Mingalar Care Specialist Clinic and Medical Check Up Center

Mingalar Care Specialist Clinic and Medical Check Up Center Always in All Ways: Mingalar Care

 #အရိုးပွရောဂါကိုဘယ်လိုကာကွယ်မလဲကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၀၀ လောက်ဟာ အရိုးကျိုးတာ၊ အရိုးအက်တာ၊ နာကျင်တာ၊ အရိုးပွ တာ စသ...
25/11/2025

#အရိုးပွရောဂါကိုဘယ်လိုကာကွယ်မလဲ
ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၀၀ လောက်ဟာ အရိုးကျိုးတာ၊ အရိုးအက်တာ၊ နာကျင်တာ၊ အရိုးပွ တာ စသဖြင့်
အရိုးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို နှစ်စဉ်ရင်ဆိုင်နေကြရပါတယ်

🧓အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ လူ့ခန္ဓာကိုယ်က အစိတ်အပိုင်းတွေဟာ ယိုယွင်းလာတယ်။ လုပ်နိုင်စွမ်း၊ တုန့်ပြန်နိုင်စွမ်းတွေကျဆင်းလာသလို မာကျောကြံ့ခိုင်မှုလည်း လျော့နည်းလာတယ်။ အရိုးတွေလည်း အတူတူပါပဲ။
အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့။ ရာသီသွေးဆုံးပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အရိုးပွ ရောဂါကို ခံစားရတတ်တယ်။ အမျိုးသမီးတွေရဲ့ ၃၀% လောက်အထိ ဒီပြဿနာနဲ့ ကြုံဆုံရနိုင်တာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ၆ ပုံ ၁ ပုံလောက်ဟာလည်း တင်ပါးဆုံရိုးကျိုးတာ၊ အက်တာမျိုးကို ခံစားရတတ်ပါသေးတယ်။

ဒီတော့ အသက် ၆၀ ကျော်လာရင် အရိုးတွေ ပုံမှန်ကျန်းမာနေဖို့က လူကြီးတိုင်းအတွက် အဓိကဦးစားပေးဖြစ်လာပါပြီ။
ဒီပြဿနာတွေကို ကျော်လွှားနိုင်စေဖို့ဆိုရင် နည်းလမ်း ၆ သွယ်နဲ့ တားဆီးနိုင်ပါတယ်။
#အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ
👇အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ ဆိုတော့

#လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၃၀ လောက်လေ့ကျင့်ခန်း လုပ်ပေးတာက လူကြီးတွေရဲ့ အရိုးကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို အလွန်အထောက်အကူဖြစ်စေသလို အရိုးပွ ရောဂါ မရှိသေးဘူးဆိုရင်လည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။
• ယောဂ၊
• လမ်းလျှောက်၊
• တိုက်ချိနဲ့
• အပေါ့စား အလေးမ လေ့ကျင့်ခန်းတွေဟာ အရိုးသန်မာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

#အာဟာရမျှတစွာစားပါ
နို့ထွက်ပစ္စည်းတွေ၊ ငါးတွေ၊ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကို ပိုပြီး မှီဝဲပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် D နဲ့ ကယ်လ်စီယမ်တို့က အရိုးသန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် Omega-3 fatty acids ကိုလည်း မှီဝဲပေးသင့်ပါတယ်။ ဒီဓာတ်ကတော့ ငါးတွေနဲ့ နှမ်းကြက်စေ့လိုအရာမျိုးတွေမှာ ပါရှိပါတယ်။

#ဆေးဝါးမှီဝဲပါ
အသက်အရွယ်တစ်ခုရလာချိန်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ခွန်အားနဲ့ အာဟာရဓာတ်တွေဖြည့်ဆည်းနိုင်ဖို့ ဆေးဝါးဓာတ်စာ ပုံမှန်မှီဝဲဖို့ လိုအပ်လာပါပြီ။ ကိုယ်နဲ့သင့်လျော်တဲ့ အားဆေးမျိုးရွေးချယ်မှီဝဲဖို့လိုအပ်သလို အရိုးကို သန်မာစေမယ့် ဖြည့်စွက်စာတွေလည်း စားပေးဖို့ လိုအပ်ပါတယ်။

#ခန္ဓာကိုယ်ကဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိတာ သေချာပါစေ
အာဟာရဓာတ်တွေကို ဖြည့်ဆည်းနေပေမယ့် ခန္ဓာကိုယ်က မစုပ်ယူနိုင်ရင် ပြဿနာရှိပါတယ်။ ဥပမာ ဗီတာမင် D ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့ နေရောင်ခြည်က အထောက်အကူပြုပါတယ်။ ဒါကြောင့် အိမ်ထဲမှာချည်းနေတာမျိုးထက် နေပူဆာလှုံတာ၊ နေခြည်နွေးနွေးအောက်မှာ လမ်းလျှောက်တာမျိုးတွေလည်း ပြုလုပ်ဖို့ လိုပါတယ်။

#ဆားနဲ့ကဖင်းဓာတ်ကိုရှောင်ပါ
ဆား စားသုံးမှုကို လျှော့ချရပါမယ်။ ဆားပါဝင်တဲ့အစားအစားတွေကို အလွန်အကျွံမစားမိဖို့ လိုပါတယ်။ နောက်ပြီး ကော်ဖီကနေစလို့ ကဖင်းဓာတ်ပါဝင်တဲ့အစားစာတွေ၊ အဖျော်ယမကာတွေကိုလည်း အလွန်အကျွံ မမှီဝဲဖို့ တိုက်တွန်းလိုပါတယ်။

#အရိုးသိပ်သည်းဆကိုပုံမှန်စစ်ဆေးပါ
ဒီလိုစစ်ဆေးမှု မပြတ်လုပ်နေမှ ကိုယ့်အရိုးရဲ့ အခြေအနေကို သိနိုင်မှာဖြစ်သလို ကိုယ့်မှာ အရိုးပွ ဝေဒနာ ခံစားနေရခြင်းရှိမရှိကိုလည်း သိနိုင်မှာပါ။ တကယ်လို့ ကိုယ့်ရဲ့ အရိုးက လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုးရှိမနေတော့ဘူးဆိုရင် ဆေးဝါးကုသမှုကို ခံယူရမှာဖြစ်ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေနဲ့ အသက် ၇၀ နဲ့အထက် အမျိုးသားတွေတိုင်းဟာ အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

မိမိတို့ရဲ့ အရိုးအဆစ်တွေက ပုံမှန်မဟုတ်တာကို ခံစားမိပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းမှာ သွားရောက်ပြသပြီး ကျွမ်းကျင်သူများရဲ့ အကြံပေးမှုကို ခံယူသင့်ကြောင်းလည်း တိုက်တွန်းလိုပါတယ်ရှင်..

