Dawhninkhaing

Dawhninkhaing Local Brands 09950004219 မှာယူပါ

07/03/2026

အိမ်တစ်အိမ်ရဲ့ လာဘ်လာဘဟာ ဘုရားကျောင်းဆောင်က စပါတယ်အိမ်တစ်အိမ်မှာ စီးပွားရေးတွေ အဆင်မပြေဖြစ်နေတယ်၊ စိတ်တိုစရာတွေ များနေတယ...
07/03/2026

အိမ်တစ်အိမ်ရဲ့ လာဘ်လာဘဟာ ဘုရားကျောင်းဆောင်က စပါတယ်

အိမ်တစ်အိမ်မှာ စီးပွားရေးတွေ အဆင်မပြေဖြစ်နေတယ်၊ စိတ်တိုစရာတွေ များနေတယ်၊ အရာရာဟာ ထစ်ငေါ့နေတယ်လို့ ခံစားနေရရင် တခြားနေရာတွေမှာ အဖြေရှာမနေပါနဲ့ဦး။ မိမိတို့ နေ့စဉ် ကိုးကွယ်ဆည်းကပ်နေတဲ့ ဘုရားကျောင်းဆောင်ကို အရင်ဆုံး ကြည့်လိုက်ပါ။

အိမ်တစ်အိမ်ရဲ့ ကျက်သရေဆောင်ဟာ ဘုရားကျောင်းဆောင်ဖြစ်သလို၊ လာဘ်လာဘ စီးဆင်းရာ လမ်းကြောင်းဟာလည်း ဘုရားကျောင်းဆောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားတက်ချင်သူတိုင်း ဒါလေးတွေကို သတိထားကြည့်ရအောင်လားရှင်...

၁။ ဘုရားပန်းတွေကို ခြောက်ကပ်နေအောင် မထားပါနဲ့
အချို့က ပန်းလှူပြီးရင် ညှိုးသွားတာတောင် မလဲဘဲ ထားတတ်ကြပါတယ်။ ညှိုးနွမ်းခြောက်ကပ်နေတဲ့ ပန်းတွေဟာ အိမ်ရဲ့ စွမ်းအင် (Energy) ကို ကျဆင်းစေပါတယ်။ လန်းဆန်းတဲ့ ပန်းကလေးတွေကသာ ကြည်နူးမှုနဲ့ လာဘ်လာဘကို ဖိတ်ခေါ်နိုင်တာပါ။

၂။ သောက်တော်ရေ ခမ်းနေတာမျိုး မဖြစ်ပါစေနဲ့
သောက်တော်ရေဟာ အေးမြခြင်းနဲ့ ပြည့်စုံခြင်းရဲ့ ပြယုဂ်ပါ။ သောက်တော်ရေခွက်မှာ ရေခမ်းခြောက်နေတာ၊ ရေကြည်မနေတာမျိုးဟာ မိမိတို့ရဲ့ စီးပွားရေးကိုလည်း ခမ်းခြောက်စေတတ်ပါတယ်။ နေ့စဉ် ရေချမ်းအသစ် ကပ်လှူပေးခြင်းက ကုသိုလ်လည်းရသလို စိတ်ကိုလည်း ကြည်လင်စေပါတယ်။

၃။ ဖုန်တွေ ထူနေအောင် မထားပါနဲ့
ဘုရားကျောင်းဆောင်ပေါ်မှာ ဖုန်တွေတက်နေတာ၊ ပင့်ကူအိမ်တွေ ရှိနေတာဟာ နတ်ကောင်းနတ်မြတ်တွေ မနှစ်သက်တဲ့ အလုပ်မျိုးပါ။ သန့်ရှင်းမှုမရှိတဲ့နေရာမှာ လာဘ်နတ်မကပ်နိုင်ပါဘူး။ ဘုရားကျောင်းဆောင်ကို သန့်သန့်ရှင်းရှင်း ထားခြင်းက မိမိတို့ရဲ့ စိတ်ကိုရော၊ အိမ်ရဲ့ ကျက်သရေကိုပါ ဝင်းလက်စေပါတယ်။

