24/03/2026
HIV ကာကွယ်ဆေးPEP❣🍮❓❓❓❓( pls စာလေးဆုံးအောင် ဖတ်ကြည့်ပါ အသိဖြင့် သတိနဲ့ ကာကွယ်ပါ)
PEP❣❓-post exposureost prophylaxis)လို့ခေါ်တဲ့အရေးပေါ်ကာကွယ်ဆေးပေါ့။ Post ဆိုတာက Afterပြီးနောက်လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ exposureဆိုတာက ထိတွေ့မှုပါ။ အန္တရာယ်ရှိတဲ့ ထိတွေ့မှု တွေ ဥပမာ လိင်အလုပ်သမနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမိတာ၊ဒါမှ မဟုတ် ကွန်ဒုံးတော့ သုံးပါရဲ့။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံး ပေါက်ပြဲသွားတာ၊ HIVပိုးရှိ လူနာကို ထိုးထားတဲ့အပ် နဲ့ ထိုးမိတာ၊ဓားရှမိတာ၊ HIVပိုးရှိသူနဲ့ မူးယစ်ဆေးထိုးအပ်အတူတူ မျှဝေသုံးမိတာတွေကိုဆိုလိုပါတယ်။အန္တရာယ်ရှိတဲ့ အပြုအမူ၊မတော်တဆမှုတွေ ဖြစ်ပြီးနောက် Prophylaxis ဆိုတာက ရောဂါကူးစက်မှုမဖြစ်အောင်ကာကွယ်တာ၊လျော့ပါးအောင် လုပ်ဆောင်တာကို ဆိုလိုပါတယ်။
ဒီဆေးက အန္တရာယ်ရှိ အပြုအမူ ပြုလုပ်ပြီး ဒါမှမဟုတ် မတော်တဆ ဖြစ်ပွားပြီးရ၂နာရီအတွင်းမှာပဲ သောက်လို့ရတဲ့ဆေး။၂၄နာရီ အတွင်းသောက်ရင် အကောင်းဆုံး ကာကွယ်မှုပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုတယ်။ ရ၂ နာရီအတွင်းဆိုပေမဲ့ စောနိုင်သမျှ စောလေ အကောင်းဆုံးပါပဲ၊စောနိုင်သမျှစောလေ ကူးစက်မှု ကာကွယ်နိုင်မှု အမြင့်ဆုံးပေးနိုင်တယ်လို့ ဆိုပါတယ်။
❣🍮 HIV ရောဂါ ကူးစက်စေနိုင်တဲ့ အပြုအမူ (ဥပမာ ရောဂါရှိမှန်း၊မရှိမှန်း မသိတဲ့လူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာ၊ မူးယစ်ဆေးထိုးအပ် မျှဝေသုံးမိတာ၊ HIVရှိလူနာကိုထိုးတဲ့ အပ်နဲ့ စူးမိတာ) ဖြစ်ပွားပြီး နောက် HIV ကူးစက်မှု လျော့နည်းအောင် ဆေး၂၈ ရက်သောက်ရတဲ့ ရေတို ကုသမှု တစ်ခုပါ။
PEP မှာ သောက်ရတဲ့ဆေးက စတင် ခဲ့ စဥ်က ဆေးအမျိူးအစားပါဝင်မူ နှစ်မျိုးသာ စပ်ခဲ့ပေမယ့် 2018 နောက်ပိုင်း သုံးမျိုး လေးမျိုး ပေါင်းစပ် တိုက်ကြပါတယ်..
NRTIs ဆေးနှစ်မျိုးနဲ့အတူ တတိယမြောက်ဆေးကတော့ P*s(Protease inhibitors) ဒါမှမဟုတ် NNRTIs ဒါမှမဟုတ် INSTIs အမျိုးနွယ်ဝင် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုး ကို ထည့်ပေးကြမှာပါ။ ဒါက လူနာရဲ့ အသက်၊တခြားရောဂါတွေ ရှိမရှိ နဲ့ တခြားအခြေအနေများစွာ ဆရာဝန်က မေးမြန်းစမ်းသပ်ပြီးမှ သင့်တော်တဲ့ဆေးနဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေ လူနာကို ရှင်းပြပြီး ရွေးချယ်ခိုင်းမှာပါ။
PEP❣☺ သောက်ရမယ့် လူနာ ဆေးတကယ်တမ်း မသောက်ခင်မှာ ပထမဦးဆုံး HIV ပိုး ရှိ မရှိ စစ်ဆေးရပါမယ်။
HIV ပိုး မကူးစက်အောင် ဆေးသောက်ရတာ ဖြစ်တဲ့ အတွက် ပိုးရှိနေပြီးသား လူကို PEP တိုက်စရာ မလိုပါဘူး။ ပိုးရှိနေသူက တစ်သက်လုံး ဆေးသောက်ရမှာပါ။
နောက် PEP က အန္တရာယ်ရှိတဲ့ အပြုအမူဖြစ်ပွားပြီး တစ်နည်းအားဖြင့် HIV ပိုးရှိသူနဲ့ ကူးစက်နိုင်လောက်တဲ့ ထိတွေ့မှု ဖြစ်ပြီး ရ၂ နာရီ အတွင်းသောက်မှ သာ အကျိုးရှိတာမို့ ရ၂ နာရီကျော်သွားရင် ကာကွယ်တဲ့ ရာခိုင်နူန်း နည်းသွားတတ်ပါတယ်
နောက်အဓိက အရေးကြီးဆုံးအချက်က အန္တရာယ်ရှိတဲ့ အပြုအမူက ဘယ်သူနဲ့ ဖြစ်ပွားခဲ့တာလဲ ထည့်သွင်း စဉ်းစားရပါမယ်။ ဥပမာ ဆရာဝန် တစ်ဦးက လူနာကို ဆေးထိုးရင်း အပ်စူးမိတယ်ဆိုပါစို့။ ဒီလူနာကို သွေးစစ်ကြည့်တဲ့အခါ HIVပိုး ရှိမနေဘူး။အဲဒီလူနာက လွန်ခဲ့တဲ့ ၆လအတွင်း ပိုးကူးစက်နိုင်တဲ့ အပြုအမူတွေလုပ်မထားဘူးဆိုရင် ဒီဆရာဝန်က PEP သောက်စရာ မလိုပါဘူး။ မိမိရည်းစားမှာ ဘာရောဂါမှ မရှိဘူး။ သူနဲ့ ကိုယ်ကလည်း သစ္စာရှိနေကြမယ်ဆိုရင် ဆေးသောက်စရာ မလိုပါဘူး။ နောက်တစ်ချက် ထည့်သွင်းစဉ်းစားဖို့လိုတာက ထိတွေ့မိတဲ့လူက HIV ရှိနေမယ်။ ဒါပေမယ့် ARVsဆေးတွေသောက်ပြီး ပိုးကောင်ရေက တိုင်းမရအောင်နည်းနေရင် သူ့ဆီကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေတောင် ရောဂါ မကူးစက်တော့ဘူး undetectable = untransmitable (U=U)လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြုပေးထားပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ ထိတွေ့ခဲ့တာလည်းကလည်း PEP သောက်သင့် မသောက်သင့် ဆုံးဖြတ်တဲ့ အချက်ထဲမှာ အဓိကကျနေပါတယ်။ HIV ပိုးကူးစက်ခံရဖို့ အခွင့်အလမ်းများသူတွေကတော့ လိင်အပျော်အပါးလိုက်စားသူတွေ၊လိင်လုပ်သားတွေ၊တစ်ဦးထက်ပိုတဲ့ လိင်တူ/လိင်ကွဲဆက်ဆံတဲ့အမျိုးသားတွေ၊မူးယစ်ဆေးသွေးကြောထဲထိုသွင်းသူတွေ၊ကာလာသားရောဂါဖြစ်ပွားဖူးသူတွေ၊ကာလရှည်စွာ အိမ်မှထွက်ခွာကာ လှည့်လည်လုပ်ငန်းဆောင်ရွက်နေသူတွေပဲ ဖြစ်ပါတယ်။
နောက် PEP ပေးသင့် မပေးသင့် ဆုံးဖြတ်တဲ့ ကိစ္စတွေမှာ ဘယ်အရာနဲ့ ထိတွေခဲ့တာလဲဆိုတာပါဝင်ပါတယ်။ HIV ကူးစက်နိုင်တဲ့ နည်းတွေက
၁။ ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကတဆင့် ကူးစက်ခံရခြင်း
- သွေးသွင်းခြင်း
- ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း
- မတော်တဆ အပ်စူးခြင်း
၂။ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- ရောဂါရှိသူ၏ မိန်းမကိုယ်(Vagina) အတွင်းသို့ လိင်တံထိုးသွင်းခြင်း
- ရောဂါရှိသူ၏ လိင်တံကို မိန်းမကိုယ်အတွင်းသို့ ထိုးသွင်းခံခြင်း
- ရောဂါရှိသူ၏ စအို အတွင်းသို့ လိင်ဆက်ဆံခြင်း
- ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းခံခြင်း
- ရောဂါရှိသူ၏ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း
- ရောဂါရှိသူမှ ပါးစပ်အတွင်းသို့ လိင်ဆက်ဆံခြင်း
၃။ HIV ပိုးရှိသူမိခင်မှ ကလေးသို့ ကူးစက်ခြင်း
(HIV အတွက် ကုသမှု မခံယူထားတဲ့ မိခင်၊
ဆရာဝန်ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ မီးဖွားတဲ့ မိခင်တွေကို အဓိကဆိုလိုပါတယ်)
❣☺ HIV ပိုးဟာ သွေး၊သွေးပါတဲ့ တံတွေး၊
သုက်ရည်၊လိင်အဂါင်္ကနေထွက်တဲ့ အရည်၊မိခင် နို့ရည်၊
၊ ကိုယ်ဝန်သန္ဓေသားကိုဝန်းရံထားသော အရည်များ (Amniotic Fluid)ရေမွှာ၊ ဦးနှောက်၊အာရုံကြောတွင်းရည်တွေ၊၀မ်းဗိုက်အတွင်းအရည်တွေ၊အဆစ်အတွင်းအရည်တွေ၊ နှလုံးနံရံကြားက အရည်တွေနဲ့ အဆုတ်အလွှာကြားက အရည်တွေမှာ တခြားလူကို ကူးစက်နိုင်ဖို့ HIV ပိုး အလုံ အလောက်ပါပါတယ်။ဒီအရည်တွေနဲ့ အသားနုအတွင်းအမြှေးပါ ထိတွေ့မိတဲ့အခါ ဥပမာ
လိင်ဆက်ဆံတာ၊ ကူးစက်နိုင်တဲ့ အထက်ပါအရည်တွေ မျက်စိ၊နှာခေါင်းနဲ့ ပါးစပ် ထဲဝင်တာ၊စင်တာ။ ဒီအရည်တွေကို ဆေးထိုးအပ်ကတစ်ဆင့် ဒါမှမဟုတ် အရည်နဲ့ ထိတွေ့ထားတဲ့ ပစ္စည်းတွေက တစ်ဆင့် အသား၊ သွေးကြောအတွင်း ထိုးသွင်းမိတဲ့ အခါ PEP သောက်ဖို့ လိုပါတယ်။ ထိတွေ့မှုဖြစ်တဲ့အခါ
အရေပြားဆိုရင် ရေ၊ ဆပ်ပြာနှင့်စင်အောင်ဆေးပါ။
အမြှေးပါးဆိုရင် ရေနဲ့စင်အောင်ဆေးပါ။ သွေးတွေ ညှစ်ထုတ်တာမျိုး မလုပ်သင့်ပါဘူး။
HIV❣🍮 ပိုးဟာ မျက်ရည်၊ချွေး၊ ဆီးနဲ့ တံတွေး( သွေးမပါတဲ့) မှာ တခြားလူကို ကူးစက်ဖို့ လုံလောက်တဲ့ ပမာဏ မပါရှိပါဘူး။ ဒါကြောင့် ရောဂါရှိသူရဲ့ ဒီအရည်တွေနဲ့ ထိတွေ့မိရင် PEP သောက်စရာ မလိုပါဘူး။။
PEP သောက်တဲ့အခါ ဆေးမှန်၊အချိန်မှန် နဲ့ ၂၈ ရက်တိတိ သောက်ရပါမယ်။တစ်နေ့ကို ဆေးတစ်ကြိမ်လား နှစ်ကြိမ်လားက ပေးတဲ့ ဆေးအပေါ် မူတည်ပါတယ်။ အများစုကတော့ တစ်ရက်တစ်ကြိမ်ဆေးပါ။ ဆေးရဲ့ ဆိုးကျိုး အနည်းငယ် ရှိပါတယ်။ ဆိုးကျိုးတွေကတဲ့ ပေးတဲ့ ဆေးအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဥပမာ ပျို့အန်တာ။ခေါင်းမူးတာ၊ မျက်လုံးဝါတာ၊ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ PEP သောက်တဲ့လူဟာ ဆေးမသောက်ခင် HIV မရှိကြောင်း သွေးတစ်ကြိမ် စစ်ရပါမယ်။ ။PEPရဲ့ HIV ကူးစက်နှုန်း ကာကွယ်ပေးနိုင်မှု စွမ်းအားက အန္တရာယ်ရှိတဲ့ ထိတွေ့မှု ဖြစ်ပြီး စောနိုင်သမျှ ဆေးစောသောက်တာ၊ အချိန်မှန်၊ဆေးပမာဏမှန် ၂၈ ရက်သောက်တာပေါ် မူတည်ပါတယ်။ ။အထူးသတိပေးလိုတာက PEP ဆိုတာ အရေးပေါ် အခြေအနေမှာ သုံးတဲ့ဆေးပါ။ ဆေးသောက်ပြီဆိုရင်လည်း ၂၈ရက်တိတိ သောက်ရပါမယ်။
ဆေးကုန်ပြီးယင် သွေးပြန်စစ်လို့ရပါပြီ..
(@@ Page အနေ 2016 ကထဲ က စတင် ဖွင့်ထားခဲ့ ပြီး ညွန်ကြားမူ ပြုလုပ်ပေးသမျှ ထဲ မှာ ကူးစက်မူ ရှိသွားတာ တစ်ဦးမှ မရှိသေးတာ ကြောင့် ဆေးနဲ့ ပါတ်သက်သမျှ သိလိုသမျှ ယုံကြည်စွာ တိုင်ပင်ဆွေးနွေး လို့ .ရပါတယ် 🎗🎗
ကျေးဇူးတင်ပါတယ်) 🎗🎗
❣❣❣❣❣❣❣❣
ကျန်းမာပျော်ရွှင်အေးချမ်းပါစေ 🎗🎗🎗
HHIG
ph # #09441430034
❣❣❣❣❣❣❣❣❣❣❣❣❣