#အရိုးအဆစ်နှင့်ပတ်သက်ပြီးလာ‌ရောက်ပြသလိုပါကလည်း ကျွန်မတို့ရဲ့ Mingalar Care Specialist Clinic Center မှာ အရိုးအထူးကု ပါရဂူကြီးများက လူကြီးမင်းတို့ရဲ့ အရိုးအဆစ်ကျန်းမာရေးပြဿနာများကို ဖြေရှင်းကုသပေးဖို့ အသင့်ရှိနေပါပြီရှင့်
အရိုးအထူးကု ဆရာဝန်ကြီးများနှင့် လာရောက်ပြသလိုပါ အောက်ဖော်ပြပါ လိပ်စာသို့ လာ‌ရောက်ပြသနိုင်ပါပြီရှင်

 #အစာအိမ်မှန်ပြောင်း  အစာအိမ်ရောဂါများအကြောင်း သိကောင်းစရာ (Stomach Diseases Awareness)​အစာအိမ်ရောဂါဆိုသည်မှာ လူတိုင်းနီ...
22/11/2025

#အစာအိမ်မှန်ပြောင်း

အစာအိမ်ရောဂါများအကြောင်း သိကောင်းစရာ (Stomach Diseases Awareness)
​အစာအိမ်ရောဂါဆိုသည်မှာ လူတိုင်းနီးပါး ခံစားရလေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ အစာအိမ်နာခြင်း၊ ရင်ပူခြင်းမှအစပြု၍ အစာအိမ်ကင်ဆာကဲ့သို့သော ပြင်းထန်သော ရောဂါများအထိ ဖြစ်ပွားနိုင်သည်။
​၁။ အဖြစ်များသော အစာအိမ်ရောဂါ အမျိုးအစားများ
​Gastritis (အစာအိမ်ရောင်ခြင်း): အစာအိမ်နံရံရှိ အမြှေးပါးများ ရောင်ရမ်းခြင်းဖြစ်သည်။ အချိန်ကြာလာပါက အစာအိမ်အနာ ဖြစ်လာနိုင်သည်။
​GERD (အစာခြေရည် အပေါ်သို့ဆန်တက်ခြင်း): အစာအိမ်တွင်းမှ အက်ဆစ်များ အစာပြွန် (Esophagus) သို့ ပြန်လည်စီးဆင်းခြင်းကြောင့် ရင်ပူခြင်းကို ခံစားရစေသည်။
​Peptic Ulcer (အစာအိမ်အနာဖြစ်ခြင်း): အစာအိမ် သို့မဟုတ် အူသိမ်ဦးပိုင်းတွင် အနာဖြစ်ပေါ်ခြင်းဖြစ်သည်။
​Gastroenteritis (အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်း): ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းများ ဖြစ်စေသည်။
​၂။ အဓိက ဖြစ်ပွားစေသော အကြောင်းအရင်းများ
​အစားအသောက်ပုံစံ: အစာကို အချိန်မှန်မစားခြင်း၊ အလွန်ပူစပ်သော၊ ချဉ်သော၊ အဆီများသော အစားအစာများကို လွန်ကဲစွာ စားသုံးခြင်း။
​H. pylori ဘက်တီးရီးယား: ဤပိုးသည် အစာအိမ်နံရံကို ပျက်စီးစေပြီး အစာအိမ်အနာနှင့် ကင်ဆာကို ဖြစ်စေနိုင်သော အဓိကတရားခံဖြစ်သည်။
​ဆေးဝါးများ: အကိုက်အခဲပျောက်ဆေးများ (NSAIDs - Aspirin, Ibuprofen) ကို ရေရှည်စွဲသောက်ခြင်း သို့မဟုတ် အစာမရှိဘဲ သောက်ခြင်း။
​နေထိုင်မှုပုံစံ: ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း နှင့် စိတ်ဖိစီးမှု (Stress) များခြင်း။
​၃။ သတိထားရမည့် ရောဂါလက္ခဏာများ
​အောက်ပါလက္ခဏာများကို ခံစားနေရပါက အစာအိမ်ရောဂါ ရှိနေနိုင်ပါသည်-
​ရင်ခေါင်းတောင့်ခြင်း၊ ရင်ပူခြင်း။
​ဗိုက်အောင့်ခြင်း (အထူးသဖြင့် ဗိုက်အပေါ်ပိုင်း)။
​လေပွခြင်း၊ လေတက်ခြင်း။
​ပျို့အန်ခြင်း သို့မဟုတ် အစာစားချင်စိတ် မရှိခြင်း။
​အစာစားပြီးချိန်တွင် ဗိုက်တင်းကျပ်နေခြင်း။
​၄။ လိုက်နာသင့်သည့် စားသောက်နေထိုင်မှုပုံစံများ
​အစာအိမ်ရောဂါ သက်သာစေရန်နှင့် ကာကွယ်ရန်အတွက် အောက်ပါတို့ကို လိုက်နာသင့်ပါသည်-
​အချိန်မှန်စားပါ: မနက်စာ၊ နေ့လယ်စာနှင့် ညစာကို အချိန်မှန်မှန် စားသုံးပါ။ အစာအိမ်ကို အချိန်ကြာမြင့်စွာ အစာလွတ်မထားပါနှင့်။
​ရှောင်ကြဉ်ရမည့် အစားအစာများ: အလွန်စပ်သော၊ ချဉ်သော၊ ငန်သော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်ပြင်းပြင်း နှင့် ဂက်စ်ပါသော အချိုရည်များကို လျှော့စားပါ။
​ညစာကို စောစောစားပါ: အိပ်ရာမဝင်ခင် အနည်းဆုံး (၃) နာရီအလိုတွင် ညစာစားပါ။ စားပြီးပြီးချင်း ချက်ချင်းမအိပ်ပါနှင့်။
​ဆေးလိပ်နှင့် အရက်ဖြတ်ပါ: ၎င်းတို့သည် အစာအိမ်နံရံကို တိုက်ရိုက်ထိခိုက်စေပါသည်။
​ရေများများသောက်ပါ: တစ်နေ့လျှင် ရေ (၂) လီတာမှ (၃) လီတာခန့် သောက်သုံးပေးပါ။
​စိတ်ဖိစီးမှုကို လျှော့ချပါ: တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် စိတ်ကို ဖြေလျော့ပါ။
​၅။ ဆရာဝန်နှင့် ပြသသင့်သော အခြေအနေများ
​ရိုးရိုးအစာအိမ်နာသည် ဆေးသောက်ပြီး အနေအထိုင်ဆင်ခြင်ပါက ပျောက်ကင်းနိုင်သော်လည်း အောက်ပါအခြေအနေများရှိပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းသွားရောက်သင့်ပါသည်-
​ကော်ဖီရောင် (သို့) သွေးပါသော အန်ဖတ်များ အန်ခြင်း။
​ဝမ်းသွားသည့်အခါ ကတ္တရာစေးကဲ့သို့ မည်းနက်သော ဝမ်းများသွားခြင်း။
​ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းလာခြင်း။
​အစားအစာ မျိုချရခက်ခဲခြင်း။
​ဗိုက်နာခြင်းက လုံးဝမသက်သာဘဲ ပိုဆိုးလာခြင်း။
​မှတ်ချက်: ဤအချက်အလက်များသည် ကျန်းမာရေးဗဟုသုတအနေဖြင့်သာ ရည်ရွယ်ပါသည်။ တိကျသော ရောဂါရှာဖွေကုသမှုအတွက် ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။

🙏MingalarPar🙏အထွေထွေ၊ နှလုံး၊ မျက်စိ သမားတော်များ၊ ultrasound၊ x ray၊ Laboratory၊ Medical Check Up ဝန်ဆောင်မှု စတဲ့ Booking မလို Walk in အမြန်ဝန်ဆောင်မှုများကိုလည်း ဖော်ပြထားတာပါ ရှင့်။ 🙏

🙏 အခြားဆရာဝန်ကြီးများကိုလည်း Booking ဖြင့် ညနေတိုင်း ပြသနိုင်ပါတယ် ရှင့် 🙏

🙏အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါ သမားတော် ဆရာဝန်ကြီးများဖြင့် Mingalar Care Specialist Clinic တွင်ကုသမှုများ ပေးအပ်လျက်ရှိပါသည် 🙏။
🌈 အထူး ပရိုမိုးရှင်း : မှန်ပြောင်းက အစာအိမ် သို့မဟုတ်‌ အူမကြီးတစ်ခုစီကို သမားတော်၊ သူနာပြု၊ မှန်ပြောင်းစက်ဖိုး၊ Clinic service ပါတဲ့ Package 499000 ကို ၂၄၉၀၀၀ သို့ လျော့ထားပါတယ်ရှင့်။ ဆေးဖိုး Laboratory ဖိုး တွေကတော့ ထပ်တိုးကုန်ကျမှု ရှိပါတယ် ရှင့်။

