နေပြီး သင်လိုအပ်တဲ့ စနစ်ကျတဲ့ ကုသမှုကို ရရှိမှာပါ။

📌ရောဂါတစ်ခုခုကို စိုးရိမ်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ဘယ်လိုနေထိုင်ရမလဲ သိချင်လို့ပဲဖြစ်ဖြစ်၊ ဆရာဝန်ကြီးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လို့ရပါတယ်။
သင့်ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတိုင်းကို ဂရုတစိုက် နားထောင်ပြီး မှန်ကန်တိကျတဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။

📌ရောဂါပျောက်ကင်းအောင် ကုသပေးဖို့သာမက စိတ်အေးချမ်းသာနဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှုကိုပါ ပေးနေပါတယ်။

📌အချိန်မကုန်၊ စိတ်မပင်ပန်းရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲကြိုးစားနေပါတယ်။

လူကြီးမင်းတို့ရဲ့ တစ်ခုတည်းသော အဖိုးတန်ကျန်းမာရေးကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ဖို့...

ယနေ့ပဲ ကျန်းမာပါစေဆေးခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။🙏🏻

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

ဇက်ကြောတက်ရင်ဘာလက္ခဏာတွေခံစားရနိုင်လဲ❓အဖြေမှန်တစ်ခုကို ရွေးချယ်ပါ။A. ခြေဖဝါးနှင့် ခြေချောင်းများ ကျဉ်ခြင်း၊ ကိုက်ခဲခြင်း...
29/11/2025

ဇက်ကြောတက်ရင်ဘာလက္ခဏာတွေခံစားရနိုင်လဲ❓
အဖြေမှန်တစ်ခုကို ရွေးချယ်ပါ။

A. ခြေဖဝါးနှင့် ခြေချောင်းများ ကျဉ်ခြင်း၊ ကိုက်ခဲခြင်း

B. ခေါင်းကို ဘေးဘက်သို့ လှည့်ရာတွင် နာကျင်ခြင်း၊ လှည့်မရလောက်အောင် တင်းမာနေခြင်း

C. မျက်လုံးများ နီရဲလာပြီး အမြင်အာရုံ‌ဝေဝါးလာခြင်း

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း #ဇက်ကြောတက်ခြင်း

ဒီလိုအလေ့အကျင့်လေးတွေ လုပ်ကြည့်ပါ🤗ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့အတွက် အောက်ကအချက်လေးတွေအတိုင်း လိုက်နာဖို့လိ...
28/11/2025

ဒီလိုအလေ့အကျင့်လေးတွေ လုပ်ကြည့်ပါ🤗

ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့အတွက် အောက်ကအချက်လေးတွေအတိုင်း လိုက်နာဖို့လိုပါတယ်။

📌ရေသောက်ခြင်း
- မနက်အိပ်ယာထတာနဲ့ ရေတစ်ဖန်ခွက် (သို့မဟုတ်) ရေနွေးတစ်ခွက်ကို အရင်ဆုံး သောက်ပါ။ (အစာခြေစနစ်ကို နိုးထစေပြီး အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ ကူညီပါတယ်)

- ရေကို မကြာခဏ စနစ်တကျ သောက်သုံးပေးပါ။ ရေဆာတာကို မစောင့်ဘဲ သောက်ပါ။

📌အစားအသောက်မှန်မှန်ကန်ကန်စားခြင်း
- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံကို နေ့စဉ်စားသုံးပါ။ (ကိုယ်ခံအားနဲ့ အမျှင်ဓာတ်အတွက် မရှိမဖြစ်ပါလိုပါတယ်)

- သန့်ရှင်းလတ်ဆတ်တဲ့ အသားဓာတ် (ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး) ကို ရွေးချယ်ပါ။ အဆီများတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ (Processed Foods) နဲ့ သကြားဓာတ်များတဲ့ အချိုပွဲတွေကို လျှော့ပါ။

- ညအိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကြားမှာ အနည်းဆုံး ၂ နာရီမှ ၃ နာရီခြားထားပြီးစားပါ။

📌လှုပ်ရှားမှုပြုလုပ်ခြင်း
- တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ ပေါ့ပါးတဲ့ လှုပ်ရှားမှုတစ်ခုခုကို ပုံမှန်လုပ်ပါ။

