Vita Store

Vita Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vita Store, Medical supply store, Yangon.

09/10/2022

သီတင်းကျွတ်ဆုတောင်း 🙏

" ဘေးဘယာ ဝေးကွာ
သက်ရှည်ကျန်းမာ
စီးပွားဥစ္စာ တိုးတက်နိုင်ပါစေ"

လို့ ဇီဝဗီတမှ တောင်းဆုခြွေအပ်ပါသည်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita


29/09/2022

အရေးပေါ်တားဆေးတွေကို အလွန်အကျွံသုံးစွဲမိတဲ့အခါ...

အမျိုးသမီးတွေအတွက် မိမိအဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရရှိသွားခြင်းကို ရှောင်ရှားနိုင်ဖို့ အရေးပေါ်သန္ဓေတားဆေး ဆိုတာ တည်ရှိနေတာပါ ။ အရေးပေါ်ဆိုသည့်အတိုင်း စောစောသောက်လျှင် ဆေးစွမ်းပိုထက်ပါတယ် ။ အရေးပေါ်တားဆေးတွေသည် သန္ဓေကို (၁၀၀) ရာခိုင်နှုန်းတားဆီးနိုင်ခြင်းမရှိသော်လည်း (၇၂) နာရီ မှ (၁၂၀) နာရီအတွင်း သောက်သုံးနိုင်ပါက (၉၀) ရာခိုင်နှုန်းကျော်သည်အထိ စိတ်ချရနိုင်ပါတယ် ။

သို့သော်လည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အခြေအနေမျိုးလည်း ရှိနေနိုင်ပါတယ် ။ အဆိုပါ အရေးပေါ်သန္ဓေတားဆေးများ ကို တစ်လအတွင်း အကြိမ်ကြိမ် သောက်သုံးခြင်း ၊ ကိုယ်ဝန်လွယ်ထားစဥ်ကာလတွင် သောက်သုံးမိခြင်း ၊ ရာသီလာစဥ်သောက်သုံးမိခြင်း ၊ ဆေးစွမ်းသတ္တိကိုလျော့ကျစေသော အခြားဆေးများနှင့် တွဲသောက်မိခြင်း ၊ ဆေးသောက်ပြီး (၄)နာရီအတွင်း အန်ခြင်း ၊ ဝမ်းလျှောခြင်း များ ဖြစ်ပါက ဆေး၏အကျိုးသက်ရောက်မှုကို လျော့ကျစေပါတယ် ။

ဒါ့အပြင် " တန်ဆေး ၊ လွန်ဘေး " ဆိုသလို သန္ဓေကို တားဆီးပေးသော်လည်း ကြိမ်ဖန်များစွာ ထပ်တလဲလဲ သုံးစွဲပါက အောက်ပါ ဆိုးကျိုးများကိုလည်း ရရှိစေပါတယ် ။

(၁)ပျို့အန်ခြင်း
(၂)မိန်းမကိုယ်သွေးဆင်းခြင်း
(၃)ဗိုက်အောင့်ခြင်း
(၄)ရင်သားများနာကျင်ခြင်း
(၅)ဝမ်းလျှောခြင်း
(၆)ရာသီမမှန်ခြင်း
(၇)ခေါင်းမူး ၊ ခေါင်းကိုက်ခြင်း
(၈)မောပန်းနွမ်းနယ်ခြင်း

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita


25/09/2022

Panic 🆚 Anxiety

ဒီနေ့မှာတော့ သူငယ်ချင်းတို့ ကြားဖူးနေကြ ၊ ရင်းနှီးပြီးသား ဖြစ်တဲ့ Panic နဲ့ Anxiety ရဲ့ ကွာခြားချက်လေးတွေ ၊ ကွဲပြားတဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးချင်ပါတယ် ။ ကိုယ်နဲ့မစိမ်းလှရဲ့ အခြေအနေနှစ်ရပ်ဖြစ်ပေမယ့်လည်း ပုံစံလေးတွေက ဆင်တူသလိုရှိတာမို့ မိမိကိုယ်ကို Panic ဖြစ်နေတာလား ၊ Anxiety တက်နေတာလား ဆိုတာ ကွဲကွဲပြားပြား သိချင်သူတွေအတွက် အကျိုးရှိစေမှာပါ ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


