Your Doctor

Your  Doctor ⚕️Medical Support for You and Your Family⚕️

“ဆရာမရှင့်  ဆီးချိုရောဂါ အကြောင်း မေးချင်ပါတယ်” ဆီးချိုဆေးသောက်နေရုံနဲ့ အဆင်ပြေပြီလား ?Medical check up က တစ်နှစ်ဘယ်နှကြ...
21/10/2025

“ဆရာမရှင့် ဆီးချိုရောဂါ အကြောင်း မေးချင်ပါတယ်”

ဆီးချိုဆေးသောက်နေရုံနဲ့ အဆင်ပြေပြီလား ?

Medical check up က တစ်နှစ်ဘယ်နှကြိမ်လောက်လုပ်သင့်တာလဲ ဘယ်လိုစစ်ဆေးမှုမျိုးလုပ်သင့်တာလဲ ?

ကိုယ်တိုင် အိမ်မှာနေရင်း လုပ်နိုင်တာတွေက ဘာတွေလဲ?

ဘယ်လက္ခဏာတွေ ဖြစ်လာရင် ဘာတွေလုပ်သင့်လဲ ဘယ်လိုဆေးဝါးမျိုးတွေလိုအပ်သလဲ ?

ဘယ်ချိန်မှာ ဆေးရုံဆေးခန်း မဖြစ်မနေ သွားပြရတော့မလဲ ?

ဆီးချိုရောဂါ ဆိုတာ နာတာရှည် ရောဂါ ဖြစ်တာမို့ တစ်ကြိမ်တစ်ခါ တည်းဆေးခန်းပြပြီး ဆေးသောက်နေရုံနဲ့ ရောဂါရဲ့ ဆက်လက်ဖြစ်ပွါးနေမှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မရှောင်ရှားနိုင်ပါဘူး

လိုအပ်တဲ့ ကိုယ်တိုင်စစ်ဆေးနေမှု ဆေးရုံဆေးခန်းမှာ သွေး/ ဆီး ၃လ တစ်နှစ် စတဲ့လိုအပ်သလို စစ်ဆေးမှုများ ရောဂါလက္ခဏာအလိုက် ဆေးအတိုးအလျှော့များ လိုအပ်ပါတယ် …
စတဲ့ ဆီးချိုရောဂါ ကို ဘယ်လိုထိန်းသိမ်းပြီး နေထိုင်ရမလဲ ဆိုတာအသေးစိတ်မေးမြန်းနိုင်ဖို့ Your Doctor မှာ online consultation ယူလို့ရပါပြီ

Please say ‘hi’ to chat box, we are providing medical consultation with fair price



ေးခန်း

👨🏼‍⚕️👩🏼‍⚕️နိုင်ငံရပ်ခြားမှာ ရောက်နေလို့ ဆေးရုံဆေးခန်းသွားရမှာလည်း အခက်တွေ့နေပြီး online ဆေးခန်း ကောင်းကောင်း တစ်ခု ပြဖို...
18/10/2025

👨🏼‍⚕️👩🏼‍⚕️နိုင်ငံရပ်ခြားမှာ ရောက်နေလို့ ဆေးရုံဆေးခန်းသွားရမှာလည်း အခက်တွေ့နေပြီး online ဆေးခန်း ကောင်းကောင်း တစ်ခု ပြဖို့ ရှာနေရင် ကျွနတော်တို့ရဲ့ Your Doctor မှာ ပြသလို့ရပါပြီ

😀ကုန်ကျစရိတ်လည်းအရမ်း သင့်တော်ပြီး စိတ်ချရတဲ့ online consultation များယူဖို့ / ကျန်းမာရေး နှင့်ပတ်သက်တဲ့အကြောင်းများ ဗဟုသုတရဖို့ Your Doctor Page ကို like and follow လုပ်ထားနိုင်ပါတယ်




ေးခန်း

ကျွန်တော် တို့ရဲ့ Your Doctor Page မှာ Tele Consultation/ Online Clinic စလုပ်ခဲ့တာ တစ်နှစ်ပြည်.ခဲ့ပါပြီတစ်နှစ်အတွင်း နေမ...
11/10/2025

ကျွန်တော် တို့ရဲ့ Your Doctor Page မှာ Tele Consultation/ Online Clinic စလုပ်ခဲ့တာ တစ်နှစ်ပြည်.ခဲ့ပါပြီ

တစ်နှစ်အတွင်း နေမကောင်း ဖြစ်တိုင်း သတိတရ ပြန်လာပြကြတဲ့ သူတွေအကုန်လုံးကိုရော လူနာ အသစ်များကိုရော အချိန်အားရင်အားသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေကူညီပါဝင် ဖြေကြားပေးတဲ့ ဆရာ ဆရာမတို့ကိုရော ကျေးဇူးအထူးတင်ပါတယ်

ရပ်ဝေးမှာ ရောက်နေလို့ /ဆေးရုံဆေးခန်း မသွားနိုင်သေးလို့/ ဆေးဝါးအကြောင်းမေးချင်လို့/ စစ်ထားတဲ့ သွေးအဖြေတွေ အကြောင်း မေးချင်လို/မိဘ ဘိုးဘွားကျန်းမာရေး အတွက် တိုင်ပင်ချင်လို့ စတဲ့ ကျန်းမာရေးအတွက် တိုင်ပင်ပြသစရာတွေရှိနေရင် ကုန်ကျစရိတ်အတွက်အများကြီး စဉ်းစားစရာမလိုတဲ့ ကျွန်တော်တို့ရဲ့ Your Doctor ကိုသာ ဆက်သွယ်လိုက်ပါ။

Please say ‘hi’ to chat box.

အားလုံးလည်း ကျန်းမာ ရွှင်လန်းကြပါစေ 🙏🏻

မင်္ဂလာရှိသော သီတင်းကျွတ်ချိန်ခါဝယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🪔🕯️
06/10/2025

မင်္ဂလာရှိသော သီတင်းကျွတ်ချိန်ခါဝယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🪔🕯️

“ချောင်းအရမ်းဆိုးပြီး ဘာဆေးသောက်သောက်မသက်သာဘူး ဆရာ “ဒါက ဆေးခန်းမှာ အပတ်တိုင်းလိုလိုတွေ့နေရတာ ဖြစ်နေတဲ့ လက္ခဏာ တစ်ခု✔️အရင...
30/09/2025

“ချောင်းအရမ်းဆိုးပြီး ဘာဆေးသောက်သောက်မသက်သာဘူး ဆရာ “

ဒါက ဆေးခန်းမှာ အပတ်တိုင်းလိုလိုတွေ့နေရတာ ဖြစ်နေတဲ့ လက္ခဏာ တစ်ခု

✔️အရင်ဆုံး ချောင်းဆိုးနေတာ ဘယ်လောက်ကြာပြီလဲ
✔️သလိပ်ပါလား သွေးပါလား
✔️တခြား လာတွေ ခံစားနေရသေးလဲ (ဖျားတာ၊ ရင်ဘတ်အောင့်တာ၊ အသ်ရှူကြပ်တာ၊ နှာစေးတာ၊ အစားအသောက်ပျက်တာ၊ ပိန်သွားတာ၊ အစာမကြေသလို ဖြစ်ပြီး ရင်ပူတာစသဖြင့်….)

