ဟိန်း အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဟိန်း အထွေထွေရောဂါကုဆေးခန်း

ဟိန်း အထွေထွေရောဂါကုဆေးခန်း General Clinic

Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်
21/08/2024

Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)မှစ၍ ပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေးအပေါင်းမှ ကင်းဝေးပါစေကြ...
20/07/2024

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)မှစ၍ ပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေးအပေါင်းမှ ကင်းဝေးပါစေကြောင်း #ဟိန်းအထွေထွေရောဂါကုဆေးခန်း မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်🙏🙏
🙏

ရာသီတုတ်ကွေးသွေးလွန်တုတ်ကွေး အပြင် ဝမ်းရောဂါကို ပါ သတိပြုရမယ့် အချိန်ပါပြည်သူများ ကျန်းမာရွှင်လန်းနိုင်ကြပါစေ
07/07/2024

ရာသီတုတ်ကွေး
သွေးလွန်တုတ်ကွေး အပြင်
ဝမ်းရောဂါကို ပါ သတိပြုရမယ့် အချိန်ပါ
ပြည်သူများ ကျန်းမာရွှင်လန်းနိုင်ကြပါစေ

💉 💉 vaxigrip tetra 2024ရာသီတုတ်ကွေး ကာကွယ်ဆေးကို ဟိန်းဆေးခန်းတွင် ထိုးနှံနိုင်ပါရန် ကြိုတင်စာရင်း ပေးလို့ရပါပြီ။ဟိန်း အထ...
06/04/2024

💉 💉 vaxigrip tetra 2024ရာသီတုတ်ကွေး ကာကွယ်ဆေးကို ဟိန်းဆေးခန်းတွင် ထိုးနှံနိုင်ပါရန် ကြိုတင်စာရင်း ပေးလို့ရပါပြီ။

ဟိန်း အထွေထွေရောဂါကုဆေးခန်း
အမှတ် ၇၆၈၊ကေတုမတီလမ်း၊၇၂ရပ်ကွက်၊ဒဂုံတောင်
📞09763918015/09766089430
သို့ ဆက်သွယ် စာရင်းပေး ထိုးနှံ နိုင်ပါသည်။

🚘🏠(အိမ်အရောက်ထိုးနှံခြင်းတွင် Transportation feeပါ ကောက်ခံပါသည်)
💉💉5ဦးနှင့်အထက် Transportation fee အခမဲ့ဖြစ်ပါသည်
📌📌📌 အိမ်အရောက် ကာကွယ်ဆေး ထိုးနှံပေးသည့် ဝန်ဆောင်မှုလဲ ရှိပါသည်။
🏗️🏡စက်ရုံ အလုပ်ရုံ များ ကိုယ်ပိုင်ကျောင်းများ အတွက်အထူးစျေးနှုန်းဖြင့် ထိုးနှံပေးပါသည်

📕 ဘယ်သူတွေ တုတ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ။

✅ အသက် ၆၅ နှစ်အထက် လူကြီးများ

✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ

✅ ကျောင်းနေစအရွယ် ကလေးငယ်များ

✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ

✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ

✅ ကင်ဆာ ဝေဒနာရှင်များ

✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ

✅ အဆုတ်ရောဂါ ဝေဒနာရှင်များ

✅ ဆေးလိပ်သောက်သုံးသူများ

✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ

✅ ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

📕 ကလေးတွေကို တုတ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ ဘာတွေ လိုက်နာရမလဲ။

✅ Vaxigrip Tetra 2024ဆေးအမျိုးအစားအတွက် -

💉 အသက် ၆ လ မှ ၁၇ နှစ်အထိ ကလေးများ တုတ်ကွေးကာကွယ်ဆေး 0.5 ml ပါဝင်သော အရန်သင့်ထိုးဆေး ၁ လုံး ထိုးနှံ၍ ရပါသည်။

💉 ယခုမှ တုတ်ကွေးကာကွယ်ဆေး ပထမဆုံးစထိုးမည့် အသက် ၉ နှစ်အောက် ကလေး ဖြစ်ပါက ပထမဆေးထိုးနှံပြီး နောက်ထပ် ၄ ပတ် အကြာတွင် နောက်ထပ် ဆေး ၁ လုံး ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

💉 အသက် ၆ လ အောက် ကလေးငယ်များကို ထိုးနှံ၍ မရပါ။

📕 တုတ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား။

💉 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုတ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

