ကောင်းသုခ - Kaung Thukha Clinic and Lab

ကောင်းသုခ - Kaung Thukha Clinic and Lab "ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း
ဖုန်း - 09973914030 ဆေးခန်းဖွင့်ချိန် -
မနက် (၈း၃၀) နာရီမှ နေ့လည် (၁၁း၀၀) ထိ
ဖုန်း - 09973914030

မင်္ဂလာပါဒီနေ့မှာတော့ ကလေးလေးတွေဖျားတဲ့အခါ ဘယ်အချိန်စိတ်ပူရမယ် ဘယ်အချိန်မှာတော့စိတ်ပူစရာမလိုဘူးဆိုတာကို ပုံလေးတွေနဲ့ပြော...
19/11/2025

မင်္ဂလာပါ

ဒီနေ့မှာတော့ ကလေးလေးတွေဖျားတဲ့အခါ ဘယ်အချိန်စိတ်ပူရမယ် ဘယ်အချိန်မှာတော့စိတ်ပူစရာမလိုဘူးဆိုတာကို ပုံလေးတွေနဲ့ပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
📍အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
☎️ 09973914030
09776417803
09668162347

အိပ်တဲ့အချိန်အရမ်းဟောက်တတ်နေလား။တစ်ညလုံးအိပ်ခဲ့ပေမယ့် မနက်ကျရင်အိပ်ရေးမဝမောပန်းနွမ်းနယ်သလိုခံစားနေရပါသလား။မင်္ဂလာပါ။ ဒီန...
13/11/2025

အိပ်တဲ့အချိန်အရမ်းဟောက်တတ်နေလား။
တစ်ညလုံးအိပ်ခဲ့ပေမယ့် မနက်ကျရင်အိပ်ရေးမဝမောပန်းနွမ်းနယ်သလိုခံစားနေရပါသလား။

မင်္ဂလာပါ။ ဒီနေ့မှာတော့ sleep apnoea လို့ခေါ်တဲ့ အိပ်နေစဉ်အသက်ရှူရပ်တန့်ခြင်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

🟨 အိပ်နေစဉ်အသက်ရှူရပ်တန့်ခြင်း sleep apnea ဆိုတာဘာလဲ?
အိပ်နေစဉ် အသက်ရှူရပ်တန့်ခြင်း (Sleep Apnea) ဆိုတာ အိပ်နေတဲ့အချိန်မှာ ခဏခဏ အသက်ရှူရပ်သွားတဲ့ ရောဂါအခြေအနေပါ။

🟡 ဘာကြောင့်ဖြစ်ရတာလဲ?
Sleep Apnea ဟာ အများအားဖြင့် အသက်ရှူလမ်းကြောင်း ခဏခဏပိတ်ဆို့တာ ကြောင့် ဖြစ်ရတာပါ။ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကတော့...
• အဝလွန်ခြင်း သို့မဟုတ် လည်ပင်းတိုခြင်း။
• အာသီးကြီးခြင်း (Tonsil) ကြောင့် လေရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်း။
• တစ်ခါတလေမှာ ပက်လက်လှန်အိပ်ခြင်း ကြောင့် လျှာနဲ့ လည်ချောင်းနောက်ဘက်က ကြွက်သားတွေက လေလမ်းကြောင်းကို ပိတ်မိစေခြင်း တို့အပြင်
• အသက် ၃၀ ကျော် အမျိုးသားတွေမှာ ပိုအဖြစ်များ ပေမယ့် အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

🟨 တွေ့ရလေ့ရှိသော လက္ခဏာများ

• ညတိုင်း အသံကျယ်ကျယ် ဟောက်ခြင်း
• အိပ်ပျော်နေစဉ် အသက်ရှုရခက်ခြင်း၊ အသက်ရှိုက်ရှိုက်ရှူနေရခြင်း၊ လည်ချောင်းနင်သလို ဖြစ်ခြင်း
• မနက်ပိုင်းမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း
• နေ့ခင်းဘက် မကြာခဏ အိပ်ငိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း
• ပါးစပ်ခြောက်ပြီး လည်ချောင်းနာကာ နိုးထလာခြင်း

🟡 ဘာကြောင့် အရေးကြီးတာလဲ?
သေသေချာချာကုသမှုမခံယူလျှင် Sleep Apnea ဟာ ခန္ဓာကိုယ်ကို အောက်ဆီဂျင် ချို့တဲ့စေရုံသာမကဘဲ ရေရှည်မှာ ပြဿနာရှိပါတယ်။
• နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်း တို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
• ဆီးချိုရောဂါ ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
• နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်နေတာကြောင့် ယာဉ်မတော်တဆမှုများ အပါအဝင် မတော်တဆမှုတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

🟩 ကုသမှု နည်းလမ်းများ

• ကိုယ်အလေးချိန် လျှော့ချခြင်း နဲ့ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်း
• အရက် နှင့် အိပ်ဆေးများ ရှောင်ကြဉ်ခြင်း
• ဘေးတစောင်း လှဲအိပ်ခြင်း
• CPAP စက် (အသက်ရှူလမ်းကြောင်းကို ညဘက်မှာ ပွင့်နေစေတဲ့ စက်) ကို အသုံးပြုခြင်း
• အချို့သူတွေမှာ ခွဲစိတ်ကုသခြင်း သို့မဟုတ် သွားဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာများအသုံးပြုခြင်း

🟥 ဆရာဝန်နဲ့ ဘယ်အချိန် ပြသသင့်လဲ?
• ဘေးမှာအတူတူအိပ်တဲ့မိသားစုဝင်က သင် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာ ဒါမှမဟုတ် အသက်ရှူရခက်နေတာမျိုးကို သတိထားမိတယ်လို့ ပြောပြလာရင်။
• ဘယ်လောက်ပဲ အနားယူအိပ်စက်ပါစေ အမြဲတမ်း မောပန်းနွမ်းနယ်နေတယ်၊ အာရုံစူးစိုက်ရ ခက်နေတယ်လို့ ခံစားရရင်
• နေ့ခင်းဘက်တွေအလွန်အမင်းအိပ်ငိုက်နေလျှင်

🟢 Sleep apnea နဲ့ပတ်သတ်ပြီးသိချင်တာရှိရင် comment ၊ chat box တွေမှာ လာမေးလို့ရပါတယ်။

ဒေါက်တာမြတ်နိုးဗမာ
“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803/ 09668162347

တန်ဆောင်တိုင်လပြည့် အချိန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဆုံကြပါစေကြောင်း ကောင်းသုခဆေးခန်း မိသ...
04/11/2025

တန်ဆောင်တိုင်လပြည့် အချိန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဆုံကြပါစေကြောင်း ကောင်းသုခဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်...

Happy Tazaungdai Full Moon Day...

🪔 Happy Deepavali..!May the lights of Diwali bring you health, happiness and peace...- Kaung ThuKha Clinic
19/10/2025

🪔 Happy Deepavali..!

May the lights of Diwali bring you health, happiness and peace...

- Kaung ThuKha Clinic

ဒဏ်ရာတစ်ခုဖြစ်ပြီးရင် အမာရွတ်ကပါးမသွားဘဲ ပိုပိုကြီးလာတဲ့ အမာရွတ်ဖောင်းဖောင်းထူထူကြီးတွေ ဖြစ်ဖူးပါသလား?မင်္ဂလာပါ။ဒီနေ့မှာ...
08/10/2025

ဒဏ်ရာတစ်ခုဖြစ်ပြီးရင် အမာရွတ်ကပါးမသွားဘဲ ပိုပိုကြီးလာတဲ့ အမာရွတ်ဖောင်းဖောင်းထူထူကြီးတွေ ဖြစ်ဖူးပါသလား?

မင်္ဂလာပါ။
ဒီနေ့မှာတော့ Keloids (ကီလွိုဒ်) လို့ ခေါ်တဲ့ အမာရွတ်ထူထူကြီးတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။

🔍 Keloids ဆိုတာ ဘာလဲ?
အရေပြားမှာ ပြတ်ရှတာ၊ မီးလောင်တာ၊ ဝက်ခြံပေါက်တာ၊ ခြစ်ရာလေးကနေ ဒဏ်ရာဖြစ်တဲ့အခါ ခန္ဓာကိုယ်က ဒဏ်ရာကို ပိတ်ဖို့အတွက် ကော်လဂျင် (Collagen) တွေကို ထုတ်လုပ်ပါတယ်။
တစ်ခါတလေမှာ ခန္ဓာကိုယ်က ကော်လဂျင်တွေကို လိုအပ်တာထက် ပိုများပြီး ထုတ်လုပ်မိသွားပါတယ်။ အဲဒီ ပိုလျှံတဲ့ ကော်လဂျင်တွေက ဆက်ပြီး စုပုံလာတဲ့အခါမှာ မူရင်းဒဏ်ရာနေရာရဲ့ နယ်နိမိတ်ကိုပါ ကျော်လွန်ပြီး ကြီးထွားလာတဲ့ အမာရွတ်ဖုကြီး ဖြစ်လာတာပဲ ဖြစ်ပါတယ်။
Keloids တွေဟာ ဒဏ်ရာရပြီး လပေါင်းများစွာ ဒါမှမဟုတ် နှစ်နဲ့ချီကြာမှာတောင်မှ စဖြစ်လာတတ်ပါတယ်။

👥 ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ?
အာရှ၊ အာဖရိကနွယ်ဖွား စတဲ့ အသားအရေညိုတဲ့သူတွေမှာ Keloids ဖြစ်နိုင်ခြေ ပိုများပါတယ်။အသက် ၁၀ နှစ်မှ ၃၀ နှစ် အတွင်းမှာလဲ အရေပြားက အနာကျက်နှုန်း မြန်တာကြောင့် ပိုအဖြစ်များပါတယ်။
မျိုးရိုးလိုက်ပြီးလဲ ဖြစ်တတ်ပါတယ်။

😖 ဘယ်လို လက္ခဏာတွေ ခံစားရလဲ?
အမာရွတ်က အရွယ်အစား ဖြည်းဖြည်းချင်း ကြီးထွားနေ၊ ထူပြီး ဖောင်းကြွ နေမယ်။ အရောင်က ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင် သို့မဟုတ် ပတ်ဝန်းကျင် အရေပြားထက် ပိုမည်းနေနိုင်ပါတယ်။
အထူးသဖြင့် အဝတ်အစားနဲ့ ပွတ်တိုက်မိတဲ့အခါ ဒါမှမဟုတ် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ယားယံခြင်း၊ နာကျင်ခြင်း၊ ပူစပ်ပူလောင် ခံစားရခြင်း တို့ ဖြစ်တတ်ပါတယ်။