သန့်ရှင်းခြင်းသည် နတ်တို့၏ လမ်းကြောင်းဖြစ်သည် ဆိုတဲ့အတိုင်း ဘုရားကျောင်းဆောင်ကို အမြဲတမ်း သန့်ရှင်း၊ လတ်ဆတ်၊ ကြည်လင်နေအောင် ဂရုစိုက်ကြည့်ပါ။

မိမိတို့ရဲ့ အိမ်က ဘုရားကျောင်းဆောင်လေးမှာ အမြဲတမ်း ပန်းရနံ့တွေ သင်းပျံ့နေပြီး၊ ရေချမ်းတွေ ပြည့်လျှံနေမယ်ဆိုရင်... စိတ်ချပါ၊ မိသားစု စီးပွားရေးနဲ့ ကံဇာတာဟာလည်း မုချမသွေ သိသိသာသာ တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေရှင်။

#နန်းမိုခမ်း
#သမီးလေးဖတ်ဖို့ #ဘဝစာပေ #ဓမ္မရသ #အိမ်တွင်းကျက်သရေ #စီးပွားတက်ကြောင်း

27/02/2026

16/02/2026

#ကျစ်ကျင်းမွေး

အကယ်ဒမီ နေ့လေး ရင်ခုန် နေကြပြီလားဘယ်မင်းသမီးလေးကို ရစေချင်လဲမန့် ခဲ့ ကြ အုံး နော်
07/02/2026

အကယ်ဒမီ နေ့လေး ရင်ခုန် နေကြပြီလား

ဘယ်မင်းသမီးလေးကို ရစေချင်လဲ
မန့် ခဲ့ ကြ အုံး နော်

မနက်ခင်းမှာ  #ကြက်ဥပြုတ် စားပေးခြင်းရဲ့ အကျိုးကျေးဇူး (၁၂) ချက် ၁။ အာဟာရ ပြည့်ဝစုံလင်ခြင်း - ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိ...
04/02/2026

မနက်ခင်းမှာ #ကြက်ဥပြုတ် စားပေးခြင်းရဲ့ အကျိုးကျေးဇူး (၁၂) ချက်

၁။ အာဟာရ ပြည့်ဝစုံလင်ခြင်း - ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
၂။ ကိုယ်အလေးချိန် လျှော့ချပေးခြင်း - ပရိုတင်းဓာတ် များလို့ ဗိုက်ပြည့်တာ ကြာစေပြီး ခဏခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။
၃။ မျက်စိ အားကောင်းစေခြင်း - အမြင်အာရုံကို ကာကွယ်ပေးတဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေ ပါဝင်ပါတယ်။
၄။ ဦးနှောက် စွမ်းဆောင်ရည် မြင့်မားခြင်း - မှတ်ဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ Choline ဓာတ် ကြွယ်ဝပါတယ်။
၅။ ကြွက်သား သန်မာစေခြင်း - အရည်အသွေးမြင့် ပရိုတင်းတွေကြောင့် ကြွက်သား တည်ဆောက်မှုကို ကူညီပေးပါတယ်။
၆။ အရိုးနဲ့ သွားများကို ခိုင်မာစေခြင်း - ဗီတာမင် D ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။
၇။ နှလုံး ကျန်းမာရေး - အကျိုးပြု ကိုလက်စထရော (HDL) ကို တိုးပွားစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
၈။ ဆံပင်နဲ့ အသားအရေ - ဆံပင်သန်စွမ်းဖို့နဲ့ အသားအရေ ကြည်လင်ဖို့ လိုအပ်တဲ့ Sulfur နဲ့ ဗီတာမင် B12 ပါဝင်ပါတယ်။
၉။ ခုခံအားစနစ် မြှင့်တင်ခြင်း - ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ Selenium ဓာတ် ပါဝင်ပါတယ်။
၁၀။ သံဓာတ် ဖြည့်တင်းပေးခြင်း - သွေးအားနည်းခြင်းမှ ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၁၁။ တက်ကြွ လန်းဆန်းစေခြင်း - တစ်နေ့တာလုံး အားအင်ပြည့်ဝနေစေဖို့ လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းပါတယ်။
၁၂။ စျေးနှုန်းသက်သာပြီး အဆင်ပြေခြင်း - အချိန်အများကြီး ပေးစရာမလိုဘဲ လွယ်လင့်တကူ ပြင်ဆင်နိုင်လို့ လူတိုင်းနဲ့ ကိုက်ညီပါတယ်။
မိသားစုဝင်တွေ အားလုံး ကျန်းမာနေစေဖို့ မနက်ခင်းတိုင်းမှာ ကြက်ဥပြုတ် (၁) လုံး (သို့မဟုတ်) (၂) လုံးလောက် ပုံမှန် စားသုံးပေးကြပါဦးနော်။