✔️ဆေးလိပ်တွေသောက်နေတာ ၊ ရောဂါအခံ - ပန်နာရင်ကြပ်၊ တီဘီ၊ နာတာရှည် အဆုတ်ပွရောဂါ အခံရှိတာ စသဖြင့်

ဆရာ့ကို ဒီအပေါ်က အချက်လေးတွေ ဖြေပေးလိုက်တာနဲ့ ချောင်းဆိုးတာ ဘာကြောင့်လဲ ဘာလို့မပျောက်တာလဲ ဘာတွေလုပ်ရင်ပျောက်နိုင်လဲ အကြမ်းဖျဉ်းခွဲခြားလို့ရမယ်

၃ ပတ်ထပ်မကျော်သေးဘူး ချောင်းဆိုးတာ အပြင် တခြား လက္ခာတွေလဲ မရှိသေးဘူးဆိုရင်တော့ အများဆုံးအဖြစ်များတာက viral infection/ common cold လိုခေါ်တဲ့ တုပ်ကွေး ရဲ့နောက်ဆက်တွဲဖြစ်ဖို့ အများဆုံးဘဲ။ တခါတရံ အဖျားမရှိဘဲ ချောက်ဆိုးတာ ကိုယ်လက်ကိုက်ခဲ တာလောက်နဲ့ပဲ လာတတ်တယ်

အဲ့တော့ ကနဦးအနေနဲ့
✔️ဘာဆေးတွေသောက်ရမှာလည်း
✔️ဘယ်နှရက်သောက်ရမှာလဲ
✔️ဘာတွေ မစားရဘူးလဲ ဘာတွေရှောင်ရမလဲ

သလိပ် မထွက်တဲ့ ချောင်းခြောက် (Viral infection induced dry cough) အတွက်

Over the counter drugs
✔️Antitussive cough tablets or syrup (ချောင်းဆိုးတာ အတွက်)
✔️Anti histamines (လည်ချောင်းယားယံခြင်းအတွက်)
✔️Acetaminophen (ကိုယ်လက်ကိုက်ခဲခြင်း/ဖျားနာခြင်းအတွက်)

အပေါ်က ဆေး (၃)မျိုး ကို ၃-၅ ရက် ကလူနာတိုင်း ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးနေတဲ့ အချိနိ သာမာန်လောက်ပဲ နေမကောင်းဖြစ်နေချိနိမှာ သောက်ကြည့်လို့ရနိုင်တဲ့ဆေး ဖြစ်ပါတယ်

‼️သို့ပေမဲ့ ဆေးသောက်သော်လည်း မသက်သာဘူး/ အစတည်းက သလိပ်ပါတာ သွေးပါတာ/ တခြားသော လက္ခဏာတွေပါရှိနေရင်တော့ နီးစပ်ရာ ဆရာဝန်/ ဆေးရုံဆေးခန်း မှာ ပြသဖို့လိုပါတယ်

‼️ပြင်းထန်လာရင် သလိပ်စစ်တာ/ Chest X-ray ရိုက်တာ / သွေးစစ် ပြီး ကုသာဖို့လိုအပ်နိုင်တယ်

လိုအပ်ပါက online clinic များလည်း ရှိတာမို့ အလွယ်တကူမေးမြန်း ပြသနိုင်ပါတယ်

ဆရာတို့ရဲ့ Your Doctor Page မှာလည်း အလွယ်တကူ ဆက်သွယ်ပြသနိုင်ပါတယ်




“😞 ဝက်ခြံ တွေက ဘယ်တော့မှ ပျောက်တော့မှာလည်းဆရာ ““မိတ်ကပ်/ သနပ်ခါး မလိမ်းရင် တောင် အပြင်သွားဖို့ confidence မရှိတော့ဘူး ဆရ...
12/09/2025

“😞 ဝက်ခြံ တွေက ဘယ်တော့မှ ပျောက်တော့မှာလည်းဆရာ “

“မိတ်ကပ်/ သနပ်ခါး မလိမ်းရင် တောင် အပြင်သွားဖို့ confidence မရှိတော့ဘူး ဆရာ”

“ဝတ်ခြံ အမာရွတ်တွေက ဘာလို့ပျောက်ဖို့ ခက်နေတာလဲ”

👨‍⚕️ဆရာ ဒီနေ့ အထူးသဖြင့် လူငယ် (အသက် ၁၈- ၂၉) ဝန်းကျင် မှာ အမေးများတဲ့ 🫩ဝက်ခြံ 🫩👉🏻ငယ်ရွယ်တဲ့ အချိန်မှာ အလှအပနဲ့ confidence ကို ထိခိုက်တဲ့ Dermatology problem (Acne) အကြောင်းလေး ပြောပြချင်တယ်

✔️ပထမဆုံး ပြောချင်တာက ဒီအသက်အရွယ်မှာ လူတိုင်း ၁၀ယောက်မှာ ၈ယောက် တစ်ကြိမ်မဟုတ် တစ်ကြိမ် ဝက်ခြံပေါက်ဖူးပါတယ်

✔️၁၀ယောက်မှာ ၅ယောက်လောက်ကတော့ ဆိုးဆိုးရွားရွား ပေါက်ဖူးပါလိမ့်မယ်

✔️ရှားရှားပါးပါး အရမ်းဆိုးတဲ့ case တွေမှာတော့ အရေပြားပိုးဝင်တာတွေ သွေးဆိပ်ပြန့်တာတွေထိ အန္တရာယ်ပေးနိုင်ပါတယ်

🚨အရင်ဆုံး ဝက်ခြံဆိုတာဘဲလဲပြောပါမယ်

🤨အရေပြားမှာ ရှိတဲ့ အဆီထွက်ပေါက် ပိတ်သွားတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာမှာ နဖူး နှာခေါက်းပတ်လည်နဲ့ အပေါ်နှုတ်ခမ်း တစ်ဝိုက်မှာ ဖြစ်ရင် ပိုးဝင်ခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်

