မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

  • Home
  • Myanmar
  • Yangon
  • မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း " လက်တွဲကျန်းမာ မြတ်စေတနာ "

24/01/2026

💪💪💪💪

မြတ်စေတနာ ၂၄ နာရီ အထူးကုဆေးခန်းတွင် သူနာပြု အကူ ( Nurse Aid ) ခေါ်ယူလျှက် ရှိပါသည်။Viber နံပါတ်သို့ ဆက်သွယ်လျှောက်ထားနို...
20/01/2026

မြတ်စေတနာ ၂၄ နာရီ အထူးကုဆေးခန်းတွင်
သူနာပြု အကူ ( Nurse Aid ) ခေါ်ယူလျှက် ရှိပါသည်။
Viber နံပါတ်သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

13/01/2026

မင်္ဂလာပါ Dr P ပါ ...
ဒီနေ့ခေတ်မှာ Blind Box လေးတွေ ဖွင့်ရတာ တကယ့်ကို ရင်ခုန်စရာကောင်းတယ်နော်..
တကယ်တော့လေ ကျွန်မတို့ရဲ့ နေ့ရက်တိုင်းဟာလည်း Unbox လုပ်ရမယ့် Blind Box လေးတွေ နဲ့ မတူဘူးလားဟင်…??
မနက်နိုးထလာတဲ့နေ့ရက်တိုင်းမှာဘယ်လိုအကောင်းအဆိုးတွေကြုံရမလဲဘယ်သူမှ ကြိုမသိနိုင် ကြပါဘူးလေ..
အချို့သောနေ့တွေ မှာ
ကိုယ်အရမ်းလိုချင်တဲ့ "Lucky Item" လေး တွေလို ကံကောင်းမှုလေးတွေနဲ့ ကြုံတွေ့ရပြီး ပျော်ရွှင်ရင်ခုန်ဖွယ်ဖြစ်ခဲ့ပေမယ့်...
တစ်ခါတလေကျရင်တော့
ကိုယ်မမျှော်လင့်ထားတဲ့ "Secret Item" တွေဖြစ်တဲ့ အလုပ်ပြုတ်တာ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတာ ရုတ်တရက် ကျန်းမာရေးချို့တဲ့တာ ဒီလို မကောင်းတဲ့ အရာတွေကိုမှ မဲပေါက် မိသလို ခံစားရတတ်ပါတယ်…
ဒါဆိုစဉ်းစားကြည့်ကြရအောင်....
အကယ်၍ ကျွန်မတို့ဆီကို "ကိုယ်မလိုချင်တဲ့ "Secret Item"တွေ ရောက်လာခဲ့ရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲပေါ့....
ပထမဆုံးအနေနဲ့ ကတော့ ကြုံလာရတဲ့ ကိုယ်မလိုချင်တဲ့ ကိစ္စမှန်သမျှကို
'ဒုက္ခပါပဲ, ငါတော့ သွားပါပြီ'လို့ အဆိုးဘက်ကပဲ မတွေးလိုက်ပါနဲ့နော်..
‘ဒါဟာငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ဒါကို ငါအတတ်နိုင်ဆုံး ဖြေရှင်းကြည့်မယ်၊ ဘယ်လို အကောင်းဆုံးဖြေရှင်းကြည့်မလဲ၊ရလာတဲ့အရာတွေကနေဘယ်လိုသင်ခန်းစာယူမလဲ'ပေါ့နော်အဲဒီလိုမျိုးအကောင်းမြင်ရှုထောင့်ကနေ ကြိုးစားကြည့်ဖို့ တိုက်တွန်းပါရစေ....
ဒါ့အပြင် "ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲ?" လို့ ညည်းတွားနေမယ့်အစား "ဒီအခြေအနေကနေ ငါ ဘာသင်ယူနိုင်မလဲ?" လို့ ပြောင်းမေးကြည့်ပါနော်..
ဒီနေရာမှာ တော့ လူတစ်ဦးနဲ့ တစ်ဦး ကြုံရတဲ့ အခက်အခဲ တွေကတော့ ကွာခြားနိုင်ပါတယ်..
ဥပမာ- အလုပ်interview တစ်ခု မှာ အရွေးမခံရတဲ့အခါ အခြားသော interview တွေမှာ ငါ ဘယ် လို ပို ကောင်း အောင် လုပ် မလဲ? ဆိုပြီး ပြန် သုံးသပ်ကြည့်ပါ...

အရေးကြီး ဆုံးက တော့ ကိုယ် ထိန်းချုပ်နိုင်တာကိုပဲ အာရုံစိုက်ဖို့ပါ ပဲ..

တစ်နေ့တစ်နေ့ ဘာတွေကြုံတွေ့လာရမလဲ ဆိုတာကို ထိန်းချုပ်လို့မရပေမဲ့...
ကြုံလေသမျှ ကိစ္စတိုင်းကို"ဘယ်လို အကောင်းဆုံး တုံ့ပြန်မလဲ" ဆိုတာတော့ ကျွန်မတို့ ရွေးချယ်လို့ ရပါတယ်.
ဥပမာ- ကိုယ်ချစ်ရတဲ့ သူတွေ နဲ့ ခွဲ ခွာရတဲ့အခါ ဖြစ်လာတဲ့ ဝမ်းနည်းမှုတွေကို လက်ခံလိုက် ပြီး ဘယ်လို စိတ်ဓါတ်ကြံ့ခိုင်အောင်နေမလဲ လို့ သင်ယူတာ.. ခံစားချက်တွေ အတွေးတွေ ပိတ်လှောင်နေတဲ့ အခါ ယုံကြည် ရသူတွေ နဲ့ ဆွေးနွေး တိုင်ပင် ပြီး အဖြေရှာတာ စတာတွေက ကျွန်မတို့ ထိန်းချုပ်လို့ရတဲ့အရာတွေပါပဲ..

အဆုံးသတ်အနေနဲ့ ပြောရရင်…
ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့ Blind Box ဘူးကြီး တစ်ခုလိုပါပဲ

ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းပြီး သူ့ထဲကနေ ကောင်းတဲ့အရာတွေ ထွက်လာမလား ဆိုးတဲ့ အရာတွေ ထွက်လာမလား မသိနိုင်ပေမယ့် ရွေးချယ်ခွင့် မရှိပေမယ့်ပေါ့နော်
ဒါပေမဲ့ သေချာ တာ တစ်ခုက တော့
ကြုံလာတဲ့ကိစ္စတိုင်းက ကျွန်မတို့ရဲ့ တန်ဖိုးကို သတ်မှတ်တာ မဟုတ်ပါဘူး လောကဓံက ပေးတဲ့ "Secret Item" တွေမှန်သမျှကို ဘယ်လို ရဲဝံ့စွာ ရင်ဆိုင်မလဲ၊ စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့
ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဘယ်လိုသင်ခန်းစာယူမလဲ ဆိုတာသာ ကျွန်မတို့ရဲ့ တန်ဖိုးအစစ်အမှန်ပဲ ဖြစ်ပါတယ်...
အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ





#စိတ်ခွန်အား

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ🙏🏻🙏🏻ဒီနေ့ အတွက် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ခြေထောက်မှာဖြစ်တတ်သော ရောဂါအကြောင်းနဲ့ ကာကွယ်နည်း...
06/01/2026

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ🙏🏻🙏🏻

ဒီနေ့ အတွက် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ခြေထောက်မှာဖြစ်တတ်သော ရောဂါအကြောင်းနဲ့ ကာကွယ်နည်းများကို ပြောပြပေးပါမယ်

ဆီးချိုရောဂါဟာ သေချာစွာ ကုသမှုမခံယူလျှင် ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်

ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့
-အာရုံကြောထိခိုက်ပျက်စီးခြင်းကြောင့် ခြေထောက်ထုံကျင်ခြင်း, နာကျင်ခြင်း, အထိအတွေ့ကို ခံစားနိုင်မှုနည်းလာခြင်း
-ထို့ကြောင့် အနာဖြစ်နေသည်ကို မသိရှိပဲ အချိန်ကြာနေခြင်း
-အနာဖြစ်လျှင် အနာအကျက်နှေးနိုင်ခြင်း
-အနာပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်နိုင်ခြင်း စတဲ့ ရောဂါပြဿနာအစုံကို ကြုံတွေ့ခံစားရနိုင်ပါတယ်။

ကာကွယ်ရန်အတွက်

-မိမိခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။ အဖုအပိမ့်၊ ဒဏ်ရာအသေးအဖွဲကအစတွေ့ရရင် ဆရာဝန်ဆီ အမြန်သွားပါ။

-ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောသန့်စင်ပါ။ ရေနွေးနွေးနဲ့ဆေးပြီး အဝတ်သန့်နဲ့ ခြောက်အောင်သုတ်၊ ခြေဖနောင့်ကို အလှဆီလိမ်းတာမျိုး လုပ်ပေးပါ။

-ခြေသည်းကို ပုံမှန်ညှပ်ပါ။

-ခြေအိတ်ဝတ်လျှင် ကျပ်နေတာမျိုးမဝတ်ပါနဲ့

-ဖိနပ်ကို မိမိနဲ့ အံဝင်ခွင်ကျဖြစ်ပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ပျော့ပျောင်းတဲ့ဖိနပ်မျိုး ရွေးစီးပါ

-သွေးလှည့်ပတ်မှုကောင်းအောင် ခြေထောက်လေ့ကျင့်ခန်းလေး လုပ်ပေးပါ

-အိမ်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ချွန်ရှသော အရာ၊ ထိခိုက်စေမယ့်အရာမျိုး ကြမ်းပေါ်မှာ မကျအောင်၊ မနင်းမိအောင် သတိထားပါ

-မတော်တဆ ထိခိုက်ရှနာဖြစ်သွားခဲ့ပါက ဘီတာဒင်းလို ပိုးသတ်ဆေးမျိုးနဲ့ ဖြည်းဖြည်းလေး အရင်သုတ်ပြီး ပတ်တီးအကျဲလေးနဲ့ အုပ်ထားပေးပါ, အချိန်ကြာသည်အထိ မပျောက်ကင်းတာမျိုး၊ ရောင်တာ နာတာမျိုး ရှိမယ်ဆို ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

နောက်ပြီး ဆီးချိုရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပြီး လစဉ်၊ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေကို မမေ့မလျော့လုပ်ဖို့ လိုအပ်ပါတယ်ခင်ဗျာ

မိတ်ဆွေများအားလုံးကျန်းမာသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ🙏🏻🙏🏻🙏🏻

02/01/2026

မင်္ဂလာပါခင်ဗျာ ဒီနေ့ကတော့ မိတ်ဆွေများအတွက် ကျွန်တော်တို့ မြတ်စေတနာ ၂၄နာရီ အထူးကုဆေးခန်းတွင် မနက် ၈ နာရီမှ ည၇နာရီ အထိ အိမ်တိုင်ရာရောက် အိမ်ပင့်ဝန်ဆောင်မှု ရယူနိုင်ပါပြီ ခင်ဗျာ

မိတ်ဆွေများအားလုံးကျန်းမာသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ🙏🏻🙏🏻

01/01/2026
01/01/2026

New Year, New Me" ရဲ့စွမ်းအား

မင်္ဂလာပါ ကျွန်မကတော့ Mind Growth Myanmar ရဲ့ Dr P ပါရှင်။ ယခု ဇန်နဝါရီ ၁ ရက်နေ့မှာ လူတိုင်းနီးပါးလိုပဲ ကျွန်မလည်း နှစ်သစ်မှာဘာအမူအကျင့်တွေပြောင်းလဲမလဲဆိုပြီး စဉ်းစားနေမိတယ် "နှစ်သစ်ကစ ငါသကြားဖြတ်တော့မယ်" 😄" နှစ်သစ်ကစ ဖုန်းသုံးတာလျော့‌ တော့မယ်" စသဖြင့်ပေါ့လေ။

New Year, New Me" Trend က အခုမှရေပန်းစားလာတာတော့မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ ကျော် Babylonians ခေတ်ကတည်းက လူတွေက နတ်ဘုရားတွေရှေ့မှာ New Year Resolution အနေနဲ့ ကတိပြုလေ့ရှိကြတာကိုမှတ်သားရပါတယ် ။

စဉ်းစားကြည့်ကြရအောင် New Year New Me က တကယ်ပဲစွမ်းအားရှိသလား။ ဘာလို့ ဒီဇင်ဘာ ၃၁ ထက် ဇန်နဝါရီ ၁ ရက်မှာ ပိုပြီး အားတွေတက်နေရတာလဲလို့ တွေးဖူးလား?
ဒါကို သိပ္ပံပညာမှာ "Fresh Start Effect" လို့ ခေါ်ပါတယ်။
ကျွန်မတို့ ဦးနှောက်က အသစ်တစ်ခု လို့ ယူဆထားတဲ့ နေ့ တွေဆိုရင် "အတိတ်က ကျရှုံးခဲ့တဲ့ငါ" ကို ခဏမေ့ထားပြီး "အသစ်ဖြစ်လာမယ့်ငါ" ကိုပဲ မြင်တတ်တဲ့ အလေ့အထရှိပါတယ်။ ဒါကို Temporal Landmarks (အချိန်မှတ်တိုင်များ) လို့ ခေါ်တာပါ။

ဒါဟာ ဦးနှောက်ထဲမှာရှိတဲ့အတိတ်က အညစ်အကြေးတွေကို Trash Bin ထဲ ထည့်လိုက်ပြီး System Reboot လုပ်လိုက်တာပါပဲ။

ကဲ..... ဒီတော့ မိတ်ဆွေတို့ရော ဘယ်အချက်တွေစတင်လုပ်ဆောင်ကြမလဲ?? ဘယ်အကျင့်တွေကိုထားခဲ့မလဲ??ဆိုတာ Post အောက်မှာ comment လေး ရေးပေးခဲ့ကြပါဦး။
ကျွန်မကတော့ ဇန်နဝါရီလ ၁ ရက် ၂၀၂၆ ကစလို့
မလိုအပ်ဘဲ ပစ္စည်းတွေခဏခဏဝယ်တာမျိုးကို မလုပ်တော့ဘူးလို့ဆုံးဖြတ်ချက်ချထားပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေနော်🌱

အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အတွက် ပညာပေးအနေနဲ့ မိမိအိမ်တွင် oxygen တိုင်းတာနည်း ကို ပြောပြမှာဖြစ်ပါတယ်• အသုံးပြုတဲ့ ကိရ...
18/12/2025

အားလုံးပဲမင်္ဂလာပါခင်ဗျာ
ဒီနေ့အတွက် ပညာပေးအနေနဲ့ မိမိအိမ်တွင် oxygen တိုင်းတာနည်း ကို ပြောပြမှာဖြစ်ပါတယ်

• အသုံးပြုတဲ့ ကိရိယာ က pulse oximeter လို့ခေါ်ပါတယ်သွေးထဲက oxygen level ကို အကြမ်းဖျင်း ခန့်မှန်းတဲ့ နေရာမှာ သုံးပါတယ်

• စက်မှာ SpO2 နဲ့ PR (pulse rate) နှစ်ခုပါပါတယ်, SpO2 က oxygen level ကို ရည်ညွှန်းပါတယ်, PR က သွေးခုန်နှုန်းကို ရည်ညွန်းပါတယ်
• ပုံမှန် လူတစ်ယောက်က SpO2 က 95 နဲ့ အထက်မှာ ရှိသင့်ပါ တယ်

• တိုင်းပုံတိုင်း နည်းလေးလည်း မှန်ကန်ဖို့ လိုပါတယ်

1.တိုင်းတဲ့ လက်ချောင်း က နွေးနေဖို့ လိုပါတယ် ( လက်ညိုး, လက်ခလယ် တို့မှာ အများဆုံး တိုင်းကြပါတယ်)

2.တိုင်းမဲ့ လက်ချောင်းမှာ လက်သည်းနီ ဆိုးထားရင် အဖြေမှားနိုင်ပါတယ်

3.လက်ကို ငြိမ်ငြိမ် ထားပါ

4.စစတိုင်း ခါစမှာ ဂဏန်းက မငြိမ်တတ်ပါဘူး ( 1 မိနစ်လောက်ကြာလာရင် ဂဏန်း ငြိမ်လာပါလိမ့်မယ် -> ငြိမ်ပြီ ဆိုတော့ မှ အဲဒီ ဂဏန်း အဖြေ ကို အတည် ယူပါတယ်)

• အဆုတ်နှင့် နှလုံး လူနာ တွေမှာ အဓိက သုံးကြပါတယ် (တစ်ရက် ဘယ်နှစ် ကြိမ်တိုင်းရမယ် ဆိုတာ ကတော့ အတိကျ မရှိပါဘူး - > ဆရာဝန် ညွန်ကြားချက် အပေါ် မူတည်ပါတယ်) , ရောဂါ အခံ မရှိရင်တော့ အမြဲတမ်း တိုင်းစရာ မလိုပါဘူးခင်ဗျာ🙏🏻🙏🏻

17/12/2025

အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့ကတော့ မိတ်ဆွေတို့ မဖြစ်မနေ သိသင့်သော ဆီးချို​ရောဂါအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻

13/12/2025

မြတ်စေတနာအထူးကုဆေးခန်းမှ စိတ်ကျန်းမာရေး အထူးကု ဆရာဝန် ဒေါက်တာ ကျော်ပိုင်ထက်၏ tiktok account
https://www.tiktok.com/.kyawpainghtat?_r=1&_t=ZS-91zaT8Iqfe0 မှ “ပျော်ရွှင်အောင် ဘယ်လိုနေသင့်လဲ”အကြောင်း ပြောပြထားသော video အားတဆင့်ကူးယူ၍ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။🙏🏻🙏🏻

12/12/2025

မင်္ဂလာပါခင်ဗျာ ဒီနေ့ကတော့ မိတ်ဆွေများအတွက် ကျွန်တော်တို့ မြတ်စေတနာ ၂၄နာရီ အထူးကုဆေးခန်းတွင် Medical Check Up Package အပါအဝင် အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ

မိတ်ဆွေများအားလုံးကျန်းမာသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ🙏🏻🙏🏻

Address

Yangon
11201

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959778870909

Website

Alerts

Be the first to know and let us send you an email when မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း:

Share