22/09/2022

အမျိုးသမီးများနှင့်ဓမ္မတာသွေးခဲ🩸

မိန်းကလေးတိုင်း လစဥ် ဓမ္မတာလာသည့်အခါ တစ်ဦးနှင့်တစ်ဦး ရာသီစက်ဝန်း ၊ ရာသီသွေးပမာဏ ၊ ကြာချိန် နှင့် ခံစားရသော လက္ခဏာများ ကွဲပြားလေ့ရှိကြပါတယ်။ အမျိုးမျိုးသော ဓမ္မတာ ဆိုင်ရာအကြောင်းအရာတွေထဲကမှ ဒီနေ့အတွက်တော့ " ရာသီသွေး နှင့် သွေးခဲပါခြင်း " ဆိုင်ရာအကြောင်းအရာကို ဆွေးနွေးပေးချင်ပါတယ် ။

🙋🏻‍♀️ရာသီသွေးထဲတွင်သွေးခဲပါခြင်းသည် ပုံမှန်လား ?

ပုံမှန်ရာသီစက်ဝန်းတွင် ဓမ္မတာသွေးဆင်းသည့်အခါ သွေးခဲသွေးစ ပါဝင်ခြင်းသည် သာမန်ဖြစ်စဥ်တစ်ခုဖြစ်နိုင်ပါတယ် ။

🙋🏻‍♀️ရာသီသွေးခဲဆိုတာဘာလဲ ?

ဓမ္မတာလာသည့်အခါ သားအိမ်ဘေးနံရံအလွှာသည် ကွာကျပြီး ခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားရန်အတွက် သားအိမ်အောက်ခြေမှာ သွားစုပါတယ် ။ ခန္ဓာကိုယ်က anticoagulants လို့ခေါ်တဲ့ သွေးမခဲသည့် ပဋိပစ္စည်များ ထုတ်လုပ်ပေးပါတယ် ။ သို့သော် ရာသီသွေးများသည့်အခါ ၊သွေးဆင်းနှုန်းမြန်သည့်အခါ မျိုးတွင် anticoagulants ကို အချိန်မှီ မထုတ်လုပ်နိုင်ခြင်း ကြောင့် သွေးခဲများဖြစ်ပေါ်စေပါတယ် ။ သွေးခဲသွေးစများတွင် သွေးဆဲလ်များ ၊ ပရိုတိန်းများ ၊ သားအိမ်နံရံတစ်ရှူးစများပါဝင်ပါတယ် ။

🙋🏻‍♀️သွေးခဲရဲ့ ပုံမှန် အရောင် ၊ အရွယ်အစားက ဘယ်လိုရှိသလဲ ?

သွေးစသွေးနများသည် ဓမ္မတာအစပိုင်းတွင် အနီတောက်တောက် ဖြစ်နိုင်ပြီး ဓမ္မတာပြီးခါနီးရက်တွင် အနီရင့်ရောင် သို့ ညိုပုပ်ပုပ်အရောင် သို့ ပြောင်းလဲ သွားနိုင်ပါတယ် ။ ပုံမှန် ဂျယ်လီကဲ့သို့ အနေအထားရှိပြီး ဆယ်ပြားစေ့ထက် သေးသောအရွယ်အစားရှိပါတယ် ။

🙋🏻‍♀️ဒါဆိုဘယ်လိုအခြေအနေမျိုးတွေကို သတိထားရမလဲ ?

သွေးခဲသွေးစသည် ဆယ်ပြားစေ့ပမာဏထက် ကြီးသည့်အရွယ်ဆိုပါက ရောဂါတစ်ခုခု၏ လက္ခဏာဖြစ်နေနိုင်ပါတယ် ။

🩸ဟော်မုန်းအပြောင်းအလဲဖြစ်စေသည့် ရောဂါတစ်ခုခုရှိခြင်း (ဥပမာ -သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ၊ သားဥအိမ်တွင်အလုံးတည်ခြင်း )

🩸သွေးဆုံးခါနီးခြင်း

🩸သားအိမ်ပြင်ပသန္ဓေတည်ခြင်း

🩸သားပျက်ခြင်း

🩸သားအိမ်တွင်အလုံးတည်ခြင်း

🩸သားအိမ်ပြင်ပအခြားနေရာများတွင်သားအိမ်နံရံကဲ့သို့ကြီးထွားပြီးသွေးဆင်းခြင်း
တို့ကြောင့်ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် မိမိသည် ဓမ္မတာလာသည့်အခါ ရာသီသွေးများခြင်း ၊ သွေးခဲကြီးကြီးပါခြင်း ၊ အလွန်အမင်း ဗိုက်အောင့်ခြင်း ကဲ့သို့ မူမမှန်သည့် လက္ခဏာများခံစားနေရပြီဆိုပါက အမြန်ဆုံး ဆရာဝန်နှင့်ပြသသင့်ပါတယ်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


13/09/2022

နံနက်ခင်းတိုင်း နေရောင်ခြည် ခံယူကြပါစို့ ။ ☀️

နေထိရင် အသားမဲမှာ ၊ အသားလောင်မှာ ကြောက်တဲ့သူတွေ ရှိကြလား ? နေရောင်ခြည် က အရေပြားဆဲလ်လေးတွေရဲ့ DNA ကို ပျက်စီးစေနိုင်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ ။ ဒါဆို ......