🎯 ဘယ်လိုနေရာတွေကနေ စဖြစ်တတ်လဲ
နားဖောက်ခြင်း
ဝက်ခြံ၊ ရေကျောက် ဒါမှမဟုတ် ပိုးဝင်ပြီး ယားယံခဲ့တဲ့ ခြစ်ရာ သေးသေးလေးများ (ဥပမာ- ခြင်ကိုက်ခံရခြင်း)။
ခွဲစိတ်ထားတဲ့အမာရွတ်လေးများ။
မီးလောင်ဒဏ်ရာ၊ နေလောင်ဒဏ်ရာ သို့မဟုတ် ကာကွယ်ဆေး ထိုးဖူးတဲ့နေရာများ။
လည်ပင်းကော်လာ၊ လက်ဝတ်ရတနာ ဒါမှမဟုတ် ကျပ်တဲ့ အဝတ်အစားတွေရဲ့ ပွတ်တိုက်မှုများတဲ့နေရာများ

✅ ဆောင်ရန်များ
ဒဏ်ရာကို ဂရုတစိုက် ကုသပါ: ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။ ဆပ်ပြာအပျော့စားသုံးပြီး ညင်သာစွာ ဆေးကြောပါ။
ပတ်တီးခပ်တင်းတင်းစည်းပါ: Keloids ဖြစ်လွယ်တဲ့သူတွေဆို အနာကျက်ခါစမှာ ဖိအားခပ်တင်းတင်းပေးပြီး ပတ်တီးစီးပါ ဒါမှမဟုတ် ဆီလီကွန်ဂျယ်လ် (Silicone Gel) များကို သုံးပေးပါ။
နေရောင်မှ ကာကွယ်ပါ: နေရောင်ခြည်က Keloids ကို ပိုပြီး မည်းစေနိုင်လို့ နေရောင်ကာခရင်မ် လိမ်းပါ သို့မဟုတ် အမာရွတ်ကို ဖုံးအုပ်ထားပါ။

❌ ရှောင်ရန်များ
အမာရွတ်ကို မကုတ်ပါနဲ့၊ မပွတ်ပါနဲ့
အိမ်တွင်းကုထုံးတစ်ခုတည်းကိုပဲ အားမကိုးပါနဲ့: Keloids က ကြီးနေပြီဆိုရင် ဆေးကုသမှုခံယူပါ။

🚑 ဆရာဝန်နဲ့ ဘယ်အချိန် ပြသသင့်လဲ?
အမာရွတ်က ပိုပိုကြီးလာရင်၊ နာကျင်တာ၊ ယားယံတာ၊ ပူတာ တွေ ဖြစ်နေရင်။
လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေရင် (ဥပမာ- အဆစ်အမြစ်၊ လည်ပင်း ဒါမှမဟုတ် ချိုင်းကြားလို နေရာမျိုးမှာ ဖြစ်နေရင်)။
ဒီအမာရွတ်ကြောင့် စိတ်မသက်မသာဖြစ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့ကျနေရင်။
အိမ်တွင်းကုသမှု ဒါမှမဟုတ် အမာရွတ်ပျောက်ဆေးတွေနဲ့ လပေါင်းများစွာ ကုသပေမဲ့ မသက်သာဘူးဆိုရင်။

🛠️ Keloids ကုသမှု နည်းလမ်းများ
ထိုးဆေးများ: အမာရွတ်ထဲကို ဆေးထိုးသွင်းခြင်းအားဖြင့် အမာရွတ်ကိုသေးသွားစေပြီး ပျော့ပျောင်းလာစေပါတယ်။ အကြိမ်များစွာ ထိုးဖို့ လိုအပ်နိုင်ပါတယ်။
အေးခဲကုထုံး : သေးငယ်တဲ့ keloids တွေကို နိုင်ထရိုဂျင်အရည် သုံးပြီး အေးခဲကုသတာမျိုးလဲလုပ်နိုင်ပါတယ်။
လေဆာ ကုထုံး : Keloids ကို ပြားစေဖို့နဲ့ နီရဲနေတာ၊ အရောင်ပြောင်းနေတာတွေကို လျှော့ချပေးနိုင်ပါတယ်။
ခွဲစိတ်ဖယ်ရှားခြင်း : ခွဲစိတ်ဖြတ်ထုတ်တာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်ဖြစ်လေ့ရှိတာကြောင့် တခြားကုသမှုတွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။
ဓါတ်ရောင်ခြည် ကုထုံး : ခွဲစိတ်ပြီးနောက် Keloids ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
Keloids နဲ့ပတ်သတ်ပြီးသိချင်တာရှိရင် comment ၊ chat box တွေမှာ လာမေးလို့ရပါတယ်။

ဒေါက်တာမြတ်နိုးဗမာ
“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803/ 09668162347

🤧 နှာခေါင်းပိတ်တာ ဘယ်လိုမှ မပျောက်နိုင်တော့တဲ့အခါ... 🤧  #နာတာရှည်ထိပ်ကပ်နာအကြောင်း😪 နှာခေါင်းက အမြဲတမ်း ပိတ်နေသလို ခံစား...
05/10/2025

🤧 နှာခေါင်းပိတ်တာ ဘယ်လိုမှ မပျောက်နိုင်တော့တဲ့အခါ... 🤧
#နာတာရှည်ထိပ်ကပ်နာအကြောင်း

😪 နှာခေါင်းက အမြဲတမ်း ပိတ်နေသလို ခံစားနေရလား..?
😰 မျက်နှာတစ်ဝိုက်က လေးလံထိုင်းမှိုင်းပြီး နေလား? ညဘက် ချောင်းဆိုးတာ ပိုဆိုးလာသလား..?

