Hepta Mental Health Clinic

Hepta Mental Health Clinic We are a team of experienced psychiatrists and psychotherapists who provides treatment for a wide ra

Inside Out ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ပြီးတဲ့အခါ "ပျော်တာ ကောင်းတယ်၊ ဝမ်းနည်းတာ မကောင်းဘူး" ဆိုတဲ့ အယူအဆလေးတွေ အနည်းနဲ...
19/01/2026

Inside Out ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ပြီးတဲ့အခါ "ပျော်တာ ကောင်းတယ်၊ ဝမ်းနည်းတာ မကောင်းဘူး" ဆိုတဲ့ အယူအဆလေးတွေ အနည်းနဲ့အများတော့ လျော့ပါးသွားလိမ့်မယ်လို့ ထင်ပါတယ်။

Riley ဆိုတဲ့ ဇာတ်ကောင် ကောင်မလေးရဲ့ ဦးနှောက်ထဲမှာ စိတ်ခံစားချက် အသီးသီး ရှိပါတယ်။

💛 Joy က အမြဲတမ်း အရာအားလုံးကို ပျော်ရွှင်စေချင်တယ်။

😭 Sadness ကတော့ မျက်ရည်တွေနဲ့ အေးအေးဆေးဆေး နေချင်တယ်။

🔥 Anger က မတရားမှုကို မခံနိုင်ဘူး။

😰 Fearက ကာကွယ်ဖို့အတွက် ကြောက်တတ်တယ်။

🤢 Disgustက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူမနှစ်မြို့တာတွေကို ရှောင်ခိုင်းတယ်။

သူတို့အားလုံးဟာ မကောင်းတဲ့ စိတ်ခံစားချက်တွေ မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့သူ အလုပ်လုပ်နေကြပြီး သူ့တာဝန်ကို သူထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။

‼️ ဘဝမှာ ဝမ်းနည်းစရာ မရှိရင် ဘာဖြစ်မလဲ?

ကျွန်မတို့ လူတွေက အမြဲပျော်ချင်ကြတယ်။ ဝမ်းနည်းမှုကို မလိုချင်ကြဘူး။ Inside Out ထဲမှာလည်း Joyက Sadness ကို ဖယ်ထားချင်ခဲ့တယ်။ ဒါပေမဲ့ Sadness မရှိတဲ့အခါ Riley က သူ့ရဲ့ ခံစားချက်ကို သူထုတ်မပြနိုင်တော့ဘူး။ အကူညီမတောင်းနိုင်တော့ဘူး။ သူ့ကို နားလည်ပေးမဲ့သူတွေနဲ့ သူမနီးစပ်တော့ဘူး။

ဒါကြောင့် ဝမ်းနည်းမှုဟာ လိုအပ်တယ်။ Sadnessဟာ အားနည်းချက် မဟုတ်ဘဲ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့၊ အကူညီတောင်းဖို့၊ ချိတ်ဆက်ဖို့ တံတားတစ်စင်း ဖြစ်တယ်။

ဒါဆို တခြား စိတ်ခံစားချက်တွေ ဖြစ်တဲ့
🔥Anger, 😰 Fear, 🤢 Disgust ကရော မကောင်းတဲ့ စိတ်ခံစားချက်တွေလား?

🔥 Anger မရှိရင် ကိုယ့်အခွင့်အရေးကို ကိုယ်မကာကွယ်နိုင်ဘူး။ ဘယ်သူကပဲ စည်းကျော်လာကျော်လာ ခေါင်းငုံ့ခံနေရမှာပါ။

😰 Fear မရှိရင် အန္တရာယ်တွေကို မမြင်နိုင်ဘူး။ Fear ကြောင့်သာ Fight or Flight mode ဖြစ်ပေါ်လာပြီး အန္တရာယ်တွေကနေ ရှောင်ရှား ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

🤢 Disgust လည်း အတူတူပဲ။ သူမရှိရင် ကိုယ့်ကို ထိခိုက်စေမဲ့အရာတွေ၊ ကိုယ်မနှစ်မြို့တဲ့ အရာတွေကို မရှောင်ရှားနိုင်ဘူး။

🤍 ဒါကြောင့် စိတ်ခံစားချက်တိုင်းမှာ အကြောင်းပြချက်ရှိတယ်။ သူနဲ့သက်ဆိုင်ရာ အလုပ်တစ်ခု ရှိပါတယ်။ "All the Feelings are Valid" ပါ။ အရာအားလုံးကို ခံစားခွင့် ရှိပါတယ်။

🤍 Inside Out ကာတွန်းကားလေးကနေ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် သင်ပေးသွားတဲ့အရာက ဘဝမှာ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ ဘဝဆိုတာ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်း ပေါင်းစပ်ထားတာဖြစ်ပြီးတော့ စိတ်ကျန်းမာရေးဆိုတာ အမြဲပျော်နေဖို့၊ bliss ဖြစ်နေဖို့ မလိုပါဘူး။ ပျော်တဲ့ ရက်တွေကို လက်ခံသလို၊ ဝမ်းနည်းစရာကောင်းတဲ့ နေ့ရက်တွေကိုပါ လက်ခံ ခံစား ခွင့်ပြုပေးနိုင်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။



🌿 ဒီနေ့ ရာသီဥတု သာယာနေပေမဲ့ မနက်ဖြန် မိုးရွာချင် မိုးရွာနိုင်ပါတယ်။ စိတ်ဆိုတာလည်း ရာသီဥတုလိုပါပဲ။ ဒီနေ့မှာ ပျော်ရွှင်နေပ...
06/01/2026

🌿 ဒီနေ့ ရာသီဥတု သာယာနေပေမဲ့ မနက်ဖြန် မိုးရွာချင် မိုးရွာနိုင်ပါတယ်။ စိတ်ဆိုတာလည်း ရာသီဥတုလိုပါပဲ။ ဒီနေ့မှာ ပျော်ရွှင်နေပေမဲ့ မနက်ဖြန်မှာ ဝမ်းနည်းချင် ဝမ်းနည်းရနိုင်ပါတယ်။

🤍 လူတိုင်းဟာ နေ့စဉ်နဲ့အမျှ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကို လိုချင်ကြပေမဲ့ အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး စိတ်ခံစားချက် မကောင်းတဲ့ နေ့ရက်တွေနဲ့ ကြုံရလည်း ဒါဟာ သဘာဝပဲမို့ အဆင်ပြေပါတယ်။

🌿 တစ်ခါတလေမှာ တစ်ချို့နေ့ရက်တွေဟာ သိပ်ကိုမှ ခက်ခဲပင်ပန်းရပါတယ်။ စီးပွါးရေးအတွက် ရုန်းကန်ရတဲ့ နေ့ရက်တွေ ရှိမယ်။ ပညာရေးအတွက် လုံးပန်းရတဲ့ နေ့ရက်တွေ ရှိမယ်။ တစ်ခါတလေမှာ လူမှုဆက်ဆံရေး ကိစ္စတွေနဲ့ စိတ်ပင်ပန်းရတဲ့ နေ့ရက်တွေရှိတယ်။ လူတိုင်းကိုယ်စီဟာ အခက်အခဲတွေ ကိုယ်စီနဲ့မို့ ဘယ်သူ့ဒုက္ခကမှ မပိုသလို ဘယ်သူ့ဒုက္ခကမှ မလျော့ပါဘူး။

