19/11/2025
အဝလွန်ခြင်း (Obesity) အတွက် ၂၀၂၅ ခုနှစ် နောက်ဆုံးပေါ် ကုထုံးများ
ယနေ့ခေတ်မှာ အဝလွန်ခြင်း (Obesity)ကို ကမ္ဘာလူဦးရေရဲ့ သုံးပုံတစ်ပုံခန့်က ရင်ဆိုင်နေရပြီး ၎င်းဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း (fatty liver) စတဲ့ နာတာရှည် ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေပါတယ်။ လူနေမှုပုံစံ ပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ဟာ အလွန် အရေးကြီးသော်လည်း လူနာအချို့အတွက် ခေတ်မီဆေးပညာ နည်းလမ်းသစ်များဖြင့် ပေါင်းစပ် ကုသရန် လိုအပ်တတ်ပါတယ်။
📌 𝐆𝐋𝐏-𝟏 𝐓𝐡𝐞𝐫𝐚𝐩𝐲 (𝐒𝐞𝐦𝐚𝐠𝐥𝐮𝐭𝐢𝐝𝐞 / 𝐓𝐢𝐫𝐳𝐞𝐩𝐚𝐭𝐢𝐝𝐞) (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ကုသမှု)
GLP-1 receptor agonists ဟုခေါ်သော ဆေးအမျိုးအစားဟာ ဗိုက်ဆာလွယ်စေသော ဟော်မုန်းကို ထိန်းချုပ်ပေးပြီး အစာစားချင်စိတ်ကို လျော့နည်းစေခြင်း၊ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း နှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးကို ပုံမှန်ဖြစ်အောင် ကူညီပေးခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။
#အားသာချက်များ
ခွဲစိတ်ကုသမှုမလိုအပ်ခြင်း၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော၊ သွေးပေါင်ချိန် တို့ကို တိုးတက်ကောင်းမွန်စေခြင်း၊ လူနာအချို့တွင် ကိုယ်အလေးချိန်ကို ရေရှည်တည်တံ့စေခြင်း
⚠️ GLP-1 therapy ကို ဆရာဝန်၏ ညွှန်ကြားချက်နှင့် ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုသင့်ပြီး မိမိသဘောဖြင့် ဆေးဝယ်ယူထိုးသွင်းခြင်းမျိုး လုံးဝမပြုလုပ်သင့်ပါ။
လူနာတစ်ဦးချင်းစီ၏ BMI ဇီဝကမ္မဖြစ်စဉ် အခြေအနေ၊ လူနေမှုပုံစံ၊ အဝလွန်ရခြင်း၏ အဓိကအကြောင်းရင်းများ စတဲ့ အချက်များကို အခြေခံ၍ လူနာအတွက် အသင့်တော်ဆုံးသော ကုသမှုအဖြစ် 👉 GLP-1 ကုထုံးများကို ပေါင်းစပ်အသုံးပြုသော နည်းလမ်းကို အကြံပြုဆွေးနွေးပေးနေပါတယ်။