နေရောင်ခြည် ကို အမြဲ ရှောင်ရမှာလား ?
နေရောင်ခြည်ဆိုတာ မကောင်းဘူး လား ?

ဒီမေးခွန်းတွေရဲ့အဖြေကတော့ " No “ ပါ ။
နေရောင်ခြည် ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ် ။ လိုအပ်တယ်ဆိုတိုင်း တနေကုန် တနေခမ်း နေပူထဲရပ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။

နံနက်မိုးလင်း အိပ်ယာနိုးတာနဲ့ နံနက်ခင်းနေရောင်ခြည် ကို (၁၅)-(၃၀)မိနစ်ခန့် ခံယူပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေပါတယ် ။

☀️ခန္ဓာကိုယ်ထဲရှိ ဇီဝနာရီ ကိုစည်းချက်ညီညီ လည်ပတ်စေပြီး ဇီဝလုပ်ငန်းဆောင်တာများကို မှန်ကန်စေပါတယ် ။

☀️နံနက်တွင် Cortisol ၊ ညတွင် Melatonin အချိန်မှန် ထွက်ရှိစေပြီး အိပ်ယာနိုးချိန် ၊ အိပ်ယာဝင်ချိန် နာရီ စက်ဝန်းကို တည့်မတ်ပေးပါတယ် ။

☀️Cortisol ပမာဏများများထွက်စေခြင်းဖြင့် တနေ့တာအတွက် လုံလောက်သောစွမ်းအင် ၊ ကိုယ်ခံစွမ်အား တို့ကို ရရှိစေပါတယ် ။

☀️Serotonin ၊ Endorphin ဟော်မုန်း များထွက်စေပြီး စိတ်ဖိစီးမှုနည်းစေခြင်း ၊ အနာသက်သာစေခြင်း ၊ ပျော်ရွှင်မှုကို ပေးစွမ်းခြင်း တို့ ဖြစ်စေပါတယ် ။

☀️UV ရောင်ခြည်သည် Nitric oxide ကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းပေးကာ နှလုံးအတွက် အကျိုးဖြစ်စေပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်မားစေပါတယ် ။

☀️အူမကြီးကင်ဆာ ၊ ရင်သားကင်ဆာ ၊ Prostate ကင်ဆာ ၊ ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ် ။

ဒါကြောင့် နံနက်ခင်းတိုင်း နေရောင်ခြည် မှပေးစွမ်းသော ခွန်အားတို့ကို ရယူရင်း ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


11/09/2022

ဇီဝဗီတ ရဲ့ စာဖတ်မိတ်ဆွေများအတွက်..✅✅

🤩တစ်မူထူးခြားတဲ့ အစီအစဉ်တွေပါဝင်တဲ့ ကျန်းမာရေးပညာပေး ဗီဒီယိုလေးတွေနဲ့အတူ ဆန်းသစ်တဲ့ရှုထောင့်ကနေ တင်ဆက်ပေးဖို့ရှိတာကြောင့် Ziwa Vita (ဇီဝဗီတ) ရဲ့ Instagram ကို အခုပဲ Follow ထားကြဖို့ တောင်းဆိုချင်ပါတယ်။

ဇီဝဗီတရဲ့ ကျန်းမာရေး အစီအစဉ်နှင့် ဆောင်းပါးများအပေါ် အကြံဉာဏ်ပေးချင်တာများရှိရင်လည်း ယခုပို့စ်အောက်မှာ ကွန့်မန့်ပေးသွားနိုင်ပါတယ်ခင်ဗျာ။

Instagram link- https://www.instagram.com/ziwavita/

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


05/09/2022

ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်က အမှန်တစ်ကယ် လိုအပ်ပါသလား ?

👩🏻‍⚕️ဝမ်းမှန်အောင် အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက် များများစားဆိုပြီး လူကြီးသူမတွေ ပြောတာကြားဖူးကြတယ်ဟုတ် ? အထက်ပါ အဆိုဟာ တကယ်ဘဲ မှန်ကန်ပါသလား ?