- အလုပ်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ တစ်နာရီခြားတစ်ခါ ထပြီး ခဏတာ ဆန့်ထုတ်ပေးခြင်း (Stretching) သို့မဟုတ် လမ်းအနည်းငယ်လျှောက်ပေးခြင်းတို့ကို လုပ်ပါ။ (အထိုင်များခြင်းကကျန်းမာရေးကို ထိခိုက်စေပါတယ်)

📌အိပ်ရေးဝဝ အိပ်စက်ခြင်း
- လူကြီးတစ်ဦးအနေနဲ့ တစ်ညကို ၇ နာရီမှ ၉ နာရီခန့် အရည်အသွေးကောင်းတဲ့ အိပ်ချိန်ရရှိဖို့ ကြိုးစားပါ။

- အိပ်ရာဝင်ချိန်ကို ပုံမှန် ထားပါ။ ညအိပ်ရာဝင်ခါနီးမှာ ဖုန်း၊ တီဗီစတဲ့ အလင်းရောင်များတဲ့ စက်ပစ္စည်းတွေ သုံးတာကို ရှောင်ပါ။

📌စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း
- စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့အတွက် တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ခြင်း (Deep Breathing)၊ သို့မဟုတ် ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်ခြင်းဖြင့် အချိန်ပေးပါ။

- ကျေးဇူးတင်စရာတွေကို အမြဲ တွေးပါ။ပျော်ရွှင်တဲ့ စိတ်ထားကို မွေးမြူပါ။

ဒီအလေ့အကျင့်ကောင်းလေးတွေကို တစ်ပြိုင်နက်တည်း အားလုံးစတင်ဖို့ မကြိုးစားပါနဲ့။

ကိုယ့်အတွက် အလွယ်ဆုံးနဲ့ အရေးအကြီးဆုံးလို့ ထင်တာကို တစ်ခုချင်းစီ စတင်ကျင့်သုံးရင်း အသားကျလာတဲ့အခါ အခြားအလေ့အကျင့်တွေကို တိုးမြှင့်သွားပါက ရေရှည်အတွက် ပိုမိုထိရောက်ပါလိမ့်မယ်။
#ကျန်းမာပါစေ #ဆေးခန်း

🤔ဘာကြောင့် ကျန်းမာရေး လိုက်စားသင့်တာလဲ?ကျန်းမာခြင်းဟာ အဖိုးမဖြတ်နိုင်တဲ့ဘဏ္ဍာပါ။ကိုယ်ရောစိတ်ပါ ကျန်းမာနေမှသာ ကိုယ့်ရဲ့နေ...
27/11/2025

🤔ဘာကြောင့် ကျန်းမာရေး လိုက်စားသင့်တာလဲ?

ကျန်းမာခြင်းဟာ အဖိုးမဖြတ်နိုင်တဲ့ဘဏ္ဍာပါ။

ကိုယ်ရောစိတ်ပါ ကျန်းမာနေမှသာ ကိုယ့်ရဲ့နေ့စဉ်ဘဝတာဝန်တွေကို ထမ်းဆောင်နိုင်မယ်၊ မိသားစုနဲ့အတူ ပျော်ရွှင်စွာ အချိန်ဖြုန်းနိုင်မယ်၊ အလုပ်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ လုပ်ကိုင်နိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်နိုင်မှာပါ။

ကျန်းမာအောင် နေထိုင်ခြင်းက သင့်ရဲ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုလိုပါပဲ။

ဒါဟာ ကြိုတင်ကာကွယ်ထားခြင်းပဲ ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးခရီးလမ်းမှာ ပိုမိုအားကောင်းစေဖို့၊ ကျန်းမာပါစေ-အထူးကုဆေးခန်း က အသင့်ရှိနေပါတယ်။

ကျန်းမာပါစေမှာ-
✅ ကျန်းမာရေးနဲ့ပတ်သက်ပြီး မှန်ကန်တိကျတဲ့ အကြံဉာဏ်တွေ ကို ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေး ရယူနိုင်ပါတယ်။

