27/04/2022
အဆီပိုတွေ ကျချင်တာလား ??? ဝိတ်ကျ ချင်တာလား ???
✅လူတွေဟာ စွမ်းအင် ရဖို့ အားရှိဖို့ အသက်ရှင် ဖို့အစာစားတာပါ...
✅ဒီနေရာမှာ သိထားဖို့လိုတာက စွမ်းအင်ကို ဘယ်သူက အများဆုံးသုံးတာလဲ ဆိုတာပါ....
❓❓နှလုံးလား ???? ဒါကြောင့် နှလုံးခုန် မြန် ချွေးများများထွက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်မှ ဝိတ်ကျမယ်ထင်တာ လား ????
✅သေချာပြန်စဉ်းစားကြည့်ရင် အဲ့လိုလေ့ကျင့်ခန်းတွေကို လုပ်နိုင်ဖို့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို တောင်ခံထားဖို့ ကြွက်သားက အဓိက ပါပဲ။
✅လူ့ခန္ဓာကိုယ်မှာ စွမ်းအင် အများဆုံး သုံးတဲ့ အစိတ်အပိုင်းကလည်း ကြွက်သားပါပဲ။
✅ကြွက်သားတွေဟာ စွမ်းအင်ကို အများဆုံး အသုံးပြုတာကြောင့် ကြွက်သားများများ ရှိတဲ့သူဟာ စွမ်းအင်များများ သုံးပစ်မှာပါ။
ဆိုလိုတာက စားသလောက်စွမ်းအင်တွေ အကုန်လုံးကို သုံးပစ်နိုင်တဲ့ ကြွက်သား ပမာဏသာရှိရင် ပိုလာတဲ့စွမ်းအင်မရှိလို့ အဆီပိုဆိုတာ ဖြစ်မလာနိုင်တော့ဘူးပေါ့။
ဒါကြောင့် အတိုချုပ်မှတ်ရရင် ကြွက်သားများများရှိတဲ့သူက ဝဖို့ ခက်တာပေါ့။
✅ဒါဆို ကြွက်သားနည်းတဲ့သူကရော ??? စွမ်းအင် နည်းနည်းပဲ သုံးတယ်လေ။
စားလိုက်တဲ့ စွမ်းအင်ကများ သုံးတာကနည်းတော့ ပိုလာတဲ့ စွမ်းအင်တွေ ရှိလာပြီပေါ့။
ဒီတော့ ကြွက်သားနည်းနည်းပဲ ရှိတဲ့သူက အဝလွယ်တာပေါ့။
✅ဒါကြောင့် အဆီချချင်တဲ့ သူတွေ အနေနဲ့ ကြွက်သားရဲ့ အခန်းကဏ္ဍကို လုံးဝမေ့ထားလို့ မရပါဘူးနော်။ အဆီချချင်ရင် ကြွက်သားတွေကသာ အဆီတွေကို ဖျော်ချပေးမှာမို့ ကြွက်သားရာခိုင်နှုန်း တက်အောင်လုပ်ဖို့လိုပါတယ်။
✅ကြွက်သားတွေရဲ့ သဘောက မသုံးတာကြာရင် တဖြည်းဖြည်းအားနည်းပြီး ပိန်လှီ လာတတ်ပါတယ်။ အောက်ပိုင်းသေသွားလို့ လမ်းမလျှောက်နိုင်တော့တဲ့ လူနာတွေမှာဆိုရင် ခြေထောက်လေးတွေ သေးပြီး လှီလာတာကို တွေ့ဖူးကြမှာပါ။
✅ဒါဆို ဘာလုပ်မလဲ ?? ကြွက်သားတွေအတွက် Bodybuilding, Weight lifting 🏋️♀️,balance training နဲ့ Yoga စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုသလို မှန်ကန်တဲ့ စားသောက်မှု ပုံစံ တစ်ခုလည်း လိုအပ်ပါတယ်။
✅ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ရင် ကြွက်သားတွေ ပြတ်တောက်သွားပါတယ်။ ဒီအချိန်မှာ ကြွက်သားတွေအတွက် အဓိက အာဟာရဖြစ်တဲ့ အသားဓါတ်ကို လုံလောက်အောင် စားပေးဖို့လိုပါတယ်။
✅အသားဓါတ် အလုံအလောက် မရရင်တော့ ပြတ်သွားတဲ့ ကြွက်သားမျှင်တွေကြောင့် ကြွက်သားရာခိုင်နှုန်းက နည်းလာပြီး ဝိတ်ကျသွားပေမယ့် လူကကြံ့ခိုင်မှုအားနည်းလာကာ နည်းနည်းစားတာနဲ့ အဆီတက်လာပြီး ဝ လာမှာပါ။
✅ဒါကြောင့် မိမိတို့ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ အသားဓါတ်တွေ ဖြစ်တဲ့
အနီရောင်အသား ၊ အဖြူရောင်အသား
ငါး ၊ ပုစွန် ၊ ပင်လယ်စာ
ဥ အမျိုးမျိုး
ပဲ အမျိုးမျိုး
နို့ နှင့် နို့ထွက် ပစ္စည်းများ အလုံအလောက် ပါအောင်စားသောက်ပါ။
✅ကြွက်သားတွေကို များများခိုင်းပေးပါ။ဒါဆိုရင်တော့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို လူတိုင်းပိုင်ဆိုင်နိုင်ကြမှာပါ။
🟢Ketogenic diet နဲ့ အဆီချချင်တဲ့သူတွေ အတွက်လည်း Dr. Keto Guide for Fit Page ကနေ Plan လေးတွေနဲ့ကူညီပေးနေတဲ့အကြောင်း သတင်းကောင်းပါးလိုက် ပါရစေနော်😊😊
🟢ဒီလို ဆောင်းပါးလေးတွေ မလွတ်တမ်း ဖတ်ချင်ရင် Dr,Keto Guide Page လေးကို see first လုပ်ထားဖို့လိုပါတယ်နော်😊
🟢မိမိရဲ့ မိတ်ဆွေများကို ပြန်လည် မျှဝေချင်ရင် share လေးကိုနှိပ်ပြီး လွပ်လပ်စွာ မျှဝေနိုင်ပါတယ်။
🔴🔴copy ယူပြီး ဆောင်းပါးများကူးယူဖော်ပြခြင်းမပြုလုပ်ပါရန် လေးစားစွာ အသိပေး တားမြစ်အပ်ပါတယ်❌❌❌
Zawgyi Code
——————-
အဆီပိုတွေ ကျချင်တာလား ??? ဝိတ်ကျ ချင်တာလား ???
✅လူတွေဟာ စွမိးအင် ရဖို့ အားရှိဖို့ အသက်ရှင် ဖို့အစာစားတာပါ...