🤍 ဒီလိုမျိုး ပင်ပန်းရတဲ့ နေ့ရက်တွေမှာ ကိုယ့်ကို လေးလံစေတဲ့ အရာတွေကို ခဏလောက် လွှတ်ချလိုက်ထားလိုက်လည်း အဆင်ပြေပါတယ်။ အနားယူသင့်တဲ့အချိန်မှာ စိတ်ရော လူပါ အနားယူလိုက်လည်း အဆင်ပြေပါတယ်။

🌿 ဒီနေ့ဟာ ခပ်မှိုင်းမှိုင်း နေ့တစ်နေ့ပဲလို့ သဘောထားပြီး ဖ်ိစီးမှု လျော့နည်းအောင် နေကြည့်ပါ။ မိမိဝါသနာပါရာ အလုပ်လေးတွေ လုပ်တာပဲ ဖြစ်ဖြစ်၊ စိတ်တည်ငြိမ်အောင် ဘာသာရေး အလုပ်တွေ လုပ်တာပဲဖြစ်ဖြစ်၊ စိတ်ကို ပျော်ရွှင်စေမဲ့ ရုပ်ရှင်လေးတွေ၊ သီချင်းလေးတွေ နားထောင်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပေးပါ။

✨ စိတ်ဆိုတာ ရာသီဥတုလိုပါပဲ။ နေသာတဲ့ရက် ရှိသလို၊ မိုးရွာတဲ့ရက် ရှိနိုင်ပါတယ်။ ပျော်ရွှင်ရတဲ့ရက် ရှိသလို ဝမ်းနည်းရတဲ့၊ ပင်ပန်းခက်ခဲရတဲ့ နေ့ရက်တွေလည်း ရှိနိုင်ပါတယ်။

🤍 ဒါပေမဲ့လည်း "It is okay to have a bad day” ပါ။ မကောင်းတဲ့ နေ့တစ်နေ့နဲ့ ကြုံခဲ့ရရင်လည်း အဆင်ပြေပါတယ်။ မကောင်းတဲ့ နေ့တစ်နေ့နဲ့ ကြုံခဲ့ရတာနဲ့တင် မကောင်းတဲ့ ဘဝ ဖြစ်မသွားပါဘူး။

🤍 မကောင်းတဲ့နေ့ရက်တွေ၊ အဆင်မပြေတဲ့ နေ့ရက်တွေမှာလည်း မိမိကိုယ်မိမိရဲ့ စိတ်ခံစားချက်တွေအပေါ် လက်ခံနားလည်ပေးခြင်း၊ စိတ်ခံစားချက်တွေကို ဂရုစိုက် ထွေးပွေ့ပေးခြင်းဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးဆုံး အရာပါပဲ။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။



“2026 ကတော့ ငါ့နှစ်ပဲ" ဆိုပြီး အပီအပြင် ကြိုးစားတော့မယ်လို့ တွေးထားခဲ့ပေမဲ့ နှစ်သစ်ကူးပြီး သုံးလေးရက်မှာတင် ဘာမှ မလုပ်ချ...
04/01/2026

“2026 ကတော့ ငါ့နှစ်ပဲ" ဆိုပြီး အပီအပြင် ကြိုးစားတော့မယ်လို့ တွေးထားခဲ့ပေမဲ့ နှစ်သစ်ကူးပြီး သုံးလေးရက်မှာတင် ဘာမှ မလုပ်ချင်မကိုင်ချင် ဖြစ်ပြီးအားကုန်နေပြီလား?

ဒါဟာ January Blues ကို ခံစားရတာကြောင့် ဖြစ်ပါတယ်။

📌 January Blues ဆိုတာ...

နှစ်တစ်နှစ်ရဲ့ ပထမဆုံး လဖြစ်တဲ့ ဇန်နဝါရီလမှာ အားလပ်ရက်တွေ ကုန်ဆုံးပြီးနောက် ယာယီ ခံစားရလေ့ရှိတဲ့ စိတ်ထိုင်းမှိုင်းမှု၊ ပျင်းရိငြီးငွေ့မှုနဲ့ စိတ်ဓာတ်ကျမှု အခြေအနေ ဖြစ်ပါတယ်။ "Post-Holiday Blues” လို့လည်း ခေါ်ပြီး January Blues ကို ကမ္ဘာတစ်ဝန်းက လူမျိုးစုံမှာ ခံစားရတတ်ပါတယ်။

📌 January Blues ဘာကြောင့် ဖြစ်တာလဲ ?

▪️ အားလပ်ရက်ကာလ ကုန်ဆုံးခြင်း

ဒီဇင်ဘာ၊ ခရစ်စမတ် နဲ့ နှစ်သစ်ကူး... စတဲ့ ပျော်ရွှင်စရာ ပိတ်ရက်တွေ အဆုံးသတ်သွားတဲ့အခါ ပုံမှန်အတိုင်း ရုံးတွေ ပြန်တက်ရတော့မယ်၊ အလုပ်တွေ ပုံမှန် ပြန်ဝင်ရတော့မယ်ဆိုတော့ ပျင်းရိငြီးငွေ့မှုတွေနဲ့ စိတ်ထိုင်းမှိုင်းမှုတွေကို ခံစားလာရစေပါတယ်။

▪️ ရာသီဥတု အခြေအနေ

January လဟာ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းရာသီကာလ ဖြစ်ပါတယ်။ ရာသီဥတုက အေးတာနဲ့အညီ ကိုယ်လက်မလှုပ်ရှားချင်တာ၊ စိတ်ထိုင်းမှိုင်းတာမျိုးတွေ ခံစားရတတ်ပြီး အချို့နိုင်ငံတွေမှာ နေရောင်ခြည် လုံလောက်စွာ မရရှိခြင်းကြောင့်လည်း စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

▪️ ငွေကြေးနဲ့ပတ်သက်သည့် စိုးရိမ်ပူပန်မှု

အားလပ်ရက်တွေမှာ ခရီးတွေသွားထား၊ ပျော်ပွဲရွှင်ပွဲတွေအတွက် ငွေကုန်ကြေးကျ များထားတာကြောင့် နှစ်သစ်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ ဖိအားတွေ များလာတတ်ပါတယ်။

▪️ နှစ်သစ်ရည်မှန်းချက်များ

နှစ်သစ်မှာ ကိုယ်ချမှတ်ထားတဲ့ New Year Resolution တွေကလည်း ကိုယ့်အတွက် ဖိအားတွေ ဖြစ်စေတတ်ပါတယ်။ ဘာတွေ လုပ်ရဦးမယ်၊ ဘာတွေ ပြီးအောင် လုပ်ရဦးမယ်နဲ့ စိတ်မောလူမောဖြစ်ရတာတွေရယ်၊ ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်စရတာ၊ ကျောင်းတွေ၊ အလုပ်တွေ ပြန်တက်ရတာတွေက တစ်ချို့အတွက် စိတ်ဖိစီးမှုတွေ ဖြစ်စေလို့ ဖြစ်ပါတယ်။

📌 January Blues ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ?