💉 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုတ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။
Credit

ဒေါက်တာ အာကာလွင်
M.B,B.S (Ygn)
ဟိန်းအထွေထွေရောဂါကုဆေးခန်း

❗️❗️အိမ်ထောင်ရှင်အမျိုးသမီးများ အတွက် နေ့စဥ်​သောက်ကိုယ်ဝန်တား​ဆေး ၁​ယောက်လျှင် ​ဆေး6ကဒ်(6လစာ) အခမဲ့လာရောက်ထုတ်ယူနိုင်ပါသ...
08/12/2023

❗️❗️အိမ်ထောင်ရှင်အမျိုးသမီးများ အတွက် နေ့စဥ်​သောက်ကိုယ်ဝန်တား​ဆေး ၁​ယောက်လျှင် ​ဆေး6ကဒ်(6လစာ) အခမဲ့လာရောက်ထုတ်ယူနိုင်ပါသည်
(လူဦးရေ100ကျော်အထိ ဝေငှပေးသွားပါမည်)။❗️❗️

Ok၊ စိတ်ချ၊ Lydia fine၊လက်ညှိုး ဆေးများနှင့် အာနိသင်တူညီသော ဆေးဖြစ်ပါသည်

အရည်အ​သွေးစိတ်ချရ​သော ​ဆေးဖြစ်၍ စိတ်ချလက်ချ ​သောက်သုံးနိုင်ပါသည်။

နို့တိုက်မိခင်​သောက်ရန် မသင့်ပါ။

Expired date-5/24ဖြစ်ပါသည်။
လူတဦးလျှင် 6ကဒ်သာ ရယူနိုင်ပါမည်။
ပြန်လည်ရောင်းချခွင့် လုံးဝ(လုံးဝ)မရှိပါ❌❌

ဆေးခန်းဖွင့်ချိန်-ညနေ5နာရီ မှ 8နာရီ အတွင်း
အမှတ် 768၊ကေတုမတီလမ်း၊72ရပ်ကွက်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
Ph no:09766089430

ဟိန်း အထွေထွေရောဂါကုဆေးခန်း မိသားစုရဲ့ တန်ဆောင်တိုင် ပံ့သကူ အလှူလေးပါ💙💙
27/11/2023

ဟိန်း အထွေထွေရောဂါကုဆေးခန်း မိသားစုရဲ့ တန်ဆောင်တိုင် ပံ့သကူ အလှူလေးပါ💙💙

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

11/07/2023

ဟိန်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်-ညနေ5နာရီမှ ည8နာရီထိ။
(လပြည့် လကွယ်နေ့တိုင်းဆေးခန်းပိတ်ပါသည်)

ပြသနိုင်သည့် ဆရာဝန်ကြီးများနှင့် ပြသချိန်

•အထွေထွေရောဂါကုဆရာဝန်ပြသချိန်-ညနေ၅နာရီ မှ ည၈နာရီအထိ(နေ့စဉ်)
•အထွေထွေရောဂါအထူးကု သမားတော်ကြီးပြသချိန်- ညနေ(၆)နာရီ(ကြာသပတေး၊ တနင်္ဂနွေ)
•သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ပြသချိန်- နေ့စဉ် ညနေ(၅)နာရီ (အင်္ဂါနေ့မှလွဲ၍)
•ကလေးရောဂါအထူးကုဆရာဝန်ကြီး ပြသချိန်-နေ့စဉ် ညနေ၅နာရီ
•Ultrasound ဆရာဝန် - ညနေ(၆)နာရီ(တနင်္လာမှသောကြာ)

အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက ကြိုတင်စာရင်းပေးသွင်းပါရန် နှင့် အနည်းဆုံးနာရီဝက်ခန့် စောင့်ဆိုင်းရနိုင်ပါသည်🙏🙏