ဘာကြောင့် ဝက်ခြံပေါက်တာလဲ ❓

အဖြစ်အများဆုံးက ဟော်မုန်းအပြောင်းအလဲ (Hormonal changes) ကြောင့်ဖြစ်တယ်။ ဟော်မုန်းပြောင်းလဲခြင်းတွေဟာ အရွယ်ရောက်ခါစအချိန်ကနေ ၂၉နှစ်လောက်ထိ အဆိုးဆုံးပါဘဲ

နောက်ပိုဆိုးစေတာတွေကတော့ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ အပြင်ထွက်ရတာများပြီး မျက်နှာ အဆီပြန်လွယ်တာ ဖုန်မှုန့်နဲ့ လေထု ညစ်ညမ်းမှုတွေကြောင့်၊ အဆီအစိမ့် နွားနို့ အချို အစားများတာ၊ ရေဓါတ်နည်းတာ၊ တစ်ချို့သော hormones ဆေးများ ဥပမာ progesterone ပါဝင်သော သားဆပ်ခြားဆေး များ ၊ steroid ပါဝင်သော မိတ်ကပ်/ cosmetic များကြောင့် ဖြစ်တတ်ပါတယ်

✅ဝတ်ခြံ မထွက်အောင် ဘာတွေလုပ်သင့်သလဲ?

✔️ မျက်နှာကို နူးညံ့စွာ သန့်ရှင်းပါ ( အထူးသဖြင့် မိန်းကလေးတွေမှာ cosmetics များ တစ်နေကုန်လိမ်းထားရင် ညနေပိုင်းမှာ သေချာမျက်နှာကို သန့်စင်ပြီးမှ အိပ်ရာဝင်ပါ)

✔️ Oil-free sunscreen, water based moisturizer သုံးပါ

✔️ စိတ်ဖိစီးမှုများ အတတ်နိုင်ဆုံး လျော့ပါ၊ အိပ်ချိန်မှန်ပြီး အိပ်ရေး ၀၀အိပ်ပါ

✔️အချိုပွဲ၊ နို့ထွက်ပစ္စည်းများနှင့် အဆီအစိမ့်များ လျော့စားပါ

✔️ရေ ကို နေ့စဉ် ၂-၃ လီတာသောက်ပါ

✔️အသီး အနှံများများ စားပေးပါ

🔹မလုပ်သင့်တဲ့အရာတွေ

❌ မျက်နှာကို အကြမ်းမကြိုက်ပါနဲ့

❌ ဝက်ခြံ လက်နဲ့ခဏခဏ ကုပ်နေတာ ညစ်နေတာမလုပ်ပါနဲ့ – အမာရွတ်/ Scar ကျန်နိုင်တယ်။ အမာရွတ် တစ်ခုက ပျောက်ဖို့ ၁လ ကနေ ၃ လလောက်ထိကြာ နိုင်ပါတယ်

❌ မိတ်ကပ်နဲ့ skin care products များကို ကြုံသလို မသုံပါနဲ့

‼️တစ်ချို့သော steroid ပါဝင်တဲ့ မိတ်ကပ် cosmetic နဲ့ skin care products တွေက ခဏ အတွင်းမှာ ဝက်ခြံ သက်သာနိုင်သော်လည်း ထိုမိတ်ကပ်နဲ့ cosmetic များ မသုံးတော့ တဲ့ အချိန်မှာ ပိုမိုဆိုးရွားတဲ့ ဝက်ခြံများ နောက်တစ်ကြိမ် ထွက်လာနိုင်တယ်



✅ကုသမှုနည်းလမ်းတွေ

🔹သာမန် မပြင်းထန်တဲ့ ဝက်ခြံ များအတွက် water based moisturizer နဲ့ benzoyl peroxide လိမ်းဆေးဖြင့်သက်သာစေနိုင်ပါတယ်။ ဆရာ အပေါ်က ပြောတဲ့ဆောင်ရန် ရှောင်ရန် အချက်တွေလည်း လုပ်ရမှာပါ

🔹(၂) ပတ် ထပ်ကျော်လွန်လာပြီး ရောင်ယမ်း ပြီး ပြည်ဖု သို့မဟုတ် အဆီဖု အမဲအဆံ လေးတွေပိတ် ပြီး တစ်ဖု မက ဖြစ်တဲ့ ဝတ်ခြံ များအတွက်ကတော့ ပိုးသတ်ဆေး သောက်ဆေး နှင့်အတူ retinol ပါသော skin care products နဲ့ ဝက်ခြံနောက်ဆက်တွဲ အမာရွတ် သက်သာစေတဲ့ Niacinamide, Azelaic acid ပါတဲ့ serum တို့နဲ့ step by step ကုသသင့်ပါတယ်။

🫩အထက်ပါဆေးဝါးများနဲ့ မသက်သာတဲ့ အရမ်းဆိုးဝါးတဲ့ ဝက်ခြံ အမျိုးအစား ဖြစ်ခဲ့ရင်တော့ အရေပြားကျွမ်းကျင်ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ဆရာဝန်ညွှန်ကြားချက်နဲ့ သာသောက်သုံးသင့်တဲ့ strong potent derivative of Vit A ကို လွန်ဆိုးသော ဝက်ခြံအခြေအနေများမှာသာ သုံးပါတယ်။ ဆေးရဲ့ ဆိုးကျိုးများလည်းရှိပြီး ကိုယ်ဝန်ဆောင်နေစဉ်မှာ သောက်မိရင်လည်း ကလေးအတွက်ဆိုးကျိုးရှိနိုင်ပါတယ်။

(‼️အထူးသတိပေးချင်တာက ဝက်ခြံ တစ်ခုက လက်နဲ့ ကုပ်မိတာ ဆွမိတာ မသန့်ရှင်းသောအရာနဲ့ ညှစ်မိရာကနေ ရောင်ရမ်းပြီး အရေပြားပိုးဝင်တတ်ပါတယ်။

⚠️မျက်နှာဆိုတာ နှာခေါင်း ဦးခေါင်း ဦးနှောက်နဲ့ အနီးကပ်ဆုံး နေရာဖြစ်လို့ သွေးထဲထိ ပိုးပြန့်သွားရင် သွေးဆိပ်တတ်တာ(sepsis) နဲ့ ဦးနှောက် အမြှေးပါးရောင်တာ (meningitis) တို့ထိ ရှားရှားပါးပါးဖြစ်တတ်ပါတယ်။
⚠️အထူးသဖြင့် ပိုးဝင်လွယ်သူတွေကတော့ ဆီးချိုရောဂါအခံရှိတာ ကိုယ်ခံအားနည်းနေတဲ့ လူနာ၊ ရောဂါတသ်ခုခုကြောင့် နာတာရှည် ဆေးသောက်နေရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

⚠️ဝက်ခြံ ပတ်ပတ်လည် မျက်နှာ ပြင်ပါ ရောင်ရမ်းလာရင် ပိုးသတ်ဆေး သောက်ဆေး ထိုးဆေးများ လိုအပ်နိုင်တာမို့ ထိုအချက်ကို သတိထားသေချင်ပါတယ်)


📚နောက်ဆုံး အချက်နေနဲ့ကတော့

ရောင်ရမ်း ဝက်ခြံ ဖြစ်ခဲ့ရင် အနည်းဆုံး (၆–၈ ပတ် ) ကြာမှသာ သေချာသက်သာပါတယ်။ မျက်နှာ အရေပြားရဲ့ နဂိုမူလ အသားအရေပြန်လည် ကျန်းမာမှုက ထိုအချိန် ထိကြာလို့ဘဲဖြစ်ပါတယ်။

🩷ဝက်ခြံ ကင်းစင်ပြီး ဝက်ခြံကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားနိုင်ကြပါစေ
Confidence အပြည့်နှင့် ကျန်းမာသော အသားအရေ ပိုင်ဆိုင်ကြပါစေဗျာ



#ဝက်ခြံ

#ဝက်ခြံအကြောင်း

❓”ဆရာရှင့် အရေပြား မှာ အဖုအပိန့် အနီပြင်ထွက်ပြီး ယားယံ တာက (၁)ခါလည်း မက (၂)ခါလည်း မက ရုတ်တရတ် ဖြစ်ဖြစ်နေတာက ဘာကြောင့်လဲ ...
04/07/2025

❓”ဆရာရှင့် အရေပြား မှာ အဖုအပိန့် အနီပြင်ထွက်ပြီး ယားယံ တာက (၁)ခါလည်း မက (၂)ခါလည်း မက ရုတ်တရတ် ဖြစ်ဖြစ်နေတာက ဘာကြောင့်လဲ ???
အလာဂျီလား အင်ပျဉ်လား ယားနာလား သွေးမသန့်တာလား ……???”

👨🏼‍⚕️ဒီနေ့ ဒီလို မေးလာတတ်တဲ့ မေးခွန်းအတွက် ဆရာ ရှင်းပြချင်တာလေးတွေ ရေးထားပါတယ် မိမိကိုယ်တိုင်ဘဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဘဲဖြစ်ဖြစ် ဒီလို အရေပြားယားယံမှုမျိုး ၁ ကြိမ် မက လချီ နှစ်ချီ မထင်ရင် မထင်သလို အကြာခဏ ဖြစ်တတ်နေတာမျိုးရှိရင် ဒီစာလေးက အကျိုးရှိမှာပါ

🔸အရေပြားယားယံတာ ဖြစ်လိုက် ပျောက်လိုက် ခပ်စိပ်စိပ် ဆက်တိုက် သဘောမျိုး (၆)ပတ် နှင့်အထက် ဖြစ်လာရင် “ နာတာရှည် ယားယံခြင်း” လို့သတ်မှတ်ပါတယ်

🔸ဘာလို့ “နာတာရှည် “ လို့ ခေါ်လည်းဆိုရင် (၆)ပတ်ကျော်လာတာရယ် နောင်လည်း ထပ်ဖြစ်နိုင်တာရယ်ကြောင့်ဖြစ်ပါတယ်

❓”အဲ့ဒါဆို ကုလို့ရလားဆရာ “ ဒါကတော့ အမေးအများဆုံး မေးခွန်းပေါ့

👨🏼‍⚕️တစ်ခွန်းတည်းဖြေမယ်ဆို “ကုလို့ရတယ် ဒါပေမဲ့ ဘာကြောင့်ဖြစ်နေတာလဲ သိဖို့လိုတယ် “ ဒါလေး အရင်ဖြေချင်ပါတယ်

🔸အဲ့တော့ အခုလို Chronic Urticaria မှာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာက အတော်များပါတယ် တစ်ယောက်နဲ့တစ်ယောက် အတွက် ဖြစ်စေတဲ့ အကြောင်းအရာ မတူနိုင်တာမျိုးပါ

🚨အဲ့တော့ဖြစ်စေနိုင်တာတွေက ဘာတွေလဲပေါ့

- နံပါတ်(၁) အဖြစ်အများဆုံးက idiopathic cause ပါ 👉🏻ဆိုလိုတာက မိမိခန္ဓာကိုယ် သွေးထဲမှာ ဓါတ်မတည့်စေတဲ့ ဓါတ် တွေ (histamine, cytokines ) အလိုအလျောက်ထွက်လာတာပါ

ဘာလို့ “အလိုအလျောက်” လို့ပြောတာလဲဆိုရင် 👉🏻👉🏻ပုံမှန်ဆို ယားစေတဲ့ဓါတ်တွေက ယားစေတဲ့ အမှုန် အမွှဲ နဲ့ထိမှ / အကောင် ကိုက်မှ/ အစာ ဆေးတို့နဲ့ မတည့်မှ ထွက်လာရတာပါ။ ဒါပေမဲ့ chronic urticaria အများစုမှာ ဘာနဲ့မှ ထိတွေ့မှု မရှိဘဲ ချက်ချင်းထယားလာတာပါ။ အဲ့ဒါကို ဆေးပညာစကားအရ idiopathic chronic urticaria လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်က အလိုအလျောက်မူမမှန် တုန့်ပြန်ပြီး အရေပြားမှာ ယားယံခြင်းကို ဖြစ်စေလ်ု့ Autoimmune cause လို့ပြောလို့ရပါတယ်။

❓”အဲ့ဒါဆို ဘယ်လိုကုရတော့မလဲ ပျောက်မှာလားဆရာ “

👨🏼‍⚕️ကုဖို့ ဆေးသောက်ရမယ်။

Autoimmune ဖြစ်တာမို့ ဆေးကို အချိန်တစ်ခုထိဆွဲသောက်ရမယ်။

ဆေးဆွဲသောက် ပြီး သက်သာသွားနိုင်သော်လည်း နာတာရှည် ဖြစ်နေနိုင်တာမို့ ဆေးကို အချိန်မရွေးပြန်သောက်ရတာမျိုးရှိမယ်။

❓”အဲ့ဒါဆို ဒီရောဂါက မပျောက်တော့ဘူးပေါ့ “

👨🏼‍⚕️ဒီမေးခွန်ရအတွက် တစ်ခွန်းတည်းဖြေရရင် “ဟုတ်တယ် မပျောက်ဘူး”

👨🏼‍⚕️ရှင်းပြရရင် ရောဂါကိုဖြစ်စေတဲ့ immune system ကိုယ်ခံအားကို နှိမ်ထားမှဘဲ သက်သာနေတာပါ။ အချိန်တစ်ခုထိ ဆေးသောက်ပြီးလို့ လက္ခဏာ က လချီ နှစ်ချီ သက်သာသွားနိုင်သော်လည်း ပြန်ပေါ်လာနိုင်တာမျိုးပါ။

❓“နောက်ထပ် (၆)ပတ်ကျော် ယားယံ အင်ပျဉ် ထတာက တခြားဘာတွေကြောင့် ဖြစ်စေနိုင်သေးလဲ ဆရာ”

👨🏼‍⚕️နောက်ထပ်ဖြစ်စေနိုင်တဲ့အချက်တွေက

-ရာသီဥတုပူပြင်းပြီး သွေးကြောကျယ်လာမယ် …histamine ဓါတ်က သွေးထဲမှာများလာမယ် …ချွေးထွက်လာတဲ့အခါ အရေပြားမှာ ယားယံလာတာမျိုး

- အရမ်းကြပ်တဲ့ အဝတ်အစား ဘောင်ဘီတို့ကို ဝတ်တဲ့အခါ အရေပြားကို ဖိတင်းထားတဲ့နေရာတွေ မကြာခဏရမ်းတတ်တာမျိုး

- ပန်းနာရင်ကြပ် (asthma), နှာခေါင်းဓါတ်မတည့်ရောဂါ (allergic rhinitis) စတဲ့ ရောဂါများနဲ့ တွဲပြီးဖြစ်ခြင်း

- တုပ်ကွေးဖျားနာခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်ခြင်း ဥပမာ COVID 19, Influenza

- အစာအိမ်ပိုး H.pylori ရှိခြင်းကြောင့် တုန့်ပြန်မှု အနေနဲ့ ဖြစ်ခြင်း

- သန်ကောင် (worms) များရှိနေခြင်းကြောင့် တုန့်ပြန်မှု အနေနဲ့ဖြစ်ခြင်း

-အရက် ဝိုင် ဘီယာ တို့ကြောင့် သွေးထဲမှာ histamines များလာခြင်း

-မတည့်သော အစားအသောက်တို့ကို မကြာခဏစားမိနေခြင်း

- ဆေးဝါးများနှင့် ဓါတ်မတည့်ခြင်း

-မိမိတွင် autoimmune ရောဂါအခံ ရှိနေခြင်း

-စိတ်ဖိစီးမှု နှင့် ဟော်မှုန်းအပြောင်းအလဲ များကြောင့်ဖြစ်ခြင်း

-မျိုးရိုးလိုက်ခြင်း စတာတွေကြောင့်လည်းဖြစ် တတ်ပါတယ်။

❓“ဒီရောဂါရဲ့ ဆိုးကျိုးကဘာတွေဖြစ်နိုင်လဲ ဆရာ”

👨🏼‍⚕️အများစုကတော့ နာတာရှည်ဖြစ်လာတာကြောင့် အရေပြားယားယံမှုအပြင် စိတ်ဖိစီးမှု ဖြစ်လာတတ်တယ် ခဏခဏ ဖြစ်နေတာမျိုးကြောင့် စိတ်ဓါတ်ကျတာ မျိုးဖြစ်နိုင်တယ်။

တချို့ အရမ်းဆိုးတဲ့ Uriticaria မှာ ခြေလက် ခန္ဓာကိုယ် သာမက မျက်လုံး မျက်ခွံ တို့ပါရောင်ယမ်းခြင်း၊ နှာရည်ကျခြင်း နှာချေခြင်း၊ နှုတ်ခမ်း ဖူးရောင်ခြင်း၊ အရမ်းဆိုးရင် အသက်ရှူကြပ်လာခြင်း ပန်းနာရင်ကြပ်ကဲ့သို့ ရင်ကြပ်သံများဖြစ်ပေါ်လာခြင်းတို့ထိဖြစ်တတ်ပါတယ်။

🔹ဒါကြောင့် chronic urticaria ဖြစ်လာပီဆိုရင် ဘာကြောင့်ဖြစ်စေနိုင်တာလဲကို သိတာကလည်း ကုသခြင်းအတွက် အရေးကြီးတဲ့ အပိုင်းတစ်ခုပါဘဲ။

🔹တစ်ချို့ဖြစ်စေတဲ့ အရာတွေက ရှောင်ရှားလို့တဲ့အတွက် ဆေးရေရှည် သောက်ရန်မလိုတာမျိုး ဖြစ်နိုင်ပါတယ်။

🔹ရောဂါတစ်ခုခုကြောင့် တွဲပြီးဖြစ်နေတာမျိုးဆိုရင် အရင်းခံရောဂါကိုပါ ကုသရင် ပိုပြီးသက်သာစေနိုင်ပါတယ်။

🧠🧐 “ဘယ်ရောဂါ တွေက ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါသလဲ ဆရာ”👨🏼‍⚕️ ဒီနေ့ မကြာခဏ မေးကြတဲ့ “ခေါင်းတစ်ခြမ်းကိုက်ခြင်း” နှင့်ပတ်သက...
17/06/2025

🧠🧐 “ဘယ်ရောဂါ တွေက ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါသလဲ ဆရာ”

👨🏼‍⚕️ ဒီနေ့ မကြာခဏ မေးကြတဲ့ “ခေါင်းတစ်ခြမ်းကိုက်ခြင်း” နှင့်ပတ်သက်ပြီး ဖြစ်စေနိုင်တဲ့ အဖြစ်များတဲ့ ရောဂါများကြောင်းကို ပြောပြပါမယ်

သာမန်အအေးမိ ဖျားနာခြင်း အလုပ်ပင်ပန်းခြင်းများကြောင့် ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်သော်လည်း ၂-၃ရက် ထက်ကြာပြီး ဥပမာ ၂ပတ်ခြား ၁ခါ၊ ၁လခြား ၁ခါ မကြာခဏ ဖြစ်ပါက ဘာကြောင့်ဖြစ်နေလဲ ဆေးရုံဆေးခန်းပြဖို့လိုပြီလား ဆေးသောက်ဖို့လိုပြီလား စဉ်းစားသင့်ပါတယ်။

၁။ Migraine (မိုင်ဂရင်း)

🔸ဖြစ်ရသည့် အကြောင်းရင်းများ

- မျိုးရိုးလိုက်ခြင်း

-ဟော်မုန်းအပြောင်းအလဲ (ဥပမာ - အမျိုးသမီးများတွင် ရာသီလာချိန်)

-စိတ်ဖိစီးမှုများခြင်း

-အချို့သော အစားအစာများ (ချိစ်၊ ချောကလတ်၊အချိုမှုန့်၊ ကော်ဖီ)

-အလင်းစူးသော ဖုန်း ကွန်ပျူတာအား အချိန်ကြာမြင့်စွာ အသုံးပြုခြင်း

- ဦးနှောက်အတွင်း သွေးကြောနှင့် အာရုံကြောလုပ်ဆောင်မှု မူမမှန်ခြင်း

🔹လက္ခဏာများ

- ခေါင်းတစ်ခြမ်းတွင် ခုန်နေသလို ကိုက်ခဲခြင်း

- ပျို့အန်ခြင်း

-အလင်းစူးခြင်းများ အသံကျယ်ခြင်းများကို မခံနိုင်ခြင်း

အချို့တွင် ခေါင်းမကိုက်မီ အကြို လက္ခဏာများ ဖြစ်သည့် အလင်းစက်များ၊ မျဉ်းကွေးများ မြင်ရခြင်း၊ နားအူခြင်း ခံစားရနိုင်တယ်

👨🏼‍⚕️ကုသမှုနည်းလမ်းများ

- ချက်ချင်းသက်သာရန် : paracetamol, ibuprofen, sumatriptan စသည့်ဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်သည်။

- ဆက်လက်ဖြစ်ပွါးမှုကို ကြိုတင်ကာကွယ်ရန် အောက်ပါအချက်များ ပြုလုပ်ပါ

✔️ဖြစ်စေသော အကြောင်းရင်းများကို ရှောင်ခြင်း

✔️အလင်းရောင်မှိန်၍ တိတ်ဆိတ်သော အခန်းတွင် အနားယူခြင်း

✔️အိပ်ရေး ဝဝ အိပ်ခြင်း

✔️စိတ်ဖိစီးမှု သက်သာအောင်နေထိုင်ခြင်း

✔️မကြာခဏ migraine ခံစားရသူများအတွက် ရေရှည် ကာကွယ်ရန် Propranolol, amitriptyline စသောဆေးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံး နိုင်ပါသည်။

၂။ Cluster headache (ကလပ်စတာ ခေါင်းကိုက်ခြင်း)

🔸ဖြစ်ရသည့် အကြောင်းရင်းများ

- ဦးနှောက်အတွင်းရှိ (hypothalamus) မူမမှန်ခြင်း

- အရက်၊ ဆေးလိပ်သောက်ခြင်း

-အနံ့ပြင်းပြင်းရှူရှိုက်မိခြင်းတို့က ပိုဆိုးစေနိုင်သည်။

🔹လက္ခဏာများ

- မျက်လုံး သို့မဟုတ် နားထင်တစ်ဝိုက်တွင် ပြင်းထန်စွာ စူးခနဲ ကိုက်ခဲခြင်း

- မျက်လုံးနီပြီး ရေကျခြင်း

- နှာခေါင်းပိတ်ခြင်း

-ဂနာမငြိမ်ဖြစ်ခြင်း

- တစ်ခါကိုက်လျှင် ၁၅မိနစ်မှ ၃ နာရီအထိ ကြာနိုင်ပြီး ညဘက်တွင် ပိုဖြစ်တတ်သည်။

👨🏼‍⚕️ကုသမှုနည်းလမ်းများ

- ချက်ချင်းသက်သာရန်

✔️ဆရာဝန်၏ညွှန်ကြားချက်နှင့် အောက်ဆီဂျင်ရှူခြင်း၊sumatriptan ထိုးဆေး နှင့် ကုသနိုင်သည်

✔️Cluster headache မကြာခဏ ခံစားရသူများ အနေဖြင့် ရေရှည် ကာကွယ်ရန်အတွက် verapamil, steroids သောက်ဆေးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်သည်

၃။ GCA (Giant Cell Arteritis)

🔸အသက် ၅၀ ကျော်သူများတွင် အဖြစ်များသော ခေါင်းပိုင်းသွေးကြောများ ရောင်ရမ်းသည့် Autoimmune disease တစ်မျိုးဖြစ်ပါတယ်

🔹လက္ခဏာများ

- နားထင်တစ်ဝိုက်တွင် ပြင်းထန်စွာကိုက်ခဲခြင်း

- ဦးရေပြားနာခြင်း

- အစာဝါးလျှင် မေးရိုးနာခြင်း

- မျက်စိကွယ်ခြင်းထိ ဖြစ်နိုင်သောရောဂါဖြသ်၍ GCA လက္ခဏာများဖြစ်ပေါ်ပါက အရေးပေါ်ကုသရန် လိုအပ်သည်

- ဖျားခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း များလည်း ခံစားရနိုင်တယ်

👨🏼‍⚕️ကုသမှုနည်းလမ်းများ

‼️GCA မှာ ခေါင်းကိုက်ခြင်း ဦးရေပြားများ နာကျင်ခြင်း အပြင် အမြင်အာရုံပါ ကွယ်သွားနိုင်ခြင်းကြောင့် နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်ပြသပြီး အရေးပေါ်ကုသမှု ခံယူရပါမည်။

🚨စတီးရွိုက်ဆေး (prednisone) ကို ရေရှည် သောက်သုံးရနိုင်သည်

🔔ရေရှည်ကုသမှုအတွက် သွေးစစ်ခြင်း (ESR), သွေးကြောမှ biopsy ယူပြီးစစ်ဆေးခြင်းများနှင့် methotrexate ဆေးဝါးများ လိုအပ်ပါတယ်။

၄။ Trigeminal Neuralgia (မျက်နှာရှိ အာရုံကြော တစ်လျောက် နာကျင်ခြင်း)

🔸ဖြစ်ရသည့် အကြောင်းရင်းမှာ

- Cranial nerve 5 ဟုခေါ်သည့် မျက်နှာ အာရုံကြောကို ဖိမိနေခြင်း ကြောင့် မျက်နှာနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်ပါတယ်။

🔹လက္ခဏာများ

- မျက်နှာတစ်ခြမ်းတွင် လျှပ်စီးလိုက်သလို ပြင်းထန်စွာ နာကျင်ခြင်း (မေးရိုး၊ နှုတ်ခမ်းတစ်ဝိုက်)။

- အစာဝါးခြင်း၊ သွားတိုက်ခြင်း၊ လေအေးတိုက်ခြင်းတို့က နာစေနိုင်ပါတယ်။

👨🏼‍⚕️ကုသမှုနည်းလမ်းများ

- ဆေးဝါးဖြင့်ကုသခြင်း: carbamazepine, gabapentin

- ခွဲစိတ်ကုသခြင်း: အာရုံကြောကို ဖိထားသော သွေးကြောကို ဖယ်ရှားခြင်း။

၅။ Sinusitis – နှာခေါင်းလေအိတ်ရောင်ခြင်း

🔸ဖြစ်ရသည့်အကြောင်းရင်းမှာ

- နှာစေး/ဓာတ်မတည့်ခြင်းကြောင့် ဘက်တီးရီးယားပိုးဝင်ခြင်း

🔹လက္ခဏာများ

- နဖူး၊ မျက်လုံးနှင့် ပါးရိုးတွင် ကိုက်ခြင်း

- နှာရည်ဝါ/အစိမ်းကျခြင်း

- ဖျားခြင်း

👨🏼‍⚕️ကုသမှုနည်းလမ်းများ

- ပိုးသတ်ဆေး (Amoxicillin) ၊နှာခေါင်းပွင့်ဆေး (nasal decongestant)

- ရေနွေးငွေ့ရှူခြင်း

- ဆားရည်ဖြင့် နှာခေါင်းဆေးခြင်း

အထက်ပါ ရောဂါ (၅)မျိုး သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက် အဖြစ်များသော ရောဂါများဖြစ်ပြီး ကျန်ဖြစ်နိုင်သောရောဂါများမှာ

✔️Subarachnoid haemorrhage (SAH) - ဦးနှောင်သွေးကြောမျှင်မှ သွေးယိုခြင်း

✔️Cerebral Venous Sinus Thrombosis (CVST) – ဦးနှောက်သွေးပြန်ကြော သွေးခဲပိတ်ဆို့ခြင်း

✔️Intracranial Mass (abscess or Tumor)– ဦးနှောက်အတွင်း အလုံး/အကျိတ် (ပြည်တည်နာ နှင့် ကင်ဆာအကျိတ်)

✔️Glaucoma (Acute Angle-Closure) – မျက်လုံးတွင် ရုတ်တရက် ရေတိမ်ဖြစ်ခြင်း

✔️TMJ Dysfunction – မေးရိုးအဆစ်ရောင်ခြင်း

အထက်ပါ ပြင်းထန်ရောဂါများသည်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းလက္ခဏာဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် သာမန်ဖျားနာခြင်းတွင် ခံစားရသော ဝေဒနာနှင့် မတူဘဲ ပိုမိုပြင်းထန်ခြင်း ထူးခြားခြင်း တစ်ခြားသောလက္ခဏာများပါ ပူတွဲဖြစ်ပေါ်ခြင်းများရှိပါက နီးစပ်ရာဆေးရုံဆေးခန်း ဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါတယ်။



(ကျန်းမာရေးအတွက် ဆွေးနွေးပြသလိုပါက Your Doctor page messenger မှာ ဆက်သွယ် ပြီးပြသနိုင်ပါသည်။)

WHO ၏ အဆိုအရ COVID-19 သည် တုပ်ကွေးကဲ့သို့ ရာသီအလိုက် ပြန်ဖြစ်လာနိုင်သော ရောဂါ အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ကာကွ...
05/06/2025

WHO ၏ အဆိုအရ COVID-19 သည် တုပ်ကွေးကဲ့သို့ ရာသီအလိုက် ပြန်ဖြစ်လာနိုင်သော ရောဂါ အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးနှင့် သတိထားနေထိုင်ခြင်း သည် အရေးကြီးဆဲဖြစ်သည်။

သတိထားရမည့်အချက်များ
🔹🔹🔹🔹🔹🔹🔹🔹

🦠လက်ရှိဖြစ်ပွားနေသော မျိုးကွဲများ

✔️JN.1 (Omicron မျိုးစိတ်ခွဲ) သည် အဓိကကူးစက်နေပြီး၊ ပိုမိုလွယ်ကူစွာ ကူးစက်နိုင်ကာ လက္ခဏာများ (ဖျား၊ နှာစေး၊ လည်ချောင်းနာ) ကို ဖြစ်စေနိုင်သည်။

✔️အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး) တွင် ပြင်းထန်နိုင်သည်။

🔸ကာကွယ်ရန် အခြေခံအချက်များ

😷နှာခေါင်းစည်း (Mask)

✔️လူစုလူဝေးနေရာများ (ဈေးဝယ်စင်၊ စက်ရုံ၊ အလုပ်ခွင်) တွင် KF94/N95 (သို့) ဆေးရုံသုံးနှာခေါင်းစည်းတပ်ပါ။

👏🏻လက်သန့်ရှင်းရေး

✔️ဆပ်ပြာ/ဆေးရည်ဖြင့် လက်ကို စက္ကန့် ၂၀ ကြာဆေးပါ။
✔️လူများသော နေရာများကို ရှောင်ပါ။

💉ကာကွယ်ဆေး (Vaccine) ထိုးပါ

✔️Booster (3rd/4th Dose) မထိုးရသေးပါက နီးစပ်ရာ ကျန်းမာရေးဌာန (သို့) MFA, NGOs များတွင် ထိုးနိုင်သည်။

🤒COVID-19 လက္ခဏာဖြစ်ပေါ်ပါက ဘာလုပ်ရမလဲ?

🏡အိမ်တွင်နေပါ

✔️ဖျား၊ ချောင်းဆိုး၊ အနံ့ပျောက်လျှင် အိမ်မှာနေ၍ သီးသန့်ခွဲထားပါ။

🧪ATK (Antigen Test) စစ်ဆေးပါ

✔️ATK Kit ကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပြီး၊ အဖြေအပြား (Positive) ထွက်ပါက အောက်ပါအတိုင်းဆောင်ရွက်ပါ။

🚨အရေးပေါ် လက္ခဏာများဖြစ်သော အသက်ရှူကြပ်ခြင်း၊ရင်ဘတ်အောင့်၊ သတိလစ် ဖြစ်ပါကအရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည်။

🏥နီးစပ်ရာ ဆေးခန်း / ဆေးရုံ/ ကျန်းမာရေးဌာနသို့ သွားပါ။

😌ပြင်းထန်မှုမရှိပါက အိမ်တွင် ၅-၇ ရက် သီးသန့်အနားယူပြီး လက္ခဏာပျောက်မှ ပြန်လည် အလုပ်လုပ်ကိုင်ပါ။

💊ဆေးဝါးကုသမှု

✔️Paracetamol (အဖျားကျဆေး)၊ဗီတာမင် C နှင့် ရေများများသောက်ပါ။

✔️ကျန်လိုအပ်သောဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ပါ။

🔸COVID-19 သည် လက်ရှိတွင် သာမန်အအေးမိဖျားနာကဲ့သို့ ဖြစ်နိုင်သော်လည်း၊ ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ကျန်းမာရေးညွှန်ကြားချက်များကို စနစ်တကျလိုက်နာပါ။

Gastritis (အစာအိမ်ရောင်ခြင်း)🔸🔸🔸🔸🔸🔸🔸🔸🔸🔸Gastritis ဆိုတာဘာလဲ?Gastritis ဆိုတာ အစာအိမ်အတွင်းနံရံရောင်ရမ်းခြင်းဖြစ်ပါတယ်။ အစာ...
04/06/2025

Gastritis (အစာအိမ်ရောင်ခြင်း)
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Gastritis ဆိုတာဘာလဲ?