၁၀-၅၀ ရာခိုင်နှုန်း အထူးPromotion

🌈အစာအိမ်/အူလမ်းကြောင်း မှန်ပြောင်းစစ်ဆေးခြင်း

🌈H pylori ပိုး စစ်ဆေးခြင်း

🌈Urea Breath Test လေမှုတ်စစ်ဆေးခြင်း

🌈Fecal Immunochemical Test (FIT) စစ်ဆေးခြင်း

လူကြီးမိဘများ သိလိုသည်များ၊ ရက်ချိန်းယူလိုသည်များကို🙏 Ph 09750040701, 09750040702, 09974469447🙏 သို့ ၂၄ နာရီ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် 🙏

၂၄ နာရီ ပိတ်ရက်မရှိ။
❤️Booking Ph- ၀၉၉၇၄၄၆၉၄၄၇, ၀၉၇၅၀၀၄၀၇၀၁, ၀၉၇၅၀၀၄၀၇၀၂၊
လိပ်စာကတော့ - တောင်ဥက္ကလာပ၊ သုမင်ဂလာလမ်း နန္ဒဝန်ဈေးအနီး AYA Bank ရှေ့ အမှတ် ၉၉၃ ခ ဖြစ်ပါတယ်။
🙏🙏🙏ဘတ်စ်ကားမှတ်တိုင် နန္ဒဝန်ဈေး (၁၂, ၁၀,၃၂, ၈၇, ၉၆)၊ မာလာကွေ့ (၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇)

အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်
14/11/2025

အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်

 #အသည်းရောင်ခြင်းအမျိုးမျိုးလူအချင်းချင်းကူးစက်ဖြစ်ပွားနိုင်တဲ့ အသည်းရောင်အသားဝါပိုးတွေကတော့ အမျိုးအစား 👉A,B,C,D,E နဲ့ န...
12/11/2025

#အသည်းရောင်ခြင်းအမျိုးမျိုး
လူအချင်းချင်းကူးစက်ဖြစ်ပွားနိုင်တဲ့ အသည်းရောင်အသားဝါပိုးတွေကတော့ အမျိုးအစား
👉A,B,C,D,E နဲ့ နောက်ဆုံးတွေ့ရှိထားတဲ့ အသည်းရောင်အသားဝါ G ပိုးအမျိုးအစား ဆိုပြီး ၆ မျိုးရှိပါတယ်။
#အသည်းရောင်အသားဝါA – ရောဂါပိုးရှိသူရဲ့ အညစ်အကြေးနဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်ပါတယ်။ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းရောင်အသားဝါ A ပိုးက သိပ်တော့မပြင်းထန်ပါဘူး၊ ကူးစက်ခံရသူအတော်များများက ရောဂါတောင်သိသိသာသာမခံစားလိုက်ရဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ နဂိုခုခံအားသိပ်မကောင်းတဲ့သူတွေမှသာ ရောဂါကပြင်းထန်တတ်တာပါ။ အသည်းရောင်အသားဝါ A ကူးစက်ရောဂါက လူနေမှုစနစ်နိမ့်ကျတဲ့နေရာတွေမှာ အဖြစ်များပြီး ကာကွယ်ဆေးနဲ့ကာကွယ်နိုင်ပါတယ်။ ကလေး အသက် ၁၂လနဲ့ ၂၃လကြားမှာထိုးရပြီး လူကြီးတွေလည်းထိုးလို့ရပါတယ်။
#အသည်းရောင်အသားဝါB – သွေး၊ သုက်ရည်နဲ့ ခန္ဓာကိုယ်ကထွက်တဲ့ တခြားအရည်တွေကနေတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ များသောအားဖြင့် ရောဂါရှိတဲ့အမေကနေ ကလေးကိုကူးသွားတာ၊ ရောဂါပိုးရှိတဲ့သွေးသွင်းမိတာနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမိတာတွေကနေ ကူးစက်တာကို တွေ့ရပါတယ်။ မတော်တဆ ဆေးထိုးအပ်စူးမိရုံနဲ့တင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရနိုင်တာမို့ မပေါ့ဆဖို့ လိုပါတယ်။ အသည်းရောင်အသားဝါ B ပိုးကိုလည်း ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ မွေးကင်းစတစ်ကြိမ်နဲ့ ၆လ ပြည့်မှာတစ်ကြိမ်ထိုးဖို့လိုပါတယ်။ ကာကွယ်ဆေးမထိုးလိုက်ရတဲ့ အရွယ်ရောက်ပြီး လူကြီးတွေလည်း ထိုးလို့ ရပါတယ်။
#အသည်းရောင်အသားဝါC – သွေးကနေအဓိကကူးစက်တတ်ပြီး ကူးစက်နိုင်စွမ်းအရမ်းမြင့်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် တစ်နှစ်ကိုပျမ်းမျှ လူ ၂ သန်းလောက် ကူးစက်ခံနေတယ်လို့ဆိုပါတယ်။ အခုချိန်ထိလည်း ကာကွယ်ဆေး မတီထွင်နိုင်သေးပေမဲ့ ပျောက်ကင်းအောင်ကုသလို့တော့ ရနေပြီဖြစ်ပါတယ်။
#အသည်းရောင်အသားဝါD – အသည်းရောင်အသားဝါ B ပိုးကူးစက်ခံထားရသူတွေပဲ ကူးစက်ခံရနိုင်တာဖြစ်ပြီး Bပိုးရော Dပိုးပါ (၂) မျိုးစလုံးကူးစက်ခံလိုက်ရရင် ပိုမိုဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ သတင်းကောင်းကတော့ B ပိုးကာကွယ်ဆေးနဲ့တင် ပိုး (၂) မျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။
အသည်းရောင်အသားဝါ E – မသန့်ရှင်းတဲ့ အစားအသောက်တွေနေတဆင့် အများဆုံး ကူးစက်ဖြစ်ပွားပါတယ်။ ဒါ့ကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ တခြားဆင်းရဲတဲ့နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ ကာကွယ်ဆေးတီထွင်မှုက အတော်ခရီးရောက်နေပေမဲ့ တကယ်လက်တွေ့အသုံးပြုဖို့တော့ အချိန်တစ်ခု စောင့်ရဦးမှာပါ။
#အသည်းရောင်အသားဝါG – ရောဂါပိုးရှိတဲ့သွေးကနေတစ်ဆင့် ကူးစက်ခံရနိုင်ပြီး သိပ်လည်းမပြင်းထန်ပါဘူး။ ကူးစက်ခံရသူအများစုက ရောဂါလက္ခဏာလည်း သိသိသာသာမပြတတ်တာကြောင့် ရှာဖွေအတည်ပြုဖို့ ခက်ခဲပါတယ်။
မကူးစက်နိုင်တဲ့ အသည်းရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါပါပဲ။ အသည်းဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အလုပ်ကို အဓိကလုပ်ပေးပါတယ်။ အရက်သောက်လိုက်လို့ ဖြစ်လာတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို အသည်းက ဒိုင်ခံရှင်းထုတ်ပေးနေတာပါ။ ဒါပေမဲ့အရက်သောက်တာများလာပြီး အဆိပ်ဓာတ်တွေ တအားစုပုံလာတဲ့အခါမှာတော့ အသည်းလည်း ရှင်းထုတ်မပေးနိုင်တော့ပါဘူး။ ဒီအချိန်မှာ အသည်းရောင်ရောဂါ စဖြစ်လာပါတော့တယ်။
🤒ရောဂါလက္ခဏာတွေကတော့
-ပင်ပန်းနွမ်းနယ်နေမယ်၊ အသားဝါမယ်
-နေရထိုင်ရ မကောင်းဘူးဖြစ်မယ်
- ဗိုက်နာမယ်၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေလုံးဝမပြဘဲ အသည်းရောင်ရောဂါခံစားနေရသူတွေလည်း ရှိပါတယ်။
အသည်းရောင်ရောဂါဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ အသည်းက ကိုယ်တွင်းအစိတ်အပိုင်းတွေ အားလုံးထဲမှာ ပြန်လည်တည်ဆောက်နိုင်စွမ်းအမြင့်ဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလောက်စွမ်းတဲ့အသည်းတောင် စပြီးပျက်စီးလာပြီဆိုရင် ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့ အချက်ပေးတယ်လို့မှတ်ပါ။ အသည်းရောင်ရောဂါကို စောစောသိပြီး ကုသမှုစောစောခံယူလိုက်ရင် လူအတော်များများက နှစ်အနည်းငယ်အတွင်းမှာတင် ရောဂါသက်သာသွားနိုင်ပါတယ်။ တကယ်လို့ အသည်းရောင်တဲ့အဆင့်မှာတင် မကုသခဲ့ရင်တော့ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါအထိ ဖြစ်သွားနိုင်တဲ့အတွက် လုံးဝမပေါ့ဆကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်


်းအထူးကုဆရာဝန်ကြီးများနှင့်လာရောက်ပြသနိုင်ပါသည်

🙏MingalarPar🙏အထွေထွေ၊ နှလုံး၊ မျက်စိ သမားတော်များ၊ ultrasound၊ x ray၊ Laboratory၊ Medical Check Up ဝန်ဆောင်မှု စတဲ့ Book...
08/11/2025

🙏MingalarPar🙏အထွေထွေ၊ နှလုံး၊ မျက်စိ သမားတော်များ၊ ultrasound၊ x ray၊ Laboratory၊ Medical Check Up ဝန်ဆောင်မှု စတဲ့ Booking မလို Walk in အမြန်ဝန်ဆောင်မှုများကို ဖော်ပြထားတာပါ ရှင့်။ 🙏

🙏 အခြားဆရာဝန်ကြီးများကိုလည်း Booking ဖြင့် ညနေတိုင်း ပြသနိုင်ပါတယ် ရှင့် 🙏

🙏အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါ သမားတော် ဆရာဝန်ကြီးများဖြင့် Mingalar Care Specialist Clinic တွင်ကုသမှုများ ပေးအပ်လျက်ရှိပါသည် 🙏။
🌈2026 ဇန်နဝါရီလကုန်အထိလည်း အထူး ပရိုမိုးရှင်း : မှန်ပြောင်းက အစာအိမ် သို့မဟုတ်‌ အူမကြီးတစ်ခုစီကို သမားတော်၊ သူနာပြု၊ မှန်ပြောင်းစက်ဖိုး၊ Clinic service ပါတဲ့ Package 499000 ကို ၂၄၉၀၀၀ သို့ လျော့ထားပါတယ်ရှင့်။ ဆေးဖိုး Laboratory ဖိုး တွေကတော့ ထပ်တိုးကုန်ကျမှု ရှိပါတယ် ရှင့်။

၁၀-၅၀ ရာခိုင်နှုန်း အထူးPromotion

🌈အစာအိမ်/အူလမ်းကြောင်း မှန်ပြောင်းစစ်ဆေးခြင်း

🌈H pylori ပိုး စစ်ဆေးခြင်း

🌈Urea Breath Test လေမှုတ်စစ်ဆေးခြင်း

🌈Fecal Immunochemical Test (FIT) စစ်ဆေးခြင်း

လူကြီးမိဘများ သိလိုသည်များ၊ ရက်ချိန်းယူလိုသည်များကို🙏 Ph 09750040701, 09750040702, 09974469447🙏 သို့ ၂၄ နာရီ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် 🙏

၂၄ နာရီ ပိတ်ရက်မရှိ။ ❤️Viber/Ph- ၀၉၉၇၄၄၆၉၄၄၇, ၀၉၇၅၀၀၄၀၇၀၁, ၀၉၇၅၀၀၄၀၇၀၂၊ လိပ်စာကတော့ - တောင်ဥက္ကလာပ၊ သုမင်ဂလာလမ်း နန္ဒဝန်ဈေးအနီး AYA Bank ရှေ့ အမှတ် ၉၉၃ ခ ဖြစ်ပါတယ်။🙏🙏🙏ဘတ်စ်ကားမှတ်တိုင် နန္ဒဝန်ဈေး (၁၂, ၁၀,၃၂, ၈၇, ၉၆)၊ မာလာကွေ့ (၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇)

    အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။ ဆက...
03/11/2025





အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း/ Viber -
၀၉ ၉၇၄၄ ၆၉ ၄၄၇
၀၉ ၇၅၀၀ ၄၀ ၇၀၁
၀၉ ၇၅၀၀ ၄၀ ၇၀၂
✅Mingalar Care အထူးကုဆေးခန်းမှ Special Promotion အနေဖြင့် မူရင်းတန်ဖိုး 350000 kyats ကို ✅149000 kyats ဖြင့် စစ်ဆေးမှု ပေါင်း ✅25 မျိုး ကျန်းမာရေးစစ်ဆေးမှု ပါဝင်တဲ့ Diamond Package ကျန်းမာရေး ဆေးစစ်မှု အစီအစဉ် ဖြစ်ပါတယ်... အချိန်မကုန် မပင်ပန်းစေပဲ 🎈၁ နေရာထဲမှာ အချိန် 🎈၁ နာရီ‌‌ ကျော်‌ေကျာ်ဝန်းကျင် အတွင်း ဆေးစစ်ဆေးမှု၊ ဓါတ်မှန်၊ ECG စတဲ့ စစ်ဆေးမှုတွေအားလုံး ပြီးမြောက်မှာဖြစ်ပြီး 🎈၁ ရက်အတွင်း ဆေးစစ်ချက် အဖြေများ ရရှိအောင်ဆောင်ရွက်ပေးမယ့် Package ဝန်ဆောင်မှု‌‌ ဖြစ်ပါတယ်..... ထပ်တိုးစစ်ဆေးလိုသည်များကိုလည်း သက်သာသော ဈေးနှုန်းနှင့် ထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။.... အထူးကု သမားတော်ကြီးများလည်း စုံလင်စွာ ရှိတဲ့အတွက် ဆေးစစ်တွေ့ရှိချက်များအရ လိုအပ်ရင်လည်း ဆက်လက် ပြသနိုင်မှာ ဖြစ်ပါတယ်။ 🙏🙏🙏
🎈ကျား/မ မရွေး တန်ဖိုးသင့် ကျန်းမာရေးစစ်ဆေးလိုသူများအတွက် အသင့်တော်ဆုံး
Diamond Package Medical Checkup ဖြစ်ပါတယ်
🎈ကင်ဆာ Tumor Markers များကို checkup ထပ်တိုးလိုသူများအတွက်🎈Ultrasound,🎈မျက်စိ စစ်ဆေးလိုသူများ,🎈HbA1C ထပ်တိုးလိုသူများ,🎈လုပ်ငန်းခွင်ကြို အတွက် ကျန်းမာရေး စစ်ဆေးလိုသူများ,🎈Vitamin D စစ်လိုသူများ, 🎈Bပိုးကာကွယ်ဆေး အောင်မအောင် စစ်လိုသူများ🎈သာအိမ်ခေါင်း Pap Smear စစ်လိုသူများ🎈သိုင်းရွိုက်ဟော်မုန်းစစ်ဆေးလိုသူများ၊ အစာအိမ်အူလမ်းကြောင်း စစ်ဆေးလိူသာများ၊ မှန်ပြောင်းဖြင့် စစ်ဆေးလိူသုများ အတွက် လည်း သီးသန့် ထပ်တိုးလို့ရအောင်၊ Package များ စုံလင်အောင် ဝန်ဆောင်မှုပေးထားပါတယ်💎💎💎

လုပ်ငန်းခွင် ဝင်မည့်သူများအတွက်လည်း Pre employment package နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် Ante natal package များလည်း ရှိပါတယ်။

❤️နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ခါ🌈 Medical Check Up လုပ်ချင်တဲ့... လူကြီး မိဘများ၊ ဦးဦးဒေါ်ဒေါ် ကိုကိုမမ များ အတွက်🙏 အထူးသင့်တော်တဲ့ Package လေးများ ဖြစ်ပါတယ်။
မူလဈေးနှုန်းထက်ဝက်ခန့် လျော့ထားသော သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လည်း ဖြစ်ပါတယ်။🌈
ဆရာဝန်ကြီးမှလည်း အဖြေများကို ပြန်လည်ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပြီး ECGနှင့် ရင်ဘတ်ဓါတ်မှန် အပြင် သွေးရောဂါများ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အရိုးအဆစ်၊ သွေးချို၊ ဆီးချို၊ ဆီးစစ်ဆေးခြင်း... အစရှိသဖြင့် Test အမျိုးအစား များစွာ ပါဝင်ပြီး ပုံမှန်အားဖြင့် အားလုံးကို ခြုံငုံမိမှာ ဖြစ်ပါတယ်။
Diamond Package မှာ ပါဝင်တဲ့ Test များကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။
Doctor Consultation
Physical Examination
ECG
Chest X-Ray
CP auto
ABO & Rh
ESR
Random Blood Sugar
Total Cholesterol
HDL
LDL
Triglycerides
Urea
Creatinine
BUN
eGFR
Urine RE
Total Bilirubin
ALP
ALT/SGPT
AST/SGOT
A*O
RF
Uric Acid

💎ကျန်းမာရေးစစ်ဆေးမှုများ💎ကို စစ်ချင်တယ်ဆိုရင်တော့ဖြင့် မနက် ၇- ည ၈ အတွင်း ပိတ်ရက်မရှိ လာရောက် စစ်ဆေးနိုင်ပါတယ်။ ဆေးခန်းကတော့ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပါတယ်။...
ရောက်ရှိသော ကားနံပါတ်များကတော့
🚍နန္ဒဝန်ဈေးမှတ်တိုင် ၁၂, ၁၀, ၃၂, ၈၇, ၉၆
🚍မာလာကွေ့မှတ်တိုင် ၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇
🌈ဆေးခန်းလိပ်စာလေးကတော့-
အမှတ်(၉၉၃၊ဘီ)၊ သုမဂ်လာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း -
၀၉ ၉၇၄၄ ၆၉ ၄၄၇
၀၉ ၇၅၀၀ ၄၀ ၇၀၁
၀၉ ၇၅၀၀ ၄၀ ၇၀၂

     Mingalar Care အထူးကုဆေးခန်း (ISO 9001:2015 certified) တွင်  Special Promotion အနေဖြင့် အကောင်းဆုံး အပြည့်စုံဆုံး ရွ...
03/11/2025






Mingalar Care အထူးကုဆေးခန်း (ISO 9001:2015 certified) တွင် Special Promotion အနေဖြင့် အကောင်းဆုံး အပြည့်စုံဆုံး ရွေးချယ်မှုဖြစ်တဲ့ Medical Check Up အစီအစဉ်များကို စီစဉ်ထားပါတယ်။
🎈အသက် ၅၀ အောက် ကိုကိုမမ များအတွက်အတွက် မူရင်းတန်ဖိုး 345000 kyats ကို ✅149000 kyats ဖြင့် စစ်ဆေးမှု 25 မျိုးပါဝင်သော Diamond Package နဲ့
🎈အသက် ၅၀ အထက် ဦးဦးဒေါ်ဒေါ်များအတွက် မူရင်းတန်ဖိုး 649000 kyats ကို ✅399000 kyats ဖြင့် စစ်ဆေးမှု ပေါင်း ✅38 မျိုး ကျန်းမာရေးစစ်ဆေးမှု ပါဝင်တဲ့ Royal Diamond Package
ကျန်းမာရေး ဆေးစစ်မှု အစီအစဉ်များ ဖြစ်ပါတယ်...
Royal Diamond Package

Doctor Consultation
Physical Examination
Medical Report
Ultrasound
Chest X-Ray
ECG
T. Cholesterol
HDL
LDL
Triglycerides
CP auto
ABO & Rh
ESR
RBS
HbA1C
Urea
Creatinine
BUN
eGFR
Urine RE (၁၅ မျိုး)
Stool RE
Stool FOB
Total Bilirubin
ALP
ALT/SGPT
AST/SGOT
Free T4
TSH
A*O
RF
Uric Acid
Vitamin D
Calcium
CEA
AFP
CA199
CA125/ Total PSA
CA153/Free PSA

အချိန်မကုန် မပင်ပန်းစေပဲ 🎈၁ နေရာထဲမှာ အချိန် 🎈၁ နာရီ‌‌ ကျော်‌ေကျာ်ဝန်းကျင် အတွင်း ဆေးစစ်ဆေးမှု၊ ဓါတ်မှန်၊ ECG စတဲ့ စစ်ဆေးမှုတွေအားလုံး ပြီးမြောက်မှာဖြစ်ပြီး 🎈၁ ရက်အတွင်း ဆေးစစ်ချက် အဖြေများ ရရှိအောင်ဆောင်ရွက်ပေးမယ့် Package ဝန်ဆောင်မှု‌‌ ဖြစ်ပါတယ်..... ထပ်တိုးစစ်ဆေးလိုသည်များကိုလည်း သက်သာသော ဈေးနှုန်းနှင့် ထပ်မံတိုးနိုင်မှာ ဖြစ်ပါတယ်။.... အထူးကု သမားတော်ကြီးများလည်း စုံလင်စွာ ရှိတဲ့အတွက် ဆေးစစ်တွေ့ရှိချက်များအရ လိုအပ်ရင်လည်း ဆက်လက် ပြသနိုင်မှာ ဖြစ်ပါတယ်။ 🙏🙏🙏
🎈ကျား/မ မရွေး အကောင်းဆုံး ကျန်းမာရေးစစ်ဆေးလိုသူများအတွက် အသင့်တော်ဆုံး
Royal Diamond Package Medical Checkup ဖြစ်ပါတယ်🎈မျက်စိ စစ်ဆေးလိုသူများ,🎈လုပ်ငန်းခွင်ကြို အတွက် ကျန်းမာရေး စစ်ဆေးလိုသူများ,🎈Bပိုးကာကွယ်ဆေး အောင်မအောင် စစ်လိုသူများ🎈သာအိမ်ခေါင်း Pap Smear စစ်လိုသူများအတွက် လည်း သီးသန့် ထပ်တိုးလို့ရအောင်၊ Package များ စုံလင်အောင် ဝန်ဆောင်မှုပေးထားပါတယ်💎💎💎

❤️နှစ်စဉ် သို့မဟုတ် ခြောက်လတစ်ခါ🌈 Medical Check Up လုပ်ချင်တဲ့... လူကြီး မိဘများ၊ ဦးဦးဒေါ်ဒေါ် ကိုကိုမမ များ အတွက်🙏 အထူးသင့်တော်တဲ့ Package လေးများ ဖြစ်ပါတယ်။
မူလဈေးနှုန်းထက်ဝက်ခန့် လျော့ထားသော သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လည်း ဖြစ်ပါတယ်။🌈
Royal Diamond Package ကို ရွေးချယ်လျှင်ဖြင့် သမားတော်ဆရာဝန်ကြီးမှလည်း အဖြေများကို ပြန်လည်ရှင်းပြဆွေးနွေးပေးသွားမှာဖြစ်ပြီး ECG၊ Ultrasound နှင့် ရင်ဘတ်ဓါတ်မှန် အပြင် သွေးရောဂါများ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အရိုးအဆစ်၊ သွေးချို၊ ဆီးချို၊ သိုင်းရွိုက် လည်ပင်းကြီး၊ ကင်ဆာ Tumor Markers များ စစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း... အစရှိသဖြင့် Test အမျိုးအစား များစွာ ပါဝင်ပြီး ပုံမှန်အားဖြင့် အားလုံးကို ခြုံငုံမိမှာ ဖြစ်ပါတယ်။
Royal Diamond Package မှာ ပါဝင်တဲ့ Test များကို ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။

