Manee Rattana Vocational And Technical College

Manee Rattana Vocational And Technical College 𝐒𝐭𝐮𝐝𝐲 𝐀𝐧𝐝 𝐖𝐨𝐫𝐤 𝐈𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝
🇹🇭ထိုင်းမှာ Full-Time Internships လုပ်ရင်းအဝေးသင်တက်မယ် Monday Is Close

ပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးသွားတဲ့အခါ “ငါ့ရဲ့ အနာဂတ်အတွက် ဘာတွေဆက်လုပ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်သ...
20/04/2026

ပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးသွားတဲ့အခါ “ငါ့ရဲ့ အနာဂတ်အတွက် ဘာတွေဆက်လုပ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်သစ်၊ လူသစ်၊ ခြေလှမ်းသစ်တွေ စတင်ချင်ကြတယ် မဟုတ်လား⁉️

🔹 ကိုယ့်ရဲ့ အနာဂတ်အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ စိတ်ကူးနေတာဖြစ်ဖြစ်၊

🔹 ဒါမှမဟုတ် တခြားလူငယ်တွေလိုမျိုး ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်တွေ လုပ်ကိုင်ချင်တာဖြစ်ဖြစ်၊

သင်္ကြန်အပြီးမှာ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေ ပုံဖော်ဖို့အတွက် လမ်းကြောင်းတစ်ခုလိုနေပြီ ဆိုရင်တော့…👇

ထိုင်းနိုင်ငံကို အခက်အခဲမရှိဘဲ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ထွက်ခွာနိုင်ဖို့ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေ အသင့်ရှိနေပါတယ်နော်။

✅ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေဟာဆိုရင် ထိုင်းအဝေးသင်ဖြစ်တဲ့ 𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ကျောင်းတက်ရင်း အလုပ်လုပ်နိုင်ဖို့အတွက် စ၊ လယ်၊ ဆုံး ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်အပြီးမှာ စိတ်သစ်၊ လူသစ်နဲ့ ခြေလှမ်းအသစ်တွေ စတင်ဖို့အတွက် 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ကိုသာ လာခဲ့လိုက်ပါနော်…🤗

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
☎️ Hotline: 09 792 297 247
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

🇹🇭 မြန်မာနိုင်ငံကနေ ထွက်ပြီး မွေးရပ်မြေ မဟုတ်တဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ရမယ်၊ Struggle လုပ်ရတော့မယ်ဆိုရင် ဘယ်သူမဆို စိတ်...
19/04/2026

🇹🇭 မြန်မာနိုင်ငံကနေ ထွက်ပြီး မွေးရပ်မြေ မဟုတ်တဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ရမယ်၊ Struggle လုပ်ရတော့မယ်ဆိုရင် ဘယ်သူမဆို စိတ်လှုပ်ရှားကြမှာပါပဲ။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးမျိုးတော့ လုံးဝ မဝင်စေချင်ပါဘူး။

🙌 MRVT ကနေတစ်ဆင့် ထိုင်းနိုင်ငံမှာ ပညာသင်ကြားဖို့ ပြင်ဆင်သွားမဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ ထိုင်းလေဆိပ်အဝင်ပေါက်ကနေစပြီး Thonburi University တာဝန်ရှိ လူကြီးမင်းတွေနဲ့ စီနီယာ ကျောင်းသားတွေက အသေးစိတ် အစအဆုံးကူညီပေးဖို့ လာရောက် စောင့်ကြိုပေးသွားမှာပါ။ လိုအပ်တာတွေ၊ သိချင်တာတွေကိုလည်း ပြောပြပေးရင်း မိသားစု၊ မောင်နှမတွေလို ဖေးမ တွဲကူပေးသွားမှာပါ...🫂

🥰 ကျောင်းတက်တဲ့ကာလမှာလည်း ထိုင်းက မိတ်ဆွေတွေသာမက MRVT က ကျောင်းသားတွေအချင်းချင်း ကူညီရိုင်းပင်းရင်း နွေးထွေးတဲ့ Community တစ်ခုကို ဖန်တီးနိုင်တာမလို့ အထီးမကျန်ရတဲ့ ပညာရေးခရီးစဉ်ဖြစ်မယ်ဆိုတာ ရာနှုန်းပြည့် အာမခံပေးနိုင်ပါတယ်။