04/02/2026

#ကျစ်ကျင်းမွေး #အမျိုးသမီး #

အခုချိန် ရွှေဝတ်ချင်ပေမယ့် မဝယ်နိုင်သေးလို့ဆိုပြီး စိတ်အားမငယ်ပါနဲ့ရွှေဈေး သိန်း 20 တုန်းက မဝယ်နိုင်တဲ့သူအချို့ သိန်း 60...
04/02/2026

အခုချိန် ရွှေဝတ်ချင်ပေမယ့် မဝယ်နိုင်သေးလို့ဆိုပြီး စိတ်အားမငယ်ပါနဲ့

ရွှေဈေး သိန်း 20 တုန်းက မဝယ်နိုင်တဲ့သူအချို့ သိန်း 60 ဖြစ်တဲ့ချိန်မှ ဝယ်ဝတ်နိုင်တာတွေရှိတယ်

အိမ်ဈေး 300 လောက်တုန်းက ကိုယ်ပိုင်အိမ်နဲ့မနေနိုင်ခဲ့ပဲ အိမ်ဈေး ထောင်ကျော်သွားမှ အိမ်ပိုင်နဲ့နေရတဲ့သူတွေရှိတယ်

ကားဈေး 50 ကျော်တုန်းက ဝယ်မစီးနိုင်ပဲ ကားတစ်စီး သိန်း 500 လောက်ဖြစ်တဲ့ခေတ်မှ ဝယ်စီးနိုင်သူတွေရှိတယ်

အဲ့ဒါကြောင့် ငွေဈေးတက်တာ ရွှေဈေးတက်တာထက် ကိုယ့်ကံတက်ချိန်ဆို ဘယ်ဈေး ဘယ်လောက်အနေထားဖြစ်ဖြစ် ဝယ်နိုင်သွားပါတယ်

ဘဝရဲ့ကံဇာတာက လောကကြီးကဈေးအတက်ကျနဲ့ဘားမှမဆိုင်ပါဘူး

ကိုယ့်ကံမှာ ရဖို့ရှိရင် သိန်းဘယ်နှရာပဲဖြစ်ပါစေ ရကိုရပါမယ်

ကျွန်မဘဝရဲ့ လက်တွေ့အတွေ့ကြုံလေးမို့လို့ ဘယ်အရာပေါ်မှာမှ စိတ်ဓာတ်မကျဖို့ပြောချင်ပါတယ်

Goldgirl Crd

03/02/2026

#ကျစ်ကျင်းမွေး #အမျိုးသမီး

03/02/2026

#အမျိုးသမီး #ကျစ်ကျင်းမွေး

29/01/2026

#အမျိုးသမီး

28/01/2026

လောကဓံ ထဲ ကျင်လည်
နေရတာ တာမို့
အခက်အခဲက တော့ ရှိမှာပဲ
လွယ်ကူနေရင် ဘဝ ဘယ်ဟုတ်တော့မလဲ

🙏🙏🙏

Address

Yangon

Telephone

+959950004219

Website

Alerts

Be the first to know and let us send you an email when Dawhninkhaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dawhninkhaing:

Share