✅ ရောဂါများကို အချိန်မှီ ကြိုတင်သိရှိနိုင်ရန်အတွက် စနစ်တကျ ပြုလုပ်ထားတဲ့ Medical Check-up (ကျန်းမာရေး စစ်ဆေးမှုများ) ကို ပြုလုပ်နိုင်ပါတယ်။

✅ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ရောဂါဘယတွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကာကွယ်ဆေးများ ကိုလည်း စိတ်ချလက်ချ ထိုးနှံနိုင်ပါတယ်။

ကျန်းမာပါစေ ဆေးခန်းက သင်နဲ့သင့်မိသားစုရဲ့ ကောင်းမွန်တဲ့ကျန်းမာရေးအတွက် အမြဲတမ်းဦးစားပေးပြီး ဝန်ဆောင်မှုပေးနေပါတယ်။

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

🥲
26/11/2025

🥲

💆‍♂️ ဇက်ကြောတက်ခြင်း ဇက်ကြောတက်ခြင်းက လူတိုင်းနီးပါးကြုံကိုကြုံဖူးကြမယ့် နာကျင်မှုတစ်ခုပါပဲ။ရုံးသမားတွေ၊ ကျောင်းသားတွေနဲ...
25/11/2025

💆‍♂️ ဇက်ကြောတက်ခြင်း

ဇက်ကြောတက်ခြင်းက လူတိုင်းနီးပါးကြုံကိုကြုံဖူးကြမယ့် နာကျင်မှုတစ်ခုပါပဲ။

ရုံးသမားတွေ၊ ကျောင်းသားတွေနဲ့ စမတ်ဖုန်း အသုံးများသူတွေမှာ ပိုအဖြစ်များပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ၊ ဘယ်လိုသက်သာအောင် လုပ်နိုင်လဲဆိုတာကို ကြည့်လိုက်ရအောင်...

ဇက်ကြောတက်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့

📌ကွန်ပျူတာကြည့်တဲ့အခါ ခေါင်းငုံ့တာ၊ ဖုန်းကြည့်ရင်း ဇက်စောင်းတာ၊ စာရေးရင်း ကိုယ်ကိုင်းတာ စတဲ့ မမှန်ကန်တဲ့ အနေအထားတွေကြောင့် လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေ တင်းမာလာခြင်း။

📌အချိန်ကြာကြီး တစ်နေရာတည်း ထိုင်ပြီး အလုပ်လုပ်ခြင်း သို့မဟုတ် အိပ်စက်ခြင်း။

📌စိတ်ဖိစီးမှုများတဲ့အခါ ပခုံးနဲ့ လည်ပင်းကြွက်သားတွေကို မသိလိုက်ဘဲ တင်းထားမိခြင်း။

📌ခေါင်းအုံး အနေအထား မမှန်တာ၊ မှားယွင်းတဲ့ပုံစံနဲ့ အိပ်တာ။

စတာတွေကြောင့် ဇက်ကြောတက်ခြင်းကို ဖြစ်‌ဖို့အလားအလာများပါတယ်။

သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကတော့

📌ကွန်ပျူတာ စခရင်ကို မျက်လုံးအဆင့် မှာထားပါ

📌ထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပြီး ခြေထောက်နှစ်ဖက်ကို မြေကြီးမှာချထိုင်ပါ

📌ဖုန်းကြည့်ရင် ခေါင်းမငုံ့ဘဲ ဖုန်းကို မျက်လုံးအဆင့်အထိ မြှောက်ကြည့်ပါ

📌နာရီဝက် သို့မဟုတ် တစ်နာရီခြား တစ်ခါ ထိုင်နေရာမှ ထပြီး ခဏတာ လမ်းလျှောက်ပါ

📌လည်ပင်းကို ဘေးတစ်ဖက်စီ ဖြည်းဖြည်းချင်းစောင်းပြီး ၁၀ စက္ကန့်ခန့် ထိန်းထားပါ (ဇက်ကို ခပ်ကြမ်းကြမ်း မလှည့်ပါနဲ့)

📌ပခုံးကို နားရွက်နားရောက်သည်အထိ မတင်ပြီး ၅ စက္ကန့်ခန့်နေမှ ပြန်ချပါ။ ၅ ကြိမ်ခန့်လုပ်ပါ။