ရရှိနိုင်သော ဝန်ဆောင်မှုများ
၁။အထွေထွေရောဂါများကုသပေးခြင်း
၂။အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသပေးခြင်း
၃။သွေးပေါင်အခမဲ့ချိန်ပေးခြင်း
၄။ဆီးချိုရောဂါရှိမရှိစစ်ဆေးပေးခြင်း
၅။ဓါတ်ခွဲခန်းများနှင့်ချိတ်ဆက်၍ ဆီး၊ဝမ်း၊သွေး စစ်ဆေးပေးခြင်း
၆။အသည်းရောင်အသားဝါ(Bပိုး၊Cပိုး)၊ခုခံကျကာလသားရောဂါ(HIV) ရှိမရှိစစ်ဆေးပေးခြင်း
၇။မေးခိုင်ကာကွယ်ဆေး၊ရာသီတုတ်ကွေးကာကွယ်ဆေး၊အသည်းရောင်အသားဝါ(Bပိုး)ကာကွယ်ဆေး၊Covid 19ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း
၈။ သားဖွားမီးယပ်ဆရာဝန်ကြီးနှင့် သားဆက်ခြားကာကွယ်နည်းများ တိုင်ပင်နိုင်ခြင်း
၉။လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း(Implant) ထည့်ခြင်း၊ထုတ်ခြင်း
၁၀။သားအိမ်ခေါင်း ကင်ဆာရှိမရှိ စစ်ဆေးပေးခြင်း
၁၁။Ultrasound ရိုက်ပေးခြင်း

ဆေးခန်းလိပ်စာ
အမှတ် ၇၆၈၊ကေတုမတီလမ်း၊၇၂ရပ်ကွက်၊ဒဂုံတောင်
☎️09766089430/09763918015/09692738998

ယခုလတ်တလော မိဘများစိုးရိမ်နေသည့် ပြသနာများကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးစောဝင်း ၏ အသိပညာပေးဖြေရှင်းချက်ပါ
11/07/2023

ယခုလတ်တလော မိဘများစိုးရိမ်နေသည့်
ပြသနာများကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးစောဝင်း ၏ အသိပညာပေးဖြေရှင်းချက်ပါ

အအေးမိ နှာစေး ချောင်းဆိုး ရင်ကြပ် ဖျား

အခု တလေါ အထက်ပါ ပြသနာတွေနဲ့ ဆေးခန်းလါပြတဲ့ ကလေးတွေ အများကြီးတွေ့ရပါတယ်
နှစ်တိုင်းလည်း ဒီ အချိန်ဒီကါလ မှာ ဒီရောဂါတွေအဖြစ်များလေ့ရှိပါတယ် ဒီနှစ်မှာတော့ သတင်းပျံ့နှံ့ လွယ်တဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြထားတဲ့ နာရီ ပိုင်း အတွင်း အဆုတ်ခဲပြီးတော့ကလေးက အသက်ဆုံးရှူံးသွားရတယ် ဆိုတဲ့ သတင်းတွေကြောင့်ပိုပြီး ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်
ထူးခြားတဲ့အသစ်ရောဂါတမျိုးပဲပေါ်ပေါက်လါပြီးတော့ ကလေးတွေကို ကျောင်းပို့ရမှာ ကအစကြောက်လန့် စိုးရိမ် နေ ကြတာတွေ့ရပါတယ်
မိဘဖိုးဖွားတွေအနေနဲ့ ကလေးတွေနေမကေါင်းရင်စိုးရိမ် ကြောင့်ကြဖြစ်ရတာ နားလည်ပေးနိုင်ပါတယ်

ရောဂါအသစ်အဆန်းလါး
ရောဂါအသစ်အဆန်းဖြစ်ပြီး ရုတ်တရက်ပိုဆိုးလါတဲ့အထေါက်အထါး မရှိပါဘူး ပါရမီဆေး ရုံ မှာ နှာစေးချောင်းဆိုးဖျားတဲ့ကလေးတွေကို နှာခေါင်းတို့ဖတ်ယူပြီးစစ်ဆေးကြည့်တော့ ရာသီတုပ်ကွေး A နဲ့ အသက်ရှူလမ်းကြောင်းဗိုင်းရပ် စ် ( RSV - Resipratory syncytial virus ) တွေ့ရပါတယ်
နှစ်တိုင်းလည်းဒီရာသီမှာ ဗိုင်းရပ်စ်ပိုးတွေကြောင်ဖြစ်တဲ့ အအေးမိနှာစေးဖျားနာတာတွေကဖြစ်နေကြပါ ဒါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း တေါ်တေါ်များပါတယ် ရာသီ တုပ်ကွေး ( Influeza A, B ကတော့လူသိလည်းများ ကါကွယ်ဆေးထိုးထားရင်လည်း အတေါ်အသင့်ကါကွယ်နိုင်ပါတယ် ၁၀၀% တော့ မဟုတ်ပါဘူး ဒါပေမဲ့ တခြားဗိုင်းရပ်စ်တွေလည်းရှိပါသေးတယ် Parainfluenza ( အသံအိုးရောင် -ချောင်းဆိုးကြာတတ်) , RSV လို့ခေါ်တဲ့လသားလေးတွေမှာ လေပြွန်ရောင် အသက်ရှူကြပ် ( Bronchiolitis) ဖြစ် စေတဲ့ ဗိုင်းရပ်စ်) , Adeno virus စတာတွေလည်းရှိပါသေးတယ် ဒါတွေကကါကွယ်ဆေးနဲ့ ကါကွယ်လို့ မရသေးသလို တခါဖြစ်ပြီးလည်းနောက်နှစ်နောက်နှစ်တွေမှာ ပြန်ဖြစ်နိုင်ပါသေးတယ် ကူးစက်တာကလည်း နှာချေချောင်းဆိုးတာကကူးတာမို့ တယောက်နဲ့တယောက်နီးကပ်နေတဲ့ ကျောင်းတွေမှာ ပို ကူးစက်လွယ်တာပါ ဒါကြောင့် ဒီရာသီမှာ နှာစေးချောင်းဆိုးဖျား တဲ့ ကလေးတွေ အများကြီးတွေ့နေတာပါ

ရုတ်တရက် အသက်ရှူကြပ် အသက်ဆုံးရှူံးနိုငင်သလါး
ပန်းနာရင်ကြပ် အခြေခံရှိတဲ့ကလေး တွေမှာပေါ့ နှာစေးရာကနေ ရုတ်တရက် ရင်ကြပ်ထ လါနိုင်ပါတယ် နာရီပိုင်းအတွင်းကြပ်လါနိုင်ပါတယ် ရင်ကြပ်ထတယ်လို့ခေါ်ပါတယ် အဲ့ဒီအခါ မိဘကရောကျန်းမာရေးဝန်ထမ်းတွေကပါလိုအပ်တဲ့လေပြွန်ကျယ်ဆေး ( ရှူဆေး ကပိုထိရောက် မြန်ဆန်) အရောင်ကျဆေးတွေပေးရပါတယ် လိုအပ်ရင် အောက်ဆီဂျင် နဲ့ အကြောဆေးရည် ( ပါးစပ်ကမသေါက်နိုင်ရင် ) သွင်းပေးရပါတယ် ပန်းနာရင်ကြပ် ထိန်းဆေး ( ရှူဆေး သေါက်ဆေး) တွေပုံမှန်လုပ်ထါးရင်တော့ ရင်ကြပ်မထအေါင် သို့မဟုတ် ထရင်လည်းသက်သာအေါင်လုပ်ပေးထါးလို့ရပါတယ်
နောက်ထပ်အန္တရာယ်ရှိတဲ့ကလေးတွေကတော့ လသား လေးတွေမှာ သူတို့ရဲ့ အဆုတ်ထဲမှာရှိတဲ့ လေပြွန်လေးတွေက နဂိုထဲသေးငယ်တော့ ဗိုင်းရပ်စ်ပိုးဝင် ( အထူးသဖြင့် RSV virus) ဝင်ပြီးလေပြွန်ရောင်ရင် ရင်ကြပ်တတ်ပါတယ် ပထမ နှာစေးနောက်ချောင်းဆိုးပြီးတော့ရင်ကြပ်လိုက်လါ
တာပါ ယေဘူယျအားဖြင့်တော့နာရီ ပိုင်းအတွင်း မှာဖြစ်တာမဟုတ်ပါဘူးရက်ပိုင်းအတွင်းမှာဖြစ်တာပါ ကလေး ငြိမ် နေတုံးမှာ အသက်ရှူနှုံးကို တမိနစ်အပြည့်တိုင်းကြည့်ပါ ၂ လ အေါက်ဆို ၆၀ အထက် ၂လနဲ့ ၁ နှစ်ကြားဆို ၅၀ အထက်ဆိုရင် အသက်ရှူမြန်ပါတယ် ဆရာဝန်ဆရာမပြရပါတယ် ကလေးမှိန်းရင် နို့မစို့ နိုင်ရင် ဆေးရုံတက်သင့်ပါတယ်

အဆုတ်ခဲတတ်သလါး ?
ဗိုင်းရပ်ပ်ပိုးတွေဝင်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေဝင်လို့ အဆုတ်ရောင်ရင် ( Pneumonia ) ဖြစ်ရင်တော့ ကလေးကအဖျားကြာလါ အဖျားကြီးလါတတ်ပါတယ် ပိုပြီးတော့လည်းချောင်းဆိုးမော ပင်ပန်းပါတယ် ဒါကတော် နာရီပိုင်းအတွင်းမဟုတ်ပါဘူး စဖျား ပြီး ၃-၅ ရက်စသည်ဖြင့်ကြာပါတယ် ဓါတ်မှန်ရိုက်ကြည့်ရင် အဆုတ်မှာ လေမဝင်ပဲ ခဲတဲ့နေရာတွေတွေ့ရမှာပါ ကလေးတိုင်းလည်း ဓါတ်မှန်ရိုက်ဖို့သွေးစစ် ဖို့မလိုပါဘူး အဓိကကသေသေချာချာရောဂါရာဇဝင်မေးဖို့ စမ်းသပ်ဖို့လိုတာပါဆရာဝန်ကစမ်းသပ်ပြီးလိုအပ်တဲ့ ဆေးဝါးတွေနဲ့ကုသရပါမယ်
ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သေါက်ဆေးပေးမှာလါး ဆေးရုံတင်ပြီးထိုးဆေးနဲ့ကုမှာလါး ဆုံးဖြတ်ရမှာပါ သင့်တေါ်တဲ့ပဋ္ဋိဇီဝဆေး မပေးဖြစ်ရင်တော့ အဆုတ်ပိုခဲတာ ပြည်တည်တာ ဖြစ်နိုင်ပါတယ် အသက်အန္တရာယ်ရှိနိုင်ပါတယ်

အကြံပြုချက်

မိုးရာသီမှာ ကျောင်းဖွင့်ခါစမှာ နှာစေးချောင်းဆိုးဖျား ဖြစ်တာကဖြစ်နေကြပါ ကိုဗစ်ကြောင့် မူကြိုတေါင်မနေဖြစ် တဲ့ကလေးတွေက ကျောင်းစထားကါစမှာ ပိုဖြစ်တတ်ပါတယ်
ကလေးကလန်းလန်းဆန်းဆန်း အဖျားလည်းသိပ်မကြီးရင်တော့ သါမန်ပါရာစီတမော အဖျားကျဆေး လေါက်နဲ့သက်သာသွားမှာပါ နွေးနွေးထွေးထွေးထါးရပါမယ် ဖျားလို့ဆိုပြီး ရေချိုးတာ တကိုယ်လုံးချွတ်ပြီးရေပတ်တိုက်တာမလုပ်ရပါဘူး
အသက်ရှူနှုံး မြန်ရင်(အပေါ်မှာ ပြောပြီး သား + ၁-၅ နှစ်ကြားဆို ၄၀ အထက်ဆိုရင်) ဆေးခန်းပြဖို့လိုပါတယ်
တေါ်တေါ်ကြပ်လို့ နို့မစို့နိုင်ရင် ကလေးကြီးတွေမှာ စကါးကို စာကြောင်းနဲ့မပြောနိုင်ရင် မှိန်းရင် တက်ရင်ဆေးရုံ တင်ရပါမယ် ဘာမှမဝင်ပဲ ဆက်တိုက်အံနေရင်လည်းဆေးရုံတက်အကြောဆေးရည်သွင်းသင့်ပါတယ်

စိုးရိမ်ကြောင့်ကြမှုဆိုတာရှိလွန်းရင်လည်း မလိုအပ်ပဲ ပူပင်သေါကဖြစ်ရပါတယ် မရှိလွန်းရင်လည်းအန္တရာယ်ရှိပါတယ် မှန်ကန်တဲ့ပမာဏ ရှိဖို့ ဒီစာကအထေါက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်

01/07/2023

2.7.2023(တနင်္ဂနွေနေ့)သည်
ပထမ ဝါဆိုလပြည့်ဖြစ်၍
ဟိန်း အထွေထွေရောဂါကုဆေးခန်း ပိတ်ပါသည်🙏🙏

Address

KAYTUMADI Road
Yangon
11431

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959766089430

Website

Alerts

Be the first to know and let us send you an email when ဟိန်း အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဟိန်း အထွေထွေရောဂါကုဆေးခန်း:

Share

Category