👩🏻‍⚕️လူတစ်ဦးရဲ့ ခန္ဓာကိုယ်အတွက် နေ့စဥ် လိုအပ်သော အာဟာရဓာတ်များထဲတွင် အမျှင်ဓာတ်သည် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ အစေ့အဆံ ၊ ဂျုံ ၊ ပဲ ၊ အာလူး ၊ ဥနီ ၊ ဂေါ်ဖီစိမ်း ၊ ပဲ ၊ ဘာလီ၊ ပဲစိမ်း ၊ ပန်းသီး တို့သည် အမျှင်ဓာတ်များသော အစားအစာများဖြစ်ပါတယ် ။ အမျှင်ဓာတ်နှင့်အတူ ရေများများသောက်သုံးပေးရန်လည်း လိုအပ်ပါတယ် ။

👩🏻‍⚕️အမျိုးသားများအတွက် တနေ့တာ အမျှင်လိုအပ်မှုသည် (၃၈-၃၀) ဂရမ်၊ အမျိုးသမီးများအတွက် (၂၅-၂၁) ဂရမ် ဖြစ်ပါတယ် ။

👩🏻‍⚕️ဖော်ပြပါ အတိုင်းအတာ အတိုင်း လိုက်နာစားသုံးပေးမယ်ဆိုပါက ဘယ်လိုအကျိုးထူးတွေ ရရှိမလဲ လေ့လာကြည့်ကြရအောင် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


04/09/2022

နှုတ်ခမ်းတွေ မည်းပြာနေလို့စိတ်ညစ်နေပြီလား ?

👄သင့်ရဲ့ နှုတ်ခမ်းက ဖူးဖူးစိုစိုအိအိလေးမဟုတ်ဘဲ မည်းပြာနေပါသလား ?

👄သင့်ရဲ့ နှုတ်ခမ်းအရောင်ရင့်လာခြင်းဟာ....

💋Melanin များခြင်း
💋နေရောင်ခြည်နှင့်အထိအတွေ့များခြင်း
💋ဓာတ်မတည့်သည့်အရာတစ်ခုခုနှင့်ထိတွေ့မိခြင်း
💋ဆေးလိပ်သောက်ခြင်း
💋ကွမ်းစားခြင်း
💋ကော်ဖီအသောက်များခြင်း
💋ကဖိန်းပါဝင်သောအရာများစားသုံးမိခြင်း
💋ဟော်မုန်းမမျှတခြင်း
💋အရည်အသွေးမကောင်းသောအလှပြင်ပစ္စည်းများသုံးမိခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ် ။

အထူးသဖြင့် မိန်းကလေးများဟူ မိမိနှုတ်ခမ်းကို နှင်းဆီဖူးလေးလို လှလှလေးဖြစ်ချင်ကြပါတယ်။ ဒါဆို မိမိနှုတ်ခမ်းလေးကို မည်းပြာမနေအောင် ပန်းရောင်လေးသန်းနေအောင် ဘယ်လိုပြုပြင် ထိန်းသိမ်းကြမလဲ ဆက်ကြည့်ကြရအောင် ။

(၁) သံပုရာ နှင့် ပျားရည် ရောစပ်ကာ ညအိပ်ရာမဝင်ခင်တိုင်း နှုတ်ခမ်းပေါ် လူးပေးပါ ။

(၂)အရည်ရွှမ်းသောအသီးအနှံများများစားပါ ။

(၃)လတ်ဆက်သောအသီးအရွက်များများစားပါ ။

(၄)သကြားမုန်လာ ခေါ် beetroot (သို့) သလဲသီး အရည် (သို့) သံလွင်ဆီ ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။

(၅)ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် Carbo animalis ကဲ့သို့ homeopathic ဆေးဝါးများလည်းသုံးစွဲပေးနိုင်ပါတယ်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


01/09/2022

အဆိပ်အတောက် ပြေစေဖို့ Alkaline Water 💦

💧ကျွန်တော်တို့ သောက်သုံးနေတဲ့ သန့်စင်ပြီးသားသောက်သုံးရေဟာ pH 7 ရှိပါတယ် ။ အခု ပြောပြပေးမယ့် Alkaline water ကတော့ pH 8 နှင့် 9 ကြားရှိသည့်အတွက် ခန္ဓာကိုယ်အတွင်းက ပိုနေတဲ့ အက်စစ်ဓာတ်တွေကို ဓာတ်ပြယ်သွားစေတဲ့ ဂုဏ်သတ္တိရှိပါတယ် ။