ထပ်မံ လုပ်ငန်းခွင် ဝင်မည့်သူများအတွက် Pre employment package နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် Ante natal package အထူးဈေးနှုန်း ၅၅၀၀၀ ကျပ် ဖြင့် စစ်ဆေးနိုင်ပါပြီ ရှင့်။

ဆက်သွယ်ရန်
09 974469447
09 750040701
09 750040702
Ph Call, Viber Call, Viber Message
ဖုန်းလိုင်း အခက်အခဲဖြစ်ပါက Viber Call Viber Message ဖြင့် ဆက်သွယ်နိုင်ပါသည်။

နောက်ထပ်ဝန်ဆောင်မှုအနေဖြင့်
✅Mingalar Care အထူးကုဆေးခန်းမှ ထပ်မံ၍
🌈🌈🌈 အစာအိမ်နှင့် အူမကြီးလမ်းကြောင်းအား မှန်ပြောင်းဖြင့် ကြည့်၍ စစ်ဆေးသည့် ဝန်ဆောင်မှုလည်း ရရှိနိုင်ပါသည်။ တစ်ခုချင်းစီ စစ်၍လည်း ရပါသည်။ အထူးပရိုမိုးရှင်းအနေဖြင့် အစာအိမ် သို့မဟုတ် အူမကြီးမှန်ပြောင်းကြည့် စစ်ဆေးခြင်း တစ်မျိုးစီအတွက် 499000 အစား 249000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။

အထက်ပါဈေးနှုန်းသည် ဆရာဝန်၏မှန်ပြောင်း Endoscopy ကြည့်ရှုခ၊ သူနာပြုNurse ဆရာမများ၊ ဝန်ထမ်းဝန်ဆောင်ခ၊ မှန်ပြောင်းစက်ဖိုး၊ Clinic Service တို့ကို ထက်ဝက်ခန့် (50%) အထူးလျော့ပေးထားခြင်းဖြစ်ပါသည်။

အခြား အထူးပရိုမိုးရှင်း အနေဖြင့် လည်း နှလုံးတယ်လီဗေးရှင်း ဓါတ်မှန် ရိုက်ကူးခြင်း၊ ရင်သွေးငယ်များကို ကြိုတင်မြင်ရဖို့ 4D ultrasound ရိုက်ကူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်...
💎ကျန်းမာရေးစစ်ဆေးမှုများ💎ကို စစ်ချင်တယ်ဆိုရင်တော့ဖြင့် မနက် ၇- ည ၈ အတွင်း ပိတ်ရက်မရှိ လာရောက် စစ်ဆေးနိုင်ပါတယ်။ ဆေးခန်းကတော့ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပါတယ်။...
ရောက်ရှိသော ကားနံပါတ်များကတော့
🚍နန္ဒဝန်ဈေးမှတ်တိုင် ၁၂, ၁၀, ၃၂, ၈၇, ၉၆
🚍မာလာကွေ့မှတ်တိုင် ၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇
🌈ဆေးခန်းလိပ်စာလေးကတော့-
အမှတ်(၉၉၃၊ဘီ)၊ သုမင်ဂလာလမ်း၊ နန္ဒဝန်စျေးအနီး(ဧရာဝတီဘဏ်နှင့်မျက်နှာချင်းဆိုင်)၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန် ဖုန်း / Viber Call/ Viber Message
၀၉ ၉၇၄၄ ၆၉ ၄၄၇
၀၉ ၇၅၀၀ ၄၀ ၇၀၁
၀၉ ၇၅၀၀ ၄၀ ၇၀၂

🙏MingalarPar🙏 အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါ သမားတော် ဆရာဝန်ကြီးများဖြင့် Mingalar Care Specialist Clinic တွင်ကုသမှု...
03/11/2025

🙏MingalarPar🙏 အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါ သမားတော် ဆရာဝန်ကြီးများဖြင့် Mingalar Care Specialist Clinic တွင်ကုသမှုများ ပေးအပ်လျက်ရှိပါသည် 🙏။
🌈2026 ဇန်နဝါရီလကုန်အထိလည်း အထူး ပရိုမိုးရှင်း : မှန်ပြောင်းက အစာအိမ် သို့မဟုတ်‌ အူမကြီးတစ်ခုစီကို သမားတော်၊ သူနာပြု၊ မှန်ပြောင်းစက်ဖိုး၊ Clinic service ပါတဲ့ Package 499000 ကို ၂၄၉၀၀၀ သို့ လျော့ထားပါတယ်ရှင့်။ ဆေးဖိုး Laboratory ဖိုး တွေကတော့ ထပ်တိုးကုန်ကျမှု ရှိပါတယ် ရှင့်။

၁၀-၅၀ ရာခိုင်နှုန်း အထူးPromotion

🌈အစာအိမ်/အူလမ်းကြောင်း မှန်ပြောင်းစစ်ဆေးခြင်း

🌈H pylori ပိုး စစ်ဆေးခြင်း

🌈Urea Breath Test လေမှုတ်စစ်ဆေးခြင်း

🌈Fecal Immunochemical Test (FIT) စစ်ဆေးခြင်း

လူကြီးမိဘများ သိလိုသည်များ၊ ရက်ချိန်းယူလိုသည်များကို🙏 Ph 09750040701, 09750040702, 09974469447🙏 သို့ ၂၄ နာရီ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် 🙏

၂၄ နာရီ ပိတ်ရက်မရှိ။ ❤️Viber/Ph- ၀၉၉၇၄၄၆၉၄၄၇, ၀၉၇၅၀၀၄၀၇၀၁, ၀၉၇၅၀၀၄၀၇၀၂၊ လိပ်စာကတော့ - တောင်ဥက္ကလာပ၊ သုမင်ဂလာလမ်း နန္ဒဝန်ဈေးအနီး AYA Bank ရှေ့ အမှတ် ၉၉၃ ခ ဖြစ်ပါတယ်။🙏🙏🙏ဘတ်စ်ကားမှတ်တိုင် နန္ဒဝန်ဈေး (၁၂, ၁၀,၃၂, ၈၇, ၉၆)၊ မာလာကွေ့ (၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇)

 #တန်ဆောင်တိုင်ကာလလေးမှာ ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို ကျန်းမာရေးလက်ဆောင်အနေနဲ့ Medical Check Up Package လေး ဖြစ်တဲ့  💎Royal...
02/11/2025

#တန်ဆောင်တိုင်ကာလလေးမှာ ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို ကျန်းမာရေးလက်ဆောင်အနေနဲ့ Medical Check Up Package လေး ဖြစ်တဲ့
💎Royal Diamond Package လေး လက်ဆောင်ပေးလို့ပြီနော်

#နှစ်တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု – သင့်အတွက်အရေးကြီးပါတယ်!