မင်္ဂလာပါ...
ဒီနေ့မှာတော့ ထိပ်ကပ်နာလို့ ခေါ်ကြတဲ့ နှာခေါင်းနဲ့မျက်နှာကလေအိတ်ငယ်လေးတွေရောင်ရမ်းခြင်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်...

❓ နာတာရှည် ထိပ်ကပ်နာဆိုတာ ဘာလဲ... ❓
ထိပ်ကပ်နာ (Sinusitis) ဆိုတာ နှာခေါင်းတစ်ဝိုက်မှာရှိတဲ့ လေအိတ်ငယ်လေးတွေ ရောင်ရမ်းတာပါ... ရုပ်ချည်းဖြစ်တာနဲ့ ကြာရှည်ဖြစ်တာဆိုပြီးတော့ နှစ်မျိုးရှိပြီး ၃ လနဲ့အထက် ဖြစ်နေရင်တော့ နာတာရှည် ထိပ်ကပ်နာ ဖြစ်သွားပါပြီ...
ဒီလို ရေရှည်ရောင်ရမ်းမှုကြောင့်...
👾 လေရှူလမ်းကြောင်းတွေ ပိတ်ဆို့တာ
👾 အချွဲအကျိတွေ စုပုံပြီး အပြင်မထွက်နိုင်တာ
👾 မျက်နှာတစ်ဝိုက်မှာ ဖိအားနဲ့ နာကျင်မှု ခံစားရတာ
👾 မောပန်းနွမ်းနယ်တာတွေ ဖြစ်လာစေပါတယ်...

❓ ရောဂါလက္ခဏာတွေက ဘာတွေလဲ... ❓
😨 အနံ့မရတော့တာ
😨 အဝါရောင်/အစိမ်းရောင် ချွဲအကျိတွေ ရက်ရှည်ထွက်နေတာ
😨 ပါး၊ နဖူး ဒါမှမဟုတ် မျက်လုံးတစ်ဝိုက်မှာ ဖိအား ဒါမှမဟုတ် နာကျင်ကိုက်ခဲတာ
😨 လည်ချောင်းနောက်ကို ချွဲတွေ စီးကျပြီး ချောင်းခဏခဏဟန့်နေရတာ
😨 နှာခေါင်းပိတ်လို့ ညဘက် ကောင်းကောင်း အိပ်မပျော်ဘဲ မောပန်းနွမ်းနယ်နေတာ

✅ ဆောင်ရန် တွေက ✅
✅ဆားရည်နဲ့ နှာခေါင်းဆေးခြင်း (Saline Nasal Rinses) ကို နေ့စဉ် ပုံမှန်ပြုလုပ်ပါ...
✅ ဆရာဝန် ညွှန်ကြားချက်နဲ့အညီ စတီးရွိုက် နှာခေါင်းဖြန်းဆေး များကို စနစ်တကျ သုံးစွဲပါ...
✅ ဓာတ်မတည့်မှုတွေကို သတိထားပြီး ဆေးလိပ်၊ ခြင်ဆေး၊ မီးခိုးငွေ့၊ အညှော်နံ့တွေနဲ့ လေထုညစ်ညမ်းမှု ရှိတဲ့ နေရာတွေကို ရှောင်ပါ...
✅ ရေများများသောက်ပြီး လုံလောက်စွာ အနားယူ ပါ။

❌ ရှောင်ရန်တွေက ❌
❌ နှာခေါင်းပိတ်တာ သက်သာစေတဲ့ Decongestant ဖြန်းဆေးတွေကို အလွန်အကျွံ မသုံးပါနဲ့...
❌ ရိုးရိုး နှာစေးနေတာလို့ပဲထင်ပြီး ဆေးမကုဘဲ အကြာကြီးမနေပါနဲ့...

❓ ဘယ်လိုကုသလို့ရလဲ... ❓
✅ ရောင်ရမ်းမှု လျှော့ချဖို့ စတီးရွိုက် နှာခေါင်းဖြန်းဆေးတွေ၊ ပိုးဝင်တာ တွေ့ရင် ပဋိဇီဝဆေးတွေ (Antibiotics) ပေးတာမျိုး တွေအပြင်
နှာခေါင်းတွင်းမှန်ပြောင်းကြည့်ပြီး လေပူဖောင်းနဲ့ ကျဉ်းနေတဲ့ ထိပ်ကပ်နာလမ်းကြောင်းကို ချဲ့ပေးတဲ့ Balloon Sinuplasty လိုမျိုး တွေလုပ်လို့ရပါတယ်...
🌟 နောက်ထပ်အရေးကြီးတာက နေထိုင်မှုပုံစံကိုလဲ ပြုပြင်ရပါမယ်... ကိုယ်နဲ့မတည့်တာတွေကို သေချာ သတိထားရှောင်တာ၊ လေထုအစိုဓါတ်ကိုသေချာထိန်းသိမ်းတာတွေကလည်း အရေးကြီးပါတယ်...

🚑 ဆရာဝန်နဲ့ ဘယ်အချိန် ပြသသင့်လဲ..? 🚑
နာတာရှည် ထိပ်ကပ်နာကို စောစောကုသလေ၊ ပိုသက်သာလေပါပဲ...
✅ နှာခေါင်းပိတ်၊ အချွဲထွက်တာ ၃ လကျော်ကြာနေရင်...
✅ မျက်နှာ နာကျင်ကိုက်ခဲတာ အရမ်း ပြင်းထန်လာရင်...
✅ ဖျားနာတာ၊ မျက်လုံးတစ်ဝိုက် ရောင်ရမ်းတာ ဒါမှမဟုတ် အမြင်အာရုံ ပြောင်းလဲမှုတွေ တွဲပြီး ဖြစ်လာရင်...
✅ ညဘက် ချောင်းဆိုးတာကြောင့် အိပ်ရေးအရမ်းပျက်ရလျှင်...

💡 တကယ်တော့ နာတာရှည် ထိပ်ကပ်နာဟာ "ရိုးရိုးအအေးမိခြင်း" မဟုတ်ပါဘူး... စောစီးစွာ ဂရုစိုက်ကုသရင် နောက်ဆက်တွဲပြဿနာတွေ ကာကွယ်နိုင်ပြီး ပိုမိုသက်သောင့်သက်သာ အသက်ရှူနိုင်မှာ ဖြစ်ပါတယ်ရှင်...

ဒေါက်တာမြတ်နိုးဗမာ
“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
☎️ 09973914030
☎️ 09776417803
☎️ 09668162347




#နာတာရှည်ထိပ်ကပ်နာ

ချွေးတွေ သိပ်ထွက်လွန်းလို့ စိတ်ညစ်နေရပြီလား?မင်္ဂလာပါ။ ဒီနေ့မှာတော့ Hyperhidrosis လို့ခေါ်တဲ့ ချွေးအလွန်အကျွံထွက်တဲ့အခြေ...
03/10/2025

ချွေးတွေ သိပ်ထွက်လွန်းလို့ စိတ်ညစ်နေရပြီလား?

မင်္ဂလာပါ။ ဒီနေ့မှာတော့ Hyperhidrosis လို့ခေါ်တဲ့ ချွေးအလွန်အကျွံထွက်တဲ့အခြေအနေတစ်ခုအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။

Hyperhidrosis ချွေးအလွန်အကျွံထွက်တယ်ဆိုတာဘာလဲ။
တချို့သူတွေဟာ ပုံမှန်အခြေအနေမှာပဲဖြစ်ဖြစ်၊ အားကစားလုပ်တာ၊ လှုပ်လှုပ်ရှားရှား လုပ်တာမျိုးမဟုတ်လဲ၊ ရာသီဉတုမပူလဲ လိုအပ်တာထက် ပိုပြီး ချွေးတွေ အများကြီး ထွက်နေတတ်ပါတယ်။ ဒါကို ဆေးပညာအရ Hyperhidrosis လို့ ခေါ်ပါတယ်။ လက်ဖဝါးတွေ စို၊ ချိုင်းကြားတွေ ရွှဲ၊ ခြေဖဝါးတွေကနေ ချွေးစေးတွေ ထွက်နေတာမျိုးပါ။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ?
အသက်အရွယ်မရွေး ဖြစ်နိုင်ပေမဲ့
အများစုကတော့ ဆယ်ကျော်သက်အရွယ် မှာ စဖြစ်လေ့ရှိပါတယ်။
အချို့လူကြီးတွေမှာတော့ သိုင်းရွိုက်ရောဂါ (Thyroid)၊ ဆီးချို၊ ကူးစက်ရောဂါတွေ၊ တချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်တရက် စတင်ခံစားရတတ်ပါတယ်။

ဘာကြောင့် ဒီလောက် စိတ်ညစ်စရာ ဖြစ်ရတာလဲ?
ချွေးအလွန်အကျွံထွက်တာက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုတည်းတင် မဟုတ်ဘဲ လူမှုဘဝကိုပါ ထိခိုက်စေပါတယ်။
• အဝတ်အစားတွေ စိုစွတ်ပြီး အစွန်းအထင်းတွေ ထင်တာမျိုး၊ လက်ဆွဲနှုတ်ဆက်ဖို့၊ ဖိနပ်ချွတ်ဖို့ အခက်တွေ့ရတာမျိုးတွေ
• လူမှုပတ်ဝန်းကျင်မှာ စိတ်မသက်မသာ ဖြစ်တာ၊ အနေရခက်ရတာမျိုးတွေ
• အလုပ်အကိုင်၊ ဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပေါ်မှာပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။

သက်သာစေဖို့ ဘာတွေလုပ်လို့ရလဲ?
ချွေးအလွန်အကျွံထွက်တာဟာ ကုသလို့ရတဲ့ အခြေအနေတစ်ခုပါ။
✅ အားကောင်းတဲ့ ချွေးနံ့ပျောက်ဆေးတွေ ညအိပ်ယာဝင်ခါနီး လိမ်းပေးပါ။
✅ ပေါ့ပါးတဲ့ အဝတ်အစားနဲ့ ဖိနပ်: လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားနဲ့ ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ပါ။
✅ချွေးထွက်တာကို လပေါင်းများစွာ သိသိသာသာ လျော့ကျစေနိုင်တဲ့ Botox ထိုးဆေးများ၊ အခြားသောက်ဆေး/လိမ်းဆေးများကိုလဲ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သုံးနိုင်ပါတယ်။
✅ Iontophoresis: လက်ဖဝါးနဲ့ ခြေဖဝါး ချွေးထွက်တာတွေကို လျှပ်စစ်ဓာတ်အား အနည်းငယ်သုံးပြီး ကုသတဲ့နည်းလမ်းလဲရှိပါတယ်။
✅ အထက်ပါနည်းလမ်းတွေနဲ့ မသက်သာရင် ချွေးဂလင်းတွေ ဒါမှမဟုတ် အာရုံကြောတွေကို ခွဲစိတ်ပြီး ကုသတာမျိုးကို နောက်ဆုံးအဆင့်အနေနဲ့ စဉ်းစားနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းကို လာရောက်ပြသသင့်လဲ?
• ချွေးထွက်များလွန်းလို့ နေ့စဉ်ဘဝကို အနှောင့်အယှက် ဖြစ်လာပြီဆိုရင်။
• ရုတ်တရက် အကြောင်းမဲ့ ချွေးထွက်များလာခဲ့ရင်။
• ချွေးထွက်တာအပြင် ကိုယ်အလေးချိန် ကျတာ၊ ဖျားတာ၊ ညဘက်ချွေးထွက်တာမျိုးတွေပါ တွဲနေရင်။

ချွေးအလွန်အကျွံထွက်ခြင်းနှင့်ပတ်သက်ပြီးသိချင်တာတွေရှိရင် comment မှာရော chat box မှာပါ လာမေးလို့ရပါတယ်။

“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803/ 09668162347




#ချွေးအလွန်အကျွံထွက်ခြင်း

မင်္ဂလာပါ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးရက်မြတ်မှာ လူကြီးမင်းတို့နဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ပေးနိုင်...
03/10/2025

မင်္ဂလာပါ
သီတင်းကျွတ်လပြည့်နေ့ နေ့ထူးရက်မြတ်မှာ လူကြီးမင်းတို့နဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ ကောင်းသုခဆေးခန်းကို ပုံမှန်အချိန်အတိုင်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာတဲ့ သီတင်းကျွတ်မင်္ဂလာပါဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်! 🌸🙏

“ကောင်းသုခအထွေထွေရောဂါကုဆေးခန်းနှင့်ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803/ 09668162347

မင်္ဂလာပါဒီနေ့မှာတော့ - အကုန်လုံးကြောက်ကြတဲ့ - ရောဂါလက္ခဏာတွေ စပြပြီဆိုတာနဲ့ သေဆုံးနိုင်ခြေ ၁၀၀% နီးပါးရှိတဲ့ ခွေးရူးရော...
18/09/2025

မင်္ဂလာပါ
ဒီနေ့မှာတော့
- အကုန်လုံးကြောက်ကြတဲ့
- ရောဂါလက္ခဏာတွေ စပြပြီဆိုတာနဲ့ သေဆုံးနိုင်ခြေ ၁၀၀% နီးပါးရှိတဲ့
ခွေးရူးရောဂါပိုးအကြောင်းကို ပြောပြချင်ပါတယ်။
မပြောပြခင် မေးခွန်းလေး ၂ ခု မေးကြည့်ချင်ပါတယ်။
❓၁။ ခွေးရူးပြန်ရောဂါပိုးဟာ ခွေးတွေဆီကနေပဲ ကူးစက်နိုင်တာလား?
❓၂။ တိရစ္ဆာန်တစ်ကောင်မှာ ခွေးရူးပြန်ရောဂါပိုးရှိ၊ မရှိကို ကြည့်တာနဲ့သိနိုင်ပါသလား?
အဖြေတွေကို ပို့စ်အဆုံးမှာဖြေထားပါမယ်နော်။
ကျမကတော့ ကောင်းသုခဆေးခန်းက ဒေါတ်တာမြတ်နိုးဗမာပါ။

ခွေးရူးပြန်ရောဂါဆိုတာဘာလဲ။
ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ အလွန်
အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။
သူ့ကြောင့် တစ်နှစ်ကို လူ ၅၉,၀၀၀ လောက် သေဆုံးနေရဆဲဖြစ်ပြီးအသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ အန္တရာယ်အရှိဆုံးအုပ်စုထဲမှာ ပါဝင်ပါတယ်။
အာရှနဲ့ အာဖရိကတိုက်တွေမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားပါတယ်။

ဘယ်တိရစ္ဆာန်တွေကနေ ကူးစက်နိုင်သလဲ။
• ခွေး (အာရှနဲ့ အာဖရိကမှာ ရောဂါပိုးကူးစက်ခံရမှုရဲ့ ၉၅% ကျော်ဟာ ခွေးတွေကနေဖြစ်ပါတယ်)
• လင်းနို့
• ကြောင်
• ရက်ကွန်းဝံ၊ ရှဉ့်၊ မြေခွေး၊ မျောက် နဲ့ အခြားနို့တိုက်
သတ္တဝါများ

ကမ္ဘာတစ်ဝန်း ခွေးရူးပြန်ရောဂါအခြေအနေ

ခွေးရူးပြန်ရောဂါ ဘယ်လိုကူးစက်သလဲ။
• ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ အကိုက်ခံရခြင်း (သို့) အစွယ်နဲ့အခြစ်ခံရခြင်း။
• ရောဂါပိုးရှိတဲ့တိရစ္ဆာန်ရဲ့ တံတွေးဟာ အရေပြားပေါက်ပြဲနေတဲ့နေရာ (သို့) မျက်လုံး၊ ပါးစပ်တို့ကနေ ဝင်ရောက်သွားခြင်း။

ခွေးရူးပြန်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
✔️ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်တွေကို ကာကွယ်ဆေးထိုးပါ။
✔️ လမ်းဘေးတိရစ္ဆာန် ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့တာကို ရှောင်ပါ။
✔️ ကိုက်ခံရတဲ့ဒဏ်ရာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ချက်ချင်းဆေးကြောပါ။
✔️ နီးစပ်ရာဆေးခန်း (သို့) ဆေးရုံကို အမြန်သွားရောက်ပြီး ခွေးရူးပြန်ကာကွယ်ဆေးနဲ့ immunoglobulin ထိုးနှံပါ။

✅ အဖြေ ၁။ လင်းနို့၊ ကြောင်၊ တောရိုင်းတိရစ္ဆာန်တွေဆီကနေလည်း ကူးစက်နိုင်ပါတယ်။

✅ အဖြေ ၂။ တချို့ပိုးရှိနေတဲ့တိရစ္ဆာန်တွေက ရောဂါပိုးရှိနေတာမသိသာနိုင်ပါ။

ခွေးရူးရောဂါ၊ ကာကွယ်ဆေးထိုးခြင်း တွေနဲ့ ပတ်သတ်ပြီး သိချင်တာရှိရင် comment မှာရော chat box မှာပါ လာမေးလို့ရပါတယ်။

“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030 09776417803 09668162347

မင်္ဂလာပါရှင်ကျမတို့ ကောင်းသုခဆေးခန်း (ဒေါပုံ) မှ ကျန်းမာရေးဝန်ဆောင်မှုများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောင်းသုခမှာမိသားစုက...
16/09/2025

မင်္ဂလာပါရှင်
ကျမတို့ ကောင်းသုခဆေးခန်း (ဒေါပုံ) မှ ကျန်းမာရေးဝန်ဆောင်မှုများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောင်းသုခမှာ
မိသားစုကျန်းမာရေး
ဖျားနာလူနာများ
သွေးတိုးဆီးချိုနှလုံးကဲ့သို့ နာတာရှည်ရောဂါများ
ကလေးငယ်များကျန်းမာရေး
မျိုးဆက်ပွါး၊ သားဆက်ခြားခြင်းများ
ကာကွယ်ဆေးထိုးခြင်းများ
အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုများ
သွေး၊ ဆီး စသဖြင့်ဓါတ်ခွဲ‌စစ်ဆေးခြင်းများ
အဝေးရောက်နေသူများအတွက် Teleconsultations များကို နေ့စဉ်ပိတ်ရက်မရှိ မနက် 9 မှ ည 8 အထိဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
‌ကျန်းမာရေးဝန်ဆောင်မှုတစ်ခုခုလိုအပ်လျှင် ဆွေးနွေးတိုင်ပင်ရန်
ဆေးခန်းဖုန်း 09973914030/ 09776417803 တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဆေးခန်းလိပ်စာက
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး) ဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာအန္တရာယ်ကင်းတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေရှင်။

ကလေးတွေ ကျောင်းတက်ရင် ဘာကြောင့် နေမကောင်းဖြစ်လွယ်တာလဲမင်္ဂလာပါ ဖေဖေမေမေတို့ရေတစ်ပတ်မှာ ၅ ရက်ကျောင်းတက်ရင် ၃ ရက်လောက်ကဖျာ...
12/09/2025

ကလေးတွေ ကျောင်းတက်ရင် ဘာကြောင့် နေမကောင်းဖြစ်လွယ်တာလဲ

မင်္ဂလာပါ ဖေဖေမေမေတို့ရေ
တစ်ပတ်မှာ ၅ ရက်ကျောင်းတက်ရင် ၃ ရက်လောက်ကဖျားဖျားနေတတ်တဲ့ သားသားမီးမီးလေးတွေရှိကြမယ်ထင်ပါတယ်
ဒီနေ့မှာတော့ ကလေးလေးတွေ ကျောင်း/မူကြိုတက်တဲ့အခါ ဘာလို့ ခဏခဏဖျားတတ်ကြတာလဲဆိုတာရယ် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ ဘယ်အချိန်မှာ စိတ်ပူရမလဲ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။
ကျွန်မကတော့ ကောင်းသုခဆေးခန်းက ဒေါက်တာမြတ်နိုးဗမာဖြစ်ပါတယ်။

များသောအားဖြင့်ကလေးကြီးတွေထက်စာရင် အခုမှ ကျောင်း/ မူကြိုစတက်ကြတဲ့ ကလေးငယ်လေးတွေက ခဏခဏပိုဖျားတတ်ကြပါတယ်။ ကျွန်မတို့ဆေးခန်းမှာကြုံရတဲ့ ကလေးလေးတွေဆို တင်္နလာနေ့မနက်ကျောင်းပို့တယ် နေ့လည်ကျ အတန်းပ်ိုင်ဆရာမက ကိုယ်ပူလို့ပြန်လာခေါ်ဖို့ ဖုန်းဆက်တယ်။ ဆေးခန်းလာတယ်။ ကုသမှုယူတယ်။ ကောင်းသွားတယ်။ ကျောင်း တစ်ရက်နှစ်ရက်ပြန်တက်ပြီး ပိတ်ရက်မှာအကောင်း ဟော နောက်တစ်ပတ်ကျ အစက ပြန်ဖျားပြန်ရော ဆိုတဲ့ ဖြစ်စဉ်လေးတွေ ခုလိုကျောင်းဖွင့်စရာသီမှာ ခဏခဏတွေ့ရတတ်ပါတယ်။
ဒီအထဲမှာ အများစုကတော့ သာမန်အဖျားလေးတွေပဲ ဖြစ်ပေမဲ့ တစ်ခါတစ်လေလဲ စိတ်ပူရတဲ့သွေးလွန်တုပ်ကွေးလိုမျိုး၊ အဆုတ်ရောင်ရောဂါလိုမျိုးအဖျားတွေလဲပါတတ်တာမို့ အမြဲတော့ သတိထားနေရမှာပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေဘာလို့ခဏခဏဖျားကြတာလဲ
ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးတွေလို ကောင်းကောင်းမဖွံဖြိုးသေးပါဘူး။ ပိုးဝင်လာရင် အားကောင်းကောင်းနဲ့ ပြန်မတိုက်ခိုက်နိုင်သေးပါဘူး။ ဆိုတော့ ရောဂါပိုးခဏခဏဝင်လွယ် ဖျားလွယ်တတ်ပါတယ်။ ဒီ့အပြင် ကလေးလေးတွေဖြစ်တာမို့ facemask တွေလဲ မတပ်တတ်သေးပဲ တစ်ယောက်ချောင်းဆိုး တစ်ခန်းလုံးကူး လဲဖြစ်တတ်ကြပါသေးတယ်။ လေဝင်လေထွက်မကောင်းတဲ့၊ မကျယ်ဝန်းတဲ့နေရာမျိုးမှာဆို ပိုတောင်ကူးစက်ဖို့လွယ်ပါတယ်။