💧Alkaline water ကို ရေ တစ်လီတာ တွင် သံပုရာစိတ် ၅-၆ စိတ် ၊ သခွါးသီးစိတ် ၅-၆ စိတ် ၊ ဂျင်းစိတ် ၃-၄ စိတ်တို့ဖြင့် ရောစပ်ကာ ၈-၉ နာရီ ကြာစိမ်ထားခြင်းဖြင့် ဖျော်စပ်နိုင်ပါတယ် ။🍋🥒

💧Alkaline water ကို အစာမစားခင် မိနစ် ၃၀ အလို နှင့် အစာစားပြီး ၁-၂ နာရီ နောက်ပိုင်း တွင် သောက်သုံးပေးတာ အသင့်လျော်ဆုံးဖြစ်ပါတယ် ။ Alkaline water ကို တစ်နေ့ ၃-၄ ကြိမ်သောက်သုံးပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရမလဲဆိုတာ ဆက်ကြည့်ကြမယ်နော် ။

(၁)အူလမ်းကြောင်းတစ်လျှောက်သန့်စင်ပေးခြင်း
(၂)ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း
(၃)အသားအရည်ကို ရေဓာတ်ဖြည့်ပေးခြင်း
(၄)အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း
(၅)ကိုယ်အလေးချိန်လျော့ကျစေခြင်း
(၆)အိုမင်းရင့်ရော်မှုကို လျော့နည်းစေခြင်း
(၇)ကင်ဆာရောဂါကို ခုခံနိုင်ခြင်း

⚠️သတိပြုရန်အနေနဲ့ Alkaline water သောက်သုံးရန် မသင့်လျော်သူများကိုလည်း ဖော်ပြပေးလိုက်ပါတယ် ။

👉🏻အသက်(၆၀)နှင့်အထက် အသက်အရွယ်ရှိသူ
👉🏻နှလုံးရောဂါအခံရှိသူ
👉🏻အရိုးအဆစ်ရောဂါရှိသူ
👉🏻ကျောက်ကပ်အားနည်းသူ
👉🏻ရေဓာတ်အလွန်ခမ်းခြောက်နေသူ
👉🏻ကျောက်ကပ်ရောဂါဆေးဝါးများသောက်သုံးနေသူ တို့သည် pH 7 ရှိ ရိုးရိုးသောက်သုံးရေသာ သောက်သုံးသင့်ပါတယ် ။

Alkaline water ကို အလွန်အကျွံသောက်သုံးမိပါကလည်း ခန္ဓာကိုယ်တွင် လိုအပ်သည်ထပ်ပို၍ Alkali ဓာတ်များလာကာ Alkalosis ဟုခေါ်သောအခြေအနေတစ်ခုကိုရောက်ရှိနိုင်ပြီး ပျို့ခြင်း ၊ အန်ခြင်း ၊ လက်ကတုန်ကယင်ဖြစ်ခြင်း ၊ အသိဥာဏ်ဝေဝါးခြင်း ၊ အရေပြားယားယံခြင်းတို့ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ရေဖန်ခွက် (၈) ခွက် မှ အများဆုံး (၁၂) ခွက်သာ စိတ်ချရသော အတိုင်းအတာဖြစ်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


29/08/2022

ငါးအစိမ်းစားခြင်းနှင့်ကျန်းမာရေး👩🏻‍⚕️

🍣ဒီနေ့မှာတော့ ဆူရှီချစ်သူတွေအတွက် ဇီဝဗီတက ငါးအစိမ်းစားခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး တွေကို နှိုင်းယှဥ်ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ် ။

👍🏻ရှေးဦးစွာ ငါးအစိမ်းစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူး တွေ ရရှိမလဲ ဆိုတာ ဖတ်ကြည့်ကြရအောင် ။

💥ငါးကို အပူချိန်ပြင်းပြင်းနှင့် ချက်ပြုတ်သည့်အခါ ငါးတွင်ပါဝင်သော Omega-3 fatty acid ပါဝင်မှုလျော့ကျသွားစေပါတယ် ။ ဒါ့အပြင် အပူနှင့်ဓာတ်ပြုမှုကြောင့် ဓာတုဒြပ်များပေါ်ထွက်လာပြီး ကင်ဆာဖြစ်နှုန်းကို မြင့်မားစေပါတယ် ။

👉🏻ဒါကြောင့် ငါးကို မချက်ပြုတ်ဘဲ အစိမ်းစားခြင်းသည် ဓာတုပစ္စည်းများကင်းစင်ပြီး အာဟာရဓာတ်ပိုမိုရရှိစေပါတယ် ။