#ကျန်းမာနေတာက ပျော်ရွှင်မှုရဲ့အခြေခံပဲဖြစ်ပါတယ်ရှင်
လက္ခဏာမပေါ်သေးလည်း 🩺 စစ်ဆေးတာက စောစောသိ၊ စောစောကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

✅ နှစ်စဉ်တစ်ကြိမ်ကျန်းမာရေးစစ်ဆေးခြင်း
➡️ ကိုယ်အနာအဆာ မဖြစ်မီကနေ ကာကွယ်နိုင်စေပါတယ်။

သတိထားပါနော် —
“ကျန်းမာရေးစစ်ဆေးမှုဟာ သင့်အသက်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ” 💚

Diamond Package
လေးကို ၀ယ်ယူပြီး ကျန်းမာရေးစစ်ဆေးချင်ပါက👇👇👇👇

Booking Ph 09750040701သို့ဆက်သွယ်ပြီး Booking ယူနိုင်သလို
အမှတ် (၉၉၃/ဘီ ) ၊ သုမင်္ဂလာလမ်း ၊ နန္ဒဝန်စျေးအနီး (ဧရာဝတီဘဏ်နှင့်မျက်နာချင်းဆိုင်) ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ 24 နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့
Care Specialist Clinic & Medical Check Up Center ကို ကိုယ်တိုင်လာရောက်၍လည်း ပြသနိုင်ပါတယ်ရှင်
#ကျန်းမာရေး #စောစောသိစောစောကာကွယ်

🙏 ဆရာကြီး ဒေါက်တာ ဦးဖြိုးနှင်းအောင်M.B.,B.S (YGN), M.Med.Sc (Internal Medicine),Dr.Med.Sc. (Endocrinology & Metabolic Di...
02/11/2025

🙏 ဆရာကြီး ဒေါက်တာ ဦးဖြိုးနှင်းအောင်

M.B.,B.S (YGN), M.Med.Sc (Internal Medicine),
Dr.Med.Sc. (Endocrinology & Metabolic Diseases)Fellowship in Endocrinology (Ru), MRCP (UK)

ဆီးချို၊ သွေးချို၊ ‌ဟော်မုန်းနှင့်အထွေထွေရောဂါကု သမားတော်
🙏 Mingalar Care အထူးကုဆေးခန်း တွင် ပြသနိုင်ပါပြီရှင့်🙏

၂၄ နာရီ ပိတ်ရက်မရှိ။
❤️Viber/Ph- ၀၉၉၇၄၄၆၉၄၄၇, ၀၉၇၅၀၀၄၀၇၀၁, ၀၉၇၅၀၀၄၀၇၀၂၊
❤️လိပ်စာကတော့ - တောင်ဥက္ကလာပ၊ သုမင်ဂလာလမ်း နန္ဒဝန်ဈေးအနီး AYA Bank ရှေ့ အမှတ် ၉၉၃ ခ ဖြစ်ပါတယ်။
❤️ဘတ်စ်ကားမှတ်တိုင်
နန္ဒဝန်ဈေး (၁၂, ၁၀,၃၂, ၈၇, ၉၆)၊
မာလာကွေ့ (၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇)






🙏Diamond/ Royal Diamond Medical Check Up Packages ကျန်းမာရေးဆေးစစ်မှု ၁၄၉၀၀၀+
🙏အစာအိမ်/ အူလမ်းကြောင်းမှန်ပြောင်း ၂၄၉၀၀၀+
🙏နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ အသည်း၊ ကလေး သမားတော်ကြီးများ ++
🙏၂၄ နာရီ ပိတ်ရက်မရှိ။
❤️Viber/Ph- ၀၉၉၇၄၄၆၉၄၄၇, ၀၉၇၅၀၀၄၀၇၀၁, ၀၉၇၅၀၀၄၀၇၀၂၊
❤️လိပ်စာကတော့ - တောင်ဥက္ကလာပ၊ သုမင်ဂလာလမ်း နန္ဒဝန်ဈေးအနီး AYA Bank ရှေ့ အမှတ် ၉၉၃ ခ ဖြစ်ပါတယ်။
❤️ဘတ်စ်ကားမှတ်တိုင်
နန္ဒဝန်ဈေး (၁၂, ၁၀,၃၂, ၈၇, ၉၆)၊
မာလာကွေ့ (၆, ၁၄, ၃၀, ၃၈, ၈၈, ၁၁၇)

🩺 လည်ချောင်းနာတာ အေးမိတာလောက်မထင်ပါနဲ့...အသံပြောင်းနေတယ်၊ ခံတွင်းနာနေတာ မပျောက်ဘူးဆိုရင် —အေးမိတာမဟုတ်ပါ။အချို့အခါမှာ လည...
01/11/2025

🩺 လည်ချောင်းနာတာ အေးမိတာလောက်မထင်ပါနဲ့...

အသံပြောင်းနေတယ်၊ ခံတွင်းနာနေတာ မပျောက်ဘူးဆိုရင် —
အေးမိတာမဟုတ်ပါ။
အချို့အခါမှာ လည်ချောင်းကင်ဆာ ရဲ့ ပထမအဆင့်လက္ခဏာ ဖြစ်နိုင်ပါတယ်။

💬 စောစောသိရင် ကုသမှုအောင်မြင်နိုင်တာမို့
သံသယရှိရင် ဆရာဝန်နဲ့ စစ်ဆေးဖို့ မေ့မထားပါနဲ့နော်

🌿 ကျန်းမာခြင်းကို စောစောစောင့်ပါ။

လည်ချောင်းကင်ဆာ ဆိုတာဘာလဲ❓
လည်ချောင်းအတွင်းပိုင်းတွင် ဖြစ်ပေါ်လာသော ကင်ဆာတစ်မျိုးဖြစ်ပြီး
အချို့လက္ခဏာများမှာ –

အသံပြောင်းခြင်း

လည်ချောင်းနာခြင်း

အစာမြောင်းရာတွင်နာခြင်း

ချောင်းဆိုးနဲ့သွေးပါခြင်း

#လည်ချောင်းကင်ဆာရဲ့ရောဂါလက္ခဏာရပ်တွေက ဘာတွေလဲ

အစောပိုင်းအဆင့်မှာ လက္ခဏာ မသိသာတာကြောင့် လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း သိနိုင်ခြေနည်းပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့

-အသံဝင်၊ အသံကွဲအက်၊ စကားပီပီသသ မပြောနိုင်ခြင်း

-အစာမျိုချရခက်ခြင်း

-အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း

-နာတာရှည် လည်ချောင်းနာခြင်း

-လည်ချောင်းခဏခဏရှင်းရခြင်း

-နာတာရှည်ချောင်းဆိုးခြင်း (သွေးပါခြင်း)

-လည်ပင်း ပြန်ရည်ကျိတ်များရောင်ခြင်း

-နားအူခြင်း

-နားကိုက်ခြင်း

ဒါကြောင့်မို့ မဖြစ်ခင်က
ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့ ကင်ဆာရောဂါကင်းဝေးပြီး ပျော်ရွှင်ကျန်းမာတဲ့ ဘ၀ပိုင်ဆိုင်ရအောင် ကျန်းမာရေးတွက်ဆေးစစ်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်
#လူကြီးမင်းတို့ရဲ့ ကျန်းမာရေးတွက် စစ်ဆေးလိုပါက Mingalar Care Specialist Clinic and Medical Check Up Center ကို လှမ်းလာခဲ့ဖို့လဲ ဖိတ်ခေါ်လိုက်ပါရစေရှင်

🕊 စောစောစစ် → စောစောကု
ကျန်းမာရေးစစ်ဆေးမှုလေး မပျက်ပါနဲ့။

Booking Ph 09750040701သို့ဆက်သွယ်ပြီး Booking ယူနိုင်သလို

ဆေးခန်းရဲ့လိပ်စာလေးကတော့ 👇👇👇

#အမှတ်(၉၉၃/ဘီ ) ၊ သုမင်္ဂလာလမ်း ၊ နန္ဒဝန်စျေးအနီး (ဧရာဝတီဘဏ်နှင့်မျက်နာချင်းဆိုင်) ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ 24 နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့
Care Specialist Clinic & Medical Check Up Center ကို ကိုယ်တိုင်လာရောက်၍လည်း ပြသနိုင်ပါတယ်ရှင်