🌿 သေးငယ်ပြီး Realistic Goal တွေကို ချမှတ်ပါ

လုပ်စရာ အလုပ်တွေ အများကြီးကို တစ်ခါတည်း လုပ်ရင် စိတ်ပင်ပန်း လူပင်ပန်းပြီး ရေရှည် မလုပ်နိုင်ပါဘူး။ ဒါကြောင့် Taskသေးသေးလေးတွေ ခွဲပြီး တစ်ခုချင်း လုပ်ကြည့်ပါ။

🌿 ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ Endorphins ဟော်မုန်းထွက်ရှိစေပြီး စိတ်ကို နေလို့ကောင်းစေပါတယ်။

🌿 မနက်ခင်း နေရောင်ခြည်ခံပေးပါ

မနက်ခင်း နေရောင်ခြည် နုနုလေးအောက်မှာ လမ်းလျှောက်တာ၊ နေပူစာလှုံတာမျိုး ပြုလုပ်ပေးခြင်းက Vitamin-D ရရှိစေပြီး စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

🌿 အသစ်အဆန်း တစ်ခုခုကို စတင်လေ့လာပါ

လုပ်နေကျ အရာတွေကို ငြီးငွေ့စိတ်ပျက်လာတဲ့အခါ အားကစား အသစ်တစ်ခုခုကို လေ့လာကစားကြည့်တာ၊ အနုပညာတစ်ခုခု သင်ယူတာ၊ ဘာသာစကား သင်ယူတာမျိုးတွေကလည်း စိတ်ကို အပြောင်းအလဲ ဖြစ်စေပြီး စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်။

🌿 မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ Keep in touch ဖြစ်အောင်နေပါ

စိတ်လက်ထိုင်းမှိုင်းတဲ့အချိန် တစ်ယောက်တည်းနေရင် စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီးနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်စကားပြောပေးတာမျိုး လုပ်ပေးပါ။

📌 January Blues စိတ်ဓာတ်ကျခြင်းဟာ ရက်သတ္တပတ် အနည်းငယ် ယာယီခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပါ။ ဒါပေမဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ထိုင်းမှိုင်းခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နေပြီး မိမိရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေလာတဲ့အခါ၊ အစားအသောက်နဲ့ အိပ်စက်အနားယူခြင်း ပုံစံတွေ ပြောင်းလဲလာတဲ့အခါ၊ မိမိကိုယ်မိမိ ထိခိုက်စေလို့တဲ့ အတွေးတွေ ဝင်လာတဲ့အခါမှာတော့ တတ်ကျွမ်း နားလည်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်များ/ ပညာရှင်များနဲ့ ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။

✨ အားလုံးပဲ နှစ်သစ်မှာ January Blues များကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။



"အကောင်းမြင်စိတ် ထားစမ်းပါ" လို့ အပြောခံရဖူးလား။ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ အကောင်းမြင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ...
03/01/2026

"အကောင်းမြင်စိတ် ထားစမ်းပါ" လို့ အပြောခံရဖူးလား။

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ အကောင်းမြင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာတောင် အတင်းအကျပ် အကောင်းမြင်ခိုင်းနေတာမျိုး ကြုံဖူးမှာပေါ့နော်။ ဘယ်တော့ဖြစ်ဖြစ် "စိတ်ဓာတ်မကျနဲ့၊ သန်မာရမယ်"လို့ အားပေးခံရတာမျိုးရော ကြုံဖူးတယ်မလား။ Toxic positivity လို့ ခေါ်တဲ့ အဆိပ်သင့်စေသော အပြုသဘောဆောင်မှုဆိုတဲ့ စကားလုံးတွေ ရှိပါတယ်။

Toxic positivity ဆိုတာက ကျရှုံးမှုကို လက်မခံတာ၊ ဘာပဲဖြစ်ဖြစ် လက်မလျှော့ခိုင်းတာ၊ အချိန်တိုင်း အရာတိုင်းကို အကောင်းမြင်ခိုင်းတာ၊ အဆိုးမြင်စိတ် လုံးဝအဝင်မခံခိုင်းတာ၊ ဒါလေးတောင် မလုပ်နိုင်ဘူးလား /ဒီထက် ပိုဆိုးသွားနိုင်တယ်ဆိုပြီး ပြောတာ၊ အမြဲ ကြိုးစားခိုင်း၊ အားတင်းခိုင်း၊ ပျော်ပျော်နေခိုင်းတာ၊ ဖြစ်သင့်လို့ ဖြစ်တာ/အဆင်ပြေသွားမှာပါချည်း ပြောနေတာမျိုးတွေကို Toxic Positivity တွေလို့ ခေါ်ပါတယ်။

အစပိုင်းမှာတော့ ဒီလိုအားပေးမှုတွေက ဟုတ်သလိုလိုနဲ့ အချိန်ကြာလာတာ နဲ့အမျှ လောင်စာတွေ စုမိထားသလိုပဲ ရင်ထဲမှာ တမြည့်မြည့် လောင်ကျွမ်းစေတတ်ပါတယ်။

အပြုသဘောဆောင်တဲ့ အကောင်းမြင်မှုတွေဟာ အစွန်းမရောက်ဖို့ လိုပါတယ်။ အကောင်းမြင်ဝါဒတွေနဲ့ ပတ်သက်ပြီး အားပေးစကားတွေကို သတိထား ပြောဆိုဖို့လိုပါတယ်။ စိတ်ထိခိုက်နာကျင်နေရသူ၊ စိတ်ဓာတ်ကျနေတဲ့သူနဲ့ ပင်ပန်းဝမ်းနည်း နေရတဲ့သူတွေ အတွက် ကိုယ်ကစေတနာနဲ့ အားပေးလိုက်ပေမဲ့ သူ့အတွက်တော့ အဆိပ်ခွက်ကြီး ဖြစ်သွားတတ်ပါတယ်။

ကြုံလာသမျှကို အကောင်းမြင်ပြီး လက်ခံနိုင်ဖို့ ကြိုးစားခိုင်းတာက ဘာနဲ့ တူလဲဆိုရင် ကိုယ့်ရဲ့ရေမြောင်းထဲမှာ ရှိနေတဲ့ ရေပုတ်ရေဆိုးတွေကို စီးဆင်းခွင့်မပေးဘဲ ပိတ်ထားတာနဲ့ တူပါတယ်။ ပိတ်ဆို့ထားတဲ့ ရေဆိုးတွေများလာရင် လျှံထွက်တတ်သလိုပဲ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ရင်ထဲမှာ ပိတ်ဆို့သိမ်းဆည်းထားမယ် ဆိုရင် နောက်ဆုံးမှာ ထိန်းမနိုင်သိမ်းမရ ပွင့်အန်ထွက် ကုန်မှာပါ။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ သတိမထားမိပေမယ့် ပြောမိနေတဲ့ Toxic Positivityတွေ အများကြိီးရှိပါတယ်။
"အဲ့ဒီအကြောင်းတွေကို ခေါင်းထဲထည့်မနေနဲ့"
"အကောင်း မြင်နိုင်အောင် ကြိုးစား"
"စိတ်ညစ်မနေဘဲ ပျော်ပျော်နေ"
"အမြဲ အကောင်းမြင်စမ်းပါ"
"ကြုံလာသမျှကို အကောင်းဘက်ကသာ လှည့်တွေး" ဆိုတဲ့စကားတွေ အများကြီး ပြောမိနေတတ်ကြပါတယ်။