ဒီတော့ နိုင်ငံရပ်ခြားမှာ ပညာယူဖို့ မကြောက်ပါနဲ့၊ အချိန်မဆွဲပါနဲ့။
MRVT ကနေ သင် လေ့လာလိုတဲ့ ပရိုဂရမ်၊ မေဂျာတွေနဲ့ ပတ်သက်ပြီး အခုပဲ ဆွေးနွေးတိုင်ပင်လိုက်ပါ....❤️

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
☎️ Hotline: 09 792 297 247
☎️ Thai Ph - 0838794327
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

💦သင်္ကြန်ဆုမွန်ကောင်းမြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်...
16/04/2026

💦သင်္ကြန်ဆုမွန်ကောင်း

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး စိတ်ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏

နှစ်သစ်မှာ ခွန်အားသစ်တွေနဲ့အတူ မိမိတို့ရဲ့ ပညာရေးခရီးလမ်းမှာ အောင်မြင်မှုအသစ်တွေကို ဆက်လက်ထုဆစ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။



#နှစ်သစ်ကူး #သင်္ကြန် #မြန်မာ့ရိုးရာနှစ်သစ်ကူး

ယနေ့ ကျရောက်တဲ့ သင်္ကြန်အခါသမယမှာ မိဘ၊ဆရာ၊ကျောင်းသား၊ကျောင်းသူ၊ မိတ်ဆွေများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ဟောင်းသ...
13/04/2026

ယနေ့ ကျရောက်တဲ့ သင်္ကြန်အခါသမယမှာ မိဘ၊ဆရာ၊ကျောင်းသား၊ကျောင်းသူ၊ မိတ်ဆွေများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
ဟောင်းသမျှအခက်အခဲတွေကို ရေဆေးချပြီး
အသစ်သစ်သော ပျော်ရွှင်မှုများ၊ အောင်မြင်မှုများကို လက်ခံရရှိကြပါစေ။

မေတ္တာ၊ သည်းခံခြင်း၊ နားလည်မှုများနှင့်အတူ
ဘဝလမ်းခရီးကို လှပစွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။

မြန်မာနှစ်သစ်မှာ
ကံကောင်းခြင်းများ ပိုမိုရရှိပြီး
မိသားစုနှင့်အတူ ပျော်ရွှင်စရာအချိန်များ ပြည့်နှက်နေပါစေ လို့ MRVT College မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🌸💦

13/04/2026

ယနေ့ ကျရောက်တဲ့ မြန်မာတို့ရဲ့ မွန်မြတ်လှ သော အတာနှစ်ကူး သင်္ကြန်မှစ၍ မိဘ/ဆရာ/ ကျောင်းသူ/သား များ၊ မိတ်ဆွေများအားလုံးကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ လာဘ်၏ ရွှင်မြူးခြင်း၊ စီးပွါး၏ တိုးတက်ခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း MRVT College မှ ယိမ်းသမလေးများ၏ အကအလှနှင့်အတူ MRVT College မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ဗျာ။🙏

🔫 ဒီနှစ် ထိုင်းသင်္ကြန် Songkran ကို အမီ ဝင်ပျော်ချင်တယ်၊ 🤩 ဒါပေမဲ့ နောင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ပြီးတော့ စိတ်ချရချင...
11/04/2026

🔫 ဒီနှစ် ထိုင်းသင်္ကြန် Songkran ကို အမီ ဝင်ပျော်ချင်တယ်၊
🤩 ဒါပေမဲ့ နောင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ပြီးတော့ စိတ်ချရချင်တယ်ဆိုရင်တော့ အခုကတည်းက MRVT အခုနဲ့အတူ ဆွေးနွေးတိုင်ပင်သင့်ပါပြီနော်။

🇲🇲 မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေပဲဖြစ်ဖြစ်၊
🇹🇭 ထိုင်းနိုင်ငံကနေမှ စိတ်ချရတဲ့ ကောလိပ်နဲ့ ဆက်သွယ်ပြီး ကျောင်းတက်ချင်သူတွေအတွက်ပဲ ဖြစ်ဖြစ် ရေကန်အသင့်၊ ကြာအသင့်ဖြစ်အောင် စီစဉ်ပေးနေပါပြီ။