#လည်ချောင်းကင်ဆာ #သတိထားပါ

 #သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီး‌တွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘ...
25/10/2025

#သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီး‌တွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် တော်တော်များများက မသိကြတာပါ။

👇👇👇သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကတော့
❣️အတူနေပြီး သွေးဆင်းတာ
❣️ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ
❣️သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
❣️မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ
❣️ဆီးစပ်ကိုက်တာ
❣️အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေဖြစ်တယ်။ ကိုယ့်ဟာကိုယ်လည်း ဘာဖြစ်မှန်း မသေချာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

#ရောဂါဖြစ်ရတဲ့အကြောင်းရင်း

သားအိမ်ခေါင်းကင်ဆာက ဘာလို့ဖြစ်ရတာလဲဆိုတာ အတိအကျမသိကြပါဘူး။ HPVဗိုင်းရပ်စ်ကြောင့်လို့ ပြောပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ပါဘူး။ ပြောချင်တာက HPVဗိုင်းရပ်စ်အပြင် တခြားသော အကြောင်းအရာတွေကပါ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ ဝိုင်းပြီးအားပေးနေကြတာပါ။ အဲဒါတွေကတော့

🔹-လိင်ဆက်ဆံဖော်များတာ : သင့်မှာများတာပဲဖြစ်ဖြစ်၊ သင့်ဆက်ဆံဖော်မှာများတာပဲဖြစ်ဖြစ် လူများလေလေ HPVကူးဖို့ ဖြစ်နိုင်ချေ များလေလေပါပဲ။

🔹-လိင်ဆက်ဆံချိန်စောခြင်း : အသက်ငယ်ငယ်နဲ့ လိင်စဆက်ဆံရင် HPVဗိုင်းရပ်စ် ကူးနိုင်ချေမြင့်ပါတယ်။

🔹-တခြားလိင်မှတဆင့်ကူးစက်တဲ့ ရောဂါများ : ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ HIV/AIDSရောဂါတွေ ရှိနေရင် HPVရှိနိုင်ချေများပါတယ်။

🔹-ခုခံအားကျခြင်း : တခြားအကြောင်းတခုကြောင့် ခုခံအားကျနေမယ်။ HPVလည်းရှိနေမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါတယ်။

🔹-ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်တာကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။

🔹-ကိုယ်ဝန်ခိုင်ဆေးသုံးခြင်း : ကိုယ်ဝန်ရှိချိန်မှာ diethylstilbestrol (DES)သုံးမယ်ဆိုရင် မွေးလာမယ့် သမီးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေများပါတယ်။

#သားအိမ်ခေါင်းကင်ဆာကာကွယ်နည်းများ

၂၀၁၆ ခုနှစ်မှာ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးပေါင်း ၁၂၉၉၀ ရှိနေပြီး သေဆုံးနိုင်ခြေက ၄၁၂၀ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း လူတွေက သားအိမ်ခေါင်းကင်ဆာကို ဂရုစိုက်လာကြတာ သိသာပါတယ်။ အခု ပြောပြသွားမှာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးမယ့် အချက်လေးတွေပါ။ ကဲ ….. သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း အကြောင်း လေ့လာလိုက်ရအောင်နော်။

#သားအိမ်ခေါင်းကင်ဆာကာကွယ်နည်း
သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း မှာ အဓိကကျတာ နှစ်နည်း ရှိပါတယ်။ တစ်ခုက ကာကွယ်ဆေးထိုးတာ၊ နောက်တစ်ခု ဆေးစစ်တာပါ။

#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ HPV လို့ခေါ်တဲ့ Human papillomavirus အတွက် ထုတ်ထားတဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းလောက်က HPV ကြောင့် ဖြစ်တာပါ။

HPV ကာကွယ်ဆေးကို အသက် ၉နှစ်ကစပြီး ထိုးလို့ရပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော ထိုးလို့ ရပေမယ့် လက်ရှိမှာ မိန်းကလေးတွေကို ဦးစားပေးပြီး ထိုးပေးပါတယ်။ ၉နှစ်ကနေ ၁၄နှစ်ထိဆို ၆လ ဒါမှမဟုတ် ၁နှစ်ခြားပြီး ၂ကြိမ်ထိုးရပါတယ်။ ၁၅နှစ်ကနေ ၂၇နှစ်ထိကတော့ ၃ကြိမ်ထိုးရပါတယ်။ ၂၇နှစ်နဲ့ အထက်တွေမှာ ကာကွယ်ဆေး ထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

#သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာကတော့ အမျိုးသမီးတိုင်း လုပ်သင့်ပါတယ်။ ကာကွယ်ဆေးထိုးထားရင်လည်း လုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးတွေက အဖြစ်များတဲ့ HPVကိုပဲ ကာကွယ်ပေးနိုင်တာကြောင့်ပါ။

2020 ACS guidelines အရဆိုရင်

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးပြီဖြစ်စေ၊ မထိုးရသေးဘူးဖြစ်စေ အသက် ၂၅နှစ်ကနေ စစစ်သင့်ပါတယ်။ ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။ ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။

၆၅နှစ်ကျော်သွားရင်တော့ ရှေ့အဖြေတွေကောင်းတယ်ဆိုရင် ဆက်မစစ်တော့ပါဘူး။
HPV testဆိုတာ သားအိမ်ခေါင်းအချွဲကနေ HPVဗိုင်းရပ်စ်ကို ရှာတာပါ။ Pap testဆိုတာကတော့ သားအိမ်ခေါင်းအချွဲကနေ ပုံမှန်မဟုတ်တဲ့၊ ကင်ဆာပြောင်းနိုင်တဲ့ ဆဲလ်တွေ ပါမပါ ရှာတာပါ။ HPV/Pap cotest ကတော့ ၂မျိုးပေါင်း စစ်တာပါ။

သားအိမ်ခေါင်းဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ (ဥပမာ ကိုယ်ခံအား မကောင်းတဲ့သူ၊ HIV ရှိသူ၊ ကိုယ်အင်္ဂါအစားထိုးထားသူ၊ စတီးရွိုက်ကို ကြာကြာသုံးထားတဲ့သူ) တွေက ပိုပြီးသတိထားသင့်ပါတယ်။ ပိုပြီးတော့လည်း စစ်ဆေးဖို့ လိုပါတယ်။

ဒါကြောင့် အမျိုးသမီးတို့အနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါမှ ကင်းဝေးပြီး ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်စေရန်
သားအိမ်ခေါင်း ကင်ဆာမဖြစ်အောင်
နေထိုင်စားသောက်ခြင်းနှင့် သားအိမ်ခေါင်းကျန်းမာရေးအတွက်ဆေးစစ်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်

အမျိုးသမီးတို့ရဲ့ ကျန်းမာရေးစစ်ဆေးခြင်း ၊ ကာကွယ်ဆေးထိုးခြင်း ၊ သားအိမ်ခေါင်းရောဂါရှိမရှိ စစ်ဆေးခြင်းကို့ကို ပြုလုပ်လိုပါက

အမှတ် (၉၉၃/ဘီ ) ၊ သုမင်္ဂလာလမ်း ၊ နန္ဒဝန်စျေးအနီး (ဧရာဝတီဘဏ်နှင့်မျက်နာချင်းဆိုင်) ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ 24 နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့
Care Specialist Clinic & Medical Check Up Center ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်

Booking တင်ရန်နှင့်အသေးစိတ်စုံစမ်းမေးမြန်းရန်
Ph (viber & viber message)
09 974469447
09 750040701
09 750040702

Address

No. 993/B, Thu Mingalar Road, South Okkalapa Township
Yangon
11091

Alerts

Be the first to know and let us send you an email when Mingalar Care Specialist Clinic and Medical Check Up Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mingalar Care Specialist Clinic and Medical Check Up Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category