အဲဒီအစား ဒီလိုပြောင်းပြောပေးပါ။ တကယ်တမ်း အဲ့ဒီလို Toxic Positivity စကားတွေထက်
"နင်ပြောပြချင်တဲ့၊ ရင်ဖွင့်ချင်တဲ့ အကြောင်းတွေရှိရင် ပြောနော်၊ ငါနားထောင်ပေးမယ်"
"ရှုံးနိမ့်တယ်ဆိုတာ ရင့်ကျက်မှုနဲ့ အောင်မြင်မှုတွေရဲ့ တစိတ်တပိုင်းပဲ"
"နင့်ကြည့်ရတာ တော်တော်စိတ်ညစ်နေတဲ့ ပုံပဲ ငါကူပေးလို့ရတာရှိရင် ပြောပြနော်"
"ဘာတွေပဲ ဖြစ်နေပါစေ နင့်အတွက် ငါရှိတယ်နော်"
"တစ်ခါတလေ ငိုလို့ရတယ်၊ စိတ်ဓာတ်ကျလို့ ရပါတယ်"
" နင်စိတ်မကောင်း ဖြစ်နေတာငါသိတယ်၊ နင့်အတွက်ငါ ရှိနေတယ်နော်" ဆိုတဲ့ စကားတွေရဲ့ အင်အားက အရမ်းကို ကြီးမားပြီး ကြားရတဲ့သူအတွက် ရင်ထဲထိနွေးစေပြီး ခွန်အားဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ချစ်ခင်ရသူတွေကို အားပေးတဲ့ အချိန်မှာ toxic positivity စကားမျိုး ပြောတာကို ရှောင်ပြီး သူတို့ရဲ့ ခံစားရသမျှကို ဝေဖန်မှုမလုပ်ဘဲ နားထောင်ပေးပါ။ "ငါသာနင့်နေရာမှာဆိုရင် ဘယ်လိုခံစားရမှာ ဘယ်လိုလုပ်ပစ်မှာ" ဆိုတဲ့ အကြံပေးတာမျိုးတွေကို ရှောင်ကြဥ်ပေးပါ။ ကိုယ်ကိုယ်ကိုယ်တိုင်လည်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ကြုံတဲ့အခါမှာ Toxic Positivityတွေနဲ့ မတွေးမိအောင် သတိထားဖို့ လိုပါတယ်။

အကောင်းမြင်စိတ် ထားတယ်ဆိုတာက ဖြစ်လာသမျှ အရာတိုင်းကို ကျိတ်မှိတ်ပြီး ဇွတ်အကောင်းမြင်နေတာမျိုး မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာက အခက်အခဲတွေကြားမှာတောင် ဘ၀ကို အရှုံးမပေးတဲ့ စိတ်၊ လဲကျရင် ပြန်ထတတ်တဲ့ စိတ်၊ ဘ၀ရဲ့ လောကဓံ အနိမ့်အမြင့်အတက်အကျတွေကို မှန်မှန်ကန်ကန် သိနားလည်ပြီး ရင်ဆိုင်နိုင်တဲ့ စိတ်ကိုခေါ်ပါတယ်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။


နှစ်သစ်တစ်နှစ်ရဲ့ အစကို မိမိကိုယ်မိမိ ပိုပြီး ဂရုစိုက်တဲ့ အလေ့အကျင့်လေးနဲ့ စလိုက်ရအောင်နော် 💚🌿 နှစ်သစ်ကို ကူးပြောင်းလာခဲ...
02/01/2026

နှစ်သစ်တစ်နှစ်ရဲ့ အစကို မိမိကိုယ်မိမိ ပိုပြီး ဂရုစိုက်တဲ့ အလေ့အကျင့်လေးနဲ့ စလိုက်ရအောင်နော် 💚

🌿 နှစ်သစ်ကို ကူးပြောင်းလာခဲ့ပေမဲ့ ကိုယ်စီကိုယ်စီမှာ ပြောခွင့်မရခဲ့တဲ့ စကားတွေ၊ ပြည်ဖုံးကား ချထားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေ၊ မကျေလည်သေးတဲ့ ခံစားချက်တွေ ဆိုတာကတော့ ရှိနေဦးမှာပါပဲ။

ဒါပေမဲ့ ဒီနှစ်သစ်မှာတော့ ကိုယ့်ရဲ့ Mental Well-being လေးကို ပိုပြီး ဂရုစိုက်လိုက်ကြရအောင်။

💚 Hepta Mental Health Clinic ဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ကျန်းမာရေးသာမက ကိုယ်၊ စိတ်၊ ဘဝ တစ်ခုလုံးကို ချိတ်ဆက်ကြည့်ရှုတဲ့ Holistic Wellbeing ကို အခြေခံထားတဲ့ စိတ်ကျန်းမာရေး ဆေးခန်း ဖြစ်ပါတယ်။

💚 ဝါရင့်ကျွမ်းကျင် စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ၊ စိတ်ကျန်းမာရေး ပညာရှင်များနဲ့ ဖွဲ့စည်းထားပြီး နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှု ပြဿနာတွေကစလို့ စိတ်ကျန်းမာရေး ပြဿနာ အမျိုးမျိုးအထိ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်လိုက်ပြီး ဂရုတစိုက် ကူညီဖြေရှင်း ကုသပေးလျက် ရှိပါတယ်။

🌷 Hepta Mental Health Clinic မှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများ 🌷

🧠 စိတ်ကျန်းမာရေး ဆရာဝန်များနှင့် တစ်ဦးချင်း ဆွေးနွေးတိုင်ပင်ခြင်း

🌿 စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ စိတ်ကျဆင်းမှု အစရှိတဲ့ အထွေထွေ စိတ်ကျန်းမာရေး ပြဿနာများအား စနစ်တကျ ကုသပေးခြင်း

📋 ပုံမှန် စိတ်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း

📌 လိုအပ်သော အခြေအနေများတွင် အထူးစိတ်ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း

👩‍❤️‍👨 အိမ်ထောင်ရှင်များ၊ စုံတွဲများအတွက် Couples Counseling ဖြင့် ဆက်ဆံရေး နားလည်မှု တိုးတက်စေရန် ကူညီပေးခြင်း

👧🏻 ကလေးသူငယ်များအတွက် အပြုအမူ ပုံမှန် မဟုတ်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျခြင်းများကို မိဘများနဲ့အတူ ဆွေးနွေးကုသပေးခြင်း

👵🏻 သက်ကြီးရွယ်အိုများအတွက် စိတ်ကျန်းမာရေး စစ်ဆေးပြသခြင်းနှင့် စောင့်ရှောက်မှု ပေးခြင်း

🚫 အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမှ ဖြတ်တောက်နိုင်ရင် အထောက်အကူပြု ကုသမှုများ ပေးခြင်း

🏥 စိတ်ကျန်းမာရေးနှင့် ဆက်စပ်နေသော အခြား ကိုယ်ခန္ဓာ ကျန်းမာရေး ပြဿနာများ၊ နောက်ဆက်တွဲ ကျန်းမာရေး အခက်အခဲများအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက် ကုသပေးခြင်း