👎🏻ဒါပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုတယ်ဆိုတာ သတိချပ်ရပါမယ် ။

💥ငါးကို အပူချိန်ပြင်းပြင်းနှင့် ချက်ပြုတ်သည့်အခါ ငါးတွင်ပါဝင်သော ဘတ်တီးရီးယားနှင့်ကပ်ပါးကောင်များသည် သေဆုံးသွားစေပါတယ် ။

👉🏻သို့သော် ငါးကိုမချက်ပြုတ်ဘဲ အစိမ်းစားခြင်းသည် အဆိုပါ ဘတ်တီးရီးယားပိုးများကိုပါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိစေပြီး ပျို့အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဝမ်းလျှောခြင်း မှစ၍ ပြင်းထန်သောလက္ခဏာများကိုပါ ခံစားရစေနိုင်ပါတယ် ။
ဒါ့အပြင် သန်ကောင် ၊ တုတ်ကောင် စသည့် ကပ်ပါးကောင်များသည်လည်း ငါးမှတဆင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး ခိုအောင်းကပ်တွယ်နေစေနိုင်ပါတယ် ။

🙋🏻‍♀️ကဲ ဒီတော့ ဆူရှီချစ်သူတွေက ငါးအစိမ်းကို ကျန်းမာရေးဥပဒ်မဖြစ်အောင် အန္တရယ်ကင်းကင်း ဘယ်လိုစားကြမလဲ ?

🌊ငါးအစိမ်းကို ဝယ်သည့်အခါ FDA အသိအမှတ်ပြု သန့်ရှင်းသော ငါးအရောင်းဆိုင် ၊ စျေး များမှ ဝယ်ယူပါ ။

🌊ငါးဝယ်ယူသည့်အခါ လတ်ဆတ်သော အရောင်အဆင်းနှင့် အနံ့ရှိသည့်ငါးကိုသာ ရွေးချယ်ပါ ။

🌊 ဝယ်ယူလာသော ငါးများကို အိမ်တွင် သန့်စင်အောင် ထပ်မံ ကိုင်တွယ်ဆေးကြောပါ ။

🌊ငါးအစိမ်းများကို အအေးချိန် -31°F တွင် 15 နာရီကြာ (သို့) -4°F တွင် တစ်ပတ်ကြာ သိမ်းဆည်းပါ ။

🌊ငါးအစိမ်းကို အခန်းအပူချိန်တွင် နှစ်နာရီထက် ပိုမထားရပါ ။

🌊ငါးအစိမ်းကို စားရန်ပြင်ဆင် ပေးမည့်သူသည် လက်ကို စင်ကြယ်စွာဆေးကြောထားရန်လိုအပ်ပါတယ် ။

🌊ငါးကို လှီးမည့် ဓား ၊ စဥ့်နီတုံး ၊ ထည့်မည့် ပန်းကန်တို့ကို လည်း စင်ကြယ်စွာ ဆေးကြောထားရပါမယ်။

🌊အိမ်တွင် မိမိကိုယ်တိုင် မပြင်ဆင်ဘဲ ဆိုင်တွင် ဝယ်စားမည်ဆိုပါကလည်း သန့်ရှင်းမှုအပြည့်အဝရှိသော ၊ FDA ခွင့်ပြုချက်ရထားသော စားသောက်ဆိုင်များတွင်သော ဝယ်ယူစားသုံးသင့်ပါတယ် ။

👩🏻‍⚕️ဒါမှသာ မိမိကျန်းမာရေးကို ဥပဒ်မဖြစ်စေဘဲ ငါးအစိမ်းကို အရသာရှိရှိ စိတ်သန့်သန့်ဖြင့် စားသုံးနိုင်မှာဖြစ်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/


23/08/2022

အမျိုးသမီးများ ညအိပ်တဲ့အခါ Panty ဝတ်သင့်သလား နှင့် အမေးအဖြေ ✨

🌸ပျိုမေတို့ရေ....ညအိပ်တဲ့အခါ pyjama လေးနဲ့အိပ်လား ၊ ဂါဝန်လေးနဲ့အိပ်လား ၊ ဘောင်းဘီတိုလေးနဲ့ အိပ်လား ? ဘယ်လိုဘဲဝတ်စေကာမူ ညအိပ်တဲ့အခါ အောက်ခံဘောင်းဘီ ရောခံဝတ်လား ?
ခံရောဝတ်သင့်ရဲ့လား ? ပျိုမေတို့ ရင်ထဲက မေးခွန်းများစွာအတွက် အဖြေက ဇီဝဗီတ မှာ ရှိမယ်နော် ။

🌸မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ညအိပ်တဲ့အခါ Panty မပါဘဲ အိပ်ဖို့ကတော့ နည်းနည်းစိမ်းနေမှာပေါ့နော် ။ Panty ချွတ်ပြီးရင် မိမိကိုယ်ကို လုံခြုံအောင် ဂါဝန်ပွပွလေးတွေ ၊ ဘောင်းဘီရှည် ပွပွလေးတွေဝတ်လို့ရပါတယ် ။ Panty မပါဘဲ အိပ်ခြင်းက မိမိရဲ့ မိန်းမကိုယ် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ် ။

🌸Panty မပါဘဲအိပ်ခြင်းသည်.....

🎈သက်တောင့်သက်သာဖြစ်စေခြင်း

တစ်နေကုန် အောက်ခံဘောင်းဘီ ဝတ်ထားရတာ စိတ်ထဲတင်းကြပ်မနေဘူးလား ? ခါးမြင့် ဗိုက်ချပ်ဘောင်းဘီမျိုးတွေဆို ပိုပြီးစိတ်ကျဥ်းကြပ်တယ်နော် ။ ဒီတော့ ညဘက်လေးကိုတော့ မိမိကိုယ်ကိုရော ၊ မိမိရဲ့ မိန်းမကိုယ်နေရာလေးကိုရောကို သက်တောင့်သက်သာလေးဖြစ်အောင်ထားရမယ်။

🎈လေဝင်လေထွက်ကောင်းစေခြင်း

မိန်းမကိုယ်ဆိုတာ အလွန်နုနယ်ပြီးထိခိုက်လွယ်တာနော် ။ ဒီလိုနေရာက တစ်နေကုန် အဝတ်စနဲ့ ထိစပ်နေရတော့ ပူလာတာ ၊ ယားယံလာတာ ၊ အနံ့အသက်မကောင်းတာမျိုးတွေဖြစ်စေတာပေါ့ ။ ဒီတော့ ညဘက်မှာ ချွတ်ထားခြင်းက မိန်းမကိုယ်လေး အသက်ရှူချောင်စေတာပေါ့။

🎈စိုထိုင်းမှုကိုလျော့နည်းစေခြင်း

တစ်နေကုန်ချွေးတွေထွက်ထားတော့ မိန်းမကိုယ်နဲ့ပေါင်ခြံနေရာမှာလည်း အစိုဓာတ်ကရှိနေပြန်ရော ။ အဲ့ဒီအချိန် အဖြူဆင်းတယ်ဆိုပါစို့ ။ စိုစိစိုစွတ်နဲ့ နေလို့ဘယ်ကောင်းပါ့မလဲ။ ဒီတော့ညဘက်မှာ ခြောက်ခြောက်သွေ့သွေ့လေးဖြစ်နေအောင် ထားရမယ် ။

🎈ဝက်ခြံနှင့်မိတ်များလျော့နည်းစေခြင်း

ပေါင်ခြံနဲ့မိန်းမကိုယ်မှာ ဝက်ခြံမထွက်ဘူးလို့မထင်လိုက်နဲ့နော် ။ အပူဓာတ်နဲ့အစိုဓာတ်နဲ့ ရောသွားတဲ့အခါ အမွေးအမျှင်အိတ်လေးတွေ ရောင်ရမ်းပြီး အနီဖုလေးတွေ ၊ အဖြူဖုလေးတွေပေါ်လာတတ်ပါတယ် ။ ဒီလိုပေါ်လာတဲ့အခါ ဘီကနီဝတ်ရင်လည်း မလှဘဲနေတော့မှာပေါ့ ။ဒီတော့ ရေနွေးအိတ်လေးတွေကပ်ပေးခြင်းသည် အဖုလေးတွေကို သက်သာစေပေမယ့် Panty မဝတ်ဘဲနေလိုက်တာတော့ အကောင်းဆုံးနည်းလမ်းပေါ့ ။