ဘယ်လိုအဖျားမျိုးဆို စိတ်ပူရမလဲ
အခုလိုမိုးရာသီမှာကတော့ အားလုံးသိကြတဲ့ သွေးလွန်တုပ်ကွေးပါပဲ။ ဒီ့အပြင်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောကစလို့ ပန်းနာရင်ကြပ်ရောဂါတွေ၊ အိမ်သာသေသေချာချာမသုံးတတ်သေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေအထိလဲ ဖြစ်တတ်ပါသေးတယ်။ အဓိကကတော့
၃ ရက်ထပ်ပိုဖျားလျှင်
အစားမဝင်၊ ရေမသောက်နိုင်လျှင်
ဆီး၊ ဝမ်းမူမမှန်လျှင်
အသက်ရှူရခက်သည့်လက္ခဏာ တွေ့ရလျှင်
ကလေးနုံးနေလျှင်
အရေးကြီးပြီးတော့ ဆရာဝန်နှင့်ပြသကာ ကျန်းမာရေးစောင့်ရှောက်မှုကိုသေချာခံယူသင့်ပါတယ်။
အဖျားရက်တော့ မရှည်ဘူး ဒါပေမဲ့ ခဏခဏကိုဖျားနေတယ် တစ်နှစ်မှာ ၈-၁၀ ကြိမ်လောက်ကိုဖျားနေပြီဆိုလျှင်လဲ လိုအပ်တဲ့စစ်ဆေးမှုများကိုလုပ်သင့်ပါတယ်။

ခဏခဏမဖျားရအောင်ဘယ်လိုကာကွယ်ကြမလဲ
ဒါလဲ ဖေဖေမေမေတို့သိပြီးဖြစ်မှာပါ။ အားရှိတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများများကျွေးမယ်။ ရေကျက်အေး များများတိုက်မယ်။ လက်သေသေချာချာဆေးမယ်။ အိပ်ရေးဝဝအိပ်ခိုင်းမယ်။ မလိုအပ်ပဲ လူများတဲ့နေရာတွေခဏခဏမသွားခိုင်းဘူး စသဖြင့် လိုအပ်သလိုပြုစုစောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အိမ်ကကလေးလေးတွေကို ဘယ်လိုပိုပြီးဂရုစိုက်ရမလဲ လေးတွေ သတိထားမိကြလောက်ပြီထင်ပါတယ်။
ဒီနေ့ post လေးကို ဒီမှာအဆုံးသတ်ပါရစ

ကောင်းသုခဆေးခန်း
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း -09973914030/ 09776417803

နေ့စဉ်ဘဝမှာ ကျန်းမာသွက်လက်ချင်ရင် ဒီအကျင့် ၅ ခုကိုရှောင်ရမယ်နော်၁။ အထိုင်များတာ၂။ မနက်စာမစားတာ၃။ အိပ်ခါနီး ဖုန်း/ကွန်ပြူ...
10/09/2025

နေ့စဉ်ဘဝမှာ ကျန်းမာသွက်လက်ချင်ရင် ဒီအကျင့် ၅ ခုကိုရှောင်ရမယ်နော်
၁။ အထိုင်များတာ
၂။ မနက်စာမစားတာ
၃။ အိပ်ခါနီး ဖုန်း/ကွန်ပြူတာ တအားကြည့်တာ
၄။ ရေလုံလောက်အောင်မသောက်တာ
၅။ စိတ်ဖိစီးမှု တအားများတာ

“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803

Address

No 11, Kyaung Taw Yar Street, Daw Pone
Yangon
11241

Opening Hours

Monday 09:00 - 12:00
16:00 - 19:00
Tuesday 09:00 - 12:00
16:00 - 19:00
Wednesday 09:00 - 12:00
16:00 - 19:00
Thursday 09:00 - 12:00
16:00 - 19:00
Friday 09:00 - 12:00
16:00 - 19:00
Saturday 09:00 - 12:00
16:00 - 19:00
Sunday 09:00 - 12:00
16:00 - 19:00

Telephone

+959973914030

Website

Alerts

Be the first to know and let us send you an email when ကောင်းသုခ - Kaung Thukha Clinic and Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category