🏠 ဆေးခန်းသို့ မလာနိုင်သော လူနာများအတွက် အိမ်တိုင်ရာရောက် ဆွေးနွေး ကုသမှုပေးခြင်း

💻 Online Consultation/ Online Counseling များဖြင့် နေရာမရွေး အချိန်မရွေး ဆွေးနွေးပြသနိုင်ခြင်း

အစရှိတဲ့ ဝန်ဆောင်မှုများကို ပံ့ပိုးဝန်ဆောင်ပေးလျက် ရှိပါတယ်။

🤍 2026မှာ Hepta Mental Health ကနေ သင့်ရဲ့ စိတ်ကျန်းမာရေး ခရီးလမ်းကို အေးဆေးလုံခြုံစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ လက်တွဲ ကူညီပေးဖို့ အဆင်သင့်ပါပဲနော်။

🤍 Hepta Mental Health Clinic ဟာ သင့်ရဲ့ အဆင်မပြေတဲ့ နေ့ရက်တွေမှာ သင့်ဘက်ကနေ နားထောင်ကူညီ ဖြေရှင်းပေးမဲ့ လုံခြုံစိတ်ချရာ နေရာလေးတစ်ခု အဖြစ် သင့်ရဲ့ စိတ်ကျန်းမာရေး ခရီးလမ်းမှာ အမြဲအတူ ရှိနေပါမယ်ရှင်။

📞 ဝန်ဆောင်မှုများ ရယူဖို့နဲ့ ဆွေးနွေးမှုများအတွက် Hepta Mental Health Clinic Page Chat Box (သို့) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းယူကာ ဆွေးနွေးပြသနိုင်ပါတယ်ရှင်။

🏡 ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။


🌿 Happy New Year 2026 from Hepta Mental Health Clinic နှစ်သစ်တစ်နှစ်ကို စတင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး နူးညံ့...
01/01/2026

🌿 Happy New Year 2026 from Hepta Mental Health Clinic

နှစ်သစ်တစ်နှစ်ကို စတင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး နူးညံ့ကြင်နာစွာ ဆက်ဆံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် 🤍

2025 မှာ ခက်ခဲခဲ့သမျှ၊ ပင်ပန်းနာကျင်ခဲ့သမျှကို ထားခဲ့ပြီး 2026 မှာတော့ ကိုယ်၊ စိတ် နှစ်ပါး ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

ဒီနှစ်သစ်မှာ...
💚 စိတ်ကျန်းမာရေးကို အရေးပါတဲ့ အရာတစ်ခုအဖြစ် ရွေးချယ်နိုင်ပါစေ။
💚 မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေကို ပြောခွင့်ပေးနိုင်ပါစေ
💚 အဆင်မပြေတဲ့ နေ့ရက်တွေ ရှိလာခဲ့ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ပါစေ။

Hepta Mental Health Clinic က အဆင်မပြေတဲ့ အချိန်တိုင်းမှာ သင့်အတွက် နားထောင် ကုစားပေးမဲ့ နေရာလေးအဖြစ် ဆက်လက်ရှိနေပါမယ် 🌱

Happy New Year 2026 🎊
စိတ်ကျန်းမာရေးကို မမေ့ဘဲ
ကိုယ့်ကိုယ်ကိုယ် ပိုပြီး ချစ်တတ်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေ 🤍

Hepta Mental Health Clinic

နှစ်သစ်မှာ ကိုယ်ရဲ့ အိမ်၊ အိပ်ခန်းတွေကို သန့်ရှင်းရေး ပြုလုပ်သလို ကိုယ့်ရဲ့ စိတ်ကိုလည်း ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးဖ...
31/12/2025

နှစ်သစ်မှာ ကိုယ်ရဲ့ အိမ်၊ အိပ်ခန်းတွေကို သန့်ရှင်းရေး ပြုလုပ်သလို ကိုယ့်ရဲ့ စိတ်ကိုလည်း ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အရာဝတ္ထုပစ္စည်းတွေဟာ ဖုန်တက်လွယ်၊ ညစ်ပတ်လွယ်သလိုပဲ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေဟာလည်း ဖုန်တက်လွယ်၊ ညစ်ပတ်လွယ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကို ပုံမှန်သန့်ရှင်းပေးဖို့ လိုတယ်၊ ပြန်ပြီး ကြည်လင်အောင် လုပ်ပေးဖို့ လိုပါတယ်။

စိတ်ကို သန့်ရှင်းအောင်လုပ်ဖို့အတွက် ပထမဆုံး ကိုယ့််ရဲ့ ပတ်ဝန်းကျင်ဟာ ရှင်းလင်း သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ တကယ်တော့ အခန်းသန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းတွေ ရှင်းလင်းတာမျိုးက စိတ်ခံစားချက်တွေအပေါ် အများကြီး သက်ရောက်မှု ရှိစေပါတယ်။

ရှင်းလင်းသပ်ရပ်တဲ့ နေထိုင်မှုဟာ စိတ်တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်းကို ယူဆောင်လာပေးပါတယ်။ ကိုယ့်ရဲ့ အခန်း၊ စာကြည့်စားပွဲ၊ အလုပ်စားပွဲဟာ ရှုပ်ပွနေမယ်၊ အဝတ်ဗီရိုကလည်း အဝတ်တွေနဲ့ လုံးထွေး ရှုပ်ပွနေမယ်၊ စာအုပ်စင်မှာလည်း စာအုပ်တွေ ဖရိုဖရဲ ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်က ကြည်လင်ပါဦးမလား၊ စိတ်ရှုပ်နေရင်တောင် အဲဒါတွေကို ကြည့်ပြီး ပိုပြီး စိတ်ရှုပ်သွားစေမှာပါပဲ။

ဒါကြောင့် စိတ်ရောလူပါ သန့်သန့်ရှင်းရှင်း နေနိုင်ဖို့ Decluttering ကို ပြုလုပ်သင့်တာ ဖြစ်ပါတယ်။ Declutter လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်အတွက် အသုံးမဝင်တဲ့ မလိုအပ်တဲ့ လွှင့်ပစ်သင့်တဲ့ ပစ္စည်းတွေကစလို့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူ မပြုတဲ့ လူတွေ၊ အဆိပ်အတောက်ဆန်တဲ့ လူတွေကိုပါ ရှင်းထုတ်ဖို့ လိုပါတယ်။

🌿 မလိုတာတွေ လွှင့်ပစ်ပါ။

ကိုယ့်နေထိုင်ရာ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ အိပ်ခန်း၊ အလုပ်စားပွဲ စတဲ့ နေရာတွေကို သန့်သန့်ရှင်းရှင်းထားပါ။ အသုံးမဝင်တော့တဲ့ ပစ္စည်းတွေဆို နှမြောပြီး သိမ်းထားမနေဘဲ လွှင့်ပစ်ပါ။ မဝတ်တော့တဲ့ အဝတ်တွေ၊ မတော်တဲ့ အဝတ်တွေဆိုလည်း မရှိတဲ့ သူတွေကို ပေးလိုက်တာ၊ လှူလိုက်တာမျိုး လုပ်လို့ ရပါတယ်။ နာရီအဟောင်းတွေ၊ ဖိနပ်အဟောင်းတွေဆိုလည်း လွှင့်ပစ်ပါ။

🌿 Digital Decluttering လည်း လုပ်ပါ

ဖုန်းတွေ၊ laptopတွေမှာ မလိုဘဲ သိမ်းထားတဲ့ fileတွေ၊ ဓာတ်ပုံတွေ၊ messageတွေ၊ emailတွေကိုလည်း ဖျက်သင့်တာ ဖျက်ပစ်ပါ။ မသိမ်းထားချင်တော့တဲ့ အမှတ်တရတွေရှိရင်လည်း တစ်ခါတည်း ဖျက်ပစ်ပြီး ရှင်းထုတ်ပစ်ပါ။

🌿 အတွေးတွေကို သန့်ရှင်းရေးလုပ်ပါ

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းပြီးသွားရင် အတွေးတွေ၊ စိတ်ခံစားချက်တွေကို ရှင်းလင်းပါ။ Journal ရေးတာပဲဖြစ်ဖြစ်၊ Meditation ထိုင်တာပဲဖြစ်ဖြစ် ငြိမ်သက်ကြည့်ပြီး ကိုယ့်စိတ်မှာ ဘာတွေဖြစ်နေလဲ ပြန်ကြည့်ပါ။ ဘာတွေကို ဆုပ်ကိုင်ထားလဲ၊ ဘာတွေကို လွှတ်ချရမလဲ ပြန်ကြည့်ပြီး လွှတ်ချသင့်တာ လွှတ်ချပါ။ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ပါ။

နောက်ပြီး ကိုယ့်ဘေးမှာ ရှိတဲ့ ကိုယ့်ကို negative energy တွေပေးနေတဲ့ Toxicဆန်တဲ့ ဆက်ဆံရေးတွေကိုလည်း လွှတ်ချနိုင်အောင် ကြိုးစားပါ။

နှစ်သစ်မှာ နှစ်ဟောင်းရဲ့ အရှုပ်အထွေးတွေ၊ အညစ်အကြေးတွေကို ထားခဲ့နိုင်ပြီး ကိုယ့်ရဲ့ စိတ်ကလေးကို ကြည်လင်အောင်ထားနိုင်ဖို့အတွက် စိတ်သန့်ရှင်းရေး ပြုလုပ်ဖို့ မမေ့နဲ့နော်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#2026

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဆိုတော့ လူတော်တော်များများက နှစ်သစ်အတွက် ဘာတွေလုပ်မယ်၊ ဘယ်လို အောင်မြင်အောင်လုပ်မယ် စသဖြင့် new...
28/12/2025

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဆိုတော့ လူတော်တော်များများက နှစ်သစ်အတွက် ဘာတွေလုပ်မယ်၊ ဘယ်လို အောင်မြင်အောင်လုပ်မယ် စသဖြင့် new yearအတွက် resolution တွေချရင်း စိတ်လှုပ်ရှားနေလိမ့်မယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ၊ နောက်ဆုံးရက်တွေမှာ ထင်ထားတာထက် ပိုပြီး ပင်ပန်းနေတတ်ပါတယ်။

‼️ Year-End Burnout လို့ ခေါ်တယ်။ နှစ်ကုန်ခါနီး ဖြစ်တဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုပေါ့။

✔️ ကျွန်မတို့တွေဟာ ရှေ့မှာ လပေါင်း ၁၁ လကို ရုန်းကန်လှုပ်ရှားရင်း ကျော်ဖြတ်လာခဲ့ကြတာ အခုနောက်ဆုံးလ December ရောက်တဲ့အထိပါပဲ။ တစ်နှစ်ပတ်လုံး အလုပ်တွေ ကြိုးစား၊ စီးပွါးရှာ၊ ပညာသင်၊ မိသားစုရေး၊ လူမှုရေး၊ အချစ်ရေး၊ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျတွေနဲ့ မရပ်မနား ပြေးလွှားရုန်းကန်လာခဲ့ရတာဆိုတော့ အမှန်တိုင်းပြောရရင် အားကုန်နေပါပြီ။ အားကုန်ရင်းနဲ့ပဲ မနားနိုင်သေး၊ မနားရသေးတဲ့ အနေအထားမှာ ဆက်ပြေးနေရသေးတယ်ဆိုတဲ့ အနေအထားတွေမှာ Year-End Burnout တွေ ရလာတတ်ပါတယ်။

✔️ တစ်နှစ်ပတ်လုံး လုပ်ချင်ခဲ့တာတွေ အများကြီး ရှိခဲ့ပေမဲ့ လက်တစ်ဆုပ်စာလောက်ပဲ လုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု မရှိဘဲ အလိုမကျဖြစ်လာတာ၊စိတ်ရောလူရော ပင်ပန်းနွမ်းနယ်နေတာ၊ Motivation ပျောက်ဆုံးနေတာ၊ လုပ်နေရတဲ့ အလုပ်တွေကို ငြီးငွေ့လာတာ၊ Social Mediaမှာ အခြားလူတွေ ခရီးတွေသွား၊ ပျော်ရွှင်နေရတာ မြင်ပြီး အနားမယူနိုင်တဲ့ မိမိကိုယ်မိမိ ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူး၊ stuck ဖြစ်နေတယ်လို့ ခံစားရတာ၊ လာမဲ့ နှစ်အတွက် new year resolution တွေချပြီး လုပ်နိုင်ပါ့မလား၊ ဖြစ်ပါ့မလားလို့ ကြိုပြီး စိုးရိမ်ပူပန်တာ၊ အစားအသောက် မမှန်တော့တာ၊ ညဘက်တွေ ကောင်းကောင်း အိပ်မပျော်တာ...စသဖြင့် ဒီလက္ခဏာတွေနဲ့ Year-End Burnout ကို ခံစားရတတ်ပါတယ်။

🌿 Year-End Burnout တွေကို ခံစားနေရတယ်ဆိုရင် အရင်ဆုံး သတိရရမှာက “You’re allowed to take a break” ပါ။ ခရီးတွေထွက်၊ ခွင့်တွေယူပြီး နားရမယ်လို့ မဆိုလိုပါဘူး။ “Take a Pause” ခဏလေး ရပ်လိုက်ဖို့ပါပဲ။ ခဏလေးရပ်၊ အသက်ကလေး ဝအောင်ရှုပြီး ငြိမ်ငြိမ်သက်သက်လေး အနားယူပါ။

🌿 မလုပ်နိုင်ခဲ့တာတွေထက် လုပ်နိုင်ခဲ့တာတွေကို ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပေးပါ။အရာအားလုံးကို perfect ဖြစ်အောင်၊ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့လည်း အဆင်ပြေတယ်။ အနည်းဆုံးအနေနဲ့ ကိုယ့်အတွက် ကိုယ်လုပ်နိုင်ခဲ့တဲ့ အဓိပ္ပာယ်ရှိတဲ့ အရာလေးတစ်ခုကို ပြန်စဉ်းစားကြည့်ပါ။