🎈ရောဂါပိုးများပေါက်ဖွားမှုကိုကာကွယ်ပေးခြင်း

မိန်းမကိုယ်လမ်းကြောင်းပိုးဝင်တာ ၊ ရောင်ရမ်းတာသည် Candida ၊ Trichomonas နှင့် ဘတ်တီးရီးယားပိုးများဝင်ရောက် ပေါက်ပွါးတဲ့အတွက်ဖြစ်ပါတယ် ။ တင်းကြပ်လွန်းတဲ့ အောက်ခံဘောင်းဘီတွေဝတ်ဆင်ခြင်းက ဒီလိုပိုးတွေပေါက်ဖို့ အားပေးတာပေါ့ ။ ပိုးဝင်တဲ့လက္ခဏာတွေက အဖြူပျစ်ပျစ်အချွဲများဆင်းခြင်း ၊ စိမ်းဝါရောင်အချွဲများဆင်းခြင်း ၊ ငါးညှီနံ့လို အနံ့ဆိုးများထွက်ခြင်းတို့ ပါဝင်ပါတယ် ။

🎈ပေါင်ခြံပွန်းတာကိုသက်သာစေခြင်း

ဘောင်းဘီအဝတ်သားနဲ့အရေပြား မကြာခဏ ပွတ်တိုက်မိတဲ့အခါ ပေါင်ခြံပွန်းတာ ၊ အရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နိုင်တာပေါ့ ။ သင်က ထိခိုက်လွယ်တဲ့ အရေပြားရှိတဲ့သူဆိုရင် ညအခါ Panty ချွတ်ထားတာ အကောင်းဆုံးပါ ။

🎈ဓာတုပစ္စည်းနှင့်ထိတွေ့မှုကိုလျော့နည်းစေခြင်း

Panty ကို လျှော်ဖွတ်ပြီး ကပ်ကျန်နေနိုင်တဲ့ ဆပ်ပြာမှုန့် ၊ softeners တွေက မိန်းမကိုယ်နှင့် ထိတွေ့မိတဲ့အခါ ယားယံတာ ၊ အင်ပြင်ထတာ မျိုးတွေဖြစ်စေတဲ့အတွက် ညဘက်ချွတ်အိပ်တော့ ထိစပ်မှုနည်းစေတာပေါ့ ။

🎈သွေးလှည့်ပတ်မှုကောင်းစေခြင်း
�ဘောင်းဘီကြပ်ကြပ်မရှိတော့တဲ့အခါ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုဟာ အတိုင်းအတာတစ်ခုထိ ကောင်းလာမှာတော့ ဧကမုချပါနော် ။

🌸ကဲ ပျိုမေတို့ရေ....စာဖတ်ပြီးတဲ့ အဆုံးမှာ ဝတ်ထားတဲ့ Panty ကိုတောင်ချွတ်ပစ်ချင်သွားပြီမဟုတ်လား ? နေ့ခင်းဘက်မှာတော့ မိမိကိုယ်ကိုလုံခြုံတယ်လို့ ခံစားရစေဖို့ Panty ဝတ်ကြတာ မှန်ပါတယ် ။ ဒါပေမယ့် ညဘက်လေးကိုတော့ လွတ်လွတ်လပ်လပ်နေတာ မကောင်းဘူးလား ? ကောင်းကျိုးတွေကို ထောက်ပြပြီးပြီမို့ ရွေးချယ်ဖို့ကတော့ ပျိုမေတို့တာဝန်ဘဲနော် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook, Instagram & Telegram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita


22/08/2022

ဆေးလိပ်ကင်းစင် ပြုံးပျော်ရွှင် 🚭

ဆေးလိပ်ဆိုတာမကောင်းဘူး သိကြတယ် ဟုတ် ?

🫁ကိုယ်ခန္ဓာကို နည်းမျိုးစုံနဲ့ အဘက်ဘက်က ဒုက္ခပေးနေတဲ့ ဒီဆေးလိပ်ကို ဘာလို့ ဆက်သောက်နေအုန်းမှာလဲ ?

🚬ဇီဝဗီတ စာဖတ်ပရိသတ်တွေထဲမှာ ဒါမှမဟုတ် အသိမိတ်ဆွေ ထဲမှာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့သူတွေရှိကြလား ? ရှိရင် ဇီဝဗီတနဲ့အတူ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြည့်ရအောင် ဒီစာလေးကို အဆုံးထိ လိုက်ဖတ်ပေးနော် ။ဒီစာလေးရဲ့အဆုံးမှာ သူငယ်ချင်းတို့ အတွက် ဆေးလိပ်ဖြတ်ဖို့ ခွန်အား ၊ တွန်းအားတွေရသွားမယ် ၊ နည်းလမ်းကောင်းတွေရသွားမယ်ဆိုရင် ဇီဝအတွက် မျှဝေရကျိုးနပ်ပါပြီ။🧡

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook, Instagram & Telegram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Vita Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram