Htet Clinic

Htet Clinic Clinic

20/10/2025
11/09/2025
01/07/2025

📌မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းသန်းအေး ရေးသားထားသော

📌DPP4 inhibitors ဆီးချိုသောက်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဆောင်းပါးကို တင်ဆက်ပေးလိုက်ပါတယ်…

🥰 ကျက်သရေအဖြာဖြာနဲ့ပြည့်စုံကာ ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗠𝗠𝗗𝗔) မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

📌 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝗟𝗶𝗻𝗸
https://www.youtube.com/channel/UC7rez19SPSdsQDfcbQNQ6SA






04/06/2025
29/04/2025

#လေမဖြတ်အောင်_ကာကွယ်ပါ

#ပါမောက္ခဒေါက်တာဦးအောင်ကြီး
(အတိုင်ပင်ခံရောဂါဗေဒဆရာဝန်ကြီး)

⚕️ ⚕️ ⚕️

လေဖြတ်စေတဲ့ အကြောင်းရင်းခံတွေ ရှိပါတယ်။ ဒါတွေကို ကြိုတင်ရှောင်ရှားနိုင်ရင် လေမဖြတ်အောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

လေဖြတ်အောင် တွန်းအားပေးတဲ့အချက်တွေကို Risk Factors လို့ ခေါ်ပါတယ်။ ဒါတွေကို သိထားဖို့ လိုပါတယ်။ Risk Factor တွေကို အုပ်စုခွဲထားပါတယ်။ ပထမအုပ်စုက Uncontrollable Risk Factor တွေပါ။ ဒီအချက်တွေက ထိန်းချုပ်လို့ မရပါဘူး။ အသက်အရွယ်ကြီးရင့်လာတာ၊ မိသားစုမှာ ရောဂါရာဇဝင်ရှိခဲ့ဖူးတာ၊ ယောကျ်ားဖြစ်နေတာ၊ Migraine ရောဂါဖြစ်ဖူးတာ စတာတွေပါ။

ဒုတိယအုပ်စုက Controllable Risk Factor တွေပါ။ ဒီအုပ်စုက ထိန်းချုပ်လို့ရတဲ့အချက်တွေပါ။ သိထားရင် ဒါတွေကို ကြိုတင်ရှောင်လွှဲနိုင်တယ်။ လေမဖြတ်အောင် ကြိုတင်ကာကွယ်ရာမှာလည်း အသုံးဝင်ပါတယ်။ ဒီအချက်တွေက သွေးတိုးရောဂါ၊ နှလုံးခုန်တာ စည်းချက်ဝါးချက်မမှန်တဲ့ရောဂါ၊ ဆီးချိုရောဂါ၊ သွေးထဲမှာ အဆီဓာတ်များတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ပြည့်ဝဆီစားတာ၊ အဝလွန်ရောဂါရှိတာ၊ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိနေတာ၊ အမျိုးသမီးတွေမှာ အီစထရိုဂျင်ဓာတ်ပါတဲ့ ဆေးဝါးတွေ သောက်နေတာ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ထိန်းချုပ်လို့ရနိုင်တဲ့အချက်တွေကို တတ်နိုင်သမျှ ထိန်းချုပ်ထားပြီး လေမဖြတ်အောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လိုက်နာရမှာတွေက
(၁) သွေးတိုးရှိရင် သေသေချာချာကုပါ။ သွေးပေါင် မကြာခဏချိန်ပါ။ ဆေးမှန်မှန်သောက်ပါ။
(၂) နှလုံးခုန် စည်းချက်ဝါးချက်မမှန်ရင် သတိထားပါ။ သေသေချာချာ ကုသပါ။
(၃) ဆီးချိုရှိရင် ဂရုစိုက်ပါ။ သွေးထဲက သကြားဓာတ်ကို မကြာမကြာ စစ်ဆေးပါ။
(၄) ပြည့်ဝဆီရှောင်ပါ။
(၅) စားအုန်းဆီရှောင်ပါ။
(၆) အချိုမှုန့်ရှောင်ပါ။
(၇) ဆေးလိပ်ဖြတ်ပါ။
(၈) အဝလွန်ရင် ကိုယ်အလေးချိန်လျှော့ချပါ။
(၉) အရက်ဖြတ်ပါ။
(၁၀) လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ လမ်းမှန်မှန်လျှောက်ပါ။
(၁၁) မသဘာဝဟော်မုန်းပါတဲ့ ဆေးဝါးတွေ မှီဝဲရင် သတိထားပါ။
(၁၂) သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
(၁၃) အိပ်ရေး၀၀အိပ်ပါ။
(၁၄) စိတ်ဖိစီးမှုနည်းအောင် နေပါ။
(၁၅) တရားထိုင်ပါ။
(၁၆) အချိန်မှန် ကျန်းမာရေးစစ်ဆေးခြင်း (Regular Medical Check-up လုပ်ပါ။



❤ ဤကဏ္ဍကို “Microlife အဆင့်မြင့်သွေးပေါင်ချိန်တိုင်းကိရိယာ” မှ ကူညီပံ့ပိုးပေးပါသည်။ ❤

25/02/2025

ရန်ကုန် တမြို့လုံး ပျံ့နှံ့နေပြီဖြစ်တဲ့ အေ-ပို-း (ကျန်းမာရေးဝန်ကြီးဌာနကတော့ အိပ်ပျော်နေတုန်းပါပဲ)

၁၃ ရက်နေ့တည်းက ဖြစ်တဲ့ ကိုယ်လက်မအီမသာက ၁၅ ရက်နေ့မှ စ ဖျားပါလေရော၊ ၁၃ ရက်နေ့က အချဉ်ပေါင်းတွေ စားထားလို့ ဝမ်းသွားတယ် အထင်နဲ့ ဓာတ်ဆားသောက်၊ ဘိုင်အိုဂျက်ဆစ် သောက်ပြီးရင် အရင်လို သက်သာသွားမှာပါဆိုတဲ့ စိတ်နဲ့ ဆေးတွေပဲ ဆက်တိုက်သောက်နေခဲ့တာ။

၁၇ ရက်နေ့ရောက်ပါရော ဘာစားစားပျို့ချင် အ-န်ချင်နဲ့ အစာစားချင်စိတ်ပါ မရှိတော့ဘူး။ ငါ့မှာကအစာအိမ်ရောဂါအခံရှိတော့ ‌ေ-ဆးတွေပြန်သောက်ရလို့ အစာအိမ်ပြန်ထိပြီဆိုတဲ့ စိတ်ဝင်လာရော ဖျားတာလည်း သက်သာသလိုလိုနဲ့ ညညဆို ကိုယ်ပူတွေတက်တာ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး အဲဒီ ၁၇ ရက်နေ့ ညမှာပဲ ရပ်ကွက်ဆေးခန်းပြလိုက်တော့ အဖျားမရှိဘူးပေါ့။ ‌ေ-ဆးထိုးပေးမယ် အစာအိမ်‌ေ-ဆးပေးလိုက်တော့ ၁၈ ရက် ၁၉ ရက် မှာ ဆန်ပြုတ်သောက်ပြီး အလုပ်ပြန်ဆင်းလိုက်တယ်။

အလုပ်မှာနေလို့ လုံးဝမကောင်းတာနဲ့ နေ့တစ်ဝက်ခွင့်ပြန်ယူ နောက်ထပ်ဆေးခန်းကို ထပ်ပြကြည့်တယ်။ အဲဒါလည်း အစာအိမ်ပါပဲဆိုပြီး ‌ေ-ဆးထပ်ပေးတယ် တလ‌ေ-ဆးသောက်ပေါ့နော် အစာအိမ်သက်သာသွားလည်း သူပေးတဲ့ဆေးကို ဆက်သောက်ပါဆိုပြီး။

အဲဒီညမှာပဲ ကိုယ်က ဆီ-းတွေ စဝါလာပြီ၊ မျ-က် စိတွေ အဝါဖက်သမ်းလာပြီ၊ ရ-င် ခေါ-င်းထဲမှာ အော-င့်အော-င့်ပြီး ဘာစားစားမဝင်တော့ဘူး။ ကိုယ်အလေးချိန်ကလည်း ၁၁၀ ကနေ ၉၉ ပေါင်ထိ ထိုးကျသွားပြီ။ အဲဒါနဲ့ အိမ်ကလည်း အာထရာလ်ဆောင်း ရ-ိုက် ‌ေ-သွးစ-စ်ပါလား ဆိုတော့ ကိုယ်ကလည်း အစာအိမ်နဲ့အူလမ်းကြောင်း ပါမောက္ခနဲ့ ပြလိုက်တာ အစာအိမ်က နည်းနည်းယောင်ပြီး အသည်-းက ဖြစ်နေတာတဲ့။

အဲ့ဒါနဲ့ သူကလည်း ‌ေ-သွးစ-စ်ခိုင်း အာထရာလ်ဆောင်း ရ-ိုက်ခိုင်းပြီး အဖြေလည်း ရလို့ ဖတ်တဲ့အခါမှာ အခုလက်ရှိ အဖြစ်များနေတဲ့ အသည်-းရော-င်အသ-ားဝါ A ပိုး ကူးစက်ခံထားရတယ်တဲ့။ ဒေါက်တာက အသည်-းပါမောက္ခဆရာဝန်ကြီးနဲ့ ထပ်လွှဲပေးတယ် ။ အခုတော့ ‌ေ-ဆးကုနေရပြီ။

ပြောချင်တာက အပြင်စာတွေ လုံးဝမစားပါနဲ့။ လုံးဝ လုံးဝ ရပ်ထားကြပါ။ အရမ်းဆိုးနေတာမို့ စည်သူ့လို မဖြစ်အောင် ကြိုတင်ကာကွယ်ထားကြပါ။ ရေများများသောက်ပါ။ ဗီတာမင်ပါတဲ့ အသီးအနှံတွေ များများစားပေးပါ။ B ပိုး ကာကွယ်‌ေ-ဆး လည်း ထိုးထားကြပါ။ အခု A ပိုးလည်း ကာကွယ်‌ေ-ဆးရှိပါတယ်။ အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ။ (Si Thu Phan)

#လမ်းဘေးစာ
#ပျံ့နှံ့

ဆေးခန်းဖွင့်ပါသည် မနက် ၉ နာရီ မှ နေ့လည် ၁ နာရီထိအကြိုနေ့မှ အတက်နေ့ထိ၀၉၄၄၃၀၂၉၃၃၂၀၉၇၉၅၄၀၈၁၄၀
13/04/2024

ဆေးခန်းဖွင့်ပါသည် မနက် ၉ နာရီ မှ နေ့လည် ၁ နာရီထိ
အကြိုနေ့မှ အတက်နေ့ထိ
၀၉၄၄၃၀၂၉၃၃၂
၀၉၇၉၅၄၀၈၁၄၀

နှစ်သစ်ကိုကြိုဆိုရင်း နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီး အရာရာ အောင်မြင်ပါစေ။အထွေထွေရောဂါကု သွားနှင့်ခံတွင်း မနက်၉နာရ...
29/01/2024

နှစ်သစ်ကိုကြိုဆိုရင်း နှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီး အရာရာ အောင်မြင်ပါစေ။
အထွေထွေရောဂါကု
သွားနှင့်ခံတွင်း
မနက်၉နာရီမှ ညနေ ၆နာရီခွဲအထိ ပိတ်ရက်မရှိ
၀၉၄၄၃၀၂၉၃၃၂
၀၉၇၉၅၄၀၈၁၄၀

13/04/2023

သင်္ကြန်ရက်များ (၁၃.၄.၂၀၂၃-၁၆.၄.၂၀၂၃)အတွင်း ထက်ဆေးခန်း မနက် ၉:၃၀ မှ နေ့လည် ၁၂ထိဖွင့်ပါသည်။

Address

Yangon
11131

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 13:00

Telephone

+959443029332

Website

Alerts

Be the first to know and let us send you an email when Htet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category