Gastritis ဆိုတာ အစာအိမ်အတွင်းနံရံရောင်ရမ်းခြင်းဖြစ်ပါတယ်။ အစာအိမ်ထဲမှာ အက်စစ်ဓာတ်များပြီး အတွင်းလွှာပျက်စီးတဲ့အခါ နာကျင်မှု၊ ရင်ပူမှု၊ ပျို့အန်မှုတွေ ဖြစ်စေနိုင်ပါတယ်။

🔹Gastritis ဖြစ်ရတဲ့ အကြောင်းရင်းများ

1. ဘက်တီးရီးယားပိုး (H. pylori) – အစာအိမ်ကို ရောင်စေတဲ့ပိုး

2. အကိုက်အခဲပျောက်ဆေးများ (NSAIDs)– ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ဆေးတွေကို ကြာရှည်သောက်ရင် အစာအိမ်နံရံထိခိုက်နိုင်ပါတယ်။

3. အရက်နှင့် ဆေးလိပ်သောက်ခြင်း – အစာအိမ်အက်စစ်များစေပြီး ရောင်ရမ်းစေနိုင်တယ်။

4. စိတ်ဖိစီးမှုများခြင်း– စိတ်ဖိစီးမှုကြောင့် အစာအိမ်အက်စစ်ထွက်များပြီး ရောင်နိုင်ပါတယ်။

5. အစားအသောက်မမှန်ခြင်း၊ချဉ်တဲ့အစား၊ အဆီများတဲ့အစား၊ အပူအစပ်တွေ များရင် Gastritis ဖြစ်စေနိုင်ပါတယ်။

🔸Gastritis ရဲ့ လက္ခဏာများ

- အစာအိမ်နာခြင်း (ဗိုက်အပေါ်ပိုင်းနာခြင်း)

- ရင်ပူခြင်း၊ လေထိုးလေအောင့်ခြင်း

- ပျို့အန်ချင်စိတ်ဖြစ်ခြင်း (သွေးအန်တတ်ပါတယ်)

- အစာစားချင်စိတ်မရှိခြင်း

- ဗိုက်ပြည့်နေသလိုခံစားရခြင်း

✔️Gastritis ကုသနည်းများ

(၁) ဆေးဝါးဖြင့်ကုသခြင်း

- အက်စစ်လျှော့ဆေး (Antacids)
– အစာအိမ်အက်စစ်ကိုလျှော့ပေးပြီး နာကျင်မှုသက်သာစေတယ် (ဥပမာ - Gaviscon)

- PPI (Proton Pump Inhibitors) - အစာအိမ်အက်စစ်ထွက်မှုကိုလျှော့ပေးတယ် (ဥပမာ - Omeprazole, Pantoprazole)

- H2 Blockers – Ranitidine, Famotidine တို့က အစာအိမ်အက်စစ်ကိုထိန်းပေးတယ်။

- ဘက်တီးရီးယားသတ်ဆေး – H. pylori ပိုးရှိရင် ပဋိဇီဝဆေး (Amoxicillin, Clarithromycin) တို့ဖြင့်ကုသရန်လိုအပ်ပါတယ်။

(၂) နေထိုင်မှုပုံစံပြောင်းလဲခြင်း

- မာသော အစားအစာ၊ အစပ်နဲ့ အချဉ်လျှော့စားပါ

- အရက်၊ ဆေးလိပ်ဖြတ်ပါ

- စိတ်ဖိစီးမှုလျှော့ပါ

- အစာကိုနည်းနည်းနှင့် အကြိမ်ရေများများစားပါ

👨🏼‍⚕️သတိထားရမည့်အချက်များ

-ဆေးသောက်ပြီး ၁-၂ ပတ်အတွင်း မသက်သာရင် ဆရာဝန်နဲ့ပြသပါ။

- ဆက်တိုက် အန်နေလျှင်၊ အန်ဖတ်ထဲသွေးပါရင်၊ ဝမ်းအမည်းသွားရင် အရေးပေါ်ကုသမှုခံယူပါ။

Gastritis ကို စောစောသိပြီး ကုသရင် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။

📳သင့်ကျန်းမာရေးအတွက် online မှ မေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ Your Doctor Page မှာ booking ယူပြီး ဆရာဝန်နှင့် online consultation ယူနိုင်ပါတယ်

April လဆန်းပိုင်းရဲ့ ကျန်းမာရေး အလှူလေး👩🏼‍⚕️🧑🏼‍⚕️👨🏼‍⚕️🤍Page မှာ လာရောက်မေးမြန်းပြသကြသူများအားလုံး ကိုလည်း ကုသိုလ်ပြုရလို...
11/04/2025

April လဆန်းပိုင်းရဲ့ ကျန်းမာရေး အလှူလေး👩🏼‍⚕️🧑🏼‍⚕️👨🏼‍⚕️🤍
Page မှာ လာရောက်မေးမြန်းပြသကြသူများအားလုံး ကိုလည်း ကုသိုလ်ပြုရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ 🩶

ပြီးခဲ့တဲ့ငလျင်ဒဏ်ကြောင့်များစွာစိတ်ထိခိုက် ဝမ်းနည်းပူဆွေးရပါတယ်Your Doctor မှ မိမိတို့တတ်သိသောဆေးပညာဖြင့် (၁)ပတ် တာအတွင...
29/03/2025

ပြီးခဲ့တဲ့ငလျင်ဒဏ်ကြောင့်များစွာစိတ်ထိခိုက် ဝမ်းနည်းပူဆွေးရပါတယ်

Your Doctor မှ မိမိတို့တတ်သိသောဆေးပညာဖြင့် (၁)ပတ် တာအတွင်း (30.3.25 မှ 5.4.2025 ထိ) ကျွန်တော်တို့ pageမှာ အခမဲ့ online consultation ဖြင့်ကုသိုလ်ပြုပါတယ်

🙏🏻🙏🏻🥺

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Your Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share