🎯 ကျောင်းကိစ္စ၊ ဗီဇာကိစ္စ၊ ကျောင်းတက်ရင်း အလုပ်အကိုင်အခွင့်အလမ်းတွေပါ ရရှိအောင် လမ်းဖောက်ပေးထားသလို ကျောင်းသားတစ်ဦးစီတိုင်းကို အကြံဉာဏ်တွေ ပေးရင်း အသေးစိတ် ဂရုစိုက်ပေးနေတာမလို့ Songkran ပွဲကြီးကို နောက်ဆံမတင်းဘဲ ပျော်နိုင်အောင် အခုပဲ Plan တွေ စလိုက်တော့နော်....❤️

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
☎️ Hotline: 09 792 297 247
☎️ Thai Ph - 0838794327
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

🥳 ပျော်ရွှင်စရာ နှစ်သစ်ကို ဒါနကုသိုလ်ပြုရင်း အစပြုချင်တာကြောင့် သကြင်္န်အကြိုနေ့မှာ စတုဒီသာလေးတွေ ကျွေးဖို့ ပြင်ဆင်ထားပါ...
10/04/2026

🥳 ပျော်ရွှင်စရာ နှစ်သစ်ကို ဒါနကုသိုလ်ပြုရင်း အစပြုချင်တာကြောင့် သကြင်္န်အကြိုနေ့မှာ စတုဒီသာလေးတွေ ကျွေးဖို့ ပြင်ဆင်ထားပါတယ်။

📆 သင်္ကြန်အကြိုနေ့ - (၁၃ ရက်နေ့)
⏰ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ကြာဇံချက်နဲ့ အအေးတွေကို လူဦးရေ အယောက် (၄၀၀) စာ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

🥰 MRVT College ကျောင်းရှေ့မှာ ပျော်ရွှင်စရာ စတုဒီသာ အစီအစဉ်လေးကို ကျင်းပသွားမှာ ဖြစ်တာကြောင့် အနီးအနားရှိ မိတ်ဆွေများအားလုံး ကြွရောက်ပြီး ဒါနကုသိုလ်ဖြည့်တင်းပေးကြဖို့ လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်...❤️

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
📧 - edu@maneerattana.com
☎️ Hotline: 09 792 297 247, 09792297453
☎️ Thai Ph - 0838794327
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

💦သင်္ကြန်ရောက်လာပြီဆိုတာနဲ့… သင်္ကြန်နဲ့ ပတ်သက်ပြီး မတူညီတဲ့ စိတ်ကူးအိပ်မက်တွေ လူတိုင်းမှာ ရှိကြပါတယ်။👉 တချို့ကတော့ 𝐌𝐑𝐕𝐓...
10/04/2026

💦သင်္ကြန်ရောက်လာပြီဆိုတာနဲ့…
သင်္ကြန်နဲ့ ပတ်သက်ပြီး မတူညီတဲ့ စိတ်ကူးအိပ်မက်တွေ လူတိုင်းမှာ ရှိကြပါတယ်။

👉 တချို့ကတော့ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ (၃) လ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေကို တက်ရောက်ပြီး ထိုင်းနိုင်ငံရဲ့ 𝐒𝐨𝐧𝐠𝐤𝐫𝐚𝐧 ပွဲတော်ကြီးမှာ ရောက်ရှိဆင်နွှဲနေကြမယ်။

👉 တချို့ကတော့ ဒီမှာပဲ မိသားစုတွေနဲ့အတူ အေးအေးဆေးဆေး ဖြတ်သန်းကြမယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ ပညာရေးနဲ့ အနာဂတ်အလုပ်အကိုင်အတွက် သူများတွေလိုမျိုး ထိုင်းကိုထွက်ချင်တယ် ဆိုရင်တော့… ဒီနှစ်မှာတင် မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ထားလို့ ရပါတယ်။🤩

နောက်နှစ်သင်္ကြန်ကို ထိုင်းမှာ အလုပ်လုပ်ပြီး ကျောင်းတက်ရင်း ဖြတ်သန်းဖို့အတွက် အခုပဲ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှာ စာရင်းပေးသွင်းလိုက်ပါ။

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
☎️ Hotline: 09 792 297 247
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

