05/12/2025
Renal stones
ကျောက်ကပ်ကျောက်တည်ခြင်း
🤔ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာဘာလဲ။
🧑⚕️ကျောက်ကပ်ကျောက်တည် ခြင်း သည်လူမျိုးမရွေး၊ယောကျ်ား မိန်းမမရွေး ဖြစ်နိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။
🧑⚕️ကျောက်ကပ်တွင်ဖြစ်ပေါ်သောကျောက်များသည်အများအားဖြင့် ကယ်လ်ဆီယမ် သို့မဟုတ် ဖောစဖိတ်အနယ်များကြောင့်ဖြစ်ပြီး အချို့သောကျောက်များတွင်ပရိုတင်းအနည်းငယ်ပါဝင်ပါသည်။
အချို့ကျောက်များသည် uric acids နှင့် မဂ္ဂနီဆီယမ်အမိုနီယမ် ဖော့စဖိတ် စသည်တို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားကြသည်။
🤔ဘယ်လိုအကြောင်းအရာတွေက ကျောက်ကပ်ကျောက်တည်ခြင်းကိုဖြစ်စေသလဲ။
🧑⚕️ပုံမှန်အားဖြင့် ဆီးထဲတွင် minerals ခေါ် သတ္တုဓာတ်များ၊သက်စောင့်ဓါတ်များ၊ အက်ဆစ်ဓါတ်များ၊ ကယ်လ်ဆီယမ်၊ဆိုဒီယမ်၊ uric acids အစရှိသော အခြားဓါတ်ပေါင်းများစွာပါဝင်ပါသည်။
💢လူတစ်ယောက်သည်ဆီးနည်းသွားသောအခြေအနေ သို့မဟုတ်
💢ထိုအနည်ပမာဏကပျော်ဝင်သောအရည်ပမာဏထက်ပိုများလာသောအခြေအနေတွင် အနယ်များအချင်းချင်း စုပေါင်းပြီး မာသောအရာဝတ္ထုများ တနည်းအားဖြင့် ကျောက်များဖြစ်လာပါသည်။
🔷ထိုသို့ဖြစ်ပေါ်လာရန် လနှင့်ချီ၍၊ တခါတရံတွင် နှစ်နှင့်ချီ၍ ကြာတတ်ပါသည်။
🔷ဖြစ်ပေါ်လာသောကျောက်အမျိုးအစားဖွဲ့စည်းပုံပေါ်မူတည်၍ ဖြစ်ရသောအကြောင်းရင်းအနည်းငယ်ကွာခြားပါသည်။
👉ကယ်လ်ဆီယမ်ပါဝင်သောကျောက်များသည်အဖြစ်အများဆုံးဖြစ်သည်။၎င်းတို့သည်အစားအသောက်ထဲတွင် Oxalate ဓါတ်များပြီးရေသောက်လည်းနည်းသောသူများတွင်ဖြစ်တတ်သည်။
👉Uric acid ကြောင့်ဖြစ်သောကျောက်များသည် uric acid ကြွယ်ဝသောအစားအစာများဖြစ်သည့် မှို၊ မျှစ်၊ကလီစာ၊အနီရောင်အသားများ၊ဘီယာအလွန်အကျွံသောက်သူများနှင့် သွေးထဲတွင် uric acid များသူများတွင်ဖြစ်တတ်သည်။
👉ဆီးပိုးဝင်ခြင်းအစရှိသည့် မကြာခဏပိုးဝင်ခြင်းများကြောင့် ကြီးမားသော ကျောက်တည်ခြင်း( staghorn calculus) များဖြစ်တတ်သည်။
👉မျိုးရိုးလိုက်သောရောဂါဖြစ်သည့် Cystinuria ကဲ့သို့သောရောဂါများတွင် Cystine stones များဖြစ်တတ်သည်။
ထို့အပြင်
👉မိဘမျိုးရိုးထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းဖြစ်ဖူးသူများ
👉Uric acid များသူများ
👉ရေသောက်နည်းသူများ
👉Vitamin C အလွန်အကျွံသုံးစွဲ သူများ
👉Vitamin D ပမာဏလိုအပ်ချက်ထက်ပို၍ ဖြည့်စွက်စာစားသူများ
👉ကျောက်ကပ်ရေအိတ်ရောဂါ (Polycystic kidney disease) ရှိသူများ
👉Sarcoidosis ၊ Hyperparathyroidism အစရှိသည့် သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များသောရောဂါရှိသူများ
👉ဆီးလမ်းကြောင်းရောဂါရှိသူများ
👉မွေးရာပါ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ပုံမမှန်သူများ
👉အစာအိမ်၊အူလမ်းကြောင်းတွင် ခွဲစိတ်ထားသူများ
👉ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊အဝလွန်ရောဂါရှိသူများ
👉အရိုးပွရောဂါရှိသူများ
👉 ခဲနှင့် cadmium သတ္တုများနှင့်ကြာရှည်ထိတွေ့နေရသူများ
👉အချို့သောဆေးဝါးများ၊ဖြည့်စွက်စာဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်သည်။
🤔ဆီးကျောက်တည်ခြင်း၏ရောဂါလက္ခဏာတွေက ဘာတွေ လဲ။
🔺လူနာအများစုမှာ တခါတရံတွင် ရောဂါလက္ခဏာမပြပဲဆေးစစ် ultrasound ရိုက်မှသာတွေ့ရတတ်သည်။
🔺ရောဂါလက္ခဏာပြသောသူအများစုတွင်
👉ကျောအောက်ပိုင်းနံဘေး သို့မဟုတ်ခါးနာခြင်း (တခါတရံတွင် ဆုတ်ဆွဲထားသလို၊တခါတရံတွင် ထိုး၍ အောင့် ခြင်း)
👉ဆီးလမ်းကြောင်းတစ်လျောက်တွင် ကျောက်ဖြတ်သန်းသွားပါက ဆီးသွားချိန်တွင် မခံနိုင်အောင်နာခြင်း၊(ကျောက်ပမာဏအရွယ်အစား၊ဖြစ်သောနေရာပေါ်မူတည်၍ ပြင်းထန်မှုကွာခြားနိုင်ပါသည်။)
👉ဆီးထဲတွင်သွေးပါခြင်း
👉ဆီးအနယ်များခြင်း၊နောက်ခြင်း၊အနံဆိုးခြင်း
👉ဆီးမသွားနိုင်ခြင်း၊
👉ပျို့ခြင်း၊အန်ခြင်း
👉ချမ်းတုန်ခြင်း၊ဖျားခြင်း
စသည်တို့ဖြစ်တတ်သည်။
🤔ဆီးကျောက်တည်ခြင်းရဲ့နောက်ဆက်တွဲ ပြဿနာတွေကဘာတွေလဲ။
🚨ကျောက်ကပ်ရောင်လာခြင်း၊
🚨ကျောက်ကပ်ပိုးဝင်ခြင်း
🚨ကျောက်ကပ်ပျက်စီးခြင်း
🚨မကြာခဏဆီးပိုးဝင်ခြင်း
🚨နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ခြင်း (Chronic Kidney Disease)
စသည်တို့ဖြစ်တတ်သည်။
🤔ကျောက်ကပ်ကျောက်တည်ခြင်းကိုဘယ်လိုသိနိုင်မလဲ။
🧑⚕️အထက်ပါရောဂါလက္ခဏာများရှိပါက
🔺ဆရာဝန်များမှရောဂါရာဇဝင်ကိုမေးမြန်းခြင်း၊စမ်းသပ်ခြင်းအပြင်
🔺Ultrasound သို့မဟုတ် ကွန်ပျူတာဓါတ် မှန် ရိုက် ခြင်း၊
🔺ဆီးစစ်ခြင်း
🔺ကျောက်ကပ်ဓါတ်အပါအဝင်သွေးစစ်ခြင်းများပြုလုပ်ရပါသည်။
🤔ကျောက်ကပ်ကျောက်တည် ခြင်းကကုသလို့ပျောက်နိုင်သလား။
🧑⚕️သေးငယ်သောကျောက်များ( 6 mm) တွင်လေဆာဖြင့် ကျောက်ချေ၍ အရွယ်အစားသေးငယ်အောင်ပြုလုပ်ခြင်း၊ ခွဲစိတ်ကုသခြင်းများပြုလုပ်ရန်လိုအပ်ပါသည်။
💢အချို့သောလူနာများတွင် ရောဂါလက္ခဏာကိုဆေးဝါးများဖြင့်ကုသခြင်း၊
💢ဖြစ်စေသောအကြောင်းတရား(ဥပမာ uric acid များခြင်း) စသည်ကိုကုသခြင်းများပြုလုပ်ရန်လိုအပ်ပါသည်။
🤔ကျောက်ကပ်ကျောက်တည် ခြင်း မဖြစ်စေရန် ဘယ်လိုကာကွယ်ရမလဲ။
👉ရေများများသောက်ပေးခြင်း(တနေ့ 2 လီတာထက်ပို၍)
👉အနီရောင်အသားများ ကိုလျော့စားခြင်း၊
👉ဆိုဒီယမ်၊သကြားဓါတ်နှင့် Oxalate (ဟင်းနုနွယ်၊မြေပဲစသည်) အများအပြားပါဝင်သောအစားအစာများကိုလျော့စားခြင်း၊
👉အဝမလွန်စေရန် ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊
👉ကယ်လ်ဆီယမ်ဓါတ်အများအပြားပါဝင်သောဆေးဝါး ဖြည့်စွက်စာများကို အလွန်အကျွံသောက်သုံး ခြင်း မှရှောင်ကြဥ်ခြင်း၊(ကယ်လ်ဆီယမ်ပါဝင်သော အစားအစာများကိုပိုစားသင့်သည်။)
👉Uric acid အများအပြားပါဝင်သော အစားအစာများ၊အရက်ဘီယာများကိုတတ်နိုင်သမျှရှောင်ကြဥ်ခြင်း၊
စသည် ဖြင့်ကာကွယ်နိုင်ပါသည်။
လူတိုင်းကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network
References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/kidney-stones/symptoms-causes/syc-20355755
https://my.clevelandclinic.org/health/diseases/15604-kidney-stones