🌿 မနိုင်ဝန်တွေ မထမ်းပါနဲ့။ မိမိကိုယ်မိမိ သူများနဲ့လည်း နှိုင်းယှဉ်စရာ မလိုပါဘူး။ ကိုယ့်အတိုင်းအတာနဲ့ကိုယ်သွားပါ။ New-year Resolution တွေချတဲ့အခါမှာလည်း ကိုယ်တကယ် ဖြစ်ချင်၊ ကိုယ်လည်း လိုက်လုပ်နိုင်တဲ့ realistic goal တွေကိုပဲ ချမှတ်ပါ။

🌿 ပြည့်ပြည့်ဝဝ အနားယူပါ။ Social Media Break ယူပြီး စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဝါသနာပါရာလေးတွေ လုပ်တာ စသဖြင့်လုပ်ပြီး ကိုယ့်ရဲ့ စိတ်ကလေး အနားရပါစေ။ အစားအသောက်နဲ့ အိပ်စက်ခြင်းကိုလည်း ပြန်ဂရုစိုက်ပေးဖ်ို့ လိုပါတယ်။

✨ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဆိုတာ အရှိန်နဲ့ ပြေးရမဲ့ လမဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး တင်ပြေးလာတဲ့ အရှိန်တွေကို ပြန်လျှော့ရင်း ငြိမ်ငြိမ်သက်သက်လေး ဖြတ်သန်းရမဲ့ လဖြစ်ပါတယ်။

💌 ဒါကြောင့် အရှိန်လေးတွေ လျှော့ရင်း တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သမျှတွေ ပြေပျောက်ပြီး နှစ်သစ်ကို ကိုယ်၊ စိတ် နှစ်ပါး အေးချမ်းစွာနဲ့ ကူးပြောင်းနိုင်ပါစေလိူ့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။


“ရယ်ပြီးရင် ငိုရဦးမှာပဲ” ဆိုတဲ့ အတွေးနဲ့ ပျော်စရာရှိတာကို မပျော်ရဲ၊ မပျော်နိုင်တဲ့လူတွေ ရှိပါတယ်။ပျော်ရွှင်ရမှာ ကြောက်ရွ...
24/12/2025

“ရယ်ပြီးရင် ငိုရဦးမှာပဲ” ဆိုတဲ့ အတွေးနဲ့ ပျော်စရာရှိတာကို မပျော်ရဲ၊ မပျော်နိုင်တဲ့လူတွေ ရှိပါတယ်။

ပျော်ရွှင်ရမှာ ကြောက်ရွံခြင်း (Cherophobia) လို့လဲ စိတ်ပညာမှာ ခေါ်ကြပါတယ်။

ပျော်ရမှာကြောက်တာ၊ ပျော်ပြီးသွားရင်လဲ ထပ်ပြီး ငိုရဦးမှာပဲ ဆိုတဲ့ အသိဟာ ဘဝတစ်လျှောက်လုံးမှာ ဖြတ်သန်းရင်း ရခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့လဲ ဆိုင်တယ်။
အတိတ်မှာ ကြုံခဲ့တဲ့ မကောင်းတဲ့ အဖြစ်အပျက်တွေကြောင့် ပျော်ရမှာ ကြောက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ငယ်ငယ်က လူကြီးမိဘတွေ ပြောတာ ကြားဖူးလားတော့ မသိဘူး။ ကလေးတွေ တစ်ခုခုကို ဟက်ဟက်ပက်ပက် ရယ်ကြောမိအောင် ရယ်နေရင် “အူမြူးနေပြန်ပြီ ဟုတ်လား၊ ပြီးမှ ငိုရဦးမယ်” လို့ပြောတာမျိုး၊ “ရယ်နေရင် အကောင်းနော် ပြီးမှ မငိုနဲ့”လို့ ပြောတာမျိုးတွေပေါ့။

ငယ်စဉ်ကလေးဘဝမှာကတည်းက အဲဒီလို စကားတွေကို အပြောခံလာရတော့ တစ်ခုခုပျော်ရရင်တောင် ရဲရဲဝင့်ဝင့် မပျော်ရဲတော့ဘဲ ပျော်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ စိတ်အစွဲကြီးက ဖြစ်လာရော။

စိတ်ရဲ့ အတွေးတွေ၊ စိတ်ရဲ့ အစွဲတွေဟာ ကြောက်ဖို့ကောင်းပါတယ်။ အချိန်အကြာကြီး လက်ခံယုံကြည်လာတဲ့ အတွေးတွေဟာ ကိုယ့်ရဲ့ Belief System တစ်ခုဖြစ်သွားစေပြီး မရှိတဲ့ ပြဿနာကို မသိစိတ်က ပုံဖော်နေတာ၊ ဖန်တီးနေတာမျိုးတွေ လုပ်လိုက်တတ်တယ်။ တစ်ခါတလေ တိုက်ဆိုင်မှု ဖြစ်သွားတဲ့ ကိစ္စတွေကိုတောင်မှ တိုက်ဆိုင်မှုလို့ မမြင်တော့ဘဲ စိတ်အစွဲရဲ့ လက်ခံယုံကြည်မှုအတိုင်း လက်ခံလိုက်တတ်ပါတယ်။

ဒါကြောင့်မိုလို့ ကျွန်မတို့က မပျော်နိုင်တာ။ ပျော်စရာရှိရင်တောင် ရဲရဲဝင့်ဝင့် လွတ်လွတ်လပ်လပ် မပျော်ရဲဘူး။ တစ်ခုခုလေးများ လွတ်လွတ်လပ်လပ် ပျော်ပြီးလို့ မကောင်းတာ တစ်ခုခုနဲ့ ကြုံရင်တောင်မှ
“ငါပျော်လိုက်မိလို့ ဖြစ်တာ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ တင်ကြတာ။

တကယ်တော့ ဘာမှမဆိုင်ဘူး။ ကိုယ့်ရဲ့ စိတ်ကြောင့်ဖြစ်တာ။ ဘာနဲ့တူသလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကျိန်စာတိုက်နေတာနဲ့ တူတယ်။ "ငါသည် ဘယ်တော့မှ ပျော်ရွှင်ခွင့်မရှိ။ ပျော်မိသည်နှင့် တစ်ပြိုက်နက် ငိုရပါမယ်” လို့ ကျိန်စာတိုက်နေတာနဲ့ အတူတူပါပဲ။

မိမိရဲ့ အတွေးတွေကို သတိထားပါ။ ဒီအတွေးတွေဟာ ဘယ်က ဘယ်လိုဖြစ်လာသလဲ ဆိုတာကို ခြေရာခံကြည့်ပါ။ အတိတ်မှာ စိတ်ဒဏ်ရာတွေ ရခဲ့ဖူးတယ်ဆိုရင်လဲ အဲဒီအဖြစ်အပျက်တွေကို ပြန်ပြီး လေ့လာကြည့်ပါ။

တစ်ချို့အဖြစ်အပျက်တွေဟာ အဲဒီနေ့ အဲဒီအချိန်က ကျွန်မတို့ရဲ့ လက်ခံနိုင်စွမ်း၊ အသက်အရွယ်၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုတွေအပေါ် မူတည်ပြီး လက်ခံတတ်သလို လက်ခံခဲ့ရခြင်းကြောင့်သာ စိတ်ဒဏ်ရာတွေ ရခဲ့တာပါ။ အခု ကျွန်မတို့ဟာ လူကြီးတွေ ဖြစ်နေကြပြီ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက လက်ခံနိုင်ပုံနဲ့ အခု လက်ခံနိုင်ပုံဟာ မတူတော့ဘူး မဟုတ်လား။

အများကြီး ပိုပြီး စဉ်းစားတွေးခေါ်တတ်လာပြီ။ အများကြီး ပိုပြီး ရင့်ကျက် သန်မာလာခဲ့ပြီလေ။ တစ်ချို့အရာတွေ၊ တစ်ချို့အတွေးတွေကို ပြန်ပြီး လေ့လာ တည်ဆောက်ကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို သေချာ နားလည်အောင် လုပ်ပြီး ကုစားစရာ ရှိတာတွေကို ကုစားပါ။

ဘဝဆိုတာ တိုတိုလေးမို့ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံမှုတွေနဲ့ နေသွားဖို့က နှမြောစရာကောင်းလွန်းပါတယ်။
ပျော်စရာရှိရင် ပျော်နိုင်ရမှာပေါ့။ ငိုစရာရှိတဲ့အခါလဲ ဘာဖြစ်လဲ ငိုလိုက်မှာပေါ့။ ပျော်လိုက်မိရင် ငိုရလိမ့်မယ်ဆိုတဲ့ အတွေးကြီးကတော့ တကယ်အမှားနော်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။



ပျော်ရွှင်ရတဲ့ရက်တွေမှာမှ မဟုတ်ဘဲ ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေမှာလည်း မိမိကိုယ်မိမိ ဂရုစိုက်ဖို့၊ ချစ်ခင် ကြင်နာတတ်...
16/12/2025

ပျော်ရွှင်ရတဲ့ရက်တွေမှာမှ မဟုတ်ဘဲ ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေမှာလည်း မိမိကိုယ်မိမိ ဂရုစိုက်ဖို့၊ ချစ်ခင် ကြင်နာတတ်ဖို့ လိုအပ်ပါတယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းထိခိုက်စရာတွေ ကြုံလာတဲ့အခါ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘဲ ပစ်စလတ်ခတ် ပစ်ထားတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက မိမိရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာရေးကို ပိုပြီး ထိခိုက်စေတတ်ပါတယ်။

အထူးသဖြင့်တော့ ခက်ခဲတဲ့ ကာလတွေမှာ စိတ်ကို ပြန်ပြီး တည်ငြိမ်အောင် လုပ်ပေးနိုင်မဲ့Self-care practiceလေးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

ဒါကြောင့် နေ့စဉ်ပုံမှန် ပြုလုပ်လို့ရမဲ့ လွယ်ကူပြီး အကျိုးရှိတဲ့ Self-Care Practice တချို့ကို မျှဝေပေးလိုက်ပါတယ်။

🌿 မိမိရဲ့စိတ်ခံစားချက်တွေကို အသိအမှတ်ပြုပါ

"ငါဒီလိုခံစားရတယ်" လို့ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံ အသိအမှတ်ပြုပါ။ စိတ်ခံစားချက်တွေကို ထုတ်မပြောဘဲ ဖုံးဖိထားရင် ပိုဆိုးလာနိုင်တာကြောင့် ယုံကြည်ရတဲ့ မိတ်ဆွေ၊ မိသားစု (သို့) စိတ်ကျန်းမာရေးပညာရှင်များထံမှာ ရင်ဖွင့်တိုင်ပင်ပါ။ စာရွက်ပေါ်မှာ ကိုယ်ခံစားနေရတာတွေကို ရေးချလိုက်တာကလည်း စိတ်ကို ပေါ့ပါးစေပါတယ်။

🌿 အသက်ရှူလေ့ကျင့်ခန်း (Deep Breathing) လုပ်ပါ

စိတ်ထဲ တင်းကျပ်နေတဲ့အခါ 4-7-8 အသက်ရှူနည်းကို ပြုလုပ်ကြည့်ပါ။ နှာခေါင်းကနေ ၄စက္ကန့် အသက်ရှူသွင်းပါ။ ၇စက္ကန့် အသက်အောင့်ထားပါ။ ၈စက္ကန့် ကြာ ပါးစပ်ကနေ အသက်ရှူထုတ်လိုက်ပါ။ Deep Breathing ပြုလုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

🌿 သဘာဝနဲ့ ထိတွေ့ပါ

မနက်ခင်း နေရောင်ခြည်နုနုအောက်မှာ မိနစ် ၂၀-၃၀ လောက် လမ်းလျှောက်ပေးခြင်းက စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးပါ။

🌿 Digital Detox လုပ်ပါ

Social Media ကနေ စိတ်ညစ်စရာ သတင်းတွေ၊ ဝမ်းနည်း စိတ်ထိခိုက်စရာ သတင်းတွေ၊ အတင်းအဖျင်းတွေက မိမိရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူမပြုပါဘူး။ ဒါကြောင့် ဖုန်းသုံးတဲ့အချိန်ကို limit ထားပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ စတဲ့ Screen-Free အလေ့အကျင့်လေးတွေကို ပြုလုပ်ပါ။

🌿 အာဟာရပြည့်ဝအောင်စားပါ

စိတ်ကျန်းမာရေး အထောက်အကူဖြစ်စေတဲ့ Omega-3 ငါး၊ အခွံမာသီး၊ အစေ့အဆံ၊ ကြက်ဥ၊ အစိမ်းရောင် အသီးအရွက်၊ ငှက်ပျောသီး စတာတွေကို များများစားပေးပါ။ အရက်၊ ကော်ဖီ၊ လက်ဖက်ရည် လျှော့သောက်ပါ။

🌿 Mindfulness လေ့ကျင့်ပါ

တစ်ရက်ကို ၁၀ မိနစ်လောက် တရားထိုင်ပါ။ မေတ္တာပို့တာ၊ Gratitude practiceလုပ်တာတွေကလည်း စိတ်ကိုငြိမ်းချမ်းစေပါတယ်။

🌿 အိပ်ရေးဝဝအိပ်ပါ

တစ်နေ့ကို ၇-၈နာရီ အိပ်နိုင်ဖို့ ကြိုးစားပါ။
ညဘက် အိပ်ခါနီး ဖုန်းသုံးတာကို တတ်နိုင်သလောက် ရှောင်ပြီး ညဘက်တွေကို အိပ်ရေးဝဝအိပ်ပါ။

💕 ခက်ခဲတဲ့ကာလတွေဆိုတာ ဘဝမှာ မလွဲမသေ ကျော်ဖြတ်ရမဲ့ အချိန်တွေပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ကလေးကို ဂရုစိုက်ဖို့ မေ့မထားပါနဲ့နော်။ ဒီအချိန်တွေကို ကျော်လွှားနိုင်ဖို့ "မင်းတစ်ယောက်တည်း မဟုတ်ဘူး" ဆိုတာ သတိရပါနော်။

▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။

▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။

ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။



Address

215, Thiri Mingalar Road, Ywarma East Ward, Insein Township
Yangon
11011

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959885044884

Website

Alerts

Be the first to know and let us send you an email when Hepta Mental Health Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hepta Mental Health Clinic:

Share