MRVT College မှ အများပြည်သူသို့ တရားဝင်အသိပေးထုတ်ပြန်ချက် (Official Statement)ကျွန်ုပ်တို့ MRVT College သည်ထိုင်းနိုင်ငံ...
09/04/2026

MRVT College မှ အများပြည်သူသို့ တရားဝင်အသိပေးထုတ်ပြန်ချက် (Official Statement)

ကျွန်ုပ်တို့ MRVT College သည်ထိုင်းနိုင်ငံ Thonburi University နှင့် တရားဝင်လက်တွဲ၍ မြန်မာကျောင်းသူ/သားများအတွက် အရည်အသွေးမီ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို စေတနာရှေ့ထား ဖော်ဆောင်ပေးနေသော ကျောင်းဖြစ်ပါသည်။

လတ်တလောတွင် အထင်အမြင်လွဲမှားဖွယ်ရာ ကိစ္စရပ်အချို့နှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် အများပြည်သူ သိရှိစေရန် အောက်ပါအတိုင်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းထုတ်ပြန်အပ်ပါသည်။

၁။ တရားဝင်လမ်းကြောင်းနှင့် ဝန်ဆောင်မှုပေးခြင်း
MRVT အနေဖြင့် ကျောင်းသားများကို Thonburi University သို့ ပို့ဆောင်ရာတွင် တရားဝင်ခိုင်လုံသော လမ်းကြောင်းများဖြင့်သာ ပို့ဆောင်ပြီး၊ ကျောင်းမအပ်နှံမီကတည်းက ၄ နှစ်တာ ကုန်ကျစရိတ်နှင့် ဝန်ဆောင်ခအားလုံးကို အသေးစိတ်ရှင်းလင်းပြသပြီး ကျောင်းသားကိုယ်တိုင် သဘောတူကျေနပ်မှသာ လက်ခံဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း သတ်မှတ်ထားသော ဝန်ဆောင်မှုများကို တာဝန်ယူမှုအပြည့်ဖြင့် ဆက်လက်ပေးအပ်လျက်ရှိပါသည်။

၂။ သင်ကြားရေးနှင့် Internship လုပ်ကိုင်ခွင့်
ကျောင်းသားများ တက်ရောက်ရမည့် Major များကို ကြိုတင်ညှိနှိုင်းရွေးချယ်စေပြီးမှသာ လုပ်ငန်းစဉ်များ စတင်ခဲ့ပြီး "ကျောင်းတက်ရင်း အလုပ်လုပ်နိုင်သည်" ဆိုသည်မှာ တက္ကသိုလ်၏ Internship အစီအစဉ်အရ တရားဝင်လုပ်ကိုင်ခွင့်ရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ MRVT မှ မည်သည့် တရားမဝင်မှောင်ခိုအလုပ်မျိုးကိုမှ လုံးဝ(လုံးဝ) ချိတ်ဆက် ခွင့်ပြုခဲ့ခြင်း မရှိခဲ့ဖူးပါ။

၃။ ချေးငွေနှင့် ပညာသင်ဆုဆိုင်ရာ ကတိကဝတ်
ကျောင်းသားများ အဆင်ပြေစေရန် Scholarship များ ပေးအပ်သည့်အပြင်၊ ကျောင်းလခချေးငွေများကိုလည်း အတိုးနှုန်းမယူဘဲ အရစ်ကျ ပြန်လည်ပေးဆပ်နိုင်ရန် မေတ္တာဖြင့် စီစဉ်ပေးထားပါသည်။ အဆိုပါစာချုပ်များတွင် မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မပါဝင်ဘဲ နှစ်ဦးသဘောတူ ယုံကြည်မှုဖြင့်သာ ချုပ်ဆိုခြင်းဖြစ်ပါသည်။ အချို့သောကျောင်းသားများ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သည့်တိုင် MRVT အနေဖြင့် ရိုင်းစိုင်းစွာ ဆက်ဆံခြင်း သို့မဟုတ် အဓမ္မတောင်းဆိုခြင်းများ လုံးဝပြုလုပ်ခဲ့ခြင်း မရှိပါ။

၄။ ကျောင်းသားများအပေါ် ထားရှိသော သဘောထား
MRVT တည်ထောင်သူများအနေဖြင့် ကျောင်းသားများအပေါ် ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ရိုင်းစိုင်းစွာ ပြုမူခြင်း အလျဉ်းမရှိပါ။ ကိုယ်ရေးကိုယ်တာကြောင့် ကျောင်းဆက်မတက်ဖြစ်သူများကိုလည်း ဗီဇာပိတ်ပင်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းမျိုး လုံးဝပြုလုပ်ခြင်းမျိုးလည်း မရှိခဲ့ဘဲ ကျောင်းသားများ၏ ဆန္ဒကိုသာ အလေးထားခဲ့ပါသည်။

၅။ တာဝန်ယူမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း
နစ်နာမှုရှိသည်ဟု ယူဆသော ကျောင်းသူ/သားများအနေဖြင့် MRVT ၏ ရုံးခန်းသို့ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက် ညှိနှိုင်းနိုင်ပါသည်။ အမှန်တကယ် နစ်နာပါက အပြည့်အဝ တာဝန်ယူဖြေရှင်းပေးမည်ဖြစ်သော်လည်း၊ မဟုတ်မမှန်လုပ်ကြံ၍ ကျောင်း၏ဂုဏ်သိက္ခာကို ညိုးနွမ်းအောင်ပြုလုပ်ခြင်းမျိုးတွေကိုတော့ ရှောင်ကြဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်။

MRVT College အနေဖြင့်လည်း နောင်တွင် မြန်မာနိုင်ငံရှိကျောင်းသူကျောင်းသားများကို ထိုင်းနိုင်ငံတွင် ကျောင်းတက်ရင်းနှင့် Internship လုပ်ကိုင်နိုင်မည့် အခွင့်အရေးများကို ပွင့်လင်းမြင်သာစွာဖြင့် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားချင်ပါသည်။

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
📧 - edu@maneerattana.com
☎️ Hotline: 09 792 297 247, 09792297453
☎️ Thai Ph - 0838794327
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

🇹🇭 ထိုင်းမှာ ကျောင်းတက်ပြီး အလုပ်လုပ်ချင်ပေမဲ့… အခုထိ ထိုင်းစာ၊ ထိုင်းစကား မတတ်သေးလို့ “ ကျောင်းတက်ဖို့ရော၊ အလုပ်လုပ်ဖို...
08/04/2026

🇹🇭 ထိုင်းမှာ ကျောင်းတက်ပြီး အလုပ်လုပ်ချင်ပေမဲ့… အခုထိ ထိုင်းစာ၊ ထိုင်းစကား မတတ်သေးလို့ “ ကျောင်းတက်ဖို့ရော၊ အလုပ်လုပ်ဖို့ရော အဆင်ပြေပါ့မလား” ဆိုပြီး စိတ်ပူနေသူလေးတွေ ရှိလား❓

ဒါဆိုရင်တော့ စိတ်မပူနဲ့တော့နော်… 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေက အခုလို ဘာသာစကားအတွက် စိုးရိမ်မှုတွေကို အကုန်ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။🥰

🔰 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေမှာဆိုရင် ထိုင်းအဝေးသင် 𝐓𝐑𝐔 မှာ ကျောင်းသွားတက်ဖို့အတွက် လိုအပ်တဲ့ 𝐓𝐡𝐚𝐢 + 𝐄𝐧𝐠𝐥𝐢𝐬𝐡 ဘာသာစကား (၂) မျိုးစလုံးကို အခြေခံအဆင့်ကနေစပြီး စနစ်တကျ သင်ကြားပေးလိုက်မှာပါ။

ဒါ့အပြင်လည်း မေဂျာရွေးချယ်မှုအပိုင်းတွေ၊ တက္ကသိုလ်ရောက်တဲ့အခါမှာ ကြုံလာနိုင်တဲ့ အခြေအနေတွေကို တစ်ခါတည်း အကြံပေးဆွေးနွေးပေးပြီး ထိုင်းကိုရောက်တဲ့အခါမှာ အစိမ်းသက်သက်ကြီး ဖြစ်မနေအောင် ထိုင်းယဉ်ကျေးမှုတွေကိုပါ ရင်းနှီးကျွမ်းဝင်အောင် ပြောပြပေးမှာ ဖြစ်ပါတယ်။🤗

ဒါကြောင့်မို့ ထိုင်းစာ၊ ထိုင်းစကားကို လုံးဝမတတ်သေးတဲ့သူတွေလည်း ထိုင်းမှာ ကျောင်းတက်ဖို့ စိတ်ကူးနေတယ် ဆိုရင်တော့ 𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေကိုသာ လာတက်လိုက်ပါ။

𝐌𝐑𝐕𝐓 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ လစဉ်တန်းခွဲသစ်တွေမှာ ပထမဦးဆုံး အပ်နှံသူတွေအတွက် 𝟓% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အခွင့်အရေးတွေ ရှိတာမို့ အမြန်ဆုံးအပ်နှံဖို့လည်း မမေ့နဲ့ဦးနော်…🥳

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
☎️ Hotline: 09 792 297 247
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

🕊️ "အတောင်ပံတွေ ဖြန့်ကျက်ရင်း အိပ်မက်တွေဆီ အရောက်သွားနိုင်ဖို့ MRVT မှ ပံ့ပိုးပေးခဲ့ပါတယ်။" 🇹🇭 ဒီနေ့ မနက်မှာတော့ ကျွန်တေ...
07/04/2026

🕊️ "အတောင်ပံတွေ ဖြန့်ကျက်ရင်း အိပ်မက်တွေဆီ အရောက်သွားနိုင်ဖို့ MRVT မှ ပံ့ပိုးပေးခဲ့ပါတယ်။"

🇹🇭 ဒီနေ့ မနက်မှာတော့ ကျွန်တော်တို့ MRVT ရဲ့ ကျောင်းသားတွေဟာ အိပ်မက်တွေကို ပုံဖော်ရင်း ပညာဆည်းပူးဖို့ ထိုင်းနိုင်ငံကို စတင်ထွက်ခွာသွားကြပါပြီ။

✈️ လေဆိပ်မှာ ကျောင်းသားများအတွက် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထုပ်အပိုးနဲ့ လမ်းညွှန်မှုအားလုံးကို MRVT မှစီစဉ်ရင်း တစ်ဦးချင်းစီအတွက် အသေးစိတ် Support ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ လေဆိပ်ကနေ အတူ ထိုင်းနိုင်ငံ လေဆိပ်အထိရောက်အောင် Founder ကိုယ်တိုင် ခရီးစဉ် တစ်လျှောက်လုံးကို ဘေးကင်းလုံခြုံစွာနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

🔺 ကျောင်းသားလေးတွေ ထိုင်းနိုင်ငံမှာ အခြေကျပြီး ပညာကို စိတ်အေးချမ်းသာစွာ သင်ယူနိုင်တဲ့အထိ MRVT အဖွဲ့သားများမှ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေမှာပါ။ လိုအပ်တဲ့ Support တွေကို အမြဲ Ready ဖြစ်အောင် စီစဉ်ပေးထားမှာမလို့ မိဘတွေလည်း စိတ်အေးရပြီး ကျောင်းသားတွေလည်း ဝန်ပေါ့စေမှာပါ။

🙏 ကိုယ့်ရဲ့ ရတနာလို အဖိုးတန်တဲ့ သားသမီးတွေကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးခဲ့တဲ့ မိဘတစ်ဦးချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ သူတို့လေးတွေရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ MRVT ရဲ့ ဂုဏ်ယူမှုတစ်ခုပဲမလို့ အချိန်မရွေး လိုအပ်သမျှကို ပံ့ပိုးပေးဖို့ အသင့်ရှိနေပါမယ်... ❤️

𝐌𝐚𝐧𝐞𝐞 𝐑𝐚𝐭𝐭𝐚𝐧𝐚 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 (𝐌𝐑𝐕𝐓)
📧 - edu@maneerattana.com
☎️ Hotline: 09 792 297 247, 09792297453
☎️ Thai Ph - 0838794327
🏢 Address: No.147/A, Mingalar St, 13 Ward, South Okkalapa, Yangon.

Address

No-147(A), 13Qtr, Mingalar Road, South Oakala
Yangon
11091

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959792297247

Website

Alerts

Be the first to know and let us send you an email when Manee Rattana Vocational And Technical College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Manee Rattana Vocational And Technical College:

Share