📌ဇက်ကြောတက်တဲ့ နေရာကို ရေနွေးအိတ် (သို့) အပူပေး အနှိပ်ခံပစ္စည်းလေးတွေနဲ့ မိနစ် ၂၀ ခန့် ကပ်ပေးပါ

📌အိပ်တဲ့အခါ ဇက်ကို ကောင်းစွာ ထောက်ကူပေးနိုင်တဲ့ ခေါင်းအုံး ကို ရွေးချယ်သုံးစွဲပါ။ (မမာလွန်း၊ မနူးညံ့လွန်းသော အလယ်အလတ်အမျိုးအစား)

💁🏻‍♀️နာကျင်မှုက ရက်အနည်းငယ်ကြာတဲ့အထိ မသက်သာဘဲ ပိုဆိုးလာတဲ့အခါ

💁🏻‍♀️လက်မောင်း၊ လက်တွေအထိ ပျံ့နှံ့လာပြီး ထုံကျဉ်လာတဲ့အခါ

💁🏻‍♀️ခေါင်းကိုက်တာ၊ မူးဝေတာနဲ့ အဖျားဝင်တာမျိုး တွဲပါလာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံး ပြသင့်ပါတယ်။

မှန်ကန်တဲ့ အနေအထားနဲ့ ပုံမှန် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို အများစု ကာကွယ်နိုင်မှာဖြစ်ပါတယ်။
#ကျန်းမာပါစေ #ဆေးခန်း #ဇက်ကြောတက်ခြင်း

စိတ်ချမ်းသာခြင်းက ကျန်းမာရေးနဲ့ဆိုင်ပါသလား? စိတ်ချမ်းသာခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အုတ်မြစ်တစ်ခု...
24/11/2025

စိတ်ချမ်းသာခြင်းက ကျန်းမာရေးနဲ့ဆိုင်ပါသလား?

စိတ်ချမ်းသာခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အုတ်မြစ်တစ်ခုလို့ဆိုရပါမယ်။

💁🏻‍♀️စိတ်ရောကိုယ်ပါ ပျော်ရွှင်နေမှသာ အပြင်ပန်းက ကာယကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မှာပါ။

📌စိတ်နဲ့ခန္ဓာက တိုက်ရိုက်ချိတ်ဆက်နေတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်တီဆော (Cortisol) လို စိတ်ဖိစီးမှု ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာပြီး ဒါတွေက ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်သလို အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

📌စိတ်ချမ်းသာပျော်ရွှင်နေတဲ့အခါမှာတော့ ခန္ဓာကိုယ်က Endorphins, Serotonin စတဲ့ သဘာဝအလျှောက် နာကျင်မှုတွေ
ကို သက်သာစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဓာတ်တွေကို ထုတ်ပေးပါတယ်။

💁🏻‍♀️ဒါကြောင့် အကောင်းမြင်စိတ်ထားခြင်း၊ ရယ်မောခြင်းနဲ့ စိတ်ပျော်ရွှင်အောင် နေထိုင်ခြင်းက သင့်ကို ရောဂါဘယ ကင်းဝေးစေပြီး သက်ရှည်ကျန်းမာစေမှာပါ။

"စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့အညီ...

ကျန်းမာပါစေ ဆေးခန်းကနေ လူကြီးမင်းတို့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နိုင်ဖို့အတွက် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးအပ်ဖို့ အသင့်ရှိနေပါတယ်။👨‍⚕️

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

Address

244/246 Ground Floor , Pansodan Road. , Kyauk Tatar Twnsp. Yangon
Yangon

Opening Hours

Monday 08:30 - 11:00
16:00 - 21:00
Tuesday 08:30 - 11:00
16:00 - 21:00
Wednesday 08:30 - 11:00
16:00 - 21:00
Thursday 08:30 - 11:00
16:00 - 21:00
Friday 08:30 - 11:00
16:00 - 21:00
Saturday 16:00 - 21:00
Sunday 16:00 - 21:00

Telephone

+959788201665

Website

Alerts

Be the first to know and let us send you an email when ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram